fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

❝ ᴵ ᵗᵒˡᵈ ʰᵉʳ ᵃᵇᵒᵘᵗ ˡᵒᵛᵉ ᵃⁿᵈ ˢʰᵉ ᵗᵒˡᵈ ᵐᵉ ᵃᵇᵒᵘᵗ ᵐᵒᵛⁱᵉˢ ❞

❝ ᴵ ᵗᵒˡᵈ ʰᵉʳ ᵃᵇᵒᵘᵗ ˡᵒᵛᵉ ᵃⁿᵈ ˢʰᵉ ᵗᵒˡᵈ ᵐᵉ ᵃᵇᵒᵘᵗ ᵐᵒᵛⁱᵉˢ ❞

رفتن به کانال در Telegram
747
مشترکین
+224 ساعت
+47 روز
+530 روز
آرشیو پست ها
My Wife Is a Gangster (1) (2001) My Wife Is a Gangster (2) (2003) My Wife Is a Gangster (3) (2006) https://t.me/lcmcmovies/42
My Wife Is a Gangster (1) (2001) My Wife Is a Gangster (2) (2003) My Wife Is a Gangster (3) (2006) https://t.me/lcmcmovies/424
23 نوامبر, 03:57

- Hi (2026) ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ကာဗင်ရာ့ခ်ျနဲ့ နာယန်သရာ တို့ရဲ့ အချိတ်အဆက်မိမိ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ရုံတင်ကားကြီး ထွက
- Hi (2026)
ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ကာဗင်ရာ့ခ်ျနဲ့ နာယန်သရာ တို့ရဲ့ အချိတ်အဆက်မိမိ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ရုံတင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေအနေနဲ့လည်း အတော်လေးပြန်ရထားတဲ့ ဇာတ်ကားကောင်းတစ် ကားကို တင်ဆက်ပေးလိုက်ပါတယ် ရည်းစားမရှိတော့ အိမ်ကပေးစားတဲ့လူနဲ့ ယူရမှာ ကြောက်ပြီး ချန်နိုင်းကိုထွက်ပြေးလာတဲ့ မာယေး လ်။ တစ်ဖက်မှာလည်း အိမ်ကပေးစားတဲ့လူနဲ့ မယူနိုင် လို့ ထွက်ပြေးလာတဲ့ ဒေဗာယာနီ။ ၂ယောက်သား ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် ချန် နိုင်းမြို့ပေါ်မှာ ဆုံတွေ့သွားကြပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ အနေကြာလာတော့ ဘဝတူချင်းမို့ အချင်းချင်း နားလည်လာတာနဲ့အမျှ ခံစားချက်ချင်းလည်း ရင်းနှီးလာကြတာပေါ့။ ဒါပေမဲ့ ၂ဖက်မိဘကသိသွားပြီး အတင်းလာခေါ်ဖို့ ကြံရာမှာတော့ ၂ယောက်ပေါင်းပြီး ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်သုံးလာကြပါတော့တယ်
ZkarLink 💡 https://t.imem.me/lcmcmovies/423 🎬 Genre- Romance|Comedy 📈 IMDB- 7.5/10
19 نوامبر, 05:55

- 🎬 အလွဲတွေနဲ့ စုံထောက်ကြီး — The Pink Panther 1 & 2 (2006–2009) ပြင်သစ်နိုင်ငံမှာ နာမည်ကြီးဘောလုံးနည်းပြ Yves Gluant ဟာ ဘော
- 🎬 အလွဲတွေနဲ့ စုံထောက်ကြီး — The Pink Panther 1 & 2 (2006–2009)
ပြင်သစ်နိုင်ငံမှာ နာမည်ကြီးဘောလုံးနည်းပြ Yves Gluant ဟာ ဘောလုံးပွဲတစ်ပွဲအပြီးမှာပဲ လူသတ်ခံလိုက်ရပါတယ်။ ပိုပြီးထူးဆန်းတာကတော့ သူဝတ်ဆင်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Pink Panther စိန်ကြီးပါ ပျောက်ဆုံးသွားခဲ့တာပါ။ ဒီအမှုကို စုံစမ်းဖို့ ရဲအရာရှိချုပ် Dreyfus ဟာ အလွဲအချော်တွေ အမြဲလုပ်တတ်တဲ့ ရဲသား Jacques Clouseau (Steve Martin) ကို စုံထောက်အဖြစ် ရာထူးတိုးပေးပြီး တာဝန်ပေးလိုက်ပါတယ်။ တကယ်တော့ Dreyfus ရဲ့ရည်ရွယ်ချက်က Clouseau ကို လူအများအာရုံစိုက်နေစေပြီး သူ့ရဲ့လျှို့ဝှက်စုံစမ်းရေးအဖွဲ့နဲ့ အမှုကို ဖြေရှင်းဖို့ပါပဲ။ ဒါပေမယ့် Clouseau ကတော့ သူ့ကိုယ်သူ ထူးချွန်တဲ့စုံထောက်ကြီးလို့ ယုံကြည်ထားသူပါ။ သူသွားတဲ့နေရာတိုင်းမှာ မထင်မှတ်ထားတဲ့ အလွဲတွေ ဖြစ်ပေါ်လာပြီး ရဲအရာရှိချုပ်ကိုပါ စိတ်ညစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ Clouseau ဟာ လက်ထောက်ဖြစ်သူ Ponton (Jean Reno) နဲ့အတူ ပဲရစ်မြို့ကနေ နယူးယောက်မြို့အထိ လူသတ်သမားနဲ့ ပျောက်ဆုံးနေတဲ့ စိန်ကြီးကို လိုက်လံရှာဖွေရပါတော့တယ်။
ZkarLink 💡 🎬 Genre- Comedy 📈 IMDB- 5+
15 نوامبر, 04:29

- 🎬 ဖခင်အတွက် လက်စားချေဖို့ ရွှေမှောင်ခိုလောကထဲ ဝင်ရောက်လာတဲ့ လူငယ် — 𝗞𝗵𝗮𝗹𝗶𝗳𝗮 (𝟮𝟬𝟮𝟲) Aamir ဟာ Kerala ပြည်နယ် Kodu
- 🎬 ဖခင်အတွက် လက်စားချေဖို့ ရွှေမှောင်ခိုလောကထဲ ဝင်ရောက်လာတဲ့ လူငယ် — 𝗞𝗵𝗮𝗹𝗶𝗳𝗮 (𝟮𝟬𝟮𝟲) Aamir ဟာ Kerala ပြည်နယ် Koduvally မြို့မှာ မိဘတွေနဲ့အတူ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ဖခင် Yunus Ali ဟာ စည်းကမ်းရှိပြီး ရိုးသားတဲ့ အစိုးရကန်ထရိုက်တာတစ်ယောက်ဖြစ်သလို Aamir ကလည်း အဝတ်အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ချစ်သူ Fiza နဲ့ လက်ထပ်ပြီးနောက်မှာတော့ သူ့ဘဝဟာ ပိုပြီးပြည့်စုံလာခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ မတရားမှုတစ်ခုကြောင့် မိသားစုရဲ့ အေးချမ်းမှုတွေ ပျက်စီးသွားတဲ့အခါ Aamir ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ ဖခင်ကြုံတွေ့ခဲ့ရတဲ့ မတရားမှုအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်တဲ့ Aamir ဟာ နိုင်ငံတကာရွှေမှောင်ခိုလုပ်ငန်း ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဉာဏ်ရည်ထက်မြက်မှုနဲ့ အဆက်အသွယ်တွေကို အသုံးချပြီး Dubai နဲ့ အရှေ့အလယ်ပိုင်းဒေသအထိ သူ့ရဲ့လုပ်ငန်းကို ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ သာမန်ဆိုင်ရှင်လေးတစ်ယောက်ကနေ ရာဇဝတ်လောကမှာ ဩဇာအာဏာကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာပါတော့တယ်။ ZkarLink 💡 https://t.me/lcmcmovies/415 🎬 Genre- Action 📈 IMDB-
19 اکتبر, 08:02

- The Losers (2010) Movie Link 💡 https://t.me/Leo_Cinema_J4U/675 🎬 Genre- #Action 📈 IMDB- 6.2/10
- The Losers (2010) Movie Link 💡 https://t.me/Leo_Cinema_J4U/675 🎬 Genre- #Action 📈 IMDB- 6.2/10
14 اکتبر, 07:49

- 🎬 ရင်ဝယ်ပိုက်ချစ်ရပါသော — Nobody (金刚不坏) Jin Gang (Qiao Shan) ဟာ ဘဝမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ကြုံခဲ့ရပြီးနောက် အရင်နေ
- 🎬 ရင်ဝယ်ပိုက်ချစ်ရပါသော — Nobody (金刚不坏)
Jin Gang (Qiao Shan) ဟာ ဘဝမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ကြုံခဲ့ရပြီးနောက် အရင်နေခဲ့ဖူးတဲ့ ဇာတိဘက်ကို ပြန်လာသူပါ။ ဒါပေမယ့် အရာအားလုံးက အရင်လိုမဟုတ်တော့ဘဲ သူ့အတိတ်က နာကျင်စရာအမှတ်တရတွေကလည်း သူ့နောက်ကို ဆက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ ကလေးမလေးတစ်ယောက် လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားတဲ့အမှု နဲ့ မထင်မှတ်ဘဲ ပတ်သက်မိသွားပါတယ်။ ကိုယ့်ကိစ္စမဟုတ်ပေမယ့် Jin Gang က ကလေးကို ပြန်ရှာပေးဖို့ ဆုံးဖြတ်လိုက်ပြီး လူဟောင်းတွေ၊ ရဲတွေနဲ့ သူ့အတိတ်ကဆက်နွယ်မှုတွေကြားကနေ လိုက်လံရှာဖွေပါတော့တယ်။ ဒီခရီးမှာ ကလေးကိုရှာဖို့တင်မဟုတ်ဘဲ သူအမြဲရှောင်ပြေးနေခဲ့တဲ့ ကိုယ်ပိုင်နာကျင်မှုကိုပါ ပြန်ရင်ဆိုင်ရလာပါတယ်။ Action အားပြိုင်ကားမျိုးထက် ဆုံးရှုံးမှုကြောင့် ဘဝပျက်နေတဲ့လူတစ်ယောက်က ကလေးတစ်ယောက်ကို ကယ်ဖို့ကြိုးစားရင်း ကိုယ့်ဘဝကိုပါ ပြန်ရှာတွေ့လာတဲ့ ဇာတ်လမ်း မျိုးဖြစ်လို့ ဟာသနည်းနည်းနဲ့ Emotional Drama ဘက် ပိုအားသာပါတယ်။
ZkarLink 💡 https://t.me/lcmcmovies/413 🎬 Genre- Drama
08 اکتبر, 07:38

- 4 Tigers (2025) အက်ရှင်ကောင်းကောင်းကိုမှ ထိုင်းရိုးရာ မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ထားတာကို သဘောကျတယ်ဆိုရင်တော့ လုံးဝ လက်မလွတ
- 4 Tigers (2025)
အက်ရှင်ကောင်းကောင်းကိုမှ ထိုင်းရိုးရာ မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ထားတာကို သဘောကျတယ်ဆိုရင်တော့ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ခုပါ ... ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အတွင်း အာဏာရှင် စစ်ဦးစီးချုပ်လတ်က ဂျပန်စစ်တပ်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေတွေကို ရှာဖွေဖို့ စီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်..အဲဒီစီမံကိန်းကတော့ ကျားကို ကျားနဲ့ဖမ်းခြင်း ပါပဲ.. အဲအတွက် အစိုးရက လက်ရဖမ်းဆီးထားတဲ့ ဓားပြဗိုလ်ဖိုင်းကို အကျဉ်းထောင်ကနေ လွှတ်ပေးပြီး တခြားသော ဓားပြတွေကို အသေသတ်ဖို့ စေခိုင်းခဲ့ပါတယ် တစ်ဖက်မှာလည်း ဘိုင်နဲ့ဒမ်တို့က အစိုးရရဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့ ကြိုးစားနေပြီး.. အကွက်ချစီမံတတ်တဲ့ မဟေဆွမ် ကတော့ ရွှေတွေနဲ့ အာဏာကြားမှာ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ လှုပ်ရှားနေပါတယ်.. ဒီလိုနဲ့ သူတို့၄ ယောက် ဆုံတွေ့ကြတဲ့အခါမှာတော့ ကျည်ဆန်တွေနဲ့ မှော်အင်းတွေနဲ့  ပေါက်ကွဲတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာပါတော့တယ်.. ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ရွှေတိုက်ပွဲကြားမှာ ဘယ်ကျားက အရှင်သခင်ဖြစ်မလဲဆိုတာကိုတော့ Channel မှာ အခုပဲ ကြည့်ရှုလို့ရပါပြီ ။
ZkarLink 💡 https://t.me/lcmcmovies/412 🎬 Genre- Action 📈 IMDB- ---
03 اکتبر, 10:15

- 🎬 အိမ်တစ်လုံး၊ မိသားစုနှစ်စု — 𝐇𝐨𝐮𝐬𝐞 𝐌𝐚𝐭𝐞𝐬 (𝟐𝟎𝟐𝟓) အသစ်စက်စက်လက်ထပ်ထားတဲ့ Karthik နဲ့ Anu တို့ဟာ ဘဝသစ်စဖို့ အ
- 🎬 အိမ်တစ်လုံး၊ မိသားစုနှစ်စု — 𝐇𝐨𝐮𝐬𝐞 𝐌𝐚𝐭𝐞𝐬 (𝟐𝟎𝟐𝟓)
အသစ်စက်စက်လက်ထပ်ထားတဲ့ Karthik နဲ့ Anu တို့ဟာ ဘဝသစ်စဖို့ အိမ်ဟောင်းတစ်ခန်းကို ဝယ်ပြီး ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရေပိုက်တွေ သူ့အလိုလိုပွင့်တာ၊ မီးခလုတ်တွေ အလိုလိုအလုပ်လုပ်တာ၊ နံရံပေါ်က ကလေးပုံတွေ ထူးထူးဆန်းဆန်း ပြောင်းလဲလာတာ စတဲ့ ဖြစ်ရပ်တွေ စတင်လာပါတယ်။ အစပိုင်းမှာ သရဲခြောက်တာလို့ပဲ ထင်ခဲ့ကြပေမယ့် အိမ်ရဲ့အတိတ်ကို လိုက်ရှာရင်း အရင်က ဒီနေရာနဲ့ဆက်နွယ်ခဲ့တဲ့ Ramesh ရဲ့ မိသားစု အကြောင်း ပေါ်လာပါတယ်။ အဲဒီနောက် သူတို့ကြုံနေရတာက ရိုးရိုးသရဲခြောက်တာမျိုးမဟုတ်ဘဲ မိသားစုနှစ်စုကို ထူးဆန်းတဲ့နည်းလမ်းတစ်ခုနဲ့ ဆက်စပ်ထားတဲ့ လျှို့ဝှက်ချက် ရှိနေမှန်း သိလာကြပါတယ်။ Haunted House + Family Mystery + Fantasy + Comedy ကို ရောထားတဲ့ကားပါ။ အစပိုင်းမှာ သရဲကားပုံစံနဲ့ ခေါ်သွားပြီး နောက်ပိုင်း “တကယ် သရဲခြောက်နေတာလား၊ တခြားအကြောင်းတစ်ခုရှိနေတာလား” ဆိုတဲ့ Mystery ဘက်ကို လှည့်သွားတာက ဒီကားရဲ့ စိတ်ဝင်စားစရာအချက်ပါ။
ZkarLink 💡 https://t.me/lcmcmovies/411 🎬 Genre- Comedy 📈 IMDB- 7.3/10
03 اکتبر, 10:10

- 🎬 ယုံကြည်ခြင်းနဲ့ ဆန္ဒကြားက မာရီယာ — 𝐌𝐚𝐫𝐢𝐚 (𝟐𝟎𝟐𝟓) Maria (Saishri Prabhakaran) ဟာ ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းယ
- 🎬 ယုံကြည်ခြင်းနဲ့ ဆန္ဒကြားက မာရီယာ — 𝐌𝐚𝐫𝐢𝐚 (𝟐𝟎𝟐𝟓)
Maria (Saishri Prabhakaran) ဟာ ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းယုံကြည်ပြီး သီလရှင်ဘဝနဲ့ နေထိုင်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သူမရဲ့ကိုယ်ပိုင်ဆန္ဒတွေ၊ ခံစားချက်တွေနဲ့ ဘာသာရေးစည်းမျဉ်းတွေကြား ပဋိပက္ခဖြစ်လာပြီး နောက်ဆုံးမှာ ဘုန်းကြီးကျောင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြင်လောကထဲရောက်လာတဲ့ Maria အတွက် လွတ်လပ်မှုရသွားပြီလို့ ထင်ရပေမယ့် အခြေအနေက ပိုရှုပ်ထွေးလာပါတယ်။ သူမဟာ Satanic cult တစ်ခုဆီမှာ ခိုလှုံမိသွားပြီး ယုံကြည်ခြင်း၊ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတစ်ယောက်အပေါ် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြန်လည်မေးခွန်းထုတ်ရတဲ့အခြေအနေ ရောက်လာပါတော့တယ်။ သရဲကားလို Satanic Cult ကို အသုံးချထားတာမဟုတ်ဘဲ Religion + Female Desire + Freedom + Social Taboo တွေကို အဓိကထားတဲ့ Serious Drama မျိုးပါ။ ဘာသာရေးစည်းမျဉ်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆန္ဒ ထိပ်တိုက်တွေ့လာတဲ့အခါ ဘယ်လိုရွေးချယ်မလဲဆိုတာကို ခပ်ရဲရဲတင်ဆက်ထားတဲ့ကားပါ။
ZkarLink 💡 https://t.me/lcmcmovies/410 🎬 Genre- Horror 📈 IMDB- 6/10
30 سپتامبر, 07:34

- 🎬 ၂၄ နာရီအတွင်း သေဆုံးမယ့်သူ — Some (2004) ရဲတွေ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ တန်ဖိုးကြီး မူးယစ်ဆေးတွေ သယ်ယူနေစဉ် ပျောက်ဆုံး
- 🎬 ၂၄ နာရီအတွင်း သေဆုံးမယ့်သူ — Some (2004)
ရဲတွေ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ တန်ဖိုးကြီး မူးယစ်ဆေးတွေ သယ်ယူနေစဉ် ပျောက်ဆုံးသွားပြီး ရဲအရာရှိတစ်ယောက်ပါ သံသယရှိသူဖြစ်လာပါတယ်။ သူ့အပြစ်မရှိဘူးလို့ ယုံကြည်တဲ့ လူငယ်စုံထောက် Kang Sung-joo (Go Soo) က တကယ့်တရားခံကို ကိုယ်တိုင်လိုက်ရှာရင်း သံသယရှိသူတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးလာတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ Traffic Reporter Seo Yu-jin (Song Ji-hyo) နဲ့ တွေ့ဆုံလာပါတယ်။ Yu-jin ဟာ တချို့ဖြစ်ရပ်တွေကို အရင်က ဖြစ်ခဲ့ဖူးသလို Déjà Vu ဆန်ဆန် ကြိုမြင်နိုင်သူ ဖြစ်ပြီး သူမမြင်ထားတဲ့ အနာဂတ်တစ်ခုမှာတော့ Sung-joo ဟာ ၂၄ နာရီအတွင်း အသတ်ခံရမယ် ဆိုတာ ပါနေပါတယ်။ ဒါကြောင့် နှစ်ယောက်ဟာ မူးယစ်ဆေးပျောက်ဆုံးမှုရဲ့ နောက်ကွယ်က အမှန်တရားကိုရှာရင်း ကြိုတင်မြင်ထားတဲ့ သေခြင်းတရားကိုပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ “ကိုယ်သေမယ့်အချိန်ကို ကြိုသိနေပြီဆိုရင် ကံကြမ္မာကို ပြောင်းလဲနိုင်မလား” ဆိုတဲ့အချက်က ဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပါ။
ZkarLink 💡 https://t.me/lcmcmovies/409 🎬 Genre- Acti9 📈 IMDB- 6/10
26 سپتامبر, 09:25

- "သူ့ရဲ့နေ့ရက်တိုင်း" “ A” မှာ ကိုယ်ပိုင်ခန္ဓာကိုယ်မရှိပါဘူး။ နေ့တိုင်း မတူညီတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ နိုးထလာပြီး ၂၄
- "သူ့ရဲ့နေ့ရက်တိုင်း" “
A” မှာ ကိုယ်ပိုင်ခန္ဓာကိုယ်မရှိပါဘူး။ နေ့တိုင်း မတူညီတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ နိုးထလာပြီး ၂၄ နာရီပြည့်ရင် နောက်လူတစ်ယောက်ဆီ ပြောင်းသွားရပါတယ်။ တစ်နေ့မှာ Rhiannon ရဲ့ချစ်သူ Justin ရဲ့ခန္ဓာကိုယ်ထဲ ရောက်နေချိန် Rhiannon နဲ့ အမှတ်ရစရာနေ့တစ်နေ့ ဖြတ်သန်းမိရာကနေ သူမကို ချစ်မိသွားပါတယ်။ နောက်နေ့မှာတော့ “A” က Justin မဟုတ်တော့ပါဘူး။ တစ်ခါတလေ ယောက်ျားလေး၊ တစ်ခါတလေ မိန်းကလေး၊ မတူညီတဲ့ရုပ်ရည်နဲ့ လူတစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲနေပေမယ့် အတွင်းက “A” ကတော့ အတူတူပါပဲ။ Rhiannon လည်း ဒီအမှန်တရားကို သိလာပြီးနောက် လူတစ်ယောက်ကို ချစ်တာက သူ့ရုပ်ရည်ကိုလား၊ အတွင်းကလူကိုလား ဆိုတဲ့မေးခွန်းနဲ့ ရင်ဆိုင်လာရပါတယ်။ Concept က တော်တော်လှပါတယ်။ ကိုယ်ချစ်တဲ့သူက မနက်ဖြန်ရောက်တိုင်း မျက်နှာအသစ်နဲ့ ပြန်လာမယ်ဆိုရင် ဆက်ချစ်နိုင်မလား ဆိုတာကို Fantasy Romance အဖြစ်ပြထားတာပါ။
Movie Link 💡 https://t.me/lcmcmovies/406 🎬 Genre- #Romance|#Fantasy 📈 IMDB- 6.4/10 🕵‍♂ Similar- Every Day (2018)
16 سپتامبر, 08:55