fa
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

رفتن به کانال در Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

نمایش بیشتر
8 232
مشترکین
-724 ساعت
-457 روز
-15730 روز
آرشیو پست ها
တချို့ချန်နယ်တွေက လက်ရှိတာဝန်ထမ်းဆောင်ဆဲမို့လို့ တချို့သတင်းတွေ တင်ရင် အဆင်မပြေဘူး။ ကိုယ့်ဖက်က အသာစီးရတဲ့ သတင်းမျိုးပဲ တင်တာ ပိုအဆင်ပြေတဲ့ အခြေအနေလေးတွေရှိပါတယ်။ သူတို့ လိမ်တာမဟုတ်ပါဘူး။ တာဝန်အရ လုပ်ဆောင်နေရတာလေးတွေ နားလည်ပေးစေချင်ပါတယ်။ https://t.me/privatephoehtaung

အမ်းမှာ ခမရ ၃၇၃၊ တဆရ ၂/၃၀၀၊ စရတ၊ ပူလောင်တောင်၊ အမတ ၃၇၄ ဆုတ်ခွာထားရတယ်။ ခမရ ၃၇၁၊ ၉၂၆ ထောက်ပို့တပ်၊ စနခ ၃၄၅၊ တစ်မိုင်ကုန်းစခန်း၊ စအရ ၉၁၉ တို့ကတော့ အတိုက်ခံနေရပြီး ဆက်လက်ခုခံဆဲ ဖြစ်ပါတယ်။ စစ်ကူရောက်ထားပေမဲ့ လက်ရှိအခြေအနေအရ မလုံလောက်သေးတဲ့ အခြေအနေပဲရှိပါသေးတယ်။ စစ်ကူထပ်ပို့ဖို့ လိုအပ်ပါမယ်။ https://t.me/privatephoehtaung

Repost from Ko Myo Win
အမ်း သတင်းဆိုး =============== ယနေ့ 7 - 11 - 2024. ည ၇း၃၀ ခန့်အချိန်တွင် ၃၇၄ အမြောက်တပ် ကျသွားပါပြီ ။ ကိုရွှေမျိုးဝင်း

အမ်း တိုက်ပွဲသတင်း အမ်းမြို့သို့ရောက်ရှိနေသည့် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းခြင်း၊ စစ်ကူသွားရောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် (လျှပ်/စက်)အလုပ်ရုံတပ်စုအနီးရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူများရှိရာ နေရာများအား ညနေ ၄ နာရီခွဲအချိန်ခန့်က ရှင်းလင်းတိုက်ခိုက်ခဲ့ရာ မိနစ်(၃၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ  ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အလားတူ ၃၇၁ တပ်အနီး ရောက်ရှိစုဖွဲ့နေသည့် သောင်းကျန်းသူများအား နေ့လည် ၁ နာရီခွဲခန့်မှစ၍ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေပိုင်း ၆ နာရီခွဲအချိန်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှနေ၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ နယ်မြေခံထောက်ပို့တပ် အနီးရောက်ရှိနေသည့်  AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ရှိရာ နေရာအား လေကြောင်းပစ်ကူ၊ Drone/ လက်နက်ကြီးပစ်ကူများ ရယူကာ ရှင်းလင်းတိုက်ခိုက်ခဲ့သောကြောင့် (၄၅)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာများမှနေ၍ ထပ်မံဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့တောင်ဘက် မီတာ (၆၁၀၀)အကွာရှိ ဆက်သွယ်ရေးကုန်းတွင်ရောက်ရှိနေသည့်  AA အကြမ်းဖက် သောင်းကျန်းသူများအား နေ့လည် ၁၂ နာရီခန့်မှစ၍ လေကြောင်းပစ်ကူ၊ Drone/လက်နက်ကြီးပစ်ကူများရယူကာ ရှင်းလင်းတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၅)နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအားထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ နယ်မြေခံအမြောက်တပ်အား ယနေ့နေ့လည် (၂)နာရီခန့်က လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သာများ၏ အပြင်းအထန်ပြန်လည်ခုခံ တိုက်ခိုက်ချေမှုန်းမှုကြောင့် (၁၀)မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ အလောင်း/လက်နက်များထားကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။ https://t.me/privatephoehtaung

မနက်ဖြန် အလှည့်ကျမှာကတော့ ကျွန်းလှ၊ကန့်ဘလူ မြောက်ပိုင်းဒေသကို မိမိတို့တပ်ဖွဲ့တွေ ခြေဆန့်အလည်ထွက်မှာဖြစ်ပါတယ်။ မြေပြင်၊ဝေဟင် ပ
မနက်ဖြန် အလှည့်ကျမှာကတော့ ကျွန်းလှ၊ကန့်ဘလူ မြောက်ပိုင်းဒေသကို မိမိတို့တပ်ဖွဲ့တွေ ခြေဆန့်အလည်ထွက်မှာဖြစ်ပါတယ်။ မြေပြင်၊ဝေဟင် ပူးပေါင်းစစ်ဆင်ရေးဖြစ်ပါတယ်။ကြိုပြောတာ ပြည်သူတွေ အတွက်ပါ။PDF တွေ ပြေးမလား ခံတိုက်မလားဆိုတာ စောင့်ကြည့်ပါမယ်။စစ်ကြောင်းလာတိုင်း အရှေ့ကနေမပြေးပါနဲ့လို့ပဲမှာပါရစေ။ ပြည်သူတွေရဲ့ ရှေ့က ဆိုတဲ့စကားက ပြေးစရာရှိရင် ပြည်သူတွေရဲ့ ရှေ့ကနေပြေးတာကို ပြောတာလားဆိုတာ စောင့်ကြည့်ပါမယ်။ ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့ https://t.me/privatephoehtaung

မေဒီးကားမှာ ဒီည ၈ နာရီ သံပုံးတီးမယ် သိရ။ UN တပ်တွေကို စောင့်နေလို့ ၄၈ နာရီတော့ လမ်းပေါ်မထွက်သေးပါဘူးတဲ့ 😂 https://t.me/privatephoehtaung

နဂါးနိုင်မင်း ထရမ့် နိုင်သွားတဲ့အတွက် ယူကရိန်း စစ်ပွဲ အရှိန်ကျသွားမယ်။ တရုတ်နဲ့ စီးပွားရေးစစ်ပွဲတော့ ပိုပြင်းထန်လာမှာပါ။ https://t.me/privatephoehtaung

အမ်း စစ်မျက်နှာ =============== မနေ့က ရဟတ်ယဥ် အပစ်ခံရတဲ့ မင်းဘူး နဲ့ အမ်းကြားရှိ ဆင်ခေါင်းတောင်အား မိမိတိုက်ခိုက်ရေးတပ်များက လိုက်လံရှင်းလင်းချေမှုံးရာတွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရ ( မစိုးရိမ်ရပါ) ရန်သူဘက်မှ ၂ လောင်း ၂ လက်ရရှိ ။ ယနေ့ 5 - 11 - 2024 အမ်း နဲ့ ပဒါန်းကြားရှိ ဗုန်းဗောရွာအား မိမိစစ်ကြောင်းများ ရှင်းလင်းချေမှုံးရေး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ် ။ မိမိစစ်သည် ၁ ဦး ကျဆုံးပြီး မစိုးရိမ်ရ ဒဏ်ရာ ၃ ဦး ရရှိခဲ့ပါတယ် ။ ရန်သူဖက်က အလောင်းကောကိတပ်ဖွဲ့များ ပါဝင်ပြီး သယ်ယူသွားသောကြောင့် ရန်သူ့အကျအဆုံး နဲ့ ထိခိုက်ဒဏ်ရာရ စာရင်းအား စီစစ်နေဆဲ ဖြစ်ပါတယ် ။ အခြားစစ်မျက်နှာများမှာ ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိဘူးလို့ ကြားသိရပါတယ် ။ ကိုရွှေမျိုးဝင်း https://t.me/privatephoehtaung

စခန်းတက်သိမ်းချင်တဲ့ ကောင်‌တွေ ဒါပါးပါးလေးပဲ ရှိသေးတယ် https://t.me/privatephoehtaung

အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်က မြန်မာ့ နိုင်ငံရေး၊ စစ်ရေးကို ကြီးကြီးမားမား ပြောင်းလဲနိုင်မယ် ထင်ပါသလား။
Anonymous voting

နခခ ၅ မှာတိုက်ပွဲဝင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအားလုံး လေးစားဂုဏ်ယူပါတယ်။ ရဲဗလဘွဲ့နဲ့ နှစ်ဆင့်မြင့်ရာထူး ရတဲ့သူတွေလည်
နခခ ၅ မှာတိုက်ပွဲဝင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအားလုံး လေးစားဂုဏ်ယူပါတယ်။ ရဲဗလဘွဲ့နဲ့ နှစ်ဆင့်မြင့်ရာထူး ရတဲ့သူတွေလည်းရှိတယ်လို့ သတင်းကောင်း ကြားသိထားရပါတယ်။ https://t.me/privatephoehtaung

ရန်ကုန်တတိုင်းလုံး ဆောင်းအဝင်အထူးအစီအစဥ်ဖြင့် တရက်လျှင် အနည်းဆုံး နှစ်ကြိမ်၊ တကြိမ်လျှင် လေးနာရီကြာဖြင့် တရက်လျှင် ၈နာရီ မီးပျက်မည်။ https://t.me/privatephoehtaung

နေပြည်တော်၊အေလာ လေတပ်စခန်း Fixed Wing Drone နဲ့ တိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိပြီ။ ပစ်ချခံရလို့ အထိအခိုက်မရှိသေးပေမဲ့ ဘယ်အချိန်လွ
+1
နေပြည်တော်၊အေလာ လေတပ်စခန်း Fixed Wing Drone နဲ့ တိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိပြီ။ ပစ်ချခံရလို့ အထိအခိုက်မရှိသေးပေမဲ့ ဘယ်အချိန်လွတ်ထွက်သွားမလဲဆိုတာတော့ ခန့်မှန်းမရဘူး။ ကမ္ဘာ့အဆင့်မြင့်ဆုံးတစ်ခုဖြစ်တဲ့ အစ္စရေး ကာကွယ်ရေးစနစ်တောင် ပစ်မချနိုင်လိုက်တာတွေ ရှိတာပဲ။ ရုရှားဆိုရင်လဲ ဒရုန်းတိုက်ခိုက်မှုတွေက ကရင်မလင်အထိ ရောက်လာနေပါတယ်။ ဒီတစ်ခေါက် တပ်ချုပ်ရဲ့ VIP ခရီးစဉ်နဲ့ပါ အချိန်ကိုက်တိုက်ခိုက်လာတာကို လျှော့တွက်လို့ မရတော့ပါဘူး။ ပစ်ချနိုင်တာ ဂုဏ်ယူရနေမဲ့အစား လာကိုမတိုက်နိုင်အောင် နယ်မြေရှင်းရမှာပါ။ https://t.me/privatephoehtaung

နပခ (အမ်း) တန်ပြန်တိုက်စစ် စစ်ကူရောက်နေတဲ့ ၆၆ အဖွဲ့တွေ ယနေ့ မနက်က တပ်ဆေးရုံဖက်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။ တပ်ဆေးရုံမရောက်ခင် AA အဖွဲ့နဲ့ ထိတွေ့မှုဖြစ်။ ရလဒ်ကောင်းတယ် သိရပါတယ်။ https://t.me/privatephoehtaung

တရားဝင်မှုဆိုတာ ကမ္ဘာကိုရော အကြမ်းဖက်တွေကိုရော တကွက်ပြလိုက်တဲ့ ဒို့အဘ ။ https://t.me/Phoesi01233
+7
တရားဝင်မှုဆိုတာ ကမ္ဘာကိုရော အကြမ်းဖက်တွေကိုရော တကွက်ပြလိုက်တဲ့ ဒို့အဘ ။ https://t.me/Phoesi01233

ကွမ်းယာသည်ဘဝက ရွှေဆိုင်ပိုင်ရှင်ဖြစ်လာကာအောင်မြင်ထင်ရှားလာသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား ထုတ်ပြန်ထားသည့်ဝရမ်းကို ရုပ်သိ
ကွမ်းယာသည်ဘဝက ရွှေဆိုင်ပိုင်ရှင်ဖြစ်လာကာအောင်မြင်ထင်ရှားလာသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား ထုတ်ပြန်ထားသည့်ဝရမ်းကို ရုပ်သိမ်းလိုက်ပြီလားဟု မေးခွန်းထုတ်သူများရှိနေ ၄.၁၁.၂၀၂၄ Written By Zun မြန်မာနိုင်ငံတွင် ကွမ်းယာသည်ဘဝက ရွှေဆိုင်ပိုင်ရှင်ဖြစ်လာကာ အောင်မြင်ထင်ရှားလာသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်အဖြစ်အများသိသူ ဦးအောင်ဆန်းဝင်းအား ထုတ်ပြန်ထားသည့်ဝရမ်းကို ရုပ်သိမ်းလိုက်ပြီလားဟု မေးခွန်းထုတ်သူများရှိလာနေကြသည်။ “အောင်သမာဓိ ဦးအောင်က ရွှေဈေးကစားလို့ ဆိုပြီး ပြည်ထဲရေးက ဝရမ်းထုတ်ထားတယ်လို့ ဓာတ်ပုံနဲ့တကွ တရားဝင် ထုတ်ပြန်ထားတာလို့ပဲ ကျွန်တော်တို့သိရတယ်။ အခု မန္တလေးလေဆိပ်မှာ Passsport သိမ်းပြီး ပြန်လွှတ်ပေးတယ် ဆိုတော့ အစိုးရက ထုတ်ပြန်ထားတဲ့ ဝရမ်းက ရုပ်သိမ်းလိုက်လို့လား။ အဲဒါ မရှင်းဘူး ဖြစ်နေတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါမည့် ခရီးသည် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်အား လေဆိပ် လူဝင်မှုကြီးကြပ် ရေး ကောင်တာ၌ စစ်ဆေးပြီးနောက် နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်း၍ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသတင်းအပေါ် အထက်ပါအတိုင်း မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။ ဦးအောင်ဆန်းဝင်းကို လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ စစ်ဆေးမှုခံယူစဉ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားခံရသူ Black List စာရင်း၌ ပါဝင်နေသောကြောင့် နိုင်ငံကူးလက်မှတ်ကိုသိမ်းဆည်း၍ နေအိမ်သို့ ပြန်ပို့သည်မှာမှန်ကန်ကြောင်းလည်း မန္တလေးမြို့ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို အတည်ပြုပြောဆိုထားသည်။ “ဦးအောင်က Black List စာရင်းမှာ ရှိနေလို့ PP (နိုင်ငံကူးလက်မှတ်)ကို သိမ်းတာဟုတ်တယ်။ ရွှေဈေးကစားလို့ သူ့ကို ဘယ်လို အရေးယူခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ အခုကတော့ သူက အဖမ်းခံထားရသူ မဟုတ်တာတော့အမှန်ပါ။ ပြည်ပထွက်မယ်ဆိုရင် ခွင့်ပြုချက်ယူရတယ်ဆိုတာကလည်း သူတို့က ထုတ်ပြန်ခံထားရသူတွေထဲမှာပါလို့ ဖြစ်ပါတယ်” ဟု ယင်းက ပြောပြသည်။ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်၊ နိုင်ငံကူး လက်မှတ် (MH......)ကိုင်ဆောင်သူသည် အသက် ၆၁ နှစ်အရွယ်ရှိပြီး မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ ယင်းသည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းလေယာဉ်အမှတ် XY-ALP(E-190) ၊ ခရီးစဉ်အမှတ် 8M-337 (တံတားဦး) ဖြင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့လိုက်ပါရန် လေဆိပ်သို့သွားရောက်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စလျှင် ကန်ဒေါ်လာ ၂၃၄၀ ခန့်သာ ရှိသော်လည်းပြည်တွင်းရွှေဈေးနှုန်းအခေါက်တစ်ကျပ်သားလျှင် ကျပ် ၅၈ သိန်းကျော်ထိ မြင့်တက်ခဲ့သည်။ ယင်းနောက် ဇွန်လ ၂ ရက်တွင် စီးပွားရေးမတည်ငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူ ၂၁ ဦးနှင့် နောက်ကွယ်မှ စေခိုင်းသူ နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊အကယ်ဒမီ အပါအဝင် ရွှေဆိုင်ပိုင်ရှင်များနှင့် ပွဲစား ၁၀ ဦးတို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ဖမ်းဝရမ်းထုတ်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သေးသည်။ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း(ခ)ဦးအောင်သည် နောက်ကွယ်မှ စေခိုင်းသူ ၁၀ ဦးထဲတွင် ပါ ဝင်ကြောင်း ထုတ်ပြန်ခံထားရသူလည်း ဖြစ်သည်။ ယခုအခါ ပြည်ပကို ထွက်ခွင့်ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံကို အောက်လမ်း(တရားမဝင်လမ်း)က ထွက်ရန်ပြင် ဆင်နေကြောင်းလည်း လူမှုကွန်ရက် အသုံးပြုသူအချို့က ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။ ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=80599 #ရွှေ #စျေးကစား #အောင်သမာဓိ #ဦးအောင် #အမြတ်ကြီးစား #စျေးဆွဲတင် #ပွဲစား #mtnews

Repost from ShwePoe Oo
ဝမ်းသာပါတယ် မ၆၆ရင်းလည်း ရောက်ပြီအင်ပြည့်အားပြည့် မ၁၀၈ လည်း ရောက်ပြီ ချောမွှေ့စွာပါပဲအင်ပြည့်အားပြည့်ပါပဲ ဖိုက်တင်းပါဗျာ ဓနုဖြ
ဝမ်းသာပါတယ် မ၆၆ရင်းလည်း ရောက်ပြီအင်ပြည့်အားပြည့် မ၁၀၈ လည်း ရောက်ပြီ ချောမွှေ့စွာပါပဲအင်ပြည့်အားပြည့်ပါပဲ ဖိုက်တင်းပါဗျာ ဓနုဖြူအ​ခြေစိုက်ဖိုက်တာများ💪 အမ်း တောင်ကုတ် မောင်တော👇👇👇 ချီးအာပလာ အဟစ်ဟစ် ဟစ် SYH

4 - 11 - 2024 အမ်း ညနေ 4: 50 နာရီ =============================                  အမ်း ဝနိးကျင်ရှိ AA များ ခိုအောင်းရာသို့ နယ်မြေရှင်းလင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြရာ မိမိစစ်သည် ၃ ဦး စနိုက်ပါ ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ရပါတယ် ။ AA. များလည်း အကျအဆုံး များစွာနဲ့ ထွက်ပြေးနေပါတယ် ။             ထူးခြားသတင်းကတော့ အမ်း နဲ့ ပဒါန်း ကြားထဲမှာ AA အဖွဲ့ငယ်တဖွဲ့က ပွှိုင့် 5 နဲ့ ပစ်ခတ်သဖြင့် ရဟတ်ယာဥ် နောက်ပိုင်းအား ထိမှန်ခဲ့ပါတယ် ။ အသေးအဖွဲ ထိမှန်မှု ဖြစ်သောကြောင့် ပျံသန်းမှု ခရီးစဥ်ကို ဆက်လက်ပျံသန်း သွားခဲ့ပါတယ် ။              ယခုအခါ အမ်း နဲ့ ပဒါန်းကြား ပစ်ခတ်ခဲ့သည့် ရန်သူ AA အဖွဲ့အား မိမိစစ်ကြောင်းများမှ လိုက်လံချေမှုံးလျှက် ရှိပါတယ် ။             ယခု တိုက်ပွဲများအား တိုင်းမှူးကြီးမှ တိုက်ရိုက် ကွပ်ကဲအမိန့်ပေး ညွှန်ကြားလျှက် တိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ် ။ ကိုရွှေမျိုးဝင်း https://t.me/privatephoehtaung

Repost from View of Sue
[[ လားရှိုးဖြစ်စဉ် ]] အဓိက စဖေါက်တဲ့အချိန် နေရာအနှံ့ ရှော့တိုက်ဒုန်းတွေ ကျတယ် အဆောက်အဦးတွေပျက်တယ် လူတွေသေတယ် တချို့ ခါးလယ် ကနေ နှစ်ပိုင်း ပြတ်ထွက်တယ် တန်ပြန် မချေဖျက်နိုင်ဘူး နောက် ဒရုန်းတွေ သုံးလာတယ် ရမခတပ် အရေးပါတဲ့နေရာတွေမှာ ဒရုန်း မဝင်နိုင်အောင် ဂျမ်မာခံထားတယ် အဲဒီ ဂျမ်မာ နေရာတွေကို ရှော့တိုက်ဒုန်းနဲ့ မမှန်မခြင်းထုတယ် ဂျမ်မာ ပြုတ်ထွက်တယ် ဂျမ်မာ ပြုတ်ထွက်တော့ ဒရုန်းကို မကာနိုင်တော့ဘူး ဒရုန်း ဝင်လာတော့ ရန်သူ့ကင်းထောက်ဒရုန်းက နေရာလာ ကြည့်တယ် ကင်းထောက်အချက်ပြတဲ့နေရာကို ဒေရာ့ဗုံးသယ် လာ တဲ့ ဒရုန်းက စွန် လို ပဲ ရွှီးကနဲ ထိုးချပြီး ကွက်တိ ဗုံးချဲတာ ထိချက်ရော လက် ဆ ရော လေယာဥ်က ဗုံးထက် ပြင်းတယ် သေတာက တော့ တချို့နေရာ အပုံလိုက်ပဲ တချို့နေရာ လူပါအပေါ် မြောက်တက် သွားတာ တပ်မတော် လေယာဉ်က တစ်ခါလာမှ တစ်စင်းလောက် လာပြီး က ပြာ ကရာ ဗုံးကြဲပြေးတာ တခါတေလ ကိုယ့်လူကိုယ်ပြန်ကြဲမိတယ် ဆင်တောင်မှာ 4 ယောက် တခါတဲကျတယ် နောက်တချက် လေယဉ်ရဲ့အားနည်းချက်က ကောင်းကင်မှာ ရပ်လို့မရဘူး အပြေးကြဲရတာ မသေချာဘူး နောက်ထပ် လေယဉ်ရဲ့အားနည်းချက်က သတင်းပေးတဲ့ခါ လေယာဉ်က ချက်ခြင်းမလာလို့ ပစ်မှတ်နေရာရွှေ့သွားတာတွေ ရှိတယ် လေယဉ်လာတော့ ဟိုကောင်တွေက လစ်သွားပြီ ကနဦး စစ်ဖြစ်ဖို့ ကိုးကန့်တွေ အုပ်လိုက် တက်လာကြပြီ ဆိုကတည်းက သတင်းပေးသူ ရှိတယ်တဲ့ တပ်က မလုပ်တာ မလုပ်ပဲ သူတို့လာပစ်မှ ခံ ချ မယ် ဆိုတဲ့ သ ဘော လေယဉ်က အစ ကတဲက အဲဒီ အုပ်ထဲကြဲရမှာ ရမခ ဘက်က မှားတာ မှန်တာ အသာထား ဗျူဟာညံ့တာတော့ အမှန်ပဲ မြေပြင်စစ်ပွဲအနေအထား ကြည့်ပြန်တော့ ရဲဘော်တွေကိုယ်တိုင် ပြောတာ သူတို့ သေနတ်က ပေါ့ပြီး အဝေးရောက်တယ် ကျည်တုတ် တယ်တဲ့ ဆိုလိုတက တပ်မတော်သားတွေ ကျဖို့ထက် ခြေကျိုးလက်ပြတ်ဖို့ အဓိက ထားတာ ပထမ ရဲဘော်တစ်ယောက်ထိသွားရင် စစ်သားစိတ်အပြည့်ရှိတဲ့ နောက်ထပ်တပ်သားက ဝင်ဆွဲမယ် သူတို့ဖက်က အဲဒါကို စောင့်ပြီး စနိုက်ပါနဲ့ ထပ်တီးတာ စနိုက်ပါချင်းတူတောင် သူတို့ စနိုက်ပါက မီတာပိုရောက်တယ် ရဲဘော်တွေ အကျအဆုံးများကုန်တယ် တောထဲမှာ အိပ်ရေးပျက် ထမင်းငတ် စစ်ပမ်းအောင် အနစ် နာ ခံ တိုက်တဲ့ရဲဘော်တွေလည်း ရှိပါတယ် တချို့နေရာ စစ်သားတွေ တိုက်သာတိုက်နေရတာ ကွပ်ကဲမဲ့သူ မရှိ ဘူး ဒီကြားထဲ ရိုးရိုးလက်နက်ချည်း မဟုတ်ပဲ သူတို့ဖက်က RPJ နဲ့ ဖိုတီးတွေ ပိုလွှတ်နိုင်တော့ ကိုယ့်ဖက်က ကျ တာ များ ဆုတ်ရတာတွေ များလာတယ် အစောပိုင်းက ဆေးချပြီးတက်လာတဲ့ ကိုးကန့်တွေ လူပင်လယ်လိုပဲတဲ့ တပ်က ပစ်လို့သေလည်း အုပ်လိုက်ပြန်တက်တာတဲ့ ကိုယ့်ဖက်က လူအင်အားရော လက်နက်ရော မမျှ တဲ့အခါ စိတ်ဓါတ်ကျပြီး မတိုက်ချင်ကြတော့ဘူး အမိန့်အရ အသေခံပြီးတိုက် လို့တော့ ပြောတယ် ဒါပေမဲ့ အရာရှိတွေက အရင် ရှောင်ထွက်တာ ကတော်တွေဆိုရင် စစ်မဖြစ်ခင် အစောပိုင်းကတဲက လေယဉ်နဲ့ သယ်ပို့ပြီးပြီ နောက်ပိုင်း စစ်ရှောင်တွေဟာ တပ်မတော် ကုတင်တစ်ရာဆေးရုံမှာ စုကြတယ် အဲဒီမှာလည်း 626ထောက်ပို့တပ် ဆီဂိုလ်ထောင်ကို ကိုးကန့်တွေ ဒုန်းနဲ့ခွင်းထားလို့ 24 နာရီ မီးလောင်နေတာ​ကြီးက တမြို့လုံး မီးခိုးတွေအူနေတာ တကယ့်ဗွီဒီယိုထဲက စစ်ကားအတိုင်းပဲ ဒါပေမဲ့ မကြာပါဘူး ကုတင်တရာ ဆေးရုံဝင်းထဲ ရှော့တိုက်ဒုန်း RPJ ဖိုတီး ဒရော့ဗုံးတွေ ဆက်တိုက် လာတော့တာပါပဲ ဆေးရုံ ဝရံတာမှာ ကျွှန်တော်တို့အုပ်စု ထိုင်နေတုန်း ဆေးရုံပေါ်တည့်တည့် ဒုန်းကျတာ အားကနဲ လူတွေ အော်သံနဲ့အတူ သွေးပျက်လောက်စရာ လူနာတွေပါ ပါသွားတယ် ဝရံတာက လူတွေ တချို့ ဒုန်းစမှန် ဒါဏ်ရာရ ကျွှန်တော်ကတော့ အမိုးက တန်း ပြုတ်ကျလို့ ပေါင်ပွန်းသွားတာလောက် ဖြစ်ပြီး ကျွှန်တော့်​ဘေးက သမီးငယ်လေး တစ်ယောက် ဒုန်းစမှန်တာ ခေါင်းထိဒါဏ်ရာပြင်းလို့ ဆုံးသွားတယ် စိတ်ထဲမှာတော့ ငရဲပြည်ရောက်နေသလိုပေါ့လေ ပြောချင်တာက နောက်ပိုင်း လားရှိုးသိမ်းတော့ ကိုးကန့် သုံးလေးရောက်လောက် မြင်တော့တာ လူမရှိဘူး လက်နက်နဲ့ အနိုင်ယူတာ (လူကုန်ရှိလှ မြင်ရတာထက် နည်းနည်းပဲ ပိုမယ်) ကျွှန်တော် လားရိုးမသွားခင် လူတစ်ယောက်က ခင်ဗျားတို့စစ်တပ်က ဖွတ်ပါဗျာလို့ ပြောလိုက်လို့ စိတ်ထဲ ထောင်းကနဲ ဒေါသဖြစ် သွားသေးတယ် လက်တွေ့ လားရှိုးဖြစ်စဥ်ကိုယ်တွေ့ကြုံမှ ဟုတ် နေတာ တွေရတယ် ကျွှန်တော်တို့တပ်က လက်နက်ကြီးတွေနဲ့ နေ့ရော ညရော ထုတာပါပဲ နားစည်တောင် အောင့်တယ် ဒါပေမဲ့ မီးလုံးလက်နက်ကြီးတွေက ရန်သူမထိပဲ ကိုယ့်အနား လာလာကျတယ်လို့ ရှေ့တန်းရဲဘော်တစ်ယောက် ပြောဖူး တယ် နောက်တစ်ချက်က သံချပ်ကားဗျ အဆရ 7 မှာ သံချပ်ကား သုံးသေးတယ် ရှော့တိုက်ဒုန်းနဲ့ ဒရုန်းကို မယှဥ်နိုင်ဘူး စစ်ပွဲပြီးခါနီး အလံဖြူထောင်တော့ သံချပ်ကား တစ်စီးကိုယ့်ဟာကို ဖေါက်ခွဲပြစ်ခဲ့ရတယ် ဟိုကောင်တွေ ရသွားမှာစိုးလို့ ခြုံပြီးတော့ ပြောမယ်ဆိုရင် တပ်မတော်ရဲ့ လေယဥ်တွေ တင့်ကားတွေ အမြှောက်လက်နက်ကြီးတွေ နောက်ဆုံး ရုရှားက မစ်ဇိုင်းဗျာ TV ထဲသာ ကြည့်ကောင်းတာဗျ အပြင်မှာ သုံးစားမရဘူး ခေတ်အမြင်နဲ့ တွက်တော့ ဟိုသီပေါခေတ် ပြန်ရောက်သွားတယ် ရန်သူက လားရှိုးကို အေးဆေး သိမ်းသွားတာ လားရှိုးဖြစ်စဥ်မှာတော့ မြန်မာကို အရှေ့တောင်အာရှ တပ်မတော်ကြီးလို့ ကြွားခဲ့တာ သဲထဲရေသွန်ပဲဗျ