fa
Feedback
Snow Queen🇲🇲🇲🇲🇲🇲

Snow Queen🇲🇲🇲🇲🇲🇲

رفتن به کانال در Telegram

သတင်းစုံတွေဖတ်ရှုနိုင်ဖို့ #SQ🇲🇲ကို Joinထားကြပါစို့။

نمایش بیشتر

📈 تحلیل کانال تلگرام Snow Queen🇲🇲🇲🇲🇲🇲

کانال Snow Queen🇲🇲🇲🇲🇲🇲 (@snowqueen023) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 53 541 مشترک است و جایگاه 4 886 را در دسته اخبار و رسانه‌ها و رتبه 2 661 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 53 541 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 28 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -923 و در ۲۴ ساعت گذشته برابر -43 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 9.07% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 7.53% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 4 862 بازدید دریافت می‌کند. در اولین روز معمولاً 4 037 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 93 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
သတင်းစုံတွေဖတ်ရှုနိုင်ဖို့ #SQ🇲🇲ကို Joinထားကြပါစို့။

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 29 اوت, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

53 541
مشترکین
-4324 ساعت
-2057 روز
-92330 روز
آرشیو پست ها
Aug-29 ▪️ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။

Aug-29 ▪️မန္တလေး-မြစ်ကြီးနားခရီးစဥ်တဲ့ ခရီးသွားပြည်သူတွေကို နှိပ်စက်ဒုက္ခပေးတဲ့နေရာမှာတော့ Pdf တွေတင်မကဘူး၊Pdf တွေရဲ့ မယားငယ်
Aug-29 ▪️မန္တလေး-မြစ်ကြီးနားခရီးစဥ်တဲ့ ခရီးသွားပြည်သူတွေကို နှိပ်စက်ဒုက္ခပေးတဲ့နေရာမှာတော့ Pdf တွေတင်မကဘူး၊Pdf တွေရဲ့ မယားငယ်တွေဖွင့်ထားတဲ့ဆိုင်တွေကပါ စျေးကြီးယူပြီး ရောင်းလို့ဝမှ လွှတ်ပေးသတဲ့။

Aug-29 ▪️မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၈-၂၀၂၆ ရက်နေ့ ၀၈:၀၀နာရီတွင် ရေကြီးခြင်းသတိပေးချက်သတင်းကို အောက်ပါအတိုင်း
Aug-29 ▪️မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၈-၂၀၂၆ ရက်နေ့ ၀၈:၀၀နာရီတွင် ရေကြီးခြင်းသတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

Aug-29 ▪️ရေကြီးမှုအခြေအနေသတင်း  (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)    ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၁ ပေ ၇ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ၆ လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်‌အထက် ၂ ပေ ၇ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ #TTM

Aug-29 ▪️PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မှ  အဖွဲ့ဝင် အမျိုးသား ၁၃၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၀ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် #Truth Waves

မော်လမြိုင်ဓားပြမှု သိန်းငါးသောင်းလောက် ပါသွား၊ သမ္မတရုံးက ဗိုလ်ချုပ်ဆိုတဲ့ လူလိမ်နှစ်ဦး အချုပ်ထဲရောက်၊ မန္တလေးက တက်သွားတဲ့သင်္ဘောတွေ ရွှေကူကိုရောက်ပြီ၊ လိင်တူစာအုပ်ဖြန့်ဝေသူတွေကို အစိုးရတားမြစ်၊ မြန်မာပိုင် ဘတ်သန်း(၁၅၀) နီးပါး ကုန်ပစ္စည်းတွေ သိမ်းဆည်းခံရ (၂၈-ဝ၈-၂ဝ၂၆) လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)

Repost from Min Htet Kyaw Zaw
မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ၂၀၂၇ မှာ စတင်နိုင်ဖွယ်ရှိ သြဂုတ် ၂၉ - ၂၀၂၆ ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom ဟာ ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ အခြေခံ အင်ဂျင်နီယာဆိုင်ရာ တိုင်းတာစစ်ဆေးမှုတွေ အတွက် စာချုပ်ချုပ်ဆိုဖို့ မျှော်လင့်ထားပြီး၊ မြေပြင် တည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ ၂၀၂၇ မှာ စတင်တော့မှာဖြစ်ပါတယ်။ Rosatom ရဲ့ ကုမ္ပဏီ အတွင်း ထုတ်ဝေတဲ့ Strana Rosatom မှာ ဒီအကြောင်း ဖေါ်ပြထားတာ ဖြစ်ပြီး နောက်ဆုံး အခြေအနေကို ညွှန်ကြားရေးမှူးချုပ် Alexei Likhachev က "တိုးတက်မှု နှုန်းထား ဆိုတာ ကျွန်တော်တို့ တဦးတည်း အပေါ်မှာတင် မကဘဲ ဝယ်ယူသူတွေ အပေါ်မှာလည်း မူတည်ပါတယ်... ကျွန်တော်တို့ အနေနဲ့ အစိုးရချင်း သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်သလို၊ အခုဆိုရင် ဘက်စုံ ပါဝင်တဲ့ စာချုပ်ဆိုင်ရာ မူဘောင်တခုကိုလည်း ရရှိထားပြီဖြစ်လို့ တည်ဆောက်ရေး နေရာကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံအားဖြင့် တည်ဆောက်ရေး လုပ်ငန်းတွေ စတင်တော့မယ့် သဘောပါပဲ" လို့ သူက ဆက်လက် ပြောကြားခဲ့ ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ တရားဝင်ခရီးစဉ် အတွင်း ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်မှာ မြန်မာနိုင်ငံမှာ အသေးစာ နျူကလီးယားဓာတ်ပေါင်းဖို SMR နှစ်ခုပါဝင်ပြီး ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမယ့် စီမံကိန်း ပါဝင်ကာ၊ နောက်ပိုင်းမှာ ဓာတ်ပေါင်းဖိုတွေ ထပ်မံတိုးချဲ့ပြီး ၃၃၀ မဂ္ဂါဝပ် ပမာဏ အထိ တိုးမြှင့်သွားနိုင်ခြေလည်း ရှိနေ ပါတယ်။ အစီအစဉ်အရ နျူကလီးယား ရေခဲခွဲ သင်္ဘောတွေမှာ သုံးစွဲနေတဲ့ RITM-200 ပုံစံကို အခြေခံ မွမ်းမံထားပြီး တခုစီကို မဂ္ဂါဝပ် ၅၅ ထွက်ရှိမယ့် RITM-200N ဖိအားမြင့် ရေနွေးငွေ့သုံး ဓာတ်ပေါင်းဖို တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လက်ရှိမှာ ကုန်းမြေအခြေစိုက် SMR စက်ရုံတရုံကို တည်ဆောက် နေဆဲဖြစ်ပြီး ပင်လယ်ရေကြောင်း အခြေစိုက် SMR တရုံကိုလည်း လည်ပတ်ထားပြီးဖြစ်ပါတယ်။ ရုရှား အနေနဲ့ ဒါကို ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်မယ့် အလားအလာ ကြီးမားတယ်လို့ ရှုမြင်ထားပြီး၊ ဒီနှစ်စော စောပိုင်းကပဲ ဥဇဘက်ကစ္စတန်နိုင်ငံမှာရှိတဲ့ ရုရှား SMR စက်ရုံ နှစ်ခုထဲက  ပထမဆုံး စက်ရုံ တည်ဆောက်မယ့် နေရာမှာ ပထမဆုံး အုတ်မြစ်ချ အခမ်း အနားကို ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ Ref: WNN https://t.me/minhtetkyawzaw

Repost from Min Htet Kyaw Zaw
photo content

Aug-29 ▪️မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင
+6
Aug-29 ▪️မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား =============================== မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Aug-29 ▪️နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ လားရှိုး    ဩဂုတ်   ၂၈ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့နယ်၊ မန်လီရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူ များ၊ အရာရှိ/စစ်သည်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန် များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြု ပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရှေ့တန်းပြန်အရာရှိ/စစ်သည်များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

photo content
+9

Aug-29 ဩ-၂၉ ▪️မနေ့ကသြ(၂၈)မနက်ပိုင်း နဘူးတပ် နောက်ပိတ်(..၇)ကို နန့်ကော်တေးရွာ ခရစ်ယာန်စုကနေ နောင်တပွဲရွာ လာတဲ့တောလမ်း.ကနေရှေ့တိုက်ဒုံး(၂)လုံးနဲ့ ပဒက်တွေလာပစ်တယ် ပစ်တဲ့(၂)လုံးက ထန်းပင်ကုန်းရွာအကျော် လယ်ကွင်းထဲကျကွဲသွားတယ် တပ်ရင်းအနားတောင်မရောက်ဘူး.တာဝန်အရပစ်တယ်ထင်ပါတယ် နောင်ထပ္ပံရွာမှာရှိတဲ့ စက က ဒရုံးနဲ့သမတာညံနေရောဘဲ အဲ့ဒိပဒက်တွေ ရွာတွေက ရွာသားတွေ စစ်ဘေးရှောင်နဘူး ဘက်ချန်းလာနေတော့ လူမရှိ စိတ်ကြိုက်ဝင်ထွက်ခိုအောင်းနေကြတာ နဘူးပတိဝန်းကျင်ခိုကပ်နေတာပေါ့ ရိက္ခာ ဆေးဝါးနဘူးရွာမှာအကုန်ဝယ်လို့ရနေတယ်လေ ခက်တာက တပ် စကတွေကလည်း နဘူးကို ပိတ်ဆို့ချင်ပေမဲ့ KNLA/Pc(ငြိမ်းချမ်းရေး)ကောင်စီရှိနေလေတော့ ချင့်ချိန်နေရတဲ့ အနေအထားဖြစ်နေတယ်လေ စစ်သစ္စာကရင်ပြည်နယ်🇲🇲

Aug-29 ▪️မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၆၀/၂၀၂၆) ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက် ၁။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့်လည်းကောင်း ယနေ့နံနက်မှ ၂-၉-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ၂။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက် ၃။ သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့် လည်းကောင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ မိုး/ဇလ #News #Myanmar

- ဗုဒ္ဓစက္ခုံ .. တစ်ကိုယ်လုံးခြုံ .. လုံပါစေဘုရား ။ ဓမ္မစက္ခုံ တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။ သံဃစက္ခုံ တစ်ကိုယ်လုံးခြုံ လုံ
- ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။ ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။ သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။ ဦးခေါင်းထက်၌ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊ ညာပုခုံးထက်၌ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊ ဘယ်ပုခုံးထက်၌ အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊ ရင်ထက်၌ ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ ကျောပြင်၌ လောကပါလနတ် မြတ်တို့သည်လည်းကောင်း ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။ 🙏🙏🙏

Aug-28 ▪️တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသ
+9
Aug-28 ▪️တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအားသွားရောက်ကြည်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် - ၂၈

Aug-28 ▪️နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြော
+1
Aug-28 ▪️နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ နေပြည်တော်၊ ဩဂုတ် ၂၈ နီပေါနိုင်ငံ ရာဆူဝါခရိုင် (Rasuwa) နှင့် အနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နီပေါဝန်ကြီးချုပ် မစ္စတာ ဘလန်ဒရာ ရှား (Balendra Shah) ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နီပေါဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ အထူးသဖြင့် ခက်ခဲသည့်အချိန်ကို ဖြတ်သန်းနေရသည့် ကျန်ရစ်သူမိသားစုများထံ စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများမှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါသည်။ #SN

ညောင်လေးပင်မြို့နယ် ဂိတ်တွေ၊စခန်းတွေဘာဖြစ်နေကြတုန်း။ယာဘဆေးစွဲမူးယစ်ဆေးစွဲတွေချည်းဖြစ်နေပြီ။တပ်၊ရဲ၊ပြည်သူ့စစ်တွေဆေးစစ်ပြီးအကုန်ထောင်ချဖြုတ်ထုတ်သတ်လုပ်သင့်နေပြီ အဟစ်ဟစ်ဖြစ်ကုန်ပြီ။ ထရုမီဒီယာ .👉👉 https://t.me/Snowqueen1111233 GpJoin👉👉https://t.me/+5k3A3laHdx8zZGFl ဒီမှာသတင်းပေးပါ👉👉 @KKM2864097