တပ်သားလေး ဖိုးထောင် 🇲🇲🪖
رفتن به کانال در Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
نمایش بیشتر8 261
مشترکین
-624 ساعت
-327 روز
-15730 روز
آرشیو پست ها
အကွက်တွေက ရိုးပါတယ်။ ကြိုလဲ သတင်းပေါက်နေတာပဲ။
MNDAA က လားရှိုးက လွယ်လွယ်နဲ့ ဆုတ်ပေးချင်စိတ်မရှိဘူး။ ရသလောက် ညစ်စုတ်နေဦးမယ်ဆိုတာတော့ သိလိုက်ရတာပေါ့။
တပ်သားလေးဖိုးထောင်
Repost from Ko Maung Maung
အခုနေ့လည်၁၂နာရီအချိန်၊ ညောင်ကျိုးကိုဇွတ်ဝင်လုံးနေတယ်။ ပုဂံကွဲရွှာကလူငယ်အများစုပါဝင်နေတယ်။ ပုဂံကွဲရွာက ချင်းတွေအများစုနေထိုင်တဲ့ ချင်းရွာပါ။ ညောင်ကျိုးအနောက်ပိုင်း ရွှေရိုးမထမင်းဆိုင်နားရောက်နေပါပြီ တိုက်ပွဲပြင်းထန်နေပါတယ်။ အခုအချိန်မှာတော့ လေယာဥ်တွေနဲ့ချနေတယ် ရွှာထဲ အေအေစစ်သွေးကြွ သောင်းကြမ်းသူတွေရောက်နေပြီ။ 21.03.2025
#KoMaungMaung
https://t.me/KoMaunMaung
အိန္ဒိယနှင့် မြန်မာ နယ်နိမိတ် ကိစ္စ
****
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံနှင့် ထိစပ်သည့် နယ်နိမိတ်တွင် နယ်နိမိတ်ခြံစည်းရိုးများကာရံဖို့ လမ်းအူကြောင်းများဖောက်လုပ်လျက်ရှိပါတယ် ။
အိန္ဒိယနိုင်ငံမှ နယ်နိမိတ်ခြံစည်းရိုးတိုင် စိုက်ထူရန်ကျူးကျော်ဖောက်လုပ်တဲ့ လမ်းအူကြောင်းဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်ခရိုင်၊ တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာအုပ်စု၊တွာလ်ခိန်းကျေးရွာအနီးရှိ နယ်နိမိတ်ကျောက်တိုင်အမှတ်၊(၃၅)နှင့်(၃၆)အနီးဖြစ်ပြီး မြန်မာနိုင်ငံပိုင် နယ်နိမိတ်အတွင်းသို့ မီတာအရှည်(၁၅၀)ခန့် လာရောက်ကျူးကျော်ဖောက်လုပ်ပါသဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားအနေဖြင့် အိန္ဒိယနိုင်ငံ၏လုပ်ရပ်ကို ချက်ချင်းရပ်တန့်နိုင်ရေးနှင့် လိုအပ်သလိုအရေးယူမှု ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝင်းကူညီပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါတယ် ။
အဆိုပါ ကျုးကျော်ဖောက်လုပ်သည့် လမ်းအူကြောင်းနှင့်ပတ်သက်ပြီး ဒေသခံဇိုမီးလူငယ်များမှ(၁၉.၃.၂၀၂၅)ရက်နေ့တွင် သွားရောက်တားမြစ်ပိတ်ပင်ခဲ့ပြီး အချို့စိုက်ထူထားသည့် တိုင်များကို ပြန်နုတ်ခိုင်းခဲ့ကြောင်း ဒေသခံ ဇိုမီးလူငယ်ခေါင်းဆောင် ကိုမာန်တုန်းနှုန်းပြောကြားချက်အရသိရှိရပါသည်။
ကိုမာန်တုန်းနှုန်း က ကျုးကျော်ဖောက်လုပ်သည့် လမ်းအူကြောင်းကို နှစ်နိုင်ငံလူကြီးသူကြီးရှေ့မှာ ဖျက်စီးရန်လိုအပ်ပါတယ်လို့ ပြောပါတယ် ။
ဇိုမီးချင်းတွေ တိုင်းပြည်ချစ်စိတ် ကို အသိအမှတ်ရမယ်ဗျ ။
ကျန်တဲ့ လူမျိုးတွေလည်း ဒီကိစ္စကိုအတုယူရမယ် ။
နိုင်ငံရေးဟာ နိုင်ငံရေးပဲ
မျိုးချစ်စိတ်ဓာတ် နဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကနှလုံးသားထဲ ကိန်းအောင်းနေဖို့လိုတယ်ဗျ ။
တပ်သားလေးဖိုးထောင်
19-3-25
20:00 အချိန်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းရွာမှာ အကြမ်းဖက်ပူးပေါင်းမဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရပါတယ်။
Crd အမွှေစိန်
တပ်သားလေးဖိုးထောင်
Repost from မောင်သစ္စာ 🇲🇲
ဦးသစ္စာ ရေ
ဦးသစ္စာ တို့က ရှေ့မှီနောက်မှီ
လူတွေပါတဲ့
အခု တပ်ချုပ်က
လုပ်ပုံကိုင်ပုံတွေ ကျနော်တိူ့
နားမလည်ဘူးဗျာ
ဦးသစ္စာတို့တောင် ဝေဖန်
နေကြတာဆိုတော့
ကျနော်တို့ဘယ်သူ့ကို
ယုံကြည်ရမှန်း မသိတော့
ပါဘူးတဲ့ ***
ဟုတ်တယ်
ကျနော် Fb ကို သုံးခဲ့တာ
ကြာခဲ့ပီလေ
ဖိုးစည်ဆိုတဲ့(ကျော်ဟိန်း) ပုံနဲ့
အဲ့ဒီ Profile ကိုသုံးတာက
တပ်ကြပ်ကြီး ဖီုးစီ ဆိုတဲ့
ညီငယ်နဲ့ ကျနော် မောင်သစ္စာ
ဘဲရှိတယ်
သတင်းမှန် ဖိုးစီ ဆိုတာက
ခွေးမသား လူလိမ် NUG က
CEC တစ်ယောက်ပါ
ထားပါတော့လေ
မေးခွန်းကို ဖြေကြည့်ရအောင်
လက်ရှိ တပ်ချုပ်ဟာ
ကျနော်တို့ Inservice ကာလမှာ ကပ္ပတိန် အဆင့် ပါ
ကရင်ပြည်နယ်မှာ
စဆရ ဝင်ခဲ့ကြတာ အတူတူပေါ့ဗျာ
သူဟာ
စစ်တိုက်ဘူးခဲ့တဲ့
သူတစ်ယောက်ပါ
Eaos တွေ အကြောင်း
ကောင်းကောင်းသိတဲ့သူတစ်ယောက်ပါ
ရခိုင် လို့ခေါ်တဲ့ နမခ မှာ
သူတိုင်းမှုး ဘဝ ဘင်ဂလီ ကို
တစ်ကယ် ရှင်းခဲ့တာ ဟာ
ကိုယ်တွေ အသိဘဲလေ
ဒီကနေ့ အချိန်မှာ
သူဟာ တပ်ချုပ် တစ်ယောက်
အရာရာကိုချင့်ချိန်နေရတာက
အဓိက ပြဿနာဘဲ
စဆရ လုပ်မယ်
ဘယ်သူတွေ သေကြမှာလည်း
မြန်မာပြည်သူတွေ
မြန်မာပြည်သူဆိုတာ ၁၃၅
မျိုး ကိုပြောတာ
ဗမာ လူမျိုး တစ်ခုထဲ
ပြောနေတာမဟုတ်ဘူး
ရှေ့မှာ ခေါင်းဆောင်တွေ
ရှိခဲ့ကြတယ်
သူ ဟာ အဲ့ဒီ ခေါင်းဆောင်
တွေ ကို တိုင်ပင်တယ်
ဆိုတော့
ကျုပ်တို့က ဖောင်းထုတယ်
တစ်ချို့အရာတွေ စိတ်သဘော မတွေ့လို့ပေါ့ဗျာ
ကိုယ့်လူတို့ သိထားရမှာက
တပ်မတော် ကို ချစ်တာနဲ့
တပ်မတော် ခေါင်းဆောင်ကို
ချစ်တာ ကွဲကွဲပြားပြား သိဖို့
လိုအပ်တယ်
ထပ်ပြောမယ်
ရာထူး ဆိုတာ
တာဝန်ထမ်းနေတဲ့ အချိန်ဘဲ
အသုံးဝင်တယ်
ဒီကနေ့ အနားယူ
ဒီကနေ့ ဘောင်မဝင်ဘူးမှတ်ထားပါ
မသေ သေးပါဘူး
ဘရွှေ ကြီး ငုတ်တုတ်ကြီး
😉😉
ဆိုတော့
သူစွမ်းသလောက် လုပ်နေတယ်
သူ့ကိုယ်ကျိုးလည်း
ပါပေ မပေါ့ဗျာ
ထားလိုက်ပါတော့
ကျုပ်တို့ တစ်ကယ်
လုပ်ရမှာက
မိမိပါတ်ဝန်းကျင် မှာ
# အကြမ်းဖက်တွေ
# အဂတိ လိုက်စားသူတွေ
# ရာထူး ယူ ထားပီး အလုပ်မလုပ် ငွေရှာနေသူတွေ
အဲ့ဒီ ပုဂ္ဂိုလ် တွေကို
ထုတ်ဖော်ကြပါ
အစိုးရပါ ဆိုတဲ့
အစိုးရ ကြီး က အရေးမယူ
တာက သူ့အပိုင်းပါ
သမိုင်း ဆိုတာ
ရှင်ကျန်သူက ရေးတာ အမှန်
ဆိုပေမဲ့ ခင်ဗျားတို့သိထားပါ
အဲ့ဒီ ဝဌ်ကြွေးကို
ပြန်ဆပ်ရလိမ့်မယ်
ဥပမာ ပေးမယ်
စီပင် ဌာန လူကြီးတစ်ယောက်
အဂတိ လုပ်တယ်
စိတိသာချပါ ကိုယ့်လူ
နောင်ဘဝမှာ တစ်အိမ်တက်ဆင်း သူ ပြန်ပီးပေးဆပ်ရလ်မ့်မယ်
ဒီကနေ့
နိုင်ငံ ခေါင်းဆောင်
သူမဟုတ်တာ လုပ်ရင်
သန်းပေါင်း ၆၀ နီးပါး
လူတွေရဲ့ ဝဌ် ကို ခံရမယ်လို့
မှတ်ထားလိုက်😉
ဇာတ်တော်ကြီး ၁၀ ဘွဲ့မှာ
တေမိ မင်း ဇာတ်ကို သာ
ပြန်ရှာ ဖတ်ကြပေရော့
ကျုပ်ကတော့
တွေးထားလိုက်တယ်
ကျုပ်ဒီကနေ့ ခံစားနေရသမျှ
ဒုက္ခတွေ အားလုံးအတွက်
တနေ့တစ်ချိန် တစ်ဘဝမှာ
အတိုးအရင်း ပေါင်းယူပါ့မယ်ဗျာ
ဒ်ု့ ပြည်သူတွေလည်း
အဲ့ဒီလိုသာတွေး ပီး
စိတ်ဖြေ
ဗုဒ္ဓဘာသာဝင်တွေအတွက်
သေချာတာက
တစ်ဘဝ တစ်ချိန်ချိန်မှာတော့
သူတို့တွေ ကျုပ်တို့ကို
ပြန်ပေးဆပ်ရပါလိမ့်မယ်ဆိုတာ သိထားကြပါ
လေးအသခင်္ျေ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့် ပီး
ဘုရားဖြစလာတဲ့ ဘုရားရှင်
ဂေါတမ ဟောပြထားတာဘဲလေ
လွဲ နိုင်ပါတော့ မလားဗျာ
မောင်သစ္စာ🇲🇲
ရန်မန်း အမြန်လမ်း ၃၂၆ မိုင်၊ နွားထိုးကြီးလမ်းခွဲအနီး အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားကြောင်း သိရသည်။
တပ်သားလေးဖိုးထောင်
ဒီလောက်စစ်ကစားလို့ကောင်းတဲ့အညာမြေ၊ တင့်ကားကြီးများနဲ့ ဗျူဟာခင်းလို့ရတဲ့ အညာမြေ၊ ကိုယ့်ခြံထဲကကြက်လို...ကြိုက်တဲ့အချိန်ရိုက်သတ်ချက်စားလို့ရတဲ့အညာမြေမှာ...ခဏခဏ ခံနေရတာဟာ....စီစဥ်ညွှန်ကြားသူတွေရဲ့အားနည်းချက်ကြောင့်လို့သာ တဖြေးဖြေးတော့အဖြေထွက်လာပါပြီ...။
မြောက်ဗီယက်နမ်နဲ့...တောင်ဗီယက်နမ်တိုက်တုန်းက....အရည်အချင်းမရှိတဲ့...တောင်ဗီယက်နမ်ဟာ...ခွက်ခွက်လန်အောင်ရှူံးခဲ့တယ်
အမေရိကန်က....စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးရုံတင်မဟုတ်ဖူး....သူတို့စစ်သည်တွေပါ....တောင်ဗီယက်နမ်ဘက်ကဝင်တိုက်ပေးတာ...မနိုင်ဘူးခင်ဗျာ...။
အမေရိကန်စစ်သည်...ခုနှစ်သောင်းခန့်သေကြေထိခိုက်ဒဏ်ရာရခဲ့ပါတယ်....မြောက်ဗီယက်နမ်ကတောင်ဗီယက်နမ်ကိုသိမ်းမိတော့...အမေရိကန်ထောက်ပံ့ထားတဲ့...စစ်လက်နက်ပစ္စည်းတွေ...တင့်ကားတွေ ရဟတ်ယာဥ်တွေ...လေယာဥ်တွေကိုအသစ်စက်စက်အတိုင်းရသွားခဲ့တယ်။
စစ်ပွဲပြီးတော့...အမေရိကန်က...သမိုင်းဝင်စကားတခွန်းကိုပြောခဲ့ပါတယ်...
"အရည်အချင်းမရှိတဲ့သူကို...ဘာတွေ...ဘယ်လိုတွေ...ဘယ်လောက်ပဲထောက်ပံ့ထောက်ပံ့...အဆင်မပြေပါဘူး"....တဲ့ခင်ဗျာ။
(စစ်တိုက်တတ်တဲ့...စစ်ခေါင်းဆောင်တယောက်
အညာကိုလွှတ်လိုက်ရင်ရပါပြီခင်ဗျာ)
တပ်သားလေးဖိုးထောင်
အာဆာခေါင်းဆောင်အာတာအူလာနဲ့အဖွဲ့ဝင်ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရဖမ်းဆီး
Border News Agency
Narayanganj, Bangladesh – March 18, 2025
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဆစ်ဒီဂန့်မြို့မှာမတ်လ ၁၇
ရက်၊မနေ့က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(Araka n Rohingya Salvation Army (ARSA) အဖွဲ့ရဲ့ခေါင်းဆောင်အာတာအူလာ (Ataullah Abu Ammar Jununi) ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။
အဲဒီအာဆာခေါင်းဆောင်အသက် လေးဆယ့်ရှစ်နှစ်အရွယ်အာတာအူလာဟာနဲ့အတူအာဆာအဖွဲ့ရဲ့ဘာသာရေးခေါင်း ဆောင်အသက်ခြောက်ဆယ့်ခြောက်နှစ်အရွယ်မော့စ်တက်အာမက်အပါအဝင်ခြောက်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးအဲဒီအထဲမှာအသက်တဆယ့်ငါးနှစ်အ ရွယ်တဦးလည်းပါဝင်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဆစ်ဒီဂန့်မြို့ရဲ့ အဆောက်အအုံတခုမှာအာတာအူလာတို့အဖွဲ့အစည်းအဝေးလုပ်နေတဲ့အချိန်မှာ ဝင်ဖမ်းလိုက်တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူ အာဆာအဖွဲ့ခေါင်း ဆောင်အာတာအူလာအာဗူအမ်မာရ်ဂျူနုနီ(ခေါ်)
အာတာအူလာ၊မော်စတတ်အာမက်၊ဆလီမုလ္လာဟ်၊အာစ်မန်လ်ဟိုစ်နာ၊ ဟစန်း၊မိုနီရုဇ္ဇာမန်တို့ကို မတ်လ ၁၈ ရ က်၊ဒီနေ့ တရားရုံးသို့ ယူဆောင်အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးရမိချိန်မှာ သူတို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေနှစ်ဆယ့်တသိန်းကျော်အပါအဝင် ဓားတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်
(Araka n Rohingya Salvation Army)ဟာ ၂၀၁၇ ခုနှစ်ကစတင်းပြီးရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမှာအကြမ်းဖက်မှုတွေကျူးလွန်ထားကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေမှာလည်း အကြမ်းဖက်မှုတွေကျူးလွန်နေကြတာလို့ ဆိုကြပါတယ်။
တပ်သားလေးဖိုးထောင်
စစ်တိုက်တမ်း ကစားနေကြတာလား။
ဌာနချုပ်တွေ၊ ဦးစီးချုပ်အိမ်တွေ အတိအကျ သိနေမှတော့ သွပ်ပြားလန်ရုံ ဒရုန်းတစ်စီးလွှတ်နေတာထက် ပေါင် ၅၀၀ တစ်လုံးလောက် ကြဲလိုက်ပါလား။
အလုပ်လုပ်ပြနေတဲ့ အဆင့်ပဲရှိပါတယ်။ ရိုင်းသွားရင် တောင်းပန်ပါတယ်။
တပ်သားလေးဖိုးထောင်
ဖိုးထောင်တော့ ဖြေလိုက်တာ မှားသွားတယ်။ ဒီခေတ်မှာ ၁၀ တန်းဖြေရင်တော့ ကျဖို့များနေပြီ။
အမျိုးတို့ရော အဖြေက ဘာထင်လဲ။
အဖြေမှန်က အသံကြိုး ပါတဲ့။
တပ်သားလေးဖိုးထောင်
ဒါက ဘယ်မှာ ဖြစ်တာလဲ ခင်ဗျာ။ မူဆယ်ဖက်လို့တော့ ထင်ရပါတယ်။
ကြည့်ရတာတော့ ပြည်သူ့စစ် အချင်းချင်းပုံပါ။ ဒါပေမဲ့ မြန်မာစကားပြော ပသစကို တရုတ်စကားပြော ပသစတွေက ထိုးကြိတ်ကန်ကျောက်နေတာတော့ ကြည့်မကောင်းပါ။
များသောအားဖြင့် တရုတ်စကားပြော ပသစများဟာ လုပ်စားတွေများပါတယ်။ သစ္စာဖောက်ရင် နောက်ကျောဓားထိုးရင်လဲ ရှေ့ဆုံးကပါ။ ကိုးကန့်မှာလဲ ကြုံပြီးပါပြီ။
စိစစ်အရေးယူနိုင်က ယူပေးဖို့ တောင်းဆိုလိုပါတယ်။
တပ်သားလေးဖိုးထောင်
ယနေ့ …
ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်၊ရခိုင်ရိုးမတောင်ခြေက ရွာတွေကိုAA သူပုန်အကြမ်းဖက်သောင်းကျန်းသူတွေဝင်စီးထားပါတယ် ။
တပ်မတော်က နယ်မြေရှင်းလင်းဖို့
ရောက်လာတဲ့အခါ …
ရွာထဲဝင်မရအောင်
ရွာသူ/ရွာသားတွေကို တန်ဆာခံလုပ်ကာ
လူသားတံတိုင်းလို လုပ်ဆောင်ထားပါတယ်။
တာဝန်ရှိသူများ အချိန်မှီ သိရှိနိုင်ပါရန်တင်ပြအပ်။
စစ်မင်း
တပ်သားလေးဖိုးထောင်
`စစ်သားကောင်းမည်သည်´
လစာငွေသား၊စိတ်၀င်စား၍
စစ်သားဖြစ်လာ သည်မဟုတ်။
အပျော်အပါး၊အဖော်မှား၍
စစ်သားဖြစ်လာ သည်မဟုတ်။
ဒေါသမာန်ထား၊မိုက်ရမ်းကား၍
စစ်သားဖြစ်လာ သည်မဟုတ်။
မိသားစုကြား၊စကားများ၍
စစ်သားဖြစ်လာ သည်မဟုတ်။
ချစ်သူစိမ်းကား၊သွေးပျက်သွား၍
စစ်သားဖြစ်လာ သည်မဟုတ်။
လုပ်ကိုင်ကြိုးစား၊မကြီးပွား၍
စစ်သားဖြစ်လာ သည်မဟုတ်။
နိုင်ငံ့အကျိုး၊ရည်မျှော်ကိုးပြီး
အမျိုးသားရေး၊ဦးစားပေးကာ
အရေးသုံးပါး၊ဦးထိပ်ထားလျက်
တို့သားချင်းမြေ၊ငြိမ်းချမ်းစေရန်
တို့နိုင်ငံတွင်၊ရန်ကင်းစေဖို့
တို့မြေတို့နယ်၊တို့ကာကွယ်မည်
တို့ပြည်တို့ချစ်၊သို့မှဖြစ်မည်
သည်လိုစိတ်ဓာတ် သတိချပ်၍
မြင့်မြတ်ခိုင်မြဲ၊သတ္တိဇွဲဖြင့်
စစ်ထဲ၀င်ရောက်၊ခဲ့သူပါ။
သစ္စာလေးချက် တည်သူပါ။
ကိုချိုစံ(ဗိုလ်မှူးကြီး ခင်မောင်ချို)
တပ်သားလေးဖိုးထောင်
AA စစ်သွေးကြွတွေ ညောင်းကျိုးကာကင်းကို အသေခံဝင်လုံးပြီ။ ညောင်ကျိုးရပြီးဆိုပြီ လိမ်ပြောထားတဲ့ ခိုင်သုခ အရှက်ကွဲမှာကြောက်လို့ထင်ပါတယ်။
မနေ့က ချင်းကုန်းနဲ့ ထုတ်လုပ်ရေးပေါက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်၊ ထုတ်လုပ်ရေးပါက်ကိုကျော်ပြီး တပ်က ပုဂံကွဲရွာအထိ စစ်ရေး အသာစီးယူထားနိုင်ခဲ့တယ်။
ယ္ခုလက်ရှိအချိန်မှာတော့ အေအေ စစ်သွေးကြွတွေ အင်အင်းဖြည့်ပြီး လာပြန်လုံးနေတာ တပ်က ထုတ်လုပ်ရေးပေါက်နားမှာ ရန်သူကို ခြေမှုန်းနေပါတယ်။
ရွာနားကိုကပ်ဖို့ အသေခံ ကြိုးစားနေပြီ။ တပ်ကလည်း ဒီနေ့မနက် ဖိုက်တာတပ်တွေ စစ်ကူ ရောက်သွားပါပြီ။ လေကြောင်းပစ်ကူတွေ ရက်ရက်စက်စက်ပေးဖို့လိုနေပြီ။ အရက်စက်ဆုံးလုပ်ပါ။
17.03.2025
#KoMaungMaung
တပ်သားလေးဖိုးထောင်
နှစ် (၈၀) ပြည့်တပ်မတော်နေ့
ဂုဏ်ပြုဇာတ်လမ်းတွဲ
"သစ္စာမျိုးဆက်"
မတ်လ (၁၉) ရက် ဗုဒ္ဓဟူးနေ့မှ စ၍ (၂၆) ရက်နေ့ထိ တစ်ရက်လျှင် အပိုင်းတစ်ပိုင်းဖြင့် ပြသပါမည်။
တပ်သားလေးဖိုးထောင်
15.3.2025 နေ့ မနက် ၆း၄၅မိနစ်မှာ တပ်၊ရဲ၊ပသစ အဖွဲ့အင်အား ၅၈ ယောက် မင်းကွန်း စစ်ကြောင်းထိုး။
၈း၄၅ မိနစ် ရွှေညီအကိုဆီဆိုင်အကွေ့ညာဖက် မိုင်း ၃ လုံးဆွဲခံ၊ ဒဏ်ရာရ ၂ယောက် နေရာတွင် သေဆုံး ၁ ယောက်။
16.3.2025 နေ့ ၈ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ် ရန်သူအင်အား ၃၀၀ ကျော်။ တစ်ချိန်တည်းမှာ မင်းကွန်းစခန်း၊ မြသိန်းတန်ဘုရား ဝင်ရောက်တိုက်ခိုက် အခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင့် စစ်ကြောင်းမှာ အခုအချိန်ထိ လက်ပံထိပ်မှာပိတ်မိနေကြောင်း သိရှိရ စစ်ကူပစ်ကူပေးနိုင်ပါရန်။
တပ်သားလေးဖိုးထောင်
Repost from ShwePoe Oo
အောင်စစ်သည်ချန်နယ်လေးJoin ပေးကြပါအုံး စစ်သတင်းများ.. နယ်မြေအစုံက. လက်လှမ်းမှီသ
လောက်ကို
အကြမ်းဖက်အားပေးထောက်ပံ့သူများကိုဖော်ထုတ်ပေးနေသောချန်နယ်လေးပါ..
ချန်နယ် joinရန်..
https://t.me/aungsatthi
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
