Moe Thit
رفتن به کانال در Telegram
သတင်းပေါင်းစုံတင်ပေးသည်။စစ်မှန်သောသတင်းများလည်းဖြစ်သည်။ပြည်ဖျက်ဝါဒဆန့်ကျင်ကြ
نمایش بیشتر2 195
مشترکین
-224 ساعت
-137 روز
-4130 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+35
در 0 کانالها
ژوئن '26
+17
در 0 کانالها
Get PRO
مه '26
+38
در 4 کانالها
Get PRO
آوریل '26
+7
در 2 کانالها
Get PRO
مارس '26
+2
در 1 کانالها
Get PRO
فوریه '26
+13
در 0 کانالها
Get PRO
ژانویه '26
+64
در 2 کانالها
Get PRO
دسامبر '25
+68
در 0 کانالها
Get PRO
نوامبر '25
+5
در 0 کانالها
Get PRO
اکتبر '25
+31
در 1 کانالها
Get PRO
سپتامبر '25
+14
در 2 کانالها
Get PRO
اوت '25
+19
در 2 کانالها
Get PRO
ژوئیه '25
+5
در 4 کانالها
Get PRO
ژوئن '25
+13
در 1 کانالها
Get PRO
مه '25
+19
در 2 کانالها
Get PRO
آوریل '25
+12
در 0 کانالها
Get PRO
مارس '25
+78
در 3 کانالها
Get PRO
فوریه '25
+646
در 20 کانالها
Get PRO
ژانویه '25
+260
در 10 کانالها
Get PRO
دسامبر '24
+99
در 6 کانالها
Get PRO
نوامبر '24
+105
در 6 کانالها
Get PRO
اکتبر '24
+378
در 10 کانالها
Get PRO
سپتامبر '24
+165
در 6 کانالها
Get PRO
اوت '24
+402
در 14 کانالها
Get PRO
ژوئیه '24
+270
در 29 کانالها
Get PRO
ژوئن '24
+131
در 9 کانالها
Get PRO
مه '24
+142
در 8 کانالها
Get PRO
آوریل '24
+169
در 9 کانالها
Get PRO
مارس '24
+426
در 10 کانالها
Get PRO
فوریه '24
+192
در 5 کانالها
Get PRO
ژانویه '24
+267
در 15 کانالها
Get PRO
دسامبر '23
+79
در 2 کانالها
Get PRO
نوامبر '23
+26
در 0 کانالها
Get PRO
اکتبر '23
+459
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 25 ژوئیه | +1 | |||
| 24 ژوئیه | +2 | |||
| 23 ژوئیه | 0 | |||
| 22 ژوئیه | +1 | |||
| 21 ژوئیه | +1 | |||
| 20 ژوئیه | +1 | |||
| 19 ژوئیه | +1 | |||
| 18 ژوئیه | +2 | |||
| 17 ژوئیه | +2 | |||
| 16 ژوئیه | 0 | |||
| 15 ژوئیه | +1 | |||
| 14 ژوئیه | +1 | |||
| 13 ژوئیه | +2 | |||
| 12 ژوئیه | +2 | |||
| 11 ژوئیه | +4 | |||
| 10 ژوئیه | 0 | |||
| 09 ژوئیه | +1 | |||
| 08 ژوئیه | +2 | |||
| 07 ژوئیه | +3 | |||
| 06 ژوئیه | +2 | |||
| 05 ژوئیه | +3 | |||
| 04 ژوئیه | +2 | |||
| 03 ژوئیه | +1 | |||
| 02 ژوئیه | 0 | |||
| 01 ژوئیه | 0 |
پستهای کانال
◾"သာမန်လူတစ်ယောက်"သည်
"သေမည့်အချိန်" နီးကပ်လာသောအခါ-
-စိုးရိမ်ပူပန်ခြင်း၊
-လွန်ကဲစွာကြောက်ရွံ့ခြင်း၊
ကြောက်မက်ဖွယ်ကောင်းသော၊
"ဘဝ သင်္ခါရတစ်ခု"သည် မျက်နှာပြင်သို့
တက်လာသည်။
ထိုအတိုင်းပင်-
-ဝမ်းနည်းခြင်း၊
-စိတ်ဆင်းရဲခြင်း၊
-စိတ်ဓာတ်ကျခြင်းနှင့် အခြားခံစားမှုများသည်
"ချစ်ခင်ရသူများနှင့် ကွဲကွာရမည်"ကို
စဉ်းစားမိသဖြင့် သက်ဆိုင်သော "သင်္ခါရ"က
စိတ်ကို ကြီးစိုးလာသည်။
"ဝိပဿနာကျင့်သူတစ်ဦး" ဆိုပါမူ-
"ဝေဒနာများ"ကို "ဥပေက္ခာနှင့် ရှုခြင်း"ဖြင့်
"အကုသိုလ် သင်္ခါရများ"ကို အားနည်းစေပြီး
သေခါနီးအချိန်တွင် မပေါ်လာတော့ပေ။
"သေခြင်းကို အမှန်တကယ် ပြင်ဆင်ပုံ"မှာ-
"စိတ်နှင့်ကိုယ်"ပေါ်တွင် ပေါ်လာသော
"ဝေဒနာများ"ကို "ဥပေက္ခာ"ကျကျ
-အဖန်တလဲလဲ ရှုခြင်း၊
-"အနိစ္စ"ကို နားလည်နေခြင်း ပင် ဖြစ်သည်။
သေဆုံးသည့်ခဏတွင်-
"အားကောင်းသော ဥပေက္ခာနှင့်
ရှုနေတတ်သည့် အကျင့်"သည်၊
သူ့ဘာသာ ပေါ်လာပြီး၊
"ရထား"သည် နောက်ဘဝတွင်
"ဝိပဿနာ"ဆက်လက်၍ ကျင့်နိုင်သော
"ရထားလမ်းကြောင်း"သို့ပြောင်းသွားလိမ့်မည်။
ဤနည်းဖြင့် မိမိသည်-
"အောက်ဘုံများ"သို့ မရောက်ပဲ၊
"မြင့်သောဘုံများ"သို့ ရောက်ရှိပါလိမ့်မည်။
"ဝိပဿနာ"သည် "အောက်ဘုံများ"၌
ကျင့်လို့မရပါ။
ဤကိစ္စ အလွန်အရေးကြီးပါသည်။
တစ်ခါတစ်ရံ-
"တရားမရှုမှတ်သူများ"သည်လည်း
"ကောင်းသော ပြန်လည် မွေးဖွားခြင်း"ကို
ရနိုင်သည်။
အဘယ်ကြောင့်ဆိုသော်-
-သူ၏ရက်ရောမှု၊
-သီလပြည့်စုံမှုနှင့်
-အခြားကောင်းမွန်သော အရည်အချင်းများ
ရှိသူသည် သေခါနီး တွင်
"ကောင်းသောသင်္ခါရများ" ထွက်လာ၍ ဖြစ်သည်။
သို့သော်-
"အခြေခိုင်သော ဝိပဿနာတရားသမား"၏
ရလာဒ်သည် "မိမိ ဝိပဿနာ တရားကို
ဆက်လက်အားထုတ်နိုင်သည့် နေရာ"သို့
ရောက်သွားသည်။
ဤနည်းအားဖြင့်-
"စုဆောင်းထားသော ဘဝသင်္ခါရများ"ကို
တဖြည်းဖြည်း နည်းပါးသွားစေပြီး
"ဘဝဖြစ်စဉ်" တိုတို လာကာ၊
"လွတ် မြောက်မှုပန်းတိုင်"ကို
အမြန်ရောက်ရှိပါလိမ့်မည်။
ဤဘဝ၌ "ဓမ္မနှင့် ထိတွေ့ရခြင်း"မှာ
"အတိတ်က ကုသိုလ်ကောင်းမှု"ကို
ပြုလုပ်ခဲ့၍ ဖြစ်သည်။
ဤလူ့ဘဝကို အကျိုးရှိစေရန်
"ဝိပဿနာ"ကို ကျင့်ကြပါ။
ထိုသို့ကျင့်ပါလျှင်-
"သေမင်း"လာသည့်အခါဝယ် "စိတ်"သည် "ဥပေက္ခာ"နှင့်အတိပြီး၍၊
ကောင်းမွန်သောအနာဂတ်အတွက်
စိတ်ချသေချာပါလိမ့်မည်။
"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]
| 2 | ပလောင်တို့နှင့် တွေ့ဆုံခြင်း
အစိုးရသစ် ငြိမ်းချမ်းရေး ရက် ၁၀၀ ခရီးစဉ်အတွက် ဒီနေ့ နောက်ထပ် အားရစရာ တစ်ခုထပ်သိရတယ်။ ဘာလဲဆိုတော့ ... ၁၀၂၇ အပြီး တပ်မတော်နဲ့ ယာယီ အပစ်ရပ်ထားတဲ့ TNLA ခေါ် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး က ငြိမ်းချမ်းရေးအတွက် NSPNC နဲ့ ပထမဆုံး နေပြည်တော်မှာ လာရောက်တွေ့ဆုံ တယ်တဲ့။
==================
အရင် တပ် နဲ့ အပစ်ရပ်ထားရုံ ရပ်ထားရာကနေ ခုလိုမျိုး နေပြည်တော်ထိ လာရောက်တွေ့ဆုံတယ်ဆိုတာက လွယ်လွယ်နဲ့ဖြစ်လာတာတော့မဟုတ်ဘူး။ ဒီကြားထဲမှာ NSPNC အနေနဲ့ ယုံကြည်မှုများစွာ တည်ဆောက်ခဲ့ရမယ်လို့ထင် တယ်။
==================
ပြောမဲ့သာပြောတာ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနိုင် ဆိုတာ TNLA နဲ့ ခုမှ တွေ့ရတာမှမဟုတ်ပဲ။ ယခင် တိုက်ပွဲပြင်းထန်နေချိန်မှာ ဟိုင်ဂင် မှာ တွေ့ခဲ့ဖူးကြသေးတယ်။ အဲ့တုန်းကတောင် သူ ပြောခဲ့တဲ့ စကားကို အစအဆုံး မဖော်ပြပဲ လိုတဲ့အပိုင်းလေးပဲ ကွက်ဖော်ပြခဲ့ဖူးသေးတယ်မဟုတ်လား။
==================
ထားပါ ... ပြီးခဲ့တာတွေ ပြန်ပြောနေလို့လဲ ဘာမှမထူးပါဘူး။ ဆက်ရမယ်ဆိုရင် ... TNLA ဘက်က ဒုတိယဉက္ကဌ (၁) တာဂျုတ်ဂျား ဦးစီးပြီး လာတယ်။ သူနဲ့အတူ TNLA ရဲ့ ဌာနမှူးတွေပါလာတယ်။ ပြောရမယ်ဆိုရင်တော့ NSPNC နဲ့တွေ့ဖို့အတွက် TNLA ရဲ့ သဘောထားက ကောင်းတယ်လို့ပြောရမယ်။ ဆုံးဖြတ်ပေးနိုင်မဲ့လူတွေ အတော်များများပါလာတယ်။
==================
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ကော်မတီ ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နဲ့ အဖွဲ့ဝင်တွေတက်ကြတယ်။ ထုံးစံအတိုင်း NSPNC ဘက်ကတော့ ငြိမ်းချမ်းရေး အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ စကားဖွင့်ပေးပြီး ဆွေးနွေးပွဲကို စတယ်။
==================
TNLA ဒုတိယဉက္ကဌ(၁) တာဂျုတ်ဂျား ကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့ စကားစဖွင့်တယ်။ လက်ရှိ တိုက်ပွဲတွေရပ်တန့်ပြီး ပြည်သူလူထု အနေနဲ့ အေးချမ်းမှုစတင်ရရှိလာရာကနေ ယနေ့ ငြိမ်းချမ်းရေး အတွက် အပြုသဘောဆောင်တဲ့ ရလာဒ်ထွက်ပေါ်မည်လို့ ယူဆပါကြောင်း ဆက် ဆွေးနွေးတယ်။
==================
သီးခြားအနေနဲ့တော့ အခြား တက်ရောက်လာကြတဲ့ ၂ ဖက် အဖွဲ့တွေအနေနဲ့ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာဖို့၊ လက်ရှိ အပစ်ရပ်ထားတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ ကျန်းမာရေး/ပညာရေး/ဒေသ ဖွံ့ဖြိုးဖို့၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ဖို့ အပြန်အလှန်ဆွေးနွေးခဲ့တယ်။
==================
ပွင့်ပွင့်လင်းလင်းပြောရရင် တအောင်းဒေသခံပြည်သူ တွေ သက်သာချောင်ချိရေးရဖို့ဆိုတာ လက်ရှိ အနေအထားနဲ့မလွယ်ဘူး။ စစ်ဒဏ်ကြောင့် အရှေ့မြောက် လမ်းမကြီး ပိတ်နေတယ်။ ပိတ်တော့ကုန်ဈေးနှုန်း တက်တယ်။ အဲ့အတွက် အစိုးရသစ်ဘက်မှ သဘောထားကြီးမှုနှင့် အကူအညီ လိုအပ်တယ်။
=================
ဆိုတော့ TNLA ဘက်ကတော့ ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့် အောက်ခြေအဆင့်ထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့တော့ အလွတ်တမ်းပြန်ဆွေးနွေးသွားတယ်။
==================
နိဂုံးချုပ်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် က ယခင် TNLA နဲ့ တွေ့ဆုံ ခဲ့ရမှု အခြေအနေနဲ့ လက်ရှိအခြေအနေမှသည် တည်တံ့ခိုင်မြဲရေးငြိမ်းချမ်းရေး ကို ဆက်လက်လျှောက်လှမ်းသွားနိုင်ဖို့ ဦးတည်ဆွေးနွေးပြီး ပိတ်သွားတယ်။
==============
အရင်က တိုက်ပွဲတွေဖြစ်ခဲ့တာလဲ ဖြစ်ခဲ့တာပေါ့။ ဒါတွေကို နောက်ကြောင်း ပြန်လှည့်ပြီး ပြောနေလို့လဲ ထူးတော့တာမှမဟုတ်တာ။ အဲ့တော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက် အဖြေရှာတဲ့နေရာမှာ ငြိမ်းချမ်းရေး ရဖို့လိုတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် “ခွင့်လွှတ်သင့်တာတွေခွင့်လွှတ်ပြီး မေ့ပစ်သင့်တာတွေ မေ့ပစ်ရမယ်” မဟုတ်ဘူးလား ....
မင်းထက်ကျော်ဇော | 298 |
| 3 | “ ဘဝသံသရာကြီးကိုငြီးငွေ့သင့်ပြီ “
ဦးဇင်းတို့ဟာ သစ္စာလေးပါးကိုမသိလို့
သံသရာတွေရှည်ခဲ့ရတယ်၊လည်ခဲ့ရတယ်၊
ဘဝသံသရာရဲ့ဒုက္ခတွေဟာ
ဘယ်လောက်အထိရှည်လျားခဲ့သလဲဆိုရင်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဒီကမ္ဘာမှာရှိတဲ့သစ်ပင်တွေကိုအကုန်ခုတ်၊
လက်တစ်ဆစ်လောက်အတို/အသေးလေးတွေ
ဖြစ်အောင်ဖြတ်တောက်လိုက်ပါတဲ့၊
အဲဒီဖြတ်စလေးတွေတစ်ခုစီယူပြီးရင်
ဒီတစ်ခုက ငါ့ရဲ့အမေ၊
ဒီတစ်ခုက ငါ့အမေရဲ့အမေ၊
ဒီတစ်ခုက အမေရဲ့အမေရဲ့အမေဆိုပြီးချပါတဲ့၊
သစ်သားစအတိုလေးတွေသာကုန်သွားမယ်၊
အမေတွေဆိုတာ မကုန်နိုင်ပါဘူးတဲ့။
နောက်တစ်ခါ မဟာပထဝီမြေကြီးအားလုံးကို
ဆီးသီးလောက်အလုံးလေးတွေလုံး၊
ပြီးရင် ငါ့အဖေဆိုပြီး တစ်လုံးချ၊
နောက် ငါ့အဖေရဲ့အဖေ၊
နောက် ငါ့အဖေရဲ့အဖေရဲ့အဖေဆိုပြီးချသွားပါ၊
မြေလုံးတွေသာကုန်သွားမယ်၊
အဖေတွေကတော့ မကုန်သေးပါဘူးတဲ့။
နောက်တစ်ခုက သံသရာတစ်လျှောက်မှာ
မချစ်မနှစ်သက်သူတွေနဲ့အတူနေရလို့
မျက်ရည်ကျခဲ့ရတာတွေရှိတယ်၊
ချစ်ခင်နှစ်သက်သူတွေနဲ့အတူမနေရလို့
မျက်ရည်ကျခဲ့ရတာတွေရှိတယ်၊
အဲဒီမျက်ရည်တွေကိုစုထားလို့ရမယ်ဆိုရင်
သမုဒ္ဒရာလေးစင်းထဲကရေတွေကနည်းပြီး
မျက်ရည်တွေက ပိုပြီးများနေလိမ့်မယ်တဲ့။
မြတ်စွာဘုရားပေးတဲ့ နောက်ဥပမာတစ်မျိုးက
ဘဝသံသရာတလျှောက်လုံးမှာ
အမိရဲ့နို့ရည်တွေကိုသောက်စို့ခဲ့ရတယ်နော်၊
အဲဒီနို့ရည်ကိုစုလိုက်မယ်ဆိုရင်လည်း
သမုဒ္ဒရာလေးစင်ထဲကရေထက်များတယ်တဲ့။
ပိုပြီးထိတ်လန့်စရာကောင်းတာက
မြတ်စွာဘုရားက-
“ ရဟန်းတို့..ရှည်လျားလှတဲ့ဘဝသံသရာမှာ
မိမိရဲ့ဦးခေါင်းကိုအဖြတ်ခံရလို့
လည်ပင်းကနေစီးကျခဲ့ရတဲ့သွေးတွေနဲ့
မဟာသမုဒ္ဒရာလေးစင်းကရေဟာ
ဘယ်ဟာကများမလဲ “လို့မေးတယ်တဲ့၊
ရဟန်းတော်တွေကလည်း
မြတ်စွာဘုရားရဲ့တရားတွေကိုကြားခဲ့ဖူးတော့
လည်ပင်းကကျတဲ့သွေးတွေကသာ
ပိုများပါတယ်လို့ဖြေကြတယ်တော့
မြတ်စွာဘုရားက သာဓုခေါ်ပြီးတဲ့အခါ-
“ ရဟန်းတို့… ဘဝသံသရာဟာ
အဲဒီလောက်ရှည်လျားလွန်းလှတဲ့အတွက်
ဘဝသံသရာကြီးကို
ငြီးငွေ့ခြင်းငှါ သင့်တယ်တဲ့။
သစ္စာရွှေစည်ဆရာတော်🙏 | 314 |
| 4 | လက်နက်ချဆိုတာကို နားမထောင်တော့ ခုတော့ သေကုန်ပြီ။
ချောက်ဘက်က သတင်းပေး ပြည်သူတွေကလည်းတော်တယ် ။ တိတိကျကျပဲ။ ပြည်သူ့လုံခြုံရေးစနစ် အားကောင်းလာတဲ့ အကျိုးကျေးဇူးပေါ့။
ဒီလိုသာအမြဲသတင်းပေးရင် နယ်မြေမြန်မြန်ငြိမ်းချမ်းမယ်။
မှိုင်းဝေ | 621 |
| 5 | ဘီလာရုစ်ထုတ် ကျည်ကာထရပ်ကား များကို တပ်မတော် စစ်ကြောင်းများအတွက် အသုံးပြုရန် မြန်မာပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်မည်
—-
MAZ (Minsk Automobile Plant) သည် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ (Minsk) တွင် အခြေစိုက်သည့် ကမ္ဘာကျော် အကြီးစား ကုန်တင်ကား၊ ဘတ်စကားနှင့် စစ်သုံးမော်တော်တော်ကား ထုတ်လုပ်ရေး နိုင်ငံပိုင်ကုမ္ပဏီကြီး ဖြစ်သည်။
၁၉၄၄ ခုနှစ် (ဆိုဗီယက်ခေတ်) ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဥရောပအရှေ့ပိုင်းတွင် အကြီးမားဆုံး သော မော်တော်ယာဉ်လုပ်ငန်းစုကြီးတ စ်ခု ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံအကြား ဆွေးနွေးမှုများတွင်ပါဝင်သည့် MAZ ကားများ၏ အဓိကအချက်အလက်များနှင့် ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
၁။ အဓိက ထုတ်လုပ်သည့် ယာဉ်အမျိုးအစားများ
MAZ အမှတ်တံဆိပ်သည် ကမ္ဘာတစ်ဝန်း မော်တော်ယာဉ်မော်ဒယ် ၅၀၀ ကျော် ထုတ်လုပ်ပြီး အောက်ပါကဏ္ဍ သုံးခုတွင် အဓိက နာမည်ကြီးသည် -
အကြီးစား ကုန်တင်ကားများနှင့် မြေသယ်ကားများ (Heavy-duty Trucks & Dump Trucks) - ကြံ့ခိုင်မှု အလွန်ကောင်းမွန်ပြီး ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိကသုံးသည်။ (ဥပမာ- MAZ-5336 သို့မဟုတ် MAZ-6501)။
မြို့ပတ် ဘတ်စကားများနှင့် လျှပ်စစ်ကားများ (Buses & Electrobuses) - အရပ်ဘက် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခေတ်မီဘတ်စကားများနှင့် နောက်ဆုံးပေါ် MAZ TARGO မော်ဒယ်ကဲ့သို့ စမတ်နည်းပညာသုံး လျှပ်စစ်ဘတ်စကားများကို ထုတ်လုပ်သည်။
အထူးပြုလုပ်ငန်းသုံးနှင့် စစ်ဘက်သုံးယာဉ်များ (Special-Purpose & Military Chassis) - ဆိုဗီယက်ခေတ်ကတည်းက ဒုံးကျည်တင်ဆောင်သည့် စစ်သုံးယာဉ်ကြီးများ (TELs) အတွက် အဓိက ကိုယ်ထည် (Chassis) များ ထုတ်လုပ်ပေးခဲ့ပြီး ရုရှားစစ်တပ်၏ Iskander-M နှင့် S-400 ဒုံးကျည်စနစ်များတွင် MAZ ၏ ကိုယ်ထည်များကို ယနေ့တိုင် အဓိကအားထား အသုံးပြုနေရသည်။
၂။ MAZ ကားများ၏ အားသာချက်
စျေးနှုန်းနှင့် အရည်အသွေး မျှတခြင်း - အနောက်နိုင်ငံထုတ် ကုန်တင်ကားကြီးများနှင့်ယှဉ်လျှင် စျေးနှုန်းအလွန်သက်သာပြီး ရေရှည်ခံနိုင်ရည်ရှိခြင်း။
ပြင်းထန်သော ရာသီဥတု ခံနိုင်ခြင်း - အလွန်အေးလွန်းသည့် ရုရှား ဆိုက်ဘေးရီးယားဒေသမှသည် အလွန်ပူပြင်းသည့် အာဖရိကနှင့် အာရှရာသီဥတုအထိ ကြံ့ကြံ့ခံမောင်းနှင်နိုင်ရန် အင်ဂျင်နှင့် တည်ဆောက်ပုံကို အကြမ်းခံပြုလုပ်ထားခြင်း။
၃။ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရေး
လက်ရှိ ဘီလာရုစ်နှင့် မြန်မာအစိုးရ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ MAZ ကုန်တင်ကားများကို အစိတ်အပိုင်းများအလိုက် မြန်မာနိုင်ငံသို့ တင်သွင်းပြီး ပြည်တွင်း၌ပင် စက်ရုံ တည်ဆောက်ကာ လာရောက်တပ်ဆင် ထုတ်လုပ်ရန် (Assembly Factory) စီမံချက်များ ဆွေးနွေးနေခြင်း ဖြစ်သည်။
အကယ်၍ အကောင်အထည်ဖော်ဖြစ်ပါက မြန်မာ့တပ်မတော် အနေဖြင့် ကုန်စည်နှင့် စစ်သည်သယ်ယူပို့ဆောင်ရေးအတွက် စရိတ်သက်သာသည့် အကြမ်းခံ ကုန်တင်ကားများကို အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ဂရုစိုက်စရာမလိုဘဲ ပြည်တွင်း၌ပင် အလွယ်တကူ တပ်ဆင်ရရှိလာနိုင်မည် ဖြစ်သည်။
—
Crd | 920 |
| 6 | ရာမညမှဆွေးနွေးသံ
*****
NSPNC ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှု ရက် ၁၀၀ အတွင်း နောက်ထပ် နေပြည်တော်ကို ပေါက်ချလာတဲ့အဖွဲ့က မွန်ပြည်သစ်ပါတီ(NMSP)။ ဆိုတော့ ... NCA ထိုးထားပြီးသား ၇ ဖွဲ့၊ SSPP၊ SNA နဲ့တွေ့ဆုံအပြီး စတုတ္တမြောက် တွေ့ဆုံမှုလို့ပြောရမှာပေါ့။
===============
ဒီကြားထဲ အခြားသော EAOs တွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာတွေ့တာ ၃ နေရာ ၅ ဖွဲ့ရှိပြီ။ အစိုးရသစ် ရဲ့ ငြိမ်းချမ်းရေးခြေလှမ်းတွေ ကျဲပြီး ရောင်နီသမ်းနေတယ်လို့တော့မြင်ရတယ်
=================
ခုတွေ့ဆုံပွဲကို NMSP ဘက်က ဒုတိယဥက္ကဌ နိုင်အောင်မင်း ဦးစီးပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ နဲ့ ဗဟိုကော်မတီဝင် တွေတက်တယ်။ ပြောရမယ်ဆို ရင်တော့ အရင်တွေ့သွားတဲ့ EAOs တွေလိုပဲ တွေ့ဆုံပွဲကို အလေးအနက်ထားပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ Level တွေလွှတ်တယ်လို့ပြောရမှာပဲ။
=================
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဘက်ကတော့ တက်ရောက်နေကျအတိုင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် နဲ့ ကော်မတီဝင်တွေတက်ရောက်တယ်။
=================
သမ္မတကြီးညွှန်ကြားချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အကန့်အသတ်မရှိ ဖိတ်ခေါ်ထားမှုတွေနဲ့ အထွေထွေကို NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ချပြရှင်းလင်းပြီး ဆွေးနွေးပွဲကိုစတင်တယ်။
================
NMSP ဘက်က ဒုဥက္ကဌ ဆွေးနွေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စနဲ့ နိုင်ငံရေး ပြသနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့နေရာမှာ လိုအပ်လာမဲ့ကိစ္စတွေပေါ့။ အသေးစိတ် ကတော့ ပြောမနေတော့ဘူး။
=================
အဲ ... ထူးထူးခြားခြားအနေနဲ့ သက်ဆိုင်ရာဒေသ မှာ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားနိုင်ရေး စတာတွေကို ခြုံငုံဆွေးနွေးခဲ့ပြီး ရေး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်အနောက်ဘက်ခြမ်း၊ ရေဖြူမြောက်ပိုင်း ကျေးရွာ စတဲ့နေရာတွေမှာ မွေးစာရင်းအချက်အလက်အတည်ပြုဖို့နဲ့ လမ်းတံတားများ ဦးစားပေး ဆောက်လုပ်ပေးရေးတို့ကိုတော့ အသေးစိတ်ဆွေးနွေးခဲ့တယ်လို့သိရတယ်။
================
ဆွေးနွေးမှုနောက်ဆုံးမှာတော့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က မွန်ပြည်သစ်ပါတီမှ တင်ပြတဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နဲ့ ဒေသတည်ငြိမ်ရေးအတွက် တပ်မ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးရေးကိစ္စရပ်များ ကို ထပ်မံ ရှင်းလင်းညှိနှိုင်း တယ်။ NMSP-AD မွန်ခွဲထွက်အဖွဲ့၊ PDF အဖွဲ့၊ ရေဘီလူးအဖွဲ့ စတဲ့ အဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး လည်း ဆွေးနွေးခဲ့တယ်လို့သိရတယ်။
=================
ပြောရမယ်ဆိုရင်တော့ NMSP နဲ့ ဆွေးနွေးမှုက တည်ငြိမ်အေးချမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ထားဆွေးနွေးခဲ့တယ်လို့ဆိုရမှာပဲ။ NMSP အနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်မယ်ဆိုတာ မြင်ရတယ်။
=================
ရာမည က စကားသံ အနေနဲ့တော့ အကောင်းဘက် ရလဒ်ကိုဦးတည်တယ်လို့ ဆိုရမှာပဲဗျ။
မင်းထက်ကျော်ဇော | 726 |
| 7 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်စတင်ထွက်ခွာ
=====================
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယနေ့ ဇွန် ၁၅ ရက် နံနက် (၈)နာရီတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ် ကြည်ရေးခရီးစဉ်အဖြစ် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား ဒု-သမ္မတဦးညိုစော၊ ဒု-သမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္က ဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန် ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံဝန်ကြီး ချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြု လုပ်သွားမည်ဖြစ်သည်။ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်တက်ရောက်ခြင်း၊ အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်းများကိုလေ့လာခြင်းတို့ကိုလည်း နိုင်ငံတာ်သမ္မတကပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-တ ရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် က ဏဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန် ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြောင်း သိရသည်။ | 756 |
| 8 | နိုင်ငံတော်အစိုးရကျောင်းကိုအပ်နှံရန် တိုက်တွန်းသူ အစိုးရ ဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအားအကြမ်းဖက် PDFအဖွဲ့က ၇ လောင်းပြိုင် ခေါင်းဖြတ် သတ်ဖြတ်ကာ နိုင်ငံတော် အစိုးရအားစိန်ခေါ်
.........................
ချောင်းဦး ၊ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိိအကြောင်းအမျိုးမျိုး
ကြောင့်ပညာသင်ကြားခွင့်ဆုံံးရှုံံးခဲ့ရသောကျောင်းသား
ကျောင်းသူများကို အခြေခံပညာမူလတန်းအဆင့်
Grade 2မှ Grade 5နှင့် အခြေခံပညာအလယ်တန်း အဆင့် Grade 6 မှ Grade 9 အထိ ကျောင်းသား ကျောင်းသူများကို မိမိတို့၏အသက်အရွယ်နှင့် ကိုက်ညီသောအတန်းပညာကို အပ်နှံနှိုံင်ကြောင်း
(ဥပမာ Grade 5 အတန်းကို ထားချင်လျှင်
Grade 4 ကိုဖြေဆိုးရမည်ဖြစ်ပြီး Grade 4 အောင်မြင်လျှင် Grade 5ကိုတက်ခွင့်ရမည်ဖြစ်ပြီး မအောင်မြင်ပါက Grade 4သာတက်ရောက်ခွင့် ရမည်ကြောင်းနှင့်မည့်သည့်အခြေခံပညာကျောင်းမဆို ပညာသင်ကြားခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားကြောင်းသိရသည်။
ထိုသို့အစိုးရကျောင်းများကို ပညာသင်ကြားခွင်ဲ့
အပ်နှံထားသူများပြားမှုကြောင့် ချောင်းဦးအကြမ်းဖက် PDFအဖွဲ့မှ ချောင်းဦးမြို့နယ်မှ ဗိုလ်မုတ်ဆိတ် အဖွဲ့ ၊ ပြောင်ကြီး(ခေါ်)အေးလွင်အဖွဲ ၊ ဇာနီသိန်းအဖွဲ့ ၊ တို့မှ
ချောင်းဦးမြို့နယ် အနောက်ချောင်းဦးရပ်ကွက်မှ
ဒေါ်ပပဦး (ဆရာမ)၊ ဒေါ်ခင်စန်းဌေး (ဆရာမ)
ငါးလုံးတင်ကျေးရွာမှ ဦးစိုးတင့် ( အုပ်မှူး )၊
ဦးကျော်ကျော်နိူင် ( ထွေအုပ်စာရေး )+ဒေါ်သီတာမြင့် ( ထွေအုပ်စာရေး) ဇနီးမောင်နှံ နှင့် ဒေါ်မျိုးသန္တာထွန်း(ဆရာမ)၊ ဒေါ်တင်နွဲ့ (ဆရာမ)တို့နှင့်
ရှမ်းထူးကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော်ဦးပညာ ( ကျောင်းထိုင် )နှင့် ခန်းနေ ကိုယ်တော် ဘုန်းကြီး ၂ပါး
ထူးနီကျေးရွာမှ ဒေါ်လှလှဝင်း(ဆရာမ) ၊ ဒေါ်စန္ဒာ(ဆရာမ)
ထူးနီရွာမှ ရွာသား ၃ ဦးတို့ စုစုပေါင်း ၁၅ ဦးအား
၂၆/၂၇ - ၅ - ၂၀၂၆ ရက်များ၌ မတရား ဖမ်းဆီးသွား ပါသည်။
၂၈ - ၅ - ၂၀၂၆ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ပခုက္ကူ - ချောင်းဦး လမ်း မြို့အဝင် ထွန်းညိုလူ တန်ပိုဂိတ် အနီး လမ်းပေါ်၌ ခေါင်းပြတ်များ ၇ လုံး ချထားကြောင်း သိရပြီး
ခေါင်းပြတ်များအနီးတွင် ဒေါ်ပပဦး ၊ဒေါ်ခင်စန်းဌေး၊
ဦးစိုးတင့် ၊ဦးကျော်ကျော်နိူင်+ဒေါ်သီတာမြင့် ဇနီးမောင်နှံ တို့နှင့် ဆရာတော်ဦးပညာ နှင့် ခန်းနေကိုယ်တော် တို့၏ ရုပ်အလောင်းများ ထပ်လျှက် လာရောက်ပို့ခါ နိုင်ငံတာ် အစိုးရအား စိန်ခေါ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ထိုသို့အစိုးရကျောင်းများကို ပညာသင်ကြားခွင်ဲ့ အပ်နှံထားသူများစာရင်းအား ချောင်းဦး အကြမ်းဖက်
PDF မှ ကောက်ယူလျှက်ရှိပြီး အကြမ်းဖက်PDFအဖွဲ့မှ ၎င်းတို့၏ပညာရေးကျောင်းများ ကိုသာ ပြောင်းရွှေ့ အပ်နှံရမည်ဖြစ်ကြောင်း မအပ်နှံပါက ထပ်မံ သတ်ဖြတ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အုပ်ထိန်သူမိဘများကို
အသိပေးခံထားရကြောင်း မိဘများထံမှ သိရှိရပါသည်။
၎င်း အသိပေးချက်အပေါ် ဒေသခံကျောင်းသူ ကျောင်းသား အုပ်ထိန်းသူများက အကြမ်းဖက်PDFအဖွဲ့အပေါ် ထိပ်လန့် ကြောက်ရွံ့မုန်းတီးမှု ဖြစ်ပေါ်နေကြောင်းသိရသည်။ ဒေသခံတဦး၏ပြောပြချက်အရ
" ပညာရေးကို သူတို့လက်နက်ကိုင်ပြီး ခြိမ်းခြောက်လာတော့ ကျနော်တို့ မိသားစု ဘဝ ရှေ့ရေး ရင်လေးရပြီဗျာ
ကျောင်းသားကျောင်းသူတွေ ပညာရေးနဲ့ကင်းကွာနေတာ
၅ နှစ်မကတော့ဘူးလေး ဒီလို နိုင်ငံတော်က အခွင့်အရေး ပေးတာကို လက်လွတ်ခံလို့မဖြစ်ဖူးလေ လက်လွတ်ခံရင်
မိသားစု ရှေ့ရေးက တိုးတက်ဖို့ မမြင်တော့ဘူး မိသားစုတွေပဲ နှစ်နာမှာ လူညွန့်တုန်းမှာ ရိုးရာ တောင်သူဖြစ်လို့ ရွာကိုပြစ်ပြီး မြို့တက်ဖို့ဆိုတာ မလွယ်ဘူးဗျာ
ကလေးပဲပို့ပြီး မြို့မှာ စာသင်ခိုင်းရင် ရွာရှိတဲ့ မိသားစုက အသတ်ခံရမှာ "
ဒေသခံ၏ပြောဆိုချက်အရသိရပြီး ဒီစိန်ခေါ်မှုကို မည်သို့ ရင်ဆိုင်သွားရမည် မသိကြောင်း မျက်ရည်များဖြင့် ပြောကြားလာမှုကို ကြားသိခဲ့ရပါသည်။
Crd | 778 |
| 9 | ရန်ကုန်မြို့နေ ဓာတ်အားသုံးစွဲသူများသို့ အသိပေးတင်ပြချက်
++++++++++++++++++++
ယနေ့ (၄.၆.၂၀၂၆) ရက်နေ့ ၊ (၁၆:၄၅) နာရီအချိန်ခန့်တွင် ရတနာကမ်းလွန်ပလက်ဖောင်း Low Pressure (LP) Compressor (A) နှင့် (B) သည် Shutdown ကျသွားပြီး ပုံမှန်အတိုင်း ပြန်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဓာတ်ငွေ့ရရှိမှု့အပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်မှု အတိုး အလျော့ရှိနိုင်ပါသဖြင့် ဝန်အားထိန်းညှိမှု့ဆောင်ရွက်သွားမည်ဖြစ်ပါသောကြောင့် ဓာတ်အားပြတ်တောက်မှု အချို့ရှိနိုင်ပါကြောင်း သိရှိ နိုင်ပါရန် အသိပေး တင်ပြအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း | 542 |
| 10 | ❝ ဝိတ်တန်းမတူတဲ့နိုင်ငံရေး ❞
======
◾️ မြန်မာ့နိုင်ငံရေးကို ကြည့်မယ်ဆိုရင် အမြဲတမ်းတစ်စုံတစ်ခုက တိုက်ဆိုင်နေသလို၊ တစ်ခုခုက အချိန်ကိုက်ထွက်ပေါ်လာနေသလို ထင်ရတတ်လေ့ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ တကယ်တမ်းမှာ “တိုက်ဆိုင်မှု” ထက် “အချိန်ညှိထားတဲ့ အခင်းအကျင်း” က ပိုများတတ်တဲ့ ကစားကွင်းတစ်ခုပါပဲ။ ခုလည်း သမ္မတကြီးက နိုင်ငံတော်အဆင့် အိန္ဒိယကို သွားချိန်မှာ… တစ်ဖက်ကလည်း ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကိုယ်စား လှယ်တွေက ကနေဒါနိုင်ငံကို သွားပြီး ကနေဒါ အစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး ခဲ့တယ်ဆိုပြီး သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာခဲ့တယ်။
---------
◾️ ကြည့်ရတာ…သူတို့လည်း အရာဝင်တယ်ဆိုပြီး သိပ်အလေးပေးခံစေချင်ပုံပါပဲ။ တွေ့ဆုံခဲ့တဲ့သူတွေ ထုတ်ပြန်ချိန်မှာ လွှတ်တော်အမတ်အဆင့်လောက်နဲ့တင်…ပြီးခဲ့တာ က နိုင်ငံရေးမှာ ဝိတ်တန်းမတူတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြမှာပါ။ နိုင်ငံရေးမှာ “တွေ့ဆုံခဲ့တယ်” ဆိုတာထက် “ဘယ်အဆင့်နဲ့ တွေ့ဆုံခဲ့တယ်” ဆိုတာက ပိုအရေးကြီးတယ်။
--------
◾️နိုင်ငံတကာသံတမန်ရေးဆိုတာက boxing match ပြိုင်ပွဲတွေလိုပဲ။
ဝိတ်တန်းမတူရင် ပြိုင်ပွဲက တူညီတဲ့ အဆင့်မှာ မရှိဘူး။ တစ်ဖက်မှာ သမ္မတအဆင့် နိုင်ငံတော်ခရီးစဉ်ဆိုတာက အစိုးရချင်းဆက်ဆံရေး (state-to-state diplomacy) ရဲ့ အမြင့်ဆုံး ပုံစံနဲ့ သွားပေမယ့်…ဇင်မာအောင်တို့ဆီမှာက လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးဆိုင်ရာ interlocutor တွေနဲ့ တွေ့ဆုံမှုတွေ..ဆိုတော့…parliamentary engagementနဲ့ ထောက်ခံအားပေးမှုသပ်သပ်ဆိုတဲ့ သံတမန်ရေး အဆင့်ပဲ ရှိတာ မြင်ရတယ်။
----------
◾️ ကော်ဇောနီတွေ၊ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ကြိုတာ ၊ မကြိုတာ ခဏထား။ အလုပ်ခန်းထဲမှာ ဖြစ်သလို တွေ့တာလောက်ကို SCEF ရဲ့ ကနေဒါ ခရီးစဉ်ဆိုပြီး …ပြိုင်တုသတင်းလွှင့်တာ တော့ လွန်တာပေါ့။
(နရီမိုး)
http://t.me/pyitwinnews | 554 |
| 11 | စစ်မှုထမ်းဆင့်ခေါ်ခြင်းခံရသည့်
မြင့်လွင် စစ်သားမလုပ်ချင်ပါ။
ရွာမှာ အေးရာအေးကြောင်းသာ လုပ်စားချင်သည်။
ပြီးတော့
အမေတစ်ခုသားတစ်ခုမို့ မိခင်ကြီးကို စိတ်မချ။ မိခင်ကလည်း စိတ်ချနိုင်မည်မဟုတ်။
ရွာမှာ ဆင်းရဲလို့ ကိုယ်တိုင် ဖုန်းမကိုင်နိုင်ပေမယ့်
စစ်သားလုပ်ရင် စစ်တိုက်ပြီးသေကြတာ၊ အဖမ်းခံကြရတဲ့ပုံတွေ နဲ့အွန်လိုင်းေပါ်က အကြောင်းေတွသူများပြောပြလို့ သိသည်။
မြင့်လွင်
စစ်မတိုက်ချင်။
စစ်မှုမထမ်းချင်ပါ။
သူများတွေလို ငွေပေးပြီး ရှောင်ဖို့ကလည်း မတတ်နိုင်။
ဒီတော့
ပြေးသည်။
စစ်သားဖြစ်မှ ပြေးရတာထက်တော့ တော်သေသည်မဟုတ်လား။
သို့သော်
မြင့်လွင် ပြေးမလွတ်ပါ။
အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အချိန်မီဖမ်းဆည်းမိခဲ့သည်။
မြင့်လွင် ငိုသည်။
ကြိုးဖြင့်တုပ်သဖြင့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို မကျေနပ်။
အထူးသဖြင့် အုပ်ကြီးကို မုန်းသည်။
သူ့ကို့ ပါးရိုက်ခဲ့သဖြင့် မကျေနပ်။
ဒီလိုနဲ့
စုဆောင်းရေးအပို့ခံရစဉ်
တနယ်ထဲသား ကျော်ထူးက ပြောသည်။
သူလည်း အဆွဲခံရသည်။
အုပ်ကြီးကို မကျေနပ်တာချင်းတူသည်။
ပစ ဆိုတာ နှစ်နှစ်ထဲလုပ်ရမှာ
ပြန်လာမှ အုပ်ကြီးကို ပြန်လည်လက်စားချေကြမည်ဟု တိုင်ပင်ခါ
မကျေနပ်ချက် အညှိူးဖြင့်
စစ်မှုထမ်းလိုက်ခဲ့ကြသည်။
စုဆောင်းရေး
ပြီးတော့ သင်တန်းကာလ။
အစမှာ ပင်ပန်းသည်။ မနေချင်။
ပြေးချင်သည်။
အခွင့်ကမသာ။
ပစအချင်းချင်း ယိုင်းပင်းကူညီတာတွေကြောင့်သာ တော်တော့သည်။
အခြေခံစစ်ပညာတွေက ပင်ပန်းသည်။
သို့သော်
သင်တန်းဆင်းခါနီးတော့
ပျော်သည်။
ဂုဏ်ပြုနုတ်ဆက်ပွဲညမှာ တစ်ပတ်စဉ်တည်းတွေ ခွဲကြရမှာသိတော့ဝမ်းနည်းသလိုလို။
ဒီလိုနဲ့
တာဝန်ကျရာ စဆရ ကိုရောက်လာတော့ လူသစ်မို့ အစစ ဂရုစိုက်ကြသည့် နောင်တော်များကြောင့် သင်တန်းလောက်တောင် မပင်ပန်း။
ပထမနှစ်ဝက်မှာတင်
တိုက်ပွဲငယ်အချို့နဲ့ ယဉ်ပါးခဲ့ရသည်။
လက်တွေ့စစ်ပညာက ထပ်မံသင်ပေးနေပြန်သည်။
စစ်သားအချင်းချင်း
ဆေးလိပ်တိုကလေး ဖင်ကပ်ကို မျှသောက်ကြတဲ့အထိ ။ ကိုယ်ချင်းစာတတ်ခဲ့သည်။
သောက်ရေလဲ ထို့အတူ။
ယုတ်စွအဆုံး တိုက်ပွဲမှာ ကျည်ကုန်ရင်တောင် မျှပေးကြသည်။
ပထမ တစ်နှစ်ပြည့်တော့
စစ်သားဘဝကို သိပြီး။
နားလည်လာသည်။
ဒဏ်ရာရ ရဲဘော်ကို မရမက တက်ဆွဲသည့် ဆရာတွေကို အားကျလာသည်။
ကိုယ်လွတ်ရုန်းတဲ့စိတ်ကို မုန်းတတ်လာခဲ့သည်။
ဘာကြောင့်
စစ်တိုက်နေရသလဲ ဆိုတာ
နားရည်ဝလာသလို
တိုင်းပြည်ရန်ဆွယ်တွေကို ရဲရဲချေမှုန်းဖို့ ကြောက်စိတ် အလျဉ်းမရှိတော့။
အမိန့်နာခံမှုနဲ့
တိုက်ရည်ခိုက်ရည် ကောင်းသဖြင့်
စစ်သက် တစ်နှစ်နဲ့ သုံးလမှာ မြင့်လွင် ဒုတကအဆင့်တိုးမြှင့်ရရှိသည်။
ဆရာမြင့်လွင် ဖြစ်ပြီ။
စစ်တိုက်ရတာ ပျော်လာသည်။
ထို့အတူ
အမေ့ကိုလည်း လွမ်းသည်။
ရန်သူ့စခန်းငယ်လေး တစ်ခု တက်သိမ်းတော့ ဆရာမြင့်လွင် ပွိုင့်က တက်သည်။
ဒဏ်ရာရသည် ။
မဆိုးရိမ်ရပေမယ့် အနားရသည်။
ကင်းလောက်သာ စောင့်ရတော့ ပျင်းသည်။
စစ်မှုထမ်းသက် နှစ်နှစ်နားကပ်လာတော့
အချို့က ပျော်ကြသည်။
မြင့်လွင်
ပျော်ရမလား ဘာလား ခံစားချက်သိပ့်မရှိတော့။
အမေ့ကိုတော့ လွမ်းသည်။
အမေလည်း ဘုရားရှိခိုးတိုင်းမြင့်လွင်နဲ့ စစ်သည်တွေကို မေ့တ္တာပို့ပေးနေပါလိမ့်မည်။
စစ်မှုထမ်း လိုက်ခဲ့ရတော့
အမေရေးပေးလိုက်တဲ့ စာရွက်လေးက
ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကါ ကေနစိ
အန္တရာယော ကာတုံ တတ္ဌာမေ ဟောတု
မြင့်လွင် ရွတ်ဖတ်ရင်း အနက်ပြန်ပါ အလွတ်ရနေပြီ။
စစ်ကြောင်းမှူးက တန်းစီရင်းပြောသည်။
ပစ နှစ်ပြည့်တွေ အိမ်ပြန်လိုသူ ထွက်ခွင့်ရပြီ။
မထွက်ချင်လည်း ဆက်လက်တာဝန်ထမ်းလိုက ဆန္ဒအလျှောက်
တာဝန်ဆက်ထမ်းခွင့်ရှိသည်ဟူ၍။
ထွက်ရင်
လစဉ်
ဘဏ်စုငွေက ဆယ်သိန်းလောက်နဲ့ လစာငွေ ပေါင်းရင် သိန်းသုံးဆယ်လောက်တော့ရမည်။
အိမ်ပြန်အမေ့ကို အိမ်လေးပြင်ဆောက်ပေးဖို့ လုံလောက်တန်ကောင်းပါရဲ့။
မြင့်လွင် အိမ်ပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
တိုင်းပြည်က မြင့်လွင်တို့လို လူငယ်တွေ အများကြီး လိုအပ်နေကြောင်း ဗိုလ်လေးနားချတာကို လက်ခံပေမယ့်.............
မြင့်လွင်
ထွက်ခွင့်နဲ့
အိမ်ပြန်လာခဲ့သည်။
ဒါကို
အမေ့ကိုတောင် မပြောပြခဲ့။
ဆိုင်ကယ်ကယ်ရီလေးနဲ့ သာမာန်အရပ်ဝတ်လေးနဲ့ ပြန်လာခြင်းသာဖြစ်သည်။
ရုတ်တရက်
ရွာအဝင်မှာ လူတန်းကြီးက ပိတ်ထားသည်။
လူအုပ်ရဲ့နောက်မှာ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကိုယ်စားပြု
နိုင်ငံတော်အလံကို သေသေသပ်သပ်ကိုင်လျှက် ထွက်လာတဲ့
မြင့်လွင်ကို စစ်သားဖြစ်စေခဲ့တဲ့
အုပ်ကြီးနဲ့ သူ့လူအချို့
ရွာမှာ သူ့လို ငမွဲကောင်ကို ခုလို ကြိုနေကြတာ မယုံနိုင်။
မြင့်လွင် ကြောင်နေတုန်း
ဂုဏ်ပြု အိုးစည်သံများညံသွားသည်။
ပန်းကုန်းများက လည်တိုင်အပြည့်
အမေ
အမေငိုကာ လာဖက်တော့မှ
သတိဝင်လာပြီး
အလံကိုင် အုပ်ချုပ်ရေးမှူးဘက်လှည့်ကာ တလေးတစား
စစ်မာန်အပြည့်ဖြင့်
မြင့်လွင်
အလေးပြုလိုက်မိပေတော့သည်။
အမိမြေ မှ သား | 805 |
| 12 | ဘယ်တော့နိုင်မလဲဆိုတာ ကျနော်တို့ အလုပ်မဟုတ်ဘူး မနိုင်မချင်း အလှူခံသွားဖို့ကသာ ကျွန်တာ်တို့ အလုပ်ဖြစ်တယ်။
လင်းလင်း | 810 |
| 13 | ယခုနှစ် ဧပြီလတွင် အစိုးရသစ် တက်လာပြီးနောက်တွင် စစ်ဆင်ရေး ဗျူဟာ အပြောင်းအလဲများ လုပ်ဆောင်လာသလို မိုးရာသီတွင်လည်း ထိုးစစ်အရှိန် လျော့သွားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
သာမန်အားဖြင့် ပထဝီအနေအထားအရ မိုးရာသီတွင် ထိုးစစ်များ ရပ်နားလေ့ရှိသော်လည်း ယခုနှစ်တွင် မိုးရာသီဝင်ရောက် လာပြီဖြစ်သော်လည်းတပ်မတော်က အရှိန်မလျော့သွားပဲ မောတောင်မြို့ကို သဲသဲမဲမဲ ထိုးစစ်ဆင်ခဲ့သည်။
ဗျူဟာအပြောင်းအလဲများဖြင့် အင်အားအပြည့်အဝ အသုံးချကာ ထိုးစစ်ဆင်နေမှုကြောင့် တပ်စစ်ကြောင်းမှာ မောတောင်မြို့နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေခဲ့ပြီး ကရင်/PDFများက အသည်းအသန် အလူးအလဲ ခုခံနေခဲ့ကြသည်။
ယခုအခါ မောတောင်မြို့ကိုလည်း တပ်မတော်က ပြန်လည် ထိန်းချုပ်သွားနိုင်ပြီဖြစ်ပြီး အခြားသော ကရင် PDFများ ထိန်းချုပ်ရာ ဒေသများကို ဆက်လက်၍ တခုပြီးတခု ထိုးစစ်ဆင် သိမ်းပိုက်လာတော့မည်ဖြစ်သည်။
Crd | 787 |
| 14 | မောတောင်တိုက်ပွဲ တပ်မတော်ဖက်မှ ယခုလို စနစ်တကျတိုက်လာသည့် တိုက်ပွဲများ တခါမှမကြုံဘူးဟု PDFများဆို
မေ ၁၉
ယခုနှစ် ဧပြီလ ၂၁ ရက်နေ့မှစ၍ တကျော့ပြန် စစ်ဆင်ရေးလုပ်လာသည့် တပ်စစ်ကြောင်းများက ကရင်/PDF တပ်များ၏ ခံစစ်စည်းအထပ်ထပ်ကို ရအောင် ထိုးဖေါက်ကာ မောတောင်မြို့ဧရိယာအတွင်း ပါဝင်သည့် အမှတ် (၁) ရွာသို့ စတင် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါလှသည့် မောတောင်မြို့ကို ပြန်သိမ်းရန် ယခုနှစ် ဧပြီလ တတိယအပတ်မှစကာ သဲဖြူရွာဝန်းကျင်သို့ တပ်မတော်က စစ်အင်အားဖြည့်တင်းလာခဲ့သည်။
မေလဆန်းအထိ သဲဖြူရွာဝန်းကျင်သို့ ကားအစီး ၅၀ ကျော်ဖြင့်လည်း စစ်သည်များကို ပို့ဆောင်ဖြည့်တင်းခဲ့သည်။
သဲဖြူရွာသည် တနင်္သာရီ-ဘုတ်ပြင်းလမ်းမှ ခွဲဝင်ရပြီး ပြည်ထောင်စုလမ်းမကြီးမှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ထိုသို့ အင်အားဖြည့်တင်းပြီးနောက်တွင် တပ်စစ်ကြောင်းက မောတောင်မြို့ဘက်သို့ ရှေ့ဆက်တိုးလာသဖြင့် ရက်သတ္တပတ် သုံးပတ်ကျော်အကြာ ရက်ရှည်တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး မောတောင်မြို့သည် မြိတ်ဒေသမှ ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့်အတွက် အရေးပါသည့် နယ်စပ်မြို့တစ်မြို့လည်း ဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုဉာဏ်ဝါး က “အခု စစ်ကြောင်းသုံးကြောင်းပေါ့။ စစ်ကြောင်းသုံးကြောင်းက ပြည်ထောင်စုလမ်းမကြီးကနေ တစ်ကြောင်း ထိုးလာတယ်။ ပြီးရင် ကျွန်တော်တို့က သုံးပွင့်ဆိုင်ဆိုတော့ ဘေးပေါက်တွေကလည်း ထိုးလာတယ်။ ပြည်ထောင်စုလမ်းမကြီးရဲ့ မနီးမဝေးကနေလည်း ထိုးလာတယ်။ စစ်ကြောင်းသုံးကြောင်း သုံးပွင့်ဆိုင်ပေါ့။ မိန်း (Main) ကတော့ ပြည်ထောင်စုလမ်းမကြီးပေါ့လေ” ဟု ဆိုသည်။
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ ၄၉ မိုင်ခန့်အကွာတွင် တည်ရှိသည့် မောတောင်မြို့ကို ယမန်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကရင် လက် နက်ကိုင်များက သိမ်းပိုက်ခဲ့သည်။ ထိုသို့ မြို့သိမ်းပြီး နောက်တစ်ရက်မှစ၍ တပ်မတော်က လေကြောင်းနှင့် ကုန်းကြောင်းမှ စစ်အင်အား ရာပေါင်းများစွာ ပို့ဆောင်ပြီး အလုံးအရင်းဖြင့် တန်ပြန်တိုက်စစ်ပြန်ဖွင့်ခဲ့သည်။
သို့ရာတွင် လက်နက်ကိုင်များ၏ ပြင်းထန်စွာ ခုခံတိုက်ခိုက်နေမှုကြောင့် မောတောင်မြို့နှင့် ၃၄ မိုင်ခန့်အကွာရှိ သဲဖြူရွာနှင့် အနီးဝန်းကျင်တွင် လပေါင်းများစွာ ရပ်တန့်နေခဲ့သည်။
ဧပြီလတွင် တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄၄ ကြိမ်ထက်မနည်း ရှိရာ မောတောင်မြို့တည်ရှိရာ တနင်္သာရီမြို့နယ်တွင် ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
တပ်မတော်က တကျော့ပြန် အင်အားပြန်လည်ဖြည့်တင်းကာ တနင်္သာရီ-မောတောင်လမ်းအတိုင်း စစ်ကြောင်းဝင်လာသည့်အတွက် ကရင်/PDFများ တဖြည်းဖြည်း ဆုတ်ခွါခဲ့ကြရတော့သည်။
မေလ ၈ ရက်နေ့တွင် သဘော့လိပ်ရွာသို့ သွားရန် ကရင်လက်နက်ကိုင်များ ဖောက်ထားသည့် ဒေသအခေါ် နေကျော်တောင်မှ သဘော့လိပ်ရွာသို့သွားသည့် လမ်းသစ်ကိုလည်း တပ်က ထိန်းချုပ်သွားခဲ့သည်။ အဆိုပါ နေကျော်တောင်သည် သဲဖြူရွာနှင့် မောတောင်မြို့ကြားတွင် တည်ရှိပြီး သဲဖြူရွာနှင့် ပိုမိုနီးကပ်သည်။
◼︎ ဟန်ချက်ညီ ထိုးစစ်
လက်ရှိ ထိုးစစ်ဆင်နေသည့် တပ်မတော် စစ်ကြောင်းများမှာ ယခင်က စစ်ကြောင်းထိုးခဲ့သည့် ဗျူဟာများနှင့်မတူတော့ဘဲ ဟန်ချက်ညီလာကြောင်း အဆိုပါနယ်မြေအတွင်း တိုက်ခိုက်နေသည့် PDFတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရန်သူလည်း သေတယ်။ သေလည်း တက်နေကြတာ။ ကျားထိုးအော်ပြီး တက်တာ။ ‘ပစ’ (ပြည်သူ့စစ်) တွေ မဟုတ်ဘူး။ တကယ့်စစ်သားတွေ။ တအား စည်းစနစ်ကျတယ်။ ဟန်ချက်ညီသလား မမေးနဲ့။ တစ်ခါမှ မကြုံဖူးဘူး ဒီလိုတိုက်ပွဲမျိုး။ စစ်ကြောင်း ၂ ကြောင်းက ဘေးက ပတ်တက်ပြီး နောက်ကျောကနေ ပြန်ဝိုင်းလာကြတယ်။ လမ်းမကနေ တစ်ကြောင်းကလည်း ကျားထိုးပြီး တက်တယ်” ဟု ၎င်းက ပြောသည်။
◼︎ လေကြောင်းမှတိုက်ခိုက်မှု ဗျူဟာပြောင်းလဲခြင်း
တပ်စစ်ကြောင်းများက မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ရန် ဒုတိယအကြိမ် တန်ပြန်ထိုးစစ်ဖွင့်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှု ဗျူဟာပြောင်းလဲလာသည်ကိုလည်း တွေ့မြင်ရသည်ဆိုသည်။
ထိုသို့ လေကြောင်းမှ တိုက်ခိုက်ရာတွင်လည်း ဗျူဟာပြောင်းလဲလာပြီး လေယာဉ်အုပ်စုဖွဲ့၍ ဗုံးကြဲလာလေ့ရှိကြောင်း PDFတစ်ဦးက ဆိုသည်။
“အရင်တုန်းကဆိုရင် ဗုံးတစ်လုံး နှစ်လုံး လာချတယ်။ အခုဆိုရင် တစ်စီးကနေ နှစ်စီး၊ နှစ်စီးကနေ သုံးစီးတွေ ဖြစ်လာတယ်။ အင်အားကို အလုံးအရင်း သုံးလာတာ။ ပြီးတော့ ကြားသိရသလောက်က မောတောင်ကို အရပြန်ယူမယ်လို့ ကြွေးကြော်ထားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို မေလ ၂ ရက်၊ မေလ ၁၀ ရက်နှင့် မေလ ၁၄ ရက်တို့တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မောတောင်မြို့နှင့် အမှတ် (၁) ရွာ၊ အမှတ် (၃) ရွာ၊ အမှတ် (၅) ရွာ၊ အမှတ် (၉) ရွာ၊ ဖောင်ဆိပ်ရွာ (ဒေသအခေါ်) စသည့်နေရာများကို လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ | 769 |
| 15 | မကြာခင်ရွေးချယ်တော့မည့် ရပ်မိရပ်ဖ ရာ/ဆယ်များ
ရွေးချယ်ကြရာသတိပြုရန်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် ပြည်သူနှင့် အစိုးရအကြား တိုက်ရိုက်ထိတွေ့နေရသော အခြေခံအကျဆုံး အုပ်ချုပ်ရေးဒေါက်တိုင်များ ဖြစ်ကြပါသည်။ ထို့ကြောင့် ရာ/ဆယ်မှူးများကို ပြန်လည်ရွေးချယ်ရာတွင် အရည်အချင်းပြည့်ဝပြီး ပြည်သူ့အကျိုးကို အမှန်တကယ် ဖော်ဆောင်နိုင်သူများ ဖြစ်စေရန် ရည်ရွယ်၍ အောက်ပါဆောင်းပါးကို တင်ပြလိုက်ရပါသည်။
ခိုင်မာသော အခြေခံအုပ်ချုပ်ရေး ယန္တရားအတွက် အရည်အချင်းရှိသည့် ရာ/ဆယ်မှူးများ ရွေးချယ်ခြင်း
နိုင်ငံတော်တစ်ခု၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံအဆောက်အအုံဖြစ်သော ရပ်ကွက်နှင့် ကျေးရွာများ၏ စနစ်ကျသည့် အုပ်ချုပ်မှုပေါ်တွင် များစွာမူတည်နေပါသည်။ လက်ရှိအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ပြန်လည်ရွေးချယ်ရာ၌ အစဉ်အလာအရ လူဟောင်းများကိုသာ ဆက်လက်ခန့်အပ်ခြင်းထက် ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသော ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် "လူသစ်၊ စိတ်သစ်၊ အရည်အချင်းသစ်" ရှိသူများကို ဦးစားပေးရွေးချယ်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
၁။ အကျင့်စာရိတ္တနှင့် ပညာဗဟုသုတကို ဦးထိပ်ထားခြင်း
ရာအိမ်မှူး၊ ဆယ်အိမ်မှူး တစ်ဦးအတွက် ပထမဆုံးသော အရည်အချင်းမှာ ကောင်းမွန်သော အကျင့်စာရိတ္တနှင့် အများယုံကြည်အားကိုးထိုက်သော ဂုဏ်သတင်းရှိခြင်း ဖြစ်သည်။ လမ်းသူလမ်းသားများ၏ အခက်အခဲကို ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်သည့် ပညာဗဟုသုတ ရှိရန်လည်း အထူးလိုအပ်ပါသည်။ ပညာနှင့် စာရိတ္တ ပေါင်းစပ်မှသာလျှင် တိကျမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်သည်။
၂။ မိသားစုအကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ခြင်း
စစ်မှန်သော ခေါင်းဆောင်မှုဆိုသည်မှာ မိမိကိုယ်ကျိုးထက် မိမိတာဝန်ယူထားရသော နယ်မြေအတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေးခြင်း ဖြစ်သည်။ အခက်အခဲကြုံတွေ့နေရသော လမ်းသူလမ်းသားများဘက်မှ မာမာမတ်မတ် ရပ်တည်ပေးရဲသော သတ္တိနှင့် စာနာစိတ်ရှိသူများကိုသာ ရွေးချယ်သင့်ပါသည်။ စီးပွားရေးအရ အသင့်အတင့် ပြည့်စုံပြီး ကိုယ်ပိုင်အိုးအိမ် အာမခံချက်ရှိသူ ဖြစ်ပါက အဂတိတရားနှင့် ကင်းစင်စွာဖြင့် ရပ်ရွာအကျိုးကို ပိုမိုအာရုံစိုက် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
၃။ နေထိုင်မှု ခိုင်မာမှုနှင့် သန်းခေါင်စာရင်း အတည်ဖြစ်မှု
အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် ရေရှည်အာမခံချက် ရှိရန်မှာ အရေးကြီးပါသည်။ ထို့ကြောင့်:
သက်ဆိုင်ရာ ရပ်ကွက်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) အတည်တကျရှိပြီး ကိုယ်ပိုင်အိုးအိမ်ဖြင့် အခြေချနေထိုင်သူ ဖြစ်ရပါမည်။
အငှားဖြင့် ခေတ္တနေထိုင်သူများ သို့မဟုတ် သန်းခေါင်စာရင်း အတည်တကျ မရှိသူများကို ရွေးချယ်ခြင်းထက် နယ်မြေအတွင်း နှစ်ရှည်လများ အခြေချကာ ဒေသအခြေအနေကို ကျွမ်းကျင်စွာ သိရှိသူများကိုသာ အတည်ပြု ရွေးချယ်သင့်ပါသည်။
၄။ ပြည်သူ့အကြိုက်နှင့် နိုင်ငံတော်၏ မူဝါဒ
နိုင်ငံတော်မှ ချမှတ်ထားသော လမ်းညွှန်ချက်များအရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူဗဟိုပြု (People-Centered) ဖြစ်ရပါမည်။ ပြည်သူက ယုံကြည်လက်ခံသူ၊ ပြည်သူ့အခက်အခဲကို ကိုယ်ချင်းစာ တာဝန်ယူပေးနိုင်သူများ ရာ/ဆယ်မှူးများ ဖြစ်လာမှသာလျှင် ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးသည် ခိုင်မာလာမည် ဖြစ်သည်။
အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ လက်အောက်ခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ရွေးချယ်ရာတွင် ပုဂ္ဂိုလ်စွဲ၊ သူငယ်ချင်းစွဲများကို ဖယ်ရှားပြီး ဖော်ပြပါ စံနှုန်းများနှင့် ကိုက်ညီသောသူများကို တိကျမှန်ကန်စွာ ရွေးချယ်တင်မြှောက်ပေးကြရန် တိုက်တွန်းလိုပါသည်။ သို့မှသာလျှင် အခြေခံလူတန်းစား ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုလုံခြုံစိတ်ချရပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အားကောင်းသော အင်အားစုများ ဖြစ်လာမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မူရင်းရေးသူအား -crd | 558 |
| 16 | ပွကြီးအိမ်ဝက "ကျူးဘားမှာ အီရန်ဒရုန်းတွေရောက်နေလို့တဲ့ "...
ဒီနေ့ နိုင်ငံတကာသတင်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့... အမေရိကန်ရဲ့ အိမ်ရှေ့ဝရန်တာ မိုင် ၉၀ အကွာအဝေးတင်ရှိတဲ့ ကျူးဘားကျွန်းပေါ်မှာ အီရန်စစ်ဘက်အကြံပေးတွေ ရောက်နေပြီး ဒရုန်းအစင်း ၃၀၀ ကျော်နဲ့ အမေရိကန် စစ်စခန်းတွေကို ချိန်ရွယ်နေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ဒီကစားကွက်ကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် "ကျူးဘား ဒုံးကျည်အကျပ်အတည်း (Cuban Missile Crisis)" ကို ပြေးမြင်မိကြမှာ သေချာပါတယ်။
၁၉၆၂ ခုနှစ်တုန်းက ဆိုဗီယက်ယူနီယံဟာ အမေရိကန်ရဲ့ အိမ်ဦးဖျန်းမှာရှိတဲ့ ကျူးဘားမြေပေါ်မှာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေကို လာရောက်တပ်ဆင်ပြီး အမေရိကန်ကို ဗြောင်ကျကျ စိန်ခေါ်ခဲ့ပါတယ်။
ထိုစဉ်က သမ္မတ ဂျွန်အက်ဖ်ကနေဒီနဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်တို့အကြား တတိယကမ္ဘာစစ် ဖြစ်လုနီးပါး ကမ္ဘာကြီးတစ်ခုလုံး ရင်တမမ စောင့်ကြည့်ခဲ့ရတဲ့ "ပွကြီးအိမ်ဝက ဒုံးကျည်အကျပ်အတည်း" သမိုင်းပဲ ဖြစ်ပါတယ်။
အခု ၂၁ ရာစုမှာတော့ သမိုင်းက ပုံစံတစ်မျိုးနဲ့ ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။
အမေရိကန်ဟာ တရုတ်နဲ့ အီရန်ရဲ့ အနီးအနားက နိုင်ငံတွေမှာ စစ်စခန်းတွေဆောက်၊ မဟာမိတ်တွေဖွဲ့ပြီး ပိတ်ဆို့ဖို့ ကြိုးစားနေချိန်မှာ...
အီရန်နဲ့ တရုတ် မဟာမိတ်အုပ်စုကလည်း အမေရိကန်ရဲ့ အနီးဆုံး အိမ်နီးနားချင်း ကျူးဘားကို စစ်ရေးအရ မြှင့်တင်ပေးပြီး ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ခေတ်သစ်စစ်ပွဲတွေမှာ သမားရိုးကျ ဒုံးကျည်တွေထက် ကုန်ကျစရိတ်သက်သာပြီး ရန်သူ့ကာကွယ်ရေးစနစ်ကို ဒုက္ခပေးနိုင်တဲ့ "ဒရုန်း" တွေက အဓိက စစ်လက်နက် ဖြစ်လာပါတယ်။
ကျူးဘားက အီရန်စစ်ဘက်အကြံပေးတွေရဲ့ အကူအညီနဲ့ ဒရုန်း ၃၀၀ ကျော်ကို အဆင်သင့် ပြင်ထားတယ်ဆိုတာဟာ... အမေရိကန်အနေနဲ့ တစ်ဖက်နိုင်ငံတွေကို စစ်ရေးအရ ဖိအားပေးလာရင် "မင်းတို့ ငါ့ကို လာဆော်ရင်... ငါလည်း မင်းတို့အိမ်နားကနေ ပြန်ဆော်ဖို့ ပြင်ထားတယ်" ဆိုတဲ့ ဗျူဟာမြောက် အပြန်အလှန် အဟန့်အတားပြုစနစ် (Mutual Deterrence) ကို ပြသလိုက်တာပါပဲ။
"ပွကြီး" အနေနဲ့ ကိုယ့်အိမ်ရှေ့က ဖလော်ရီဒါနဲ့ ဂွါန္တာနမိုစခန်းကို အချိန်မရွေး ဒရုန်းနဲ့ အပစ်ခံရနိုင်တဲ့အန္တရာယ် ရှိလာတဲ့အတွက်... ထရမ့်အစိုးရတစ်ဖွဲ့လုံး ခေါင်းခြောက်ပြီး သံတမန်ရေးအရ နောက်ဆုတ်ရမလို၊ အပေးအယူလုပ်ရမလိုနဲ့ အကြပ်ရိုက်စေမယ့် ခေတ်သစ် "ကျူးဘားဒရုန်းအကျပ်အတည်း" ပြကွက်ကြီးပဲ ဖြစ်ပါတယ်ဗျာ။
ဘာဆက်ဖြစ်မလဲဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာပေါ့နော်...
Crd | 324 |
| 17 | ရခိုင်ကုန်သည်တွေတဲ့ အင်မတန်အကျင့်ယုတ်တဲ့ကောင်တွေ။
ပလက်ဝက တပ်ရင်းတစ်ခု အဝိုင်းခံထားရတယ်။ မိသားစုဝင်တွေပါ အငတ်ငတ်အပြတ်ပြတ်ပေါ့။
တပ်က ငတ်ပြတ်နေပေမယ့် ဝိုင်းထားတဲ့ကောင်တွေက ပခုက္ကူ၊ မင်းတပ်၊ မတူပီ၊ ဆမီးပလက်ဝ လမ်းကြောင်းကြီးပေါ်ကနေ ရိက္ခာသယ်ပြီး စိန်ပြေနပြေ စစ်တိုက်ကြတယ်။
ပလက်ဝ လူထုနဲ့ ပလက်ဝက ပိတ်ဆို့ခံနေရတဲ့ တပ်ကို ရိက္ခာပို့ဖို့လုပ်ရတယ်။
တပ်မတော် စစ်ကြောင်းတစ်ကြောင်းက ဆမီးမြို့ထိ ထိုးဖောက်ဝင်ရောက်သွားတယ်။
ဆမီးမြို့ရဲ့ အခြေအနေက ဒေသခံခူမီးတွေက ပညာတတ်နဲတယ်။ ရခိုင်တွေက ပညာတတ်ကြတော့ ဆမီးမှာ ချမ်းသာတဲ့ လူတန်းစားက ရခိုင်တွေဖြစ်ပြီး ခူမီးချင်းတွေက အောက်ခြေသိမ်းလုပ်ရတယ်။
အဲဒီရခိုင်တွေ ဘယ်လောက်အကျင့်ယုတ်လဲဆိုတော့ တပ်က သူတို့ကားတွေ ယူသုံးမှာ စိုးလို့ဆိုပြီး ကားဘီတွေဖြုတ်ထားကြတယ်။ ကားမကောင်းဘူးဆိုတဲ့သဘော။
ပလက်ဝ ကို ဝိုင်းထားတဲ့ AA တွေကို အရင်က အဲဒီကားတွေနဲ့ ပို့ကြပေမယ့်၊ တပ်တွေရောက်လာတော့ ကားမကောင်းတဲ့ ပုံ ဟန်ဆောင်ပြီး ပညာပြတာပေါ့။
ဆမီးမှာ စုပုံထားတဲ့ ရိက္ခာတွေကိုတော့ ဆိုင်ကယ်တွေနဲ့ သယ်တယ်။ သယ်တဲ့သူတွေက ရခိုင်တွေချည်းပဲ ဆိုင်ကယ်တစ်စီးကို ဆန် ၅ အိတ်လောက်ပါတယ်။
ဒီကောင်တွေသယ်တာ ပြည်သူအတွက်မဟုတ်ဘူးဆိုတာ သုံးသပ်ကြည့်လို့ရတယ်။ ပလက်ဝပြည်သူက ငတ်နေတယ်။
တပ်မှာလည်း စားစရာမရှိဘူး။
ဒီကောင်တွေကတော့ တစ်နေ့ကို အစီး ၅၀၊ တစ်စီး ၅ အိတ်လောက်သယ်ကြတယ်။
ပြီးရင် ကားဘီးဖြုတ်ပြီး ပညာက ပြသေးတယ်။
ဒါမျိုးတော့ ဘယ်ရမလဲ။
ပလက်ဝဘက်ပို့တဲ့ ဆန်အားလုံးကို ပိတ်ချလိုက်တယ်။
ဆမီးမြို့ထဲ အဝင်အထွက် ကားတွေအားလုံးကို မှတ်ပုံတင်ခိုင်းလိုက်တယ်။
ချောင်းထဲ စက်လှေသွားတာတွေကိုကန့်သတ်တယ်။
တချို့က မလိုက်နာပဲ မောင်းပြေးတယ်။ ရတယ် ပဲ့မော်တာတွေပါ ဖြုတ်သိမ်းတယ်။
မှတ်ပုံတင်ပြီးမှ ပြန်လွှတ်ပေးတယ်။
ပလက်ဝဘက်ကို တပ်အစီအစဉ် ယာဉ်တန်းနဲ့ပဲ ပို့ခိုင်းလိုက်တော့ စောက်ကျင့်ယုတ်တဲ့ကောင်တွေ မနေနိုင်တော့ဘူး သူတို့ကားတွေလည်းယူသုံးပါဖြစ်လာတယ်။
ပလက်ဝမြို့ခံတွေနဲ့ တပ်ရင်းအတွက် ရိက္ခာစုပုံတဲ့ အစီအစဉ်ကြီး အောင်မြင်သွားတယ်ပေါ့ဗျာ။
အခုဆောမှာ အဲဒီကုန်သယ်တွေမိထားပြန်ပြီ။
ဒီတစ်ခါတော့ AA ထိန်းချုပ်ခွင်ထဲမှာ ကိုယ့်ဘက်ကသူတွေလည်း တစ်ယောက်မှမရှိတော့ဘူး။
လွတ်လွတ်လပ်လပ် ထိန်းချုပ်လို့ရပြီ။
ပြောချင်တာက ဆိုင်ကယ်လမ်းကြောင်းဆိုပြီးလည်း အထင်မသေးပါနဲ့ ရိက္ခာကတော်တော်ပါပါတယ်။
ကုန်သယ်တွေဆိုတာလည်း ဒီကောင်တွေဘက်တော်သား AA အားပေးတွေပါပဲ။
ရေကြောင်းကလည်း ဒီကောင်တွေရဲ့ ထောက်ပို့လမ်းကြောင်းပါပဲ။ ရေကြောင်းတွေပါ ပိတ်ဆို့မှ ရပါမယ်။
ဆမီးမြို့ပုံကတော့ ဗုံးကျဲရင် ကျဲလို့ ကောင်းတဲ့ ပစ်မှတ်လေးတွေ ထည့်ပေးလိုက်တာပါ။ | 512 |
| 18 | သမ္မတပူတင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံမည်
ရုရှားနှင့် အာဆီယံတို့၏ ဆွေးနွေးဘက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမည့်လတွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန PBS က ဖော်ပြသည်။
ထိုသို့ တွေ့ဆုံရာတွင် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မရှိသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ပါဝင်ခြင်းရှိမရှိကိုမူ မသိရပေ။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် ပူတင်၏ တောင်းဆိုချက်ကို သဘောတူခဲ့ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေနှင့် အမေရိကန်- အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုများအား အာဆီယံအဖွဲ့က အသိအမှတ်ပြုလိုက်ခြင်း ပင် ဖြစ်သည်ဟု ဆိုသည်။
စီဘူး ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အဓိက ကိစ္စရပ်များထဲမှ တခုမှာ စွမ်းအင်ဖူလုံရေးဖြစ်ပြီး အရှေ့အလယ် ပိုင်းပဋိပက္ခမှ ဖြစ်ပေါ်လာသည့် အနှောင့်အယှက်များကို ဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့ဝင်များကြား စုပေါင်း၍ အရှိန် အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။
ယခင်က အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများကို အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အဓိက ဆွေးနွေးဘက်နိုင်ငံများနှင့် သက်ဆိုင်ရာ မြို့တော်များတွင် ကျင်းပခဲ့ဖူးသော်လည်း ထိုသို့သော ထိပ်သီးအစည်းအဝေးများ သည် အစောပိုင်းသဘောတူညီချက်နှင့် ကျယ်ပြန့်သော ကြိုတင်စီစဉ်မှုများ လိုအပ်သည်ဟု ဆိုသည်။
၂၀၀၈ ခုနှစ်တွင် ရုရှားက ဗျူဟာမြောက် ဆွေးနွေးဘက်အဆင့်သို့ တိုးမြှင့်ခံရစဉ် ပူတင်သည် စင်ကာပူ၌ ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရုရှားအနေဖြင့် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့ကဲ့သို့ပင် အာဆီယံနှင့် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ ထပ်မံမြှင့်တင်လိုကြောင်း အာဆီယံထံ အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ရုရှားနှင့် အာဆီယံကြား နှစ်ဖက်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ ဘီလီယံအထိ ရှိခဲ့ပြီး ရုရှားသည် ဒေသတွင်းသို့ လက်နက်အများဆုံး တင်ပို့နေသော နိုင်ငံများထဲ ပါဝင်နေဆဲဖြစ်သလို တွင်းထွက်ပစ္စည်း များ၊ ရေနံ၊ မြေသြဇာနှင့် သံမဏိထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိသည်။
Crd | 740 |
| 19 | ဂျပန်ကုမ္ပဏီများက တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား အလုပ်ခန့်လိုကြောင်း ကမ်းလှမ်းမှုရှိ
ပြည်သူ့စစ်မှုထမ်း ၂ နှစ်တာဝန်ထမ်းဆောင်ပြီးသူများကို အလုပ်အကိုင်ရှာဖွေပေးနေကြောင်း နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေးထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများမှ ၎င်းတို့ကုမ္ပဏီများတွင် တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများကို ဂျပန်နိုင်ငံသို့ ခေါ်ယူပြီး အလုပ်ခန့်ထားလိုကြောင်း အလုပ်သမားဝန်ကြီးဌာနသို့ ကမ်းလှမ်းလာကြောင်း ဝမ်းမြောက်ဖွယ်ရာ ကြားသိရပါတယ်…
ဂျပန်ကုမ္ပဏီများအနေဖြင့် တပ်မတော်မှာ ၂ နှစ် စစ်မှုထမ်းပြီးသည့် လူငယ်များအား တပ်မတော်မှ စနစ်တကျလေ့ကျင့်ပေးထားသူများဖြစ်ခြင်း၊ စည်းကမ်းတကျနဲ့ စွန့်လွတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူများဖြစ်ခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိသူများဖြစ်ခြင်းတို့ကြောင့် စစ်မှုထမ်းဆောင်ပြီးသူများကို ဦးစားပေးခန့်ထားလိုခြင်းဖြစ်ကြောင်း သိရှိရပါတယ်..
တာဝန်ကျေနိုင်ငံ့သားကောင်းများအနေဖြင့် လိုအပ်ပါက သင်တန်းများတက်ရောက်စေပြီး ဘာသာစကား တတ်ကျွမ်းမှုနှင့် ပညာအရည်အချင်းပေါ် မူတည်ပြီး ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း သိရှိရပါတယ်..
ခင် ညို ချော
မေ ၁၅ ရက် | 512 |
| 20 | #နိုင်ငံရေးနှင့်စစ်ရေး *
ဖလမ်းမြို့ထဲ နိုင်ငံတော် အလံ
ထောင်ပြီး ပြန်ဝင်လာကြတဲ့
အရပ်ဘက်ဝန်ထမ်းတွေကို ကြည့်
ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ
အတွက် ကျေနပ်အားရဖြစ်မိတယ်။
တပ်က ရှေ့ကတိုက်၊ အရပ်ဘက်က
နောက်က လိုက်နဲ့ နိုင်ငံတော် အချုပ်အခြာ
အာဏာအတွက် ရှူံးဆုံးသွားတဲ့ နယ်မြေ
တွေကို ပြန်ပြီ ရယူနေရတာ ဒီကာလမှာ
ပကတိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး
အခြေအနေမှန်တွေပဲ ဖြစ်ပါတယ်။
ရှူံးဆုံးသွားတဲ့ နယ်မြေတွေ အကုန်ပြန်ရဖို့
ဘယ်လောက်ကြာမလဲ ဆိုတာကတော့
ခန့်မှန်းလို့ မရ နိုင်သေးပေမယ့် မြန်နိုင်
သမျှ မြန်ဖို့ တော့ရှိပါတယ်။
၁၉၄၈-၄၉ တုန်းကတောင် ပုံမှန် အခြေ
အနေပြန်ရဖို့ ၃ နှစ်လောက် အချိန်ယူ
ခဲ့ရတယ် မဟုတ်လား။
အဲဒီတုန်းက
ဒီကနေ့ နေပြည်တော် လို့ ပြောတဲ့
ပျဥ်းမနား နယ်မြေကိုတောင် ၁၉၅၂ ခုနှစ် ၊
မေလ ၃ ရက်မှရန်ရှင်းစစ်ဆင်ရေး နဲ့
ပြန်သိမ်းခဲ့ရတယ်။
ထွန်းမြတ်နိုင် စကားကို ပြန်ပြော
ရရင် တော့ ငါတို့ ပြန်လိုချင်နေတဲ့
တိုင်းပြည်ဟာ ၂၀၂၃ ခုနှစ် မတိုင်မီ
တုန်း က အခြေအနေလိုပါ။
တိတိကျကျ ပြောရရင် တော့ ရန်သူ
ရဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီတုန်း
က တိုင်းပြည်အချုပ်အခြာအာဏာ
နယ်နိမိတ်တည်ရှိနေတဲ့ အတိုင်းကို
မဖြစ်မနေ ရောက်အောင် သွားမှာ
ဖြစ်ပါတယ်။
ဒါဟာ တပ်မတော် ရဲ့ စစ်ရေး ရည်မှန်း
ချက် ဖြစ်သလို နိုင်ငံတော် ရဲ့ နိုင်ငံရေး
ရည်မှန်းချက်လည်း ဖြစ်တယ်။
ဒါကို ဘယ်တန်ခိုးရှင် ဘယ်ဖန်တီးရှင်
မှ လာတားလို့ မရဘူး ဆိုတာ သောင်း
ကျန်းသူ တွေ သဘောပေါက်ဖို့ လိုပါ
တယ်။
အခုကာလ မှာ တစ်ခုကောင်းသွားတာက
နည်းပညာအခြေပြုစစ်ပွဲ ဆီကို လျင်လျင်
မြန်မြန်ကူးပြောင်းလာခဲ့ပြီ ဖြစ်လို့ ၁၉၉၀
ပြည့်လွန်နှစ်များကာလ က မဲသဝေါ
မဲနာပလော ဝမ်ခသစ် တို့ တိုက်တုန်းကလို
တပ်မတွေ အများကြီး သုံးပြီး လပေါင်း
များစွာ တိုက်ယူရလိမ့်မယ် လို့
မထင်ပါဘူး။
ဝက်ခေါင်းထိုးဗျူဟာ တွေနဲ့ ကျားကုတ်
ကျားခဲ တိုက်ရတဲ့ အခြေမနေမျိုး မဟုတ်ဘဲ
ရန်သူ့ဒရုန်းကို ထိန်းချုပ်ပြီး ကိုယ့်ဒရုန်းတွေ
ရန်သူ့ခေါင်းပေါ်ကို ၂၄ နာရီ လွှမ်းမိုးထား
နိုင်သူ က စစ်ပွဲကို အသာစီးရမှာပါပဲ။
တကယ်လည်း အချိန်တိုအတွင်း မှာ
တစ်မြို့ ပြီး သိမ်းယူနေတဲ့ တပ်မတော်ရဲ့
စစ်ရေးစွမ်းကို ကြည့်ရင် စစ်လက်နက်
နည်းပညာ မှာ ရော အင်အားအရာမှာပါ
အလွန် မြင်နိုင် သိနိုင်
မှာ ဖြစ်တယ်။
တပ်မတော် ဟာ အခုဆိုရင်
စစ်လက်နက်နည်းပညာ အလစ်အငိုက်
မိခဲ့တဲ့ ထောင်ချောက်ကနေ ရုန်းထွက်နိုင်
ခဲ့တယ်။
ဒါက စစ်ရေးအရ ပြုပြင်ပြောင်းလဲနိုင်မှု
ရဲ့ ရလဒ်ပဲ ဖြစ်တယ်။
နိုင်ငံရေး အရ ကြည်ပြန်ရင်လည်း
အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲ
နေတဲ့ အချက်ကို ရွေးကောက်ပွဲက
တဆင့် တက်လာတဲ့ ဒီကနေ့ ဒီမိုကရေစီ
အစိုးရ လက်ထက် မှာ အားသွန်ခွန်စိုက်
ကြိုးစားဆောင်ရွက်နေနေတာ တွေ့ရတယ်။
ဒါ့ကြောင့် ဒီကာလ စစ်ရေး နိုင်ငံရေး
အရွေ့ ဟာ အကြမ်းဖက်သောင်းကျန်း
သူတွေ အတွက်တော့ တုန်လှုပ်ချောက်
ခြားဖွယ်ရာ ဖြစ်နေပေမယ့် နိုင်ငံကို
ချစ်တဲ့ ပြည်သူလူထု အတွက် တော့
ကျေနပ်အားရစရာပါ။
Crd; | 666 |
