fa
Feedback
Creative Coder Myanmar

Creative Coder Myanmar

رفتن به کانال در Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

نمایش بیشتر
1 469
مشترکین
اطلاعاتی وجود ندارد24 ساعت
+67 روز
+3730 روز
آرشیو پست ها
Merry Christmas To You all ⛄  အားလုံးပဲ Christmas ကာလမှာပျော်ရွှင်နွေးထွေးမှုတွေကို ခံစားနိုင်ကြပါစေကြောင်း Creative Coder မှ‌ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။ #creative_coder_myanmar # Christmas 

Creative Coded Website ကနေတိုက်ရိုက်ငွေပေးချေလို့ရပါပြီ 👀 Messenger, Live chat အထိလာစရာမလိုတော့ဘဲ website မှာတစ်ခါတည်း၀ယ်၊ အဆင့်သင့်တက်ရောက်လို့ရပါပြီ။ လက်ရှိငွေပေးချေနိုင်တာတွေကတော့ Thai Baht ကို Promptpay နဲ့ပေးချေနိုင်ပြီး Myanmar Kyat ကိုတော့ Kpay, Wave Pay တို့နဲ့ပေးချေနိုင်မှာဖြစ်ပါတယ်။ အခုပဲ website မှာပေးချေပြီး တက်ရောက်လို့ရပါပြီ 🤓 #creative_coder_myanmar

photo content

photo content

Promotion လေးပြီးဆုံးဖို့ (၉) ရက်ပဲလိုပါတော့တယ် ဒီ (၉) ရက်အတွင်း learning platform က premium class တွေအကုန်လုံးကို (၃) သိန်းခွဲတည်းနဲ့အပ်နှံနိုင်မှာဖြစ်ပါတယ်။ နောက်မကျခင်မြန်မြန်လေးအပ်နှံမှ စိတ်ချရမယ်နော် 👀 #creative_coder_myanmar

Github Copilot Free Vscode မှာ သုံးလို့ရတာ သိပြီးကြပြီလား 👀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° GitHub Copilot က developer တွေအတွက် AI powered coding assistant တစ်ခုဖြစ်ပြီး code suggestions တွေ၊ auto-completion တွေ၊ documentation ရေးတာတွေမှာ အရမ်းအထောက်အကူဖြစ်စေပါတယ်။ VSCode editor မှာ extension အနေနဲ့ install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အခုလတ်တလော GitHub Copilot ကထုတ်ပြန်ထားတာကနေ GitHub Copilot Free ဆိုပြီး လတိုင်း အခမဲ့ ရမယ့် quota တွေက - Code completion 2,000 Chat message 50 ဖြစ်ပါတယ်။  ဘယ်လိုသုံးလို့ရလဲဆိုတော့ personal GitHub account နဲ့ sign in လုပ်ရုံပါပဲ။ Account မရှိသေးရင်လည်း အသစ်လုပ်လို့ရပါတယ်။ VS Code မှာဆိုရင် အလိုအလျောက် integrate လုပ်ပေးထားပါတယ်။ အရေးကြီးတဲ့အချက်က AI model ရွေးခွင့်ပေးထားတာပါ။ နှစ်ခုထဲက တစ်ခုရွေးနိုင်ပါတယ် - Anthropic ရဲ့ Claude 3.5 Sonnet နဲ့  OpenAI ရဲ့ GPT-4 ပဲဖြစ်ပါတယ်။  ဘာတွေလုပ်လို့ရလဲဆိုတော့ - 📝Coding မေးခွန်းတွေ မေးလို့ရပါတယ်။  📝ရှိပြီးသား code တွေကို ရှင်းပြခိုင်းလို့ရပါတယ်။ 📝Bug ရှာခိုင်းလို့ရပါတယ်။  📝File တွေအများကြီးကို တစ်ခါတည်း edit လုပ်လို့ရပါတယ်။ 📝Third-party agents တွေကို သုံးလို့ရသလို ကိုယ်ပိုင် extension တွေလည်း ဆောက်လို့ရပါတယ်။ အခုပဲသွားပြီးစမ်းသုံးကြည့်လိုက်ပါဦး။ # copiolt_free # GitHub 

photo content

photo content

နောက်ဆုံးပေါ် web development နည်းပညာဖြစ်တဲ့  (PWAs) အကြောင်း သိပြီးသွားပြီလား ?  =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° PWA တွေဟာ traditional web application နဲ့ mobile app တွေရဲ့ ကောင်းမွန်မှုတွေကို ပေါင်းစပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ PWA ရဲ့ အဓိကအားသာချက်က offline mode မှာ လည်ပတ်နိုင်တာပါ။ service worker technology ကိုသုံးပြီး web application ဟာ internet connection မရှိသေးတဲ့အချိန်မှာလည်း အလုပ်လုပ်နိုင်ပါတယ်။  ဥပမာ - Google Maps လို application တွေမှာ offline mode မှာ မြေပုံတွေကို cache လုပ်ထားနိုင်ပါတယ်။ mobile device တွေမှာ PWA တွေဟာ native app လိုပဲ smooth performance ပေးနိုင်ပါတယ်။ home screen မှာ icon တွေထည့်လို့ရပြီး, push notification တွေလည်း send လုပ်နိုင်ပါတယ်။  developer တွေအတွက် single codebase နဲ့ multiple platform တွေကို cover လုပ်လို့ရတာက တစ်ကြောင်းတည်း အကျိုးရှိပါတယ်။ development process မှာ HTML5, CSS3, JavaScript နဲ့ framework တွေကဲ့သို့ React, Vue.js, Angular တွေကိုသုံးပြီး PWA တွေကို build လုပ်နိုင်ပါတယ်။  manifest file နဲ့ service worker တွေက key technology တွေဖြစ်ပါတယ်။ performance optimization, responsive design, security တွေကလည်း PWA development မှာ အရေးကြီးတဲ့ component တွေဖြစ်ပါတယ်။ Google Chrome developer tools တွေကလည်y PWA development အတွက် အထူးပြုထားတဲ့ audit tools တွေပါဝင်ပါတယ်။ enterprise level မှာ PWA တွေဟာ development cost ကိုလည်း သိသာထင်ရှားစွာ လျှော့ချနိုင်ပါတယ်။ maintenance ပိုင်းမှာလည်y single codebase နဲ့ update တွေကို streamline လုပ်လို့ရပါတယ์။ mobile-first approach နဲ့ PWA development ကို စဦး handle လုပ်မယ်ဆိုရင် responsive design principles, performance optimization, offline capabilities တွေကို နက်နက်နဲနဲ လေ့လာဖို့ လိုအပ်ပါတယ်။  PWA တွေကိုစပြီးလေ့လာနေတဲ့ Developer တွေရှိရင်လည်း comment မှာပြောပေးသွားကြပါဦးနော် 👀 # progressive_web_app # creative_coder_myanmar

ရလဒ်ကောင်းတွေမြင်လာရတဲ့ Machine Learning နဲ့ Web Development တို့ရဲ့ပေါင်းစပ်မှု 🚀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Web developer တစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ AI နဲ့ machine learning ရဲ့ ကိုသုံးပြီး ပိုမို‌ကောင်းမွန် တဲ့ web application တွေကိုဖန်တီးလို့ရပါတယ်။ ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်၊ user experience ကိုပိုကောင်းစေဖို့ recommendation system တွေကို machine learning algorithm တွေနဲ့တည်ဆောင်လို့ရပါတယ်။ Netflix သို့မဟုတ် Spotify လို website တွေမှာ user တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ browsing pattern တွေကို analyze လုပ်ပြီး personalized recommendation တွေပေးနိုင်ပါတယ်။ web developer တစ်ဦးအနေနဲ့ machine learning model တွေကို web application မှာ integrate လုပ်တဲ့အခါ TensorFlow.js, scikit-learn, PyTorch တို့လိုမျိုး library တွေကိုသုံးလို့ရပါတယ်။ browser ထဲမှာပဲ machine learning model တွေကို train လုပ်လည်းရ၊ prediction လည်းလုပ်လို့ရပါတယ်။ chatbot တွေ၊ image recognition system တွေ၊ predictive analytics တွေကို web platform မှာတည်ဆောင်လို့ရပါတယ်။ ဥပမာ - customer support chatbot တစ်ခုဟာ user ရဲ့ query တွေကို natural language processing နဲ့ analyze လုပ်ပြီး automated response တွေပေးနိုင်ပါတယ်။ သတိထားရမယ့်အချက်က machine learning ဟာ complex နည်းပညာဖြစ်တဲ့အတွက် continuous learning နဲ့ practice လုပ်ဖို့လိုအပ်ပါတယ်။ API တွေ၊ pre-trained model တွေကို utilize လုပ်ပြီး စတင်နိုင်ပါတယ်။ coding skills နဲ့ mathematics understanding တွေကလည်း အရေးကြီးပါတယ်။ web development မှာ machine learning ရဲ့ ပါ၀င်နိုင်မှုဟာ အလွန်ကျယ်ပြန့်ပါတယ်။ user experience ကို customize လုပ်ခြင်း၊ data-driven decision making၊ automation တွေကို implement လုပ်ခြင်းတို့မှာ machine learning ကတကယ်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ #web_development # machine_learning

photo content

photo content

photo content

Congratulations Lawoon Htet Aung 🎉 Creative Coder Team တစ်ခုလုံးက ဧရာ၀တီဘဏ်မှာ Full Stack Developer အနေနဲ့ အလုပ်ရသွားတဲ့ ကိုလ၀န်းထက်အောင်အတွက်များစွာဂုဏ်ယူမိပါတယ်။ နောက်လာမယ့် အနာဂတ်မှာလည်းအောင်မြင်မှုတွေအများကြီးသိမ်းပိုက်နိုင်ပါစေ။ =°=°=°=°=°=°=°=°=°=°=°=°=°=°==°=°=°=°=°=° Internship program ကိုလျှောက်ထားချင်သူတွေအတွက်လည်း ပြန်ခေါ်နေပြီဖြစ်သလို Learning Platform ကသင်တန်းတွေအကုန်လုံးကို Discount နဲ့အပ်နှံနိုင်မယ့်အကြောင်းလည်း အသိပေးလိုက်ပါရစေခင်ဗျာ။ #creative_coder_myanmar

UI/UX အတွက် YouTube Channel Recommendation 🚀 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° Developer ကြီးတို့ UI/UX ကိုစိတ်ဝင်စားလို့လေ့လာချင်တာပဲဖြစ်ဖြစ်၊ Design ပိုင်းကိုလေ့လာချင်တာပဲဖြစ်ဖြစ်အဆင်ပြေအောင် YouTube Channel recommendation လေးပြုလုပ်ပေးလိုက်ပါတယ်။  အောက်မှာ တစ်ပုံချင်းထောက်ပြီးကြည့်ရှုနိုင်ပါတယ် 👇🏻 Designer နဲ့ developer တွေအတွက် တန်ဖိုးရှိတဲ့ content တွေပါဝင်မယ့် channels တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ အခြားသူငယ်ချင်းတွေသိအောင် share သွားဖို့လည်းမမေ့နဲ့နော် 👀 #creative_coder_myanmar, 📝 DesignCourse Channel Link: https://www.youtube.com/@DesignCourse ဒီ channel ဟာ UI/UX design, web development နဲ့ graphic design အတွက် top-tier content တွေပါဝင်ပါတယ်။ Gary Simon ဆိုတဲ့ instructor က practical tutorials, design workflow, trending technologies တွေကို very engaging style နဲ့ ဆွေးနွေးပေးပါတယ်။ Figma, Adobe XD, CSS animation စတဲ့ tools တွေပေါ်မှာ in-depth tutorials တွေနဲ့ရှင်းပြပေးထားပါတယ်။  📝 Flux Academy Link: https://www.youtube.com/@FluxAcademy UI/UX design world မှာ professional-level insights တွေရဲ့ အားထားရာ ဖြစ်ပါတယ်။ Jake Jabs ဦးဆောင်တဲ့ channel ဟာ user experience design, portfolio development, freelancing tips တွေကို comprehensive ဖြစ်အောင် cover လုပ်ပေးပါတယ်။ Design thinking process, prototyping techniques တွေကိုလည်း detail ကျကျ ရှင်းပြပေးပါတယ်။ 📝AJ & Smart Link: https://www.youtube.com/@AJSmart Design sprint, UX strategy, product design တွေအတွက် world-class content တွေပါဝင်တဲ့ channel ဖြစ်ပါတယ်။ Jake Knapp နဲ့ design team တွေရဲ့ real-world experiences, case studies တွေကို share လုပ်ပေးပါတယ်။ Startup ecosystem မှာ design thinking ကိုဘယ်လိုတွေ apply လုပ်လို့ရလဲဆိုတာကို practical approach နဲ့ သင်ပေးထားပါတယ်။ 📝 NN/g UX Training Link: https://www.youtube.com/@NNgroup Nielsen Norman Group ရဲ့ official channel ဖြစ်ပါတယ်။ UX research, usability testing, interaction design တွေအကြောင်း academic ဒါမှမဟုတ် professional-level insights တွေကို provide လုပ်ပေးပါတယ်။ UX field မှာ globally recognized expert team ဖြစ်တဲ့အတွက် credibility အရမ်းမြင့်ပါတယ်။ 📝 Ran Segall Link: https://www.youtube.com/@RanSegall Product design, freelancing, entrepreneurship တွေကို real talk style နဲ့ cover လုပ်ပေးတဲ့ channel ဖြစ်ပါတယ်။ design process, client communication, portfolio building တွေအကြောင်း practical tips တွေကို share လုပ်ပေးပါတယ်။ Designer တွေအတွက် motivation နဲ့ inspiration ရအောင် content တွေ create လုပ်ပေးပါတယ်။ အကုန်အကျိုးရှိတဲ့ channel တွေပဲဖြစ်တာမို့ သွားလေ့လာကြဖို့တိုက်တွန်းချင်ပါတယ်။

photo content
+5

photo content

Christmas လက်ဆောင်အပြည့်နဲ့ December Promotion ကိုလက်လွှတ်မခံနဲ့နော် 👀 Free course တွေပါမယ့်အပြင် (၇) သိန်းကျော်ကနေ (၃) သိန်းကျော်အထိ လျှော့ပေးထားတဲ့ promotion ကြီးပါဗျိူ့။ နောက်နှစ်တွေမှာ ဒီဈေးနဲ့လုပ်ပေးဖို့မသေချာတော့ပါဘူး။ ဒါကြောင့် လကုန်အထိ promotion လေးရတုန်းလေးလာအပ်ထားဖို့ပြောချင်ပါတယ်။ Web Development ကို ၂၀၂၅ မှာ သေချာ လုပ်မယ်ဆုံးဖြတ်ချက်ချထားတဲ့ လူတွေအတွက် ဒီ Promotion လေးက လုပ်ပေးထားတာဖြစ်ပါတယ်။   Js, Vue, VueX, React, PHP, Laravel, Nodejs, Mongo , Express တွေကို Development ကနေ Domain & Server ပေါ်တင်တဲ့ Production Level အထိ Learning Path နဲ့ 1 by 1 meeting နဲ့ စာမေးပြီးပါသွားနိုင်အောင် လုပ်ပေးထားပါတယ်ဗျို့။🫶💕 # အခုအပ်၊အခုတက်၊ အခုလေ့လာဖို့ အခုပဲ page messenger ကနေအတန်းစုံစမ်းနိုင်ပါပြီ။  # Creative_coder_myanmar

❝𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တို့အတွက် 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐑𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧❞ =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° နှစ်ဟောင်းကုန်လို့ နှစ်သစ်လည်းရောက်ခါနီးပြီဆိုတော့ Developer ကြီးတွေအနေနဲ့ နှစ်သစ်အတွက်ဘာတွေများကြိုတင်ပြင်ဆင်ပြီးကြပြီလဲ ? မပြင်ရသေးဘူးဆိုရင်ကျွန်တော်နဲ့ အတူ New Year Resolution လေးပြင်ကြည့်ရအောင် 👀 New Year Resolution ကိုပြင်ဆင်ခြင်းအားဖြင့် နှစ်သစ်ကိုရောက်တဲ့အခါ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပိုသိလာစေပြီး ရှင်းလင်းတဲ့ goal တွေကိုချမှတ်နိုင်ဖို့အကူအညီပေးပါတယ်။ စာအုပ်နဲ့ခဲတံလေးဖြစ်စေ ၊ ဖုန်းထဲက note ထဲမှာဖြစ်စေ လိုက်မှတ်ထားဖို့တော့လိုပါတယ်။  📝 ပထမဆုံးကုန်ဆုံးတော့မှာဖြစ်တဲ့ 2023 တစ်နှစ်လုံးမှာ ကိုယ်ဘာတွေပြီးမြောက်ခဲ့လဲ ? ဘာတွေလုပ်ဖို့လိုအပ်ခဲ့လဲဆိုတာ reflection ပြန်လုပ်ပါ။ ပြီးရင်တော့ ဒီတစ်နှစ်လုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် appreciate လုပ်ဖို့မမေ့ပါနဲ့ ။ 📝 နောင်တစ်နှစ်အတွက် အစီအစဉ်ချတဲ့အခါ သတိထားရမှာက တစ်နှစ်အတွင်းမှာ ဖြစ်မြောက်နိုင်တာကိုပဲထည့်ရေးတာပါ။ ကိုယ့်ရဲ့ goal ကကြီးရုံတင်မကဘဲ clear လည်းဖြစ်နေဖို့လိုအပ်ပါတယ်။ ဥပမာ - နောင်နှစ်ကျရင် programming language တစ်ခုထပ်လေ့လာမယ် ဒါဆိုရင် ဖြစ်နိုင်ချေရှိတဲ့ goal ပါ။ နောင်နှစ်ကျရင်တော့ programming language ‌၁၀ ခုလောက်ရအောင်လေ့လာမယ်ဆိုတာကတော့ ကြီးပေမယ့် unclear မဖြစ်တဲ့ goal လို့ဆိုရမှာပါ။ ဒါကြောင့် ၂၀၂၅ အတွက် ကြိုတင်ချမှတ်တဲ့ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအတွင်းမှာပဲဖြစ်သင့်ပါတယ်။ 📝 Developer တွေလုပ်လို့ရတဲ့ goal လေးတွေကို ဥပမာ အနေနဲ့ကြည့်လိုက်ရအောင် 👀 📌 Programming Language အသစ်သင်တာ 📌 Open source project တစ်ခုခုမှာပါ၀င်တာ 📌 ကိုယ်က အလုပ်အတွေ့အကြုံလိုအပ်နေတာဆိုရင်  Internship တွေလျှောက်ကြည့်တာ 📌 ကိုယ့်ရဲ့ coding style ကိုပြောင်းကြည့်တာ (ဥပမာ clean & clear ဖြစ်တဲ့ code ရေးတဲ့အလေ့အကျင့်ကို‌ပျိုးထောင်တာ) 📌 Hard Skill တင်မဟုတ်ဘဲ soft skill ကိုထည့်သွင်းလေ့ကျင့်တာ  📌 Linkedin Profile ကိုကောင်းကောင်းပြင်ဆင်ထားတာ 📌 Developer Conference တွေ Meetup တွေတက်တာ  📌 Work Life Balance ကိုညီအောင်ကြိုးစားတာ 📌 Developer Network ကိုချဲ့ထွင်တာမျိုးတွေပြုလုပ်လို့ရပါတယ်။ 📝 နောက်တစ်ခုကတော့ ကိုယ့်ရဲ့ progress ကိုပြန်ကြည့်ဖို့အတွက် notion လို project management tools တွေအသုံးပြုပြီး ကိုယ့်ရဲ့ တနေ့တာ ကို စီမံခန့်ခွဲတာပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေထဲကမှ Developer ကြီးတို့အနေနဲ့  ကိုယ့်အတွက်အဆင်ပြေတဲ့ လိုက်လုပ်နိုင်တဲ့ goal တွေကိုမှတ်ပြီး 2025 အတွက် New Year Resolution လိုက်လုပ်နိုင်ပါတယ်။ Developer ကြီးတို့ရော 2025 အတွက် ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 👀 #creative_coder_myanmar #resolution