တပ်သားလေး ဖိုးထောင် 🇲🇲🪖
رفتن به کانال در Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
نمایش بیشتر8 250
مشترکین
-824 ساعت
-407 روز
-15930 روز
آرشیو پست ها
မန္တလေး-လားရှိုးလမ်းပေါ် ဝအလံထောင်ထားတဲ့ ကိုးကန့်ယူနီဖောင်းဝတ် စစ်သားတွေ စစ်ချီလာနေတယ်။
တတိယလှိုင်း အသံပေးပြီး ဒီတစ်ခါတော့ UWSA ပါ ပေါ်ပေါ်ထင်ထင် ပါလာလောက်တယ်။ ဝတပ် လှုပ်ရှားမှုတွေ အရမ်းများပြီး ရှမ်းပြည်နယ်အနှံ့မြင်နေရပါတယ်။
တပ်မတော်ဖက်ကရော ဘာတွေ ပြင်ဆင်ထားလဲ စောင့်ကြည့်ရမယ်။ ဗေထိဆိုရင် ရွှေဘပဲ မပြင်မဆင် ခံရလွန်းလို့ အများကြီး မမျှော်လင့်ရဲတာတော့ ဝန်ခံပါရစေ။
ဖိုးထောင်
https://t.me/privatephoehtaung
Repost from View of Sue
မြင်းခြံပသစ ခေါင်းဆောင်ကိုတော့
တကယ်လေးစားတယ်
လက်အောက်ငယ်သားတွေကို တန်ဖိုးထားတဲ့ ခေါင်းဆောင်
မျက်နှာကလည်း တကယ်စိတ်မကောင်းဖြစ်နေပုံပဲ
ဒါမျိုးကျ ခေါင်းဆောင်အတွတ် အသက်ပေးရရင်ကို တန်ပါတယ်
တချို့တွေ လက်အောက်ငယ်သားတွေကျဆုံးနေချိန်မှာ ဘယ်လိုမျက်နှာမျိုးနဲ့ ရှိနေခဲ့လဲ။
နိုင်ငံခြားကြေးစားစစ်သားတွေ -င်လာချနေတာကို ထုတ်ပြောခွင့်မရတာလား
https://t.me/privatephoehtaung
ကျနော်ကိုယ်တိုင်လနဲ့ချီဆေးရုံတက်ခဲ့ရလိုကိုယ်တွေဖြစ်ရပ်မှန်တွေပါ၊ တပ်မတော်သားတစ်ယောက်အနေနဲ့ဒီစာတွေကိုမရေးချင် မပြောချင်ပေမယ့် အောက်ခြေမှာဘယ်လိုတွေဖြစ်ပျက်နေတယ်ဆိုတာသိအောင် သက်ဆိုင်ရာလူကြီးတွေအနေနဲ့အောက်ခြေအထိဆင်းပြီးစီစစ်ကြပ်မတ်ပေးစေချင်လို့ မဖြစ်သင့်တာတွေကိုမဖြစ်စေချင်လို့ တပ်မတော်သားမိသားစုတွေအပေါ်မှာစေတနာအပြည့်နဲ့အလေးအနက်ထားတန်ဖိုးထားစေချင်လို့ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်ဗျာ၊ လူကြီးတွေကတော့တပ်မတော်သားတွေနှင့်မိသားစုတွေအဆင့်မြင့်စွာဆေးကုသပေးစေချင်လို့စေတနာတွေအပြည့်နဲ့စစ်ဆေးရုံအတွက်ခေတ်မှီစက်အသစ်ကြီးတွေကိုနိုင်ငံခြားကနေဒေါ်လာတွေနဲ့ဝယ်ပေးထားခဲ့ကြတာပါ .. ကျနော်က In Service တပ်မတော်သားတစ်ယောက်မို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်မှန်လေးတွေကိုပြောပြပါရစေ၊ ကျနော်ဟာကျန်းမာရေးကြောင့်အမှတ်(--)တပ်မတော်ဆေးရုံကြီးမှာ(၁)လကျော်ဆေးကုသမှုတွေခံယူခဲ့ရပါတယ်၊ ယခင်ကလည်းအကြောင်းအမျိုးမျိုးကြောင့်တပ်မတော်ဆေးရုံကြီး(ကုတင်-၁၀၀/ကုတင်-၃၀၀/ကုတင်-၅၀၀/ကုတင်-၁၀၀၀)တွေကိုခဏခဏရောက်ခဲ့ဖူးလို့တပ်ဆေးရုံတွေအကြောင်းနောကျေနေအောင်သိရှိထားခဲ့တာပါ၊ အခုလိုကျနော်တို့တပ်မတော်မိသားစုဝင်တွေနှင့်စစ်မှုထမ်းငြိမ်းတွေကိုဆေးကုသခွင့်မပေးဘူးဆိုတာသိလိုက်ရလို့စိတ်ထဲမှာဘယ်လိုမှမခံစားနိုင်လို့ဒီအဖြစ်မှန်တွေကိုပြောပြလိုက်ရတာပါ။
တပ်မတော်ဆေးရုံတွေဆိုတာတပ်မတော်သားတွေ မိသားစုတွေ တွေအတွက်လူကြီးတွေကတည်ဆောက်ပေးပြီးနိုင်ငံတော်စရိတ်(ကာကွယ်ရေးအသုံးစရိတ်)တွေနဲ့ထူးချွန်တဲ့အရာရှိ/စစ်သည်တွေကိုနိုင်ငံခြားမှာပညာတော်သင်စေပြီးပါရဂူဖွဲ့တွေယူခိုင်းခဲ့ကြတာပါ၊ အခုကတော့တပ်မတော်ဆေးရုံသာပြောတယ် အရပ်သားတွေအများဆုံးဆေးကုသနေကြတာကိုတွေ့နေရပါတယ်၊ ခွဲစိတ်ကုသရမယ့်အရပ်သားလူနာတွေကို ငွေကြေးမြောက်များစွာ(ခွဲစိတ်ကုသရမယ့်ရောဂါအမျိုးအစားပေါ်မူတည်၍ ငွေကိုသိန်းပေါင်းဆယ်ချီ/ရာချီတောင်းတာပါ)တောင်းယူ၍ဆေးကုသမှုတွေပေးနေကြပြီး ခွဲစိတ်လို့ပြီးရင်(၂)ရက်လောက်ပဲဆေးရုံတင်ထားပြီးတစ်ပါတ်တစ်ခါဆေးရုံကိုပြန်လာပြခိုင်းပါတယ်၊ ကိုယ့်စစ်သည်တွေဆိုရင်တော့အနာမကျစ်မချင်းဆေးရုံမဆင်းရပါဘူး၊ ဆေးရုံမှာအရပ်သားလား..? စစ်သားလား..? သိချင်ရင်လူနာကုတင်ကိုကြည့်ရင်သိနိုင်ပါတယ်၊ အရပ်သားတွေဆိုရင်လူနာကုတင်ပေါ်မှာအရပ်စောင်တွေခင်းပြီးသုံးထားသလို တပ်မတော်သား/မိသားစုတွေဆိုရင်ဆေးရုံကထုတ်ပေးတဲ့စစ်ပစ္စည်း(အိပ်ယာခင်း၊ခြုံစောင်၊ ခြင်ထောင်၊ စစ်တစ်ဘက်)တွေကိုအသုံးပြုထားပါတယ်၊ စစ်ဆေးရုံကWardတွေကအရာရှိတွေ၊ ပါရဂူတွေ၊ သူနာပြုတွေဆိုရင်ကားတွေဝယ်ပြီးသူဌေးတွေဖြစ်နေကြပါပြီ၊ စစ်ဆေးရုံကဆရာဝန်/ပါရဂူ/သူနာပြုတွေက ငွေတွေရမယ့်အရပ်သားတွေကိုပြောဆိုဆက်ဆံရာမှာပြုံးချိုစွာဆက်ဆံတတ်ပြီး ကိုယ့်စစ်သည်/မိသားစုတွကိုကျတော့ဆူပူကြိမ်းမောင်းအော်ဟစ်နေကြပါတယ်၊ စစ်ဆေးရုံဆိုပေမယ့်စစ်သည်/မိသားစုတွေအတွက်စမ်းသပ်ခတွေ၊ ခွဲစိတ်ကုသခတွေမပေးရပေမယ့်ဆေးဝါးတွေကိုတော့စစ်ဆေးရုံဝန်းထဲကဆေးဆိုင်တွေမှာပဲဆေးတွေကိုဝယ်ယူအသုံးပြုနေကြရတာပါ၊ တပ်မတော်စစ်ဆေးရုံတွေမှာအရပ်သားတွေကိုအခကြေးငွေယူပြီးဆေးကုသရမယ်လို့ တပ်မတော်မှာညွန်ကြားထားတဲ့အမိန့်တွေကိုထုတ်ပြန်မထားပါဘူး၊ သက်ဆိုင်ရာစစ်ဆေးရုံကတပ်မှူးတွေဟာလက်အောက်ကအရာရှိတွေ Wardတွေကပါရဂူတွေနှင့်ပေါင်းပြီးလုပ်စားနေကြတယ်လို့ပဲထင်မြင်သုံးသပ်မိပါတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေကို တပ်မတော်စာရင်းစစ်ရုံး(ကကစစ်)ကနှစ်တိုင်းစာရင်းတွေစစ်ဆေးနေကြပေမယ့် သက်ဆိုင်ရာတပ်မှူးများမှတပ်စစ်တွေကိုငွေတွေပေးပြီးရှင်းထုတ်နေကြလို့ တပ်စစ်ကသူတောင်းစားတွေကလဲစာရင်းတွေကိုသေချာမစစ်တော့ပဲ အပေါ်ယံသဘောလောက်ပဲစစ်ပြီးလက်မှတ်ထိုးသွားတယ် တပ်တွေကကျွေးမွေးဧည့်ခံတဲ့အစားအသောက်တွေကိုစားသောက်ပြီးပြန်သွားကြပါတယ်၊ ဒါတွေကမြေပြင်မှာအမှန်တစ်ကယ်ဖြစ်ပျက်နေတဲ့အမှန်တရားတွေပါ၊ မယုံရင်တပ်တွေကရုံးပိုင်းဆိုင်ရာတွေနဲ့နီးစပ်တဲ့တပ်မတော်သားတွေကိုရင်းနှီးရင်မေးကြည့်ကြပေါ့ဗျာ၊ တပ်မတော်ထဲမှာကျနော်အမြဲတမ်းပြောနေကျစကားရှိတယ် "တပ်မတော်ကြီးကိုချစ်တယ် တပ်မတော်ကြီးကကောင်းတယ် မူတွေကကောင်းတယ်၊ လူတွေကမကောင်းတာပါ" လို့ပဲ💚👮🇲🇲👮💚
Credit
https://t.me/privatephoehtaung
ဇန်ဝါရီလ ၁၅ ရက်နေ့ ယနေ့မနက်
ကျောက်ဂူဖက်မှာ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်ပါတယ်။
TNLA ရဲ့ မဟာမိတ် ဓနုပဒက် DPLA နဲ့ တောင်ခမ်းကို စစ်ကူရိက္ခာပို့တဲ့ တပ်မတော်စစ်ကြောင်း တိုက်ပွဲဖြစ်တာပါ။
ရပ်စောက်-အင်တော-ကျောက်ဂူ လမ်းပိုင်းကို SSPP က လုံခြုံရေး ယူပေးထားပါတယ်။ တပ်မတော်စစ်ကြောင်းများ လုံခြုံစွာဖြတ်သန်းနိုင်ပါတယ်။
သို့သော် ဖြတ်သန်းသမျှ တဖက်အဖွဲ့အစည်းများထံ သတင်းအကုန်ပေါက်ပါတယ်။ ဒီအခြေအနေက ရှုပ်ထွေးပါတယ်။
တပ်မတော်ဖက်က တခြားစစ်မျက်နှာတွေမှာ ရှုပ်နေတဲ့အတွက် တောင်ခမ်းမှာ အသာရပေမဲ့ ရှေ့ဆက်မတိုးဖြစ်သေးပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး တကြော့ပြန်ပိတ်ဆို့တိုက်ခိုက်ဖို့ ကြိုးစားနေတာပါ။
ဖိုးထောင်
https://t.me/privatephoehtaung
နီပိန်းတွေကသာ အမေရိကန်စစ်တပ်ကြီး လာတိုက်ပေးပါဆိုပြီး မျှော်နေကြတာ။ ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရန့် က အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်သွင်းထားတဲ့သူက အာဆီယံအဖွဲ့ထဲမှာ ဘယ်နိုင်ငံတွေပါတယ်ဆိုတာတောင်မသိဘူး။ မြန်မာဆိုရင် ကြားဖူးပါ့မလားတောင်မသိဘူး။ 😂
ထရန့်လက်ထက်တော့ နီပိန်းတို့တွေ တပြားမှ မရပဲ ပြန်ပြေးလာရတော့မယ်။
ကရင်ကျားဖြန့်
ဒီနှစ်ထဲမှာ ကရင်ပြည်နယ်ထဲမှာ ထူးခြားမှုကြီးလိမ့်မယ်။
တရုတ်က ကျားဖြန့်တွေကို ရှင်းကိုရှင်းမှာပါ။ ဘယ်အဖွဲ့ကို သုံးပြီးရှင်းမလဲသာ စောင့်ကြည့်ရမယ်။
ကျားဖြန့်နဲ့ ဆက်နွယ်နေတဲ့ စောချစ်သူရဲ့ KNA နဲ့ BGF တွေတော့ အတော်အထိနာတော့မယ်။ တပ်မတော်ရောယောင်ပြီး မပါသွားစေဖို့နဲ့ KNU NUG တွေ ရောပြီးအရှင်းခံရဖို့ ပါးပါးနပ်နပ် ကစားကွက်ထုတ်တတ်ဖို့ လိုပါလိမ့်မယ်။
ဖိုးထောင်
https://t.me/privatephoehtaung
■ ရခိုင် သူပုန်နယ်မြေက ကုန်ဈေးနှုန်းများအထူးမြင့်တက်နေ
(ကြက်သွန်နီ နှစ်လုံးကို ကျပ် ၅၀၀ နှင့်အထက်ကိုပေးပြီး ဝယ်ယူနေရ)
AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်မှာ တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးရွားလာကြောင်း ဒေသခံများမှ ပြောသည်။
ကုန်ပစ္စည်းသယ်သူများနှင့် ဈေးဆိုင်သည်များမှာ သတ်မှတ်ထားသော ဈေးနှုန်းများမရှိဘဲ အခြေအနေအပေါ်မူတည်ပြီး ဈေးမြှင့်တင်ရောင်းချခြင်းကြောင့် ရခိုင်သူပုန်နယ်မြေက ကုန်ဈေးနှုန်းများမှာ ကျလာခြင်းမရှိဘဲ တက်လာသည်ကိုပဲ တွေ့ရသည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက ပြောသည်။
"ကုန်သည်တွေရော၊ ဈေးဆိုင်သည်တွေရော လူအခြေအနေကြည့်ပြီး ကြုံရင်ကြုံသလို ဈေးမြှင့်တင် ရောင်းကြတယ်။ ဦးရာလူစနစ်နဲ့ ဈေးမြှင့်တင်ရောင်းနေကြတယ်။ ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဈေးဆိုင်ခန်းမှာ အရင်ဆုံး ရောင်းနိုင်တဲ့ ကုန်သည်တွေက ဈေးအကြီးကြီးနဲ့ ရောင်းသွားတယ်။ ဈေးဆိုင်တွေကလည်း မြှင့်လိုက်ကြတယ်။ အဲဒီမှာ ဈေးတွေကြီးရော။ သတ်သတ်မှတ်မှတ်ဈေးမရှိဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဒါကို အလေးထားတာမတွေ့ရဘူး" ဟု ပြောသည်။
ဆီ၊ ကြက်သွန်နီ/ဖြူ၊ ဟင်းချိုမှုန့် စသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များ၊ ဆေးဝါးများမှာ ဈေးမြင့်တက်နေဆဲဖြစ်ပြီး ULA/AA ၏ အုပ်ချုပ်ရေးအဖွဲ့က သေချာကြပ်မက်ခြင်းမရှိခြင်းကြောင့်ဟု ထောက်ပြသူတစ်ဦးက ပြောသည်။
"ကုန်ဈေးနှုန်းကြီးနေတာ အရမ်းကြာနေပြီ။ အခုထိ တည်ငြိမ်တဲ့ ဈေးနှုန်းတစ်ခုကို မလုပ်ပေးနိုင်သေးဘူး။ ပြည်သူတွေက ကုန်ဈေးနှုန်းကြောင့် တော်တော် ဒုက္ခရောက်နေရပါတယ်။ ကြက်သွန်နီ နှစ်လုံးကို ကျပ် ၅၀၀ ပေးနေရပြီ ဘယ်လို ရေရှည်မှာ ဘယ်လို စားသောက်နေထိုင်ကြမလဲ။ အခု ဖုန်းလိုင်း၊ အင်တာနက်ကလည်းမရ နိုင်ငံခြားက အမျိုးသားဆီကလည်း ပိုက်ဆံမဝင်ဘူး။ ရှိတဲ့ဟာနဲ့ အဆင်ပြေသလို စားသောက်နေထိုင်နေရတယ်။ ကြာရင် ထမင်းငတ်ဖို့ပဲ ကျန်တော့တယ်" ဟု ပြောသည်။
စားသုံးဆီ တစ်ပိဿာ ကျပ် ၂၅၀၀၀ ကျော်၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ အတွင်း၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၃၀၀၀၀ နီးပါး စသဖြင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေပြီး အဝတ်အထည်များမှာလည်း ၃၀၀၀ ဝန်းကျင် ဝတ်စုံတစ်စုံကို ၃၀၀၀၀ ဝန်းကျင်ပေးနေရကြောင်း သိရသည်။
ထို့အပြင် ဒေသထွက် ငရုပ်သီးခြောက် တစ်ပိဿာ ကျပ် ၄၂၀၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၁၈၀၀၀၊ အိန္ဒိယ ဆီ တစ်လီတာ ကျပ် ၁၂၀၀၀နှင့် အာလူး တစ်ပိဿာ ကျပ် ၈၀၀၀ ကနေ ၁၀၀၀၀ ကြား၊ ကြက်သား တစ်ပိဿာ ကျပ် ၇၂၀၀၀ အထိ ရှိနေကြောင်း သိရသည်။
သူပုန်နယ်မြေက ကုန်သည်များမှာ အိန္ဒိယ၊ စစ်ကိုင်း၊ ရန်ကုန် (ရေကြောင်း)နှင့် ချင်းပြည်က တစ်ဆင့် ကုန်သွယ်မှုပြုလုပ်ကြပြီး ကုန်သည်များထဲတွင် AA ၏ နယ်မြေတာဝန်ရှိသူများ၏ ဇနီးများ ပါဝင်ပတ်သက်နေပြီး ကုန်နှင့် ကုန်ဈေးနှုန်းများကို ချုပ်ကိုင်ထားကြောင်း ဒေသခံအချို့က ပြောဆိုထားကြသည်။
"အခု ရခိုင်မှာ အလုပ်အဖြစ်ဆုံးက ကုန်ချတာပဲ။ ဘယ်ကုန်ပဲချချ စီးပွားဖြစ်ကြတယ်။ အရမ်းမြတ်ကြတာကို။ ကျပ်သိန်း ၅၀၀ ရင်းနှီးရင် ကျပ်သိန်း ၁၀၀၀ လောက်ကို မြတ်တာ။ ကုန်ချတဲ့အထဲမှာ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့ ဇနီးမယားတွေ ပါကြတယ်။ ရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် စသဖြင့်ပေါ့။ နိုင်ငံရေးမှူးတွေရဲ့ ဇနီးမယားတောင်ပါကြတာရှိတယ်" ဟု နေရပ်နှင့် အမည်မဖော်လိုသေည့် ဒေသခံတစ်ဦးက ပြောသည်။
ချင်းပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ရရှိရေး အတွက် AA ၏ နယ်မြေတာဝန်ရှိသူများကို အောက်ဈေးဖြင့် သိန်းချီပေးနေရကြောင်း စုံစမ်းသိရသည်။
ယင်းကဲ့သို့ ပေးနေရာမှုအတွက်ကြောင့် တစ်ဖက် ကုန်စည်များမှာ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းကဲ့သို့ နယ်မြေတာဝန်ရှိသူများ လုပ်ဆောင်နေမှုများ ကြပ်မတ် အရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။
"ပြည်မဖက်ကို ဘယ်မှ ကုန်သွယ်လို့ မရကြဘူး။ ချင်းပြည်ဖက်ကိုသွားတယ်။ အိန္ဒိယကို သွားတယ်။ ပြီးတော့ ဘင်္ဂလားဖက်ကို သွားကြတယ်။ AA က တောင်းတဲ့အကောက်ခွန်ကို ဘာမှ မပြောလိုဘူး။ ဒါက ပေးရမှာပဲ။ ဒါပေမယ့် အောက်ခြေ နယ်မြေတာဝန်ရှိသူတွေတစ်ချို့က အဲ့ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာတွေရှိတယ်။ ကုန်သွယ်ခွင့်မပြုဘဲ ပိုက်ဆံ သိန်းချီတောင်းနေတာရှိတယ်။ ကျနော်တို့ကိုယ်တိုင် ပေးခဲ့ရတယ်။ ဖြတ်ပိုင်းတောင်းလို့လည်းမပေးဘူး။ သူတို့ မရင်းနှီးတာလည်းပါတာကို။ အားလုံးကုန်သွယ်မှုတွေကို တစ်ပြေးညီသွားဖို့လိုတယ်။ ဟိုလူကျတော့ ကုန်သွယ်ခွင့်မပေးဘူး။ ဒီလူကျတော့ပေးတယ်။ အဲ့လိုတော့ လုပ်တာမကောင်းဘူး"ဟုပြောသည်။
ထို့အပြင် ချင်းပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ကုန်သွယ်ခွင့် ရသူများမှာလည်း AA ၏ နယ်မြေတာဝန်ရှိသူများနှင့် နီးစပ်သူများကို ထုတ်ပေးနေပြီး အခြား စီပွားရေးလုပ်ငန်းရှင်အချို့မှာ ခက်ခဲနေကြောင်း ကုန်သည်များက ပြောဆိုသည်။
https://t.me/privatephoehtaung
+1
ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် တပ်မတော် + PNO ပူးပေါင်းတပ်ဖွဲ့မှ PNLA သူပုန်များအား ရှင်းလင်းခဲ့။ PNLA ၅ ဦး အသေ၊ ၅ ဦးအရှင်ရ။
https://t.me/privatephoehtaung
Repost from Gyar Nuu (ဂျာနူး)✍️
+1
နိုင်ငံချစ်လျှင် အမျိုးချစ်ရ၏
အမျိုးချစ်လျှင် နိုင်ငံချစ်ရ၏ ..
-
သန်းချီတန်တဲ့ ငါ့အိမ်ကိုသာ
မီးထဲ အပါခံမယ် ..
-
ငါချစ်တဲ့ နိုင်ငံတော်အလံဟာ
ငါ အသက်ရှင်နေသမျှ
ငါနဲ့ အတူရှိနေရမယ် ..
-
ဒါဟာ ငါ့ရဲ့ မျိုးချစ်စိတ်ပဲ
ဒါဟာ ငါ့ရဲ့ နိုင်ငံချစ်စိတ်ပဲ .. 👍
(Crd)
သာကီမျိုးဟေ့ .. တို့ဗမာ
အငြိမ်းစားစစ်သည်မိသားစုများသိထားရန်
အငြိမ်းစားစစ်သည်များအသက်အရွယ်ကြီးရင့်၍သော်လည်းကောင်း၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့်သော်လည်းကောင်းဘဝတစ်ပါးပြောင်းသွားလျှင်
ကျန်ရစ်သူ အမွေစားအမွေခံမိဘ/ဇနီး/သားသမီးစသည်များသည် အငြိမ်းစားစစ်သည်၏ပင်စင်လစာတစ်စိတ်တစ်ပိုင်းကို ဆက်လက်ခံစားရန်အခွင့်ရှိပါသည်။
မည်မျှရရှိမည်သိရှိရန် လက်ရှိအငြိမ်းစားစစ်သည်ခံစားနေသော ပင်စင်လစာမှ ၃၀၀၀၀-ကျပ်ကိုနုတ်ပါ၊ ကျန်ငွေကို ၀•၆၆၆ ဖြင့်မြှောက်ပြီး ၃၀၀၀၀-ကျပ်ပြန်ပေါင်းလျှင်အမွေခံကဆက်လက်ခံစားရမည့်ပင်စင်လစာဖြစ်ပါသည်။
ဥပမာ-အငြိမ်းစားစစ်သည်သည်ပင်စင် ၂၃၀၀၀၀-ကျပ်ရသည်ဆိုလျှင် ၎င်းမှ ၃၀၀၀၀-ကျပ်နုတ်ပါက ၂၀၀၀၀၀-ကျပ်ကျန်မည်၊
၎င်းကို ၀•၆၆၆ ဖြင့်မြှောက်လျှင် ၁၃၃၂၀၀ ရမည်၊ ၎င်းတွင် ၃၀၀၀၀-ကျပ် ပြန်ပေါင်းလျှင် ၁၆၃၂၀၀-ကျပ် သည်အမွေခံရရှိမည့်ပင်စင်ဖြစ်သည်။
DI Thameedaw 🇲🇲
https://t.me/privatephoehtaung
+1
PNO/PNLA စစ်ဦးစီးချုပ် ခွန်မြင့်အောင်မှ SSPP နဲ့ UWSA အား ပအို့ဝ်နယ်မြေများအား ကျူးကျော်လာတာကို ထွက်သွားဖို့ ၄၆ ရက် အချိန်ပေးလိုက်ပါတယ်။ မလိုက်နာရင် တပ်မတော်နဲ့ ပူးပေါင်းပြီး ချေမှုန်းသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ရုံးထိုင်မဲ့ NUG ရုံးချုပ် အခိုင်အမာ တည်ဆောက်ပြီးစီးသွားပြီဟုသိရသည်။
ကုန်ကျငွေ ဒေါ်လာ ၁ ဘီလျံခန့်ကုန်ကျသဖြင့် ထပ်မံခွက်ခေါက်ရှာဖွေမည်ဟု သိရပါသည်။
လိုင်းပေါ်မှာတော့ ရှယ်ဆဲခဲ့တာပဲ
အပြင်မှာတွေ့တော့ လက်လေးတွေရှေ့ပစ်ပြီး သွားဖြဲလေးနဲ့ ပြန်လာခဲ့ရတယ် 😂
စစ်သတင်း
Repost from SittNweOo
စစ်တပ်နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့၊
ရခိုင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ ALP က တပ်မတော်နဲ့ ပူးပေါင်းကာ AA အဖွဲ့ကို တိုက်ထုတ်သွားမည် လို့ သိရတယ်၊
လက်ရှိမှာလည်း စစ်သင်တန်းပေးပွဲတွေ ကျင်းပ
နေကြတယ်၊ AA ကို မုန်းတဲ့ လူထု၊
ALP နဲ့ ပူးပေါင်းပြီး၊ လူထုကို ဒုက္ခပေးနေတဲ့ AA ကို တိုက်ထုတ်ကြပါ။
#SittNwayOo
Repost from D.I Thameedaw 🇲🇲
Breaking New
ကရင်ပြည်နယ် ( အတွင်း )
မဲကနယ် ပွဲကနေကြောင်း
သတင်းပေးပို့လာ။
ကရင်ပြည်နယ်မှာတွေ
စစ်ရေးတွေ တလှုပ် လှုပ် ပြန်
လည်း စတင်နေပါပြီ။
Good Luck တပ်မတော်
DI Thameedaw 🇲🇲
+2
မသီတာယုမွန် သေနတ်ကျန်ခဲ့ပြီး ထွက်ပြေးရတယ်ဆိုပြီး နီပိန်းတွေ ဖွနေကြလို့ပါ။
မသီတာယုမွန်က အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် ပေါ့ပါးတဲ့ M16 Carbine သေနတ်သာ ကိုင်ပါတယ်။ ကျန်ခဲ့တဲ့ သေနတ်ဟာ အမသေနတ်မဟုတ်ပါဘူး။
ဖိုးထောင်
https://t.me/privatephoehtaung
ကိုကျော်စိုးဦးကို ထိန်းသိမ်းတဲ့ကိစ္စက မိုင်တိုင် ၂၆၂ သတင်းကို အမှန်အတိုင်း စောပြီးတင်ပြမိလို့တဲ့ဗျာ။
များတော့များသွားပြီ။ နစက က တိုင်းပြည်အေးချမ်းနေသယောင် မိမိကိုယ်ကိုလဲလိမ်၊ ပြည်သူကိုလဲ လိမ်ချင်နေပါတယ်။
သတင်းသမားတွေ ဖိနှိပ်မှု အကျိုးဆက်ကနေ နစက ကပဲ ရေးစေချင်တဲ့ သတင်းပုံစံအတိုင်းပဲ ချန်နယ်အားလုံးတင်ကြရင် သတင်းမှားတွေပဲ အားလုံးယုံကြည်ရတော့မဲ့ပုံပါ။
https://t.me/privatephoehtaung
ကိုကျော်စိုးဦး လုံခြုံစွာ အိမ်ပြန်ရောက်ရှိနေပါပြီ။ သတင်းတွေတော့ ခဏနားထားမယ့်ပုံပါ။
မကြာခင် သူကိုယ်တိုင် ပြောပြပါလိမ့်မယ်ဗျ။
https://t.me/privatephoehtaung
အညာသားတွေကို MNDAA တပ်ထဲထည့်ပြီး အမြောက်ပစ်သင်ပေးနေတယ်။ မကြာခင် အညာဆင်းလာမှာပဲ။ ကြပ်ကြပ်မတ်မတ်မလုပ်ရင်တော့ အမြောက်တွေပါ လက်ဆောင်ထည့်ပေးလိုက်မဲ့ပုံ။
လောက်ကိုင်ကို ဗုံးကြဲခဲ့တာလဲ ၁၀၂၇ တစ်နှစ်ပြည့်တဲ့ရက်မှာ ဟန်ပြတစ်ခါပဲကြဲပြီး ရပ်သွားခဲ့ပါပြီ။
https://t.me/privatephoehtaung
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
