fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

رفتن به کانال در Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

نمایش بیشتر
7 658
مشترکین
-624 ساعت
-377 روز
-13230 روز
آرشیو پست ها
တောင်ခမ်းလက်ရှိအခအန! ===================== မနေ့ထဲက ရန်သူက ၉၀၂ ကို ကပ်နေတယ်။ ညကဖြစ်စဉ်မရှိဘူး။ ဒီမနက် (၆)နာရီမှာ လူအား၊ပစ်အားနဲ့ အတင်းဝင်ဆောင့်တယ်။ အင်အားထောင်ကျော်တယ်။ နောက်တော့ အိမ်ထောင်သည်လိုင်းနားအထိရောက်လာတယ်။ ဒါပေမဲ့ ရန်သူပြန်လန်ကျသွားတယ်။ ယူကလစ်တောထဲမှာ ဂျက်ဖိုက်တာနဲ့ဆော်တာ တော်တော်ခံလိုက်ရသလို ဘေးနံတပ်ဘက်ကို ရန်သူကျွံထွက်သွားလို့ အဆော်ခံထိတယ်။ တစ်မနက်လုံး ချလိုက်၊နားလိုက်လုပ်နေကြရင်းလောလောဆယ်အချိန် နှစ်ဘက်ငြိမ်နေတယ်။ ထမင်းစားနားတဲ့သဘောပေါ့။ ကိုယ့်လူတွေကတော့ ဒီမနက်ဖြစ်စဉ်ကို အားရပြီး အားတက်နေတယ်။ ကဲ …. တောင်ခမ်းကစစ်သည်တွေကို အားပေးလိုက်ကြပါဦး။ 💪💪💪 #BGFArmy https://t.me/privatephoehtaung

SSPP/SSA အဖွဲ့တွေ ခွေးကန့်နဲ့ပေါင်းဖို့ လူသူရိက္ခာအပြည့်နဲ့ မူဆယ်ဖက်တက်လာတယ်လို့ သတင်းတွေထွက်နေပါတယ်။ သတင်းအတည်မပြုနိုင်ပါ။ SSPP က နမ့်ခမ်းမြို့တောင်းတာ မပေးနိုင်လို့ မူဆယ်ကို ပေးမယ်လို့လဲ သတင်းကြားရပါတယ်။ https://t.me/privatephoehtaung

အချို့တွေဟာ နည်းပညာကျွမ်းကျင်တယ်ဆိုပြီး ... မိမိကိုယ်ကျိုးစီးပွားအတွက် ... ကုမ္ပဏီတွေထောင်ကာ ... ပစ္စည်းတွေသွင်း၊ တင်ဒါတွေအောင်၊ တကယ်သုံးရတဲ့ အခါကျတော့ အသက်ပေါင်းများစွာ ရင်းလိုက်ရပြီးတာတောင် အသုံးမဝင် အစွမ်းမထက်ခဲ့၊ သူတို့ကတော့ မသိချင်ယောင်ဆောင် ဆက်ပြီး နည်းပညာအကြောင်းရွှန်းရွှန်းဝေအောင်ပြောပြီး ဈေးသည်ကြီး ဆက်လုပ်နေတုန်း၊ သူကောင်း ပြုခံနေရတုန်း၊ ဒီနည်းပညာနဲ့ ရင်းပြီး တိုက်ရတဲ့ စစ်ပွဲမှာ... ၊ ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို စိစစ်ဖော်ထုတ်ပြီး.. အရေးကို ထိထိရောက်ရောက်ယူသင့်ပါတယ်။ နောက်မျိုးဆက်တွေ ... အတွက် သင်ခန်းစာယူနိုင်အောင်ပါ..။ - ကျွန်တော်တို့ အတွက်ကတော့ ..... ဒီဘဝဒီမျှသာပါလေ..။ - (Crd- ခေတ်သစ်စစ်ပွဲမှာနည်းပညာနဲ့ လုပ်စားနေကြတဲ့သူတွေကို မုန်းသူတစ်ယောက် #BAK)

ဆုတ်ခွင့်တွေပဲ တောင်းနေလို့ ဖိုးထောင်ကို ဖရဲသီး၊ သူရဲဘောကြောင်ထင်နေလဲ အသက်တွေနဲ့ဆိုင်လို့ တင်ရတော့မှာပဲ။ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်တန်းသားတွေကို ရွှေ့ပြောင်းခွင့် ပေးပါတော့။ ရန်သူက ဇီးပင်ကြီးကိုဝင်ဆောင့်မှာ အသေအချာပဲ။ စစ်သားတွေလဲ မဟုတ်လို့ စစ်တိုက်တတ်တဲ့သူတွေလဲ မဟုတ်ပါဘူး။ မိသားစုတွေလဲ အရမ်းစိတ်ပူနေကြပြီ။ သစ္စာရှိအစိုးရဝန်ထမ်းတွေကို အကာအကွယ်မပေးနိုင်ရင်တောင် မဖြုန်းတီးပါနဲ့ဗျာ။ လမ်းကြောင်းလုံခြုံတုန်း ရွှေ့ပြောင်းခွင့်ပေးပါ။ https://t.me/privatephoehtaung

သီပေါဆုတ်ခွင့်ပေးဖို့ ဖိုးထောင် ခွင့်တောင်းဖူးပါတယ်။ သီပေါက ခုချိန် ဗျူဟာအရလဲ အရေးမပါတော့ဘူး။ ကိုယ့်လက်အောက်က စစ်သည်တွေကို မငဲ့ပဲ မနိုင်တဲ့စစ်ကို စစ်ကူမပို့ပဲ တိုက်ခိုင်းနေကြတယ်။ တပ်အင်အားဖြုန်းတီး‌နေတာပါပဲ။ စစ်သည်များ ဘေးကင်းကြပါစေ။ https://t.me/privatephoehtaung/1050

လပခ တိုက်ပွဲ စပြီ 🔹ဩဂုတ်လ ၁၀ရက်နေ့တွင် နွားထိုးကြီးတွင် သောင်းကျန်းသူများ ထိုးစစ် စတင်လိုက်ပြီဖြစ်သည်။ 🔹 နွားထိုးကြီး စလိုက်တာဟာ တံတားဦးကို ရည်ရွယ်ဖြစ်ဖြစ်သည်။ 🔹 တန်ပြန် ထိုးစစ် အမိန့်ချသင့်ပြီ။ သိပ် နောက်ကျနေပြီဖြစ်သည်။ 🔹 ပြင်ဦးလွင် ၊တောင်ခမ်းမှာလည်း သောင်းကျန်းသူ ထိုးစစ် စပြီ။ 🔹 မကြာမီ ပုသိမ်ကြီး စတော့မည်ဖြစ်သည်။ ထိုးစစ် စသင့်ပါပြီ။ ခလုတ် နှိပ်သင့်ပါပြီ။ မောင်ချိန်ခွင် https://t.me/mrhyzm2004

တပ်မတော် စစ်နိုင်ချင်ရင် ထီးမိုး ဖိနပ်တိုက် ဖော်လံဖား ခိုးဝှက် ဩကာသပြီး ရထူးရလာတဲ့ ဗိုလ်ချုပ်များကို အမြန်ဆုံး ဖြုတ် ထုတ် သတ် ပြီး ဖိုက်တာများ နဲ့ အစားထိုးပါ ဒဗခက နိုင်နိုင်ဦး ကို ရမခ ကိုင်တဲ့ ကစထမှုး ပေးကထဲက ရမခတော့ သွားပြီ ဆိုတာ သိပြီးသား နိုင်နိုင်ဦးဆိုတာ တြိဂံတိုင်း မှာ 2IC ဘဝထဲက ဘိန်းကုန်သည် လူမိုက် နော်ခမ်းကို တရုတ်ဖမ်းပြီးသတ်တဲ့ အချိန်က နော်ခမ်းနေတဲ့ ရေလယ်ကျွန်း တက်သိမ်းပြီး နော်ခမ်းဖွက်ထားတဲ့ ရွှေချောင်းတွေ ထိုင်းဘတ်ငွေ တွေ သန်းရာနဲဲ့ချီ ရရှိ ခိုးယူ ချမ်းသာ သွားတာ တပ်ထဲက လူ တော်တော်များများ သိတယ်၊ စစ်မတိုက်ဘူးတဲ့ကောင် သူခိုးစစ်စစ် အဲ့ဒီပိုက်ဆံတွေနဲ့ အဆင့်ဆင့် လာဘ်ထိုးပြီး ရာထူးတွေ ယူလာ တိုင်းမှုး တပ်မမှုး အထိ ဖြစ်လာတာ၊ တစ်သက်လုံးလိမ်လာတဲ့ ပရိုဖိုင်းကို ကြည့်ပြီး ကစထမှုး ရာထူးလဲ ရရော နော်ခမ်း အရိုးတွန်တာ ခံရပြီး အချုပ်ထဲရောက်သွားတာ စောက်သူခိုး ကာလဝိပတ် နောက်ပိုးတက်တာ အရေးမကြီးဘူး ရမခကြီး ကျသွားတာ အဲ့လို ကောင်မျိုး လူလိမ် လူညာ သူခိုး ဗိုလ်ချုပ်တွေ ကြောင့်ပဲ ထို့ကြောင့် တပ်မတော်မှ တကယ် စစ်မတိုက်ဘူးသော စစ်မတိုက်တတ်သော လူလိမ် လူညာ သူခိုး ဗိုလ်ချုပ်များ ကို အမြန်ရှင်းထုတ်ကာ မှင်နီဗရဗွ ထိစေကာမူ သေရဲ တိုက်ရဲသော ဖိုက်တာ တပ်မှုးများကို နေရာပေးပါမှ ဤစစ်ကြီး အောင်နိုင်ပါမည် မှင်နီမကြောက်တဲ့ ဖိုက်တာတောင်ပေါ်ပေသီး

ဒီအချိန်မှာ တပ်မတော်ရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ ရုရှားနိုင်ငံလဲ သူ့ဟာနဲ့သူ တိုင်ပတ်နေလို့ စစ်ရေးအကူရဖို့ အရမ်းခက်တယ်။ ကိုယ့်အားက
ဒီအချိန်မှာ တပ်မတော်ရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ ရုရှားနိုင်ငံလဲ သူ့ဟာနဲ့သူ တိုင်ပတ်နေလို့ စစ်ရေးအကူရဖို့ အရမ်းခက်တယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းရမှာပဲ။ https://t.me/privatephoehtaung

နောင်ချို တောင်ခမ်း မန္တလေးတိုင်း နွားထိုးကြီး ဒီနေ့ရန်သူတွေဝင်တိုက်နေကြပြီ။ မန္တလေး၊ ပြင်ဦးလွင်ကို ဖြတ်တောက်ပိတ်ဆို့ဖို့ ဗျူဟာကျကျ တိုက်ကွက်ဖော်နေတာပါ။ https://t.me/privatephoehtaung

သိမ်းဆည်းရမိ သံချပ်ကားတွေ ရန်သူသုံးနေပြီ။ ဒါတွေက လမ်းမကြီးတွေပေါ်ကလွဲပြီး ဆင်းစရာမရှိ။ ထောက်လှမ်းပြီး လင်းယုန်အစာကောက်ဖို့ လွယ်ပါတယ်။ https://t.me/privatephoehtaung

တပ်ချုပ်ကြီး ပြောခဲ့တဲ့ KNU တပ်မဟာ ၃ ပဲခူးတိုင်းအတွင်း တိုက်ကွက်ဖော်လာပြီ။ ဇရပ်ကြီး ခလရ ၇၃ ကို ဝင်တိုက်မယ်လို့ ရေမွှေးရနေပါတယ်။ သတင်းကြိုရလို့ ပြင်ဆင်မှုအားကောင်းမယ် မျှော်လင့်မိပါတယ်။ https://t.me/privatephoehtaung

တရုတ်စွက်ဖက်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီပုံလေးကို profile ပြောင်းကြမယ်လေ အမျိုးတို့ရေ https://t.me/privatephoehtaung
တရုတ်စွက်ဖက်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီပုံလေးကို profile ပြောင်းကြမယ်လေ အမျိုးတို့ရေ https://t.me/privatephoehtaung

တပ်ချုပ်ကြီး ပြောခဲ့တဲ့ KNU တပ်မဟာ ၃ ပဲခူးတိုင်းအတွင်း တိုက်ကွက်ဖော်လာပြီ။ ဇရပ်ကြီး ခလရ ၇၃ ကို ဝင်တိုက်မယ်လို့ ရေမွှေးနေပါတယ်။ သတင်းကြိုရလို့ ပြင်ဆင်မှုအားကောင်းမယ် မျှော်လင့်မိပါတယ်။ https://t.me/privatephoehtaung

လားရှိုးကို UWSAအင်အားအလုံးရင်းဖြင့်လားရှိုးသို့ထပ်မံ ဝင်ရောက်လာ.... ဆီစွပ်မယ်ဆိုတာ သိသိလျှက်နဲ့ ငြိမ်ငြိမ်လေးနေမနာပါဘူး ခနလေးဘဲ ပြီးရင်နာတာလေးသက်သာပြီး အရသာဖီလ်းတွေ့သွားပါလိမ့်မယ်ဆိုတဲ့ "ဝ"ရဲ့ ချော့သံလေးတွေအောက်မှာ ဇာတ်မျောပြီး အဲ့ဆီစွပ်လဲအပြီး ဖီလ်းလဲတွေ့သွားရော .....ခုကအဲလိုပုံစံ

Repost from Naung Taw Lay
‌ဗဟိုဝန်ထမ်း တက္ကသိုလ်(ဇီးပင်ကြီး)မှာ သင်တန်းတက်ရောက်နေသော ဝန်ထမ်းများအား နေရပ်ပြန်ခွင့် ပြုစေလို (အိတ်ဖွင့်ပေးစာ) ဗဟိုဝန်ထမ်း တက္ကသိုလ်(ဇီးပင်ကြီး)မှာ သင်တန်းတက်ရောက်နေသော ဝန်ထမ်းများ ထိန့်လန့်လျှက်ရှိသော်လည်း နေရပ်သို့ ပြန်လည် စေလွှတ်ခြင်းမရှိသည့် အ‌ခြေအနေနှင့် ကြုံတွေ့နေရပါတယ်။ အကြမ်းဖက်သမားများရဲ့ ပစ်မှတ်ဖြစ်လာနိုင်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီပင်ကြီး) မှာ တက်ရောက်နေ့တဲ့ သင်တန်းသား/သူ များမှာ စိုးရိမ်၊ ထိန့်လန့်နေကြရပါတယ်။ ပြင်ဦးလွင်မှာ စစ်ဘေးကြို‌ရှောင်ကြသူတွေ များလာတဲ့ ကာလမှာ ဇီပင်ကြီးမှာတော့ နိုင်ငံဝန်ထမ်းတွေ မိမိနေရပ်ကို ပြန်ခွင့်မရဘဲ သင်တန်းဆက်လက်တက်ရောက်နေရပါတယ်။ ဝန်ထမ်းတွေရဲ့ အသက်တွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေကို ဘာလို့ လောင်းကြေးထပ်နေကြတာလဲ။ ဒီသင်တန်းတွေက နယ်မြေအေးချမ်းသွားရင် လုပ်လို့မရဘူးလား။ သင်တန်းတက်ရောက်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ အသက်အာမခံချက်ကို ဘယ်သူက ပေးမှာလဲ ဆိုတာ သိချင်မိပါတယ်။ နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း ခြိမ်းခြောက်မှုများ ရှိနေတဲ့ ကာလမှာ ဝန်ထမ်းများရဲ့ စိုးရိမ်သောကကို အလေးထား စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်စေဖို့ အလေးထား တင်ပြလိုပါတယ်။ ဝန်ထမ်းမိသားစုဝင်တစ်ဦး https://www.mmnationalpost.com/2024/08/blog-post_60.html

မူဆယ် တရုတ်နယ်စပ်မြို့ မူဆယ်က နယ်စပ်နဲ့ ကပ်နေတဲ့ ကုန်သွယ်ရေးမြို့ဖြစ်လို့ တရုတ်က တိုက်ခွင့်မပြုထားပါ။ သောင်းကျန်းသူတွေ ဝိုင်းရုံပဲဝိုင်းထားတာကြာပါပြီ။ မနေ့က တယုတ်အထူးကိုယ်စားလှယ်လာပြီး မီးစိမ်းမီးဝါ ဘာတွေပြလိုက်လဲတော့ မသိ။ တိုက်ပွဲစနေပါပြီ။ မူဆယ်မှာ တပ်မ ၉၉ တစ်ခုလုံးရှိနေလို့ ထီလာသား‌တွေ သွေးရဲကြောင်းမြင်ရမှာပါ။ ခဲယမ်း၊ လေကြောင်းပစ်ကူ ပေးနိုင်ဖို့ပဲလိုမယ်။ တစ်ခုတော့ရှိတယ်။ မူဆယ် ပြည်သူ့စစ် ဘယ်အဖွဲ့မှ ယုံဖို့မသင့်ပါ။ စီးပွားရေးအရ ဖွဲ့ထားတဲ့အဖွဲ့တွေဖြစ်ပြီး ကျားဖြန့်တွေမှာ ပတ်သက်မှုရှိတယ်။ သောင်းကျန်းသူတွေနဲ့လဲ အဆက်အသွယ်လုပ်ထားတယ် သတင်းထွက်နေတယ်။ နောက်ကျောကထိုးတဲ့ဓား ပိုနာလို့ မပေါ့ဖို့ ဖိုးထောင် သတိပေးပါရစေ။ https://t.me/privatephoehtaung

တပ်မတော်ကို သွေးခွဲတယ်တော့ မထင်နဲ့။ တိုင်းပြည်ချစ်တဲ့ မျိုးချစ်ဆရာတော်ပြောသွားတာ အမှန်တွေကြီးပဲ။ ဒီခေါင်းဆောင် ဒီမူဝါဒနဲ့တော့ တပ်မတော်ဆိုတဲ့ ကျွန်တော်တို့ချစ်တဲ့ အဖွဲ့အစည်း ပျက်သုန်းသွားလိမ့်မယ်။ တပ်မတော်ကို ကယ်တင်မဲ့သူ လိုအပ်နေပြီ။ https://t.me/PaukSayartaw/715

မျောက်သုံးကောင် က စာထုတ်တောင်းဆိုပြီးနောက် ကြားမိရသလောက်တော့ မြောက်ပိုင်းအဖွဲ့တွေဆီပေးဖို့ လေယာဉ်ပစ်တွေ UWSA ဆီရောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ UWSA ဆီကို အဓိကထား ရောက်နေတာ ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့ဆီ ဘယ်ချိန် ပေးမှာလဲ၊ မပေးသေးဘူးလား ဆိုတာတော့ မသိနိုင်ပါ။ လားရှိုးကို သိမ်းပိုက်ပြီးချိန် UWSA က လေယာဉ်ပစ်တွေ တင်ဆောင်လာပြီး လားရှိုးကို ရောက်ရှိလာတယ်လို့လဲ သတင်းထွက်ဖူးပါတယ်။ ရမခကျပြီး ယခုအချိန်ထိ လားရှိူးကို ဗုံးကြဲခြင်းမရှိသေးပါ။ https://t.me/privatephoehtaung

缅甸是主权国家,中方无意访问缅甸、干涉缅甸事务。 缅甸人民不能接受关于缅军彻底消灭北方三派的讨论 军方接受攻击,直至中国边境的所有武装力量停止 မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သောကြ
缅甸是主权国家,中方无意访问缅甸、干涉缅甸事务。 缅甸人民不能接受关于缅军彻底消灭北方三派的讨论 军方接受攻击,直至中国边境的所有武装力量停止 မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လာရောက်၍ မြန်မာနိုင်ငံအရေးအား ဝင်ရောက် စွက်ဖက်ခြင်းအား အလိုမရှိပါ မြောက်သုံးကောင်အား တပ်မတော်က အပြီးတိုင် ချေမှုန်းခြင်းအပေါ် လာရောက်ဆွေးနွေးခြင်းအား မြန်မာနိုင်ငံသားအနေနဲ့ လုံးဝ လက်မခံနိုင်ပါ တရုတ်နိုင်ငံ နယ်စပ်က လက်နက်ကိုင်မှန်သမျှ ချုပ်ငြိမ်းတဲ့အထိ တပ်မတော်က တိုက်ခိုက်ခြင်းအား လက်ခံပါသည်။ https://t.me/privatephoehtaung

တရုတ်ပြည်ကို ခဏသွားတော့ သတိထားမိတဲ့အချက်က ဌာနတွေမှာ အကြီးအကဲတွေက အရွယ်လွန်တွေ။ ဒါပေမယ့် သူတို့က ရုပ်ပြလောက်ပဲ။ တကယ်ကြောက်စရာကောင်းအောင် ထက်မြက်တာက ဒုတိယလူတွေ။ သူတို့ကို ဘယ်လိုလေ့ကျင့်ထားတယ်မသိဘူး။ ကိုယ်တွေပါးစပ်အဟောင်းသားဖြစ်ရတယ်။ တရုတ်တွေအင်္ဂလိပ်စာ မကောင်းဘူးမထင်နဲ့ အဲ့ဒီလူတွေစကားပြောနေတာ ရုပ်မမြင်ရရင် အမေရိကန်လာပြောနေတယ်ထင်ရတယ်။ သူတို့က ဌာနကို ဦးဆောင်ကွပ်ကဲတာပါပဲ။ အဲ့ဒီဒုတိယလူတွေနားမှာ တပည့်လေးတွေ အနည်းဆုံး လေး ငါး ယောက်ပါတယ်။ ၂ဝ ကျော် ၃ဝ အရွယ်လေးတွေ။ ညစာစားပွဲလုပ်တော့ တရုတ်အဖွဲ့တွေက ကျွန်တော့်နားမှာ အဲ့ဒီကလေးတစ်ယောက်ကို နေရာလာချတယ်။ ခင်ဗျားအင်္ဂလိပ်လို ပြောချင်ရင် ပြောလို့ရအောင်ပါတဲ့။ ငတိလေးက အင်္ဂလိပ်လို သိပ်ကောင်းတယ်။ ကျွန်တော်က သူတို့ပြည်နယ်ကို စိတ်ဝင်စားကြောင်း မြန်မာပြည်အနေအထားနဲ့ ဆင်တူကြောင်း ပြောတော့ သူက တစ်လုံးချင်းထောက်တော့တာပဲ။ နည်းနည်းရင်းနှီးလာတော့ မင်းက အင်္ဂလိပ်စာသိပ်ကောင်းတယ် ဘယ်မှာသင်ခဲ့လဲဆိုတော့ ပီကင်းတက္ကသိုလ်မှာ သင်တာပါတဲ့။ ဟုတ်လား ငါက ပါရဂူဘွဲ့အတွက်ပြင်ဆင်နေလို့ မင်းတို့ပြည်နယ်အကြောင်း စိတ်ဝင်စားတယ်လို့ပြောတော့ ကျွန်တော်က ခင်ဗျားတို့ယဉ်ကျေးမှုအကြောင်းအထူးပြုပြီး ပီကင်းတက္ကသိုလ်မှာ PhD ယူထားတာဗျ ဒါကြောင့် ခင်ဗျားပြောတာတွေကို တစ်ခုချင်းပြန်မေးနေတာတဲ့။ ဟိုစကားပြန်ကလေးမဆိုရင် မြန်မာဘာသာနဲ့ မဟာဝိဇ္ဇာယူထားတာတဲ့။ မောင်လင်းတစ်ယောက် ပါးစပ်ပိတ်သွားပြီး သူတို့ရှေ့မှာ စကားအပိုမပြောရဲတော့ပါ။ ပြောချင်တဲ့အချက်က သူတို့နိုင်ငံဟာ လူကြီးတွေရဲ့ နေရာကို ဆက်ခံဖို့ ထက်မြက်တဲ့ လူလတ်ပိုင်းတွေ အဆင်သင့်ရှိနေပြီ။ ဒီလူလတ်ပိုင်းတွေကို အဆင့်မြင့်ပညာတတ် လူငယ်တွေက ဝန်းရံထားပြီး ဆက်ခံဖို့အဆင်သင့်ဖြစ်နေပြီ။ မျိုးဆက်တစ်ဆက်ထက် နောက်တစ်ဆက်က ပိုတော်နေတယ်။ မြန်မာပြည်ကလာတဲ့လူနားကို မြန်မာပြည်အကြောင်း ကျွမ်းကျင်သူက အဆင်သင့်ရောက်နေတယ်။ သူတို့ကို လျော့မတွက်နဲ့ အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ မြွေပွေးလေးတွေ။ ကိုယ်တွေမှာတော့ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပိုညံ့လာတယ်။ ကိုယ့်ဆရာတွေကို ကိုယ်ကမမီတော့ဘူး။ ဒီတော့ သူတို့ကို အမီလိုက်ဖို့ အသာထား ပိုဝေးမသွားအောင် ခြေကုန်ထုတ်မှရလိမ့်မယ်။ Crd https://t.me/privatephoehtaung