fa
Feedback
Creative Coder Myanmar

Creative Coder Myanmar

رفتن به کانال در Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

نمایش بیشتر
1 469
مشترکین
اطلاعاتی وجود ندارد24 ساعت
+67 روز
+3730 روز
آرشیو پست ها
photo content

Creative Coder မှသည် လုပ်ငန်းခွင်ဆီသို့ 💯 Creative Coder မှာသင်တန်းတက်ပြီး အလုပ်ရသွားတဲ့ ကျောင်းသားကိုလည်း Congratulations ပါလို့ပြောချင်ပါတယ်။ ကျောင်းသားတွေအတွက် ဒီ့ထက်ကောင်းတဲ့သင်ခန်းစာတွေ၊ လုပ်ငန်းခွင်အတွက်အသုံး၀င်မယ့်အတွေ့အကြုံတွေကို မျှဝေပေးနိုင်ဖို့ ဒီ့ထက်ပိုကြိုးစားသွားပါ့မယ်ခင်ဗျာ ✨🎉 #creative_coder_myanmar

photo content
+5

Project Based Tutorial တွေအတွက် YouTube Channel များ 💯 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Project တွေစလုပ်တဲ့အခါ ဘယ်ကစလုပ်ရမှန်းမသိ ကြောင်ပျောက်နေတယ်ဆိုရင်တော့ ဒီ video tutorial လေးတွေကနေတဆင့် လိုက်လုပ်ကြည့်သင့်ပါတယ်။ Project တွေလုပ်တယ်ဆိုတာ ကိုယ်သင်ယူထားတာတွေကို လက်တွေ့အသုံးချလို့ရနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပြီး ကိုယ့်ရဲ့ portfolio မှာချပြနိုင်မယ့် project တွေအတွက် skill ကိုတိုးတက်အောင်လေ့ကျင့်တာလည်းဖြစ်ပါတယ်။ ဒီ video လေးတွေကနေတဆင့် ကိုယ်နဲ့သက်ဆိုင်တဲ့ tutorial တွေကိုကြည့်ပြီးလေ့ကျင့်နိုင်ပါတယ်။ YouTube Channel တွေအကြောင်းကို ပုံတစ်ပုံချင်းစီမှာဖတ်ရှုနိုင်ပါတယ်။ #creative_coder_myanmar 📝 Online Tutorial ဒီ channel လေးမှာတော့ Web Development အတွက် beginner level ကနေ ‌advanced အထိ ခေါင်းစဉ်စုံစုံလင်လင်ပါ၀င်ပြီး beginner တွေအတွက်သင့်တော်ပါတယ်။ >>> https://www.youtube.com/channel/UCbwXnUipZsLfUckBPsC7Jog 📝 giffpathch ဒီ channel လေးမှာတော့အထူးသဖြင့် Scratch နဲ့ game development နဲ့ပတ်သက်တဲ့ tutorial တွေပိုပြီးများပါတယ်။ သူ့ရဲ့တမူထူးခြားပြီး engaging ဖြစ်တဲ့တင်ဆက်ပုံကြောင့်လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။ HTML, CSS, Javascript နဲ့ပတ်သက်တဲ့ tutorial တွေလည်းဒီ channel မှာရှိပါတယ်။ >>>> https://www.youtube.com/user/griffpatch 📝 RootSaid - Robotics, Electronics & Technology ဒီ channel မှာ များသောအားဖြင့် robotics နဲ့ electronic နဲ့ပတ်သက်တဲ့အကြောင်းတွေပဲတွေ့ရများပေမယ့် သူတို့ရဲ့ Web Development နဲ့ပတ်သက်တဲ့ tutorial တွေ၊ project တွေကလည်းစိတ်၀င်စားဖို့ကောင်းတာကြောင့် ဒီ channel လေးကိုလည်း recommend လုပ်လိုက်ရပါတယ်။ >>>> https://www.youtube.com/channel/UCEwYcyiJHW2GqPJW7cdnjJg 📝 ProjectManager Developer တွေအတွက်မရှိမဖြစ်လိုအပ်မယ့် Productivity tools တွေအကြောင်း project management တွေအကြောင်းကို ဒီ channel မှာပြောပြထားပေးပါတယ်။ >>> https://www.youtube.com/user/projectmanagervideos 📝 GreatStack Full-stack development နဲ့ပတ်သက်တဲ့ tutorial တွေကိုကြည့်ရှုနိုင်ပြီး Web Development နဲ့ဆိုင်တဲ့ topic တွေတော်တော်များများ cover ဖြစ်တာကိုတွေ့ရမှာပါ။ >>> https://www.youtube.com/channel/UCkjoHfkLEy7ZT4bA2myJ8xA

photo content

လုပ်ငန်းခွင်အတွက် အသုံး၀င်မယ့် Project တွေကို ထည့်သွင်းထားတဲ့ Laravel & React Class =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° မကြာခင်စတင်တော့မယ့် React & Laravel Class မှာ ပါ၀င်သွားမယ့် Project တွေကလုပ်ငန်းခွင်မှာအသုံး၀င်စေမယ့် E-commerce project တွေပဲဖြစ်ပါတယ်။ 👉 Frontend ပိုင်းမှာဆိုရင် React API integration ကိုအသုံးချပြီး 💯 Order Management 💯 Product Management 💯 User Authentication 💯 Product Detail 💯 Product Check and list 💯 Check out အပြင် E-commerce project တွေမှာပါ၀င်မယ့် features တွေကိုအတူတူရေးသွားကြမှာဖြစ်ပါတယ်။ 👉 Backend Laravel ပိုင်းမှာဆိုရင်တော့ 💯 Order Management 💯 Product Management 💯 User Authentication 💯 Product Detail 💯 Product Check and list 💯 Check out စတာတွေကို backend ပိုင်းမှာ ဘယ်လိုအသုံးချရမလဲဆိုတာတွေနဲ့ ရေးသွားကြမှာဖြစ်ပါတယ်။ သင်တန်းမှာကျောင်းသားတွေနဲ့အတူရေးသွားမယ့် project အသေးစိတ်ကို ဒီ link ကနေကြည့်ရှုနိုင်ပါတယ်။ 👉 https://github.com/Creative-Coder-Myanmar/React-ecommerce-api ဒီလိုလက်တွေ့ project တွေဟာ လုပ်ငန်းခွင်မှာအသုံး၀င်လာမယ့် project တွေဖြစ်တဲ့အပြင်သင်ပြီးတာတွေကိုလက်တွေ့အသုံးချပြီးရေးတာလည်းဖြစ်တာကြောင့် သေချာတတ်မြောက်သွားဖို့အာမခံပါတယ်။ လူအရေအတွက်ကလည်းမကြာခင်ပြည့်မှာဖြစ်တဲ့အတွက် အတန်းလေးတွေကို page messenger ကနေအပ်နှံနိုင်ပါပြီ 🎉 #creative_coder_myanmar

photo content

Career Path အတွက်အာမခံချက်ပေးထားတဲ့ Creative Coder Myanmar =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Creative Coder Myanmar မှာ Learning Platform အတန်းကဖြစ်စေ၊ Zoom အတန်းမှာဖြစ်စေ၊ အပြင်အတန်းမှာလာရောက်တက်ဖူးသူပဲဖြစ်စေ (လက်ရှိမှာတော့ကျွန်တော်တို့ အပြင်သင်တန်းလေးတွေပိတ်ထားပါသေးတယ်ခင်ဗျာ) အသိအမှတ်ပြု Certificate ထုတ်ပေးပါတယ်။ Creative Coder ရဲ့ အတန်းတွေဟာ Web Development အတွက် အခြေခံခိုင်ခိုင်ရသွားစေလိုတာအပြင်၊ Web Development နယ်ပယ်မှာ သင်ယူထားတာတွေကိုလက်တွေ့အသုံးချတတ်ဖို့ရည်ရွယ်ပါတယ်။ Frontend Developer ဖြစ်စေ၊ Backend Developer ဖြစ်စေ၊ Full Stack Developer ဖြစ်စေ ခိုင်မာတဲ့ အခြေခံရသွားစေပြီး လုပ်ငန်းခွင်ဝင်နိုင်ဖို့ရည်ရွယ်ပါတယ်။ Creative Coder ရဲ့ကျောင်းသားဟောင်းတွေဆိုရင်လည်း Internship အခွင့်အရေးရှိပြီး ဒီက‌နေ အခြားမှာအလုပ်၀င်မယ်ဆိုရင် recommendation letter ပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ကဲ.. အခြေခံခိုင်မာဖို့ Creative Coder ကိုရွေးချယ်ကြစို့နော်။ #creative_coder_myanmar

photo content

2024 မကုန်ခင် Web Development နဲ့ပတ်သက်ပြီးကျွမ်းကျင်စွာတတ်မြောက်လိုပါက ဒီအတန်းတွေရှိပါမယ်။ သင်တန်းကြေးနှစ်ခါခွဲသွင်းနိုင်ပြီး Instructor နဲ့ face to face သင်ကြားလို့ရနိုင်မယ့် Zoom အတန်းတွေဖြစ်ပါတယ်။ Creative Coder Myanmar ရဲ့ founder ဖြစ်သူ ဆရာလှိုင်မင်းသန်းကိုယ်တိုင်သင်ကြားပေးသွားမယ့်အတန်းနှစ်ခုဖြစ်ပါတယ်။ ✅ 1 by 1 meeting နဲ့ စာပြန်မေးနိုင်အောင်လုပ်ထားပေးပါတယ်။ ✅ Practical ecommerce project ကို real world မှာရေးရသလို အနီးစပ်ဆုံးရေးရင်းသင်ကြားရပါမယ်။ ✅ အတန်းတခုကို တစ်ကြိမ်အပ်ဖူးပြီးတာနဲ့ နောက်အတန်းတိုင်း အခမဲ့ ပြန်တက်နိုင်မှာပဲဖြစ်ပါတယ်။ 👉 Frontend JS Basic to React Class ( Start Date - October 29, 2024 ) 👉 Backend Laravel Class (Start Date - October 28, 2024) အတန်းအပ်နှံလိုပါက page messenger ကနေတဆင့် အပ်နှံနိုင်ပါပြီ။ #creative_coder_myanmar

Happy Thadinagyut to all of you guys Wish you have peace of mind and fill with joy 🤍

(50,000 MMK) သက်သာခွင့်နဲ့ သီတင်းကျွတ် အထူးပရိုမိုးရှင်း 🎉 Creative Coder Myanmar မှာလက်ရှိဖွင့်လှစ်ထားတဲ့ 👉 Web Development Foundation အတန်းနဲ့ 👉 Frontend(react) , Backend (Laravel) အတန်းကို ငါးသောင်းကျပ်သက်သာခွင့်နဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီအတန်းလေးတွေဟာ Zoom ကနေဆရာနဲ့တိုက်ရိုက်သင်ကြားပေးပြီး မသိတာရှိရင် one on one meeting လည်းစီစဉ်ထားပေးပါတယ်။ ဒီပရိုမိုးရှင်းကိုအရယူဖို့ page messenger မှာအခုပဲသင်တန်းအပ်နှံနိုင်ပါပြီ 🎉 သင်တန်းတွေအကြောင်းအသေးစိတ်ကို comment မှာကြည့်ရှုနိုင်ပါတယ်။ #creative_coder_myanmar

photo content
+3

photo content

သီတင်းကျွတ်ကာလကို ပျော်ရွှင်ချမ်း‌မြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Creative Coder မှတောင်းဆုပြုလိုက်ရပါတယ်။ (၁၆ ကနေ ၂၀ အထိ) ရက်များကို Creative Coder ရဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး အတန်းများကိုလည်း ပိတ်ပေးသွားမှာပါ။ 🎉 #creative_coder_myanmar

photo content

Fixed Value တွေအတွက်အသုံးပြုတဲ့ JavaScript Const Keyword =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°= ဟိုနေ့က quiz လေးကို ဘယ်သူမှန်အောင်ဖြေနိုင်ကြလဲဗျို့။ JavaScript ရဲ့ const Keyword ဟာ constant တွေ၊ value တွေ၊ function တွေ declare လုပ်တဲ့နေရာမှာ တော်တော်များများအသုံးပြုကြပါတယ်။ သူ့ရဲ့ value ဟာ set လုပ်ပြီးတာနဲ့ ပြန်ပြောင်းလို့မရပါဘူး။ Const Keyword ကို fix value တွေနဲ့အသုံးပြုပြီး let ကိုတော့ value ကပြောင်းလဲဖို့ရှိရင်အသုံးပြုပါတယ်။ const MAX_USERS = 100; const API_KEY = "12345-abcdef"; ဒီ code လေးမှာဆိုရင် keyword နှစ်ခုက program တခုလုံးမပြောင်းဘဲ ရှိနေတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က object တွေ၊ array တွေကိုလည်း declare လုပ်လို့ရတာပဲဖြစ်ပါတယ်။ ကဲ.. const Keyword နဲ့ပတ်သက်တဲ့အကြောင်းကိုသိသွားပြီဆိုရင်တော့ နောက်အပတ်တွေမှာ ဘယ်လို quiz တွေလာမလဲစောင့်ကြည့်ပေးကြပါဦးနော်။ #creative_coder_myanmar

photo content

အထူး Special Service တွေနဲ့အတူ Learning Platform ကအတန်းတွေလေ့လာကြမယ် 📝 Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား?? Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မသိနားမလည်တဲ့စာတွေကို Live Chat ကနေမေးမြန်းနိုင်ပြီး error တွေဖြေရှင်းဖို့လိုပါကလည်း one on one meeting နဲ့ဖြေရှင်းပေးပါတယ်။ ဒီလို အထူး service တွေပါ၀င်ပြီး စာသင်ယူရတာ flexible ဖြစ်တဲ့အတန်းတွေကို page messenger ကနေအချိန်မရွေးအပ်နှံလို့ရနေမှာဖြစ်ပါတယ်။ တက်ရောက်နိုင်တဲ့အတန်းတွေကတော့ 📌 Js +Vue + Firebase Course 📌 PHP + Deep Dive Laravel Course 📌 Web Deployment From Scratch Course 📌 MERN Stack 📌 React + Firebase Combo Course 📌 Programming Basic With JavaScript Course 📌 Python From Scratch 📌Git & GitHub Basic Course 📌 Git & Github Intermediate Course 📌 Python From Scratch 📌 Vuex Course 📌 PHP Framework Thinking Course 📌 Websocket 101 📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။ အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://creativecodermm.com/courses #creative_coder_myanmar #website #web_development

Frontend လား Backend လား မိတ်ဆွေတို့ ကြိုက်ရာရွေး 👀💬 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Creative Coder ရဲ့ founder ဖြစ်သူ ဆရာလှိုင်မင်းသန်း ကိုယ်တိုင်သင်ကြားပေးသွားမယ့် Frontend( React) နဲ့ Backend (Laravel) Zoom အတန်းတွေကို မကြာခင်ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။ Web Development Foundation ပြီးထားတဲ့သူတိုင်း တက်ရောက်နိုင်ပြီး အတန်းတစ်ခုချင်းစီလည်းတက်ရောက်နိုင်သလို နှစ်တန်းပေါင်းပြီးလည်း Discount နဲ့တက်ရောက်နိုင်ပါတယ်။ Framework တစ်ခုချင်းစီရဲ့ အခြေခံကနေစပြီး project စနိုင်တဲ့အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ စာမရရင် one on one meeting နဲ့ အချိန်မရွေးမေးမြန်းလို့ရတဲ့ အတန်းလေးတွေဖြစ်တဲ့အပြင် အခက်အခဲကြောင့် စာမလေ့လာဖြစ်ဘူးဆိုရင်လည်း နောက် batch တွေမှာ အခမဲ့ မရမချင်းပြန်လည်တက်ရောက်နိုင်ပါတယ်။ ဒီအတန်းလေးတွေကို Early Bird Discount နဲ့အပ်နှံလို့ရသေးတာမို့ page messenger ကနေတဆင့် အပ်နှံနိုင်ပါပြီ 👀 #creative_coder_myanmar