fa
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

رفتن به کانال در Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

نمایش بیشتر
Buy Ad
1 611
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-1830 روز
آرشیو پست ها
၂၀၂၅ ခုနှစ် သြဂုတ်လတွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်. စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှ အထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ https://bit.ly/4fqTT34

Tanhaji The Unsung Warrior (2020) ၁၆၆၅ ခုနှစ်က မာရသီစစ်သူကြီးတစ်ယောက်ရဲ့ လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုကို ပုံဖော်ရိုက်ကူးထားတဲ့ သမိုင်းအထုပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် မဂိုရ်အင်ပါယာ အင်အားကြီးမားခဲ့တဲ့ ထိုခေတ်အခါက မာရသီမျိုးနွယ်စုဘုရင် ရှီဗာဂျီရဲ့ ညာလက်ရုံးဖြစ်ခဲ့ပြီး သစ္စာတရားကြီးမားတဲ့ စစ်သူကြီး တန်ဟာဂျီက သားဖြစ်သူရဲ့ မင်္ဂလာပွဲကို ဘေးဖယ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မာရသီမျိုးနွယ်တွေရဲ့ အသက်ဖြစ်တဲ့ ကွန်ဒါနာခံတပ်ကို အသက်ပေးပြီး ကာကွယ်သွားခဲ့ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် မင်းသားကြီး Ajay Devgan က အဓိကဇာတ်ကောင်ဖြစ်တဲ့ တန်ဟာဂျီနေရာက ပါဝင်သရုပ်ဆောင်ထားပြီး Saif Ali Khan ကတော့ ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ မဂိုရ်အင်ပါယာက စေလွှတ်လိုက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်သူကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ် သမိုင်းအဖြစ်အပျက်တွေနဲ့ သမိုင်းဝင်တိုက်ပွဲတွေအကြောင်း ဗဟုသုတရဖွယ်ရာ အကြောင်းအရာအချို့အပြင် ရှေးခေတ်တိုက်ပွဲတွေရဲ့ စစ်ပရိယာယ်တွေကို ရင်ခုန်ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၉.၈.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၀.၈.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/45FI1XE

Forgotten (2017) ၁၉၉၇ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ "ဂျင်ဆော့"တို့ မိသားစုလေးယောက် အိမ်ပြောင်းလာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ "ယူဆော့"က အဘက်ဘက်က ထူးချွန်သလောက် ဂျင်ဆော့ဆိုတဲ့ သူကတော့ နာတာရှည် စိတ်အပင်ပန်းလွန် ရောဂါကို ခံစားနေရတဲ့ အသက် ၂၀ အရွယ် နှစ်ကျ အထက်တန်းကျောင်းသား တစ်ယောက်ပါ။ ဒီလိုနဲ့ မိုးသည်းတဲ့ ညတစ်ညမှာ သူတို့ ညီအစ်ကိုနှစ်ယောက် လမ်းလျှောက်ထွက်ရာကနေ အစ်ကိုဖြစ်သူ ယူဆော့ကို လူတစ်သိုက်က သူ့မျက်စိရှေ့တင် ဖမ်းခေါ်သွားခဲ့ပါတယ်။ ၁၉ ရက် အကြာမှာပဲ သူ့ဘာသာသူ ပြန်ရောက်လာခဲ့ပေမဲ့ ယူဆော့ရဲ့ အပြုအမူတွေ မူမမှန်တော့တာကို ဂျင်ဆော့ သတိထားမိခဲ့ပါတယ်။ ထူးဆန်းနေတဲ့ အစ်ကိုဖြစ်သူကို နောက်ကလိုက်ချောင်းရင်း သူ မြင်ခဲ့ရတာတွေ မိခင်ဖြစ်သူကို ပြောပြခဲ့ပေမဲ့ အဖေ၊ အမေနဲ့ ယူဆော့တို့ သုံးယောက်လုံးဟာ သူ ထင်နေခဲ့သလို သူ့မိသားစု မဟုတ်မှန်း သိလိုက်ရလို့ သူ အိမ်ကနေ ထွက်ပြေးလာပြီး ရဲစခန်းမှာ အကူအညီ တောင်းခံခဲ့ပါတယ်။ ရဲစခန်း အရောက်မှာ ဒါဟာ ၂၀၁၇ ခုနှစ် ဖြစ်နေတဲ့အပြင် သူဟာလည်း အသက် ၂၀ မဟုတ်ဘဲ၊ အသက် ၄၀ အရွယ် လူလတ်ပိုင်းတစ်ဦး ဖြစ်နေတာကို တုန်လှုပ်ဖွယ် သိလိုက်ရပြီး၊ အိမ်ပြန်လာချိန်မှာပဲ ယူဆော့လို့ သူ သိထားတဲ့လူက လွန်ခဲ့တဲ့ နှစ် ၂၀ က လူသတ်မှုတစ်ခုအကြောင်း သူ့ကို ပြောပြလာချိန်မှာတော့... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၈.၈.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၉.၈.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3Ujkg1b

Train To Busan:The Peninsula 2016 မှာ ထွက်ရှိခဲ့တဲ့ Train To Busan ရဲ့အဆက် ဖြစ်ပါတယ် ကိုရီးယားမှာ Zombie Outbreak ဖြစ်ခဲ့ပြီးတော့ တစ်နေ့တည်းမှာပဲ ကိုရီးယားအစိုးရလည်း အ‌ခြေအနေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး ကိုရီးယား မရိန်းတပ်ဖွဲ့ ခေါင်းဆောင် ဂျောင်ဆွတ်ဟာ သူ့ရဲ့မိသားစုကို ကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ကိုယ့်ကိုယ်ကို အပြစ်တင်နေရင်းနဲ့ပဲ ဟောင်ကောင်မှာ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ပါတယ် ၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ တရုတ်ဂိုဏ်းသားတွေက ဂျောင်ဆွတ်ကို အလုပ်တစ်ခုအတွက် စည်းရုံးခဲ့ပါတယ် ထိုအလုပ်က ကိုရီးယားကိုပြန်ပြီးတော့ ပိုက်ဆံအပြည့်ပါတဲ့ကားတစ်စီးကို ပြန်ယူလာပေးဖို့ပဲ ဖြစ်ပါတယ် Zombie တွေနဲ့ ကိုရီးယားမှာရှိနေဆဲဖြစ်တဲ့ ပြည့်သူစစ်တပ်ရဲ့ကြားကနေ ဂျောင်ဆွတ်‌တစ်ယောက် ပိုက်ဆံတွေပြန်ယူလာနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၆.၈.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၇.၈.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/46Knn9W

Train To Busan ဒီတစ်ခါမှာတော့ မင်းသားချော Gong Yoo နဲ့ အက်ရှင်မင်းသားကြီး Ma Dong-seok တို ဦးဆောင်ပါဝင်ထားတဲ့ နာမည်ကျော်ဇာတ်ကား ""Train To Busan"" ကို ရှုစားကြရမှာပါ။ သမီးဖြစ်သူ ဆူအန်းက မွေးနေ့မှာ မေမေနဲ့ တွေ့ချင်တယ်လို ပူဆာတာကြောင့် ဆော့ဝူတစ်ယောက် အလုပ်မအားတဲ့ကြားက ဆူအန်းကို ဘူဆန် လိုက်ပိုဖို ဖြစ်လာခဲ့ပါတယ်။ ရထားပေါ် အရောက်မှာတော့ မျှော်လင့်မထားတဲ့ ကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာခဲ့ပါပြီ။ ရထားပေါ်ကို နောက်ဆုံးမှ တက်လာတဲ့ ဒဏ်ရာရ မိန်းကလေးတစ်ဦး၊ သူ(မ)ရဲ့ တိုက်ခိုက်မှုကနေ စတင်လိုက်တဲ့ ရထားပေါ်က အဖြစ်ဆိုးကြီး။ ဒီလိုနဲ့ ခရီးသည်တွေ အားလုံးနီးပါး ဖုတ်ကောင်တွေ ဖြစ်သွားချိန်မှာတော့..... ဘူဆန် အသွားရထားပေါ်က ဘယ်သူသေသေ ငတေမာချင်တဲ့ အတ္တသမားတွေနဲ့ သူတိုရဲ့ အဆုံးသတ်။ သားသမီးအတွက် အသက်ပေးဝံ့တဲ့ ဖခင်‌တစ်ယောက်ရဲ့ မေတ္တာ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် မဖြစ်မနေ အသက်ဆက်ရှင်ရမယ့် မိခင်လောင်းတစ်ဦးရဲ့ အားမာန်သတ္တိ။ ဘူဆန် အထိရောက်ဖို မိစ္ဆာကောင်တွေကို သူတို ဘယ်လိုကျော်ဖြတ်မလဲ။ မိစ္ဆာထက် ကြောက်စရာကောင်းတဲ့ လူ့အတ္တ... မိစ္ဆာကို ရင်ဆိုင်ရဲစေတဲ့ ချစ်မေတ္တာတရား... ဒါတွေအားလုံးကို ဇာတ်လမ်းအစမှအဆုံး အသဲတယားယား ရင်တလှပ်လှပ် ကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၅.၈.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၆.၈.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4omCXii

Like For Likes လူတိုင်းလူတိုင်းမှာ တစ်စုံတယောက်ဆိုတာ ရှိပြီးသားပါ... တကယ်လို့ အဲ့ဒီတစ်စုံတယောက်နဲ့ ဆုံရမဲ့ ကံပါလာရင်ဆုံကို ဆုံရမှာပါတဲ့... ဒီဇာတ်ကားလေးမှာတော့ အရမ်းအောင်မြင်နေတဲ့ မင်းသားတစ်လက်နဲ့ ဝတ္ထုရေးဆရာမတစ်ယောက်၊ လေယာဉ်မယ် တစ်ယောက်နဲ့ စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်၊ အောင်မြင်တဲ့ သီချင်းရေးဆရာတစ်ယောက်နဲ့ ရုပ်ရှင် ပရိုဂျူဆာမလေး တစ်ယောက် ဆိုပြီး မတူညီတဲ့ အလုပ်အကိုင်၊ အသက်အရွယ်တွေ ရှိကြပေမဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်မှု ရှိနေကြတဲ့ စုံတွဲ သုံးတွဲရဲ့ ကိုယ်စီ အချစ်ဇာတ်လမ်းလေးတွေကို ရိုက်ကူးပြသထားတာပါ... သူတို့တွေရဲ့ ကံကြမ္မာကရော တခဏတာအတွက် ဖြစ်မလား၊ တဘဝလုံးစာအတွက် လက်တွဲဖော်တွေ ဖြစ်လာမလား ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ခုပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၀.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/41fm6E5

Take Off - 2 ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ရေခဲဟော်ကီ အသင်းအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုးက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းပြီး ယှဥ်ပြိုင်မှု ပြင်းထန်တဲ့ ရေခဲပြင် ဟော်ကီကစားနည်းကို အအေးပိုင်း နိုင်ငံအများအပြားမှာ အမျိုးသားတွေသာ ကစားလေ့ ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း အမျိုးသမီး ရေခဲပြင် ဟော်ကီကစားသမား မရှိခဲ့ရာက ၂၀၀၃ ခုနှစ် ဆောင်းရာသီ အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ကစားနိုင်ဖို့ နိုင်ငံ့လက်ရွေးစင် အမျိုးသမီး ရေခဲဟော်ကီအသင်းကို စပြီး ဖွဲ့စည်းခဲ့ပါတယ်။ အသင်းသားအများစုဟာ စကိတ်အားကစားနဲ့ ရိုးရိုး ဟော်ကီအားကစားတွေကိုသာ ကစားဖူးသူတွေဖြစ်ပြီး ရေခဲပြင်ဟော်ကီ ကစားခြင်း အတွေ့အကြုံမရှိဖူးသူတွေဖြစ်လို့ နည်းပြကစပြီး တစ်သင်းလုံး အခက်အခဲများစွာနဲ့ ရင်ဆိုင်ရုန်းကန်ခဲ့ရပုံတွေကို ရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်လမ်းလေးမှာ အမျိုးသမီးတွေရဲ့ စွမ်းပကားနဲ့ အားကစား စိတ်ဓာတ်တို့အပြင် တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဗျာများရတဲ့ ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်ကြောင်းလေးကိုပါ ထည့်သွင်း ထားသေးတာကြောင့် ကြည့်လို့ကောင်းတဲ့ ဒရာမာဇာတ်ကားလေး တစ်ခု ဖြစ်ပါတယ်..." ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၉.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၀.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/40IjfTX

The Outlaws ဒီဇာတ်ကားကတော့ 2017 မှာထွက်ရှိခဲ့တဲ့ action/crime အမျိုးအစားရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီကားဟာ Imdb မှာရော Rotten Tomatoes မှာပါ rating တော်တော်လေးကောင်းခဲ့ပါတယ်။ Train to Busan မှာ အားလုံးရဲ့နှလုံးသားကိုသိမ်းပိုက်သွားခဲ့တဲ့ မင်းသားကြီး Don Lee အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေပါပါဝင်ပါတယ်။ ဒီဇာတ်လမ်းဟာ 2004 ခုနှစ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ကားပါ။ ကိုးရီးယားနိုင်ငံ ဂါရီဘုန်းနယ်မှာ လူဆိုးဂိုဏ်းတွေသောင်းကျန်းနေတာကို ရဲတွေအနေနဲ့ဘယ်လိုဝိုင်းဝန်းနှိမ်နင်းခဲ့သလဲလူဆိုးဂိုဏ်းတွေဟာ ဘယ်လောက်ထိရက်စက်ကြမ်းတမ်းသလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၅.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၆.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4kPpSLj

Lost To Shame မထင်မရှား သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိုဆောင်းဂျွန်ဟာ နာမည်ကြီးလှတဲ့ ပြဇာတ်တစ်ခုမှာ လူရွေးပွဲဝင်ပြိုင်ပြီး ပါဝင်ကပြခွင့် ရခဲ့ပါတယ်.... ပြဇာတ်ကတော့ လိင်ပြောင်း အမျိုးသမီးတစ်ဦးရဲ့ ဘဝအကြေင်း ဖြစ်တာကြောင့် သူဟာ လိင်ပြောင်း အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးမှုယူပြီး သူတို့ရဲ့ဘဝကို အပြင်မှာ အနီးကပ် လေ့လာခဲ့တာကြောင့် သူ့ရဲ့သရုပ်ဆောင်ချက်တွေဟာ အရမ်းကို စစ်မှန်ပြီး အားပေးမှုတွေ ရခဲ့ပါတယ်.... လိင်တူချစ်သူတွေကို နားလည်ပေးနိုင်တယ်လို့ သူ့ကိုယ်သူထင်ခဲ့တဲ့ အိုဆောင်းဂျွန်တစ်ယောက် သူ့ဘဝထဲကို မထင်မှတ်ထားတဲ့ ပြဿနာတစ်ခု ဝင်ရောက်လာချိန်မှာတော့ သူတို့ကို ဆက်လက်ပြီး နားလည်ပေးနိုင်ပါ့မလား... ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၄.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၅.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4maiVpk

The Beauty Inside ဒီကားလေးကတော့ 2015 ခုနှစ်က ထွက်ခဲ့တဲ့ ကိုရီးယားနာမည်ကြီး ကားလေး ဖြစ်ပါတယ် ❤️ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဒီကားဟာ သာမန်အချစ်ဇာတ်ကားတွေနဲ့ မတူပါဘူး ဝူဂျင်ဆိုတဲ့ကောင်လေး🙎‍♂️ဟာ မနက်အိပ်ယာနိုးတိုင်း မတူညီတဲ့ မျက်နှာ 🙎‍♂️👨‍🦱🧔နဲ့ နိုးထလေ့ရှိပါတယ် သူ့အသက် ၁၈ နှစ် မွေးနေ့တည်းက ဒီလိုဖြစ်တာပါ ဘာလို့ဖြစ်လဲဆိုတာ .. သူ ကိုယ်တိုင်လည်း မသိဘူး သူ့မှာ သူငယ်ချင်းလည်း တစ်ယောက်ပဲ ရှိပါတယ် တစ်ရက်မှာတော့ အီဆူးဆိုတဲ့ ကောင်မလေး 👧ကိုတွေ့ပြီး သဘောကျသွားပါတယ် ... ဒီလိုနဲ့ သူတို့တွေ ချစ်သူဖြစ်သွားပါတယ် ဒါပေမယ့် ဝူဂျင်ရဲ့အခြေအနေကို အီဆူးက လက်ခံနိုင်ပါ့မလား ဝူဂျင်ကရော အီဆူးနဲ့ နီးစပ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားလဲဆိုတာ စောင့်ကြည့်လိုက်ပါနော်☺️ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၃.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၄.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/44Hy8IC

Night of the Undead ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိထားတဲ့ Night of the Undead ဆိုတဲ့ ကိုရီးယား သည်းထိတ်ရင်ဖို/ဇာတ်မြူး ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မကြာသေးခင်ကပဲလက်ထပ်ထားတဲ့ဆိုဟီးတစ်ယောက် ယောက်ျားဖြစ်သူဆီကနေအလိုလိုက်ခံ အချစ်ခံရတဲ့ဘဝနဲ့ပျော်ရွှင်နေတဲ့သူပါ။ ပျော်ရွှင်နေတဲ့သူ့ဘဝထဲကို အိမ်ထောင်ရေးရဲ့အိပ်မက်ဆိုးဖြစ်တဲ့ ဖောက်ပြန်မှုကပါဝင်လာတဲ့အခါ ဆိုဟီးတစ်ယောက် ယောက်ျားဖြစ်သူအကြောင်းစုံစမ်းရင်းကနေ တခြား သူမထင်မှတ်ထားတဲ့အရာကို သိလိုက်ရပါတော့တယ်။ ဆိုဟီးသိလိုက်ရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာ ဒီဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၂.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၃.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4f2hneO

Sunflower ဒီကားလေးကတော့ 2006 ခုနှစ်က ထွက်ခဲ့တဲ့ ကိုရီးယား နာမည်ကြီး ကားလေးပဲ ဖြစ်ပါတယ် ဒီ ဇာတ်ကားဟာ ဇာတ်အိမ်လည်း ကောင်းသလို မင်းသားကလည်း ဟားဗတ် ဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ မင်းသားကြီး Rae won Kim ဖြစ်ပါတယ် 🙎‍♂️ လူငယ်လေးတစ်ယောက်ဟာ စာအုပ်ဖတ်ရင်း နောက်ဘယ်တော့မှ ရန်မဖြစ်တော့ဘူး ဘယ်တော့မှလည်း အရက်မသောက်တော့သလို ငိုလည်း မငိုတော့ဘူးဆိုပြီး ပါးစပ်ကနေ ရေရွတ်နေပါတယ် တကယ်တော့ သူဟာ အတိတ်တုန်းက တစ်မြို့လုံး ကြောက်ရတဲ့ လူမိုက်တစ်ယောက်ပါ လူသတ်မှုဖြစ်လို့ ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့လို့ ဇာတိမြို့ကို ပြန်လာခဲ့ပါတယ် သူဟာ မိဘမဲ့ဖြစ်ပေမယ့် ဆက်ပြီး မမိုက်ချင်တော့လို့ လူမိုက်တွေဆီ သွားမနေဘဲ သူ့ကိုချစ်တဲ့ မိသားစုတစ်စုဆီ သွားနေပါတယ် အဲဒီအိမ်မှာ နေကြာပန်း 🌻လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိပါတယ်..ဒါပေမယ့် လွှတ်တော်အမတ်လုပ်မယ့်သူတစ်ယောက်က အဲဒီဆိုင်ကို ဖျက်ဆီးပြီး အဆောက်အဦးတစ်ခု တည်ဆောက်ချင်ပါတယ်...လူလိမ္မာလေးက အတိတ်တုန်းက ဘယ်လိုတွေ မိုက်ခဲ့လဲ သူ့ကို မွေးစားတဲ့ မိသားစုနဲ့ရော ဘယ်လို ပက်သက်မှုရှိလဲ အမတ်လုပ်မယ့်သူနဲ့အတူရှိနေတဲ့ ဂိုဏ်းအဖွဲ့ကိုရော ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဇာတ်လမ်းလေးကို ရှုစားလိုက်ပါ ☺️ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၂.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3IEd4do

IB 71 ဒီတစ်ခါမှာတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ၁၉၇၁ ဝန်းကျင်ကာလက အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ် အပိုင်စီးမှုတစ်ခုကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် IB 71 နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ၁၉၇၀ ခုနှစ် အရှေ့ပါကစ္စတန်မှာ ဆူပူအုံကြွမှုတွေ ဖြစ်နေချိန်၊ ပါကစ္စတန်က အိန္ဒိယကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ဖို တရုတ်နဲ့ ပူးပေါင်းကြံစည်ထားခဲ့ပြီး၊ အိန္ဒိယက ဒါကို သိလိုက်ရချိန်မှာ ပြင်ဆင်ချိန် ၁၀ ရက်သာ ကျန်ပါတော့တယ်။ ဒီအချိန်မှာပဲ ရန်သူ့လေယာဉ်တွေ အိန္ဒိယ လေပိုင်နက်ကို ဖြတ်ကျော်ပြီး အရှေ့ပါကစ္စတန်ကို မရောက်စေဖို၊ ဒီစစ်ပွဲကို တားနိုင်မယ့် နည်းလမ်းကို အိန္ဒိယရဲ့ အထူးအေးဂျင့် "ဒေ့ဗ်" စဉ်းစားမိခဲ့ပါတယ်။ အဲဒါကတော့ အိန္ဒိယလေယာဉ်ကို အပိုင်စီးမယ့် ပါကစ္စတန် လူငယ်တွေကို တစ်ဖက်လှည့်နဲ့ ကူညီပြီး အိန္ဒိယ လေပိုင်နက်ကို ပိတ်ဆိုဖိုပါ။ (လေယာဉ် အပိုင်စီးတာလို အကြမ်းဖက် လုပ်ရပ်ဟာ စစ်မီးပျိုးတဲ့ လုပ်ရပ်ဖြစ်ပြီး၊ စစ်ဖြစ်နေချိန်သာ လေပိုင်နက် ပိတ်ဆိုခွင့် ရှိတာကြောင့်ပါ) ဒေ့ဗ်ရဲ့ အစီအစဉ်အတိုင်း လေယာဉ်အပိုင်စီးမှု အထမြောက်ခဲ့ပြီး၊ ပါကစ္စတန်ထဲမှာ ဆင်းသက်နိုင်ခဲ့ပေမဲ့၊ သူ့ရဲ့ အကြံအစည်ကို ရန်သူက ရိပ်မိသွားချိန်မှာတော့....။ လေယာဉ်ပေါ်က ဒေ့ဗ်နဲ့ အထူးအေးဂျင့်တွေ ဒီစစ်ပွဲကို တားဆီးနိုင်ပါ့မလားဆိုတာ ရင်တမမ ရှုစားကြပါဦးနော်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၀.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/415zSZR

The Childe ကိုရီးယားလူမျိုး ဖခင်နဲ့ ဖိလစ်ပိုင်လူမျိူး မိခင်တို့ကနေ မွေးဖွားလာတဲ့ မာကို ဟန် ဟာ ကျန်းမာရေးမကောင်းတဲ့အ‌မေဖြစ်သူအား ပြုစုစောင့်ရှောက်ရင်း ဖိလစ်ပိုင်နိုင်ငံမှာပဲ နေထိုင်ပါတယ် တရားမ၀င် လက်ဝှေ့ပွဲတွေမှာ ပါ၀င်ထိုးသတ်ရင်း အမေဖြစ်သူရဲ့ဆေးစရိတ် နေစရိတ်ကို ရှာ‌ဖွေပါတယ် ကိုပီနို (ကိုရီးယား-ဖိလစ်ပိုင် သွေးနှော) တစ်ယောက်ဖြစ်တဲ့ မာကို ဟန်ဟာ အမေဖြစ်သူကို ခွဲစိတ်ကုသဖို့အတွက် ‌ပိုက်ဆံအများကြီး လိုအပ်တဲ့အတွက်ကြောင့် သူတို့သားအမိ ၂ ယောက်ကို ပစ်ကာ ကိုရီးယားကို ပြန်သွားတဲ့ အဖေဖြစ်သူကို ကြိုးစားပမ်းစား ရှာဖွေပါတယ်.... မမျှော်လင့်ထားပဲ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်ခဲ့မိရာကနေ ဆေးရုံသို့ရောက်သွားခဲ့ပြီး ရှေ့နေတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်... အဖေဖြစ်သူရဲ့ကိုယ်စား လာခဲ့တာပါလို့ပြောတဲ့ ရှေ့နေနဲ့ တွေ့ပြီးတဲ့နောက် မာကို ဟန်အား ကိုရီးယားကိုသွားပြီး အဖေဖြစ်သူကို သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်...သို့ပေမယ့်လည်း လေယာဉ်စီးနေချိန်မှာ ထူးဆန်းတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပြီး သူ့ကို ကိုရီးယားပြန်ဖို့ လာခေါ်တဲ့နောက်ကွယ်က အကြောင်းရင်းကို ပြောပြခဲ့ပါတယ်... မာကို တစ်ယောက် ဘာကြောင့် ကိုရီးယားကို ပြန်သွားရတာလဲ အဖေဖြစ်သူနဲ့ရော ဘယ်လိုပတ်သက်နေလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၈.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၉.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/46bhqCC

Kingmaker ကိုရီးယားနိုင်ငံ တောင်မြောက်ကွဲပြီးတဲ့ 1900 ခုနှစ်များမှာ တောင်ကိုရီးယားနိုင်ငံကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်.. လုံခြုံရေးတင်းကျပ်မှ မြောက်ကိုရီးယားရန်ကို ကာကွယ်နိုင်မယ်ဆိုပြီးတော့ အရန်စစ်တပ်အများအပြားနဲ့အုပ်ချုပ်ခဲ့တဲ့ ကာလဆိုပါတော့ 😌 တရားမျှတသော ရွေးကောက်ပွဲကျင်းပတယ်ဆိုသော်ငြားလည်း အာဏာရထားတဲ့ ရီပဗ္ဗလစ်ကန်ပါတီသာဆက်တိုက်မဲနိုင်ပြီးအတိုက်အခံပါတီမှန်သမျှကို ပထုတ်ခဲ့ကတယ်.. အဲဒီလိုခေတ်ကာလမျိုးမှာ ဒီမိုကရေစီစနစ်ကျင့်သုံးချင်တဲ့နိုင်ငံရေးသမားလူငယ်လေး 🙍‍♂️🙍‍♂️🙍‍♂️တွေ အလျှိုလျှိုပေါ်ထွက်လာပါတယ်.. ဒီထဲကမှ ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုယုံကြည်ခဲ့တဲ့ ဆောချန်းဒယ်ဆိုတဲ့ မြောက်ပိုင်းလူငယ်လေးတစ်ယောက်ရှိခဲ့တယ်.. အပြစ်မရှိတဲ့ အရပ်သားတွေကို ကွန်မြူနစ်အသွင်ဖန်တီးပြီး သတ်ဖြတ်စေခဲ့လို့ ဖခင်ဖြစ်သူသေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒီလူငယ်လေးဟာသူယုံကြည်တဲ့မူဝါဒနဲ့ရွေးကောက်ခံဖို့ပြင်ဆင်နေတဲ့ကိုယ်စားလှယ်လောင်းကို မီးကုန်ယမ်းကုန် ထောက်ပံ့ပေးခဲ့ပါတယ်.. 👉ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလူငယ်လေးကိုဘယ်သူကမှ မသိခဲ့ကြဘဲ လုပ်ပေးခဲ့သမျှတွေကိုလည်းဘယ်သူမှ မမြင်ခဲ့ကြတာပါပဲ...အရိပ်လို့ နာမည်အတပ်ခံထားရတဲ့ လူငယ်လေးဟာအစွမ်းကုန်ကြိုးစားပြီး ထောက်ပံ့ခဲ့သော်ငြားသူယုံကြည်ရတဲ့သူရဲ့ ပထုတ်ခြင်းကိုခံလိုက်ရတဲ့အခါ.... နိုင်ငံရေးလောကရဲ့ ရှုပ်ထွေးပွေလီမှုများနဲ့အတူလူ့သဘော သဘာဝကိုပါ ကြည့်ရှုခံစားနိုင်မယ့်ကိုရီးယားနိုင်ငံရေးသမိုင်းဇာတ်လမ်းပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၇.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၈.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/457lVNw

Escape from Mogadishu အားလုံးအကြိုက်တွေ့မဲ့ ဒီဇာတ်ကားလေးကတော့ ဆိုမားလီယားနိုင်ငံရဲ့ နိုင်ငံရေးအရှုပ်အထွေးကြားမှာ နိုင်ငံရပ်ခြားရောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံသံရုံးက ဝန်ထမ်းတွေနဲ့ မြောက်ကိုရီးယားနိုင်ငံ သံရုံးဝန်ထမ်းတို့ အသက်ရှင်အောင် ကြိုးပမ်းကြမှာဖြစ်ပါတယ်။ သမ္မတဘာရယ်အစိုးရကို မကျေနပ်ကြတဲ့ ဆိုမာလီးယား ပြည်သူတို့ ပုန်ကန်ထကြွကြပြီးတော့ အာဏာရှင် အစိုးရကို ဖြုတ်ချဖို့ တော်လှန်ပုန်ကန်ကြတာ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရကို ဘယ်လိုမျိုးတွေထိအောင် တော်လှန်ကြမှာလဲ။သူများနိုင်ငံရေးမှာ ကြားညှပ်နေတဲ့ သူတို့တွေကရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့် ပေးကြပါဦး။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီEscape from Mogadishu https://bit.ly/3UcGPo2

The Roundup ဒီတစ်ခါမှာတော့ ကိုရီးယားအက်ရှင်ကြိုက်နှစ်သက်သူတိုင်း သိကြမဲ့ မင်းသားကြီး မာဒုံဆော့ရဲ့ The Roundup ဆိုတဲ့ အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်ကားလေးက ၂၀၁၇ က ထွက်ရှိခဲ့တဲ့ The Outlaws ရဲ့ ဒုတိယမြောက် ဇာတ်ကားလည်း ဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားနိုင်ငံက ထွက်ပြေးသွားကြတဲ့ လူဆိုးလူမိုက်တွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပုန်းအောင်းနေထိုင်နေပြီး တောင်ကိုရီးယား ခရီးသွားတွေကို ပြန်ပေးဆွဲတာ လူသတ်တာတွေ ပြုလုပ်နေကြတာပါ... အဲ့ဒီလူမိုက်တွေထဲမှာ တောင်ကိုရီးယားနိုင်ငံကနေ ဗီယက်နမ်ကို ရောက်နေတဲ့ ဝရမ်းပြေးတစ်ယောက်က ကိုရီးယားကောင်စစ်ဝန်ရုံးမှာ ပြန်လာအဖမ်းခံတာကြောင့် စုံထောက်မာနဲ့ သူ့ကပ္ပတိန်တို့က ကိုရီးယားမှာ ပြစ်မှုစီရင်ဖို့ သွားခေါ်ရမှာပါ... ဒါပေမဲ့ ဒီဝရမ်းပြေးက ဘာလို့ သူကိုယ်တိုင် လာအဖမ်းခံတာလဲဆိုတာကို စစ်ဆေးလိုက်ချိန်မှာတော့ နောက်ကွယ်က ရှိနေတဲ့ အမှုတွေကိုပါ ဘယ်လိုဆက်စပ် ဖော်ထုတ်ကြမလဲဆိုတာကို ကြည့်ရှုရမဲ့ စုံထောက်အက်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၅.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၆.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4kEhWMO

Thunivu (2023) တမီးလ်နာဒူးလ်ပြည်နယ်ထဲက Your Bank ဆိုတဲ့ ဘဏ်တစ်ခုမှာ ဘဏ်တစ်ဘဏ်မှာ သတ်မှတ်ထားတဲ့ ငွေကြေးသိုလှောင်ခွင့်ပမာဏထက် ကုဋေ ၅၀၀ ပိုပြီး သိုလှောင်ထားတယ်.. အဲ့ဒီငွေကို ဘဏ်ရဲ့ တမီးလ်နာဒူးလ်တာဝန်ခံရယ် ဒုရဲမှူးရယ် ဓားပြအဖွဲ့တစ်ဖွဲ့ရယ်ပေါင်းပြီး ဓားပြတိုက်ကြမယ်.. တရားမဝင်သိုလှောင်ထားတာဖြစ်တဲ့အတွက် အဲ့ဒီငွေကို ဓားပြတိုက်သွားလိုက်ရင် ဘဏ်အနေနဲ့လည်း အမှုဖွင့်ရတာ ခက်နေလိမ့်မယ်... အဲ့ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး ဘဏ်ကိုဓားပြဝင်တိုက်ကြဖို့စီစဥ်ကြတယ်... တကယ်တမ်း ဓားပြဝင်တိုက်တဲ့အချိန်မှာ သူတို့တွက်ဆထားသလို တစ်ခုမှဖြစ်မလာဘဲ ဘဏ်ထဲမှာ သူတို့အပြင်နောက်ထပ်ဘဏ်ကိုဓားပြတိုက်ဖို့ မဟူရာနတ်ဆိုးဆိုတဲ့ အဖွဲ့တစ်ဖွဲ့က စနစ်တကျနေရာယူထားပြီးသားဖြစ်နေတယ်... အဲ့ဒီလူက ဘယ်သူဘယ်ဝါမှန်းလည်းမသိရသလို ဘဏ်ဓားပြမှုဟာလည်း သူတို့ထင်ထားသလောက်ရိုးရှင်းနေတဲ့ ကိစ္စတစ်ခု မဟုတ်သလို အစိုးရထိပ်သီးပိုင်းကပါ ပါဝင်ပတ်သက်နေတဲ့ အရှုပ်အထွေးတစ်ခု ဖြစ်နေတယ်.... ဒီဇာတ်လမ်းမှာတော့ အဲ့ဒီအရှုပ်ထုပ်ကို တစ်လွှာချင်းဖြည်ပြသွားမှာ ဖြစ်သလို မဟူရာနတ်ဆိုးဆိုတာက ဘယ်သူလဲ... သူကရော ဒီဘဏ်အရှုပ်အထွေးနဲ့ ဘယ်လိုပက်သက်နေလဲ.... လှည့်ကွက်တွေအများကြီးနဲ့ ပရိသတ်တွေကို ထိုင်ရာကမထစတမ်း ဆွဲဆောင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားပါ ဝါရင့် တမီးလ်မင်းသားကြီး Ajith Kumar က မဟူရာနတ်ဆိုးအဖြစ် ပါဝင်ထားပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/40R3EBr

2018 အာနုဟာ စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ဒူဘိုင်းသို့အလုပ်သွားလုပ်ရန်အတွက် ဗီဇာရရှိရန်စောင့်ဆိုင်းနေသူတစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို ကူညီတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ မျက်မမြင် ကုန်စုံဆိုင်ပိုင်ရှင် ဘာစီရဲ့ဆိုင်မှာ ကူညီလုပ်ကိုင်ပေးနေသူဖြစ်ကာ ကျောင်းဆရာမလေး မန်ဂျူကို သဘောကျနေသူဖြစ်ပါတယ်။ ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားချိန်မှာတော့ သူဟာ စစ်သားဟောင်းပီပီ စွန့်စွန့်စားစားဖြင့် လူ့အသက်များကို ကယ်တင်ပေးခဲ့ပေမဲ့လည်း နောက်ဆုံးမှာ မျက်မမြင်ဖြစ်သူ ဘာစီကို ကယ်တင်နိုင်ဖို့ကြိုးစားစဉ်မှာရေနစ်သေဆုံးသွားခဲ့ရပါတယ်။ ရေကြီးမှုဖြစ်စဉ်ကြီးပြီးဆုံးသွားပြီးနောက်မှာတော့ အာနုကို သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီဇာတ်ကားဟာ ပြည်နယ်တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၈ ကဲရာလာရေကြီးမှုဖြစ်စဉ်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ရေကြီးမှုဖြစ်စဉ်ကာလအတွင်း ဘဝမျိုးစုံမှလူများ စုစုစည်းစည်း စည်းစည်းလုံးလုံးနဲ့အသက်ရှင်ကျန်ရစ်အောင် ရပ်တည်နိုင်ရေး ကြိုးစားကြပုံများကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/44UClst

Vertigo အထပ်မြင့်အဆောက်အဦးတစ်ခုမှာ အလုပ်လုပ်တဲ့ ဆိုယောင်းက စာချုပ်နဲ့ အလုပ်လုပ်ရတဲ့ ဒီဇိုင်နာတစ်ယောက်ပါ .. ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်တဲ့ ချစ်သူရှိပေမယ့် လူသိမခံဝံ့ဘဲ တိတ်တဆိတ်တွဲနေရတယ် .. သူ့ရဲ့ချစ်သူကလည်း ကုမ္ပဏီမှာက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ...ဆိုယောင်းက ဘဝကို အတည်တကျနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားဖို့ ရည်မှန်းထားတဲ့ သူတစ်ယောက် ... ဒါပေမယ့်လည်း ဘဝဆိုတာကြီးက ကိုယ်မျှော်လင့်ထားသလို ဘယ်တော့မှ ဖြစ်မလာတတ်ဘူးဆိုတာ ဒီဇာတ်လမ်းလေးက ပညာသားပါပါနဲ့ ပြသထားတယ် ... ဒီဇာတ်ကားမှာ လခစားဝန်ထမ်းတစ်ယောက် အထူးသဖြင့် အလုပ်အကိုင်ရှားပါးတဲ့ သူတို့နိုင်ငံမှာ စာချုပ်နဲ့ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဖိအားတွေ .. မပြည့်စုံတဲ့ မိသားစုတွေမှာ ဖြစ်နေကျ အဆင်မပြေမှုတွေနဲ့ တခြားလူမှုရေးပြဿနာတွေစတဲ့ မွန်းကြပ်မှုတွေကို ခံစားရမှာပါ သရုပ်ဆောင်တွေကတော့ အခုလူကြိုက်များနေတဲ့ Past Lives ထဲက မင်းသား Teo Yoo Unlocked , the Wailing စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ထားတဲ့ မင်းသမီး Chun Woo Hee တို့က အဓိကဇာတ်ကာင်တွေနေရာက ပါဝင်ထားပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/40OtnKO