fa
Feedback
Burma Media Consortium - BMC

Burma Media Consortium - BMC

رفتن به کانال در Telegram

BMC သည် ဒေသအခြေစိုက် သတင်းဌာန (၉) ခုကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

نمایش بیشتر
419
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
စစ်ကောင်စီရဲ့ တိန်းတန်တပ်စခန်းကို TNLA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရ အောက်တိုဘာ၊ ၂၈ ရက် ရှမ်းပြည်နယ် မြောက်ပ
+5
စစ်ကောင်စီရဲ့ တိန်းတန်တပ်စခန်းကို TNLA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရ အောက်တိုဘာ၊ ၂၈ ရက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသထဲက စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/ TNLA က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ မနေ့က မနက် ၅ နာရီခွဲ ဝန်းကျင်မှာ လားရှိုးမြို့နယ် စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းနဲ့ တိန်းတန်တပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ တိန်းတန်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း သေနတ် ၁၄ လက်၊ RPG တစ်လက်၊ ၆၀ မမ ၂ လက်၊ စက်လက်အကြီး တစ်လက်၊ လက်ပစ်ဗုံး ၂၀၀ လုံး၊ RPG ကျည် ၃၀ လုံး၊ ၆၀ မမကျည် ၅၀ လုံး အပါအဝင် မိုင်းနဲ့ ကျည်ဆန် အများအပြား၊ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ PSLF/ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မနေ့က မနက် ၄ နာရီမှာ တအာင်း တပ်မတော်ရဲ့ တပ်မဟာ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်..... https://m.facebook.com/story.php?story_fbid=pfbid022yazmKvjDLvZqv6ph6xuq3A6bTMhS177pTzzRdSni8KKxgZ22Ji1CkD3PDKGHYonl&id=100093817417734&mibextid=Nif5oz

၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်ဘက်ကျ အောက်တိုဘာ၊ ၂၈ ရက် မနေ့ အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းက မူဆယ်
+3
၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်ဘက်ကျ အောက်တိုဘာ၊ ၂၈ ရက် မနေ့ အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းက မူဆယ် ၁၀၅ မိုင် စစ်တပ်ကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး တရုတ်ပြည် ဝမ်တိန်မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ၁၀၅ မိုင်ကနေ တအာင်းတပ်မတော် TNLA ရှိတယ်ဆိုတဲ့အထင်နဲ့ ကြူကုတ် ပန်ဆိုင်းဘက် ပစ်လိုက်ရာကနေ တရုတ်ဘက်ခြမ်းကို ကျရောက်သွားတာလို့ ဆိုပါတယ်။ “ပစ်တာကတော့ ၁၀၅ မမနဲ့ ပစ်တာ။ တိုက်ပွဲတော့ မဖြစ်ဘူး။ အဲဘက်ကိုသွားတဲ့ လမ်းမတစ်လျှောက်က ရွာတွေမှာ သူတို့နေရာယူထားတာ။ ကျနော်တို့ ရှိနိုင်မယ်ထင်တဲ့နေရာ လျှောက်ပစ်တော့ ကမ်းရဲ့ဟိုဘက် တရုတ်ဘက်ခြမ်းကို တစ်လုံးကျသွားတယ်”လို့ ရှေ့တန်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိမရှိဆိုတာ မသိရသေးပေမဲ့ ထိခိုက်ပျက်စီးမှုကိုတော့ WeChat မှာတော့ တရုတ်လူထုတွေက တင်ထားကြပါတယ်... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02Gj3CZyMxLEYSS6u9bb4DwknRsCjEa9FabAfvZkuxLV4A5RJGfAjSqCTqwqho9Hjml&id=100093817417734&mibextid=Nif5oz

မတူပီ-ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံးမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ ၁ ဦးသေ ၊ ၅ ဦး အထက်ဒဏ်ရာရရှိ အောက်တိုဘာ၊ ၂၈ ရက် မတူပီမြို့န
မတူပီ-ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံးမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ ၁ ဦးသေ ၊ ၅ ဦး အထက်ဒဏ်ရာရရှိ အောက်တိုဘာ၊ ၂၈ ရက် မတူပီမြို့နယ် ၊ မတူပီ-ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံးမှာ တပ်အင်အားအလုံးအရင်းဖြင့် အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီအဖွဲ့ နဲ့ ဒေသခံကာကွယ်ရေးတပ် CDF-Matupi နဲ့တိုက်ပွဲဖြစ်ပွားရာ စကစဘက်မှ ၁ ဦးသေ ဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ CDF-Matupi က ဒီမနက်မှာပဲ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှာ မတူပီ-ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံးတွင် တပ်စွဲရန်အင်အားတိုးချဲ့ဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် CDF-Matupi မှ ခုခံတိုက်ခိုက်ခဲ့ပြီး CDF-Matupi ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ "ခရိုင်းရုံးကတော့ ပုံမှန်လိုလို အင်အားဖြည့်တယ်။ ကျွန်တော်တို့ တပ်ရင်း-၂ ဘက်ကလည်း လုံခြုံရေးအမြဲအဆင်သင့်ထားတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ဗျူဟာကုန်းကိုလုံခြုံရေးယူပေးနေလို့... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02w1cEa42YhzpgMsMUZ6PoxPko5HP4hCLvQsRtWjffCZy8xB3YJuXUKh36bhBja44Xl&id=100093817417734&mibextid=Nif5oz

ချင်းရွှေဟော်အနီးက နမ့်ကျွမ်းစစ်စခန်းကို MNDAA ဒီကနေ့ သိမ်းပိုက်၊ တပ်မ (၃၃) ဘက်တံဆိပ်တပ် အလောင်း ၇ လောင်းနဲ့ လက်နက်တွေရ အောက်
+3
ချင်းရွှေဟော်အနီးက နမ့်ကျွမ်းစစ်စခန်းကို MNDAA ဒီကနေ့ သိမ်းပိုက်၊ တပ်မ (၃၃) ဘက်တံဆိပ်တပ် အလောင်း ၇ လောင်းနဲ့ လက်နက်တွေရ အောက်တိုဘာ၊ ၂၈ ရက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့အနီးက စစ်တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့-MNDAA က ဒီကနေ့ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ချင်းရွှေဟော်မြို့အနီးက နမ့်ကျွမ်း စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်က MNDAA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၃ နာရီကျော်ခန့် ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ အ‌ခြေစိုက် တပ်မ (၃၃) ဘက်တံဆိပ် တပ်ထားတဲ့ စစ်ကောင်စီတပ်သား ၇ ဦးရဲ့ အလောင်းနဲ့ လက်နက်ငယ်တွေအပါဝင် ၆၀ မမ ဗုံးသီးတွေနဲ့ ကျည်ဆံတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်....https://m.facebook.com/story.php?story_fbid=pfbid0RF79HJKdYfFhCRvqxZaC9x41fCxbrtnfATJXXK8cus2mfDouvmqpfmmtqLKDSpn1l&id=100093817417734&mibextid=Nif5oz

မုံရွာ နမခခြံကနေ ဘုတလင်ဘက် လုယက်အကြမ်းဖက်ဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ နှစ်ဖက် အကျအဆုံးရှိပြီး စစ်အုပ်စုရဲ့ ခဲယမ်းနဲ့ ခိ
မုံရွာ နမခခြံကနေ ဘုတလင်ဘက် လုယက်အကြမ်းဖက်ဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ နှစ်ဖက် အကျအဆုံးရှိပြီး စစ်အုပ်စုရဲ့ ခဲယမ်းနဲ့ ခိုးရာပါ ပစ္စည်းတချို့ သိမ်းဆည်းရရှိ အောက်တိုဘာ၊ ၂၈ ရက် စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာချုပ် - နမခ ခြံဝင်းကနေ ဘုတလင်နယ်ဘက် လုယက် အကြမ်းဖက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ ဇီးတောရွာအနီးမှာ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ မုံရွာခရိုင် PDF အမှတ် (၁၃)တပ်ရင်း - အောင်ဆန်းမျိုးဆက်အဖွဲ့က ပြောပါတယ်။ နမခ ခြံထဲက ထွက်လာတဲ့ အင်အား(၃၀)ပါ စစ်အုပ်စုကို မနေ့ အောက်တိုဘာ(၂၇)ရက် မနက်(၇)နာရီအချိန် ဘုတလင်နယ် ဇီးတောရွာ အနောက်ဘက်အရောက် အောင်ဆန်းမျိုးဆက်တပ်ဖွဲ့၊ ဘုတလင်မြို့နယ်က ကျောင်းသားလက်ရုံး တပ်တော်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့က တပ်စိပ်မှူး... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid0DiJazAKpD9j6jis8UDkBhrMZkJuh79MicxwnLSdXKLothsYuRmZagGisD3r5f1C1l&id=100093817417734&mibextid=Nif5oz

အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေမရကြ အောက်တိုဘာ၊ ၂၈ ရက် အကျဉ်းသားအားလုံ
အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေမရကြ အောက်တိုဘာ၊ ၂၈ ရက် အကျဉ်းသားအားလုံး ထောင်ဝင်စာတွေ့ခွင့်ရပြီလို့ စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေ မရကြဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ ရက်မှာပဲ ပဲခူးတိုင်းအတွင်းက အကျဉ်းထောင်တခုမှာ အကျဉ်းကျနေတဲ့ NLD အစိုးရဝန်ကြီးဟောင်းတဦးကို သွားတွေ့ရာမှာ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။ "သူတို့ လုပ်ချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့စေချင်လို့ အားလုံးကိုသိမ်ကျုံးပြီး မတွေ့ခိုင်းတာလို့မြင်တယ်။”လို့ NLD အစိုးရဝန်ကြီးဟောင်းတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားအားလုံးနီးပါး မိသားစုနဲ့ လွတ်လပ်စွာ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid031aDwft7NJngeX2tzkxvUX8MMcSdNPcRfDs32NHpSVBPbueqoh8jWKmGZUo3YBAQ6l&id=100093817417734&mibextid=Nif5oz

ရှမ်းပြည်နယ်အထူးဒေသ (၁) ကိုးကန့်မှာ MNDAA က စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖွဲ့စည်း အောက်တိုဘာ၊ ၂၈ ရက် ရ
+2
ရှမ်းပြည်နယ်အထူးဒေသ (၁) ကိုးကန့်မှာ MNDAA က စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖွဲ့စည်း အောက်တိုဘာ၊ ၂၈ ရက် ရှမ်းပြည်နယ်အထူးဒေသ (၁) ကိုးကန့်မှာ မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှ ရေးပါတီ/ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) က စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်ရေးအုပ်ချုပ်မှု ကော်မတီကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သားနဲ့ ရဲများ လက်နက်ချကာ MNTJP/MNDAA ရှိရာနေရာသို့ လာရောက်အလင်းဝင်ရမှာဖြစ်ပြီး အလင်းဝင်လာသူတွေကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကာ ခေါင်းမာဆန့်ကျင်နေသူများကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ရုံးနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနဲ့... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid0CKhxUbL95AXTdjTUcXG3kRDcT1pZ4oCQqpXsfjBCPPmSmCMGTUCHS96QcqAWNZTSl&id=100093817417734&mibextid=Nif5oz

လောက်ကိုင်မှာ စစ်ရေးတင်းမာနေတာကြောင့် ဆိုင်တွေအကုန်လုံးနီးပါးပိတ်ထား၊ ကုန်စျေးနှုန်းမြင့်တက်နေ အောက်တိုဘာ၊ ၂၈ ရက် လောက်ကိုင်မ
+3
လောက်ကိုင်မှာ စစ်ရေးတင်းမာနေတာကြောင့် ဆိုင်တွေအကုန်လုံးနီးပါးပိတ်ထား၊ ကုန်စျေးနှုန်းမြင့်တက်နေ အောက်တိုဘာ၊ ၂၈ ရက် လောက်ကိုင်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား စစ်ရေးတင်းမာနေတာကြောင့် မြို့ထဲ ဆိုင်တွေအကုန်လုံးပိတ်ထားရပြီး ကုန်စျေးနှုန်းတွေလည်း တစ်ဆကျော် မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ကိုအစွဲပြုပြီး အမည်ပေးထားတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်မတော် (MADAA) နဲ့ ရခိုင့်တော် (AA) တို့ရဲ့ (၁၀၂၇) စစ်ဆင်ရေးဟာ ရှမ်းမြောက်ရှိ စစ်ကောင်စီ အခြေချစခန်းတွေကို တချိန်တည်း ဝင်တိုက်ခဲ့ပါတာဖြစ်ပါတယ်။ စစ်ဆင်ရေး ပထမရက်မှာဘဲ ကိုးကန့်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ရွှေဟော်မြို့ရှိ စစ်ကောင်စီရဲ့ ဖောင်ဆိပ်စခန်းနဲ့ ရာဘာတောဗျူဟာကုန်းစခန်းကို ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ပြီ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02EiBcy7o6yZYVTUKwocn67cSwJYeTiMTuFb5mEL9NbJTYbdSUza3weqwuyso68aBAl&id=100093817417734&mibextid=Nif5oz

လားရှိုးမြို့ မန်ဆူဘုရားကျောင်းမှာ တိုက်ပွဲရှောင် ၂ ထောင်ကျော် ရောက်ရှိနေ၊လက်နက်ကြီးသံကြောင့် အဘွားအိုတစ်ဦး လန့်ပြီးသေဆုံး အေ
+3
လားရှိုးမြို့ မန်ဆူဘုရားကျောင်းမှာ တိုက်ပွဲရှောင် ၂ ထောင်ကျော် ရောက်ရှိနေ၊လက်နက်ကြီးသံကြောင့် အဘွားအိုတစ်ဦး လန့်ပြီးသေဆုံး အောက်တိုဘာ၊ ၂၈ ရက် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့အောက်တိုဘာ ၂၇ ရက်က မန်ဆူဘုရားကျောင်းမှာ တိုက်ပွဲရှောင် ၂ ထောင်ကျော် ရောက်ရှိလာနေတယ်လို့ သိရပါတယ်။ အဆိုပါ ရောက်ရှိထားတဲ့ တိုက်ပွဲရှောင်တွေဟာ လားရှိုး - မိုင်းယော် လမ်းဘက်ရှိ မန်မွမ်း၊ ကုန်ဆာနဲ့ မက်ချီနု နဲ့ အခြားကျေးရွာခံတွေ ဖြစ်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ "တိုက်ပွဲရှောင်တွေက မနေ့ကတည်းက ရောက်ရှိလာတယ်။ မနေ့က ပရဟိတအသင်းတွေ သွားကြိုတာနှစ်ထောင်လောက်ရှိတယ်ပြောတယ်။ မနေ့တိုက်ပွဲက မိုင်းယော်လမ်းတပ်စခန်းမှာ ချကြတော့ လက်နက်ကြီးတွေက ကျေးရွာထဲ ကျရောက်တာတွေ ရှိတယ်"လို့ ပြောပါတယ်။ မနေ့ည ၁၁ နာရီချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ညီနောင်မဟာမိတ်အဖွဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ ရပ်ကွက်(၄)၊ (၅)... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02uH2RaAH1qodr5wJNyS7Bbm9drRgbSJi3pjUb5jP15mYwaFyQLMGMLWiehAcXdhEgl&id=100093817417734&mibextid=Nif5oz

စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို ညီနောင်မဟာမိတ်နဲ့ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည
+8
စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို ညီနောင်မဟာမိတ်နဲ့ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ အောက်တိုဘာ၊ ၂၇ ရက် ဒီနေ့ အောက်တိုဘာ ၂၇ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအများအပြားကို ညီနောင်မဟာမိတ်နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို ကိုးကန့်ဘက်က ထုတ်ပြန်ထားပါတယ်။ မနက် ၄ နာရီအချိန်မှာ ကိုးကန့်ဒေသ ချင်းရွှေဟော်နဲ့ လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး နာရီအပိုင်းအတွင်း ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်း ၇ နာရီ ၄၀မိနစ်မှာလည်း စစ်ကောင်စီလက်အောက်ခံ လုံထန်ပြည်သူ့စစ်စခန်းတစ်ခုကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ်... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02zybytQDiB7n7wP5fdAm1P6JVokSiUuetGP6HQMdW6xQhSrK3Khu6evwCaDeJv8ZSl&id=100093817417734&mibextid=Nif5oz

ကော့ကရိတ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်က အသေများပြီး အရှင်ဖမ်းမိသူတွေရှိ အောက်တိုဘာ၊ ၂၇ ရက် KNU/ KNLA ဦးဆောင်နေတဲ့ တော်လှန်ရေးပ
+2
ကော့ကရိတ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်က အသေများပြီး အရှင်ဖမ်းမိသူတွေရှိ အောက်တိုဘာ၊ ၂၇ ရက် KNU/ KNLA ဦးဆောင်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူများပြီး အရှင်ဖမ်းမိသူတွေလည်းရှိနေတယ်လို့ ကျားဖြူတပ်ခွဲ ၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်သတင်းကိုပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာစတင်ခဲ့တဲ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုကို သိမ်းပိုက်ထားပြီလို့လည်း ကျားဖြူတပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။ “သူတို့ဘက်က အခိုင်အမာတပ်စွဲထားတာကြောင့် စက်လက်၊ လက်နက်ကြီးမျိုးစုံနဲ့ ပြန်လည်ခုခံခဲ့ပြီး တပ်မ ၉၇ အမြောက်တပ်ကလည်း ၁၂၀ မမ၊ ၁၂၂ မမ၊ ၈၁ မမ တို့နဲ့ ပစ်ကူများရှိခဲ့ပါတယ်။ လေယာဉ်အကူကတော့ အရင်နေ့တွေကပဲရှိပါတယ်။ ဒီနေ့တော့မရှိပါဘူး။ သူတို့ဘက်က dead body ကျန်ရှိ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid0235hgmSZ1NBeMxop7FKH7ENkAcfcN5v1HrjoW2ZuCnSgmBGZnehsuvhntwUqwSJnFl&id=100093817417734&mibextid=Nif5oz

အာဏာသိမ်းမှု သုံးနှစ်နီးပါး ကြာမြင့်ချိန် မန္တလေးမှာ ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း စစ်အုပ်စု လိုက်အော် အောက်တိုဘာ၊ ၂၇ ရက် စစ်အ
အာဏာသိမ်းမှု သုံးနှစ်နီးပါး ကြာမြင့်ချိန် မန္တလေးမှာ ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း စစ်အုပ်စု လိုက်အော် အောက်တိုဘာ၊ ၂၇ ရက် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်း မြို့နယ်အများအပြားကို ညမထွက်ရအမိန့် ထုတ်ပြန်ကာ ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒီနေ့ အောက်တိုဘာ (၂၇)ရက်က စတင်ပြီး မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း မိုက်နဲ့လိုက်အော်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေက ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း မိုက်နဲ့ လိုက်အော်နေတာလို့ မြို့ခံတွေက ပြောပါတယ်။ "၂၆ ရက်နေ့ အမိန့်စာအရ ဒီအမိန့် ပြန်ပယ်ကြောင်း ရပ်ကွက်ရုံးက လိုက်အော်နေတာ"လို့ မြို့ခံတဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ညမထွက်ရအမိန့် ထုတ်ပြန်ကာ သူတို့ သတ်မှတ်ချိန်အတွင်း အပြင်ထွက် သွားလာသူတွေကို ဖမ်းဆီး၊ သတ်ဖြတ်... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02AjK9igHYQDckSsMRa6RdneVr2p3xXvrrRCeVRaD3Mb36foUBduUCVKELFTagk1VJl&id=100093817417734&mibextid=Nif5oz

မြန်မာနဲ့အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ စစ်ခေါင်းဆောင် ညဉ်းတွား အောက်တိုဘာ၊ ၂၇ ရက် မြန်မာနဲ့ အမ
မြန်မာနဲ့အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ စစ်ခေါင်းဆောင် ညဉ်းတွား အောက်တိုဘာ၊ ၂၇ ရက် မြန်မာနဲ့ အမေရိကန်က ရန်ဘက်နိုင်ငံတွေမဟုတ်ဘဲ ရန်သူသဖွယ်သဘောထားနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၆ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က အခုလို ပြောဆိုလိုက်တာပါ။ မြန်မာနဲ့အမေရိကန်ဟာ စစ်ဖြစ်ပွားဖူးတဲ့ ရန်ဘက်နိုင်ငံများလည်း မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူသဖွယ်သဘောထားခြင်းမှာကြီးမားတဲ့ နောက်ခံအကြောင်းတွေရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဟာ သမိုင်းအစဉ်အလာအရ ရင်းနှီးတဲ့နိုင်ငံတွေဖြစ်ပေမယ့် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်လို့ ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid021wrAwESuZPrTvgnncDMNqadQ7mc7ascPqgviLueV7sjRjdtnuT1p98ZhqZS5Ew6Al&id=100093817417734&mibextid=Nif5oz

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ထောင်တွင်းမှာ နိုင်ကျဉ်း ပထမဆုံး သေဆုံး
ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ထောင်တွင်းမှာ နိုင်ကျဉ်း ပထမဆုံး သေဆုံးမှုဖြစ် အောက်တိုဘာ၊ ၂၇ ရက် ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတစ်ဦး အမောဖောက်လို့ ဆေးရုံတင်ချိန် သေဆုံးသွားတယ်လို့ ထောင်နဲ့နီးစပ်သူနဲ့ ဆွေမျိုးတော်စပ်သူတွေဆီက သိရပါတယ်။ သေဆုံးသူက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာသား အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းဖြစ်ပါတယ်။ အခုသေဆုံးမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပထမဆုံးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဦးကျော်သိန်းဟာ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ အမောဖောက်လာလို့ ထောင်ဆေးခန်းမှာ ကုသနေရာကနေ ပြင်ပဆေးရုံကို ပို့ဆောင်နေချိန် သေဆုံးသွားတာလို့ ထောင်နဲ့နီးစပ်သူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ "ဆေးရုံကိုသွားတဲဲ့အချိန်လမ်းမှာ ဆုံးတာပါ။ ဆေးရုံရောက်တဲ့အချိန်... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02PotQgQg6rZUHoneCuwPFtGJQ5oPWuDd593TNw4Y5MqJKhypXB5aPxLuChCcPuzCol&id=100093817417734&mibextid=Nif5oz

ဧရာဝတီတိုင်းအတွင်းရှိ ရဲအရာရှိကြီးတွေက တော်လှန်ရေးအင်အားစုတွေကိုကြောက်လန့်ပြီး မိသားစုတွေကို နေရာရွှေ့ပြောင်းပေးနေ အောက်တိုဘာ
ဧရာဝတီတိုင်းအတွင်းရှိ ရဲအရာရှိကြီးတွေက တော်လှန်ရေးအင်အားစုတွေကိုကြောက်လန့်ပြီး မိသားစုတွေကို နေရာရွှေ့ပြောင်းပေးနေ အောက်တိုဘာ၊ ၂၇ ရက် ဧရာဝတီတိုင်းအတွင်းရှိ တိုင်း၊ခရိုင်အဆင့် ရဲအရာရှိကြီးတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းခံရမှာကို ထိတ်လန့်ကြောက်ရွံ့ပြီး မိသားစုတွေကို လျို့ဝှက်ပြောင်းရွှေ့မှုတွေ ပြုလုပ်နေကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူများထံက သိရပါတယ်။ တိုင်းနဲ့ ခရိုင်ရှိ ရဲမှူးကြီးအဆင့်မှ ဒုရဲမှူးအဆင့်ရှိသူ အရာရှိတွေက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းခံရမှာကို စိုးရိမ်တာကြောင့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး မိသားစုဝင်တွေကို နေပြည်တော်သို့ လျို့ဝှက်ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်တဲ့ ရဲသတင်းရင်းမြစ်များထံက သိရပါတယ်။ ”တိုင်း၊ခရိုင်အဆင့် ရဲမှူးကြီးကနေ ဒုရဲမှူးအထိ မိသားစုလိုက် PDF ရန်ကိုကြောက်လို့ နေပြည်တော်ပြောင်းပြေးကုန်ပြီ။ လျို့ဝှက်ပြီးတော့ ပြောင်းတာ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်..... https://m.facebook.com/story.php?story_fbid=pfbid0TpWG65X7soDfQYh7nLoLvBjrSmaGdSBcZ893tJWGbvjF6aB7Pas5Usbj7nXQYMBvl&id=100093817417734&mibextid=Nif5oz

၃ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ပြန်လည်ကျင်းပဖို့ စီစဉ်နေပြီး မီးပုံးပျံအဖွဲ့တွေကို ဖ
+2
၃ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ပြန်လည်ကျင်းပဖို့ စီစဉ်နေပြီး မီးပုံးပျံအဖွဲ့တွေကို ဖိအားပေးနေ အောက်တိုဘာ၊ ၂၇ ရက် ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက သိန်း ၁၀,၀၀၀ ကျော် အကုန်အကျခံပြီး ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ နီးစပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို COVID_19 ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရပြီး ဒီနှစ်မှာတော့ စစ်ကောင်စီက နိုင်ငံတော် တည်ငြိမ်အေးချမ်းနေကြောင်း နိုင်ငံတကာကို ဝါဒဖြန်ဖို့နဲ့ ယတြာချေဖို့ ပြန်ကျင်းပတာလို့ ဆိုပါတယ်။ မီးပုံးပျံအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ငြင်းထားတာပေါ့လေ။ ဘတ်ဂျက်မရှိဘူး ဘာညာနဲ့။ သူတို့ (စစ်ကောင်စီ)ဘက်ကလည်း ကုန်ကျစရိတ် အကုန်ပေးမယ်ပေါ့။ ငြင်းလို့လည်း မရဘူး။ ကျနော်တို့က ငြင်းလိုက်ရင် အန္တရာယ်ရှိတယ်။ နောက်နှစ်တွေလည်း... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid0mYVxRnqgcq6bgfaaQwHvqagvgZyFZKAAoB3ojBfc232AWi1fC3dQH3pmH1Qgyccul&id=100093817417734&mibextid=Nif5oz

ကော့ကရိတ်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့ရုံးတွေကို KNLA ဒီကနေ့ ၀င်ရောက်တိုက်ခိုက်၊ တိုက်ပွဲ ပြင်းထန်နေ အောက်တိုဘာ၊ ၂၇ ရက် ကရင်
+5
ကော့ကရိတ်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့ရုံးတွေကို KNLA ဒီကနေ့ ၀င်ရောက်တိုက်ခိုက်၊ တိုက်ပွဲ ပြင်းထန်နေ အောက်တိုဘာ၊ ၂၇ ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်ကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၇ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တံတားဦး၊ တောင်ကြာအင်းနဲ့ ရုံးနေရာတွေမှာ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည် ပစ်ခတ်နေတာပါ။ “အခြေအနေက မကောင်းဘူးရော။ လက်ရှိအချိန်ထိ လက်နက်ကြီးလည်းထု၊ မြို့ခံတချို့ ဒဏ်ရာရနေကြတာ ရှိတယ်။ အိမ်တွေလည်း ထိခိုက်မှု ရှိနေတယ်”လို့ ကော့ကရိတ် ဒေသခံတစ်ဦးက ဆိုပါတယ်။ ဒီနေ့မနက်ပိုင်း တိုက်ပွဲအတွင်း ခလရ (၉၇) အနောက်ဘက်မှာရှိတဲ့ စစ်ကေင်စီလက်အောက်ခံ ရဲရုံးနဲ့... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02WDkHhFuc7izmRaURjQrEKDPfccmyghv664FdkXpvuCnRqJ6MqFiUE3qpYThVCeWzl&id=100093817417734&mibextid=Nif5oz

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ နမ့်ဖက်ကာကို စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်
+6
တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ နမ့်ဖက်ကာကို စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ အောက်တိုဘာ၊ ၂၇ ရက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် နမ့်ဖက်ကာ ရပ်ကွက်(၄)က ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၇ နာရီဝန်းကျင်အချိန်မှာ နမ့်ဖက်ကာမှာ အခြေချတဲ့ စစ်ကောင်စီ(၁၂၃)တပ်က ပစ်ခိုက်လိုက်တဲ့ လက်နက်ကြီးက နမ့်ဖက်ကာ ရပ်ကွက်(၄)ထဲ လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲလို့ အသက်(၇)နှစ်အရွယ် မထုက နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပြီး နန်ဘောက်(၃၀နှစ်)ကတော့ ပြင်းထန်ဒဏ်ရာနဲ့ နမ့်ဖက်ကာဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ နမ့်ဖက်ကာမှ ဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့ ဘာသတင်းရလဲတော့ မသိဘူး။ လက်နက်ကြီးတွေ‌ ဆက်တိုက်ပစ်တာ။ ရပ်ကွက်ထဲမှာ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid028kCvF4o5uG7rMX3Uj5ZhvuwMmac3uKeK8HFfawc5cmVDeuU41QcxcwatsgqGeMhal&id=100093817417734&mibextid=Nif5oz

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရဲတပ်ကြပ်တစ်ဦး KNU နဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံ အောက်တိုဘာ၊ ၂၇ ရက် ကမ်းရိုးတန်းဒေသတိ
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရဲတပ်ကြပ်တစ်ဦး KNU နဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံ အောက်တိုဘာ၊ ၂၇ ရက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် စကခ- ၂၀ အောက်ရှိ ခမရ ၄၃၂ တပ်မှ တပ်သားငါးဦး စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ - ၉၁၈) မှ တပ်ကြပ်ကြီး တစ်ဦးနဲ့ ရဲတပ်ကြပ်တဦးတို့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြောင်း သတင်းရရှိပါတယ်။ အဆိုပါ ၇ ဦးတို့ဟာ KNU တပ်မဟာ ၆ နယ်မြေမှာ လှုပ်ရှားနေတဲ့ စအရ ၉၁၈ မှ တပ်ကြပ် ဇေယျာအောင်၊ ခမရ-၄၃၂ မှ တပ်သား သန့်ဇင်ဦး၊ တပ်သား ကောင်းသီဟ၊ တပ်သား ချစ်ပို၊ တပ်သား စံဖြိုး၊ တပ်သား ဝဏ္ဏကျော်နဲ့ ရဲတပ်ကြပ် ထွန်းထွန်းကျော်တို့ ဖြစ်ကြပါတယ်။ “မင်းအောင်လှိုင်စစ်တပ်ကြီး ဘာဖြစ်နေလဲပြောလို့ရှိရင် ဖွဲ့စည်းပုံပျက်နေပြီလို့ပြောလို့ရတယ်။ ဖွဲ့စည်းပုံပျက်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ အလံခုံနဲ့ အလံပဲကျန်လိမ့်မယ်။ နောက်ပိုင်းဆို ဒီထက်ဆိုးလာမယ် တပ်ထဲမှာ... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid02otgdKJ6UsAnBm2dmdKjj4JSEPrkJZXdWzasJ7XNCTxUZtFtPGqpV6BmVP6t3DYK7l&id=100093817417734&mibextid=Nif5oz

စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရပြီး ထွက်ပြေးလာတဲ့ လူငယ်သုံးဦးကို PDF က ဖမ်းမိ၊ အသက်(၁၃)၊ (၁၇)နဲ့(၂၃)နှစ်အရွယ် လူငယ်သုံးဦးကို စစ်အုပ
စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရပြီး ထွက်ပြေးလာတဲ့ လူငယ်သုံးဦးကို PDF က ဖမ်းမိ၊ အသက်(၁၃)၊ (၁၇)နဲ့(၂၃)နှစ်အရွယ် လူငယ်သုံးဦးကို စစ်အုပ်စုက ကလေးစစ်သားအဖြစ် အသုံးပြု အောက်တိုဘာ၊ ၂၇ ရက် စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ကလးစစ်သားအဖြစ် ခိုင်းစေခံနေရချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာတဲ့ လူငယ်သုံးဦးကို မနေ့ အောက်တိုဘာ (၂၆)ရက်က စစ်ကိုင်းမြို့နယ်တနေရာမှာ ဖမ်းမိတယ်လို့ People Servant Force - PSF တပ်ဖွဲ့က MFP ကို ပြောပါတယ်။ တပ်အပြောင်းအရွှေ့လုပ်ချိန် ထွက်ပြေးလာတဲ့ အသက်(၁၃)နှစ်အရွယ် မောင်သီဟကျော်၊ (၁၇)နှစ်အရွယ် မောင်ဝေဟိန်းသစ်နဲ့ (၂၃)နှစ်အရွယ် မောင်အောင်အောင်ကျော်တို့ကို PSF ရဲဘော်တွေက ဖမ်းမိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာဌာနကို လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ လူငယ်သုံးဦးဟာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် လားရှိုးမြို့ အမှတ်(၁) စစ်သားစုဆောင်းရေးတပ်မှာ ကလေးစစ်သားအဖြစ် ခိုင်းစေခံခဲ့ရကြောင်း၊ အဲ့ဒီနောက် လားရှိုးကတဆင့်... သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်.....https://m.facebook.com/story.php?story_fbid=pfbid0ELfpbBNZgCjaEi5KLMheS46NS9L6s5WvkfeP6BCmGLdY73acs29Vd4gLMyvaeuAFl&id=100093817417734&mibextid=Nif5oz