cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

VOA Burmese

မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တင်ဆက်ပေးနေတဲ့ ယုံကြည်ရတဲ့ သတင်းဌာန https://Facebook.com/VOABurmese https://Instagram.com/VOABurmese https://YouTube.com/VOABurmese https://Twitter.com/VOABurmese

نمایش بیشتر
پست‌های تبلیغاتی
30 128
مشترکین
+12124 ساعت
+1 3807 روز
+5 77130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဘန်ကောက်မြို့ အလုပ်အကိုင်ပြပွဲ မြန်မာလူငယ်တွေစိတ်ဝင်စား https://burmese.voanews.com/a/thai-job-expo-/7681701.html
نمایش همه...

👍 18
မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်အဖွဲ့ပြောခွင့်ရသူနဲ့မေးမြန်းချက် https://burmese.voanews.com/a/chin-brotherhood-matupi-fighting-southern-chin-state-/7681666.html
نمایش همه...
မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်အဖွဲ့ပြောခွင့်ရသူနဲ့မေးမြန်းချက်

“မတူပီကို ဇွန်လ ၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တယ်ပေါ့နော်။ မတူပီမှာက ခ-မ-ရ (၃၀၄) ရှိတယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာ ရှိတယ်။ ခ-မ-ရ (၃၀၄) ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ လုံးဝ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။" (ဆလိုင်းယောမာန်- CB)

👍 32👎 1
အိမ်ရာချေးငွေစွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခု အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန် https://burmese.voanews.com/a/private-bank-housing-ai-/7681342.html
نمایش همه...
 အိမ်ရာချေးငွေစွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခု အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တို့ဟာ အိမ်ရာချေးငွေဆိုင်ရာ ဗဟိုဘဏ်သတ်မှတ်ထားချက်ထက် ကျော်လွန်ဖောက်ဖျက်ခဲ့တယ်လို့ စစ်ကောင်စီကြေညာပါတယ်။

👍 13😁 1🖕 1
"အစ္စရေးနဲ့ဟက်ဇဘိုလာကြား စစ်ရေးပဋိပက္ခမဖြစ်အောင် ကာကွယ်မည်"ကန်နိုင်ငံခြားရေးဝန်ကြီး https://burmese.voanews.com/a/us-blinken-foreign-policy/7681332.html
نمایش همه...
"အစ္စရေးနဲ့ဟက်ဇဘိုလာကြား စစ်ရေးပဋိပက္ခမဖြစ်အောင် ကာကွယ်မည်"ကန်နိုင်ငံခြားရေးဝန်ကြီး

လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဟက်ဇဘိုလာတိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်တို့ကြားက ပဋိပက္ခတွေအရှိန်မြင့်ပြီး စစ်ပွဲတရပ်ထိ ဖြစ်မလာအောင် အခိုင်အမာကာကွယ်သွားဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့မှာပြောပါတယ်။

👍 15 2
ကန်တရားရုံးချုပ်ဆုံးဖြတ်ချက် Trump တရားစွဲခံရမှု တစုံတရာ ကင်းလွတ်ခွင့်ရရှိ https://burmese.voanews.com/a/trump-immunity/7681317.html
نمایش همه...
ကန်တရားရုံးချုပ်ဆုံးဖြတ်ချက် Trump တရားစွဲခံရမှု တစုံတရာ ကင်းလွတ်ခွင့်ရရှိ

၂၀၂၀ သမ္မတရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကို ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အနေနဲ့ သမ္မတသက်တမ်း အတွင်း တရားဝင်ဆောင်ရွက်မှုတွေမှာ တရားစွဲခံရတာမျိုးကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ အမေရိကန်တရားရုံးချုပ်က တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

👍 12🤬 1
ဥရောပရှိ ကန်စစ်ဘက်စခန်းများ လုံခြုံရေးသတိပေးချက်ထုတ်ပြန် https://burmese.voanews.com/a/us-military-europe-threat/7681300.html
نمایش همه...
ဥရောပရှိ ကန်စစ်ဘက်စခန်းများ လုံခြုံရေးသတိပေးချက်ထုတ်ပြန်

'ဥရောပမှာရှိတဲ့အမေရိကန်စစ်ဘက်ပုဂ္ဂိုလ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေရှိနေတယ်' ဆိုတဲ့ထောက်လှမ်းရေးသတင်းတွေကြောင့် Force Protection Condition ကာကွယ်ရေးသတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ ကန်-ဥရောပ စစ်အခြေစိုက်စခန်း EUCOM က ကန် အရာရှိတဦးက ဗွီအိုအေကို တနင်္လာနေ့မှာ အတည်ပြုပါတယ်။

👍 10
မတ္တရာတိုက်ပွဲ အရပ်သားတချို့ထိခိုက်သေဆုံး ဒေသခံ ၇,၀၀၀ ကျော်တိမ်းရှောင် https://burmese.voanews.com/a/madly-mattaya-township-war-torn-refugees-face-health-difficulties-/7681265.html
نمایش همه...
မတ္တရာတိုက်ပွဲ အရပ်သားတချို့ထိခိုက်သေဆုံး ဒေသခံ ၇,၀၀၀ ကျော်တိမ်းရှောင်

မန္တလေးတိုင်း မတ္တရာမြို့နယ်တိုက်ပွဲတွေအတွင်း အရပ်သားကလေးငယ် သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။ မတ္တရာမြို့နယ်ထဲ စစ်ဘေးရှောင် ၇,၀၀၀ လောက်ရှိနေပြီး ကျန်းမာရေး အခက်အခဲတွေလည်း ကြုံနေရပါတယ်။

👍 7
အင်ဖာထောင်တွင်း မြန်မာအကျဉ်းသားတွေ ဆက်လက်ဆန္ဒပြနေဆဲ https://burmese.voanews.com/a/myanmar-prisoners-inphal-prison-inphal-central-jail-/7681207.html
نمایش همه...
အင်ဖာထောင်တွင်း မြန်မာအကျဉ်းသားတွေ ဆက်လက်ဆန္ဒပြနေဆဲ

မဏိပူ၊ အင်ဖာအကျဉ်းထောင်က လွတ်မြောက်ဖို့အပါအဝင် အိန္ဒိယနယ်စပ်လုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်ရဖို့ ဇွန်လ ၁၆ ရက်ကစပြီး မြန်မာအကျဉ်းသားတွေ အစာအငတ်ခံပြီး စတင်ဆန္ဒပြခဲ့ကြတာ ၁၅ ရက်ကျော်လာပြီဖြစ်ပေမဲ့ ဆန္ဒပြတာကိုရပ်ဖို့ ရှေ့နေတချို့က လာပြီးညှိနှိုင်းတာကလွဲလို့ ပြည်နယ်အစိုးရဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။

👍 11
ဆန်လုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေ ဖမ်းဆီးမှု ဝေဖန်မှုတိုး https://burmese.voanews.com/a/myanmar-rice-price-rising-up-/7681117.html
نمایش همه...
ဆန်လုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေ ဖမ်းဆီးမှု ဝေဖန်မှုတိုး

" စစ်အာဏာရှင်ထုံးစံအတိုင်း စျေးကွက်ကိုအာဏာနဲ့ထိန်းရင်ရမယ်ဆိုပြီး ရမ်းလုပ်တာပေါ့နော်။ ဘယ်လောက်ဖမ်းဖမ်းစျေး ကျစရာအကြောင်းမရှိဘူး။ နည်းမျိုးစုံနဲ့ လွတ်အောင်ရှောင်ပြီးတော့ အချိန်အတွယ်လျှော့ရောင်းတာ၊ အရည်အသွေးလျှော့တာ၊ မှောင်ခိုရောင်းတာ စတဲ့ အဆိုးတွေဖြစ်လာနိုင်တယ်။" (စီးပွါးရေးပညာရှင်တဦး)

👍 11
တရားမဝင် နေထိုင်မှုနဲ့ မြန်မာနိုင်ငံသား ၆ သောင်းနီးပါး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ https://burmese.voanews.com/a/7680668.html
نمایش همه...
တရားမဝင် နေထိုင်မှုနဲ့ မြန်မာနိုင်ငံသား ၆ သောင်းနီးပါး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

ဘန်ကောက်မြို့တော် အပါအဝင် ထိုင်းနိုင်ငံ နေရာတော်တော်များများကို မကြာသေးခင်က ရှောင်တခင် စစ်ဆေးမှုတွေအတွင်း မြန်မာနိုင်ငံသား ၆ သောင်းနီးပါး အပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၈ သောင်းလောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။

😢 20👍 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.