cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Narinjara News

The Narinjara is also the name of a flourishing ancient city-state on Lemro dynasty in ancient Araka

نمایش بیشتر
پست‌های تبلیغاتی
15 957
مشترکین
+2224 ساعت
+2687 روز
+1 83930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ရေကြောင်းအရ အဓိက အရေးပါတဲ့ သံတွဲမြို့ ဂျိတ္တောမှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ AA တို့ ပထမဆုံးအကြိမ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၅ /၂၀၂၄ ရခိုင်ပြည်၊ သံတွဲမြို့ ငပလီကမ်းခြေနဲ့ တဆက်တည်းရှိတဲ့ စစ်ကောင်စီအတွက် ရေကြောင်း ဗျူဟာအရ အရေးပါတဲ့ ဂျိတ္တာကျေးရွာမှာ ဇူလိုင်လ ၄ ရက် မနေ့က တပ်ဆုတ်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဂျိတ္တောကျေးရွာသို့ တပ်ဆုတ်လာတဲ့ ခလရ (၅၅) မှ စစ်ကြောင်းကို AA က ပြောက်ကျားစနစ်နဲ့ ဝင်တိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက နိရဉ္စရာသတင်းဌာကို ပြောကြားပါတယ်။ ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် https://burmese.narinjara.com/news/detail/66873b0fc16d75c66b4c60e3
نمایش همه...
👍 44 4🔥 2👎 1🖕 1
👍 2
Photo unavailableShow in Telegram
👍 3
မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းကို TNLA က သိမ်းပိုက်၊ နောင်ချိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက် (လားရှိုးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦးဒဏ်ရာရရှိခဲ့) နိရဉ္စရာ၊ဇူလိုင် ၅/ ၂၀၂၄ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေသာယာတပ်စခန်းအား ဇူလိုင်(၃)ရက်နေ့က တအာင်းတပ်မတော် (TNLA)နဲ့ PDF (မိုးကုတ်ဗျုဟာ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုပါ https://burmese.narinjara.com/local-news/detail/66872ae51ca1d88722010e97
نمایش همه...

👍 3🔥 2
Photo unavailableShow in Telegram
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ တရုတ်သို့ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ကြာ တရားဝင်သွားရောက်လည်ပတ်မည် နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၄ တရုတ် ဝန်ကြီးချုပ် Li Qiang ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ (Sheikh Hasina) ဟာ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံသို့ (၃) ရက်ကြာ တရားဝင် လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဇူလိုင် ၄ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ အကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ ကောင်းမွန်သော ဘက်မလိုက် မိတ်ဖက်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် https://burmese.narinjara.com/international/detail/668709ebca9fa92ff2ce9248
نمایش همه...
👍 6😁 2
Photo unavailableShow in Telegram
အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုကြောင့် (၆)လအတွင်း ရခိုင်မှာ အရပ်သား (၂၅၉) ဦးသေဆုံး၊ တစ်နိုင်ငံလုံးမှာ ဒုတိယအများဆုံးသေဆုံးမှုဖြစ် နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၄ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် မှုတွေကြောင့် (၆)လအတွင်း ရခိုင်မှာ အရပ်သား (၂၅၉) ဦး သေဆုံးခဲ့ရတယ်လို့ AAPP က ဇူလိုင်လ(၄)ရက်က သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါ အရေအတွက်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး သေဆုံးမှုအရေအတွက်ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ကောက်ယူရရှိတဲ့ သတင်းအချက်အလက်တွေ အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ( ၁ )ရက်ကနေ ဇွန်လ (၃၀) ရက်နေ့အထိ (၆)လအတွင်း၊ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄၈) ဦးနဲ့ အမျိုးသား (၇၂၈) ဦး စုစုပေါင်း (၁၀၇၆) ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ https://burmese.narinjara.com/local-news/detail/6686e3139bc1221dcdbbd40a
نمایش همه...
😢 14👍 4
Photo unavailableShow in Telegram
မောင်တောရှိ ICRC ဂိုဒေါင်ကို စစ်သားတွေ ဖောက်ထွင်းပြီး ပစ္စည်းတွေကို အပြင်တွင်ရောင်းချနေတယ်လို့ သတင်းတွေထွက်ပေါ် (ဂိုဒေါင်သို့ ICRC ဒေသတာဝန်ရှိသူတွေ သွား‌ရောက်စစ်ဆေးခွင့် စစ်‌ကောင်စီပိတ်ပင်ထား) နောင်မင်းသူ၊ နိရဉ္စရာ၊ဇူလိုင် ၄ ရက်/၂၀၂၄ ရခိုင်ပြည်နယ်၊မောင်တောမြို့၊မြို့မကညင်တန်းရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ကုန်ပစ္စည်း သိုလှောင်ရုံ ဂိုဒေါင်တွေကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းခိုးယူပြီး အပြင်တွင် ရောင်းချမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။ ICRC ရုံးမှ ဒေသတာဝန်ရှိသူတွေကို အဆိုပါ ဂိုဒေါင်သို့ သွားလာစစ်ဆေးခွင့်ကိုလည်း စစ်‌ကောင်စီတပ်မှ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒီသတင်း အောက်ပါလင့်မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် https://burmese.narinjara.com/local-news/detail/6686d7d6b42494fae24bfc6b
نمایش همه...
👍 7🖕 1
မြန်မာနိုင်ငံမြောက်ပိုင်း ရေကြီး၊ရေလျှံမှု အိမ်ထောင်စုပေါင်း(၃,၇၀၀)၊ လူဦးရေ (၁၇,၉၀၀)ဦး ရေဘေးဒဏ်သင့်ခဲ့တယ်လို့ AH Centre ကသတင်းထုတ်ပြန် ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၄/ ၂၀၂၄ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း(၃,၇၀၀)၊ လူဦးရေ (၁၇,၉၀၀)ဦး ရေဘေးဒဏ်သင့်ခဲ့တယ်လို့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) က ဇူလိုင်(၄)ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဇွန်လနောက်ဆုံးပတ်ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော်မြို့တို့ ရေနစ်မြုပ်ခဲ့ပြီး မြေနိမ့်ပိုင်းဒေသမတွေမှာ လည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုပါ https://burmese.narinjara.com/local-news/detail/6686c85ae19cf4e785512942
نمایش همه...
😢 5👍 2
Photo unavailableShow in Telegram
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး သေဆုံး ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၄ အစ္စရေးရဲ့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်း တပ်မှူး Abu Nimah သေဆုံးသွားခဲ့တယ်လို့ The Times of Israel ကသတင်းဖော်ပြပါတယ်။ ဇူလိုင်လ(၃)ရက်က လက်ဘနွန်တောင်ပိုင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ အကြီးတန်းတပ်မှူး Abu Nimah (ခေါ် ) Muhammad Nimah Nasser သေဆုံးသွားခဲ့ပါတယ်။ အကြီးတန်းတပ်မှူး Nasser သေဆုံးခဲ့ရမှုဟာ အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်တလျှောက်မှာ ဖြစ်ပွားနေတဲ့ ကိုးလကြာတိုက်ပွဲတွေ အတွင်းဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းအရာရှိတွေ ထဲက ပထမဆုံး သေဆုံးသူဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုပါ https://burmese.narinjara.com/international/detail/6686c2ece19cf4e785511ab3
نمایش همه...
👍 7
Photo unavailableShow in Telegram
တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ဂျိတ္တောမှ ဒေသခံသားဖနှစ်ဦးကို ပစ်သတ်တဲ့ နောက်ဆက်တွဲသတင်း ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၄ ရက်/ ၂၀၂၄ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောအမှတ် (၅) ရပ်ကွက်မှ သားဖနှစ်ဦးကို ယမန်နေ့ ညအချိန်က တပ်ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာမှန်ကန်တယ်လို့ ဒေသခံလူကြီးတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ သတ်ဖြတ်ခံရသူ သားဖနှစ်ဦးမှာ ဒေါ်ဘဲဥမရဲ့ ယောကျ်ားဖြစ်သူ အရပ်ခေါ်အမည် ဦးငါးတောင်ငြိမ်းနဲ့ သားဖြစ်သူ ကိုကုလားတို့ဖြစ်ကြပါတယ်။ တပ်ရင်း ခလရ (၅၅) မှ ထွက်ပြေးလာတဲ့ ‌စစ်ကောင်စီတပ်သားများက သပြုချိုင်ရေတပ်စခန်းသို့ ပို့ဆောင်‌ခိုင်းစဉ်မှာ ပစ်သတ်ခဲ့ရတာလို့ဆိုပါတယ်။ ဒီသတင်း အောက်ပါလင့်မှာလည်း ဝင်ရောက်ဖတ်ရှုနိင်ပါတယ် https://burmese.narinjara.com/news/detail/6686964be19cf4e78550907d
نمایش همه...
😢 12👍 3🖕 2 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.