fa
Feedback
Old Korea VIP Series List [RMC]

Old Korea VIP Series List [RMC]

رفتن به کانال در Telegram

Old Korea VIP Series List [RMC] ယခုချန်နယ်ထဲမှ စီးရီးများကြည့်ရန် မန်ဘာဝင်ရမှာ ဖြစ်ပါတယ်။ @RMC_Telegram

نمایش بیشتر
4 193
مشترکین
-324 ساعت
-167 روز
-8330 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+3
در 0 کانال‌ها
اوت '26
+11
در 0 کانال‌ها
Get PRO
ژوئیه '26
+13
در 0 کانال‌ها
Get PRO
ژوئن '26
+8
در 0 کانال‌ها
Get PRO
مه '26
+16
در 0 کانال‌ها
Get PRO
آوریل '26
+10
در 0 کانال‌ها
Get PRO
مارس '26
+4
در 0 کانال‌ها
Get PRO
فوریه '26
+9
در 0 کانال‌ها
Get PRO
ژانویه '26
+15
در 0 کانال‌ها
Get PRO
دسامبر '25
+24
در 0 کانال‌ها
Get PRO
نوامبر '25
+44
در 0 کانال‌ها
Get PRO
اکتبر '25
+53
در 0 کانال‌ها
Get PRO
سپتامبر '25
+49
در 0 کانال‌ها
Get PRO
اوت '25
+50
در 0 کانال‌ها
Get PRO
ژوئیه '25
+50
در 0 کانال‌ها
Get PRO
ژوئن '25
+69
در 0 کانال‌ها
Get PRO
مه '25
+61
در 0 کانال‌ها
Get PRO
آوریل '25
+85
در 0 کانال‌ها
Get PRO
مارس '25
+75
در 0 کانال‌ها
Get PRO
فوریه '25
+75
در 0 کانال‌ها
Get PRO
ژانویه '25
+96
در 0 کانال‌ها
Get PRO
دسامبر '24
+108
در 0 کانال‌ها
Get PRO
نوامبر '24
+139
در 0 کانال‌ها
Get PRO
اکتبر '24
+452
در 15 کانال‌ها
Get PRO
سپتامبر '24
+516
در 13 کانال‌ها
Get PRO
اوت '24
+638
در 10 کانال‌ها
Get PRO
ژوئیه '24
+3 127
در 11 کانال‌ها
Get PRO
ژوئن '240
در 15 کانال‌ها
Get PRO
مه '240
در 0 کانال‌ها
Get PRO
آوریل '240
در 0 کانال‌ها
Get PRO
مارس '24
+202
در 7 کانال‌ها
Get PRO
فوریه '24
+237
در 11 کانال‌ها
Get PRO
ژانویه '24
+417
در 11 کانال‌ها
Get PRO
دسامبر '23
+244
در 11 کانال‌ها
Get PRO
نوامبر '23
+169
در 12 کانال‌ها
Get PRO
اکتبر '23
+1 674
در 16 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
05 سپتامبر0
04 سپتامبر+1
03 سپتامبر0
02 سپتامبر+2
01 سپتامبر0
پست‌های کانال
694. Stand BI Me (2026) Season 1 တောင်ကိုးရီးယားရဲ့ ပထမဦးဆုံး Bisexual Dating Show လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ ယောကျ
694. Stand BI Me (2026) Season 1 တောင်ကိုးရီးယားရဲ့ ပထမဦးဆုံး Bisexual Dating Show လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ ယောကျ်ားလေးနဲ့ မိန်းကလေးကြားက ချစ်ခြင်းကို အခြေခံထားတဲ့ သာမန် Dating Show တွေနဲ့မတူဘဲ ဒီအစီအစဉ်လေးမှာကတော့ "ကျား၊ မ" ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိမနေဘဲ နှလုံးသားရဲ့ စေညွှန်ရာအတိုင်း ချစ်သူကို ရွေးချယ်သွားကြမှာဖြစ်ပါတယ်။ ဘောင်ခတ်မထားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ စစ်မှန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ရောက်လာကြတဲ့ သူတို့ရဲ့ ဒီ Stand Bi Me ဆိုတဲ့ ခရီးစဉ်လေးမှာ ဘယ်သူတွေကများ ရင်ခုန်သံချင်း နီးစပ်သွားကြမလဲ... ဘယ်လို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တဲ့ ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫

2
693. Opposites Attract (2026) Season 1 ရုပ်ချောတဲ့ တက္ကသိုလ်ကျောင်းသားလေး ဖြစ်တဲ့ ဟိုဝန်းဟာ သူသွားနေကျဖြစ်တဲ့ bar မှာ နေရာနဲ့
693. Opposites Attract (2026) Season 1 ရုပ်ချောတဲ့ တက္ကသိုလ်ကျောင်းသားလေး ဖြစ်တဲ့ ဟိုဝန်းဟာ သူသွားနေကျဖြစ်တဲ့ bar မှာ နေရာနဲ့ မလိုက်ဖက်သလို ဖြစ်နေတဲ့ မင်အူဆိုတဲ့ လူချောလေးကို စိတ်ဝင်စားမိသွားပါတယ်။ ဒါကြောင့်ပဲ ဟိုဝန်းတစ်ယောက် ကိုယ့်ထက် အသက် ၁၀ နှစ်ကြီးပြီးတော့ .. တည့်တိုးပြောတတ်ပြီး ခေတ်နောက်ကျတဲ့ အတွေးအခေါ်ရှိနေတဲ့ မင်အူကို ချဥ်းကပ်ဖို့ လုပ်ရာကနေ မင်အူရဲ့ နှလုံးသားကို ရယူသွားနိုင်မလားဆိုတာ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
21
3
692. Worlds Within aka The World That They Live In (2008) Season 1 ရုပ်သံလောကရဲ့ အထူးအာရုံစိုက်မှုကို ခံနေရတဲ့ ဒရမ်မာ ဒါရိုက်
692. Worlds Within aka The World That They Live In (2008) Season 1 ရုပ်သံလောကရဲ့ အထူးအာရုံစိုက်မှုကို ခံနေရတဲ့ ဒရမ်မာ ဒါရိုက်တာသစ်လေး ဂျူဂျွန်ယောင်း (Song Hye-Kyo) ဟာဆိုရင် ကိုယ်ပိုင်ရပ်တည်ချက် ခိုင်မာပြီး ရဲရင့်ပြတ်သားတဲ့ အကျင့်စရိုက်ရှိသူပါ။ တစ်ဖက်မှာလည်း ဂျောင်ဂျီအို (Hyun Bin) ကတော့ ထက်မြက်ပြီး လူသားဆန်မှု အပြည့်ရှိတဲ့ ဒရမ်မာ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ရိုက်လိုက်တဲ့ ဇာတ်ကားတိုင်းက ကြည့်ရှုနှုန်းမှာရော အရည်အသွေးပိုင်းမှာပါ အပြစ်ပြောစရာမရှိဘူးလို့ ကျော်ကြားသူပေါ့။ တက္ကသိုလ်တုန်းက ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ ဂျီအိုနဲ့ ဂျွန်ယောင်းတို့က ရုပ်သံဌာနတစ်ခုတည်းမှာ အတူလုပ်ကိုင်ရင်း အချစ်မီးပွားလေးတွေ ပြန်လည် တောက်လောင်လာခဲ့ပေမဲ့နောက်ခံအသိုင်းအဝိုင်းနဲ့ အကျင့်စရိုက် မတူညီမှုတွေကြောင့် နှစ်ဦးကြား ဆက်ဆံရေးက တဖြည်းဖြည်း အက်ကြောင်းထင်လာတဲ့အခါမှာတော့... 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
17
4
691. Winter Fever 2026 Season 1 ၁၅ နှစ်တာ ခင်မင်ရင်းနှီးလာခဲ့ကြရာကနေ ချစ်သူတွေအဖြစ် အဆင့်တက်လာခဲ့ကြတဲ့ ဆောယူဂျွန်း (Seo Jeong
691. Winter Fever 2026 Season 1 ၁၅ နှစ်တာ ခင်မင်ရင်းနှီးလာခဲ့ကြရာကနေ ချစ်သူတွေအဖြစ် အဆင့်တက်လာခဲ့ကြတဲ့ ဆောယူဂျွန်း (Seo Jeong-Hyeon) နဲ့ ဂင်ယွန်းဟို (Kwak Geon-Hee)... ယွန်းဟိုက ယူဂျွန်းအတွက်ဆိုရင် အသည်းနှလုံးကိုတောင် ထုတ်ပေးနိုင်တဲ့အထိ အစွန်းရောက်ချစ်တတ်သူမျိုးပေါ့ ။ တစ်ဖက်မှာလည်း ယူဂျွန်းက ယွန်းဟိုရဲ့ လိုလေသေးမရှိ ဖြည့်ဆည်းပေးမှုတွေကြောင့် တဖြည်းဖြည်း ဝန်လေးလာပြီး အသက်ရှူကျပ်သလို ခံစားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ယူဂျွန်းကို အချိန်အတော်ကြာ တစ်ဖက်သတ် သဘောကျလာခဲ့တဲ့ စီနီယာတစ်ယောက်က သူ့အချစ်တွေကို ယူဂျွန်းရှေ့မှာ ဖွင့်ဟဝန်ခံလာတဲ့အခါ... 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
17
5
690. Undercover Chef - Korea (2026) Season 1 ဒီတစ်ခေါက်မှာတော့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံကိုလည်း ငေးမောရှုစားနိုင်မှာဖြစ်သလ
690. Undercover Chef - Korea (2026) Season 1 ဒီတစ်ခေါက်မှာတော့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံကိုလည်း ငေးမောရှုစားနိုင်မှာဖြစ်သလို Undercover concept လေးနဲ့ ဆန်းဆန်းပြားပြား ရိုက်ကူးထားတဲ့ ဟင်းချက်ရှိုးလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာ တောင်ကိုးရီးယားရဲ့ ထိပ်တန်းစားဖိုမှူးကြီးတွေ ဖြစ်ကြတဲ့ Sam Kim, Jung Ji-Sun, Kwon Sung-Jun တို့ သုံးဦးက ကိုယ်ချက်ပြုတ်နေတဲ့ အချက်အပြုတ်ပညာရဲ့ မူလအစပြုရာ နိုင်ငံအသီးသီးက ဒေသခံစားသောက်ဆိုင်တွေမှာ အလုပ်သင်အနေနဲ့ လျှို့ဝှက်အသွင်ယူပြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ လုပ်သက်အတွေ့အကြုံ၊ နာမည်ဂုဏ်သတင်း အစရှိတာတွေ ဘာတစ်ခုမှ အသုံးမဝင်တော့ဘဲ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းနဲ့သာ သက်သေပြရမဲ့ ဒီစိန်ခေါ်မှုမှာ စားဖိုမှူး သုံးဦးက ၅ ရက်အတွင်း အလုပ်သင်အဖြစ်ကနေ ခေါင်းဆောင်စားဖိုမှူးနေရာအထိ တက်လှမ်းနိုင်ပါ့မလား.... နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်လက်ရာဟင်းလျာကို ဖန်တီးပြီး မီနူးထဲမှာ ထည့်သွင်းဖို့ကိုရော အောင်မြင်သွားနိုင်ပါ့မလားဆိုတာ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
28
6
689. Laundry Romance (2026) Season 1 အဝတ်အစားတွေလိုပဲ ဘဝဟာလည်း တစ်ခါတလေမှာ တွန့်ကြေနွမ်းလျသွားတတ်ပါတယ်။ အလုပ်ရဖို့အတွက် မနားတ
689. Laundry Romance (2026) Season 1 အဝတ်အစားတွေလိုပဲ ဘဝဟာလည်း တစ်ခါတလေမှာ တွန့်ကြေနွမ်းလျသွားတတ်ပါတယ်။ အလုပ်ရဖို့အတွက် မနားတမ်း ရုန်းကန်နေရပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အမြဲပြည့်နှက်နေတဲ့ အသက် ၃၀ အရွယ် ဟန်ဂျယ်မင်း (Park Hyun Jun) က တစ်နေ့မှာတော့ အဝတ်လျှော်ဆိုင်လေးတစ်ခုမှာ အသက် ၃၄ နှစ်အရွယ် ဂန်ဂျီဆော့ (Lee Ha Jin) နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပါတယ်။ ဂျီဆော့က ၁၀ နှစ်တိတိ မနားတမ်း ရုန်းကန်ခဲ့ပြီးနောက် ပင်ပန်းလွန်းလို့ အလုပ်ထွက်ကာ အနားယူနေသူဖြစ်ပြီး အင်တာဗျူး ခဏခဏကျလို့ စိတ်ဓာတ်ကျနေတဲ့ ဂျယ်မင်းကို သူ့ရဲ့ အားနည်းချက်တွေဟာ အားသာချက်တွေဖြစ်ကြောင်း အားပေးခဲ့ရုံမက တန်ဖိုးကြီး အင်္ကျီပါ ငှားပေးခဲ့ပါတယ်။ ဂျီဆော့ရဲ့ ယုံကြည်ပေးမှုကြောင့် ဂျယ်မင်းတစ်ယောက် အလုပ်အောင်သွားခဲ့ပေမဲ့ သူတို့နှစ်ယောက်ကြား သံယောဇဉ်တွေ နက်ရှိုင်းလာချိန်မှာတော့ ဂျီဆော့ဟာ ထိန်းချုပ်မရတဲ့ ခံစားချက်တွေကြောင့် ဆိုးလ်မြို့ကနေ ထွက်ပြေးဖို့ ပြင်ဆင်ပါတော့တယ်။ ဂျယ်မင်းတစ်ယောက် သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖွင့်ဟပြီး ဂျီဆော့ကို ရအောင် တားဆီးနိုင်ပါ့မလား... 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
31
7
688. Bloody Game X (2026) Season 1 နာမည်ကြီး Brain Survival Show ဖြစ်တဲ့ "Bloody Game" ရဲ့ spin-off အစီအစဉ်လေးကို တင်ဆက်ပေးလိ
688. Bloody Game X (2026) Season 1 နာမည်ကြီး Brain Survival Show ဖြစ်တဲ့ "Bloody Game" ရဲ့ spin-off အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင် season တွေလို တစ်ဦးချင်းရှင်သန်ရေးကိုပဲ အဓိက ထားသွားမှာမဟုတ်ဘဲ အဖွဲ့လိုက်ယှဉ်ပြိုင်မှုပုံစံအဖြစ် ပိုမို အသားပေး ပြောင်းလဲထားပါတယ်။ Bloody Game အရင် Season တွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးပြီးသားသူများ ပါဝင်တဲ့ P1 , P2 , P3 အဖွဲ့၊ တခြား survival ရှိုးတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ Challenger အဖွဲ့နဲ့ survival အတွေ့အကြုံ လုံးဝ မရှိတဲ့ Rookie အဖွဲ့ဆိုပြီး အဖွဲ့ ၅ ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ကြရမှာပါ။ ပြိုင်ဘက်ကို ယုံကြည်ပြီး မဟာမိတ်ဖွဲ့လက်တွဲမှာလား..... ဒါမှမဟုတ် သစ္စာဖောက်ပြီးပဲ ကိုယ့်လမ်းကိုယ် ဖောက်ထွက်မှာလား... ပြင်းထန်လှတဲ့ သွေးချွေးစက်တွေကြားက နောက်ဆုံး အနိုင်ရရှိသူက ဘယ်သူဖြစ်လာမှာလဲ... ဆိုတာ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
18
8
687. Murder Club: Liar's Table (2026) Season 1 "လူသတ်တရားခံကို ဖော်ထုတ်နိုင်မလား.... လူသတ်တရားခံရဲ့ပရိယာယ်အောက်မှာ ကျရှုံးမလာ
687. Murder Club: Liar's Table (2026) Season 1 "လူသတ်တရားခံကို ဖော်ထုတ်နိုင်မလား.... လူသတ်တရားခံရဲ့ပရိယာယ်အောက်မှာ ကျရှုံးမလား..." ပရိသတ်တွေလည်း အတူပါဝင်စီးမျောကာ အဖြေရှာရမယ့် ကိုးရီးယားအစီအစဉ်အသစ်တစ်ခု ထွက်ရှိလာခဲ့ပြန်ပါပြီ...... AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်မှုဂိမ်းဖြစ်တဲ့ ဒီ Murder Club အစီအစဉ်မှာ ကိုရီးယားရဲ့ နာမည်ကြီး အနုပညာရှင်တွေဟာ လူသတ်မှုအမှုတစ်ခုရဲ့ သံသယရှိသူတွေအဖြစ် ပါဝင်ကြရပြီး အပိုင်းတိုင်းမှာ ခေတ်ကာလနဲ့ နေရာအသစ်၊ ဇာတ်လမ်းအသစ်တွေကို နောက်ခံထားပြီး ပါဝင်သူတိုင်းဟာ လိမ်ညာမှု၊ အထောက်အထားဖုံးကွယ်မှု၊ သရုပ်ဆောင်မှုနဲ့ စိတ်လှည့်စားမှုတွေကြားကနေ တရားခံအစစ်ကို ဖော်ထုတ်ဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်သွားကြမှာပဲ ဖြစ်ပါတယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
17
9
686. The Prosecutor's Proposal (2026) Season 1 လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ကာစီနိုသူဌေးကြီးတစ်ဦး အသတ်ခံရမှုကြောင့် ကောင်လေးနှစ်ယေ
686. The Prosecutor's Proposal (2026) Season 1 လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ကာစီနိုသူဌေးကြီးတစ်ဦး အသတ်ခံရမှုကြောင့် ကောင်လေးနှစ်ယောက်ရဲ့ ဘဝက ငရဲလို ပြောင်းလဲသွားခဲ့ရပါတယ်။ တစ်ယောက်က ဓားစာခံရဲ့ သားဖြစ်လာပြီး နောက်တစ်ယောက်ကတော့ လူသတ်သမားရဲ့ သားအဖြစ် သမုတ်ခံခဲ့ရတာပါ။ နှစ်အတော်ကြာပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အမှုစစ်နဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ခဲ့ကြပြီး ကြီးမားတဲ့ ခြစားမှုတွေကို အတူတူ ဖော်ထုတ်ကြရင်း Enemies to Lovers အဖြစ် ပြောင်းလဲလာမဲ့ နက်ရှိုင်းတဲ့ ဇာတ်လမ်းဆန်းလေး ဖြစ်ပါတယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
27
10
685. Mousetrap (2026) Season 1 “မင်းရဲ့နာမည် မင်းရဲ့အိမ် မင်းရဲ့ဘဝ… အကုန်လုံး တစ်ယောက်ယောက်က ခိုးယူသွားရင် ဘာလုပ်မလဲ?” ဒီဇာတ်
685. Mousetrap (2026) Season 1 “မင်းရဲ့နာမည် မင်းရဲ့အိမ် မင်းရဲ့ဘဝ… အကုန်လုံး တစ်ယောက်ယောက်က ခိုးယူသွားရင် ဘာလုပ်မလဲ?” ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Mun-Jae ကတစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ စာရေးဆရာတစ်ယောက်ပါ။ သူ့ဘဝမှာ ယုံကြည်ရတဲ့သူဆိုလို့ အရာအားလုံးကို ကူညီပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ပဲရှိပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ Mun-Jae ရဲ့ဘဝက ရုတ်တရက်ပြောင်းလဲသွားပါတယ်။ သူ့ဖုန်းကိုတောင်မှ ကာယကံရှင်လက်ဗွေနဲ့တောင် ဖွင့်လို့မရတော့ပါဘူး။ သူ့အတွက် အရာအားလုံးလုပ်ပေးနေတဲ့ သူငယ်ချင်းကလည်း အဆက်အသွယ်မရဘဲ ပျောက်သွားတယ်။ ပိုဆိုးတာက သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ သက်သေပြဖို့တောင် မတတ်နိုင်တော့တာပါ။ အဲဒီအချိန်မှာ Mun-Jae သိလိုက်ရတာက…. “Rat” လို့ခေါ်တဲ့ တစ်စုံတစ်ယောက်က သူ့ရဲ့ နာမည်၊ ကိုယ်ရေးအချက်အလက်၊ ပိုင်ဆိုင်မှုနဲ့ ဘဝတစ်ခုလုံးကိုပါ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် Mun-Jae က သူ့ဘဝကို ပြန်ရဖို့အတွက် Rat ကို ကိုယ်တိုင်လိုက်ရှာပါတော့တယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
16
11
544. Match to Marry: With Parents 2026 Season 1 to 2 Dating Show တွေအများကြီးထဲမှာမှ ထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ ထွက်လာတဲ့ Dat
544. Match to Marry: With Parents 2026 Season 1 to 2 Dating Show တွေအများကြီးထဲမှာမှ ထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ ထွက်လာတဲ့ Dating Show အသစ် Match To Marry : With Parents!! လူပျို အပျိုတွေက လက်ထပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချစ်ကိုရှာဖို့ ဒီရှိးမှာ ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ တခြားရှိုးတွေနဲ့မတူတဲ့ သတ်မှတ်ချက်တစ်ခုက သူတို့ဟာ သူတို့မိခင်တွေရဲ့ မျက်စိရှေ့မှာပဲ သူတို့နှစ်သက်တဲ့သူနဲ့ date လုပ်ရမှာဖြစ်ပါတယ်။ ဒီရှိုးကိုကြည့်ပြီး တစ်ခုသိလိုက်တာ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘာလူမျိုးပဲဖြစ်ဖြစ် မိခင်တိုင်းဟာ သူတို့သားသမီးတွေကို အကောင်းဆုံးပဲဖြစ်စေချင်တယ် ဆိုတာပါပဲ။ အနာဂတ်လက်တွဲဖော်ကိုလည်း လူကောင်းသူကောင်းပဲ ရစေချင်တယ်။ ဒါပေမဲ့ မိခင်တွေ သဘောကျတဲ့သူနဲ့ သားသမီးသဘောကျတဲ့သူရော တူပါ့မလား။ မိခင်နဲ့ ကိုယ်ချစ်တဲ့သူကြား ကာယကံရှင်တွေ အဆင်ပြေနိုင်ကြမလား။ အခက်အခဲတွေကြုံတွေ့ရမလား။ Dating Show သဘောကျတဲ့သူဆိုရင်တော့ ဒီတစ်ခုကိုလည်း သဘောကျလိမ့်မယ်လို့ထင်ပါတယ်။ အရသာနောက်တစ်မျိုး ခံစားချင်တယ်ဆို ကြည့်ကြည့်ပါနော်။ ရုပ်ရှင်ကြည့်ရန် အပြာ‌ရောင်ကို နှိပ်ပါ 👉 Season 1 👈 👉 Season 2 👈
14
12
684. Nine: Nine Time Travels (2013) Season 1 ဘတ်ဆွန်းဝူ (Lee Jin Wook)ဟာ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ သတင်းကြေညာသူဖြစ်ပြီး .. တက်က
684. Nine: Nine Time Travels (2013) Season 1 ဘတ်ဆွန်းဝူ (Lee Jin Wook)ဟာ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ သတင်းကြေညာသူဖြစ်ပြီး .. တက်ကြွပြီးရိုးသားတဲ့ သတင်းထောက်မလေး ဂျူမင်ယောင်း (Jo Yoon Hee)ကို ချစ်ကြိုက်နေသူလည်းဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ဘတ်ဆွန်းဝူဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကိုပြန်သွားနိုင်တဲ့ အမွှေးတိုင် ၉ ချောင်းကိုရရှိခဲ့ပြီး သူ့မိသားစုလုံခြုံစေဖို့နဲ့ လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့အတွက် အတိတ်ကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အတိတ်မှာ သူ ပြုလုပ်လိုက်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်အဖြစ် ပစ္စုပ္ပန်မှာ သူချစ်ရသူအပါအဝင် လူများစွာရဲ့ဘဝတွေကို ဘယ်လိုတွေသက်ရောက်မှုရှိသွားမလဲဆိုတာကို 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
15
13
683. Our Sticky Love (2026) Season 1 ဇာတ်လမ်းလေးကတော့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းရင်း အတိတ်မေ့သွားတဲ့ အမှုစစ်မလေး ဂိုအွန
683. Our Sticky Love (2026) Season 1 ဇာတ်လမ်းလေးကတော့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းရင်း အတိတ်မေ့သွားတဲ့ အမှုစစ်မလေး ဂိုအွန်းဆယ်က ကျေးလက်ရွာလေးမှာ နိုးထလာတဲ့အခါ သူမနဲ့ပတ်သက်တဲ့ ဘာဆို ဘာကိုမှ မမှတ်မိတော့ပါဘူး။ အဲဒီအချိန်မှာ လူဆိုးဂိုဏ်းဝင်ဖြစ်ခဲ့ပြီး အတိတ်ကို စွန့်လွှတ်ထားတဲ့ Boxing နည်းပြ ဂျန်ထယ်ဟာက သူမကို ရန်သူတွေလက်ကနေ ကာကွယ်ဖိုအတွက် သူဟာ သူမရဲ့ ချစ်သူပါဆိုပြီး လိမ်ညာလိုက်ပါတော့တယ်။ အွန်းဆယ်က ဘယ်အမှုကိုလိုက်ရင်း အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလဲ.. ထယ်ဟာရဲ့အတိတ်ကရော ဘယ်လိုလျှိဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာလဲ.. သူတိုနှစ်ယောက်လုံးရဲ့ အတိတ်တွေက ဘယ်လိုပုံစံမျိုးနဲ့ ထွက်ပေါ်လာမလဲဆိုတာ.. အတူတူ နေထိုင်ရင်းနဲ့ ပေါ်ပေါက်လာမဲ့ လိမ်ညာမှုနောက်ကွယ်က အမှန်တရား၊ အတိတ်က လျှိဝှက်ချက်တွေနဲ့ ရန်သူတွေရဲ့ အန္တရာယ်ကြားကနေ သူတိုနှစ်ယောက်ရဲ့ အချစ်ရေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို စောင့်ကြည့်ရမဲ့ Rom-Com & Mystery ဇာတ်လမ်းလေးဖြစ်ပါတယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
18
14
682. The Husband (2026) Season 1 ကွာရှင်းခါနီးမှ ဇနီးဖြစ်သူ ပြန်ပေးဆွဲခံရပြီး လူသတ်မှုသံသယတရားခံအဖြစ်ပါ စွပ်စွဲခံလိုက်ရတဲ့အခါ
682. The Husband (2026) Season 1 ကွာရှင်းခါနီးမှ ဇနီးဖြစ်သူ ပြန်ပေးဆွဲခံရပြီး လူသတ်မှုသံသယတရားခံအဖြစ်ပါ စွပ်စွဲခံလိုက်ရတဲ့အခါ.. ကိုယ့်ဇနီးကို ကယ်တင်ဖို့အတွက် ဥပဒေပြင်ပကနေ ရုန်းကန်လှုပ်ရှားရမဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားစရာ ကမ္ဘာဆီ အတူတူ လှမ်းဝင်ကြည့်လိုက်ရအောင်.. အမုန်းနဲ့အချစ်ကြားမှာ လွန်ဆွဲနေတဲ့ လင်မယားနှစ်ဦးရဲ့ အသက်လုပြေးလွှားရမှုကို အခြေခံထားပြီး “The End of Marriage is Only the Beginning” ဆိုတဲ့အတိုင်း အိမ်ထောင်ရေးတစ်ခုရဲ့ နိဂုံးဟာ သာမန်ဇာတ်သိမ်းတစ်ခု မဟုတ်ဘဲ ပိုမိုနက်ရှိုင်းတဲ့ သွေးစွန်းတဲ့ လျှို့ဝှက်ချက်တွေဆီ ဦးတည်သွားတဲ့အခါ.. 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
26
15
234. A Shop for Killers (2024-2026) Season 1 to 2 မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ ဂျောင်ဂျီအန်းဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးက ဦး
234. A Shop for Killers (2024-2026) Season 1 to 2 မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ ဂျောင်ဂျီအန်းဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးက ဦးလေးဖြစ်သူဂျောင်ဂျင်မန်းရဲ့အုပ်ထိန်းမှုအောက်မှာနေခဲ့ရသူဖြစ်ပါတယ်။ တစ်နေ့ ရဲစခန်းကနေ အကြောင်းကြားလာတဲ့ ဦးလေးဖြစ်သူ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့် ဂျီအန်း ရှော့ခ်ရသွားခဲ့ရတယ်။ ဦးလေးဖြစ်သူက အနေအေးပြီးလျှို့လျှို့ဝှက်ဝှက်ရှိပေမဲ့လည်း ဘယ်တော့မှကိုယ့်ကိုကိုယ်သတ်သေမယ့်သူမဟုတ်တာကြောင့် ဂျီအန်းအတွက် ထိုအကြောင်းရာက ယုံရခက်ကြီးဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီသေဆုံးမှုရဲ့နောက်ကွယ်က အကြောင်းရာကို မသိရသေးခင်မှာပဲ ဂျီအန်းရဲ့ဘဝကြီးက နေ့တွင်းချင်းကျွမ်းထိုးမှောက်ခုံတွေဖြစ်သွားရပါတော့တယ်။ ဂျောင်ဂျီအန်းကဘာကြောင့်သေသွားရတာလဲ ကိုယ့်ကိုကိုယ်သတ်သေသွားတာရောဟုတ်ရဲ့လား? ဂျီအန်းကရော ဘယ်လိုအပြောင်းလဲတွေနဲ့ကြုံတွေ့ရဦးမလဲ‌ဆိုတာကို သိချင်ရင်တော့ ရုပ်ရှင်ကြည့်ရန် အပြာ‌ရောင်ကို နှိပ်ပါ 👉 Season 1 👈 👉 Season 2 👈
33
16
681. Punghyangjung 2026 Season 1 ခေတ်မီနည်းပညာ အကူအညီမပါဘဲ ရှေးရိုးနည်းလမ်းလေးဖြစ်တဲ့ မြေပုံကိုင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သွ
681. Punghyangjung 2026 Season 1 ခေတ်မီနည်းပညာ အကူအညီမပါဘဲ ရှေးရိုးနည်းလမ်းလေးဖြစ်တဲ့ မြေပုံကိုင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သွားလာရတဲ့ Punghyang series ကတော့ ဒီတစ်ခါမှာ နိုင်ငံခြားခရီးစဥ်ဖြစ်တဲ့ Punghyanggo မဟုတ်ဘဲ ပြည်တွင်းခရီးစဥ်အနေနဲ့ နယ်မြို့လေးကို သွားကြမဲ့ Punghyanjung အဖြစ် ပြန်လာပါပြီ။ Cast တွေအနေနဲ့ကတော့ အရင် season တွေကလိုပဲ အားလုံးသိကြတဲ့ နိုင်ငံ့ MC ကြီး Yoo Jae Suk၊ Ji Seok Jin၊ Yang Se Chan နဲ့အတူ Teach you a lesson မင်းသားကြီး Lee Sung Min တို့ကပဲ ဆက်လက်ပါဝင်ထားပါတယ်။ Season 2 မှာ ဥရောပတစ်ခွင်ပြဲပြဲစင်ခဲ့တဲ့ ဒီညီအစ်ကိုတွေကတော့ ခု Season 3 မှာတော့ ကိုးရီးယားနိုင်ငံတွင်းမှာပဲ မြေပုံလေးတစ်ကိုင်ကိုင်နဲ့ သွားလာကြဦးမှာပါ။ ကိုယ့်နိုင်ငံပြည်တွင်းခရီးမှာ “၄ ယောက်ပေါင်း လောင်းကျော်” ဆိုတဲ့ သူတို့ပုံစံအတိုင်း ဘယ်လိုတွေပွက်လောရိုက်ကာ ခွီကြရဦးမလဲဆိုတာ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
41
17
680. Cain and Abel (2009) Season 1 Lee Cho-in (So Ji-sub) ဟာ ပြည့်စုံပြီး ပါရမီပါတဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ် ။ အစ်ကိုဖြစ်သူ Seo
680. Cain and Abel (2009) Season 1 Lee Cho-in (So Ji-sub) ဟာ ပြည့်စုံပြီး ပါရမီပါတဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ် ။ အစ်ကိုဖြစ်သူ Seon-woo (Shin Hyun-joon) ကတော့ ညီဖြစ်သူ Cho-in ရရှိနေတဲ့ ဖခင်ရဲ့ ဂရုစိုက် ချစ်ခင်မှုတွေကို မနာလိုနေတဲ့သူပါ။ ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဆရာဝန်တစ်ဦးအနေနဲ့ အသိအမှတ်ပြုခံရမှုတွေနဲ့ သူချစ်ရတဲ့ အမျိုးသမီးကိုပါ လုယူသွားတာတွေကြောင့် သူ့ဘဝရဲ့ ကောင်းမွန်တဲ့အရာ အားလုံးကို လုယူသွားခဲ့တာလို့ Seon-woo က သတ်မှတ်ပြီး ညီဖြစ်သူ Cho-in အပေါ် အမုန်းကြီး မုန်းနေခဲ့ပါတယ် ။ ဒီဇာတ်ကားဟာ ညီအစ်ကို နှစ်ယောက်ကြားက ချစ်ခြင်း၊ မုန်းခြင်းနဲ့ လက်စားချေမှုတို့ကြား ဇာတ်လမ်း အလှည့်အပြောင်းပေါင်းများစွာနဲ့ ရိုက်ကူးထားတဲ့အတွက် ဇာတ်ရှိန်တက်တက်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
33
18
679. Play Me (2026) Season 1 ကလေးသရုပ်ဆောင်ဘဝကနေစလို့ ထိပ်တန်းစတားအဖြစ် နာမည်ကြီး အောင်မြင်လာခဲ့တဲ့ ဂျောင်အီဟျွန်း(Park Seong
679. Play Me (2026) Season 1 ကလေးသရုပ်ဆောင်ဘဝကနေစလို့ ထိပ်တန်းစတားအဖြစ် နာမည်ကြီး အောင်မြင်လာခဲ့တဲ့ ဂျောင်အီဟျွန်း(Park Seong-Hyeon) ဟာဆိုရင် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီးနောက်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူပြီး သူ့ရဲ့ နဂိုအိပ်မက်ဖြစ်တဲ့ ဒါရိုက်တာအလုပ်ကိုပဲ လုပ်ကိုင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ဂန်ဂျယ်အွန်း (Yang Hong-Seok)ကတော့ လောကဓံ အခက်အခဲတွေကြောင့် သရုပ်ဆောင်ဖြစ်ချင်တဲ့ အိပ်မက်ကို ခဏ ဘေးဖယ်ထားပြီး အချိန်ပိုင်းအလုပ်တွေ မနားတမ်းလုပ်ရင်း ဘဝကို ဖြတ်သန်းနေသူပါ။၊ အထက်တန်းကျောင်းတုန်းက အထင်လွဲမှုတစ်ခုကြောင့် ဝေးကွာခဲ့ရတဲ့ သူတို့နှစ်ဦးဟာ ဂီတပြဇာတ်တစ်ခုအတွက် ဒါရိုက်တာနဲ့ သရုပ်ဆောင်အဖြစ် ပြန်လည် ဆုံစည်းရတဲ့အခါမှာတော့... 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
43
19
678. Love in Sync (2026) Season 1 Yoo Ji An က တစ်ချိန်က “Nation’s Idol” လို့ ခေါ်ခံရတဲ့ နာမည်ကြီးအိုင်ဒေါတစ်ယောက်ဖြစ်ပေမဲ့ ငယ
678. Love in Sync (2026) Season 1 Yoo Ji An က တစ်ချိန်က “Nation’s Idol” လို့ ခေါ်ခံရတဲ့ နာမည်ကြီးအိုင်ဒေါတစ်ယောက်ဖြစ်ပေမဲ့ ငယ်စဉ်ကတည်းက မိခင်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရတာကြောင့် ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်သူပါ။ Cha Eun Hwan ကတော့ တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို တိုင်ပင်ဆွေးနွေးပေးတဲ့ စိတ်ပညာအကြံပေးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုနောက်ပိုင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် မျှဝေခံစားရတဲ့ ထူးဆန်းတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့သွားရပါတယ်။ အဲဒီကနေစပြီး သူတို့ရဲ့ ဘဝတွေနဲ့ စိတ်ခံစားချက်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့မြင်ရမှာပါ။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
39
20
677. Better Late Than Single: After Service (2026) Season 1 ပြသလို့ ပြီးသွားခဲ့တဲ့ ဂေါ်မစွံ FA လေးတွေကို လွမ်းနေတဲ့ ပရိသတ်ကြီ
677. Better Late Than Single: After Service (2026) Season 1 ပြသလို့ ပြီးသွားခဲ့တဲ့ ဂေါ်မစွံ FA လေးတွေကို လွမ်းနေတဲ့ ပရိသတ်ကြီးတို့အတွက် Spin-off ရှိုးလေး ထပ်မံ ထွက်ရှိလာပါပြီ။ ရိုက်ကူးစဉ်အခါက မပြောဝံ့ခဲ့တဲ့ ရင်တွင်းစကားတွေ၊ စိတ်ဝင်စားဖွယ် နောက်ကွယ်ဇာတ်လမ်းလေးတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြကြမဲ့အပြင် Final Couple ဖြစ်သွားတဲ့ ဟျော့ဂျွန်းနဲ့ဟျွန်းဆော၊ ဂျင်ဝူနဲ့ဟန်ဂျူတို့ နှစ်တွဲထဲမှာ တကယ် တွဲဖြစ်နေတဲ့ အတွဲလေးရော ရှိဦးမလား... ဒီအစီအစဉ်လေးကနေတစ်ဆင့် အတွေ့အကြုံရသွားတဲ့ သူတို့လေးတွေရဲ့ လက်ရှိ အချစ်ရေးကရော ဘယ်လို အခြေအနေရှိမလဲဆိုတာကို အတည်ပြုသိရှိရမှာဖြစ်သလို Season 1 က ပါဝင်သူတွေလည်း ပြန်လည် ပါဝင်လာဦးမှာဖြစ်လို့ အလွမ်းပြေ ကြည့်ရှုရအောင် 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
48