fa
Feedback
Burmese Red Devils

Burmese Red Devils

رفتن به کانال در Telegram

မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴

نمایش بیشتر
6 058
مشترکین
-824 ساعت
-217 روز
-8130 روز
آرشیو پست ها
နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား သည် ယခုလတွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည်စတင် လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ [Samuel Luckhur
နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား သည် ယခုလတွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည်စတင် လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ [Samuel Luckhurst]

မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းအဖြစ်ရပ်တည်နေပါတယ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းအဖြစ်ရပ်တည်နေပါတယ် 🔴🔥 #ManchesterUnited

ဘရူနို ဖာနန်ဒက်စ်ရဲ့ အခုနှစ်ဘောလုံးရာသီစွမ်းဆောင်ရည်များ - ပရီးမီးယားလိဂ်ကစားသမားများထဲမှာ Rating အမြင့်ဆုံး ပရီးမီးယားလိဂ်ရဲ
ဘရူနို ဖာနန်ဒက်စ်ရဲ့ အခုနှစ်ဘောလုံးရာသီစွမ်းဆောင်ရည်များ - ပရီးမီးယားလိဂ်ကစားသမားများထဲမှာ Rating အမြင့်ဆုံး ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမား - ၇ ကြိမ် ကွင်းလယ်ကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံးကစားသမား - ၅ ဂိုး #BrunoFernandes

‘ ကျွန်တော်တို့ဟာ press ပေးတာ ပိုကောင်းလာပါပြီ။ ပွဲထိန်းချုပ်တာ ပိုကောင်းလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ လိုအပ်နေတာက ဂိုးမ
‘ ကျွန်တော်တို့ဟာ press ပေးတာ ပိုကောင်းလာပါပြီ။ ပွဲထိန်းချုပ်တာ ပိုကောင်းလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ လိုအပ်နေတာက ဂိုးမပေးရဖို့ ခုခံတဲ့အချိန် အရည်အသွေးတွေ မရှိနေတာပါပဲ။ ဒါက ကျွန်တော်တို့ ပြင်ရမယ့် အရာပါ။ လူတွေက မန်ယူနိုက်တက်ပွဲ ကြည့်ရတာ ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး သဘောကျနေပါပြီ။ ‘ 🎙️ ရူဘင် အမ်မိုရင် #RubenAmorim #ManchesterUnited

မန်ယူနိုက်တက်က အိမ်ကွင်းမှာ ဘုန်းမောက်ကို ၄ ဂိုးအထိ ပြန်ပေးခဲ့ရပါတယ် ။ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းရဲ့ လွယ်လွယ်ကူကူ ပ
မန်ယူနိုက်တက်က အိမ်ကွင်းမှာ ဘုန်းမောက်ကို ၄ ဂိုးအထိ ပြန်ပေးခဲ့ရပါတယ် ။ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းရဲ့ လွယ်လွယ်ကူကူ ပေးလိုက်ရတဲ့ ဂိုးများက ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပြန်ပါတယ်။ နည်းပြရဲ့ 3-4-3 ကစားကွက်ဟာ ဂိုးသွင်းယူမှု အားကောင်းတယ်ဆိုပေမဲ့ ပွဲစဉ်တစ်လျှောက်လုံးမှာ ကစားကွက် ဟန်ချက်ညီမှုလုံးဝ မရှိခဲ့ပါဘူး။ ရှေ့တန်းနဲ့ နောက်တန်းကြား ကွက်လပ်တွေ များပြားခဲ့ပြီး အနိုင်ယူသင့်တဲ့ ပွဲမျိုးမှာ အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ #ManchesterUnited

တိုးတက်လာနေတဲ့ ခြေစွမ်းပိုင်းတွေအရ JJ Gabriel ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ အသက်အငယ်ဆုံး ပွဲထွက်ကစားသမားဖြစ်လာနိုင်တယ်လိ
တိုးတက်လာနေတဲ့ ခြေစွမ်းပိုင်းတွေအရ JJ Gabriel ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ အသက်အငယ်ဆုံး ပွဲထွက်ကစားသမားဖြစ်လာနိုင်တယ်လို့ မျှော်လင့်မှုတွေ တိုးလာတယ်လို့ သိရပါတယ်။ [StevenRailston]

“ ဒီလစ် က နောက်ကျောဒဏ်ရာရထားတယ်လို့ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာတော့ သူ ပွဲချိန်ပြည့်က
“ ဒီလစ် က နောက်ကျောဒဏ်ရာရထားတယ်လို့ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာတော့ သူ ပွဲချိန်ပြည့်ကစားသွားတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ကျောမှာ တစ်ခါတစ်ခါနာကျင်လာတာကို ခံစားရတယ်လို့ပြောတယ်။ ကျနော်တို့ သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းသွားဖို့လိုပါတယ်။ ” 🎙️ရူဘင်အမော်ရင် #RubenAmorim #ManchesterUnited

" ကျွန်တော်တို့ ဂိုးတွေအများကြီး သွင်းထားနိုင်သလို ဂိုးတွေလည်း အများကြီး ခွင့်ပြုထားရပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့ အဖြေရှာရ
" ကျွန်တော်တို့ ဂိုးတွေအများကြီး သွင်းထားနိုင်သလို ဂိုးတွေလည်း အများကြီး ခွင့်ပြုထားရပါတယ် ။ အဲဒီအတွက် ကျွန်တော်တို့ အဖြေရှာရပါတော့မယ် ။ ကျွန်တော်တို့ရဲ့ သွင်းဂိုးတွေကို ကာကွယ်ဖို့ ပြိုင်ဖက်ကို ဒီထက်ပိုပြီး ဖိအားပေးရမယ် ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာဆို ကျွန်တော်တို့ ဂိုးပေါက်ကန်သွင်းမှုတွေ အများကြီး ခွင့်မပြုခဲ့ရဘူး ဆိုပေမဲ့ ဂိုးတွေကတော့ လွယ်လွယ်လေး ခွင့်ပြုခဲ့ရပါတယ် ။ ဂိုးတွေ သွင်းနိုင်ဖို့ ဆက်ပြီး ကြိုးစားရသလို ဂိုးတွေ ပြန်မပေးရဖို့လည်း အားရုံစိုက်ရပါမယ် ။ဒါက ပွဲ တပွဲကို အနိုင်ရဖို့ အရေးကြီးဆုံးပါပဲ " 🎙️ရူဘင်အမော်ရင် #RubenAmorim #ManchesterUnited

ယူနိုက်တက်ရဲ့ ကစားသမားပစ်မှတ်စာရင်းထဲမှာ ဘုန်းမောက်အသင်းမှ အသက် (၂၆) နှစ်အရွယ် အမေရိကန် ကွင်းလယ်ခံစစ်ကစားသမား Tyler Adams လဲ
ယူနိုက်တက်ရဲ့ ကစားသမားပစ်မှတ်စာရင်းထဲမှာ ဘုန်းမောက်အသင်းမှ အသက် (၂၆) နှစ်အရွယ် အမေရိကန် ကွင်းလယ်ခံစစ်ကစားသမား Tyler Adams လဲ ပါဝင်လာပါတယ်။ Tyler Adams ဟာ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီး နွေရာသီရောက်မှသာ ထွက်ခွာနိုင်ချေပိုရှိတယ်လို့ သိရပါတယ်။ [JacobsBen, United Stand]

◾အကြွေးတွေ ဒေါ်လာ ၁ ဘီလျံ ကျော်လာတဲ့ မန်ယူနိုက်တက် 🔴 မန်ယူနိုက်တက် အသင်းရဲ့ အသားတင်အကြွေးပမာဏဟာ ဒေါ်လာ(၁)ဘီလီယံအထက်ကို ပထမဆု
◾အကြွေးတွေ ဒေါ်လာ ၁ ဘီလျံ ကျော်လာတဲ့ မန်ယူနိုက်တက် 🔴 မန်ယူနိုက်တက် အသင်းရဲ့ အသားတင်အကြွေးပမာဏဟာ ဒေါ်လာ(၁)ဘီလီယံအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲဲ့ပါတယ်။ အသင်းဟာ ၂၀၂၅-၂၆ ရာသီ ပထမ(၃)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာမှာ အမြတ်ငွေ ပေါင်(၁၃)သန်းရရှိခဲ့ပေမဲ့ အသားတင်ကြွေးမြီကတော့ ဒေါ်လာ(၁.၀၀၂)ဘီလီယံ (ပေါင် ၇၄၉ သန်း) ရှိလာခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်ယူနိုက်တက် အသင်းဟာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရတာကြောင့် ကွင်းဝင်ကြေးနဲ့ ရုပ်သံဝင်ငွေတွေ လျော့ကျခဲ့ကြောင်းလည်း သိရပါတယ်။ အခုလိုမျိုး ကြွေးမြီပမာဏ မြင့်တက်လာခဲ့ပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ #ManchesterUnited

🇨🇲 ဘရိုင်ယန်အမ်ဗျူမိုဟာ လာမယ့်အာဖရိကဖလားပြိုင်ပွဲမှာ ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ဦးဆောင်က
🇨🇲 ဘရိုင်ယန်အမ်ဗျူမိုဟာ လာမယ့်အာဖရိကဖလားပြိုင်ပွဲမှာ ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ဦးဆောင်ကစားသွားမှာဖြစ်ပါတယ်။ #Mbeumo #ManchesterUnited

တိုက်စစ်မှူး ဘန်ဂျမင်ဆက်စ်ကိုဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ပြီး လက်ရှိတွင် အပေါ့စားလေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်နေပြီဖြ
တိုက်စစ်မှူး ဘန်ဂျမင်ဆက်စ်ကိုဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ပြီး လက်ရှိတွင် အပေါ့စားလေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ လာမယ့်ဘုန်းမောက်နဲ့ပွဲမှာ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ်။ နောက်ခြောက်ရက်အကြာမှာကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာတော့ အသင်းမှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ [ Sky Sports ]

ရိုးမားအသင်းဟာ လာမယ့်ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂျိုရူအာဇာ့ခ်ဇီး ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ ဆွေးနွ
ရိုးမားအသင်းဟာ လာမယ့်ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဂျိုရူအာဇာ့ခ်ဇီး ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ရိုးမားက အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူရန် ကမ်းလှမ်းထားပြီး ယူနိုက်တက်ကတော့ အပြီးသတ်ရောင်းချသွားဖို့သာ ဆန္ဒရှိနေပါတယ်။ [ Sky Sports ]

မန်ယူနိုက်တက်က ဝုဗ်ကို အနိုင်ရတဲ့ ပွဲစဥ်မှာ ဘရူနိုဖာနန်ဒက်စ်က ၂ဂိုးသွင်း ၁ဂိုးဖန်တီးခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီ
မန်ယူနိုက်တက်က ဝုဗ်ကို အနိုင်ရတဲ့ ပွဲစဥ်မှာ ဘရူနိုဖာနန်ဒက်စ်က ၂ဂိုးသွင်း ၁ဂိုးဖန်တီးခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံး (၆ကြိမ်) အဖြစ် ရပ်တည်နေခဲ့ပါပြီ ။ ဒါ့အပြင် ဒီရာသီပရီးမီးယားလိဂ်မှာ ဘရူနိုဟာ ၄ဂိုးသွင်း ၆ဂိုးဖန်တီးထားပြီးနောက် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီ ၇ရာသီအတွင်း သွင်းဂိုးပါ၀င်ပတ်သက်မှု အနည်းဆုံး၁၀ကြိမ် ပြုလုပ်ထားတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နေပါတယ် ။ #brunofernandes #manchesterunited

တိုက်စစ်မှူး ဘရိုင်ယန်အမ်ဗျူမိုဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး 6 ဂိုးအထိ သွ
တိုက်စစ်မှူး ဘရိုင်ယန်အမ်ဗျူမိုဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး 6 ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ် ။ မန်ယူနိုက်တက် ကစားသမားတွေထဲမှာ သူ့ထက် ဂိုးပိုသွင်းထားသူ မရှိပါဘူး ။ ယူနိုက်တက်အတွက် မှန်ကန်တဲ့ ခေါ်ယူမှုပါပဲ! ✨ #ManchesterUnited

ညက မကြည့်လိုက်ရသူတွေအတွက် Highlights ပါ ဝုဗ် 1-4 မန်ချက်စတာ ယူနိုက်တက် 🔴

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေသော ကွင်းလယ်ကစားသမား မန်နူရယ်အူဂါတေးရဲ့ အခြေအနေနဲ
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေသော ကွင်းလယ်ကစားသမား မန်နူရယ်အူဂါတေးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်မှု ပြုလုပ်နေပြီဖြစ်ပါတယ် ။ ဂါလာတာစာရေးအသင်းဟာ အူဂါတေး အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် ကြိုးစားသွားမှာ ဖြစ်ပါတယ် ။ [ErolEvcenn]

မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ကလပ်ဂန္တဝင်တွေကြားက ဆက်ဆံရေးဟာ ဆိုးရွားစွာပျက်စီးနေပြီး နှစ်ဖက်လုံးဟာ အကောင်းမြင်ပေးနိုင်
မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ကလပ်ဂန္တဝင်တွေကြားက ဆက်ဆံရေးဟာ ဆိုးရွားစွာပျက်စီးနေပြီး နှစ်ဖက်လုံးဟာ အကောင်းမြင်ပေးနိုင်စိတ်မရှိတော့လောက်အောင် ဖြစ်နေပါတယ်။ အသင်းဂန္တဝင်ကစားသမားဟောင်းတွေအနေနဲ့ ယူနိုက်တက်မှာ ရင်ဆိုင်ရတဲ့ ဖိအားတွေကို နားလည်ပေးရမယ့်အစား သူတို့က သူများထက်ပိုပြီး အဆိုးမြင်ပြီးဝေဖန်နေတယ်လို့ လက်ရှိကစားသမားတွေက ခံစားနေရပါတယ်။ တချို့သောကစားသမားတွေဟာဆိုရင် Class of '92 က အချို့သောဂန္တဝင်ကစားသမားတွေက သူတို့ရဲ့အတိတ်က အောင်မြင်မှုဂုဏ်သတင်းတွေ မှေးမှိန်သွားမှာစိုးလို့ လက်ရှိအသင်းကို အောင်မြင်စေချင်တဲ့စိတ်လုံးဝမရှိဘူးလို့တောင် ယုံကြည်နေကြပါတယ်။ ကစားသမားတွေနဲ့ ဂန္တဝင်ကစားသမားကြီးတွေကြား ဆက်ဆံရေးက ဆိုးရွားစွာပျက်စီးနေပြီး ကစားသမားတွေဟာ ဂန္တဝင်ကစားသမားဟောင်းတွေနဲ့ တီဗီအစီအစဉ်တွေမှာ အင်တာဗျူးလုံးဝလုပ်ချင်စိတ်မရှိဘူးလို့ သိရပါတယ်။ [ Mail Sport ]

ယူနိုက်တက်နည်းပြ ရူဘင်အမော်ရင်ဟာ ပရီးမီးယားလိဂ်မှာ ၄၁ ပွဲကိုင်တွယ်ထားရာမှာ ၁၃ ပွဲသာအနိုင်ရရှိခဲ့ပြီး နိုင်ပွဲရရှိမှုရာခိုင်နှ
ယူနိုက်တက်နည်းပြ ရူဘင်အမော်ရင်ဟာ ပရီးမီးယားလိဂ်မှာ ၄၁ ပွဲကိုင်တွယ်ထားရာမှာ ၁၃ ပွဲသာအနိုင်ရရှိခဲ့ပြီး နိုင်ပွဲရရှိမှုရာခိုင်နှုန်း ၃၁.၇% သာ ရှိပါတယ်။ နည်းပြကို ဆက်ပြီးထောက်ခံချင်တယ်ဆိုရင်တောင် ရလဒ်တွေက ယူနိုက်တက်လို အသင်းတစ်သင်းအတွက် လက်ခံဖို့ခက်တဲ့ အခြေအနေပါ။ #manchesterunited

ဇယားအောက်ဆုံးမှာ ရှိနေတဲ့ ဝုဗ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် တပွဲမျှ အနိုင်မရထားသေးပါဘူး ။ ဒါပေမဲ့ လာမည့် တနင်္လာနေ့မှာ ယူနို
ဇယားအောက်ဆုံးမှာ ရှိနေတဲ့ ဝုဗ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် တပွဲမျှ အနိုင်မရထားသေးပါဘူး ။ ဒါပေမဲ့ လာမည့် တနင်္လာနေ့မှာ ယူနိုက်တက် နဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။