fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

رفتن به کانال در Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

نمایش بیشتر
7 647
مشترکین
-524 ساعت
-267 روز
-13130 روز
آرشیو پست ها
မျောက်သုံးကောင် ယူနန်က ပြန်လာပြီး မကြာသေးဘူး လေသံတွေ ချက်ချင်းပြောင်းပြီး တိုက်ပွဲပြန်စတာ ပေါက်ဖော်ကြီး မီးစိမ်းပြတာကြောင့်လို့ သုံးသပ်ရပါတယ်။ ပွဲစတာနဲ့ မတ္တရာအနီးပါ တိုက်ကွက်ဖော်တာကြောင့် ပေါက်ဖော် အမြဲ မျက်စောင်းထိုးနေတဲ့ မြန်မာပြည်ဗဟိုချက် မန္တလေးကိုပါ တရုတ်လွှမ်းမိုးမှုအောက် ထည့်ချင်လာတဲ့ သဘောပါပဲ။

စစ်ပွဲက မတ္တရာအနီးထိ တိုက်ပွဲပြင်းထန်နေပြီး မန္တလေး - မိုးကုတ် ကားလမ်း သွားလာရေးခက်ခဲနေပါတယ်။ မျောက်သုံးကောင်က ဒီတစ်ခေါက်တော့
စစ်ပွဲက မတ္တရာအနီးထိ တိုက်ပွဲပြင်းထန်နေပြီး မန္တလေး - မိုးကုတ် ကားလမ်း သွားလာရေးခက်ခဲနေပါတယ်။ မျောက်သုံးကောင်က ဒီတစ်ခေါက်တော့ မန္တလေးထိ ဆင်းလာဖို့ ကြံစည်နေပုံပါပဲ။

0615 သတင်းပေါက်လို့ ဆယ်ရက် နောက်ဆုတ်ခဲ့တာပါ။ ပြင်ဆင်မှု အားကောင်းကောင်းနဲ့ တရားသောစစ် အောင်မြင်ပါစေ တပ်မတော် 🙏

ဒီလောက်များတဲ့ အင်အားနဲ့ ဝိုင်းတိုက်မှတော့ ဘယ်စခန်း ခံနိုင်မလဲဗျာ။ ဒီလောက် လူအင်အား လက်နက် အပြည့်အစုံနဲ့ ဝင်လာတာကို ငုတ်တုတ်ထိုင်ကြည့်ခဲ့ကြတဲ့ အကျိုးဆက်တွေပေါ့။

ပြည်သူစစ်မှုထမ်း ၅၀၀၀ ဇွန်လအကုန်မှာ စတင်တာဝန်ထမ်းဆောင်မည်ဟု သိရှိရပါတယ်။ လေ့ကျင့်သားပြည့်ဝနေတဲ့ စစ်မှုထမ်း အင်အားတွေနဲ့ တန်ပြ
ပြည်သူစစ်မှုထမ်း ၅၀၀၀ ဇွန်လအကုန်မှာ စတင်တာဝန်ထမ်းဆောင်မည်ဟု သိရှိရပါတယ်။ လေ့ကျင့်သားပြည့်ဝနေတဲ့ စစ်မှုထမ်း အင်အားတွေနဲ့ တန်ပြန်ထိုးစစ်စတင် နိုင်ပါမယ်။

TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်ဘက်မှာ အချိန်မရွေး စစ်ဖြစ်နိုင်တယ်လို့ ယနေ့ ၁၂ မိနစ်ကြာရုပ်သံဖိုင်ဖြင့် တပ်မတော်ကို အသိပေးခြိမ်းခြောက်လာပါတယ်။ https://t.me/taangtv2023/2564

MAV-1 ကင်းထောက်ယာဥ် ကို မြန်မာနိုင်ငံကနေ ကိုယ်ပိုင်ထုတ်လုပ်ထားပြီး ကင်းထောက်ယာဥ်အမျိုးအစားဖြစ်ပါတယ်။ MAV-1 မှာ အဖွဲ့သား ၃ယောက
MAV-1 ကင်းထောက်ယာဥ် ကို မြန်မာနိုင်ငံကနေ ကိုယ်ပိုင်ထုတ်လုပ်ထားပြီး ကင်းထောက်ယာဥ်အမျိုးအစားဖြစ်ပါတယ်။ MAV-1 မှာ အဖွဲ့သား ၃ယောက်ပါရှိပြီး သူ့ရဲ့ဖွဲ့စည်းပုံကတော့ အလျား ၁၃ပေ ၃လက်မ၊ အနံ ၅ပေ၅လက်မ၊ အမြင့် ၇ပေ၇လက်မ အလေးချိန်ကတော့ ၃.၇၅တန် ရှိပါတယ်။ သူရဲ့အဓိကလက်နက်ကတော့ 12.7 မမ လေယာဥ်ပစ် စက်သေနက် ဖြစ်ပါတယ်။ MAV-1 က လက်နက်ကြီးတို့ဘာတို့က ပစ်ခတ်တာကို ခံနိုင်ရည်ရှိတယ်။ MAV ရဲ့ အရှယ်ကောက်ကတော့ Myanmar Army Vehicle) ဖြစ်ပါတယ်။

မောင်တော နခခ ၅ က အရာရှိစစ်သည်တွေနဲ့ မိသားစုတွေကို ကမ်းထိုးရေယာဉ်နဲ့ သယ်ထုတ်ပြီးဖြစ်ပါတယ်။ စိတ်မပူကြပါနဲ့ အမျိုးတို့။

သံတွဲမြို့တဝိုက် စစ်ဆင်ရေးအတွက် တပ်မ ၂၂ ထပ်မံရောက်နေပြီး တပ်မ ၁၀၁ အစား တာဝန်ယူလိုက်ပါပြီ။ ရခိုင်‌မြောက်ပိုင်း စစ်ဆင်ရေးအတွေ့အ
သံတွဲမြို့တဝိုက် စစ်ဆင်ရေးအတွက် တပ်မ ၂၂ ထပ်မံရောက်နေပြီး တပ်မ ၁၀၁ အစား တာဝန်ယူလိုက်ပါပြီ။ ရခိုင်‌မြောက်ပိုင်း စစ်ဆင်ရေးအတွေ့အကြုံများခဲ့လို့ ဓာတ်ခဲကြောနပ်နေတဲ့ တပ်မ အမာစားပါ။ ကရင်ငပွေးတွေ ဖင်တုန်အောင်ကြောက်တဲ့တပ်။ RIP ပါ အာဒုက္ခတပ်တော်ရေ 😂

တပ်ချုပ်ကြီး ဒို့တာဝန် အရေးသုံးပါး မေ့နေမှာစိုးလို့ ‌တင်ပြပါရစေ။ ၁။ ပြည်ထောင်စုမပြိုကွဲရေး ၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ၃။ အချုပ်အခြာအာဏာတည့်တံခိုင်မြဲရေး လက်ရှိ ရခိုင်ဖြစ်စဉ်တွေက ၃ ချက်လုံးနဲ့ ငြိနေပါပြီ။ NUG PDF မှ တိုက်မယ်။ တန်ပြန်ထိုးစစ်လုပ်မယ် (ကောလင်း၊ မြဝတီ သာဓက) မျောက်သုံးကောင်က နေပြည်တော် မလာပါဘူးကွာ။ ရှမ်းမြောက်၊ ရခိုင် ပေးလိုက်ရင် အေးပါတယ်ဆိုပြီး ငါ့ထိုင်ခုံတည်မြဲရေး တစ်ခုထဲ စဉ်းစားနေရင် အမှားကြီး မှားပါမယ်။ ဒို့တာဝန် အရေးသုံးပါးမှ မကာကွယ်နိုင်တဲ့ခေါင်းဆောင်ကို တပ်မတော်သား၊ ပြည်သူမှား ဘယ်လောက်ထိ သည်းခံနိုင်မလဲတော့ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြည့်ပါ။

နပခ သတင်းတွေကြောင့် ဘာသတင်းမှ တင်ချင်စိတ်မရှိပါ။ ရက်အနည်းငယ် နားခွင့်ပြုပါခင်ဗျာ။

Repost from SittNweOo
AAအတွက်စစ်သုံ့ပန့်တချို့ရိက္ခာထမ်းပေးနေရ ~~~~~ ရခိုင်ပြည်နယ် စစ်ပွဲတွင် ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန့်တွေဟာ ရှေ့တမ်းကို ရိက္ခာများ ထမ်းပို့ပေးနေရတယ်လို့ ဒေသခံ၁ဦးက ပြောပါတယ် အမ်းမြို့နဲ့ သံတွဲကြားမှာ ကဇူးကိုင်းကို တိုက်နေတဲ့အဖွဲ့တွေအတွက် စစ်သုံ့ပန့်တွေဟာ ခဲယမ်းရိက္ခာများကို ထမ်းပို့ ပေးနေကြရတာပါ ရခိုင်စစ်သားတွေက ၁၀ယောက်လောက်ရှိမယ် နောက်က သေနတ်တွေနဲ့ ချိန်ထားပြီး အတူလိုက်သွားတာ သူတို့က AA၀တ်စုံတွေနဲ့ဘဲ ဘာတွေလဲတော့တော့မသိဘူး လက်နက်တွေ ဖြစ်မယ်လို့ ထင်တာပေါ့နော် အတိကျတော့ ဘာတွေပါလဲ မသိဘူး ရခိုင်က တပ်စခန်းတွေ ရတုန်းကလည်း အဲ့လိုဘဲ တပ်စခန်းက လက်နက်တွေကို စစ်သုံ့ပန့်တွေကို အနောက်က သေနတ်နဲ့ ချိန်ပြီး သယ်ခိုင်းကြတာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံက အတည်ပြု ပြောဆိုထားပါတယ် #SittNweOo #Media

BREAKING NEWS;;; ဇွန်(၂၃)ရက်မနက်၀၂၃၀အချိန် ကဇူးကိုင်းစခန်းဆက်သွယ်မှုပြတ်။ တောင်ကုတ်နောက်တန်းဌာနချုပ်စကခ(၅)မှူးလည်းဆက်သွယ်မှုပြတ်ဟုကနဦးသိရသည်.. နေပြည်တော် https://t.me/KKM28640

ဆန်စပါးအသင်းချုပ်အား နစက က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရှိသလောက် မနက်ဖြန
+1
ဆန်စပါးအသင်းချုပ်အား နစက က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရှိသလောက် မနက်ဖြန် စတင်ရောင်းချပေးမည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို နစက က ခေါ်ယူစစ်ဆေးပြီးနောက် ဧည့်မထဆန်အပြင် ပေါ်ဆန်းမွှေးဆန်များကိုပါ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်လာခဲ့ပါတယ်။ ပြည်တွင်း၌ ဆန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း SAC က ယမန်နေ့တွင်ထုတ်ပြန်ခဲ့ပြီးနောက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့်ရွှေဘိုပေါ်ဆန်းများ၊ဧရာဝတီပေါ်ဆန်းများနှင့်ဧည့်မထဆန်များကိုဇွန်လ ၂၄ ရက် (မနက်ဖြန်)တွင်စတင်ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းကဲ့သိုရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက်ပေါ်ဆန်းဆန်တစ်ပြည်လျှင်ကျပ် ၅,၀၀၀၊ဧည့်မထဆန်တစ်ပြည်လျှင်ကျပ်၃,၀၀၀ နှင့်ပေါ်ဆန်းဆန် ၁၀ကီလို(၅ ပြည်) တစ်အိတ်ကျပ် ၂၅,၀၀၀ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။

မကြည်ညို မကိုးကွယ်လို့ရတယ်။ ဒါပေမဲ့ မစော်ကား သင့်ဘူး။ ဝေဖန်လို့လည်း ရတယ်နော်။ ဝေဖန်တာနဲ့ စော်ကား တာလည်း မတူပါဘူး။ ဘယ်ဘာသာကိုမ
မကြည်ညို မကိုးကွယ်လို့ရတယ်။ ဒါပေမဲ့ မစော်ကား သင့်ဘူး။ ဝေဖန်လို့လည်း ရတယ်နော်။ ဝေဖန်တာနဲ့ စော်ကား တာလည်း မတူပါဘူး။ ဘယ်ဘာသာကိုမှကျုပ်မစော်ကားသလို ကျုပ်မယုံကြည်တဲ့ နတ်ပွဲတောင် မစော်ကားဘူး။ မနက်စောစောစီးစီး အကုသိုလ်များလွန်းပါတယ်ဗျာ။

သံတွဲအနီးတဝိုက်တော့ အကြီးတွေ စကျွေးနေပြီလို့ သိနေရပြီ။ ရွှေလှေ နဲ့ ဆင်ခေါင်း ဘက်ခြမ်းကို တပ်မ တစ်ခု ထိုးနေတယ် ။ နောက်က ပိတ်ပြီး ဗျင်းမယ့်သဘောလို့ ထင်ပါတယ်။ သံတွဲတဝိုက် အေအေ ကင်းစင်ဖို့ နီးစပ်လာပါပြီ။

လူပိန်းကြိုက် နစက နစကတော့ လူပိန်းကြိုက်အကွက်တွေပဲ လုပ်နေပြန်ပြီလို့ ဖိုးထောင် ဒဲ့ဒိုးပြောပါမယ်။ ဆရာတော်ကြီး ပစ်ခတ်မှုဖြစ်စဉ်မှာ လခရ စစ်ကြောင်းအနေနဲ့ ဆရာတော်ကြီးကား မှန်ချမောင်းဖို့ပြောပေမဲ့ မချခဲ့မိလို့ မှားယွင်းပစ်ခတ်မိတယ်။ ကံဆိုးစွာနဲ့ သာသနာ့အာဇာနည်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတယ်။ နစက အနေနဲ့ ဖြစ်ဖြစ်ချင်း အဖြစ်မှန်ကို ထုတ်ပြန်ပြီး လခရလုပ်ထုံးကို လိုက်နာမှုမရှိတဲ့ ကားဆရာကို အရေးယူရမဲ့အစား ဖြစ်စဉ်ကို လိမ်လည်ပြီး လူပိန်းကြိုက် PDF ပစ်ခတ်ပါတယ်ဆိုပြီး ထုတ်ပြန်တယ်။ ကားဆရာကိုပါ လိမ်လည်ထွက်ဆိုခိုင်းပြီး ပြစ်မှုလျော့ပေါ့ဖို့ ကြံစည်တယ်။ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ဟောပြောမှုကြောင့် အဖြစ်မှန်ပေါ်ပေါက်တဲ့အခါမှာလဲ ရှက်ရမ်းရမ်းပြီး ပစ်ခတ်မိတဲ့ အောက်ခြေရဲဘော်တွေကို ထိုးကျွေးပြီး အရေးယူဖို့ လူပိန်းကြိုက် ကြံစဉ်နေပြန်ပါပြီ။ တကယ်က လုပ်ထုံးလုပ်နည်း လိုက်နာမှုရှိမရှိပဲ စစ်ဆေးရမှာပါ။ လုပ်ထုံးကိုကျော်မှ အရေးယူပေါ့။ လူပိန်းကြိုက်တွေ လိုက်လုပ်နေရင် လခရများ ဘယ်လိုအလုပ်လုပ်ရမလဲ။ ကားတစ်စီးလာတိုင်း လက်အုပ်လေးချီပြီး မှန်ချခိုင်းနေရလို့ အကြမ်းဖက်တွေကြောင့် ထိခိုက်မှုရှိရင် အထက်က ခေါင်းရှောင်တွေက တာဝန်ခံမှုရှိမယ် ထင်လို့လား။ တကယ်လုပ်ရမှာက ပြည်သူကို လိမ်တဲ့ သံဃာကို လိမ်တဲ့ ပြန်ကြားရေးက တာဝန်ခံအဆင့်ဆင့်ကိုပဲ အရေးယူသင့်တယ်။ ဒီကောင်တွေ ပြည်သူကို လူပိန်းထင်ပြီး သောက်တလွဲတွေ လုပ်လွန်းလို့ လက်ကျန်အရှက်လေးတွေလဲ ကုန်ပြီး တပ်မတော်ရဲ့ ဂုဏ်ကျဆင်းရပါတယ်။ လူပိန်းကြိုက်တွေ တော်သင့်ပါပြီ နစကရေ

လူပိန်းကြိုက် နစက

ညီမလေး စစ်မေဦး ပြောတာ အမှန်တွေပါပဲ စိတ်မကောင်း လွန်းလို့ ဘာပြောရမှန်း မသိတော့ ပါဘူး 👇👇👇 ပစ်တဲ့သူကို ဝိုင်းဆဲနေကြလို့ ထပ်ပြောဦးမယ် .ကားထဲမှာ ဆရာတော်ကြီးမှန်း သိနေရင်..ဘယ်သူကမှ မပစ်ဘူး အခုလို ဘယ်သူ့မှ မယုံရတဲ့ခေတ်ထဲ ကားရပ်ခိုင်းတာကို ရပ်မပေးတဲ့ ကားဆရာရဲ့ အမှား အကယ်၍ ပစ်လိုက်တာက ဆရာတော်ကြီး မဟုက်ပဲ လက်နက်သယ်တာတို့ အကြမ်းဖက်သမားတို့ဆိုရင်ကော.??? ပစ်တဲ့သူက သူ့အလုပ် သူလုပ်တာ သူ့မှာအပြစ်မရှိဘူး အပြစ်ရှိတာက ဆင်သေကို.စက္ကူနဲ့ကပ်ချင်တဲ့ အကောင်တွေပဲ အဖြစ်မှန်ကို အဖြစ်မှန်လို မထုက်ပြန်ပဲ တအားနာမည်ကောင်းလိုချင်နေကြတာ ကားရပ်ခိုင်းတယ် ရပ်မပေးဘူး စီးလာတဲ့ကားကလည်း သာသနာဝန်ထမ်း ကားမဟုတ်တဲ့အတွက် ပစ်မိလိုက်တယ် ပြီးပြီပေါ့ မဟုတ်မဟပ်တွေ လျှောက်ပြော ဟိုစာထုက် ဒီစာထုက်တော့ နဂိုကမှ စောက်တပြားမရှိတဲ့ ဂုဏ်သိက္ခာ ဝက်ဝက်ကွဲ.တက်နင်းခံရတာပဲ တော်လိုက်တာ ဦးနှောက်တွေက အရင်လို သတင်းစာခေတ်များ ထင်နေတာလား မသိဘူး ဒီလူတွေနဲ့ မြန်မာပြည်အနာဂတ် ဘယ်လိုများ ကောင်းလာပါမယ် အပြောအဆို လွတ်အောင်မနေတက်ကြဘူး စစ်မေဦး https://www.facebook.com/share/YHHJ7HDnc9KijxH5/?mibextid=oFDknk

ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးရဲ့ ဝိပါက်ဟူသည် ဘုရားသော်မှ မလွတ်ဟုဆိုသော မာဃဒေဝလင်္ကာ သံဝေဂသတိကို ဝေမျှပေးလိုက်ပါတယ်
ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးရဲ့ ဝိပါက်ဟူသည် ဘုရားသော်မှ မလွတ်ဟုဆိုသော မာဃဒေဝလင်္ကာ သံဝေဂသတိကို ဝေမျှပေးလိုက်ပါတယ်