fa
Feedback
Christopher Nolan ၏ လက်ရာမွန်များ

Christopher Nolan ၏ လက်ရာမွန်များ

رفتن به کانال در Telegram

ခရစစ်တိုဖာ နိုလန် Collection

نمایش بیشتر
4 164
مشترکین
+3224 ساعت
+1917 روز
+78930 روز
آرشیو پست ها
ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် – ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ – ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် – အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား – ” In a dream your mind functions more quickly, therefore time seems to feel more slow. ” ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် – ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် – အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် – အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် – ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ – အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ – ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် – ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး – နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် – ကြည့်စေချင်ပါတယ် – သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး –

Inception 2010 ‧ Sci-fi/Action ‧ 2h 28m ဒီ ကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို
Inception 2010 ‧ Sci-fi/Action ‧ 2h 28m ဒီ ကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းပါတယ် –

Interstellar 2014 ‧ Sci-fi/Adventure ‧ 2h 49m 1080p @Movielinkprovider3

Interstellar 2014 ‧ Sci-fi/Adventure ‧ 2h 49m 720p @Movielinkprovider3

...ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ  ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ...အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်….

Interstellar 2014 ‧ Sci-fi/Adventure ‧ 2h 49m 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တ
Interstellar 2014 ‧ Sci-fi/Adventure ‧ 2h 49m 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ် … 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်းကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်....ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး...

Dunkirk 1080p 2017 ‧ War/Action ‧ 1h 46m @Movielinkprovider3

Dunkirk 720p 2017 ‧ War/Action ‧ 1h 46m @Movielinkprovider3

ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ဗျူဟာကျကျနဲ့ ဒန်ကာ့ခ်ကမ်း ခြေကို ပြန်တိုက်ခိုက်နိုင်ဖို့ ကြိုး ပမ်းခဲ့ကြပါတယ်။ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီးနောက်မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ဒတ်ချ်စစ်သားပေါင်း သုံးသိန်း ကျော်ဟာ အန္တရာယ်ရှိတဲ့ အရပ် ကနေ ဘေးကင်းစွာနဲ့ စွန့်ခွာနိုင်ခဲ့ ကြပါတယ်။စစ်တိုက်နေတာတွေချည်းပဲ တစ်ချိန်လုံး ပြနေတာမျိုးမဟုတ် ဘဲ မြေပြင်တိုက်ပွဲဖြစ်ခဲ့တဲ့ သီ တင်းပတ်၊ ပင်လယ်ပြင်မှာတိုက် ပွဲဖြစ်တဲ့ရက်၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဖြစ်စဉ် အလိုက် အပိုင်းခွဲပြီး တင်ဆက် ထားတဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ပြီး စစ်မြေပြင်တိုင်း မှာ တပ်သားတွေ ကြုံဆုံရတဲ့ အကြောင်းအရာ ဇာတ်ကွက် လေးတွေလည်း ပါတာမို့ ပရိ သတ်တွေကြည့်လို့ အဆင်ပြေ မယ်လို့ ထင်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင် ထားသူတွေက ဖီရွန်ဝှိုက်ဟက်ဒ်၊ တော်မ်ဂလင်းကာနေ၊ ဂျက်လို ဒန်၊ ဟယ်ရီစတိုင်၊ အန်နူရင် ဘားနက်၊ ဂျိမ်းစ်ဒီအာစီ စသူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ထိပ်တန်းရုပ်ရှင် စာရင်းဝင်နေတဲ့ ဇာတ်ကားမို့ တကယ်ပဲ ကောင်း၊ မကောင်းကို တော့ ကိုယ်တိုင်ကြည့်ပြီးတော့ ဝေဖန်အကဲဖြတ်ကြဖို့ ညွှန်းလိုက်ပါတယ်။ ။ရုပ်ရှင်အညွှန်းကို 7daily Website မှကူးယူဖော်ပြသည်။=========================

Dunkirk 2017 ‧ War/Action ‧ 1h 46m ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည
Dunkirk 2017 ‧ War/Action ‧ 1h 46m ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။

Tenet 2020 ‧ Action/Sci-fi ‧ 2h 30m Msub Version @Movielinkprovider3

Tenet 2020 ‧ Action/Sci-fi ‧ 2h 30m CM Version @Movielinkprovider3

ဒီ အောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။

Tenet 2020 ‧ Action/Sci-fi ‧ 2h 30m ဒီ ရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြ
Tenet 2020 ‧ Action/Sci-fi ‧ 2h 30m ဒီ ရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာနောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာအလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။

Oppenheimer (2023) 730p အပေါ်ကဟာ 3ပိုင်းဖြတ်ထားတာမို့ Error တက်ရင် ဒီကနေကြည့်ပါဗျ။ @Movielinkprovider3

Oppenheimer Part-3 1080p End ဇာတ်ကားကောင်းများကြည့်ရန်- @Movielinkprovider3

Oppenheimer Part-2 1080p ဇာတ်ကားကောင်းများကြည့်ရန်- @Movielinkprovider3

Oppenheimer Part-1 1080p File size ကြီးလို့ 3ပိုင်း ခွဲတင်နေပါတယ်ဗျ။ တခြားဇာတ်ကားကောင်းများကြည့်ရန်- @Movielinkprovider3

ဒီ ရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

Oppenheimer 2023 ‧ Thriller/Historical drama ‧ 3 hours
Oppenheimer 2023 ‧ Thriller/Historical drama ‧ 3 hours