fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Let's Answer

Let's Answer

رفتن به کانال در Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

نمایش بیشتر

📈 تحلیل کانال تلگرام Let's Answer

کانال Let's Answer (@letsanswerch) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 10 942 مشترک است و جایگاه 18 433 را در دسته آموزش و رتبه 10 555 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 942 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 18 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -228 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 9.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 058 بازدید دریافت می‌کند. در اولین روز معمولاً 0 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 24 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 19 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

10 942
مشترکین
-824 ساعت
-577 روز
-22830 روز
آرشیو پست ها
စာလုံးပေါင်း သတ်ပုံနှန်ကို ရွေးပါ။ #chlish
Anonymous voting
22 ژانویه 2024, 05:18

အခု Mabel ပြောခဲ့တာတွေက Mabel အတွေ့အကြုံအရထင်မြင်ချက်လေးတွေကို sharing လုပ်တာဖြစ်တဲ့အတွက် ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ကိုယ်အဆင်ပြေသလိုလေးကြိုးစားကြည့်ပါ။ အများကြီးပိုကောင်းလာမယ်လို့မပြောပေမဲ့ နည်းနည်းကောင်းလာနိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ်လိုအပ်တဲ့နေရာမှာ အဆင်ပြေသလိုအသုံးချကြည့်ပါ။ အမှားတစ်စုံတစ်ရာပါသွားရင်လည်း ခွင့်လွှတ်ပါ။ #Mabel
22 ژانویه 2024, 02:06

Mabel အကြောင်းကိုကြွားရရင် Mabel ဆိုစာလုပ်လွန်းလို့ မိဘတွေကနားပါတော့လို့တောင်ပြောယူရတယ်။ နောက်ပြီး အိမ်ကမောင်လေးဆို TV ကြည့်ချင်တာတောင် စာမလုပ်ရသေးလို့ TV ကို ၁ နာရီပဲကြည့်လိုက်ရတယ်။ Mabel ကျတော့စာလုပ်လွန်းလို့ TV ကိုအချိန်အကြာကြီးကြည့်လို့ရတယ်။ စာလုပ်လို့ဆိုပြီး မုန့်ဖိုးတွေတောင်ရသေးတယ်။ အဲဒါကြောင့်ပေးဆပ်တာရှိရင် ပြန်ရမှာလည်းရှိမှာပေါ့လို့ moti ပေးချင်ပါတယ်။ ဒါမဲ့လည်း သူ့အချိန်နဲ့သူပေါ့။ စာချည်းပဲလုပ်နေလို့လည်းမရပြန်ဘူး။ လောကကြီးမှာလေ့လာစရာတွေအများကြီးရှိနေပါသေးတယ်...🫶💗 #Mabel #Knowledge
21 ژانویه 2024, 23:03

***6*** အဖြေစ်အပျက်-ဒီထဲက sub လေးတွေကတော့အကုန်စာကြိုးစားတဲ့သူတွေလို့ထင်ပါတယ်။ ဒါမဲ့ပြောပြလိုက်ပါမယ်။ အများစုက ဂိမ်းတို့ ဖုန်းတို့ အခြားဟာတွေတစ်ခုကိုပဲအားစိုက်နေပြီး စာသေချာမလုပ်ဘူးဆိုတာကတော့ မိဘတွေလုံးဝမလိုချင်တဲ့ကိစ္စပါ။ တချို့ကတော့ ငယ်ငယ်တုန်းကစာကိုကြိုးစားသလောက် ကြီးလာတော့တခြားဟာကိုစိတ်ဝင်စားသွားပြီး စာမှာအရမ်းအားနည်းသွားတာမျိုးဖြစ်တတ်ပါတယ်။ လူဆိုတာပြောင်းလဲတတ်တာကိုးး။ တချို့ကျပြန်တော့လည်း ငယ်လေးကတည်းကစာကိုစိတ်မဝင်စားတာ၊ စာမှာပါရမီမပါတာလည်းရှိပါတယ်။ ဖြေရှင်းနည်း-အမျိုးမျိုး reason တွေရှိပါတယ်။ ဒါပေမဲ့လည်း စာကတော့လုံးဝမလုပ်လို့မရပါဘူး။ စာကကမ္ဘာကြီးပါ။ စာမတတ်ရင် တကယ်ပဲနေရာတိုင်းမှာအခက်တွေ့ရပါတယ်။ စာမတတ်လည်း လုပ်လို့ရတာတွေရှိပါတယ် လို့တုံ့ပြန်လာတာမျိုးရှိကောင်းရှိပါလိမ့်မယ်။ ဒါမဲ့ detail ကျကျစဉ်းစားကြည့်လိုက်ပါ။ ဆိုတော့..ဆက်ပြောမယ်။ စာကိုခွဲထုတ်လိုက်တဲ့အခါအမျိုးမျိုးသော ဘာသာရပ်တွေ၊ သင်ခန်းစာတွေရှိပါတယ်။ အဲဒီအမျိုးမျိုးသော ဘာသာရပ်တွေ သင်ခန်းစာတွေထဲမှာမှ ကိုယ် ပါရမီ ပါမနေတဲ့ဟာမျိုးဆိုတာ မရှိတတ်ပါဘူး။ စာမှာကိုယ်တော်တာတစ်ခုခုတော့ရှိမှာပါ။ စာမှာကိုယ်တော်နေတဲ့အရာကိုရှာပါ။ အဲဒီအရာကို သေချာထွန်းပေါက်အောင်မြင်အောင်လုပ်ပါ။ ကိုယ့်ပါရမီကိုကောင်းကောင်းအသုံးချပါ။ လူကြီးမိဘတွေပြောသလို "တစ်ခုတည်းပဲတော်နေလို့မရဘူး" ဆိုတဲ့အတိုင်း ဒါကြီးကိုပဲအားစိုက်မနေပါနဲ့။ လူ့လောကမှာမဖြစ်မနေသိသင့်တဲ့အရာတွေကိုလည်းလေ့လာပါ။ လေ့လာပါဆိုလို့လည်း အစုံလိုက်ပြီးလုပ်ဖို့ပြောတာမဟုတ်ပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အစုံလုပ်တာများသွားရင် မကောင်းပါဘူး။ ဟိုမရောက်ဒီမရောက်လည်း ဖြစ်သွားနိုင်တာမို့ ကိုယ့်အရည်အချင်း၊ ကိုယ့်အကြောင်းနဲ့ကိုယ် ချင့်ချိန်ပြီးလုပ်စေချင်ပါတယ်။ တစ်ခါတလေကျရင် ကိုယ်စိတ်မဝင်စားဘဲလုပ်လိုက်ရင်းကနေ ကိုယ့်အားသာချက် ဖြစ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ စာတော်နေရင်လေ...မိဘတွေက ကိုယ့်ကိုအခွင့်အရေးတွေအများကြီးပေးလာပါတယ်။ ကိုယ့်ဘဝကြီးဟာ ပြည့်စုံနေသလိုခံစားရလာပါလိမ့်မယ်။ #Mabel #Knowledge
21 ژانویه 2024, 22:58

***5*** အဖြေစ်အပျက်-ဒါကတော့ ခုခေတ်မှာဖြစ်ပါဖြစ်နေတဲ့အဖြစ်အပျက်တစ်ခုပါ။ ကိုယ်ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ဖုန်းသုံးနေတာလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ ဒါမဲ့မိဘတွေကတော့ ဘာမှန်းမသိဘဲနဲ့ဆူမိလိမ့်မယ်။ ဒါဟာမိဘတွေက မျက်စိပျက်စီးမှာစိုးလို့၊ ရောဂါဖြစ်မှာစိုးလို့ စတဲ့အချက်တွေကြောင့် အမုန်းခံပြီးဆူနေရတာဖြစ်ပါတယ်။ ဒါမဲ့ကိုယ်ကိုတိုင်ကလည်း ဒီဖုန်းကကမ္ဘာကြီးလိုဖြစ်နေတာ။ ဒီလိုပါပဲ။ Mabel လည်းဒါမျိုးလုံးဝဖြစ်ပါတယ်။ ဖြေရှင်းနည်း-သူ့အချိန်နဲ့သူလုပ်လိုက်ပါ။ မိဘတွေလိုချင်တဲ့အရာက ဖုန်းလုံးဝမကြည့်ဖို့လည်းမဟုတ်သလို အမြဲကြည့်နေဖို့လည်းမဟုတ်ပါဘူး။ မိဘတွေလိုချင်နေတာကတော့ သူ့အချိန်နဲ့လုပ်အလုပ်လုပ်ဖို့ပါပဲ။ ကိုယ်က ဖုန်းကလွဲပြီးမိဘတွေလုပ်စေချင်နေတဲ့အရာ(အိမ်အလုပ်၊ စာ)ကိုထိထိရောက်ရောက်အချိန်ပေးပြီးသေချာလုပ်လိုက်ပါ။ ပြီးမှမိဘတွေကို ဖုန်းလေးခဏလောက်ကြည့်လို့ရမလား လို့ခွင့်တောင်းလိုက်ရင် ခွင့်မပြုတဲ့မိဘတွေဆိုတာ မရှိသလောက်ရှားပါတယ်။
21 ژانویه 2024, 22:41

***4*** အဖြစ်အပျက်-ဒါကတော့ အဖြစ်များကြပါတယ်။ ဒီလိုဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ကိုယ်လုပ်ဆောင်တာအချိုးမကျလို့၊ မိဘတွေမကြိုက်တဲ့ကိစ္စဖြစ်နေလို့။ တစ်ခါတလေကျတော့လည်း မိဘတွေကစိတ်ရှုပ်နေတဲ့အချိန်မှာပေါ့။ စိတ်ရှုပ်နေတဲ့အချိန်မှာ အမှားလုပ်မိရင် အမှားကကြီးကြီးမားမားမဟုတ်ရင်တောင် စိတ်ရှုပ်နေတာကြောင့် ပုံကြီးချဲ့ပြီး ဆူတတ်ပါတယ်။ အဆူခံရတာများလာရင် ကိုယ်ကရိုင်းလာတတ်ပါတယ်။ ဆူခံရတယ်ဆိုတဲ့အမျိုးကလည်း အမြဲဖြစ်နေကျလိုပါပဲ။ အမှားဆိုတာလည်း အမြဲလုပ်မိနေတာပဲလေ။ လုပ်မိတိုင်းလည်းဆူခံနေရတာပဲလေ။ ဖြေရှင်းနည်း-ဆူရတဲ့အကြောင်းအရင်းရှိမှာပါ။ အဲဒီအကြောင်းအရင်းကို ကိုယ်ကမလုပ်မိရင်ကြိုးစားရမယ်။ အမှားလုပ်မိတိုင်းဆူခံရမှာဆိုတဲ့အတွက် နည်းလမ်းမရှိတော့ဘူးလို့မထင်လိုက်ပါနဲ့။ ဆူခံရတာတွေကိုလျစ်လျူရှုလိုက်ပါ။ သူဆူတဲ့အထဲမှာ ကိုယ်ပြင်စရာပါနေရင် ပြင်စရာရှိတာကိုပဲ ခေါင်းထဲထည့်ပြီး ကျန်တဲ့ကိုယ့်အတွက်အဆင်မပြေစေတဲ့စကားတွေကို နားထဲကပါထုတ်လိုက်ပါ။ သည်းခံနားထောင်ပြီး ခေါင်းသာညိမ့်ပြီး ဘာမှမတုံ့ပြန်ပါနဲ့တော့။ သူစိတ်တိုင်းကျ ဆူပါစေ။ သူစိတ်တိုင်းကျ လုပ်ပေးလိုက်ပါ။ ဆောင့်အောင့် တာမျိုးကိုလုံးဝမလုပ်ပါနဲ့ ပိုဆိုးသွားပါလိမ့်မယ်။ ပြီးရင်သည်းခံလာသမျှကို ကိုယ်ကြိုက်တာလုပ်ရင်းဖြေလျော့လိုက်ပါ။ အဲဒါဆို ကိုယ်လည်းထပ်မနာတော့ဘူး။ သူလည်းရပ်တန့်သွားပါလိမ့်မယ်။ #Mabel #Knowledge
21 ژانویه 2024, 22:32

***3*** အဖြစ်အပျက်-ဒီနေရာမှာတော့ မိဘတွေဟာမှန်ပါတယ်။ အချစ်မှာစုံလုံးကန်းမနေဘဲ သေချာစဉ်းစားကြည့်ပါ။ ဒီလို teenager အရွယ်မှာ ချစ်စပြုလာတဲ့ခံစားချက်တွေရှိတာ သဘာဝပါ။ မိဘတွေခမျာမှာလည်း ဒီအရွယ်မှာ အချစ်ကိစ္စတွေကိုယ့်သားသမီးဆီမှာ ရှိလာမှာမျိုးကို အသားကုန်တားမြစ်ချင်ကြပါတယ်။ ဒါဟာကိုယ့်သားသမီးနာကျင်ရမှာစိုးလို့ပဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာ မိဘတွေကိုလုံးဝမပြစ်များမိပါစေနဲ့။ ဒီအရွယ်အချစ်ရေးဟာ အများစုက မတည်မြဲတဲ့အချစ်ရေးတွေပဲဖြစ်ပါတယ်။ မတည်မြဲသေးတဲ့အတွက် တစ်ယောက်ကိုမြင်တစ်ယောက်ပြေးချစ် အဟောင်းကိုပစ် ဆိုတာမျိုးဟာဖြစ်စမြဲပါ။ ဒီလိုအသဲကွဲသွားတဲ့အခါမှာ ဘယ်မှမသွားနိုင်၊ မစားနိုင်၊ မသောက်နိုင်၊ ကိုယ့်ရည်မှန်းချက်တွေပျောက်၊ အိမ်ထဲကအိမ်အပြင်မထွက်၊ မူးယစ်ဆေးစွဲ၊ မတော်ရင် သတ်သေသွားနိုင်တဲ့အထိပါပဲ။ အဲဒီအချိန်ကနေစပြီး လူတောမတိုးနိုင်ဖြစ်ကာ တစ်သက်လုံးစိတ်မချမ်းမသာနေသွားရနိုင်ပါတယ်။ ဖြေရှင်းနည်း-မချစ်မိပါစေနဲ့။ အချစ်စိတ်ကမထိန်းနိုင်ပါဘူး။ ဆိုတော့ချစ်မိသွားရင်လည်း မိဘတွေကို အထူးသဖြင့် အမေကိုပေါ့။ ပြောတဲ့အခါမှာလည်း အခြေနေအချိန်ခါကြည့်ပြီး ကိုယ်ကတော့မထိန်းချုပ်နိုင်တော့ကြောင်း၊ တွဲပြီးသွားရင်လည်း တွဲနေတဲ့သူကဘယ်လိုလူဖြစ်ကြောင်း၊ တွဲနေတဲ့တစ်လျှောက် ဘယ်လိုတွဲရမလဲ စတဲ့အချက်တွေကိုမိဘနဲ့တိုင်ပင်ပါ။ သူတို့ကအတွေ့အကြုံအများကြီးရနေပြီးသားမို့လို့ ကိုယ့်ကိုကောင်းစေမှာပါ။ တချို့တွေကနားလည်ပေးတဲ့ကြပါတယ်။ နောက်တစ်ချက်ကတော့ လူရွေးမှန်ပါစေ။ မိဘတွေသဘောတူစေမဲ့သူမျိုး၊ အထူးသဖြင့် မိမိကိုပျော်ရွှင်အောင်ထားပေးမဲ့သူမျိုးပေါ့။ ပြီးတော့ ဆက်ဆံရေးတည်မြဲအောင် နည်းလမ်းတကျလုပ်ဆောင်ပါ။ အဲဒါမှ အများကြီးမနာကျင်ရမှာပေါ့။
21 ژانویه 2024, 22:20

***2*** အဖြစ်အပျက်-မိဘဆိုတာ သားသမီးတွေအပေါ် အတူတူမေတ္တာထားပြီးချစ်ပေးပါတယ်။ လက်တွေ့မှာအချစ်တွေမပေးဘူးဆိုရင်တောင် တကယ်တော့ရင်ဘတ်ထဲမှာချစ်ပါတယ်။ တစ်ချိန်ချိန်ကျရင်တော့ မြင်လာမှာပါ။ ဟုတ်ပြီ...ကိုယ့်ထက်အငယ်/အကြီးကိုပိုချစ်နေကြတယ်။ ကိုယ့်ကိုတော့ လျစ်လျူရှုတယ်။ ဒါဟာပြောရရင် မိဘတွေရဲ့သဘာဝလိုကိုဖြစ်နေတာပါ။ ဖြေရှင်းနည်း-အဓိကကတော့ သဝန်မတိုတတ်ဖို့လိုပါတယ်။ အရမ်းချစ်လို့သဝန်တိုတာဟာသဘာဝဆိုပေမဲ့ သဝန်တိုခြင်းဟာ ပြဿနာတွေကိုပဲဖြစ်လာစေပြီး မလိုအပ်တဲ့ခံစားချက်ဖြစ်တယ်လို့ Mabel စာအုပ်တစ်အုပ်မှာဖတ်ဖူးပါတယ်။ ချစ်လို့သဝန်တိုတာပါလို့ တုံ့ပြန်ချက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာတကယ်ပါပဲ။ သဝန်တိုလို့ ဘက်လိုက်ခံရတဲ့သူ(အကြီး/အငယ်)ကိုမုန်းမယ်။ မလုပ်သင့်တာတွေလုပ်မယ်။ မိသားစုအတွင်းရေးပျက်စီးသွားမယ်။ ဒါ့အပြင် ဘက်လိုက်ခံရတဲ့သူကိုလုပ်လို့ဆိုးပြီး ကိုယ်ကပဲတစ်ခါတလေ ပြန်အဆူခံရနိုင်တယ်။ ဒါကြောင့် သဝန်တိုတာမျိုးမလုပ်သင့်ပါဘူး။ မိဘတွေကသူ့ကိုဘက်လိုက်ရတာအကြောင်းတစ်ခုခုရှိလို့ဖြစ်ပါလိမ့်မယ်။ ဥပမာ-သူမွေးတုန်းကတစ်ခုခုဖြစ်ခဲ့လို့၊ သူကချစ်စနိုးပါလို့၊ သူကစာတော်လို့၊ သူကလှလို့၊ သူကတစ်ခုခုဖြစ်နေလို့ စသဖြင့်အကြောင်းတစ်ခုခုရှိလို့ပါ။ ကိုယ်ကိုတိုင်ကလည်း ချစ်လာနိုင်အောင်ကြိုးစားကြည့်လို့ရပါတယ်။ ကျောင်းမှာဆုရတာ၊ ဘက်လိုက်ခံရတဲ့သူကိုနားလည်ပေးပါ၊ မိဘတွေကိုကူတာ၊ ဘက်လိုက်ခံရတဲ့သူထက်သာအောင်လုပ်ရင် ကိုယ့်ဘက်ကိုတော့နည်းနည်းလှည့်လာနိုင်ပါတယ်။ #Mabel #Knowledge
21 ژانویه 2024, 22:05

***1*** အဖြစ်အပျက်-ဘဝဆိုတာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အနိမ့်ပြီး အမြင့်လာမယ်။ ပျော်ရွှင်ရတဲ့အချိန်တွေပြီးရင် အချိန်တန်လာပြီ....ဝမ်းနည်းရတဲ့အချိန်တွေကိုခံစားရဖို့ပေါ့။ ဒီလို ဝမ်းနည်းရတဲ့အချိန်မှာ စိတ်ညစ်လာပြီး အိမ်ကထွက်ပြေးချင်တာတွေ သတ်သေတာတွေ...အဲဒါတွေကို မိုက်မဲစွာမလုပ်သင့်ပါဘူး။ စောနကပြောသလို ဒါဟာအချိန်တန်လို့ဖြစ်လာတာ သဘာဝပါ။ ဖြေရှင်းနည်း-အဲဒီခဏတာလေးမှာ သည်းခံလိုက်ပါ။ ရိုလာကိုစတာကြီး အမြင့်ကိုပြန်တက်သွားရင် ပျော်ရွှင်တဲ့အချိန်တွေကိုပြန်လည်ပိုင်ဆိုင်လာရတော့မယ်။ ခဏတာအချိန်မှာ ကိုယ်ကြိုက်တာလုပ်ရင်းသည်းခံလိုက်တာဘဲဖြစ်ဖြစ် ဖြစ်နေတဲ့ဟာတွေကိုဖြစ်စေတော့ဆိုပြီး လွှတ်ထားလိုက်ပါ။ လျစ်လျူရှုလိုက်ပါ။ #Mabel #Knowledge
21 ژانویه 2024, 21:50

ဒီနေ့မှာတော့ ဆယ်ကျော်သက်တွေဖြစ်ပျက်နေတဲ့အဖြစ်အပျက်တချို့လေးတွေရဲ့ဖြေရှင်းချက်လေးတွေကို Mabel အတွေ့အကြုံအရ ထင်မြင်ချက်လေးတွေကို sharing လုပ်ချင်ပါတယ်။ ဆယ်ကျော်သက်တွေဖြစ်တတ်တဲ့အဖြစ်အပျက်တွေကတော့👇 *1* စိတ်ညစ်စရာကိစ္စတွေရှိလာတဲ့အခါ ဘာကိုမှမမြင်ဘဲ အိမ်ကတောင်ထွက်သွားချင်လာတာ *2* မိဘတွေဘက်လိုက်လို့ စိတ်ညစ်ကြတာ *3* ရည်းစားမထားခိုင်းလို့ စိတ်ညစ်တာ *4* မိဘတွေဆူလို့ စိတ်ညစ်တာ *5* ဂိမ်းပဲဆော့နေလို့/ ဖုန်းပဲကြည့်နေလို့ ဆူခံရတာကို စိတ်ညစ်တာ *6* စာမကြိုးစားလို့ ဆူခံရတာကို စိတ်ညစ်တာ စတာတွေပဲဖြစ်ပါတယ်။ #Mabel #Knowledge
21 ژانویه 2024, 21:42

“မိဘတွေနဲ့ ဆက်ဆံရေးပိုအဆင်ပြေစေမည့် နည်းလမ်းကောင်းများ” – – – – – – – – – – – – – – သားသမီးကိုမချစ်တဲ့ မိဘမရှိသလို မိဘကိုမချစ်တဲ့ သားသမီးဆိုတာလည်းမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုမပြသတဲ့အခါမချစ်ဘူးလို့ အထင်မှားကြလေ့ရှိပါတယ်။ ဒါ့ကြောင့် သင့်အချစ်ကို ပြသဖို့ နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။ (၁) အချစ်ကို ဖော်ပြဖို့ မရှက်ပါနဲ့။ (၂) သူတို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးပါ (သို့) ကိုယ်တိုင် လုပ်ပေးပါ။ (၃) ကိုယ့်အခန်းကို သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားတာလည်း အချစ်ကိုဖော်ပြနည်းတစ်မျိုးပါပဲ။ (၄) တစ်ခါတစ်လေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာမိဘတွေအတွက် ထမင်းဟင်းချက်ပြုတ်ကျွေးတာဖြစ်ဖြစ် သူတို့ကြိုက်တတ်တဲ့အစားအစာတစ်မျိုးကို ဝယ်ကျွေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ။ (၅) အမေ မခိုင်းဘဲ ကိုယ့်အဝတ်ကိုယ်လျှော်တာမျိုး၊ ကိုယ်စားပြီးသားပန်းကန်ဆေးတာမျိုး အစရှိတဲ့ သေးသေးမွှားမွှားအိမ်အလုပ်လေးတွေ ကူလုပ်ပေးတာမျိုးကလည်းမိခင်ဖြစ်သူကို စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။ (၆) သူတို့ကိုချစ်ကြောင်း နှုတ်ကနေ ဖွင့်ဟပြောပါ။ ပထမတစ်ကြိမ်ကတော့ရှက်နေမှာအသေချာပါပဲ။ ဆက်ကြိုးစားပြီး ပြောပါ။ (၇) မွေးချင်းမောင်နှမတွေနဲ့ ခင်ခင်မင်မင်နေပါ။ (၈) သင်အမှားတစ်ခုခုလုပ်ထားမိရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပြီး တောင်းပန်ပါ။နှုတ်ကမပြောရဲရင် စာရေးပြီးတော့ဖြစ်ဖြစ် တောင်းပန်ပါ။ “တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ်၊ သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဘူး” ဆိုတဲ့အတိုင်း သားသမီးဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်တတ်တာ မိဘတွေပါ။ (၉) အရေးကြီးဆုံးတစ်ချက်က သူတို့ကို ဘယ်တော့မှ မလိမ်ပါနဲ့။ ခုဖော်ပြပေးသွားတဲ့အချက်လေးတွေက လွယ်လွယ်လေးတွေပါ။ စတင်အကောင်အထည်ဖော်ဖို့ပဲ လိုပါတော့တယ်နော်။ *. : 。✿ * ゚ * .: 。 ✿ * ゚ * . : 。 ✿ * ╰┈➤ ❝ #Credit ❞ ╰┈➤ ❝ #Knowledge ❞ ╰┈➤ ❝ #Ruby ❞
21 ژانویه 2024, 06:23

sticker.webp0.29 KB
21 ژانویه 2024, 04:55

✿︎ ခံတွင်းရနံ့သင်းပျံ့စေဖို့ လုပ်သင့်တဲ့အချက်များ .・。.・゜✭・.・✫・゜・。. ၁။ ခံတွင်းသန့်ဆေးသုံးပေးပါ။ ခံတွင်းပလုတ်ကျင်းတဲ့ဆေးရည်ဆောင်ထားပြီး အစားစားပြီးတိုင်းပလုတ်ကျင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။ အဲဒါမှအဆင်မပြေတဲ့အခါ တခြားနည်းလမ်းတွေကိုလည်း လိုက်လုပ်ကြည့်ပါအုံး။ .・。.・゜✭・.・✫・゜・。. ၂။ ခံတွင်းကျန်းမာရေးကိုဂရုစိုက်ပါ။ သွားတစ်နေ့ ၂ကြိမ်တိုက်တာ၊ ခံတွင်းသန်ံရှင်းရေး၊ လျှာသန့်ရှင်းရေးပုံမှန်လုပ်တာမျိုးတွေနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ တခါတလေ သွားပိုးစားနေရာကနေတဆင့်လည်း အနံ့ဆိုးတွေထွက်နေနိုင်တာမို့ သွားကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၃။ ခံတွင်းအနံ့ဆိုးစေတဲ့ အစားအစာတွေကိုချင့်ချိန်စားပါ။ ကော်ဖီအသောက်များတာ၊ ကြက်သွန်နဲ့ အခြားအနံ့ဆိုးထါက်တဲ့အစားအစာတွေကို သတိလေးထားပြီးစားတာမျိုး၊ လူအများကြားသွားမယ်ဆိုရင် မစားဘဲရှောင်လိုက်တာမျိုးတွေ လုပ်လိုက်ပါ။ .・。.・゜✭・.・✫・゜・。. ၄။ ရေများများသောက်ပေးပါ။ ခံတွင်းထဲ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း ခံတါင်းကအနံ့ဆိုးထွက်တတ်ပါသေးတယ်။ အဲဒါကြောင့် ရေမကြာမကြာသောက်ပေးသင့်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၅။ Vinegarနဲ့ရေ သုံးပြီးပလုတ်ကျင်းပေးပါ။ ဒါကတော့ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့နည်းလမ်းပါ။ Vinegar မှာပါဝင်တဲ့ acetic acid ဓာတ်ကြောင့် ဘက်တီးရီးယားတွေမပေါက်ဖွားနိုင်တော့ပါဘူး။ Vinegar ကို ၂ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရောမွှေပြီး စက္ကန့်၃၀ ကြာအောင် ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားတေါသေစတောကြောင့် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ .・。.・゜✭・.・✫・゜・。. ၆။ Baking Soda နဲ့ရေနွေးသုံးပြီး ပလုတ်ကျင်းပေးပါ။ Baking Soda ကိုလည်း လက်ဖက်စားဇွန်း ၂ဇွန်းနဲ့ ရေနွေးတစ်ခွက်ထဲထည့်မွှေပြီး ခံတွင်းထဲ စက္ကန့်၃၀ခန့် ငုံထားပြီး ပလုတ်ကျင်းပေးပါ။ Baking Soda မှာလည်း ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတာကြောင့် ပလုတ်ကျင်းခြင်းအားဖြင့် အနံ့ဆိုးထွက်ခြင်းကိုသက်သာစေပါတယ်။ .・。.・゜✭・.・✫・゜・。. #Credit_to_BAWA101 #Knowledge #Ruby
21 ژانویه 2024, 00:40

"ဘဝရဲ့ အမှန်တရား 8 ချက်" (1) ကမ္ဘာပေါ်မှာ သင့်အမေကလွဲပြီး ဘယ်သူမှ မစစ်မှန်ပါဘူး။ (2)ဆင်းရဲတဲ့သူတွေမှာ သူငယ်ချင်းဆိုတာ မရှိပါဘ
"ဘဝရဲ့ အမှန်တရား 8 ချက်" (1) ကမ္ဘာပေါ်မှာ သင့်အမေကလွဲပြီး ဘယ်သူမှ မစစ်မှန်ပါဘူး။ (2)ဆင်းရဲတဲ့သူတွေမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ (3)လူတွေဟာ စိတ်လှတာကို မကြိုက်ဘဲ ရုပ်လှတာကိုပဲ ကြိုက်နေကြပါတယ်။ (4)မင်းအချစ်ရဆုံးသူ မင်းကို အများဆုံး နာကျင်စေလိမ့်ပါမယ်။ (5) အမှန်တရားက ရိုးရှင်းပါတယ်။ဒါပေမဲ့ သင်အဲ့ဒါကို ရှင်းပြတဲ့အခါ ခက်ခဲပါလိမ့်မယ်။ (6)လူတွေ လေးစားတာ ငွေကိုပါ" လူကိုမဟုတ်ပါဘူး။ (7)သင် ပျော်တဲ့အခါ ဂီတကို နှစ်သက်မယ်" သင် ဝမ်းနည်းတဲ့အခါ စာသားတွေကို နားလည်လာမယ်။ (8)"ဆင်းရဲတဲ့အချိန်မှာ သည်းခံနိုင်မှု" နဲ့ "ပြည့်စုံတဲ့အချိန်မှာ မင်းရဲ့စိတ်ထား" အဲ့အရာနှစ်ခုက မင်းဘဝကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ #Zack #Knowledge #Forward_Only
21 ژانویه 2024, 00:24

လူတွေသင့်ကို Respect ပေးလာမယ့် အကျင့်8မျိုး -------------------------- 1. သင်ကစပြီးrespectပေးပါ။ 2. စကားကိုလုမပြောပဲနောက်ဆုံးမှပြောပါ။ 3. သူများကိုရယ်စရာအနေနဲ့စနောက်မယ့်အစားကိုယ့်ကိုယ်ကိုစနောက်ပါ။ 4. အပြောထက် အလုပ်နဲ့သက်သေပြပါ။ 5။ သင်အတည်ပြောတဲ့စကားတွေက ရိုးသားနေပါစေ။ 6. လူတွေရဲ့ကောင်းတဲ့အချက်တွေကိုမြင်ပေးပါ။ 7.ဘယ်လောက်ခင်ခင် တစ်ဖက်လူရဲ့ personal ဘောင်ကိုမကျော်ပါနဲ့။ 8. အကူညီတောင်းလာရင်တက်နိုင်သမျှကူညီပေးပြီးသင်အကူညီလိုလာရင်လဲတောင်းပါ။ --------------------------- #yoko #knowledge #credit
20 ژانویه 2024, 20:40

@winner - @Nea_wants_one @binsyul #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
@winner - @Nea_wants_one @binsyul #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
20 ژانویه 2024, 10:09
20 ژانویه 2024, ~10:14

ဒါဘယ်သူလဲ Kpop boy group ထဲက #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
ဒါဘယ်သူလဲ Kpop boy group ထဲက #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
20 ژانویه 2024, 10:03
20 ژانویه 2024, ~10:14

အဖြေမှန်က အစိမ်းရောင်ထွက်နေတဲ့ အရွက်နုလေးတွေပါဗျ ဘယ်သူမှမမှန်ပါဘူး မင်မင်မှန်ပါတယ်ဗျ 😼😾 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
20 ژانویه 2024, 09:56
20 ژانویه 2024, ~10:26

အရမ်းလွယ်တယ် ဒါက 🥹 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
အရမ်းလွယ်တယ် ဒါက 🥹 #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
20 ژانویه 2024, 09:54
20 ژانویه 2024, ~10:14

မနက်ဖြန် Sunday ဆိုတော့ ဂိမ်းထပ်ဆော့ပေးမယ်ဗျ Sub တို့ ဆော့ချင်တာကို မန့်သွားပါဗျ ကျွန်တော်မနက်ဖြန်ကျဆော့ပေးပါမယ်ဗျ #ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
20 ژانویه 2024, 09:52
20 ژانویه 2024, ~10:12