တပ်သားလေး ဖိုးထောင် 🇲🇲🪖
رفتن به کانال در Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
نمایش بیشتر8 215
مشترکین
-624 ساعت
-287 روز
-16230 روز
آرشیو پست ها
🔻 ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက နယ်မြေတွေကို အသုံးပြု၍ “အရှေ့တီမောလို ခရစ်ယာန်နိုင်ငံ” ထူထောင်ဖို့ လူဖြူတွေက ကြံစည်နေတယ်ဆိုပြီး ပြောလာပါတယ်။ ဒီလူဖြူတွေက ဘယ်နိုင်ငံက ဖြစ်တယ်ဆိုတာကိုတော့ သူက မပြောပါဘူး။
🔻 ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဘင်္ဂလားဒေရှ့် ၁၄ ပါတီတွေ့ဆုံမှုမှာ ၀န်ကြီးချုပ် ဟာဆီနာက ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံခြားတိုင်းပြည်တခုက လေတပ်စခန်းဆောက်ဖို့ လူဖြူတွေဆီက ကမ်းလှမ်းချက်တခုရခဲ့တယ်၊ အပြန်အလှန်အားဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီရွေးကောက်ပွဲမှာ ဟာဆီနာတို့ပါတီ ပြန်လည်အရွေးခံရဖို့ လုပ်ပေးမယ်ဆိုပြီး ပြောလာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။
🔻 ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ မတိုင်မီကတည်းက ၀န်ကြီးချုပ် ဟာဆီနာနဲ့ အမေရိကန် ဆက်ဆံရေး တင်းမာနေခဲ့တာပါ။ အမေရိကန်ဘက်ကလည်း ရွေးကောက်ပွဲတွေ တရားမျှတမှု သက်ဆိုင်သူတွေအားလုံး ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ တိုက်တွန်းခဲ့ပေမဲ့ ဟာဆီနာဘက်က သမ္မတ ဘိုင်ဒန်လည်း ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ခွန်းတုန့်ပြန်ခဲ့ပါတယ်။
နစက
အုပ်ချုပ်သည်ဖြစ်စေ
မအုပ်ချုပ်သည်ဖြစ်စေ
တော်လှန်ရေး
နိုင်သည်ဖြစ်စေ
မနိုင်သည်ဖြစ်စေ
ကလေးတွေ
အနာဂတ်မှာ
နစကလည်း ရှိမှာမဟုတ်တော့သလို
တော်လှန်ရေး တွေ nug တွေလည်း
မရှိတော့ပါ။
ကလေးတွေအနာဂတ်မှာ
ကလေးတွေ ကြီးလာကြမှာဖြစ်သလို
လူ့အဖွဲ့အစည်း လည်း
ရှိနေမှာပါ။
ပညာရေးထက်သာတဲ့
ဘဝတည်ဆောက်ရေးလက်နက်
လူ့အဖွဲ့အစည်း
တည်ဆောက်ရေး လက်နက်ဟူ၍လည်း
ကမ္ဘာ လောကမှာမရှိပါ။
အတွေ့အကြုံတွေလည်း
ဖြတ်သန်းပြီးကြပါပြီ။
ဒါကြောင့်
ကျောင်းတက်ကြပါ။
Repost from ဖောင်းကားစားဖိုးကဲကြီး
ပစ်အားက အကွာကြီး
တကယ်ပစ်ရင်ဘယ်သူပုန်မှ မခံနိုင်ဘူး
လက်ရှိတပ်မတော်က အားနည်းနေပင်မဲ့ ဆင်ပိန်ပင်မဲ့ ကျွဲလောက်ရှိနေသလိုဘဲ
ဟုပြီလား
တပ်မတော်ကို စိန်မခေါ်နဲ့ ညီလေးတို့ ဆုတ်ပြေးရတာဘဲမလား
https://t.me/myanmarspicalarmy969
ဗမလူမင်းထွန်း(DSA 49)
ချင်းပြည်နယ် တွန်းဇံမြို့တွင် သောင်းကျန်းသူများ၏ လက်ချက်ဖြင့် မြင့်မြတ်စွာ ကျဆုံးခဲ့ရသဖြင့် တာဝန်ကျေသော စစ်သည်ကောင်းဖြစ်သည်။
လက်တင်အလေးပြုပါသည်။
🫡🫡🫡
တပ်ပြေးကောင်က သူမရှိမှ အဆင့်တက်လာလို့ ဂျေကိုက်နေတာလား 🤣🤣
https://t.me/linhtetag92/318
2024 Global Firepower ranking အရ တစ်ကမ္ဘာလုံးမှာ အဆင့် 35 အထိ တက်လှမ်းလာတဲ့ မြန်မာ့တပ်မတော် 😇😇
2023 တုန်းက အဆင့် 38 ကနေ တက်လာတာပါ။ မြောက်ကိုးရီးယားနဲ့ ဘင်းဂလားဒစ်ကို ကျော်တက်သွားပြီ 🫡🫡
မိဘပြည်သူများ ညပိုင်းနဲ့ မနက်အစောကြီးအချိန်တွေ သတိထားမောင်းပေးကြပါ။ မှောင်နေချိန် လမ်းတွေက ဘယ်အချိန် ဘာဖြစ်နေမလဲ မသိရလို့ပါ 😢
ထိရောက်တဲ့ လေကြောင်း၊လက်နက်ကြီး ပစ်ကူများ မဆောင်ရွက်နိုင်ခြင်း
ပစ်မှတ်ရောက်ပြီးရောဟူသော တာဝန်အရ တိုက်ခိုက်ခြင်း
အရည်အသွေးမပြည့်ဝသော စစ်သည်များ၏ စွမ်းဆောင်ရည်ဖြစ်နေခြင်း
ရန်သူ ဌာနချုပ်သို့ ဗုံးကြဲခြင်း၊လက်ဦးမှုရယူနိုင်မှု အားနည်းနေခြင်း
ရန်သူရိက္ခာထောက်ပံ့ရေးလမ်းကြောင်းများအား ဖြတ်တောက်နိုင်ခြင်းမရှိပါက
သမင်လဲဆုံး သားလဲဆုံး ဖြစ်မည်။
မထိရောက်သော စစ်သုံးစရိတ်များသာပင်ဖြစ်သည်။
ပုံ-ယမန်နေ့အစောပိုင်းရှိ ရန်သူဌာနချုပ်အား ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဝိုင်းမော်မြို့အနီးသို့ ချဉ်းကပ်လာသော အကြမ်းဖက် KIA+PDF တပ်များ၏ သိမ်းပိုက်ခြင်းခံလိုက်ရသော ခမရ(၃၂၁) တပ်ရင်း။
Repost from U Kyaw Soe Oo
ကျွန်တော် ကျော်စိုးဦး ဖမ်းဆီးခံရတယ်ဆိုတာ သတင်းအမှားပါဗျာ။
သတင်းအမှားတွေ FB မှာ ဖြန့်နေကြတာပါ။
စစ်မှုထမ်းရန်ဆင့်ခေါ်ရာ၌ လာရောက်ရန်ပျက်ကွက်သူအားလုံးကို ဥပဒေနှင့်အညီဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး မောင်မောင်အေးပြော
ဖွင့်လှစ်ပြီးခဲ့သော စစ်သင်တန်းအပတ်စဉ်များ စစ်မှုထမ်းရန်ဆင့်ခေါ်ရာ၌ လာရောက်ရန်ပျက်ကွက်သူအားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။
၎င်းက ယမန်နေ့ (မေလ ၂၀ ရက်)တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အပတ်စဉ်(၃)ကို လျာထား ချက်ပြည့်မီစွာဖြင့် ဖွင့်လှစ်နိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်ထားရန် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တိုက်တွန်းထားသည်။
အလားတူ အဆိုပါအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်း ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ်များ၌ တွေ့ကြုံခဲ့သည့် အတွေ့အကြုံအရလျာထားချက် ပြည့်မီရေးဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး အစားထိုးဖြည့်တင်းမှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဖြည့်တင်းရာတွင် SOP ပုံစံများ ပြည့်စုံစွာ တင်ပြမှုမရှိသည့်အတွက် စာရင်းကွဲလွဲမှုများ၊ စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် အချိန်ပေးဆောင်ရွက်ရခြင်းများ ကြုံတွေ့ခဲ့ရသဖြင့် ၎င်းအတွေ့ အကြုံများကို မူတည်၍ လာမည့်အပတ်စဉ်များတွင် စနစ်တကျ စီမံဆောင် ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တိုင်းနှင့် ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင်ငံ သား/ ဧည့်နိုင်ငံသား/ ပြုနိုင်ငံသားမဟုတ်သူများကို ပြည်သူ့စစ်မှုထမ်းရွေးချယ်ခြင်းမပြုရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တိုက်တွန်းပြောကြားထားသည်။
Repost from ဟန်ငြိမ်းဦး✍️
အမှုမှန် အမြန်ဆုံးပေါ်ပေါက်ပါစေ
ရေလုပ်သားတစ်ဦး မတရားအသက်ခံလိုက်ရတဲ့ video ပို့ချင်လို့ ဆိုပြီး ဒေးဒရဲမြို့ အကယ်ချောင်းဝရွာက အလုပ်သမားတစ်ဦးရေနစ်အသတ်ခံရတဲ့ ဗီဒီယိုင်ဖိုင်ကို ကျန်တော်တို့ မီဒီယာကိုပေးပို့လာပါတယ်။
အသက်ခံရတဲ့ကောင်းလေးကို စက်လှေပိုင်ရှင်တွေက ဆေးရုံမှာသွားပြီး သေမှုသေခင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
#MyanmaGone
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ဖွဲ့စည်းလိုက်ပါတယ်။ မကြာခင် မြန်မာတစ်ပြည်လုံး မီးလင်းပါတော့မယ်။
TNLA တပ်ဖွဲ့အင်အား ၁ ထောင်ကျော်နဲ့ ကွတ်ခိုင်မြို့လယ်ခေါင် ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ရေးလေ့ကျင့်နေ
++++++++++++
"ဒီနေ့ မြင်တွေ့ရတဲ့ ကွတ်ခိုင်မြင်ကွင်း"
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLA ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အင်အား ၁ ထောင်ကျော်နဲ့ ကွတ်ခိုင်မြို့ လယ်ခေါင် ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ရေးပြ အပြေးလေးကျင့်နေတာ ဖြစ်ပါတယ်။
ရန်သူတွေ ရန်သူအလုပ်လုပ်နေချိန် ငါတို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဲဒီအချိန် မှာ စာကြည့်တိုက်ဖွင့်ပွဲတက်နေခဲ့ပါတယ်။
ဝိုင်းမော် ခလရ ၅၈ ဘက် ရန်သူအင်အားသုံးပြီး ထိုးစစ်စတော့မယ်။ အထူးသတိပြုပါ။ မပခ စစ်ကူပစ်ကူ အမြန်ပေးမှရပါမယ်။ ဝိုင်းမော်ကျရင် မြစ်ကြီးနားကို အကြမ်းဖက်တွေ တိုက်ရိုက်ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။
Repost from SittNweOo
မိဘပြည်သူများအားသတိပေးချက်
~~~~~~
ရခိုင်ပြည်နယ် မေ၂၁ရက်
ရခိုင်ပြည်နယ် ဘူးသီးတောင်းမြို့ဟာ တပ်မတော်အနေနဲ့ စစ်ဗျူဟာ အရကော ကုန်သွယ်ရေး အရကော စည်းပွါးရေးအရကော အရေးမပါတဲ့ မြို့တမြို့ ဖြစ်လို့ ဗျူဟာအရ ဟပေးလိုက်တဲ့ မြို့တမြို့ ဖြစ်ပါကြောင်း
၂၁ရက် ၅လ ၂၀၂၄ မှ စလို့ မိဘ ပြည်သူများ အဆိုပါ ဘူးသီးတောင် မြို့ထဲမှ အမြန်ဆုံး ထွက်ခွါပါရန်နှင့် အကြမ်းဖက် AAနှင့် နီးကပ်စွာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်
မောင်းတောမြို့ဟာ အကြမ်းဖက် နယ်မြေ သတ်မှတ် လိုက်ပြီ ဖြစ်တဲ့ အတွက် မြေပြင် တိုက်ပွဲ မဟုတ်တော့ဘဲ ရေကြောင်း လေကြောင်း နည်းပညာ ဒရုန်း လက်နက်ကြီးများဖြင့် ၂၄နာရီ တိုက်ခိုက် တော့မှာ ဖြစ်တဲ့အတွက် မိဘပြည်သူများ အမြန်ဆုံး ထွက်ခွါကြပါရန်
ထပ်မံအသိပေးအပ်ပါတယ်
#SittNweOo
မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းခဲ့သော န၀တ၊ နအဖတွင် တိုင်းမှူး၊ အဖွဲ့ဝင်၊ ဝန်ကြီးအဖြစ် ပါဝင်ခဲ့သူ အငြိမ်း စား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘသည် အသက် ၉၀ အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီး နာရေးကို မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ရှင်ဂျော့ဂျက်ခရစ်ယန်ဘုရားကျောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
"လူကြီးရောဂါနဲ့ပဲ ကွယ်လွန်တယ်လို့ သိရပါတယ်။ အသက်ကြီးတော့ လူကြီးနာနဲ့ပဲ" ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်တွင်းစစ်ကနေ ပြည်ပကျူးကျော်စစ် အသွင်ဖြစ်လာပါပြီ။
မြန်မာတွေ သတိရှိဖို့လိုပါပြီ။
မြန်မာတွေ စည်းလုံးဖို့လိုပါပြီ။
မြန်မာတွေ မြန်မာပီသဖို့ လိုနေပါပြီ ခင်ဗျာ။
အခုထိ ကန့်ကွက်စာလေး တစ်စောင်တောင် မထုတ်ရဲတာလဲ ရှက်စရာကောင်းလွန်းနေပါပြီ။
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
