cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ကိုနှင်းမောင်

پست‌های تبلیغاتی
27 841
مشترکین
-3124 ساعت
-1537 روز
-48330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

01:02
Video unavailableShow in Telegram
ဆန့်ကျင်ဘက် အွန်လိုင်းမီဒီညာများမှ ချီဗွေ၊ ပန်ဝါဒေသခံများက ကချင်လူမျိုး အကြီးအကဲ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်မှုထမ်းရန် စာထုတ်ပြန်ချက်အ‌ပေါ် မကျေနပ်သည့်ပုံစံဖြင့် ဝါဒဖြန့်လိမ်ညာနေသော်လည်း ချီဗွေ၊ပန်ဝါဒေသရှိ ကန်းဖန့်ကျေးရွာနှင့် မော်ဖီကျေးရွာအနီး KIA/PDF အကြမ်းဖက်သမားများ ဝင်ရောက်နှောင့်ယှက်နေမှုအပေါ် လုံးဝ မလိုလားကြောင်းနှင့် အကြမ်းဖက် သမားများအားချေမှုန်းပေးရန် တာဝန်ရှိသူများအား တောင်းဆိုနေသည့် အေးချမ်းမှုလိုလားပြီး အကြမ်းဖက်မှုလက်မခံသည့် ဒေသခံအမျိုးသမီးကြီး၏ ရုပ်သံဖိုင်ထွက်ပေါ်- ယင်းဗီဒီယိုဖိုင်အတွင်း အမျိုးသမီးကြီး ပြောကြားနေမှုများမှာ - ချီဗွေ၊ ပန်ဝါဒေသအတွင်း KIA/PDF အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်နှောင့်ယှက်ခြင်းကို လုံးဝ လက်မခံကြောင်း၊ အလုပ်ပျက်၊ အကိုင်ပျက်၊ စီးပွားပျက်ပြီး ဒေသခံအားလုံးဆင်းရဲဒုက္ခရောက်ရကြောင်း၊ ထိုသို့အဖြစ်မခံနိုင်၍ လုံခြုံရေးတပ်ဖွဲ့များနှင့်တကွ တာဝန်ရှိသူများအားလုံးအနေဖြင့် KIA/PDF အကြမ်းဖက်သမားများအား အမြန်ဆုံးရှင်းလင်းပေးရန်နှင့် လိုအပ်လျှင် မိမိတို့ ဒေသခံရွာသူရွာသားများအားလုံးက ပါဝင်ကူညီတွန်းလှန်ပေးမည်ဟု မိမိရပ်ရွာ အေးချမ်းရေးကိုလိုလားပြီး အဖျက်သမားများကို မလိုလားသည့် ဒေသခံအမျိုးသမီးကြီးက စိတ်အားထက်သန်စွာဖြင့် တာဝန်ရှိသူများအား တောင်းဆို၊ တိုက်တွန်း၊ ပြောကြားနေသည့် ဗီဒီယိုဖိုင်အား ကြည့်ရှုခြင်းဖြင့်အဝေးမှ ပြည်သူများအားလုံးအနေဖြင့် KIA/PDF အကြမ်းဖက်များအပေါ် ထားရှိသည့် ကချင်ပြည်နယ်အတွင်းမှ ဒေသခံများ၏ သဘောထားဆန္ဒအမှန်ကိုပါ သိရှိနိုင်ရန်‌ ဖော်ပြလိုက်ပါသည်။ PS--- မင်းတို့က ပုံအဟောင်းတွေသုံးပြီး မဟုတ်မမှန်တွေ ဖော်ပြနေပေမယ့် ငါတို့ကတော့ အမှန်အကန် ဗီဒီယိုဖိုင် သက်သေနဲ့ကို ထုတ်ပြတာနော် Facebook မှာပဲအာချောင်လို့ရတဲ့ ဖေ့ချောင်လေးတွေရေ 🤣🤣🤣 မှိုင်းဝေ သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
نمایش همه...
0_02_03_66ac32cf578d343105f53ab2e7c0fea31cca1750942bc93add2f8b985338014a.mp413.05 MB
👍 162🤣 8 3
Photo unavailableShow in Telegram
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဖော်ထုတ်လျက်ရှိ။ နေပြည်တော်၊ ဇွန် - ၂၁
نمایش همه...
👍 80 3🤣 2
Photo unavailableShow in Telegram
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲပြုလုပ်ဖို့ရှိပါတယ်…. လက်ရှိလျှောက်ထားဆဲပါတီ ၆၇ ပါတီအနက် ၄၉ ပါတီ ခွင့်ပြုထားပြီးဖြစ်လို့ အဲဒီ့ပါတီတွေက ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပြီဖြစ် ပါတယ်…. #ခင်ညိုချော
نمایش همه...
👍 76 3🤣 2
မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံလေးတွေကို Target ထားပြီး  အသားဖြူဆေး၊အသားဖြူဆပ်ပြာ၊စသဖြင့် အရည်အသွေးနိမ့်ပစ္စည်းတွေကို Cele လို့အမည်ခံထားတဲ့ စောက်ပေါတွေနဲ့ကြော်ငြာပြီးတော့ မြန်မာနိုင်ငံကို ဂျင်းထည့်နေတဲ့ ထိုင်းနိုင်ငံသူပါ။ ခုလည်းစျေးကွက် မာကတ်တင်းအရ ဒီသီချင်းနဲ့ဒီလို နေ့မျိုးမှာဆော့တယ်လို့ မြင်ပါတယ်။ဒါပေမယ့် သူအနားရှိသူတွေဟာ မြန်မာတွေပါ။သူထုတ်လုပ်ရောင်းချနေတဲ့ ပစ္စည်းတွေကို ပိတ်ပင်လိုက်ပါ။သူ့ပစ္စည်းကိုရောင်းတဲ့ ကိုယ်စားလှယ်တွေမြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။အစိုးရအနေနဲ့ ဘာဆက်လုပ်နိုင်မလဲ ကြည့်ချင်ပါတယ်။ ကျွန်းလှမီးအိမ်ရှင် https://t.me/kyunhlanews
نمایش همه...
2.65 MB
👍 80💯 3🤣 3🤮 2👏 1
نمایش همه...

👍 56🥰 3 2
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူရခြင်း ဖြစ်စဉ်အမှန်နဲ့ နောက်ကွယ်က ထိုးနှက်တိုက်ခိုက်နေတဲ့ ဆန့်ကျင်ဘက်မီဒီယာတွေရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ??? အခုရက်ပိုင်း အွန်လိုင်းမီဒီယာတွေမှာ ရေးသားနေတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်ပျံလွန်တော်မူတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးမျိုးရေးသားနေကြတာတွေရှိပါတယ်။ တကယ်တမ်းဖြစ်စဉ်ဖြစ်ပွားသွားတဲ့ နေရာက အခါအားလျော်စွာ PDF အကြမ်းဖက်တွေက လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့နဲ့ လမ်းသွားလမ်းလာပြည်သူတွေကို မိုင်းထောင် မိုင်းဆွဲပြီး အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်နေတဲ့ နေရာတွေပါ။ ဒါကြောင့် တပ်မတော်က နယ်မြေလုံခြုံရေးအတွက် ၎င်းဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတာတွေေရှိတယ်။ ဖြစ်စဉ်အတိုချုံးပြောရရင် PDF အကြမ်းဖက်တွေက ဆရာတော်တွေစီးနင်းလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ငယ်နဲ့ထပ်ပြီးချောင်းမြောင်းပစ်ခတ်တယ်။ ဒါကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိသိချင်းချက်ချင်းလိုက်လံရှင်းလင်းတော့ PDF ကပစ်ပြေးပြေးတယ်။ အခင်းဖြစ်တဲ့နေရာကိုထပ်ပြီးရှင်းတော့ ဘေးမှာထိုးရပ်သွားတဲ့ ကားမှာ PDF တွေမိုင်းဆွဲပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ဆရာတော်တစ်ပါး၊ ဒဏ်ရာရနေတဲ့ဆရာတော်တစ်ပါးနဲ့ ယာဉ်မောင်းကိုတွေ့ပြီး လိုအပ်တာတွေကူညီဆောင်ရွက်ပေးတယ်။ ဆရာတော်နဲ့ ယာဉ်မောင်းလည်း ချက်ချင်းဆိုသလို သွေးဆူသွားတဲ့အနေအထားမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့တာတွေရှိတယ်။ ဒါကိုအခွင့်ကောင်းယူ စစ်တပ်ကပစ်တာပါဆိုပြီး ဆန့်ကျင်ဘက်မီဒီယာတွေက ဖွတယ်။ PDF ဆိုတာ အခုမှမဟုတ်ဘူး အရင်ကတည်းက ဆရာတော်နဲ့သံဃာတော်တွေကို သတ်ဖြတ်လာတာ ယနေ့အချိန်အထိ ၉၃ ပါးရှိသွားပြီဆိုတာ သက်သေသာဓကတွေအကုန်ချပြပြီးသား။ စစ်တပ်ဆိုတာ အမျိုးဘာသာ/သာသနာကိုကာကွယ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်စားပြုထားတဲ့အဖွဲ့အစည်း။ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းဖြစ်လို့ ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာရတယ်။ ဆန့်ကျင်ဘက်မီဒီယာတွေစွတ်စွဲနေသလို စစ်တပ်ကပစ်တယ်ဆိုပြီးပြောနေတဲ့စကားမှာ စစ်တပ်က ဆရာတော်သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့တဲ့သက်သေသာဓက သမိုင်းမှာတောင်မရှိခဲ့ဘူး။ ဘာကြောင့်ဆန့်ကျင်ဘက်မီဒီယာတွေကဖွလည်းဆိုတော့ မြန်မာနိုင်ငံကို ဘယ်တုန်းကမှကောင်းကျိုးမပေးခဲ့သလို အခုအချိန်မှာလည်း စာသင်သားကိုယ်တော်ငယ်တွေရဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့အတွက် ကိုယ်တော်အငယ်ပိုင်းတွေနာကျည်းသွေးဆူလာအောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာကို သတိပြုဆင်ခြင်ဖို့လိုတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပေါ့။ တိုင်းပြည်မငြိမ်သက်ရင် စားရေရိက္ခာရှားပါးမယ်။ ဒုက္ခအမျိုးမျိုးကြုံရမယ်။ ပျော်ရွှင်နေတဲ့ဘဝတွေကုန်ဆုံးမယ်။ ကိုယ့်မိသားစုလောက် ကိုယ့်ပေါ်ဘယ်သူမှ ပြန်မကြည့်နိုင်ဘူး။ အဲ့တော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဆန့်ကျင်ဘက်မီဒီယာတွေနဲ့ ပျက်စီးစေချင်နေတဲ့ ဆန့်ကျင်ဘက်နိုင်ငံတွေရဲ့ ထိုးနှက်ချက်တွေကို နိုင်ငံသားအချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပြန်လည်ခုခံချေပနိုင်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုဘဝတွေကိုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ဆန္ဒပြုရင်း … နှင်းမောင် https://t.me/kohninmg777
نمایش همه...
👍 153 12👏 7🕊 2🤣 2🫡 2
PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ဇွန်လ ၂၀ ရက် ညနေ ၇ နာရီခန့်က မုံရွာမြို့ မြဝတီရပ်ကွက်တွင် နေထိုင်သော အကြမ်းဖက် PDF ထူးနိုင်ဝင်း(ခ)ထူးလေး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း ပြည်သူများ၏ သတင်းပေးမှုကြောင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ၎င်း၏မိခင် အမာစီနှင့်အတူ - ပစ္စတိုသေနတ် ၁ လက် - ကျည်အိမ် ၁ ခု - ပွိုင့် ၃၈ ကျည် ၅၀ တောင့် - ညကြည့်စနိုက်ပါမှန်ပြောင်း ၁ ခု - ကျည်ကာအင်္ကျီ ၁ ထည် - ကျည်ကာဦးထုပ် ၁ လုံး - မိုးကာတဲ ၁ လုံး - ပုခက် ၁ စုံ - ကျောပိုးအိတ် ၂ လုံး - ပြောက်ကျားအင်္ကျီ ၁ ထည် - ပြောက်ကျားဦးထုပ် ၁ လုံး - 205 ကွန်မန်ဒိုအင်္ကျီ ၁ ထည် - လက်အိတ် ၁ စုံ - D တံဆိပ်ပါလက်ပတ်နီ ၁ ခု တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။ နှင်းမောင်
نمایش همه...
👍 127👏 13🤣 2👎 1
Photo unavailableShow in Telegram
ဆီဈေးအနည်းငယ်တက်
نمایش همه...
👍 69😱 4
ဇွန်လ_၂၁_မြဝတီသတင်းစာ.pdf20.83 MB
ဇွန်လ_၂၁_ကြေးမုံသတင်းစာ.pdf7.27 MB
ဇွန်လ_၂၁_မြန်မာ့အလင်းသတင်းစာ.pdf4.30 MB
ဇွန်လ_၂၁_မန္တလေးနေ့စဉ်သတင်းစာ.pdf8.84 MB
ဇွန်လ_၂၁_ရတနာပုံသတင်းစာ.pdf25.34 MB
June_21_TheGlobalNewLightOfMyanmar.pdf1.35 MB
👍 35 1
ရေစက် နှင့် ဝဋ်ကြွေး ------------------------------- ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ သံသရာအဆက်ဆက်က ပါလာတဲ့ ရှေးရေစက်ကြောင့်ပါ ....။ တချို့က .... ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။ တချို့ကတော့  .... ကိုယ့်ဆီကနေ  ကြွေးသစ်ယူသွားကြတဲ့ သူတွေလဲ ရှိမှာပေါ့လေ  ...။ ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ အကြောင်းရှိလို့  ပေါင်းမိ ကြရတာပါပဲ ...။ ကိုယ်က ကောင်းပါရဲ့နဲ့ .... ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ၊ စော်ကားတာကို ခံရတဲ့အခါ၊ ငြိုငြင်တာကို ခံရတဲ့အခါ၊ အထင်လွဲတာကို ခံရတဲ့အခါ၊ သစ္စာဖောက်တာကို ခံရတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ .... တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ သဘောထားလိုက်ပါ ....။ ခံရတဲ့သူက_အဟောင်း_ခံရတာပါ လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ များများပေးဆပ်ရရင်  မြန်မြန်ကျေတာပေါ့ လို့ သဘောထားပြီး အခြေအနေ တချို့ကို  ကျေနပ် လက်ခံလိုက်ပါ ....။ ကိုယ့်ရဲ့ အတ္တကို  ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး.... ဘယ်သူ့ကိုမှ တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ ဖြစ်လွယ်  ပျက်လွယ်တဲ့ သဘောတရားကို နားလည် လက်ခံနိုင်ခဲ့ရင်.... အနည်းနဲ့ အများတော့  စိတ်သက်သာရာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်  .....။ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး 🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
نمایش همه...
🙏 121👍 28 5
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.