စာတို
رفتن به کانال در Telegram
စာရေးဆရာတွေ မဟုတ်လို့ လိုအပ်ချက်တွေရှိခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်ရှင့်😘😘
نمایش بیشتر2 539
مشترکین
-224 ساعت
+437 روز
+12130 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+2
در 0 کانالها
سپتامبر '26
+197
در 0 کانالها
Get PRO
اوت '26
+156
در 0 کانالها
Get PRO
ژوئیه '26
+151
در 0 کانالها
Get PRO
ژوئن '26
+143
در 0 کانالها
Get PRO
مه '26
+215
در 0 کانالها
Get PRO
آوریل '26
+154
در 0 کانالها
Get PRO
مارس '26
+59
در 0 کانالها
Get PRO
فوریه '26
+67
در 0 کانالها
Get PRO
ژانویه '26
+101
در 0 کانالها
Get PRO
دسامبر '25
+122
در 0 کانالها
Get PRO
نوامبر '25
+115
در 0 کانالها
Get PRO
اکتبر '25
+112
در 0 کانالها
Get PRO
سپتامبر '25
+122
در 0 کانالها
Get PRO
اوت '25
+146
در 0 کانالها
Get PRO
ژوئیه '25
+91
در 0 کانالها
Get PRO
ژوئن '25
+104
در 0 کانالها
Get PRO
مه '25
+117
در 1 کانالها
Get PRO
آوریل '25
+100
در 0 کانالها
Get PRO
مارس '25
+119
در 0 کانالها
Get PRO
فوریه '25
+141
در 0 کانالها
Get PRO
ژانویه '25
+212
در 1 کانالها
Get PRO
دسامبر '24
+336
در 0 کانالها
Get PRO
نوامبر '24
+220
در 2 کانالها
Get PRO
اکتبر '24
+242
در 2 کانالها
Get PRO
سپتامبر '24
+203
در 2 کانالها
Get PRO
اوت '24
+140
در 0 کانالها
Get PRO
ژوئیه '24
+119
در 0 کانالها
Get PRO
ژوئن '24
+105
در 0 کانالها
Get PRO
مه '24
+89
در 0 کانالها
Get PRO
آوریل '24
+52
در 0 کانالها
Get PRO
مارس '24
+60
در 0 کانالها
Get PRO
فوریه '24
+47
در 0 کانالها
Get PRO
ژانویه '24
+54
در 0 کانالها
Get PRO
دسامبر '23
+177
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 01 اکتبر | +2 |
پستهای کانال
| 2 | နိုးထလာတဲ့
မနက်ခင်းတိုင်းမှာ
ပျော်ရွှင်ကြည်နူးချမ်းမြေ့
နိုင်ကြပါစေရှင့် | 319 |
| 3 | ဘယ်လောက်ကြီးပဲ
ချစ်ပါတယ်ပြောပြော
အချိန်တန်ရင်နူတ်ဆိတ်
သွားကြတာပါပဲ | 420 |
| 4 | မညာပါနဲ့… မချစ်ရင် မချစ်ဘူးပေါ့။
ကိုယ်က အမှန်တရားကြောင့် နာကျင်တာထက်
မင်းရဲ့အတုအယောင်ကြောင့် နာကျင်ရတာကို ပိုမုန်းတယ်။
#meepoe | 578 |
| 5 | သို့/
အရာရာမှာ ရင့်ကျက်လွန်းနေတဲ့
မိန်းကလေးတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။
တစ်ခါတလေ ကိုယ်လည်း
ကလေးဆန်တတ်တယ်၊
စိတ်ကောက်တတ်တယ်၊စိတ်ဆိုးတတ်တယ်၊
နားလည်မပေးနိုင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့
မောင့်ရှေ့မှောက် ရောက်ရင်တော့
မောင့်စကားသံတိုင်းကို နားလည်ပေးချင်စိတ်၊
မောင့်အမှားတိုင်းကို အဆုံးစွန်အထိ
ခွင့်လွှတ်ပေးချင်စိတ်တွေပဲ ရှိနေခဲ့တာပါ။
မောင်မသိလိုက်တဲ့အချိန်တွေမှာတောင်
မောင့်အတွက် အကြောင်းပြချက်တွေ ရှာပေးခဲ့တယ်။
မောင်မှားနေတဲ့အခါမှာတောင်
အပြစ်တင်မယ့်အစား နားလည်ပေးဖို့ ကြိုးစားခဲ့တယ်။
ဘာလို့လဲဆိုတော့
မောင့်ကို ချစ်တဲ့အချစ်က
မောင့်ကို ပိုင်ဆိုင်ချင်ရုံသက်သက် မဟုတ်ဘဲ
မောင်အဆင်ပြေစေချင်တဲ့အချစ် ဖြစ်နေလို့ပါ။
မောင့်အတွက်ဆိုရင်
ရင်ထဲက အချစ်တွေကို
ကုန်စင်အောင် ပုံအောပေးထားတယ်ဆိုတာ
မောင် သိပါစေ။
ကိုယ်ပေးခဲ့တဲ့အချစ်တွေကို
မောင်ပြန်ပေးရမယ်လို့ မတောင်းဆိုပါဘူး။
ကိုယ်လိုချင်တာက
ကိုယ်က မောင့်အတွက်
ဘယ်လောက်ထိ နားလည်ပေးခဲ့တယ်၊
ဘယ်လောက်ထိ ခွင့်လွှတ်ပေးခဲ့တယ်၊
ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာကို
မောင် သိထားပေးရုံပါပဲ။
ဒီတစ်ကမ္ဘာလုံးမှာ
မောင့်ကို အချစ်ဆုံးနဲ့
အနားလည်နိုင်ဆုံးလူဟာ
ဒီမိန်းကလေးဆိုတာကို…
မောင် အမြဲတမ်း သိနေပေးရင်ပဲ ကျေနပ်ပါတယ်။
တစ်နေ့နေ့မှာ
မောင့်ဘဝထဲက လူတွေအားလုံးထဲမှာ
“ဒီလူကတော့ ငါ့ကို တကယ်နားလည်ပေးခဲ့တဲ့သူပါ”
ဆိုပြီး ကိုယ့်ကို သတိရပေးရင်…
ကိုယ်ပေးခဲ့တဲ့အချစ်တွေ
အလဟဿ မဖြစ်ခဲ့ဘူးလို့ပဲ ခံယူချင်မိပါတယ်။
#မောင် | 905 |
| 6 | “ကျနော့်ကို ချစ်လှပါကြီး” လို့ ပြောခဲ့တဲ့သူတွေလည်း
ပိုချစ်ရတဲ့သူတစ်ယောက်ကို တွေ့လာတဲ့အခါ
ကျနော်က နောက်ဆုံးမှာ ကျန်ခဲ့ရတာပါပဲ။
ကျနော်က သူတို့အတွက်
တစ်ချိန်က အရေးကြီးခဲ့တာ ဖြစ်နိုင်တယ်။
ဒါပေမယ့် လူတစ်ယောက်ရဲ့ မေတ္တာဆိုတာ
အမြဲတမ်း ကျနော့်ဆီမှာပဲ ရပ်တည်နေမယ်လို့
အာမခံထားတာ မဟုတ်ဘူး။
တစ်ခါတလေ
“မင်းက ငါ့အတွက် အရေးကြီးဆုံးပါ” ဆိုတဲ့စကားတွေက
အဲဒီအချိန်မှာတော့ အမှန်တရားဖြစ်ခဲ့ပေမယ့်
အချိန်တွေပြောင်းလာတဲ့အခါ
အဲဒီအမှန်တရားကပဲ ကျနော့်ကို မသိမသာ စွန့်ခွာသွားတတ်တယ်။
ဒါကြောင့် အခုတော့
ဘယ်သူ့စကားကိုမှ အပြည့်အဝ မယုံတော့ဘူး။
ချစ်တယ်ဆိုတာထက်
ဘယ်လောက်ကြာကြာ မပြောင်းလဲဘဲ ရှိနေနိုင်လဲဆိုတာကိုပဲ
ပိုတန်ဖိုးထားတတ်လာပြီ။
ဘာလို့လဲဆိုတော့…
ကျနော့်ကို ချစ်လှပါကြီးဆိုတဲ့သူတောင်
ပိုချစ်ရသူကိုတွေ့တဲ့အခါ
ကျနော်က ကျန်ခဲ့ရတာပဲ မဟုတ်လား။
#meepoe | 775 |
| 7 | ဒီတခါနောက်ဆုံးမို့ပါ | 1 010 |
| 8 | ငါက ပန်းကလေးတွေကိုချစ်တယ်လေ...
ပန်းကလေးတွေက လူတွေကိုပျော်ရွှင်စေသလို
စိတ်ကိုလည်းကြည်လင်စေတယ်မို့လား...
ပျော်ရွှင်ခြင်းတွေ ကြည်လင်ခြင်းတွေ
စိတ်ခွန်အားတွေကိုသယ်ဆောင်လာခဲ့ပေးမယ့်
ပန်းကလေးနဲ့တူတဲ့ လူသားလေးပဲဖြစ်ချင်တယ်...
ရိုးရိုးရှင်းရှင်းလေးပါပဲ...။ | 1 071 |
| 9 | ချစ်လို့တွယ်ကပ်နေတာလေပူလောင်တယ်ထင်နေတာလားရတယ်အဝေးဆုံးကိုထွက်သွားပေးပါ့မယ် | 1 393 |
| 10 | စက်တင်ဘာလရဲ့ မွေးနေ့ရှင်လေးရေ ။
တခြားသူတွေကို သိပ်ဂရုစိုက်ရင်း
ကိုယ့်ကိုယ်ကိုယ်ကျ
ဂရုစိုက်ဖို့ မေ့နေတတ်တဲ့
မွေးနေ့ရှင်လေးမို့ ...
အဆင်ပြေရဲ့လားလို့ အရင်ဆုံးမေးချင်မိတယ် ။
အဆင်ပြေသွားမှာပါဆိုတဲ့
လက်သုံးစကားကို
ခပ်ဖွဖွလေး ရွှတ်လို့
အဆင်မပြေသမျှအရာရာကို
ဒီနှစ်တွေမှာကော မြိုသိပ်ထားလိုက်ဖို့ပဲ
ထပ်ရွေးဖြစ်ဦးမှာလား ။
ဘယ်နေရာမှာမဆို
ကိုယ့်ကိုယ်ကိုယ်ထက်
တခြားသူတွေကို ဦးစားပေးရင်း
ကိုယ့်အတွက်ကျ
အဆင်မပြေတာတွေပဲ ကျန်တဲ့အရပ်မှာ
အရင်လိုပဲ
ဆက်ရှိနေတုန်းပဲလား ။
စက်တင်ဘာလရဲ့ မွေးနေ့ရှင်လေးရေ ...
အားနာတတ်တာ နဲ့ သနားတတ်တာဟာ
အားနည်းချက်တစ်ခု ဖြစ်မသွားစေချင်သလို
ကိုယ့်အပေါ် ... အခွင့်အရေးယူဖို့သက်သက်
ဝင်လာသူတွေကို
သည်းခံနေလောက်တဲ့အထိ
မတုံးအ စေချင်တော့ဘူး ။
အတ္တကြီးစေချင်တာ မဟုတ်ပေမယ့်လေ
တခါတရံကျတော့လည်း
ကိုယ့်ဘက်လည်းကိုယ် ပြန်ငဲ့ကြည့်တတ်ရသေးတယ် ။
အဆင်မပြေတာများတဲ့ ခုနှစ်သက္ကရာဇ်တွေမှာ
အဆင်ပြေသွားမှာလို့ ရေရွှတ်ပြီး
နေ့ရက်တိုင်းကို ဖြတ်ကျော်လို့ မဖြစ်သလို
တနေ့နေ့ပေါ့ လို့ မျှော်လင့်ရင်း
ကိုယ့်ဘက် ပြန်ငဲ့မကြည့်တတဲ့ လူတွေအနား
ရပ်နေလို့ မဖြစ်ဘူးလေ ။
စက်တင်ဘာဖွားလေးရေ
အရင်ဆုံးတော့ ...
နေကောင်းကျန်းမာပါစေဆိုတဲ့
ဆုတောင်းလေး ပြည့်ပါစေနော် ။
ဘယ်အရာကိုမဆို
ကိုယ်ကိုယ်တိုင် ကြိုးစားယူရင်းပဲ
ရလာတတ်တာများတာမို့
ဘယ်အချိန်မှာ မဆို နေကောင်းကျန်းနေမှ ဖြစ်မယ် ။
နှစ်ကာလအတန်ကြာ မက်ထားမိတဲ့
အိပ်မက်ပဲဖြစ်ဖြစ်
မျှော်လင့်နေမိသော မေတ္တာပဲဖြစ်ဖြစ်
လက်ဝယ်ရရှိပိုင်ဆိုင်နိုင်တဲ့ သက္ကရာဇ်လေးဖြစ်ပါစေနော် ။
ကိုယ် ငဲ့ကြည့်သလောက်
ကိုယ့်ဘက် ပြန်လှည့်ကြည့်ပေးတတ်တဲ့
ရပ်ဝန်းလေးမှာ
ရယ်မော ပျော်ရွှင်နေတဲ့ မင်းကို
အမြန်ဆုံး မြင်တွေ့ခွင့်ရပါစေ ။
တကယ် နားလည်ပေးနိုင်သော
နွေးထွေးပေးနိုင်သော လက်တစုံမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တဲ့ ညတွေ
ပိုင်ဆိုင်နိုင်ပါစေ ။
အရေးကြီးဆုံးက ...
တခြားသူတွေ အတွက် တွေးပေးရင်
ကိုယ့်ကိုယ်ကိုယ် မေ့သွားတာမျိုး
ထပ်မဖြစ်စေချင်တော့တာတော့
တကယ့် စေတနာပါ ။
စက်တင်ဘာဖွားလေးရေ ...
လက်ကျန်မိုးစက်လေးတွေက
ဘ၀အတွက်
အေးချမ်းခြင်းတွေ သယ်ဆောင်လာတဲ့
မွေးလလေးဖြစ်စေချင်သလို
နှုတ်ခမ်းဖူးဖူးလေးထက်မှာ
အပြုံးပန်းတွေ ဝေနေအောင်ပွင့်တဲ့
မွေးလလေးဖြစ်ပါစေနော် ။
အနာတရတွေကို
ကိုယ့်ကိုယ်ကိုယ် ဆေးထည့်ရင်း
နှစ်တစ်နှစ်ရဲ့ သုံးပုံနှစ်ပုံကို
ကျော်ဖြတ်ခဲ့ပြီးပြီမို့
မျှော်ရကျိုးနပ်တဲ့ မွေးလလေးဖြစ်စေချင်သလို
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်စေချင်တယ် ။
#ကျေးကို | 1 559 |
| 11 | بدون متن... | 1 020 |
| 12 | Good Bye August ...
အမှတ်တရတွေထက်
အမှတ်ရစရာ အနာတရတွေ
များခဲ့ပါတယ် ။
ပြင်ကို ပြင်သင့်တဲ့အရာတွေ
ဆင်ခြင်ဖို့ လိုအပ်တာတွေ
အများကြီးနဲ့ ဆုံခဲ့ရတယ် ။
တခုခုဆို ...
ကိုယ့်အနားမှာ ကိုယ်ပဲရှိတတ်တဲ့အကြောင်း
အမြဲအမှတ်ရစေမယ့်
လလေး တလပါပဲ ။
နောက်တကြိမ် ပြန်ဆုံတဲ့အခါ
ဒီထက် ပိုရင့်ကျက်တဲ့
လူတစ်ယောက်အဖြစ်နဲ့
ဆုံချင်ပါတယ် ။
#ကျေးကို | 1 122 |
| 13 | ကျွန်မက မျက်ရည်သိပ်လွယ်တာ ...
နာကျင်စရာမှ မဟုတ်ပဲ
ဒေါသထွက်စရာရှိတဲ့အခါလည်း
မျက်ရည်တွေ အရင်ဆုံးကျတတ်တဲ့
ကောင်မလေးတစ်ယောက်ပေါ့ ။
ပြောစရာစကားတွေ
အရင်ထွက်မလာပဲ
အသားတွေ တဆတ်ဆတ်တုန်နေတဲ့ကြားက
မျက်ရည်က အရင်ဆုံးကျတာ ။
ကျွန်မ ငိုနေတာ မဟုတ်ဘူးနော်ဆိုတဲ့
စကားကို
ခဏခဏသုံးရတယ် ။
တစ်ခါတစ်လေ
မငိုချင်ပါပဲ ကျတဲ့ မျက်ရည်တွေကိုလည်း
မုန်းရတယ် ။
ဖြစ်နိုင်ရင် စကားတွေကို
မျက်ရည်တွေမကျပဲ ပြောတတ်ချင်တယ်
နာကျင်နေတဲ့အခါမှာပဲ ဖြစ်ဖြစ်
မပျော်ရွှင်တဲ့အခါမှာပဲဖြစ်ဖြစ်
ကျွန်မ ဖုံးကွယ်ထားတတ်ချင်တယ် ။
ဘယ်တော့မှ လိမ်ညာဖို့မတတ်ခဲ့တဲ့
မျက်လုံးတွေကတော့
ထုံးစံအတိုင်းပါပဲ ...
လွမ်းတဲ့အခါ
နာကျင်ရတဲ့အခါ
အထီးကျန်တဲ့အခါ
ဒေါသထွက်တဲ့အခါ
ဘယ်လိုအချိန်မျိုးမှာမဆို
မျက်ရည်တွေ ဝေ့တတ်လာတာမျိုးလေ ။
တကယ်ဆို ...
ကျွန်မလဲ ငိုနေရတာကို သဘောမကျပါဘူး
ဒါပေမယ့်
ကျွန်မကိုက မျက်ရည် သိပ်လွယ်နေခဲ့တာ ။
#Crd | 1 217 |
| 14 | @#အချစ်ခံရပြီလို့ထင်ခဲ့မိတာ😥💔🥀
အစပိုင်းမှာတော့ သဲသဲလှုပ်ပါပဲ
ကိုယ်လဲ အချစ်ခံရပြီလို့ ထင်ခဲ့မိတယ်
ယုံလည်း ယုံကြည်ခဲ့မိတယ် နောက်ပိုင်းတော့
တစ်စ စ နဲ့ အေးစက်လာတာပါပဲ
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေ
ရှိလာတယ် ။ အချိန်မရလို့ပါဆိုတဲ့ စကားတွေ
ပြောလာတယ် ။ ဘယ်အချိန်မေးမေးချစ်တယ်
လို့တော့ ဖြေတာပါပဲ
ဒါပေမယ့် သူ့ရင်ထဲမှာ ကိုယ်ရှိမနေခဲ့ဘူး
ကိုယ်က သူ့အတွက် တာဝန်အရ ဆက်ဆံခံရတဲ့
လူတစ်ယောက်လို တစ်ခါလောက်ဖုန်းခေါ်ပြီး
တစ်ရက်လောက် ပျောက်သွားတာမျိုး
ခဏလေးနော်ဆိုတဲ့ စကားလုံးတွေနဲ့
နာရီပေါင်းများစွာ ပြစ်ထားခံရတာမျိုး
ကိုယ်က စကားတွေသွားပြောနေလည်း
သူကတော့ အင်း ဟုတ် ဆိုတာမျိုးနဲ့
ဖုန်းချလိုက်တာမျိုးတွေ
ကိုယ်သိလိုက်တာက လူမှားချစ်မိပြီဆိုတာပါပဲ
ချစ်တယ်လို့ပြောပေမယ့် အချစ်မခံရပါဘူး
အားနာလို့ပြောနေတာလည်း ဖြစ်နိုင်သလို
မကောင်းတတ်လို့ ပြောနေတာလည်း
ဖြစ်နိုင်ပါတယ် သူကတော့
ဘယ်တော့ ကိုယ့်စိတ်ပြတ်သွားမလည်း
ဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ပုံပါပဲ
သေခြာတာက ကျွန်မတို့ လူမှားချစ်ခဲ့တယ်
ဆိုတာပါပဲ
# | 1 182 |
| 15 | ဘဝမှာ ကြုံလာဆုံလာရတဲ့ လူအမျိုးမျိုး၊ စိတ်အထွေးအထွေးတွေကြားမှာ
လူတိုင်းက ကိုယ့်လိုမဟုတ်ဘူးဆိုတာ နားလည်လာတယ်။
တချို့က ချစ်ခြင်းနဲ့ သင်ပေးတယ်၊
တချို့က နာကျင်မှုနဲ့ သင်ပေးတယ်။
နောက်ဆုံးတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘဲ
ကိုယ့်စိတ်ကို ကိုယ်နားလည်ပြီး ရှေ့ဆက်တတ်ဖို့ပဲ သင်ယူလာတယ်။
#meepoe | 1 091 |
| 16 | ကို့ချစ်တယ်ပြောပီး
အခြားတယောက်ကို
ရင်ဘက်ထဲမှာထည့်ထားတာတော့မဖြစ်သင့်ဘူးထင်တာပဲ😭 | 1 182 |
| 17 | ရှက်တောင်ရှက်လာပြီ
ကိုယ်နဲ့စကားပြောချင်မှန်းမသိ
မပြောချင်မှန်းမသိဘဲ
စာတွေချည်းဇွတ်ပို့နေခဲ့တာ
ဒီနေ့ကစ
ဖတ်တွယ်နေတာလဲ ရပ်လိုက်ပြီ
ဆက်သွယ်နေတာလဲ ဖြတ်လိုက်ပြီ
မင်းလဲ ပျော်ပါစေ
ငါလဲ လွတ်မြောက်ပါစေပေါ့။
#meepoe | 1 219 |
| 18 | မိန်းကလေးတစ်ယောက်က အချစ်တစ်ခုထဲ ဝင်လာပြီဆိုရင် အရမ်းကြီးတောင်းဆိုတာတွေ မရှိဘူး
သူမ လိုချင်တာက တစ်နေ့လုံး Message ပို့နေပေးဖို့မဟုတ်ဘူး အမြဲတမ်း လက်ဆောင်တွေဝယ်ပေးဖို့လည်း မဟုတ်ဘူး လူရှေ့သူရှေ့မှာ အချစ်ကို ပြသပေးဖို့တောင် မလိုဘူး
ဒါပေမယ့် သူမရဲ့နှလုံးသားလေးကိုတော့ ပေါ့ပေါ့မထားစေချင်ဘူး
မိန်းကလေးတစ်ယောက် အချစ်တစ်ခုထဲမှာ မျှော်လင့်တာ က “ဘယ်လိုနေ့မျိုးပဲဖြစ်ဖြစ် ငါ့ကို မထားခဲ့ဘူး” ဆိုတဲ့ ယုံကြည်မှုတစ်ခုပဲ
စိတ်ကောက်မိတဲ့နေ့မှာ “ပင်ပန်းတယ်” လို့ လှည့်ထွက်သွားမယ့်သူမဟုတ်ဘဲ “ဘာဖြစ်လို့စိတ်ကောက်နေတာလဲ” လို့ မေးပေးမယ့်သူ
သဝန်တိုမိတဲ့အခါ "မယုံဘူးလား” လို့ ပြန်မနာစေဘဲ "မင်းကြောက်နေတာကို ကိုနားလည်တယ်” လို့ ချော့ပေး မယ့်သူ
ဝမ်းနည်းနေတဲ့အချိန်မှာ အကြောင်းပြချက်မေးမနေဘဲ “ကိုရှိတယ်” လို့ ဖက်ထားပေးမယ့်သူ အဲ့ဒီလိုလူတစ်ယောက်ကိုပဲ မိန်းကလေးတစ်ယောက်က လိုချင်တာ
မိန်းကလေးတစ်ယောက် နာကျင်ရတာက မချစ်လို့ မဟုတ်ဘူး အရမ်းချစ်လို့
စိတ်ကောက်တာက အနိုင်ယူချင်လို့ မဟုတ်ဘူး ဂရုစိုက်စေချင်လို့
သဝန်တိုတာက ချုပ်ခြယ်ချင်လို့ မဟုတ်ဘူး ဆုံးရှုံးရမှာ ကြောက်လို့
တိတ်သွားတာက မပြောချင်တော့လို့ မဟုတ်ဘူး ပြောလိုက်ရင် နားမလည်ပေးမှာ စိုးလို့
မိန်းကလေးတစ်ယောက်အတွက် အချစ်ထဲက အနာကျင်ဆုံးအရာက သူချစ်တဲ့သူကြောင့်ပဲ ကိုယ့်ကိုကိုယ် မလုံလောက်သလို ခံစားရတာ
“ငါက မလုံလောက်လို့လား..” “ငါ့ကို မချစ်တော့ဘူးလား..” ‘တစ်နေ့နေ့ သူထားခဲ့သွားမလား...” ဆိုတဲ့ အတွေးတွေက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို တိတ်တိတ်လေး ဖျက်ဆီးတတ်တယ် အဲ့ဒါကြောင့်ပဲ မိန်းကလေးတစ်ယောက် လိုချင်တဲ့ တာဝန်ရှိတဲ့အချစ် ဆို တာ စကားလုံးလှလှတွေ ပြောတတ်တဲ့အချစ်မဟုတ်ဘူး
သူမ ငိုတဲ့အခါ မျက်ရည်သုတ်ပေးတတ်တဲ့အချစ်
သူမ စိတ်မလုံခြုံတဲ့အခါ လုံခြုံမှုပေးတတ်တဲ့အချစ်
သူမ စိတ်ကောက်တဲ့အခါ လက်မလွှတ်ဘဲ ချော့ပေးတတ်တဲ့အချစ်
သူမ အားနည်းနေတဲ့နေ့တွေမှာ “မင်းတစ်ယောက်တည်း မဟုတ်ဘူး” လို့ ဘေးနားမှာ ရပ်တည်ပေးတတ်တဲ့အချစ်
တကယ်တော့ မိန်းကလေးတစ်ယောက်က အချစ်မှာ အများကြီး မတောင်းဆိုဘူး
သူမရဲ့နှလုံးသားကို တန်ဖိုးထားပေးဖို့ သူမရဲ့ယုံကြည်မှုကို မဖျက်ဆီးဖို့ သူမရဲ့မျက်ရည်တွေကို အကြောင်းမဲ့ မကျစေဖို့ ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် “ကို မထားခဲ့ဘူး” ဆိုတဲ့ ယုံကြည်မှုလေးတစ်ခုပဲ လိုချင်
ဘာလို့လဲဆိုတော့ မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ ပျော်ဖို့တင် မဟုတ်ဘူး ဘဝတစ်ခုလုံးကို အပ်နှံရဲတဲ့အထိယုံကြည်မိသွားတဲ့ နှလုံးသားတစ်ခုမို့လို့ပါ။
-crd
#meepoe | 1 132 |
| 19 | ဘာရခဲ့လဲဆိုတော နောင်တတစ်ချို့နဲ့ သင်ခန်းစာတွေပါပဲ။
ပေးခဲ့တဲ့ မေတ္တာတွေကိုတော့ နောင်တမရပါဘူး
ကိုယ်တတ်နိုင်သလောက် ချစ်ပေးခဲ့တာပဲလို့ တွေးပြီး ရှေ့ဆက်လိုက်ပါတယ်။
#meepoe | 881 |
| 20 | အချစ်ခံရပီဆိုပီး
ပျော်နေမိတာ
တစ်ကယ်တမ်းကြ
အချစ်ခံရတာမဟုဘူး
အပစ်ခံလိုက်ရတာပါ😭
#THAE | 1 051 |
