cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Sayar Sitt(Psy)

ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။ တပ်မတော်သတင်းစဥ်များဖော်ပြမည်။

نمایش بیشتر
پست‌های تبلیغاتی
278
مشترکین
اطلاعاتی وجود ندارد24 ساعت
+407 روز
+6630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့က တခြား နိုင်ငံတွေလိုပဲ Digital ငွေကြေးကို သွားကြမယ်... ငွေစက္ကူတွေ မသုံးကြနဲ့တော့ Online ကနေပဲ ရှင်းကြတော့... K pay တို့ ဘာ pay ညာ pay တို့နဲ့ပဲ ရောင်းကြ ဝယ်ကြတော့ပေါ့လေ... အဲ့လို လုပ်ကြမယ် ဆိုပြီး ပုဂ္ဂလိကဘဏ်တွေကို ငွေမချပေးတော့ ခုလိုမျိုး စောင်ပြဿနာတွေ တက်ကုန်ကြတာပါတဲ့... အဲ့တာကို တပ်ချုပ်ကြီး သိသွားပြီး အဲ့လိုတော့ ချက်ချင်းကြီး လုပ်လို့ ဘယ်ရမလဲ... ဖြည်းဖြည်းချင်း သွားရမှာပေါ့ဆိုပြီး ဗဟိုဘဏ်ကို ညွှန်ကြားတော့... Monday က စပြီး ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ငွေပြန်ချပေးတော့မှာ ဖြစ်လို့ အရင်အတိုင်း ပုံမှန်ပြန်ပြီး အဆင် ပြန်ပြေကြတော့မှာပါတဲ့... % ကြေးကြီးတွေ ပေးပြီး ငွေ အလောတကြီး လဲတာတွေ ဘာတွေ သတိထားကြပေါ့ဗျာ... အဲ့လိုကြားလို့... ဦးလှဆွေလည်း ပြောနေတယ်... အဲ့တာလေး ပြန်ပြောပြတာ... ဒါပဲ... 😌 Aung Myat Thu #SayarSitt
نمایش همه...
👍 4
မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၃ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
نمایش همه...
👍 1🥰 1
Photo unavailableShow in Telegram
မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၃ ရက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
نمایش همه...
👍 1👏 1
Photo unavailableShow in Telegram
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၃ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မင်္ဂလာကျောင်း တိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
نمایش همه...
🥰 2
- နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် ၁၃
نمایش همه...
👍 3
Repost from MWD News
04:03
Video unavailableShow in Telegram
နမ့်စန်မြိုနယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိသည်။(ဇူလိုင်လ ၁၃)
نمایش همه...
၅.mp47.43 MB
👍 1
Photo unavailableShow in Telegram
ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲမှာအနိုင်ရစေဖို့ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က ငွေကြေးများလှူဒါန်း ကမ္ဘာကျော်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ အီလွန်မတ်က အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ငွေကြေးများ လှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။  အီလွန်မတ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးနေတဲ့ အဖွဲ့အစည်းထံ ငွေကြေးများလှူဒါန်းပေးခဲ့တာဖြစ်ကြောင်း အမေရိကန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ America PAC အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ လူသိနည်းတဲ့အဖွဲ့အစည်းဖြစ်ပြီး ငွေကြေးပမာဏာ ဘယ်လောက်လှူဒါန်းခဲ့သလဲဆိုတဲ့အချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်းသိရပါတယ်။ 
نمایش همه...
👍 1
Photo unavailableShow in Telegram
နေတိုးထိပ်သီးအစည်းအဝေးရဲ့ ထုတ်ပြန်ချက်တွေကို မြောက်ကိုရီးယားအစိုးရ ပြစ်တင်ရှုတ်ချ မကြာသေးခင်က ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးအတွင်း မြောက်ကိုရီးယားရဲ့ ရုရှားအား စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေကို ရှုတ်ချခဲ့တဲ့ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယားအစိုးရက ပြန်လည်ပြစ်တင်ရှုတ်ချခဲ့တယ်လို့သိရပါတယ်။ ဒါ့ပြင် အဲဒီစာရွက်စာတမ်းတွေဟာ တရားမဝင်ဘူးလို့လည်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီက ဇူလိုင်လ(၁၃)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ရုရှားကိုစစ်ရေးအရ တိုက်ရိုက်ထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးတာတွေနဲ့အတူ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်ပေးခဲ့တဲ့အတွက် မြောက်ကိုရီးယားကို နေတိုးအဖွဲ့ဝင်ခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချခဲ့တယ်လို့သိရပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံကို တရုတ်နိုင်ငံရဲ့ စက်မှုပံ့ပိုးကူညီမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း နေတိုးအဖွဲ့ဝင်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို မြောက်ကိုရီးယားအစိုးရက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်းသိရပါတယ်။ 
نمایش همه...
👍 2
Photo unavailableShow in Telegram
အမေရိကန်ရဲ့ ဖိအားတွေကို လက်ခံမှာ မဟုတ်ကြောင်း အီရန်ရွေးကောက်ခံသမ္မတ ပြောဆိုပြီး ရုရှားနဲ့တရုတ်ကို ချီးကျူး အီရန်နိုင်ငံဟာ ဖိအားတွေကို လိုက်လျောမှာ မဟုတ်ဘူးဆိုတာကို အမေရိကန်အနေနဲ့ နားလည်သဘောပေါက်သင့်ကြောင်း ရွေးကောက်ခံ သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က စနေနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ယင်းထုတ်ပြန်ချက်အတွင်း သူ့နိုင်ငံရဲ့ တရုတ်၊ ရုရှားတို့နဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးကိုလည်း သူက မီးမောင်းထိုးပြခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ အတော်အသင့်သဘောထားပျော့ပျောင်းသူဖြစ်သော ပီဇက်ရှ်ကီယန်က အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ ရရှိရေးကြိုးပမ်းမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောဆိုခဲ့သလို အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးချဲ့သွားမှာဖြစ်ကာ ဥရောပနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုခဲ့ပါတယ်။
نمایش همه...
👍 2
အိန္ဒိယ တွင် ထိုင်းနှင့်မြန်မာ သီးသန့်ဆွေးနွေး July 13 အိန္ဒိယ တွင် ကျင်းပနေသည့် BIMSTEC ပွဲသိုရောက်ရှိနေသောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ နှင့်ထိုင်းနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာရစ် ဆီယမ်ပွန်န် တိုသည် ဇူလိုင် ၁၁ရက်နေ့က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အထူးအားဖြင့် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို တိုက်ဖျက်ရာတွင် နှစ်ဖက် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ဆွေးနွေးခဲ့ကြပါတယ်။ #SayarSitt
نمایش همه...
👍 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.