fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Launglone People Defence Force- LLPDF

Launglone People Defence Force- LLPDF

رفتن به کانال در Telegram
1 234
مشترکین
اطلاعاتی وجود ندارد24 ساعت
-137 روز
-11830 روز

در حال بارگذاری داده‌ها

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '260
در 0 کانال‌ها
سپتامبر '260
در 0 کانال‌ها
Get PRO
اوت '260
در 0 کانال‌ها
Get PRO
ژوئیه '260
در 0 کانال‌ها
Get PRO
ژوئن '260
در 0 کانال‌ها
Get PRO
مه '260
در 0 کانال‌ها
Get PRO
آوریل '260
در 0 کانال‌ها
Get PRO
مارس '260
در 0 کانال‌ها
Get PRO
فوریه '26
+1
در 0 کانال‌ها
Get PRO
ژانویه '26
+4
در 0 کانال‌ها
Get PRO
دسامبر '25
+74
در 0 کانال‌ها
Get PRO
نوامبر '25
+65
در 0 کانال‌ها
Get PRO
اکتبر '25
+62
در 0 کانال‌ها
Get PRO
سپتامبر '25
+91
در 0 کانال‌ها
Get PRO
اوت '25
+12
در 0 کانال‌ها
Get PRO
ژوئیه '25
+100
در 0 کانال‌ها
Get PRO
ژوئن '25
+12
در 0 کانال‌ها
Get PRO
مه '25
+57
در 0 کانال‌ها
Get PRO
آوریل '25
+69
در 0 کانال‌ها
Get PRO
مارس '25
+295
در 0 کانال‌ها
Get PRO
فوریه '25
+21
در 0 کانال‌ها
Get PRO
ژانویه '25
+58
در 0 کانال‌ها
Get PRO
دسامبر '24
+62
در 0 کانال‌ها
Get PRO
نوامبر '24
+20
در 0 کانال‌ها
Get PRO
اکتبر '24
+45
در 0 کانال‌ها
Get PRO
سپتامبر '24
+169
در 0 کانال‌ها
Get PRO
اوت '24
+784
در 0 کانال‌ها
پست‌های کانال
လောင်းလုံး(ပကဖ)ကူညီကယ်ဆယ်ရေးTeam မှ ထောက်ပံ့မှု လောင်းလုံးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မီးလောင်ပျက်စီးခဲ့သည့် ပြည
+3
လောင်းလုံး(ပကဖ)ကူညီကယ်ဆယ်ရေးTeam မှ ထောက်ပံ့မှု လောင်းလုံးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မီးလောင်ပျက်စီးခဲ့သည့် ပြည်သူ့နေအိမ် (၈)ဆောင် ကို ၂ သိန်းကျပ်စီနှင့် စစ်ကောင်စီမှ သ__ တ် ဖြတ်သွားသော ညင်းမော်ကျေးရွာနှင့် ညင်းဘုတ်ကျေးရွာပြည်သူ ၂ဦး ၁ သိန်းကျပ်စီ စုစုပေါင်း ၁,၈၀၀,၀၀၀ ကျပ် (၁၈ သိန်းကျပ်) ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကူညီကယ်ဆယ်ရေးTeam မှ ထောက်ပံ့ပေးခဲ့ပါသည်။

2
လောင်းလုံးမြို့နယ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်                    (၁ဝ-၁၁-၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား(၁ဝဝ)ကျော်ပါ ရန်သူ့စစ်ကြောင်းသည် ညင်းမော်ရွာလယ်ပိုင်းရှိ နေအိမ်များ၌ တပ်စွဲထားစဉ် ညနေ(၄)နာရီ(၁၅)မိနစ်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅)နာရီ(၅၆)မိနစ်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။                   (၁၂-၁၁-၂၀၂၅) ရက် နံနက်(၆)နာရီခွဲခန့် အချိန်၌ ညင်းမော်ရွာအတွင်းတပ်စွဲထားသည့် ရန်သူများမှ ရင်းဘုတ်ရွာဆီအုန်းတောသို့ဆက်လက်ထွက်ခွာလာစဉ် ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်စဉ် နေ့လည်(၁)နာရီခွဲခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၎င်းရန်သူများအထိနာ၍ လောင်းလုံးမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။                  (၁၄. ၁၁. ၂၀၂၅) ရက်နေ့ နံနက်၅နာရီခွဲခန့်အချိန်တွင် ရန်သူအကြမ်းဖက်စစ်ကြောင်းသည် စစ်ပြဲရွာ စစ်ပြဲဘုန်းကြီးကျောင်းအနီးသို့ရောက်ရှိလာစဉ် နေ့လည်(၁)နာရီခွဲခန့်အချိန်၌ ဒရုန်းဖြင့်တိုက်ခိုက်ရာ ရန်သူများ တည့်တည့်ထိမှန်ခဲ့ပြီး လောင်းလုံးမြို့ထဲသို့ပြန်လည်ဆုတ်ပြေးသွားခဲ့သည်။ (၁၅. ၁၁. ၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ လက်သည်းရှည်တောင်သို့ပြန်လည်ထွက်ခွာလာသည့် ရန်သူစစ်ကြောင်းအား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး ၎င်းရန်သူများ ဒရုန်းထိမှန်ကာ လောင်းလုံးမြို့ပေါ်သို့   ပြန်လည်ဆုတ်ခွာသွားခဲ့သည်။                   ထိုသို့တိုက်ခိုက်မှုအား ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သည့် DNLA(ဒရုန်းအဖွဲ့)၊နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ(၇)တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း ရန်သူ့ဖက်မှအနည်းဆုံး ၁၂ဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ကျွန်ုပ်တို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှ ရဲဘော်(၃)ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။  
819
3
လောင်းလုံးမြို့နယ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက် (၁ဝ-၁၁-၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့စစ်ကြောင်းထိုးဝင်+3
လောင်းလုံးမြို့နယ်အတွင်းစစ်ရေးသတင်းထုတ်ပြန်ချက်                    (၁ဝ-၁၁-၂ဝ၂၅)ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား(၁ဝဝ)ကျော်ပါ ရန်သူ့စစ်ကြောင်းသည် ညင်းမော်ရွာလယ်ပိုင်းရှိ နေအိမ်များ၌ တပ်စွဲထားစဉ် ညနေ(၄)နာရီ(၁၅)မိနစ်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅)နာရီ(၅၆)မိနစ်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။                   (၁၂-၁၁-၂၀၂၅) ရက် နံနက်(၆)နာရီခွဲခန့် အချိန်၌ ညင်းမော်ရွာအတွင်းတပ်စွဲထားသည့် ရန်သူများမှ ရင်းဘုတ်ရွာဆီအုန်းတောသို့ဆက်လက်ထွက်ခွာလာစဉ် ကျွန်ုပ်တို့ လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်စဉ် နေ့လည်(၁)နာရီခွဲခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၎င်းရန်သူများအထိနာ၍ လောင်းလုံးမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။  
753
4
ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ၊ မောင်းမကန်ကျေးရွာဖက်မှနေ၍ ကရင်ကြီးရွာဖက်သို့ စစ်ကြောင်း ထိုးလာသည့်အင်အား(၇၄)ဦးပါ ရန်သူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ(၂၁. ၁၀. ၂၀၂၅) ရက်နေ့တွင်တစ်ကြိမ် (၂၂. ၁၀. ၂ဝ၂၅)ရက်နေ့တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၁. ၁ဝ. ၂ဝ၂၅ရက် နေ့ ၁၆း၅ဝ နာရီအချိန်၌ ကရင်ကြီးရွာသို့ရောက်ရှိနေသည့် ရန်သူစစ်ကြောင်းအား (၂)နာရီအကြာ တိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ရန်သူဖက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်း မဟာမိတ်များဖက်မှ ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။                ထို့နောက်ကရင်ကြီးရွာမှတဆင့် ကမ်းပနီရွာသို့ရောက်ရှိလာသည့်ရန်သူများအား ၂၂. ၁ဝ. ၂ဝ၂၅ရက်နေ့ ၁၆း၃၀ခန့်အချိန်၌ ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအား(၂)နာရီခန့်ဖြစ်ပွားကာ ရန်သူဖက်မှထိခိုက်သေဆုံးမှုရှိခဲ့သည်။                ကရင်ကြီးရွာနှင့်ကမ်းပနီရွာတွင် စုစုပေါင်းတိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားကာ ၎င်းတိုက်ပွဲများအား ကျွန်ုပ်တို့ လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF) ၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုသို့ကြားဖြတ်တိုက်ခိုက်မှု(၂)ကြိမ်အတွင်း ရန်သူ့ဖက်မှ(၈)ဦးသေဆုံးကာ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ဖက်မှ လက်နက်ကြီးပစ်ကူ၊စစ်သင်္ဘောပစ်ကူပေးခဲ့သည်။                ထိုမှတဆင့် ကမ်းပနီကျေးရွာနှင့်ပညစ်ကျေးရွာကြားရှိ သိကြားမင်းထိုင်တောင်ပေါ်သို့ရန်သူများရောက်ရှိ ကာတောင်ပေါ်၌ယာယီတပ်စွဲနေစဉ် ကျွန်ုပ်တို့တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များမှ Drone ဖြင့်ဆက်လက် တိုက်ခိုက်ရာ ရန်သူ့ဖက်မှထိခိုက်မှုရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုအား လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင် တပ်ပေါင်းစုဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF) ၊ဒေါနတပ်ရင်း-တပ်ခွဲ-၄(KBDF) ၊ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နှင့် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။        
807
5
+2
بدون متن...
755
6
လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာနှင့်ကမ်းပနီရွာအနီး တိုက် ပွဲ သတင်းထုတ်ပြန်ချက်
လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာနှင့်ကမ်းပနီရွာအနီး တိုက် ပွဲ သတင်းထုတ်ပြန်ချက်
712
7
လောင်းလုံးမြို့နယ်၊မောင်းမကန်နယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်ချက်                    (၂၆. ၁၀. ၂ဝ၂၅)ရက်နေ့ နံနက်(၅)နာရီ ၃၀မိနစ်ခန့်အချိန်မှစ၍ လောင်းလုံးမြို့နယ် မောင်းမကန် ရဲစခန်းအား တိုက်ခိုက်ရာ နံနက်(၉း၃၀)အချိန်ခန့်တွင်အောင်မြင်စွာရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး မိမိတို့ ဖက်မှ ရဲဘော်တစ်ဦး တော်လှန်ရေးအတွက်မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။                  စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူဖက်မှ(၁၂)ဦးသေဆုံး၍(၁ဝ)ဦးဒဏ်ရာရရှိကာ ကျန်အင်အားများ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ရပြီး ရန်သူ့စခန်းမှ Uziအမျိုးအစားလက်နက်(၆)လက်၊ G3အမျိုးအစား လက်နက်(၇)လက်၊ Shot Gun/Smoke Gun(၂)လက်၊ကွန်မန်ဒိုစိန်ပြောင်း(၂)လက်၊ ခြောက်လုံးပြူး(၄)လက်၊စုစုပေါင်း လက်နက်မျိုးစုံ(၂၁)လက် ၊ Jammer စက်(၂)လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။                 ၎င်းတိုက်ခိုက်မှုအား မိမိတို့ လောင်းလုံး(ပကဖ)ပါဝင်သည့် ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဆင်ရေးနယ်မြေ ၊အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၃)၊ဒေါနတပ်ရင်း တပ်ခွဲ-၄(KBDF)၊ဒေါန တပ်ရင်း-တပ်ခွဲ-၇ (LPF)၊နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့်(DNLA)ဓူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော် ၊ဖယ်ဒရယ်ဓူဝံ ကြယ်တပ်ဖွဲ့ ၊လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့စသည့် ပူးပေါင်း မဟာမိတ်တပ်များ၏စည်းလုံးညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်မှုဖြင့် လောင်းလုံးမြို့နယ်ရှိအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မောင်းမကန်ရဲစခန်းအား အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။  
1 006
8
+2
بدون متن...
861
9
(၁၇. ၁၀. ၂၀၂၅)ရက်နေ့ နံနက်(၅)နာရီ ၁၅မိနစ်ခန့်အချိန်မှစ၍ လောင်းလုံးမြို့ပေါ် အောင်သပြေ ဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားသည့်အကြမ်းဖက်စကမများအား ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ(၁)နာရီခွဲခန့်အထိကြာမြင့်ခဲ့သည်။ ၎င်းရန်သူများသည် လမ်းအသွားအလာပြည်သူများ၏လုံခြုံရေးအပေါ် နေ့စဉ်ရက်ဆက်ခြိမ်းခြောက် အနိုင်ကျင့်လျှက်ရှိပြီး လူငယ်များအားအဓမ္မပေါ်တာဆွဲခြင်း၊အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ခရီးသွားလာပြည်သူများအား မတရားဖမ်းဆီးခြိမ်းခြောက်ကာငွေကြေးအဆမတန်တောင်းခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်လျှက်ရှိသည်။ ထိုကဲ့သို့ပြည်သူအားရန်သူသဖွယ်ပြုမူကာအကြမ်းဖက်လုပ်ဆောင်နေသည့်မအလဖက်ဆစ်စကမ များအား ဝင်ရောက်တိုက်ခိုက်ရာ ရန်သူ့ဖက်မှ(၂)ဦးသေဆုံးပြီး(၇)ဦးဒဏ်ရာရရှိကာ ၎င်းဒဏ်ရာ ရရှိသူများထဲမှ (၂)ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းရန်သူများသည် လောင်းလုံးမြို့ပေါ်ရှိအောင်သပြေဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားပြီး မြို့ပတ်ဝန်းကျင်ရွာများအတွင်းသို့မကြာခဏဝင်ရောက်ကာပေါ်တာဆွဲလေ့ရှိသည်။ သို့ဖြစ်၍ပြည်သူတစ်ရပ်လုံး၏ဘုံရန်သူ မအလအကြမ်းဖက်စစ်အာဏာရှင်ဖက်ဆစ်တပ်အား နောက်ဆုံးအချိန်အထိ ပေါင်းစည်းခြင်းအင်အားဖြင့်ဆက်လက်တိုက်ခိုက်ချေမှုန်းသွားကြရမည်ဖြစ်သည်။ ထိုသို့တိုက်ခိုက်မှုအားကျွန်ုပ်တို့ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်။
1 275
10
+2
بدون متن...
1 123
11
بدون متن...
982
12
လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအချို့တွင် လက်ရှိဖြစ်ပွါးလျက်ရှိသော ယားနာရောဂါ နှင့် ပါးချိတ်ယောင်ရောဂါ အဖြစ်များသော ကျေးရွာန+6
လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအချို့တွင် လက်ရှိဖြစ်ပွါးလျက်ရှိသော ယားနာရောဂါ နှင့် ပါးချိတ်ယောင်ရောဂါ အဖြစ်များသော ကျေးရွာနေရာသို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေး Medical Team နှင့် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့(ပအဖ) တို့ပူးပေါင်း၍ ကွင်းဆင်းလေ့လာဆေးကုသမှုပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
1 242
13
بدون متن...
1 386
14
လောင်းလုံးမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေးသတင်းထုတ်ပြန်ချက် ၁၇.၉.၂၀၂၅ရက်နေ့ နံနက်၃နာရီခွဲခန့်အချိန် ထား၀ယ်မှလောင်းလုံးမြို့နယ်သို့ ရောက်ရှိလာသည့် အင်အား၁၀၀ကျော်ပါ စကမအကြမ်းဖက်စစ်ကြောင်းအား လိုက်လံပိတ်ဆို့စဉ် ရာဟောင်း၀ရွာအနီး မိန်းလမ်းမအတိုင်းဆင်းလာသည့်ရန်သူစစ်‌ကြောင်းနှင့်ထိပ်တိုက်တိုးကာ မိနစ်၃၀ခန့်ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ထိတွေ့တိုက်ပွဲအတွင်း ကျွန်ုပ်တို့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှလက်ဦးမှုရယူကာပစ်ခတ်တိုက်ခိုက်ရာ ရန်သူ့ဖက်မှ ၄ဦးထိမှန်သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့သည်။ ထို့နောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒုတိယရန်သူ့စစ်ကြောင်းမှတောလမ်းအတိုင်းထွက်ပြေးလာစဉ် ကျွန်ုပ်တို့‌ကာကွယ်ရေးတပ်ဖွဲ့များမှ ပဒေသာရှေ့ထွက်မိုင်း၃တွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ့ဖက်မှထိခိုက်‌ သေဆုံးမှုအများပြားရှိခဲ့ပြီး အရေအတွက်ကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်သည်။ ကျွန်ုပ်တို့တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ဘေးကင်းအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊‌ဒေါနစစ်ကြောင်း-၃ KBDF ၊ ဒေါနတပ်ခွဲ-၇ LPF၊ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့သည်။ထို့နောက်ရန်သူ့ဖက်မှထိခိုက်သေဆုံးသည့်စခများအား ရေခဲကားငယ်တစ်စီးဖြင့် ရောက်ရှိလာကာ ထား၀ယ်မြို့ပေါ်သို့ချက်ချင်းသယ်ဆောင်သွားခဲ့သည်။ထိုသို့ ရန်သူနှင့်ပူးပေါင်းနေသည့် ၎င်းရေခဲကားငယ်အားမိမိတို့မှ သက်သေမှတ်တမ်းများရရှိထားပြီး ထပ်မံ၍ လောင်းလုံးမြို့နယ်အတွင်း၀င်ရောက်လာပါက ပြင်းပြင်းထန်ထန်ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။သို့ဖြစ်၍ မိမိတို့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စကမအကြမ်းဖက်ရန်သူများအား နေရာမရွေးအချိန်မရွေး ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
1 309
15
بدون متن...
1 038
16
+7
بدون متن...
1 269
17
+9
بدون متن...
1 112
18
Launglone People Defence Force - LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် ကျွန်တော်တို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေ+9
Launglone People Defence Force - LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် ကျွန်တော်တို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force- LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့်အခမ်းအနားကို ယနေ့ ၈ ရက် စက်တင်ဘာလ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အလံတော်အလေးပြုခြင်း ၊ သစ္စာအဓိဌာန်ဆိုခြင်း ၊ ကျဆုံးရဲဘော်အား အလေးပြုခြင်း နှင့် (၄)နှစ်ပြည့် ကိတ်မုန့်ခွဲခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။
827
19
ကညုံကျွန်းကျေးရွာမှ မွှေနှောက်ပြီးဆုတ်လာသည့် ရန်သူ့စစ်ကြောင်း စစ်ဆင်ရေးထုတ်ပြန်ချက် (၂၉-ဝ၆-၂ဝ၂၅)ရက်နေ့၌ ကညိုကျွန်းရွာအတွင်းမွ+1
ကညုံကျွန်းကျေးရွာမှ မွှေနှောက်ပြီးဆုတ်လာသည့် ရန်သူ့စစ်ကြောင်း စစ်ဆင်ရေးထုတ်ပြန်ချက် (၂၉-ဝ၆-၂ဝ၂၅)ရက်နေ့၌ ကညိုကျွန်းရွာအတွင်းမွှေနှောက်ဖျက်ဆီးကာ (၁၇)ရက်အကြာ တပ်စွဲနေခဲ့သည့် ရန်သူ့စစ်ကြောင်းသည် ကရံကျွန်းရွာမှတဆင့် ပြန်လည်ဆုပ်ခွာလာစဉ် ကျွန်ုပ်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ဆိုင်းကာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ညနေ(၆)နာရီခွဲခန့်အချိန်တွင် မိနစ်(၃၀)ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဖက်မှ(၁)ဦး ဒဏ်ရာရရှိကာ ကျွန်ုပ်တို့တော်လှန်ရေးတပ်ဖွဲ့များဖက်မှ ရဲဘော်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ၎င်းတိုက်ပွဲအားကျွန်ုပ်တို့ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေါနတပ်ခွဲ(၇)တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
777
20
ကညုံကျွန်းကျေးရွာသို့ လှေဝင်ခိုးသော စစ်ကောင်စီ သင်္ဘောများကို ထားဝယ်မြစ်အတွင်း စစ်ဆင်ရေး (၁၂-ဝ၆-၂ဝ၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်+2
ကညုံကျွန်းကျေးရွာသို့ လှေဝင်ခိုးသော စစ်ကောင်စီ သင်္ဘောများကို ထားဝယ်မြစ်အတွင်း စစ်ဆင်ရေး (၁၂-ဝ၆-၂ဝ၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်၌ ထားဝယ်မြစ်ကြောင်းအတိုင်းဝင်ရောက် လာသည့် စစ်သင်္ဘော(၂)စီးနှင့် Speed Boatကမ်းတက်ယဉ်ငယ်တစ်စီးသည် ကညိုကျွန်းရွာအရှေ့သို့ ရောက်ရှိလာကာ ရွာအတွင်းသို့ လက်နက်ကြီးနှင့် ပွိုင့်ဖွိုက်စက်သေနတ်များ၊ 20mmစက်လက်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ကမ်းကပ်ထားသည့်ပြည်သူပိုင်လှေငယ်များအား Speed Boatကမ်းတက်ယဉ်ငယ် တစ်စီးဖြင့်လာရောက် ခိုးယူနေခဲ့သည်။ ထိုသို့လာရောက်ခိုးယူနေစဉ် ကျွန်ုပ်တို့ရဲဘော်များမှတွေ့ရှိခဲ့ပြီး လက်ဦးမှုရယူကာပစ်ခတ်တိုက်ခိုက် နိုင်ခဲ့သည်။ ပစ်ခတ်စဉ် Speed Boatကမ်းတက်ယဉ်ငယ်မှာကျည်ထိမှန်ပျက်စီးသွားခဲ့ပြီး ရန်သူ(၃)ဦး သေဆုံးကာတစ်ဦးအပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။ ထို့နောက် စစ်သင်္ဘောမှလက်နက်ကြီးများ၊ပွိုင့်ဖိုက်စက်သေနတ်များဖြင့်ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး ကျွန်ုပ်တို့ရဲဘော်များအားလုံးဘေးကင်းစွာဖြင့်ပြန်လည်ဆုပ်ခွာနိုင်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုအား လောင်းလုံး(ပကဖ) ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ဒေါနတပ်ခွဲ(၇)တို့ပါဝင်တိုက်ခိုက်ခဲ့သည်။
894