RNC သတင်း၊ နည်းပညာ ၊ရသစုံ
رفتن به کانال در Telegram
309
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
+330 روز
آرشیو پست ها
ဂျော်ဒန်လေပိုင်နက်အတွင်း ဒုံးကျည်နှင့် ဒရုန်းများ ဝင်ရောက်လာ - အမေရိကန်သံရုံး အရေးပေါ် စစ်ဘေးရှောင်သတိပေးချက်ထုတ်ပြန်
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို အီရန်ဘက်က ဒေသတွင်းတစ်ခွင် ပဲ့ထိန်းဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်လာအပြီး ယနေ့ (ဇူလိုင် ၉ ရက်) မိနစ်ပိုင်းအတွင်း ဂျော်ဒန်နိုင်ငံ မြို့တော် အာမန် (Amman) အပါအဝင် ဒေသအနှံ့အပြား၌ လေကြောင်းရန်သတိပေး ဥဩဆွဲသံများ ဆူညံေနသည်။
စီးပွားရေးဗျူဟာမြောက် "သွေးကြော" ကို ဖြတ်တောက်ခြင်းလား - အီရန်မြောက်ပိုင်း ရထားလမ်းတံတားကို အမေရိကန် ခရုဇ်မစ်ဆိုင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်
အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများ အရှိန်မြင့်တက်နေစဉ် အီရန်နိုင်ငံမြောက်ပိုင်း ဂိုလတ်စတန် (Golestan) ပြည်နယ်ရှိ အဓိကကျသော ရထားလမ်းတံတားတစ်စင်းကို အမေရိကန်စစ်တပ်က ခရုဇ်မစ်ဆိုင်း (Cruise Missile) များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် နီးစပ်သည့် Fars သတင်းဌာနနှင့် ဒေသတွင်းမီဒီယာများက ဖော်ပြလာကြသည်။
တိုက်ခိုက်ခံရသည့် တံတားမှာ ဂိုလတ်စတန်ပြည်နယ်၊ အက်ကလာ (Aqqala) ခရိုင်ရှိ "အက်တာကေခန်" (Aq Tekeh Khan / Aq Taqeh Khan) ရထားလမ်းတံတားဖြစ်ပြီး၊ ၎င်းသည် ရိုးရိုးကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု မဟုတ်ဘဲ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့ကို ချိတ်ဆက်ပေးထားသည့် ဗျူဟာမြောက် ရထားလမ်းကွန်ရက် (China-Turkmenistan-Iran Rail Corridor) ၏ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများနှင့် ပင်လယ်ရေကြောင်း တင်းမာမှုများကြောင့် အီရန်နိုင်ငံအတွက် ဤရထားလမ်းသည် တရုတ်နှင့် ရုရှားနိုင်ငံတို့ထံမှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဓိကအားထားနေရသည့် ကုန်းလမ်း "အသက်သွေးကြော" ဖြစ်လာခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ မကြာသေးမီက ပင်လယ်ရေကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ဤလမ်းကြောင်းပေါ်တွင် တရုတ်ကုန်ရထားပြေးဆွဲမှု ၃ ဆခန့်အထိ မြင့်တက်ခဲ့သလို၊ ရုရှားနိုင်ငံကလည်း ၎င်းတို့၏ ကုန်စည်များကို ဤလမ်းကြောင်းမှတစ်ဆင့် အဓိကရွှေ့ပြောင်းသယ်ယူနေခြင်း ဖြစ်သည်ဟုဆိုသည်။
+2
ဖမ်းမိတာတော့ဝမ်းသာပါတယ်
ဒါပေမယ့် တနှစ်ကိုလွတ်ငြိမ်းလေး
ငါးခါလောက်လာနေတော့ ဒုစရိုက်
သ္မားတွေက ထောင်မကြောက်တော့
ဘူး
us
UK တို့မှာထောင်ဒဏ်နှစ်ဆယ့်ငါး
နှစ်မပြောနဲ့ဆယ်နှစ်ဆိုတာနဲ့တင်
တရားရုံးမှာခွေကျတာ
မေ့သွားတာတွေမြင်ရတယ်
သူတို့မှာလွတ်ငြိမ်းမရှိဘူး
အပြည့်အဝ
ပေးဆပ်ရတာ
ဒီနိုင်ငံကလူကြီး
မင်းတို့လဲပြည်သူတွေကိုစာနာသနား
ကြပါလို့ ခုထည့် တော်ကြာပြန်ထုတ်အလုပ်ရှပ်ခံဖမ်းပြနေကြသလိုပဲ
■ ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီး
ရန်ကုန်မြို့အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများ၌ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံအမျိုးသား ၉၄ ဦး၊ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ကျပ် ၆၅၇၀၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အီရန်ရှိ စစ်ဘက်ပစ်မှတ်များကို အမေရိကန်က ဒုတိယမြောက်လှိုင်းအဖြစ် ထပ်မံဗုံးကြဲ၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိ
ဝါရှင်တန် ဒီစီ — ဇူလိုင် ၉၊ ၂၀၂၆
နိုင်ငံတကာ အရပ်ဘက် ကုန်တင်သင်္ဘောများနှင့် သင်္ဘောသားများအပေါ် အီရန်၏ ရန်စကျူးကျော်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (US CENTCOM) က အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို ဒုတိယမြောက်လှိုင်း (Second Wave) အဖြစ် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
+2
ဘဏ်ဖုန်းနံပတ်လဲမဟုတ်ဘူးအပြင်လူကဆက်တာဆိုတော့ အဲကလုပ်စားနေတဲ့၀န်ထမ်းထဲကတစ်ယောက်ယောက်များလား ပိုစ့်မြင်ပီးသူအမှုပတ်မှာစိုးလို့ ဖျက်ခိုင်းတာနေမယ် ကူလီကူမာတေ ကောင်း၂ "မွန်၂"မလုပ်စားချင်ကြဘူး
ငွေတွေအကုန်လွှဲလို့ရသွားပါပြီ။ ငွေလွှဲလို့ရတဲ့ကိစ္စ KBZ pay ဘက်မှတော့ ဘာမှဆက်သွယ်လာခြင်းမရှိပါ။
- မနေ့ညက ၁၁ နာရီ ၁၁ မိနစ်မှာ အမည်မဖော်လိုသူ ဘဏ်နှင့်မသက်ဆိုင်သူအမျိုးသမီးတစ်ဦးမှ ကူညီပေးခဲ့ပါတယ်။
- ဒီမနက် ၉ နာရီ ၁ မိနစ်မှာငွေပြန်လွှဲလို့ရပြီဖြစ်ကြောင်းနှင့် post ဖျက်ပေးရန် ဘဏ်ဘက်မှ ဖုန်းဆက်လာပါသည်။ ဘဏ်ဖုန်းနှင့်တော့မဟုတ်ပါ ဘယ်ကမှန်းမသိပါ။
- ငွေလွှဲလို့ရရခြင်း မှားလွှဲသူ ညီမလေးကိုငွေများအကုန်လွှဲပေးလိုက်ပါပြီ။
- ကျန်ငွေများကိုလည်း အမျိုးသား၏ Kpay ကိုပြောင်းရွှေ့လိုက်ပါပြီ၊
- ဘဏ်မှ ဖုန်းဆက်တောင်းပန်မည်ဟုပြောသော်လည်း ဆက်မလာသေးသလို post ကိုလည်း ဖျက်ပေးမည်မဟုတ်သေးပါ။
ကျွန်မ post အောက်မှာ ကျွန်မလို ခံစားနေရသူအများအပြားရှိပါတယ်။ ကျွန်မတစ်ဦးကောင်းရုံနဲ့ ဒီpost ကို ဖျက်လိုက်ရင် ကျွန်မအတွက် ရပ်တည်ပေးခဲ့တဲ့ တစ်ဦးချင်းကို ကျွန်မက ပါးဖြတ်ရိုက်သလိုဖြစ်သွားမယ်လို့ ခံစားမိလို့ သူတို့ကိုအားနာမိပါတယ်။
သူတို့အဆင်မပြေတဲ့တောင်းဆိုချက်လေးတွေလည်း သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြေရှင်းပေးကြဖို့ ကျွန်မတောင်းဆိုပါတယ်။
ကျွန်မတို့ ကိုယ်အဆင်ပြေတယ်ဆိုပြီးပြီဆိုပြီး တစ်ကိုယ်ကောင်းမဆန်ချင်ပါဘူး။ ကျွန်မ အဆင်မပြေတုန်းက တစ်ဦးချင်းကိုယ်ချင်းစာပြီး ရပ်တည်ပေးခဲ့တဲ့သူတွေကို ကျွန်မအဆင်ပြေတာနဲ့ ဖျက်ပစ်လိုက်လို့မဖြစ်နိုင်ပါဘူး။
Post အောက်မှာ အခက်အခဲရှိသူတွေအများဖြစ်နေပါတယ်။ KBZ pay ဘက်မှအမြန်ဆုံးဖြေရှင်းပေးဖို့တောင်းဆိုပါတယ်ရှင်။
ဖုန်းဆက်တော့လည်း လုပ်ဆောင်နေဆဲလို့ပဲပြောပါတယ်
ကျွန်မတို့မှာ ကောင်းရောင်းကောင်းဝယ်လုပ်စားနေရတာပါ။ ဘယ်သူ့ငွေကိုမှလည်း မတရားမလုပ်ဖူးပါဘူး။ သူ့ဘာသာသူငွေမှားလွှဲတာနဲ့ ကျွန်မတို့အကောင့်ကို ဒီနေ့ ၈ ရက်နေ့အထိကို ပိတ်ထားပါတယ်။ ကျွန်မတို့မှာ ဒီထဲက ငွေလေးရမှ လုပ်ငန်းလေးလည်ပတ်နိုင်မှာပါ။ တစ်ဖက်က အမျိုးသမီးမှာလည်း ကျူရှင်လခပေးရမဲ့ငွေလေးမို့ ဒီနေ့အထိ မျက်ရည်ကျနေရပါတယ်။
KBZ ဘဏ်မှတာဝန်ရှိသူတစ်ဦးများ ဒီစာလေးကိုမြင်ရင်လေ ကျွန်မတို့အကောင့်လေးကိုဖွင့်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါတယ်ရှင်။ ကျွန်မအထည်ရောင်းရတဲ့ ချွေးနည်းစာလေးတွေ ပိတ်မိနေပါတယ်။ ကျွန်မဒီရက်ထဲ စျေးရောင်းဖို့လည်း အရင်းအနှီးမရှိပါဘူး ဝန်ထမ်းလခတွေကိုလည်း ချေးငှါးပြီးပေးထားရပါတယ်။ ကျွန်မတို့ ဘာမှလွန်ကျူးမထားတဲ့ကိစ္စနဲ့ ကျွန်မတို့အကောင့်ကို ဒီလိုမလုပ်ထားပါနဲ့ရှင်။ ဘဏ်သွားရှင်းတော့လည်း ဘယ်သူမှ မဆိုင်ပါဘူးဆိုတော့ ကျွန်မတို့ အင်မတန်ဒုက္ခရောက်နေရလို့ပါ kbz pay မှ တာဝန်ရှိသူများ ဒီpost လေးကို ကျေးဇူးပြုပြီး မြင်ပါတွေ့ပါစေရှင်။
Dressy
KBZ pay center မှ တာဝန်ရှိသူများ၏ ရက်စက်မှုကိုပြောပြပါရစေ။ ကျွန်မတို့လိုမျိုး တာဝန်ယူမှုမရှိတဲ့အဖြစ်မျိုးလည်း ဘယ်သူမှထပ်မံမကြုံပါရစေပါနဲ့ရှင်။
KBZ pay ပြေစာအမှတ် - 2026-01594793 ပိုင်ရှင်ကိုယ်တိုင်ဒီဖြစ်စဉ်ကိုရေးသားပါတယ်ရှင်။
30.6.2026 ညနေ ၃:၀၁ မိနစ်ခန့်တွင် kbz pay call center မှ ဖုန်းဝင်လာပါတယ်။ ဖုန်းနံပါတ် 09969963211 ဆိုသော ဖုန်းနံပါတ်ဖြင့်ဆက်သွယ်လာတာပါ။
- လူကြီးမင်းအကောင့်ကို ယာယီပိတ်ထားပါတယ်တဲ့။ ကျွန်မက ဘာဖြစ်လို့လဲမေးတော့ ကျွန်မအကောင့်ကို ငွေမှားလွှဲထားလို့ဆို တိုင်လို့ပါတဲ့။
- ငွေမှားလွှဲထားတာနဲ့ပက်သက်ပြီး ကျွန်မတို့ကလည်း အထည်ရောင်းတာမို့ ငွေဝင်တွေအကုန်မစစ်မိပါဘူး။ စစ်ပေးပါ့မယ်ဆို စစ်ပေးတော့ Y**** ဆိုသော နာမည်နှင့် အမျိုးသမီးတစ်ဦးက ငွေ ၅ သိန်းလွှဲထားတာကိုတွေ့ပါတယ်။
- ငွေမှားလွှဲထားတာတွေ့တယ် ပြန်လွှဲပေးမယ်နော်ဆိုတော့ မှားလွှဲတဲ့ သူကိုဆက်သွယ်ခိုင်းလိုက်ပါ့မယ်တဲ့ ဆက်သွယ်ပြီးရင် ပြန်ပြောပေးပါ့မယ်လို့ပြောတော့ ကျွန်မတို့လည်း စောင့်နေခဲ့ပါတယ်။
- ၅ မိနစ်ခန့်အကြာမှာ ငွေမှားလွှဲသူ Y**** ဆိုသော အမျိုးသမီးမှ ဆက်သွယ်လာသဖြင့် ပြေပြေလည်လည်ပြောဆိုဖြေရှင်းခဲ့ကြပါတယ်၊
အမျိုးသမီးဘက်မှလည်း နာမည်နဲ့ ဖုန်းနံပါတ်ကိုမစစ်ဆေးမိလို့ ကျွန်မတို့ဖုန်းနံပါတ်က မပေါ်တာမို့ သူလည်းကြံရာမရဖြစ်ပြီး call center ကိုအကူအညီတောင်းခဲ့တာပါတဲ့။ အမျိုးသမီးလေးက အသက်ကငယ်သေးတာမို့ ကျွန်မလည်း ရပါတယ်လေ ညီမလေး ဘဏ်ဘက်ကိုသာ ပြေလည်ပြီဖြစ်ကြောင်းသေသေချာချာပြောလိုက်နော်ဆိုပြီး ပြောပေးခဲ့ပါတယ်။
- ဘဏ်ဘက်ကို ဖုန်းပြန်ဆက်ကြည့်တော့ နှစ်ဦးနှစ်ဖက် ပြေလည်ကြပြီဆို အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောပါတယ်။ မှားလွှဲသူ အမျိုးသမီးကလည်း ဘဏ်ကို ဖုန်းဆက်ပြီး ပြေလည်ပြီဖြစ်ကြောင်း ပြောပေးပါတယ်၊
- ဒီလိုနဲ့ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ဖြစ်တဲ့ပြဿနာဟာ ပြေလည်ပြီလို့ထင်ခဲ့ပေမယ့် ညနေ ၄ နာရီခွဲအထိ မပွင့်သေးတာကြောင့် call center ကိုဆက်သွယ်ခဲ့ပါတယ်။
- အဲ့ဒီမှာပဲ kbzpay ရဲ့ အင်မတန်ဆိုးသော လုပ်ဆောင်ချက်များကိုတွေ့ရှိခဲ့ရပါတယ်။
- ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့ ပြေစာအမှတ်ဘယ်လောက်လဲလို့မေးပါတယ်။ ကျွန်မအကောင့်ကို ပိတ်ကြောင်းဖုန်းဆက်တုန်းက ပြေစာအမှတ်လည်း မပေးခဲ့ပါဘူး။ အဲ့တာနဲ့ သူက ကျွန်မတို့ကို kpay data တွေအကုန်ပြန်မေးပါတယ် အကောင့်ပိုင်ရှင် ကျွန်မကိုယ်တိုင်အသေးစိတ်ဖြေကြားတော့ ပြေစာအမှတ်ကို ပြောပြပေးပါတယ်။
ကျွန်မတို့မှာ ကိုယ်လည်းဘာမှမမှားခဲ့ပဲ ငွေမှားလွှဲသူတစ်ယောက် တိုင်ချက်ဖွင့်တာနဲ့ပဲ
ပြေစာအမှတ်မသိရ ဘာမှန်းလည်းမသိရပဲ ဘယ်ကိုဆက်သွယ်ရမှန်းလဲမသိခဲ့ပါ။
Call center ဘက်မှ ၃ ရက်ကြာပါမယ်လို့ပြောပြန်ပါတယ်
ကျွန်မတို့ဘက်မှ လစာထုတ်ရက်ကြီးဖြစ်တာမို့ အဲ့လောက်တော့မကြာပါနဲ့ ကျွန်မတို့လည်း ဘာမှမသိပဲ သူ့ဟာသူငွေမှားလွှဲလာတာနဲ့ ကျွန်မတို့အကောင့်ကြီးကို အဲ့လိုပိတ်ပစ်လို့မရဘူးလေ လို့ပြောတော့ သူတို့ဘက်မှ တိုင်ချက်ရှိရင် ရတယ်လို့ပြောပါတယ်။ အကောင့်ပိတ်တာနဲ့ပက်သက်ပြီးလည်း ဘာအကြောင်းမှ အကြားမခံရပဲ ရုတ်တရက်ကြီးကို ပိတ်ပစ်တာမို့ အဲ့ဒီ့နေ့က ငွေတွေလည်းပိတ်မိပြီး အင်မတန် ဒုက္ခရောက်ခဲ့ပါတယ်
ဒီလိုနဲ့ 1.7.2026 မှာ kpay call center ကိုဖုန်းထပ်ဆက်တော့ ၃ ရက်ထပ်တော့ပိုကြာနိုင်တယ်လို့ထပ်ပြောပြန်ပါတယ် ငွေမှားလွှဲတဲ့အမျိုးသမီးမှာလည်း ကျွန်မအကောင့်ပိတ်ထားတော့ သူလည်းငွေပြန်မရလို့ ဒုက္ခများနေပါတယ် ကံကောင်းတာက ကျွန်မကတောင်ဒဂုံမှာနေပြီး သူက မြောက်ဒဂုံမှာနေတော့ ကျွန်မတို့ အပြင်မှာပါ ဆုံတွေ့နိုင်ခဲ့ပါတယ်။
ဒါနဲ့ပဲ kpay call center ကို ကျွန်မတို့ကိုယ်တိုင် လာရောက်ဖြေရှင်းပါရစေ ကျွန်မတို့ ဒီငွေတွေကိုသုံးဖို့လိုအပ်လို့ပါလို့ တောင်းပန်ခဲ့ပါတယ်။
လူကိုယ်တိုင်လာလို့ လုံးဝမရပါဘူး call center ကိုပဲဖုန်းဆက်တိုင်ကြားနိုင်တယ်လို့သာ တွင်တွင်ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း ၃ ရက်ပြည့်တဲ့အထိ ဆက်စောင့်ခဲ့ကြပေမယ့် အကြောင်းမထူးလို့ မြောက်ဒဂုံ ပင်လုံလမ်းမပေါ် သင်းဝင်လမ်းနားက KBZ bank က kbzpay center ကို 3.7.2026 မှာ သွားရောက်ခဲ့ကြပါတယ်။
Kbz pay center ကဒီလိုပြန်ပြောပါတယ်။ ဖုန်းနဲ့တိုင်ကြားထားတဲ့ဖြစ်စဉ်မို့ ဖုန်းနဲ့ပဲဖြေရှင်းပါ ကျွန်မတို့ဒီလိုမြေပြင် center နဲ့မသက်ဆိုင်ပါ လုပ်မပေးနိုင်ပါတဲ့ရှင်။ ဒါဆို ကျွန်မတို့ call center ကိုလိုက်ရှင်းပါရစေဆိုတော့ call center ဆိုတာ location မရှိပါဘူးတဲ့။ ဒီလိုပဲ email သို့မဟုတ် ဖုန်းနဲ့ပဲတိုင်လို့ရပါတယ်တဲ့။
ကျွန်မတို့မှာ KBZ ဆိုတဲ့ အဆောက်အဦးကြီးအောက်တည့်တည့်မှာ kbz pay call center ဆိုတာ ဘယ်မှာရှိမှန်းလုံးဝမသိခဲ့ရပါဘူး kbz pay center မှာ ဘယ်သူ့ဆီမှာမှလည်း ဒီလိုဖြေရှင်းပေးဖို့ တာဝန်မရှိပါဘူးဆိုတော့ ကျွန်မတို့ ဘယ်နတ်မင်းဆီမှာများ သွားရောက်တိုင်ကြားရမလဲရှင်။
ရက်စက်လိုက်ကြတာ သွေးအေးလိုက်ကြတာ။
သူများရဲ့ စားဝတ်နေရေး ဝန်ထမ်းလခတွေနဲ့ kpay account တစ်ခုကို ဘာမှအကြောင်းကြားခြင်းမရှိ ရက်ရက်စက်စက် ပိတ်ပစ်ပြီး အခုကျ ကာယကံရှင်တွေကိုယ်တိုင် ဘဏ်ထိလိုက်ရှင်းတာတောင် ကျွန်မတို့နဲ့ မဆိုင်ပါဘူးတဲ့ရှင်။
ပဲပွဲစား ပဲသူဌေး ရဲမင်းလွင်
ဒိတ်ဒိတ်ကြဲ ကြွယ်ဝပြီး မိသားစုက ဝရမ်းပြေး ဖြစ်နေတာ
နိုင်ငံတော်ကို နှစ်များစွာ လုပ်ငန်းအခွန်မဆောင်လို့ ဖမ်းမယ်ဆိုလို့ပြေး တယ် မိသားစုတစ်ကွဲတစ်ပြားစီဖြစ်
အကုန်ဆုတ်ယုတ်ကုန်တော့ ဆေးစွဲတာလည်း ထိန်းနိုင်ပုံမရဘူး ...
အရင်က မော်ဒယ် E.C.C ရဲ့ ရည်းစားပါ
အရမ်းကြွယ်ဝတော့ အခုကောင်မလေးက ECC ဆီသွားသွားလည်ရင်း စနိုက်ထားတာ ပြဿနာဖြစ်ဖူးတယ် ...
ဒါနဲ့ ECC က လမ်း ခွဲ လိုက်တော့ အခု စနိုက် ထားတယ်ဆိုတဲ့ တစ်မိသားစုလုံးက ကြည့်ရတာ အဲ့ကောင်နဲ့ အတူ နေပုံပဲ ...
(ငါ့ပိုက်ဆံနဲ့တစ်မိသားစုလုံး စားနေပြီး ငါတစ်ယောက်တည်းမို့ ငါ့ကို ဝိုင်း အနိုင်ကျင့်နေကြတာ လား ) ဆိုပြီး Video ထဲမှာ အော်နေကြတာ ပါလို့
အရင်နဲ့မတူ ငွေက ပါးလာပြီလေ ထိုင်သုံး နေကြတာဆိုတော့ အခုကျ ဒီဘဲလည်းပိုက်ဆံပြောင်ပြီဆိုတော့ တစ်မိသားစုလုံး အဆီအငေါ်မနည့် ပြဿနာ ဖြစ်နေကြပုံပေါ့...
အခုက ၅ ယောက်တစ်ယောက်လား
၆ ယောက် တစ်ယောက်လား မသိ
