cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Barcaholics & Messiholics Myanmar

Barcaholics နှင့် Messiholics မှ video များ

نمایش بیشتر
پست‌های تبلیغاتی
2 073
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
+50430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Leo Messi ရဲ့ ချီလီကိုအနိုင်ရရှိခဲ့တဲ့ပွဲအပြီးပြောစကား " ကျွန်တော်လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက လည်ချောင်းနာပြီး ဖျားနေခဲ့တာပါ။ ဒါကကျွန်တော့်အပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ ပွဲအတွင်းရခဲ့တဲ့ဒဏ်ရာကတော့ ဒဏ်ရာဟောင်းရော ဒဏ်ရာသစ်ရောမဟုတ်ပါဘူး။ ကြွက်သားဒဏ်ဖြစ်ခဲ့ရုံပါပဲ။ ကျွန်တော်တို့စစ်ဆေးပြီးမှသိရပါမယ်။ " " ပတမပိုင်းမှာထိခိုက်မိထဲက ကျွန်တော့်ပေါင်ကြွက်သားထဲမှာထူးဆန်းမှုတစ်ခုခံစားခဲ့ရတာပါ။ အရမ်းကြီးတော့မနာပါဘူး။ ဒါပင်မယ့်လည်း အဲ့တာကကျွန်တော်လွတ်လွတ်လပ်လပ်ကစားဖို့ ခက်ခဲစေခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲကြီးမျိုးတွေမှာ ကစားသမားတစ်ယောက်ကကစားဖို့ မဖြစ်နိုင်သေးဘူးဆိုရင် နောက်တစ်ယောက်ကိုတနည်းနည်းနဲ့အစားထိုးရမှာပါ။ အခုကဒီလိုသဘောမျိုးပါပဲ။ (ပီရူးနဲ့ပွဲမှာဝင်ကစားဖို့ခက်မယ်ပြောတာပါ) ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နည်းနည်းစိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ဒါပင်မယ့်လည်း ကျွန်တော်သက်သာဖို့ကြိုးစားမှာဖြစ်ပြီး၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတာမျိုးမဟုတ်ဖို့မျှော်လင့်ပါတယ်။ " လို့ လီယိုကပွဲအတွင်းရရှိခဲ့တဲ့ဒဏ်ရာအကြောင်း သတင်းထောက်တွေကိုဖြေကြားခဲ့ပါတယ်။ နည်းပြစကာလိုနီကလည်း " လီယိုဘယ်လိုခံစားနေရလည်းဆိုတာ ကျွန်တော်သေချာမမေးရသေးပါဘူး။ သူနဲ့တွေ့ဆုံပီး စစ်ဆေးမှုတွေပြုလုပ်သွားရမှာပါ။ " လို့ပြောကြားထားပါတယ်။ အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်တက်ခဲ့ပီမလို့ လီယို့စကားကြောင့်ရော၊ သတင်းထောက် Gaston Idol ရဲ့ပြောကြားချက်အရပါ လီယို့အနေနဲ့ ပီရူးနဲ့ပွဲမှာပါဝင်ကစားနိုင်ဖွယ်မရှိပါဘူး။ #KS
نمایش همه...
20👍 1
Photo unavailableShow in Telegram
13
Full Time ( Chile 0-1 Argentina ) Lautaro Martinez⚽️ အသင်းခေါင်းဆောင်လီယိုရဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုဒုတိယပွဲစဥ်အဖြစ်ကစားတဲ့ ချီလီနဲ့ပွဲမှာတော့ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဥ်တောက်လျောက် ပြိုင်ဘက်ရဲ့ 442 Shape နဲ့ လူကပ်ကစားပုံတွေကြားမှာ ကစားကွက်ပုံဖော်ဖို့အတော်လေးခက်ခဲ့ပြီး၊ လီယို့ရဲ့တစ်ကိုယ်တော်ဆွဲပြေးမှုတွေ၊ တောင်ပံတွေကအတိုးအလုပ်တစ်ချို့နဲ့သာတိုက်စစ်အတွက်အမှီသဟဲပြုခဲ့ရပါတယ်။ Build up လုပ်ဖို့ခက်နေတဲ့ကြားက ကွင်းလည်က အန်ဇိုနဲ့ ဒီပေါ်လ်တို့အနေနဲ့လည်း မလိုလားအပ်ပဲပြာနေပြီး ဆုံးဖြတ်ချက်အမှားတွေမကြာခနတွေ့ခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ ကွင်းလည်နဲ့တိုက်စစ်ကြားကအချိတ်အဆက်အတော်လေးရှားခဲ့ပြီး၊ ပွဲပြီးကာနီးမှ လီယိုရဲ့ဒေါင့်ကန်ဘောကနေပြန်ကျလာတဲ့ဘောလုံးကို လူစားဝင်ကစားသမား လော်တာရိုမာတီးနက်စ်ပိတ်သွင်းခဲ့လို့သာ အဖိုးတန်အနိုင်ဂိုးရခဲ့တာပါ။ လီယို့အနေနဲ့ ကနေဒါနဲ့ကစားခဲ့တဲ့အဖွင့်ပွဲကထက် တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းကိုပြသနိုင်ခဲ့ပြီး နောက်ခံလူ သုံးလေးယောက်ကြားက အတိုးအလုပ်တွေ၊ တစ်ကိုယ်တော်ဆွဲပြေးမှုတစ်ချို့နဲ့ကြည့်လို့ကောင်းခဲ့ပါတယ်။ ဧရိယာထိပ်ကနေကန်ခဲ့တဲ့တိုင်ထိခဲ့တဲ့အလုံးအပြင်၊ အပိုင်အခွင့်အရေးတစ်ချို့ဖန်တီးခဲ့ပင်မည့် အသင်းဖော်တွေအသုံးမချနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေပိုမရခဲ့တာပါ။ နည်းပြ စကာလိုနီအနေနဲ့ ကွာတာဖိုင်နယ်ကိုတက်ရောက်သွားပီဖြစ်လို့ ပီရူးနဲ့အုပ်စုနောက်ဆုံးပွဲမှာ ကစားပုံပြောင်းလဲစမ်းသပ်သင့်ပြီး၊ ပွဲတိုင်းလိုလို ပြိုင်ဘက်တွေရဲ့ အာဂျင်တီးနားနဲ့တွေ့တိုင်းပုံစံပြောင်းကစားနေမှုတွေကို ပြန်လည် Counter ဖို့အဖြေရှာသင့်တယ် ထင်ပါတယ်ဗျ။ #KS
نمایش همه...
15👍 2
Photo unavailableShow in Telegram
Half Time ( Chile 0-0 Argentina ) အာဂျင်တီးနားအနေနဲ့ ချီလီနဲ့ကစားတဲ့ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဥ်ရဲ့ ပထမပိုင်းကိုတော့ ဂိုးမရှိသရေသာကစားထားပါတယ်။ ပွဲအစပိုင်းမှာ ချီလီရဲ့ ရှိန်မနေပဲ သူထင်ကိုထင်ကစားခဲ့မှုကြောင့် Build up လုပ်ဖို့ပါအတော်လေးခက်ခဲခဲ့တာတွေ့ရပါတယ်။ လီယိုပြောသလိုပဲ ယခုနောက်ပိုင်းပွဲတွေမှာ အာဂျင်တီးနားနဲ့တွေ့ရင်ပြိုင်ဘက်တွေရဲ့ကစားကွက်ချိန်းဆော့မှုတွေကြောင့်နေရာလွတ်နည်းပါးနေတာကိုလည်း ယနေ့ပွဲမှာထပ်ပြီးတွေ့ရပါတယ်။ ချီလီရဲ့ ကျဥ်းမြောင်းလှတဲ့ defensive shape ကြောင့် တောင်ပံမှာတော့နေရာလွတ်တစ်ချို့ရှိပြီး၊ တိုက်စစ်အတွက်ပိုအလုပ်ဖြစ်စေပါတယ်။ လီယိုရဲ့လှပတဲ့အတိုးအလုပ်တွေ တစ်ဦးချင်းဖြတ်ကျော်မှုတွေကိုပိုမြင်ရပြီး၊ ဧရိယာထိပ်ကနေကန်တဲ့အလုံးတိုင်ထိခဲ့တာကနှမြောစရာပါ။ ဒုတိယပိုင်းမှာတော့ လူစားလဲမှုတွေနဲ့အတူ ကွင်းလည်နဲ့တိုက်စစ်ကြားက အချိတ်အဆက်ပိုမိနိုင်မှ သွင်းဂိုးတွေမြန်မြန်ရနိုင်မယ်လို့ယူဆပါတယ်။ #KS
نمایش همه...
10🔥 1
Photo unavailableShow in Telegram
ချီလီနဲ့ Copa América အုပ်စုဒုတိယမြောက်ပွဲအတွက် အာဂျင်တီးနားအသင်းရဲ့ ပွဲထွက်လူစာရင်းပါ။ အဖွင့်ပွဲစဥ်က ဒီမာရီယာ၊ ပါရေးဒက်စ်၊ အကူညာတို့နေရာမှာ နီကိုဂွန်ဇာလက်၊ အန်ဇိုဖာနန်ဒက်နဲ့ တက်ကလီယာဖီဂိုတို့ ပါဝင်လာပါတယ်။ ပွဲစပါတော့မယ် ညီကိုတို့ ⭐️⭐️⭐️🇦🇷 #KS
نمایش همه...
7
- ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုတွင် မတူညီသော ( ၉ ) ရာသီ၌ ဂိုး ( ၃၀ ) အထက် သွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား - ဥရောပ လိဂ်တို့​၏ သမိုင်းတစ်လျှောက် လိဂ်သွင်းဂိုးအများဆုံး ကစားသမား ( ၄၉၆ ဂိုး ) - ချန်ပီယံလိဂ် သွင်းဂိုး ( ၁၀၀ ) ပြည့်ရန် ပွဲအနည်းဆုံး ကစားခဲ့သော ကစားသမား - ချန်ပီယံလိဂ် ဟက်ထရစ် အများဆုံး ကစားသမားနှစ်ဦးထဲမှ တစ်ဦး ( ၈ ကြိမ် ) - ချန်ပီယံလိဂ် ပွဲတစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၅ ဂိုး ) - ချန်ပီယံလိဂ် ကွာတာဖိုင်နယ်တစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၄ ဂိုး ) - ချန်ပီယံလိဂ် 16 ရှုံးထွက်တစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၆ ) ဂိုး - ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၂၉ ဂိုး ) - ချန်ပီယံလိဂ် ၁၈ ရာသီဆက် ဂိုးသွင်းယူနိုင်သော ကစားသမား ( ဘန်ဇီမာနှင့်တူ ) - ပြက္ခဒိန်နှစ် ( ၁၈ ) နှစ်ဆက် ချန်ပီယံလိဂ် သွင်းဂိုးရယူနိုင်သော ကစားသမား - ချန်ပီယံလိဂ် ( ၁၅ ) ရာသီဆက် ဂိုးသွင်းယူနိုင်သော ပထမဆုံး ကစားသမား - ချန်ပီယံလိဂ် အသင်းအရေအတွက် အများဆုံးကို ဂိုးသွင်းယူနိုင်သည့် ကစားသမား ( အသင်း ၄၀ ) - ဥရောပ လိဂ် ၅ ခု၌ ပြက္ခဒိန်တစ်နှစ် နှင့် တစ်ရာသီအတွင်း လိဂ်ဂိုးအများဆုံး သွင်းယူနိုင်သော ကစားသမား - UEFA Super Cup တွင် ဖရီးကစ်သွင်းဂိုး အများဆုံး ကစားသမား - FIFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မတူညီသော ဆယ်စုနှစ်သုံးခုမှာ ရရှိခဲ့သူ - Ballon d'Or ဆက်တိုက်ရရှိမှု အများဆုံး ကစားသမား ( ၄ ကြိမ် ) - Ballon d'or နောက်ဆုံး ဆန်ခါတင် သုံးဦး၌ ပါဝင်မှု အများဆုံးကစားသမား ( ၁၄ ကြိမ် ) - မတူညီသော ဆယ်စုနှစ်သုံးခုမှာ Ballon d'Or ရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမား - ပထမဆုံး နှင့် နောက်ဆုံး Ballon d'Or ရရှိသည့် ကာလအရှည်ကြာဆုံး ကစားသမား ( ၁၄ နှစ် ) - ပြက္ခဒိန်တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သူ ( ၉၁ ဂိုး ) - ပြက္ခဒိန်တစ်နှစ်အတွင်း ကလပ်အသင်းပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၇၉ ) ဂိုး - လိဂ်ပွဲစဉ် ( ၂၁ ) ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်သော ကစားသမား - ၃၃ ဂိုး ( အများဆုံး ) - ကလပ်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူခဲ့သူ ( ၆၇၂ ဂိုး ) - နိုင်ငံနှင့် ကလပ်အသင်းအတွက် မတူညီသော ပြက္ခဒိန်နှစ် ( ၉ ) နှစ်အတွင်း ဂိုး ( ၅၀ ) အထက် သွင်းယူနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား - ပြက္ခဒိန်တစ်နှစ် / ဘောလုံးတစ်ရာသီ အတွင်း မတူညီသော ပြိုင်ပွဲ ( ၆ ) ခု၌ ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမား ( ၂ ကြိမ် ) - ပြက္ခဒိန်တစ်နှစ်အတွင်း မတူညီသော ပြိုင်ပွဲ ( ၆ ) ခု၌ ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် တစ်ဦးတည်းသော ကစားသမား - ကမ္ဘာ့ဖလားရွှေဘောလုံးဆုရရှိခဲ့သည့် အသက်အကြီးဆုံး ကစားသမား - လာလီဂါသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ၊ ဂိုးဖန်တီးမှုအများဆုံး ၊ ဟက်ထရစ်အများဆုံး ၊ ဖရီးကစ်ဂိုးအများဆုံး ၊ ပီချီချီဆု အများဆုံး ကစားသမား - အယ်ကလက်စီကိုပွဲများတွင် သွင်းဂိုးအများဆုံး ၊ ဟက်ထရစ်အများဆုံး ကစားသမား - ပြင်သစ်လီဂူးတွင် တစ်နှစ်အတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သည့် ကစားသမား ( ၂၀ ဂိုး ) - FIFA အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်သည့် တစ်ဦးတည်းသော PSG ကစားသမား - အာဂျင်တီးနားအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ၊ ဂိုးဖန်တီးမှုအများဆုံး ၊ ဖရီးကစ်ဂိုးအများဆုံး ၊ ဟက်ထရစ်အများဆုံး ကစားသမား - တောင်အမေရိကအသင်းအားလုံးကို ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား - အာဂျင်တီးနားအသင်း​၏ ကမ္ဘာ့ဖလားပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၁၃ ဂိုး ) - အာဂျင်တီးနားအသင်း​၏ ကမ္ဘာ့ဖလားပွဲများတွင် ဂိုးဖန်တီးမှုအများဆုံး ကစားသမား - ၈ ဂိုး ( မာရာဒိုနာနှင့်အတူ ) - ကမ္ဘာ့ဖလား ၅ ကြိမ်နှင့် ၆ ကြိမ်တွင် ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော အာဂျင်တီးနားကစားသမား - နိုင်ငံတကာ သွင်းဂိုးအများဆုံး တောင်အမေရိက ကစားသမား - တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သွင်းဂိုးအများဆုံးကစားသမား - ကိုပါအမေရိကသမိုင်းတွင် ဂိုးဖန်တီးမှု အများဆုံး ကစားသမား - ကိုပါအမေရိကသမိုင်းတွင် ဖရီးကစ်ဂိုးအများဆုံး ကစားသမား - ကိုပါအမေရိကသမိုင်းတွင် MOTM အများဆုံး ကစားသမား - ဆုဖလား အများဆုံးဆွတ်ခူးနိုင်သည့် ကစားသမား ( ၄၄ လုံး ) - ဘောလုံးသမိုင်းတွင် ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ ၊ ၁၁၀၀ နှင့် ၁၂၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမား • တစ်ဦးချင်းစွမ်းဆောင်ရည်များ ပွဲပေါင်း - ( ၁၀၆၅ ) ပွဲ သွင်းဂိုး - ( ၈၃၇ ) ဂိုး ဂိုးဖန်တီးမှု - ( ၃၇၄ ) ကြိမ် တစ်ပွဲပျမ်းမျှသွင်းဂိုး - ( ၀.၇၉ ) ဂိုး ဂိုးပါဝင်ပတ်သတ်မှုတစ်ခုပြုလုပ်ရန်အတွက် လိုအပ်ချိန် - ( ၇၂.၂ ) မိနစ် ကစားခဲ့သည့် မိနစ်ပေါင်း - ( ၈၇,၄၉၂ ) မိနစ် တစ်ဂိုးသွင်းရန် လိုအပ်ချိန် - ( ၁၀၄.၅ ) မိနစ် ဟက်ထရစ် - ( ၅၇ ) ကြိမ် ပင်နယ်တီ - ( ၁၀၉ ) ဂိုး ဖရီးကစ် - ( ၆၅ ) ဂိုး ဂိုးဧရိယာပြင်ပမှ သွင်းဂိုး - ( ၉၅ ) ဂိုး ဂိုးဧရိယာအတွင်းမှ သွင်းဂိုး - ( ၅၆၈ ) ဂိုး ဘယ်ခြေဖြင့်သွင်းဂိုး - ( ၇၀၁ ) ဂိုး ညာခြေဖြင့်သွင်းဂိုး - ( ၁၀၅ ) ဂိုး
نمایش همه...
11
ခေါင်းတိုက်ဂိုး - ( ၂၇ ) ဂိုး အခြားကိုယ်ခန္ဓာအစိတ်အပိုင်းဖြင့် သွင်းဂိုး - ( ၄ ) ဂိုး Man Of The Match - ( 395 ) ပွဲ • အသင်းလိုက် အောင်မြင်မှုများ - ကမ္ဘာ့ဖလား ( ၁ ) ကြိမ် - ကိုပါအမေရိက ( ၁ ) ကြိမ် - Finalissima ( ၁ ) ကြိမ် - ယူ၂၀ကမ္ဘာ့ဖလား ( ၁ ) ကြိမ် - အိုလံပစ် ရွှေတံဆိပ် ( ၁ ) ကြိမ် - ချန်ပီယံလိဂ် ( ၄ ) ကြိမ် - လာလီဂါ ( ၁၀ ) ကြိမ် - ကိုပါဒယ်ရေး ( ၇ ) ကြိမ် - စပိန်စူပါဖလား ( ၉ ) ကြိမ် - UEFA Super Cup ( ၃ ) ကြိမ် - ကလပ်ကမ္ဘာ့ဖလား ( ၃ ) ကြိမ် - မေဂျာလိဂ် League Cup ( ၁ ) ကြိမ် - ကလပ်အသင်းနှင့် Treble ( ၂ ) ကြိမ် - နိုင်ငံအသင်းနှင့် Treble ( ၁ ) ကြိမ် - ကမ္ဘာ့ဖလား ဒုတိယဆု ( ၁ ) ကြိမ် - ကိုပါအမေရိက ဒုတိယဆု ( ၃ ) ကြိမ် - ကိုပါအမေရိက တတိယဆု ( ၁ ) ကြိမ် - ပြင်သစ်စူပါဖလား ( ၁ ) ကြိမ် - ပြင်သစ်လီဂူးဖလား ( ၂ ) ကြိမ် ( Record တစ်ဝက်လောက်နဲ့ လာလီဂါ စံချိန်အများစုကို ချန်ခဲ့ပါတယ်။ ထင်သာမြင်သာရှိမယ့် အချက်အလက်တချို့ကိုသာ စုစည်းဖော်ပြထားပါတယ် ၊ အကုန်လုံးကိုသာ ချရေးရရင် မလွယ်ပါဘူး ) #Apollo #Messiholics_Myanmar
نمایش همه...
20
လီယိုမက်ဆီ​၏ ( ၃၇ ) နှစ်အတွင်း အချက်အလက် မှတ်တမ်းများ • တစ်ဦးချင်း ဆုတံဆိပ်များ Ballon d'Or - ( ၈ ) ကြိမ် ဥရောပရွှေဖိနပ်ဆု - ( ၆ ) ကြိမ် IFFHS ကမ္ဘာ့အကောင်းဆုံး Playmaker ဆု - ( ၅ ) ကြိမ် ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၂ ) ကြိမ် ကမ္ဘာ့ဖလား ဒုတိယသွင်းဂိုးအများဆုံး - ( ၁ ) ကြိမ် FIFA ကလပ်ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၂ ) ကြိမ် FIFA ကလပ်ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု - ( ၂ ) ကြိမ် FIFA U20 ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၁ ) ကြိမ် FIFA U20 ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု - ( ၁ ) ကြိမ် ကိုပါအမေရိကရွှေဘောလုံးဆု - ( ၂ ) ကြိမ် ကိုပါအမေရိကရွှေဖိနပ်ဆု - ( ၁ ) ကြိမ် ကိုပါအမေရိက အကောင်းဆုံး လူငယ်ကစားသမားဆု - ( ၁ ) ကြိမ် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ( ၆ ) ကြိမ် ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆု - ( ၆ ) ကြိမ် လာလီဂါဂိုးသွင်းဘုရင်ဆု - ( ၈ ) ကြိမ် Golden Boy ဆု - ( ၁ ) ကြိမ် Laureus ကမ္ဘာ့အကောင်းဆုံး အားကစားသမားဆု - ( ၂ ) ကြိမ် လာလီဂါ အကောင်းဆုံးကစားသမားဆု - ( ၆ ) ကြိမ် လာလီဂါ အကောင်းဆုံး တိုက်စစ်မှူးဆု - ( ၇ ) ကြိမ် UEFA အကောင်းဆုံးကစားသမားဆု - ( ၂ ) ကြိမ် UEFA အကောင်းဆုံး တိုက်စစ်မှူးဆု - ( ၂ ) ကြိမ် FIFPro တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆု - ( ၁ ) ကြိမ် FIFPro ကမ္ဘာ့အကောင်းဆုံးအသင်း၌ ပါဝင်မှု - ( ၁၇ ) ကြိမ် FIFA Puskas ဆု ဆန်ခါတင် ပါဝင်မှု - ( ၇ ) ကြိမ် UEFA တစ်ရာသီ အကောင်းဆုံး သွင်းဂိုးဆု - ( ၄ ) ကြိမ် IFFHS ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု - ( ၁ ) ကြိမ် IFFHS ဆယ်စုနှစ်​အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု - ( ၁ ) ကြိမ် IFFHS ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး Playmaker ဆု - ( ၁ ) ကြိမ် IFFHS ကမ္ဘာ့သွင်းဂိုးအများဆုံးဆု - ( ၂ ) ကြိမ် IFFHS နိုင်ငံတကာသွင်းဂိုးရှင်ဆု - ( ၃ ) ကြိမ် IFFHS ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာသွင်းဂိုးရှင် - ( ၁ ) ကြိမ် IFFHS ကလပ်အသင်းတစ်သင်းအတွက် ကမ္ဘာ့အကောင်းဆုံး ထာဝရဂိုးသွင်းရှင်ဆု - ( ၁ ) ကြိမ် IFFHS အကောင်းဆုံးတောင်အမေရိက ကစားသမားဆု - ( ၃ ) ကြိမ် IFFHS ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပါဝင်မှု - ( ၆ ) ကြိမ် တစ်နှစ်တာ အကောင်းဆုံး အာဂျင်တီးနားကစားသမားဆု - ( ၁၅ ) ကြိမ် တစ်နှစ်တာ အကောင်းဆုံး အာဂျင်တီးနား အားကစားသမားဆု - ( ၃ ) ကြိမ် ဆယ်စုနှစ်အတွင်း အကောင်းဆုံး အာဂျင်တီးနား အားကစားသမားဆု - ( ၁ ) ကြိမ် TIME တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု - ( ၁ ) ကြိမ် • တစ်ဦးချင်း စံချိန်များ - ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို နှစ်ကြိမ်ရရှိဖူးသည့် တစ်ဦးတည်းသော ကစားသမား - ကမ္ဘာ့ဖလားတွင် ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမား ( ၂၁ ဂိုး ) - ကမ္ဘာ့ဖလားအတွင်း ပွဲအရေအတွက်အများဆုံး ဂိုးသွင်းယူနိုင်သော ကစားသမား ( ၁၁ ပွဲ ) - ကမ္ဘာ့ဖလားတွင် MOTM ရရှိမှု အများဆုံး ကစားသမား ( ၁၁ ကြိမ် ) - ကမ္ဘာ့ဖလားတစ်ကြိမ်အတွင်း MOTM ရရှိမှု အများဆုံးကစားသမား ( ၅ ကြိမ် - ၂၀၂၂ ) - ကမ္ဘာ့ဖလား​၏ အဆင့်တိုင်း(အုပ်စု+၁၆သင်း+ကွာတား+ဆီမီး+ဖိုင်နယ်)တွင် MOTM နှင့် သွင်းဂိုး ရယူသော ကစားသမား - ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဆယ်ကျော်သက် ၊ နှစ်ဆယ်ကျော် ၊ သုံးဆယ်ကျော်အရွယ်တို့၌ ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား - ကမ္ဘာ့ဖလားတွင် ၅ ဂိုး ၊ ၆ ဂိုး ၊ ၇ ဂိုး သွင်းယူနိုင်သည့် အသက်အကြီးဆုံး တစ်ဦးတည်းသော ကစားသမား - ကမ္ဘာ့ဖလားတစ်ကြိမ်တည်းတွင် သွင်းဂိုးနှင့် ဖန်တီးမှုပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးနှင့် အကြီးဆုံးကစားသမား - ကလပ်ကမ္ဘာ့ဖလား ရွှေဘောလုံးဆု အများဆုံးကစားသမား ( ၂ ကြိမ် ) - Lauerus Sprotsman ဆုကို နှစ်ကြိမ်ရရှိဖူးသည့် တစ်ဦးတည်းသော ဘောလုံးသမားနှင့် အသင်းလိုက် အားကစားသမား - နိုင်ငံတကာပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံး ကစားသမားဆု အများဆုံးရရှိသည့် တစ်ဦးတည်းသော ကစားသမား ( ၄ ကြိမ် ) - နိုင်ငံတကာပြိုင်ပွဲတွင် တစ်ဦးချင်းဆုတံဆိပ် အများဆုံးရရှိသည့် ကစားသမား ( ၆ ကြိမ် ) - နိုင်ငံတကာပြိုင်ပွဲတွင် Best Player , Golden Boot , MOTM အများဆုံးနှင့် ဆုဖလားရရှိသည့် တစ်ဦးတည်းသော ကစားသမား - အောင်မြင်သော လိမ်ခေါက်ဖြတ်ကျော်မှု အများဆုံး ကစားသမား - နိုင်ငံတကာ Major Tourတို့တွင် သွင်းဂိုးအများဆုံး ကစားသမား - ၂၆ ဂိုး ( ကမ္ဘာ့ဖလားနှင့် အခြားအဓိကဖလား ) - နိုင်ငံတကာ Major Tourတို့တွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမား ( ၅၂ ) ဂိုး - နိုင်ငံတကာ Major Tour တို့တွင် MOTM အများဆုံး ကစားသမား ( Copa America - 14 + World Cup - 11 ) - နိုင်ငံတကာ Major Tour တို့တွင် ဂိုးဖန်တီးမှု အများဆုံး ကစားသမား ( ၂၆ ) ဂိုး - ဥရောပကလပ်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမား ( ၇၀၄ ) ဂိုး - ဥရောပ ရွှေဖိနပ်ဆု ဆက်တိုက်ရရှိသည့်အကြိမ်ရေ အများဆုံး ကစားသမား ( ၃ ကြိမ် ) - ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုသမိုင်းတွင် ဂိုးသွင်းအများဆုံးဆု ရရှိသည့် အကြိမ်ရေအများဆုံး ကစားသမား ( ၈ ကြိမ် ) - ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုတွင် ( ၁၃ ) ရာသီဆက် ဂိုး ( ၂၀ ) အထက် သွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား
نمایش همه...
6👍 2
Photo unavailableShow in Telegram
2
Photo unavailableShow in Telegram
MATCHDAY 🇦🇷🐐 🏃 Chile Vs Argentina (Group Stage - Round 2) ⏱ 26.6.2024 (7:30 AM) 🏟 MetLife Stadium, New Jersey (USA) အသင်းခေါင်းဆောင် လီယိုရဲ့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ Copa América ပြိုင်ပွဲရဲ့ အုပ်စု (A) ဒုတိယမြောက်ပွဲစဥ်အဖြစ် FIFA သတ်မှတ်ချက်ကမ္ဘာ့အဆင့် ၄ဝ ရှိတဲ့ ချီလီအသင်းနဲ့မနက်ဖြန်မနက် ၇နာရီခွဲအချိန်မှာယှဥ်ပြိုင်ကစားသွားဖို့ရှိပါတယ်။ #KS
نمایش همه...
11
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.