Burmese Red Devils
رفتن به کانال در Telegram
6 057
مشترکین
-124 ساعت
-287 روز
-8130 روز
آرشیو پست ها
6 057
ယူနိုက်တက် အသင်းက အမ်ဗျူမို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ ထပ်တိုးပေးပြီး တတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ် ။
၆၅ သန်းက အသားတင် ပြောင်းရွေ့ကြေး ဖြစ်ပြီး ကျန်တဲ့ ၅ သန်းကတော့ ကစားသမား စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ထပ်ဆောင်းပေးမှာ ဖြစ်ပါတယ် ။
အမ်ဘူမိုကို ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းကလည်း စိတ်ဝင်စားနေပေမဲ့ ကစားသမားကတော့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ချင်နေတာပါ ။
#Mbeumo
#ManchesterUnited
6 057
🚨TRANSFER NEWS :
ဆန်ချိုကို ခေါ်ယူနိုင်ရန်နီးစပ်နေပြီဖြစ်သော ဂျူဗင်တပ် အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး ရက်ဖိုဒ့် ကိုလည်း ခေါ်ယူရန်စိတ်ဝင်စားနေပါတယ် ။
[ DiMarzio ]
6 057
မင်းတို့ကို ငါ မပြောခဲ့ဘူလားလို့ တွေးနေမှာ သေချာတယ် 🥹
" ရော်နယ်ဒိုဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တဲ့တုန်းက အသင်းရဲ့ နည်းပြသစ်အဖြစ် အခုပီအက်စ်ဂျီနည်းပြ အင်းနရစ်ကို ခန့်ဖို့ အကြံပေးခဲ့ပေမယ့် မန်ယူနိုက်တက်ဟာ တန်ဟတ်ကို စောင့်ရန် ရန်းနစ်ကို နည်းပြခန့်ခဲ့ပါတယ် "
#Ronaldo
#ManchesterUnited
6 057
လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှ တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်အား ခေါ်ယူရေး စဉ်းစားနေပါတယ် ။
လီဗာပူးရဲ့ ပထမဦးစားပေးပစ်မှတ်က အလက်ဇန္ဒားအီဆတ်ခ်ဖြစ်ပေမဲ့ နယူးကာဆယ်ဘက် ပြောင်းရွှေကြေး ပေါင်သန်း ၁၀၀ ကျော် တောင်းအထိ တောင်းဆိုထားမှုကြောင့် ခက်တွေ့နေပါတယ် ။
လီဗာပူးဟာ ဒါဝင်နူနက်ဇ်ကို ရောင်းထုတ်သွားမှာ ဖြစ်သလို တိုက်စစ်မှူး ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်ဘက်က ခေါ်ယူရေး ကြိုးပမ်းနေမှုကြောင့် ယခုနွေမှာ တိုက်စစ်သမားမဖြစ်မနေ အားဖြည့်ရမဲ့အခြေအနေမှာ ရှိနေပါတယ် ။
တကယ်လို့များ မားကပ်စ်ရက်ဖို့ဒ်သာ လီဗာပူးသို့ ပြောင်းရွှေ့လာမယ်ဆိုရင် ခါးသီးတဲ့ ပြိုင်ဘက်ကလပ်နှစ်ခုအကြား ၆၁ နှစ်အတွင်း ပထမဆုံးအပြောင်းအရွှေ့ ဖြစ်လာမှာပါ ။
#LiverpoolFC
#MarcusRashford
#ManchesterUnited
6 057
+5
ʀᴇᴅꜱ ɪɴ ⚪🟣⚫
အဖြူရောင် ၊ အနက်ရောင် နဲ့ ခရမ်းရောင်တို့ကို လှပစွာ ပေါင်းစပ်ထားတဲ့ မန်ယူနိုက်တက်ရဲ့ 20256/26 ဘောလုံးရာသီသစ်အတွက် အဝေးကွင်းဂျာစီကို တရားဝင် ကြေငြာလိုက်ပါပြီ ....🤩
#ManchesterUnited
6 057
TRANSFER:
ကျွန်တော်တို့ မန်ယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာအသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ အာဂျင်တီးနား ဂိုးသမား အီမီမာတီနက်ဇ်ကို ခေါ်ယူရန်အတွက် စုံစမ်းမှုတွေ လုပ်နေပါတယ် ။
[Gaston Edul]
6 057
ရီးရဲလ်မက်ဒရစ်ရဲ့ အယ်ဗာရိုကာရီရက်စ်အား ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း)ဖြင့် ခေါ်ယူရေး အပြီးသတ်လာမှုနှင့်အတူ အသင်းဟောင်း ယူနိုက်တက်ဟာလည်း ယင်းအပြောင်းအရွှေ့မှ ငွေကြေးအချို့ ရရှိလာတော့မှာ ဖြစ်ပါတယ် ။
ဘင်ဖီကာဘက်က Portuguese Securities Market Commission သို့ အတည်ပြုလာတဲ့ ဘဏ္ဍာရေးအချက်အလက်အရ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ၅ ရာခိုင်နှုန်းနှင့် အသင်းဟောင်းယူနိုက်တက်တို့က ၂၀ ရာခိုင်နှုန်းစီ အသီးသီး ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ် ။
#AlvaroCarreras
#RealMadridFC
#ManchesterUnited
6 057
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုင်ယွန်အသင်းရဲ့အသင်းခေါင်းဆောင် တိုလစ်ဆို ရဲ့ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ် ။
ပြီးခဲ့တဲ့ရာသီက တိုလစ်ဆိုဟာ လိုင်ယွန် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်လုပ်အားနှုန်းနဲ့ အသင်းကိုဦးဆောင်နိုင်စွမ်းတွေက မန်ယူနိုက်တက်နည်းပြ အမော်ရင်အတွက် မျက်စိကျစရာဖြစ်နေတယ်လို့ သိရပါတယ် ။
[L’Equipe]
6 057
အင်တာမီလန်ဟာ ပါးမားတိုက်စစ်မှူး ဘိုနီ ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သိရပါတယ် ။
ယူနိုက်တက်က တိုက်စစ်မှူးဝယ်ဖို့ တိုင်ပတ်နေတာက တစ်ကြောင်း ၊ ဟွိုက်လန်းကို ခေါ်မယ့်အသင်း မရှိတာက တစ်ကြောင်း ဟွိုက်လန်းနဲ့ နှစ်ပါးသွားရဖို့ ရှိနေပါပြီ ။
[ Laurie Whitwell ]
6 057
မန်ယူနိုက်တက်နည်းပြ ရူဘင်အမော်ရင် ၊ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် နဲ့ ဒီယေဂိုဒါလော့ဟာ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းသို့ လာရောက်ပြီး ယူနိုက်တက်အသင်းကိုယ်စား ပေါ်တူဂီကစားသမားများဖြစ်ကြတဲ့ ဒီယေဂိုဂျိုတာနှင့် အင်ဒရေဆေးလ်ဗားတို့အတွက် ပန်းခွေလာချခဲ့ပါတယ် ။
ဂျိုတာနှင့် ညီဖြစ်သူ အသက် ၂၅ နှစ်ရှိ အင်ဒရေဆေးလ်ဗားတို့ဟာ ဇူလိုင်လ ၃ ရက်နေ့တုန်းက စပိန်နိုင်ငံ၊ ဇာမိုရာပြည်နယ်တွင် ယာဉ်မတော်တဆမှု ဖြစ်ကာ သေဆုံးသွားခဲ့ကြတာပါ ။
အမော်ရင် ၊ ဖာနန်ဒက်စ်နှင့် ဒါလော့တို့ဟာ အန်ဖီးလ်ကွင်းပြင်ဘက်သို့ လာရောက်ကာ ယူနိုက်တက်အသင်းကိုယ်စား ပန်းစည်းလာချခဲ့တာလည်း ဖြစ်ပါတယ် ။
#ManchesterUnited
#LiverpoolFC
#Jota
6 057
ဘာစီလိုနာက တိုက်စစ်မှူး ရက်ဖိုဒ့်ကို အပြီးသတ် ဝယ်ယူဖို့ထက်၊ အငှားခေါ်ယူဖို့ကိုသာ ပိုပြီး စိတ်ဝင်စား နေကြောင်း သိရပါတယ် ။
[Florian Plettenberg]
6 057
Repost from ဘောလုံးပွဲတိုက်ရိုက်LIVE & Highlights
ချဲလ်ဆီးဟိုက်လိုက်ရပြီ 🔄🔄🔄
Chelsea 🏴3-0 PSG🇫🇷
6 057
ယူနိုက်တက်ပွဲတွေ ဝေးနေတုန်း အပျင်းပြေ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြည့်ချင်တယ်ဆိုရင် ⬇️⬇️⬇️
https://t.me/chankoibet789?livestream
6 057
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နာရီပိုင်းက ပါးလ်မီးရက်စ် ကွင်းလယ်လူ ရစ်ချက်ရီယိုစ့်အတွက် ချဉ်းကပ်စုံစမ်းမှုတစ်ချို့ပြုလုပ်ထားပါတယ် ။ ရိုးမားအသင်းကတော့ ပေါင် ၂၂ သန်းနဲ့စတင်ကမ်းလှမ်းထားပေမယ့် ပါးလ်မီးရက်စ်က ပေါင် ၂၆ သန်းထိ အလိုရှိနေပါတယ်။ 🔴🇧🇷
[Gazzetta_it]
6 057
🚨❌ ယူနိုက်တက် တောင်ပံ ကစားသမား ဂါနာချိုဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ရော်နယ်ဒိုရှိနေတဲ့ ဆော်ဒီကလပ် Al Nassr ရဲ့ မြင့်မားတဲ့ စာချုပ်နဲ့ ကမ်းလှမ်းမှုကို လက်ခံရခဲ့ပေမယ့် ပယ်ချသွား ခဲ့ပါတယ် ။
[Telegraph]
6 057
🚨BREAKING :
မန်ချက်စတာယူနိုက်တက်သည် အမ်ဗျူမို ၏ အပြောင်းအရွှေ့အတွက် ယခုတစ်ပတ်အတွင်း ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုတစ်ပတ်နှောင်းပိုင်းတွင် သဘောတူညီမှုရရှိသွားရန် မျှော်လင့်ထားသည် ။
ကစားသမား သည် “ ယူနိုက်တက်မှ ယူနိုက်တက်ပဲ ” ဖြစ်ပြီး အခြားမည်သည့်ကလပ်နှင့်မှ ဆွေးနွေးမှုပြုလုပ်ထားခြင်းမရှိပေ ။
[ Fabrizio Romano ]
6 057
အမ်ဗျူမိုဟာ သူ့အတွက် တတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်မယ့် အရေးကို စဉ်းစားတွေဝေနေတဲ့ ယူနိုက်တက်ရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး စိတ်ပျက်လာပြီ ဖြစ်တယ်လို့ သိရပါတယ် ။
ဘရန့်ဖို့ဒ်ကလည်း လတ်တလောဖြစ်ပေါ်ခဲ့တဲ့ မာ့ဒူကီ နဲ့ အီလန်ဂါတို့ရဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သူတို့တောင်းဆိုထားတဲ့ ပေါင် ၆၃ သန်းက ဖြစ်သင့်တဲ့ပြောင်းရွှေ့ကြေးတစ်ခုပဲလို့ လက်ခံထားပြီး နှေးကွေးလေးလံနေတဲ့ ယူနိုက်တက်ရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သတ်ပြီး စိတ်ပျက်နေပါတယ် ။
[ Standard Sport ]
6 057
လီဗာပူးအသင်းက လူဝစ်ဒီယက်စ် အတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီးနောက်မှာတော့၊ မာကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ နံပါတ် (၁) ဦးစားပေးပစ်မှတ်ဖြစ်လာ ခဲ့ပါတယ် ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဇီဖလစ်က ရက်ဖိုဒ့်အား ခေါ်ယူရန်အတွက် မီးစိမ်းပြခဲ့ပြီးနောက်၊ ဘာစီလိုနာအသင်းက မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပါတယ် ။
[ Sky Sports ]
6 057
တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူရန် ဂျူဗင်တပ် အသင်းက ထပ်မံသော ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားပြီး ဖြစ်ကြောင်းသိရသည် ။
ယခုကမ်းလှမ်းမှုတွင် ယူရို ၁၀ သန်းနှင့်အတူ အပိုဆုကြေး ယူရို ၅ သန်း ပါဝင်သည့် စာချုပ်တစ်ရပ်ဖြစ်သည်။
[DiMarzio]
အချိုအချောင် လာနှိုက်နေတယ် ။
6 057
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဒီယေဂိုဒါလော့ဟာ လာမယ့်ဘောလုံး ရာသီသစ်မှာ ကျောနံပါတ် ပြောင်းလဲ ဝတ်ဆင်သွားမှာ ဖြစ်ပြီး ဂယ်ရီနဗီးလ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ ကို ဝတ်ဆင်ကစားလာတော့မှာ ဖြစ်ပါတယ် ။
ပေါ်တူဂီနောက်တန်းအစွန်လူဟာ ၂၀၁၈ ခုနှစ်ကတည်းက ယူနိုက်တက်တွင် ကစားလာသူ ဖြစ်ပြီး ဗစ်တာလင်ဒီလော့ဖ် ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ ကျောနံပါတ် ၂ ကို ရယူလာတာ ဖြစ်ပါတယ် ။
ကျောနံပါတ် ၂ ဟာ ယူနိုက်တက်သမိုင်းမှာ အကောင်းဆုံးညာနောက်ခံလူအဖြစ် သတ်မှတ်ခံထားရတဲ့ ဂယ်ရီနဗီးလ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်လည်း ဖြစ်ပါတယ် ။
နဗီးလ်က သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို ယူနိုက်တက်မှာ ကျောနံပါတ် ၂ ကိုပဲ ဝတ်ဆင် ကစားကာ ကုန်ဆုံးလာခဲ့သူပါ ။
#DiogoDalot
#ManchesterUnited
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
