fa
Feedback
Collider's review

Collider's review

رفتن به کانال در Telegram

ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc) ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏

نمایش بیشتر

📈 تحلیل کانال تلگرام Collider's review

کانال Collider's review (@rev_iew) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 25 502 مشترک است و جایگاه 11 606 را در دسته فیلم‌ها و رتبه 5 654 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 25 502 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 22 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -670 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 3.16% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 0 بازدید دریافت می‌کند. در اولین روز معمولاً 0 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 0 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc) ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 23 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلم‌ها تبدیل کرده‌اند.

25 502
مشترکین
-224 ساعت
-1097 روز
-67030 روز
آرشیو پست ها
Miraculous World: Tokyo, Stellar Force (2025) မြန်မာစာတန်းထိုး IMDb - 7/10 စီးရီးအနေနဲ့ထွက်ရှိခဲ့တဲ့ Miraculousကာတွန်းဇာတ်လမ်းတွဲရဲ့ အထူးအပိုင်းအနေနဲ့ထွက်ရှိလာတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုင်ဂျူးဆိုတာ ဂျပန်ရိုးရာပုံပြင်တွေထဲက ဂေါ်ဇီလာလို သတ္တဝါဆန်းကြီးတွေပေါ့။တိုကျိုမြို့သူမြို့သားတွေကို ကိုင်ဂျူးတွေအဖြစ် ပြောင်းပစ်နေတဲ့ လူဆိုးကြီးကို တားဆီးဖို့အတွက် ပါရီမှာ စူပါဟီးရိုးလုပ်နေတဲ့ လေဒီဘတ်တို့ ဘော်ဒါနှစ်ယောက်တိုကျိုမြို့ဆီကိုလာခဲ့ကြတာပေါ့။တိုကျိုမှာ ရှိနှင့်နေပြီးသား စူပါဟီးရိုးအဖွဲ့နဲ့ပေါင်းပြီး သူတို့နှစ်ယောက်လူတွေကို ကိုင်ဂျူးတွေအဖြစ်ပြောင်းနေတဲ့ လူဆိုးကြီးကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ...။

11:37000 40.0 Vo E 100 < Detail Stream Download Explore Dream Story (2025) IMDb Rating (5.6) ၂ဝ၂၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ နာမည်ကြီး ဂန္ထဝင် ဝတ္ထုကို အခြေခံပြီး ခေတ်သစ်အမြင်နဲ့ ပြန်လည် :: Mystery / Drama / Thriller ကားကောင်းတစ်ကားပါ။ 3: Arthur Schnitzler ကျော်ကြားလှတဲ့ ၁၉၂၆ ခုနှစ်ထုတ် ဝတ္ထုကို ပြန်လည်ပုံဖော်ထားတာဖြစ်ပြီး (Stanley Kubrick Eyes Wide Shut ကားဟာ လည်း ဒီဝတ္ထုကိုပဲ အခြေခံခဲ့တာဖြစ်ပါတယ်)။ ဇာတ်လမ်းကတော့ လူ့အထက်တန်းလွှာ (High-society) ထဲက ဇနီးမောင်နှံနှစ်ဦးရဲ့ ဆက်ဆံရေး ကို အခြေခံထားပါတယ်။ ဇနီးဖြစ်သူက သူမအနေ နဲ့ တခြားယောကျ်ားတစ်ယောက်အပေါ်မှာ တဏှာ စိတ်နဲ့ စိတ်ကူးယဉ်ဖူးတယ်လို့ ဝန်ခံလိုက်တဲ့အခါ မှာတော့ ခင်ပွန်းဖြစ်သူရဲ့ စိတ်ထဲမှာ မနာလိုမှုနဲ့ သံသယတွေ အကြီးအကျယ် ဖြစ်ပေါ်လာတယ်။ အဲဒီနောက်မှာတော့ ခင်ပွန်းဖြစ်သူဟာလျှို့ဝှက်ပြီး ထူးဆန်းတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်းကို သိရှိသွားပြီး မျက်နှာဖုံးစွပ် ကပွဲ (Masked Ball) တစ် ခုကို ခိုးဝင်ခဲ့ပါတယ်။ ဘေးကလူတွေက ဘယ်လောက်ပဲ သတိပေးတားမြစ်ပါစေ သူဟာ စူးစမ်းချင်စိတ်နဲ့အတူ အဲဒီနေရာရဲ့ အန္တရာယ်ရှိတဲ့ သာယာမှုတွေကြားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင် သွားတဲ့အခါမှာတော့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ဘဝ ဟာ မထင်မှတ်ထားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင် ရပါတော့တယ်။

The Mimic (2017) မြန်မာစာတန်းထိုး ၏ IMDb Rating (6.5) သည်းထိတ်ရင်ဖို့ ရုပ်ရှင်‌တွေကို ကြိုက်နှစ်သက်သူတို့အတွက် 2017 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Horror ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ကိုရီးယားရဲ့ ရိုးရာပုံပြင်တွေထဲမှာ ကြားဖူးနေကျဖြစ်တဲ့ အသံပေါင်းစုံကို လိုက်တုပပြောဆိုနိုင်ပြီး လူတွေကို ပြုစားတတ်တဲ့ အကျော်ဇေယျ ဂျန်ဆန်းကျားရာဇဝင်ကို နောက်ခံယူပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Sky Castle ထဲက မင်းသမီး Yeom Jung Ah၊ Light Shop ထဲက မင်းသား Park Hyuk Kwon နဲ့ ကလေးသရုပ်ဆောင် Shin Rin Ah တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- လွန်ခဲ့တဲ့ ၅နှစ်က သားဖြစ်သူကို ပျောက်ဆုံးခဲ့ရတဲ့ ဟီးယွန်းတို့ ဇနီးမောင်နှံနှစ်ဦးဟာ အသိစိတ်ပုံမှန်မဟုတ်တဲ့ အမေဖြစ်သူရဲ့ မှတ်ဉာဏ်ပြန်ရလာအောင် ဆိုးလ်ကနေ အမေ့ရဲ့မွေးရပ်မြေကို ပြောင်းလာခဲ့ပါတယ်။ ၅နှစ်ကြာပြီးတာတောင် ပူဆွေးသောကတွေနဲ့ သားဖြစ်သူကို ရှာဖွေနေဆဲဖြစ်တဲ့ ဟီးယွန်းတို့ မိသားစုဆီကို ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ တောထဲက အဖြေရှာရခက်တဲ့ ကလေးမလေး ရောက်ရှိလာပြီးတဲ့နောက်မှာတော့.... ဟီးယွန်းတို့ မိသားစု ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေနဲ့ ဂျန်ဆန်းကျားက ဘယ်လိုပတ်သက်ဆက်နွယ်နေလဲ ဆိုတာကို ရင်ခုန်ထိတ်လန့်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပြီး သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေ ခံစားစီးမျောနိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

The Little Sister (2025) မြန်မာစာတန်းထိုး IMDb Rating (6.9) / Rotten Tomatoes (88%) ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စကားလုံးတွေအများကြီး မသုံးဘဲ မျက်ဝန်းတွေ၊ အမူအရာတွေနဲ့ ခံစားချက်ကို အကောင်းဆုံး ဖော်ပြသွားမယ့် ကားလေးပါ။ မိသားစုတစ်ခုရဲ့ အငယ်ဆုံးဖြစ်ရခြင်းရဲ့ အခွင့်အရေးနဲ့ ဖိအားတွေကြားက ရုန်းကန်မှုကို သဘာဝကျကျ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ အသက် ၁၇ နှစ်အရွယ် Lola ဆိုတဲ့ မိန်းကလေးအကြောင်းပါ။ သူမက အစ်ကို၊ အစ်မတွေအများကြီးရှိတဲ့ မိသားစုတစ်ခုမှာ "အငယ်ဆုံး" (La Petite Dernière) ပေါ့။ အိမ်မှာ အချစ်ခံရဆုံးလို့ ထင်ရပေမဲ့ တကယ်တော့ သူမဟာ လူကြီးတွေရဲ့ မျှော်လင့်ချက်တွေ၊ အစ်ကိုအစ်မတွေရဲ့ အရိပ်တွေအောက်မှာ ပိတ်မိနေသလို ခံစားနေရသူပါ။ သူမရဲ့ အစ်ကိုအစ်မတွေက အိမ်ကနေ ကိုယ်စီထွက်ခွာပြီး ဘဝသစ်တည်ဆောက်နေကြချိန်မှာ Lola ကတော့ အိုမင်းလာတဲ့ မိဘတွေနဲ့အတူ အိမ်မှာ ကျန်ရစ်ခဲ့ပါတယ်။ သူမမှာလည်း ကိုယ်ပိုင်အိမ်မက်တွေ၊ ဝါသနာတွေ ရှိပေမဲ့ "အငယ်ဆုံးလေးမို့ အိမ်မှာပဲ နေရမယ်" ဆိုတဲ့ တာဝန်ဝတ္တရားတွေက သူမကို ချည်နှောင်ထားပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ဘဝကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တဲ့အခါမှာတော့ မိသားစုကြားမှာ ဘယ်လိုဂယက်တွေ ထသွားမလဲဆိုတာကို ရိုက်ပြထားတဲ့ ဒရမ်မာကားကောင်းလေးပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

Funky (2026) မြန်မာစာတန်းထိုး IMDb - 4.6/10 တက်သစ်စလူငယ်ဒါရိုက်တာ ကိုမယ်လ်ဆိုရင် တလေဂူးရုပ်ရှင်လောကကပရိုဂျူဆာတွေအကုန် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတာပေါ့။မကြောက်နေမလား၊ သူရိုက်ပြီဆိုတာနဲ့ ဘတ်ဂျက် သန်းလေးရာမှန်းထားရင်သန်းလေးရာ လေးခါလောက်ထုတ်ပေးနေရတာနဲ့ ပရိုဂျူဆာကနှလုံးရောဂါရရော။ ဒီလိုနဲ့ ကိုမယ်လ်တစ်ယောက် ရိုက်လက်စကားကလည်း ဘတ်ဂျက်ထပ်ထုတ်မပေး၊ဘယ်ပရိုဂျူဆာမှလည်း သူ့ကို ခေါ်မသုံးဖြစ်နေချိန် ရိုကလက်စကားပရိုဂျူဆာရဲ့သမီးကိုအမျိုးမျိုးအပူကပ်ပြီး ရသမျှဘတ်ဂျက်နဲ့ ဆက်ရိုက်ဖို့ကြိုးစားရပါရော။အိန္ဒိယရုပ်ရှင်လောကက အလွဲတွေကို သရော်ထားတဲ့ ဟာသရုပ်ရှင်မို့ခံစားကြည့်ရှုကြပါဦး။

Yogida (2026) မြန်မာစာတန်းထိုး IMDb 6.3/10 ရဲအဓိကဇာတ်ဆောင်ရုပ်ရှင်တွေထဲ ဟင်ဒီမှာ ဆင်းဂမ်းတို့ကြမ်းတယ်ဆိုရင်ဆင်းဂမ်းတို့ထက်မလျော့တဲ့ တမီးလ်ရဲမေ ယိုဂီလို့ သမုတ်ရလောက်အောင် ကြမ်းပြမယ့်တမီးလ်အက်ရှင်ကြမ်းကြမ်းရုပ်ရုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရှစ်နှစ်အတွင်း နယ်ပြောင်းဆယ်ခါထိ ပြောင်းရွှေ့ခံရတဲ့ စခန်းမှူးယိုဂီ။အပြောင်းကျရာနယ်မြေတိုင်းမှာလည်း လူဆိုးလူမိုက် ရာဇဝတ်သားမှန်သမျှဖိန့်ဖိန့်တုန်အောင် ကြောက်သွားရတတ်တဲ့ ယိုဂီ။တရက်တော့ ဝန်ကြီးနဲ့ လူမိုက်ခေါင်းဆောင်ပေါင်းပြီး ယိုဂီကို မကောင်းကြံကြပါတယ်။ဒီမှာပဲ ယိုဂီတစ်ယောက် သူ့ပေါ်မကောင်းကြံတဲ့သူတွေကိုမီးကုန်ယမ်းကုန်ကြမ်းပြမှာကို ဖိုက်တင်ခန်းအများကြီးနဲ့ ခံစားကြည့်ရှုကြပါဦး။

Solo Mio (2026) IMDb Rating (7.0) / Rotten Tomatoes (83%) ဟာသသရုပ်ဆောင် Kevin James ပါဝင်ပြီး သူ့ ရဲ့ထုံးစံအတိုင်းပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် Romantic Comedy ကားလေးဖြစ်ပြီး အီတလီ နိုင်ငံ၊ ရောမမြို့မှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ မင်္ဂလာဆောင်ဖို့ ရောမမြို့ကို ရောက်လာတဲ့ သတို့သားလောင်းတစ်ယောက် (Kevin James) က မင်္ဂလာပွဲမှာတင် အကြီးအကျယ် ကွဲပြဲပြီး အသည်းကွဲကာ တစ်ယောက်တည်း သောင်တင်ကျန်ရစ်ခဲ့ပုံကနေ စ ပါတယ်။ စီစဉ်ထားသမျှ ဟန်းနီးမွန်းအစီအစဉ်တွေ အကုန် ပျက်စီးပြီး စိတ်ဓာတ်ကျနေတဲ့ သူ့ဘဝထဲကို အဖဲတစ် ဒေသခံအမျိုးသမီးတစ်ဦးနဲ့ ခရီးသွားအဖွဲ့တစ်စုက ဝင်လာပါတော့တယ်။ တစ်ယောက်တည်း ဖြစ်ရမှာထက်စာရင် အဲဒီလူ တွေနဲ့အတူ ရောမမြို့အနှံ့ လျှောက်သွားရင်း၊ အလွဲတွေကြုံရင်းနဲ့ ဘဝရဲ့ အသည်းကွဲဒဏ်ရာက တကယ်တော့ အဆုံးသတ်မဟုတ်ဘဲ အစပြုခြင်း တစ်ခုသာဖြစ်ကြောင်း သူဘယ်လို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကို ရိုက်ပြထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။

This Is Not a Test (2026) "This Is Not a Test" (2025) m Courtney Summers ရဲ့ နာမည်ကြီး လူငယ်သည်းထိတ် ရင်ဖို ဝတ္ထုကို ပြန်ရိုက်ထားတာဖြစ်ပြီး၊ ပုံမှန် ဇွန်ဘီကားတွေနဲ့မ တူဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပို ဦးစားပေးထားတဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လိုက်က Sloane ဆိုတဲ့ ကောင်မလေးပါ။ သူ့ ဘဝက တကယ်တော့ ဇွန်ဘီတွေ မလာခင် ကတည်းက အမှောင်ကျနေတာ။ အဖေဖြစ်သူရဲ့ နှိပ်စက်မှုကို ခံနေရသလို၊ အားကိုး ရတဲ့ အစ်မဖြစ်သူကလည်း သူ့ကိုထားပြီး အိမ်က နေ ထွက်သွားခဲ့ပါတယ်။ Sloane အတွက်တော့ သူ့ဘဝက ရှင်သန်ချင်စိတ် တောင် မရှိတော့တဲ့ အခြေအနေပေါ့။ တစ်နေ့တော့ သူတို့နေတဲ့ မြို့လေးမှာ ဇွန်ဘီကပ် ဆိုးကြီး စဖြစ်ပါလေရော။ ဒါပေမဲ့ ဒီကားထဲက ဇွန် ဘီတွေက ပုံမှန်ကားတွေလို ဖြည်းဖြည်းလျှောက်တာမဟုတ်ဘဲ "28 Days Later" ထဲကလို တအားမြန်ပြီး ကြောက်ဖို့ကောင်း တာ။ မြို့ထဲမှာ ပရမ်းပတာတွေ ဖြစ်ကုန်ချိန်မှာ Sloane က သူ့ကျောင်းနေဖက် ၅ ယောက်နဲ့အတူ သူတို့ တက်ခဲ့တဲ့ Cortege High School ထဲမှာ သွားပုန်းနေခဲ့ကြ ပါတယ်။ သူတို့ ကျောင်းထဲမှာ ဘယ်လိုရှင်သန်မလဲလို့ ကြံစည်နေတုန်း၊ အရင်ကတည်းက သံသယဖြစ် စရာကောင်းတဲ့ သူတို့ရဲ့ ဆရာ Mr. Baxter ကို သေနတ်တစ်လက်နဲ့အတူ ကျောင်းထဲမှာ သွားတွေ့ကြတယ်။ အဲဒီမှာတင် "အပြင်က ဇွန်ဘီတွေက ပိုကြောက်ဖို့ ကောင်းလား၊ အထဲက လူတွေက ပိုကြောက်ဖို့ ကောင်းလား" ဆိုတဲ့ အားပြိုင်မှုတွေ စလာပါတော့တယ်။ ဒီကားရဲ့ ထူးခြားချက်က Sloane ရဲ့ စိတ်အခြေအနေပါ။ သူက သေချင်နေတဲ့သူဆို တော့ ဇွန်ဘီတွေကြားမှာလည်း ဘာမှမကြောက်တော့ဘူး။ ဒါပေမဲ့ ကျောင်းထဲမှာ သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းရင်း၊ တစ်ယောက်ကိုတစ်ယောက် ကူညီ ရင်းနဲ့မှ "ငါ တကယ်ပဲ သေချင်တာလား၊ ဒါမှမဟုတ် ရှင်သန်ဖို့ အကြောင်းပြချက် တစ်ခုခုများ ရှိနေသေးလား" ဆို တာကို ပြန်စဉ်းစားလာရတယ်။ ဒီကားက သွေးထွက်သံယိုတွေ၊ ဇိုမ်ဘီတွေကို ခေါင်းရိုက်ခွဲတာတွေ ပါသလိုပဲ၊ လူငယ်တွေရဲ့ စိတ်ဒဏ်ရာ (Trauma) နဲ့ ရှင်သန်လိုစိတ်အကြောင်းကို သေချာပုံဖော်ထား တာပါ။ ဇွန်ဘီကား ကြိုက်တဲ့သူတွေရော၊ Drama ကား ကြိုက်တဲ့ သူတွေအတွက်ပါ ကြည့်သင့်တဲ့ ကားတစ်ကား ဖြစ် ပါတယ်။

Mieruko-chan (2025) မြန်မာစာတန်းထိုး IMDb 6.2/10 ******************** ဒီဂျပန်ဇာတ်ကားလေးကတော့ anime ကို live action အဖြစ် ပြန်ရိုက်ထားတဲ့ Supernatural Horror အမျိုးအစား သည်းထိတ်ရင်ဖို သရဲဝိညာဉ်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ Yoshihiro Nakamura ရဲ့လက်ရာဖြစ်ပြီး Nanoka Hara ၊ Rinka Kumada နဲ့ Naenano တို အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ချာယုဆုယာမာ အမျိုးသမီးအထက်တန်းကျောင်းက မိကိုနဲ့ ယူရီယာဟာ ငယ်ငယ်လေးကတည်းက သရဲဝိညာဉ်တွေကို မြင်နေရသူပါ။ သူတို့ရဲ့နေ့စဉ်ဘဝမှာ အဲဒီဝိညာဉ်တွေက နည်းမျိုးစုံနဲ့ လာနှောင့်ယှက်ကာ သူတို့ဆီကနေ အာရုံစိုက်ခံရဖို့ ကြိုးစားနေကြပါတယ်။ မိကိုကတော့ မမြင်သလိုသာ ဟန်ဆောင်နေရင်း အေးဆေးနေဖို့ရာဆုံးဖြတ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ မိကိုရဲ့ အခင်ဆုံးသူငယ်ချင်း ဟာနဆီမှာ သရဲဝိညာဉ်ပူးကပ်နေတာကို မြင်မိပြီး မလိမ့်တစ်ပတ်နဲ့ ဟာနကို နတ်နန်းဆီခေါ်ကာ အဲဒီသရဲဝိညာဉ်ကို ခွာထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ကျောင်းကို သရဲဝိညာဉ်ပူးကပ်နေတဲ့ ဆရာအသစ်ရောက်လာပြီး အဲဒီဝိညာဉ်က ဟာနကို နှောင့်ယှက်နေတာကို မိကို မြင်သွားခဲ့ပါတယ်။ မိကိုက အရင်တစ်ခါလို ခွာထုတ်ပေးဖို့ ကြိုးစားပေမဲ့ ဟာနက လက်မခဲ့ပါဘူး။ နောက်နေ့မှာတော့ ဟာနကို ဆေးရုံတင်လိုက်ရပါတော့တယ်။ ဟာနဆီက သရဲဝိညာဉ်ကို မိကိုနဲ့ ယူရီယာတို့ ပေါင်းပြီး ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကာ နှိမ်နင်းပေးကြမလဲဆိုတာကိုတော့ ......

Betty's Revenge (2026) မြန်မာစာတန်းထိုး IMDb 5.58/10 +++++++++++ ၂၀၂၆ မှာ ထွက်ရှိထားတဲ့ "Betty’s Revenge" ဆိုတဲ့ ရုပ်ရှင်ကတော့ ကျွန်တော်တို့ ငယ်ငယ်က မြင်ဖူးနေကျ ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင် Betty Boop ကို အခြေခံပြီး ကြောက်စရာကောင်းတဲ့ Slasher (လူသတ်ကား) ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက တက္ကသိုလ်ကျောင်းသား သုံးယောက်ကနေ စတာပါ။ သူတို့က "Dizzy Dishes" လို့ခေါ်တဲ့ အရင်က နာမည်ကြီးခဲ့ပြီး အခုတော့ ပစ်ထားတဲ့ ကာဘာရေး (Cabaret) ကလပ်အဟောင်းကြီး တစ်ခုဆီကို သွားရောက်စူးစမ်းကြပါတယ်။ အဲဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မီးလောင်မှုတစ်ခု ဖြစ်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတော့ သူတို့က အဲဒါကို စိတ်ဝင်တစားနဲ့ သွားကြည့်ကြတာပေါ့။ အဲဒီ ရောက်တဲ့အခါမှာ သူတို့ဟာ ကလပ်ပိုင်ရှင်ဟောင်း Betty နဲ့ တွေ့ကြပါတယ်။ Betty က သူ့ကိုယ်သူ လူတစ်ဝက်၊ နောက်ပြီး "တခြားအရာ" တစ်ဝက်လို့ ပြောပြီး သူကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဒီလူငယ်တွေ မှတ်မိသွားအောင် လုပ်ဖို့ ကြံစည်ပါတော့တယ်။ ကျောင်းသားတွေက Betty ရဲ့ လျှို့ဝှက်ချက်တွေ ရေးထားတဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကို တွေ့သွားတဲ့အခါမှာတော့ Betty က သူတို့ကို တစ်ယောက်ချင်းစီ လိုက်လံသတ်ဖြတ်ပါတော့တယ်။ Betty Boop ကို လူသတ်သမားအဖြစ် မြင်ရမှာပါ။ ကျော်ကြားတဲ့ ကာတွန်းရုပ်လေးကနေ သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ စိတ်ဝေဒနာရှင်ပုံစံ ပြောင်းသွားတာပါ။ Betty အဖြစ် Hannah Fierman က သရုပ်ဆောင်ထားပြီး သူက ဒီလို ထူးဆန်းကြောက်စရာကောင်းတဲ့ အခန်းကဏ္ဍတွေမှာ နာမည်ကြီးသူပါ။ ဒါဟာ Horror / Slasher အမျိုးအစားဖြစ်ပြီး "Winnie-the-Pooh: Blood and Honey" လိုမျိုး Public Domain ဖြစ်သွားတဲ့ ဇာတ်ကောင်တွေကို Horror အဖြစ် ပြန်ဆန်းသစ်ထားတဲ့ ကားမျိုးပါ။ ကာတွန်းထဲကလို ချစ်စရာကောင်းနေမယ်လို့တော့ မထင်နဲ့ဦးနော်၊ ဒီကားထဲက Betty ကတော့ တကယ့်ကို သွေးပျက်စရာကောင်းတဲ့ လူသတ်သမားကြီးပါပဲ။

Pennum Porattum (2025) မြန်မာစာတန်းထိုး မင်းသား ရာဂျေ့ရှ်မာဒေဗန် ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးတဲ့ရုပ်ရှင်ဖြစ်ပေမဲ့ တော်တော်လေး အောင်မြင်ခဲ့တဲ့ မာလေယာလမ်စကားပြော ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ပက်တာဒါလို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ရွာထဲမှာ ပျံ့နှံ့သွားတဲ့ ကောလာဟလတစ်ခုကြောင့် တစ်ရွာလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ချာရူဆိုတဲ့မိန်းကလေးနဲ့ ဆုတူးဆိုတဲ့ ခွေးလေးတစ်ကောင်ကို ဝိုင်းအပြစ်တင် ဆွမ်းကြီးလောင်းကြပုံကို ပုံဖော်ပြထားပါတယ်။ ကောလာဟလတစ်ခုကြောင့် လူတွေ ဘယ်လောက်ထိ ရူးသွပ်နိုင်လဲဆိုတာ ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။

Prakambanam (2026) မြန်မာစာတန်းထိုး IMDb 3/10 မလေယာလမ်စကားပြော သရဲဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အာနာကူလမ်က ကောလိပ်ကျောင်းသား အဆောင်တစ်ခုမှာ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဆစ်ဒူ၊ ပန်ယာလန်နဲ့ နဲ့ ရှန်ကာရန်တို့ဟာ ပျော်ပျော်ပါးပါးနေထိုင်ကြသူတွေပါ။ တစ်နေ့မှာတော့ ဆစ်ဒူရဲ့ အဖွားဆုံးပါးသွားပြီး သူ့အဘိုးရဲ့ဆန္ဒကြောင့် အဖွားရဲ့ အရိုးပြာတွေကို ကာရှီဆိုတဲ့နေရာကို ယူသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဆစ်ဒူဟာ အဆောင်သူငယ်ချင်းတွေရှေ့မှာ အရိုးပြာအိုးကို ထုတ်ပြဖို့ ရှက်တာကြောင့် အရိုးပြာတွေကို ဘူးလေးတစ်ခုထဲကို ပြောင်းထည့်ပြီး ဝှက်ထားခဲ့ပြီး သူ့သူငယ်ချင်း ပန်ယာလန်က အဲဒီအမှုန့်တွေကို မူးယစ်ဆေးလို့ အထင်မှား ရှူမိရာကနေ ပန်ယာလန့်ကိုယ်ထဲကို ဆစ်ဒူရဲ့ စည်းကမ်းကြီးလှတဲ့ အဖွားဝိညာဉ် ပူးကပ်သွားပြီး အဆောင်က ကျောင်းသားတွေကို လိုက်လံဆုံးမတာ၊ စည်းကမ်းထုတ်တာတွေ လုပ်လာပါတော့တယ်။

Dragon Heart: Adventures Beyond This World (2025) မြန်မာစာတန်းထိုး ---------------------------------------------------------------- စိတ်ကူးယဉ်စွန့်စားခန်း Anime ဇာတ်ကားသစ်လေး ထွက်ရှိလာတာကြောင့် Anime ချစ်သူများအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ Ryusuke ဆိုတာက တောင်တန်းတွေကို ချစ်မြတ်နိုးတဲ့ တိုကျိုက အထက်တန်းကျောင်းသားလေးတစ်ဦးပါ။ နွေပိတ်ရက်မှာ ဘော်ဒါတွေနဲ့ စခန်းချခရီးထွက်ဖို့ စီစဉ်ထားပေမဲ့ တစ်ယောက်တစ်ပေါက်နဲ့ ခရီးစဉ်ပျက်သွားလို့ ဘူနေတာပေါ့။ အဲဒီမှာတင် သူ့အမေ အကူအညီကြောင့် Tokushima သဘာဝမြို့လေးက အဒေါ်ဖြစ်သူဆီ အလည်သွားဖို့ ဖြစ်လာခဲ့ပါတယ်။ တောတောင်သဘာဝတွေ နတ်ကွန်းတွေ ပေါများလှတဲ့ Tokushima မြို့လေးကို ဝမ်းကွဲ ညီမဖြစ်သူ Tomomi နဲ့ လျှောက်လည်ရင်း နှစ်ယောက်သား မြစ်ရေစီးကြောင်းထဲ မျောပါသွားခဲ့ရာကနေ ထူးဆန်းစွာနဲ့ နဂါးတစ်ကောင်က ကယ်ဆယ်ခြင်းကို ခံလိုက်ရပါတယ်။ နောက်တော့ ထူးခြားဆန်းကျယ်တဲ့ အဘိုးအိုတစ်ဦးဆီ ရောက်သွားပြီး "မင်းတို့နှစ်ယောက်က သေဆုံးသွားခဲ့ပြီ ဒါပေမဲ့ တမလွန်ဘဝကို စူးစမ်းလေ့လာပြီး မင်းတို့ဘဝရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိမယ်ဆို အသက်ပြန်ရှင်လာနိုင်မယ်" လို့ ပြောဆိုခဲ့တာကြောင့် Ryusuke နဲ့ Tomomi တို့ မောင်နှမနှစ်ယောက် လျှို့ဝှက်ဆန်းကြယ်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီသက်ရှိကမ္ဘာအလွန်က တမလွန်ခရီးစဉ်ကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။ သူတို့ဘဝရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေတွေ့ရှိပြီး ဒီဖက်သက်ရှိကမ္ဘာကို ပြန်လာနိုင်မလားဆိုတာတော့ ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြည့်ကြပါဦး..။

Number One (2026) မြန်မာစာတန်းထိုး IMDb Rating (6.5) စောင့်မျှော်ပြီးရင်း စောင့်မျှော်နေခဲ့ရတဲ့ မင်းသား Choi Woo-shik ရဲ့ ရုံတင်ဇာတ်ကားသစ်ကြီးကတော့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Parasite မှာ သားအမိအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Choi Woo-shik နဲ့ မင်းသမီးကြီး Jang Hye-Jin တို့ကို ဒီထဲမှာလည်း သားအမိအဖြစ် ပြန်လည် မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီး Gong Seung-Yeon ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - အသက် ၁၈ နှစ်အရွယ်မှာ အဓိပ္ပာယ်မဖော်နိုင်တဲ့ နံပါတ်ကို စတင် မြင်တွေ့လာရတဲ့ ဂျောင်ဟာမင်း (Choi Woo-shik)... ထူးဆန်းတာကတော့ အဲဒီနံပါတ်က သူ့အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို စားတဲ့အခါတိုင်းမှာ ပေါ်လာတတ်ပြီး တစ်နပ်စားလိုက်တိုင်း အဲဒီနံပါတ်က တစ်လုံးစီ လျော့သွားနေတာပါပဲ။ တစ်နေ့မှာ ဆုံးပါးသွားတဲ့ အဖေဖြစ်သူရဲ့ အိပ်မက်ပေးချက်အရ အဲဒီနံပါတ်က သုညဖြစ်သွားရင် အမေ သေမယ်ဆိုတဲ့ အကြောင်းကို ဟာမင်း သိလိုက်ရတဲ့အခါ အမေ့ကို ကာကွယ်ဖို့အတွက် ဆင်ခြေမျိုးစုံပေးပြီး အိမ်ထမင်းဟင်း မစားဖို့ ရှောင်ဖယ်နေပါတော့တယ်... တကယ်ပဲ အမေ့ကို ဆုံးရှုံးရမှာ ကြောက်တာနဲ့ အမေ ချက်ကျွေးတဲ့ ထမင်းကို မစားဘဲ ရှောင်နေတာက အဖြေကောင်းဖြစ်ပါ့မလား... ကိုယ်သာ ဟာမင်းနေရာမှာဆိုရင်ရော ဘာကို ရွေးချယ်မိမှာလဲ... နေ့တိုင်း အမေချက်ကျွေးနေတဲ့ ထမင်းတစ်နပ်ရဲ့ တန်ဖိုးက ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို ပြန်လည်တွေးတောမိစေမဲ့ ရုပ်ရှင်ကောင်းလေးမို့လို့ အခုပဲ ကြည့်လိုက်ကြတော့နော်။

Yoroï (2025) မြန်မာစာတန်းထိုး IMDb 6.3/10 +++++ ပြင်သစ်နဲ့ ဂျပန် ပူးပေါင်းရိုက်ကူးထားတဲ့ ကားသစ်လေး တင်ပေးထားပါတယ်။ ဒီကားက Action, Adventure နဲ့ Fantasy အမျိုးအစားပါ။ ပြင်သစ်လူမျိုး ဇနီးမောင်နှံက ဂျပန်ရိုးရာ ယုံကြည်မှုတွေ၊ သဘာဝလွန် သတ္တဝါတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဂျပန် ဒဏ္ဍာရီလာ သတ္တဝါတွေ (Yokaïs) ကို ခေတ်ဆန်ဆန် အသက်သွင်းထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီကားကို ဒါရိုက်တာ ဒေးဗစ် တိုမက်စ်ဇူးစကီး (David Tomaszewski) က ရိုက်ကူးထားတာပါ။ အဓိက မင်းသားနေရာမှာ ပြင်သစ်က နာမည်ကြီး ရပ်ပါ အဆိုတော် Orelsan က Aurélien ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်ထားပြီး၊ သူ့ရဲ့ ဇနီး Nanako နေရာမှာ မင်းသမီး Clara Choï က သရုပ်ဆောင်ထားပါတယ်။ ဂျပန်သရုပ်ဆောင် ကာဇူယာ တာနာဘီ (Kazuya Tanabe) တို့လို တခြား နာမည်ကြီးတွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ Aurélien က နာမည်ကြီး အဆိုတော်တစ်ယောက်ပါ။ သူက ပင်ပန်းလှတဲ့ နောက်ဆုံးဖျော်ဖြေပွဲ ခရီးစဉ်ကြီး ပြီးသွားတဲ့အခါမှာ၊ ကိုယ်ဝန်ဆောင်နေတဲ့ သူ့ဇနီး Nanako နဲ့အတူ ဂျပန်နိုင်ငံကို ပြောင်းရွှေ့အခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလိုနဲ့ ဂျပန်နိုင်ငံ နယ်ဘက်က ရိုးရာအိမ်လေးတစ်လုံးမှာ သူတို့ ဇနီးမောင်နှံ အေးအေးချမ်းချမ်း သွားနေကြတာပေါ့။ ဒါပေမဲ့ ခြံထဲက ရေတွင်းဟောင်းတစ်ခုထဲမှာ Aurélien က ရှေးဟောင်း ဆာမူရိုင်း စစ်ဝတ်တန်ဆာ (ဂျပန်လို Yoroï) တစ်စုံကို သွားတွေ့ရာကနေ ဇာတ်လမ်းက စတော့တာပါပဲ။ အဲဒီ စစ်ဝတ်တန်ဆာကနေတဆင့် Yokaïs လို့ခေါ်တဲ့ ဂျပန် ဒဏ္ဍာရီလာ သဘာဝလွန် သတ္တဝါတွေ နိုးထလာပြီး သူတို့ ဇနီးမောင်နှံ ဘယ်လို အန္တရာယ်တွေ ဆက်ကြုံတွေ့ရမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရမှာပါ။ ပြင်သစ်မင်းသားက ဂျပန် တောရွာလေးမှာ သဘာဝလွန် သတ္တဝါတွေနဲ့ ကြုံတွေ့ရတာဆိုတော့ ရိုက်ကူးတင်ဆက်ပုံက အတော်လေး ဆန်းသစ်ပါတယ်။ ဂျပန် ရိုးရာအိမ်တွေ၊ တောတောင် သဘာဝအလှအပတွေကို အသေအချာ ပြင်ဆင်ရိုက်ကူးထားလို့ ရုပ်ထွက်ပိုင်း အရမ်းလှပါတယ်။ အေးချမ်းတဲ့ ဘဝလေးကို ရှာဖွေရာကနေ ထင်မှတ်မထားတဲ့ အန္တရာယ်တွေနဲ့ ကြုံလာရတဲ့အခါ မိသားစုကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အက်ရှင်နဲ့ စိတ်လှုပ်ရှားစရာတွေကို ကြည့်ရမှာပါ။

Pennu Case (2026) မြန်မာစာတန်းထိုး ထူးဆန်းသောမိန်းကလေး မာလျာလမ်စကားပြော မှုခင်းဟာသရုပ်ရှင်လေးတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်အိန္ဒိယရဲ့ လူမှုကွန်ရက် သတင်း တွေမှာ မကြာခဏတွေ့ရတတ်တဲ့လိမ်လည်လက်ထပ်မှုတွေအကြောင်း ကို ဟာသနဲ့ ဒရာမာနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ် ပါတယ်။ ဇာတ်လမ်းကတော့ နာမည်အမျိုးမျိုး၊ ဇာတ်လမ်းအမျိုးမျိုးပြောင်းပြီး အမျိုးသားတွေနဲ့ လက်ထပ်ကာ မင်္ဂလာဦးညမှာပဲ ထွက်ပြေးသွားလေ့ရှိ တဲ့ မိန်းမတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူဟာ အလိမ်အညာတွေ ပေါ်သွားပြီး ရဲဖမ်းခံလိုက်ရတဲ့အခါမှာတော့ ဒီအမှုဟာ ရိုးရိုးလိမ်လည် လက်ထပ်မှုထက် ပိုနက်ရှိုင်းတဲ့ နောက်ကြောင်းတွေနဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကိုတွေ့လိုက်ရတဲ့အပြင် သူလက်ထပ်ခဲ့တဲ့ ယောက်ျားတွေပါရောက် လာတဲ့အခါမှာတော့ စိတ်ဝင်စားဖွယ်အလှည့်အပြောင်းတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Little Hearts (2025) မြန်မာစာတန်းထိုး IMDb 8.2/10 "အချစ်ဖူးငုံလေးများ" ဒီတစ်ခါမှာတော့ တေလဂူစကားပြော အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ကျောင်းသားဘ၀နောက်ခံဇာတ်လမ်းလေးပါ။ ဇာတ်လမ်းထဲမှာ အာခီလ်ဟာ ကျောင်းသားလူငယ်လေးတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့ဖိအားပေးတွေကို အလူးအလဲခံနေရသူပါ။ ငယ်ငယ်ကတည်းက ဖခင်ကလိုသလိုပုံစံသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အာခီလ်က သူ့အဖေဖြစ်စေချင်သလို ဖြစ်မလာခဲ့ပါဘူး။ စာမေးပွဲတွေလည်း အကြောင်းအမျိုးမျိုးနဲ့ကျလိုက်၊ အဖေကဆူလိုက်၊ အဖေကွယ်ရာ လုပ်ချင်ရာလုပ်လိုက်နဲ့ ဘ၀ကိုဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပေါ့။ သူ့အဖေရဲ့ဖိအားတွေကြားမှာပဲ အာခီလ်တစ်ယောက် လူငယ်သဘာ၀ ကောင်မလေးတစ်ယောက်ကိုချစ်မိသွားပါတော့တယ်။ အဲဒီလိုနဲ့ အာခီလ်တစ်ယောက် သူ့အဖေနဲ့ ဘယ်လိုဆက်ပြီး နှစ်ပါးသွားမလဲ၊ သူကြိုက်တဲ့ကောင်မလေးကို ဘယ်လိုပိုးပန်းမလဲ... ဆိုတာတွေကို ရယ်‌ရယ်မောမော ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Skinwalker Island (2025) မြန်မာစာတန်းထိုး IMDb Rating (3.4) ကျွန်းတစ်ကျွန်းပေါ်မှာ ရုပ်ပြောင်းလွှဲနိုင်တဲ့ Skinwalker ကောင်တွေနဲ့ ရင်ဆိုင်တဲ့ဇာတ်လမ်းကိုSupernatural Horror ကျိန်စာတွေနဲ့ ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ မောင်နှမတစ်စုဟာ သူတို့ရဲ့ အဘွားဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ မိသားစုပိုင် ကျွန်းလေးဆီကို ပြန်လာခဲ့ကြပါတယ်။ ကျွန်းပေါ်မှာ သူတို့မောင်နှမတွေပဲ ရှိနေမယ်လို့ ထင်ထားပေမဲ့ ပြဿနာရှာတတ်တဲ့ ဝမ်းကွဲမောင်နှမတစ်ယောက်ပါ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ အဘွားဖြစ်သူရဲ့ ကျန်ရစ်တဲ့ပိုင်ဆိုင်မှုတွေကို ရှင်းလင်းရင်းနဲ့ ကျွန်းပေါ်မှာ ထူးဆန်းတဲ့အရာတွေ စတင်နိုးထလာပါတော့တယ်။ သူတို့မိသားစုရဲ့ ဘိုးဘွားစဉ်ဆက် ဖုံးကွယ်ထားခဲ့တဲ့ကြောက်စရာ လျှို့ဝှက်ချက်တွေနဲ့အတူ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ မကောင်းဆိုးဝါး (Shape-shifters) တွေရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့အခါမှာတော့ အပန်းဖြေထွက်လာတဲ့ အားလပ်ရက်ခရီးစဉ်ဟာ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့ ငရဲခန်းတစ်ခု ဖြစ်လာပါတော့တယ်။

With Love (2026) မြန်မာစာတန်းထိုး IMDb 7.6/10 ရိုရိုချိုချိုကြည့်ရမယ့် IMDb 7.6 ရထားတဲ့ ကျောင်းသားဘဝနောက်ခံ တမီလ်အချစ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆတ်သယာ ဟာ ကိုယ်တိုင်က ဂေါ်မစွံတာကြောင့် အစ်မဖြစ်သူစီစဉ်ပေးတဲ့ ဘလိုင်း ဒိတ်ကို မတွေ့ချင်တွေ့ချင်နဲ့ သွားတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူသွားတွေ့ရတဲ့ကောင်မလေးက တိုက်တိုက်ဆိုင်ဆိုက်ပဲ စတိတ် ကျောင်းတုန်းက ဂျူနီယာကောင်မလေးဖြစ်နေပါတယ်။ ကျောင်းတူကြောင်း သိလိုက်ရတာနဲ့ သူတို့နှစ်ယောက်ဟာ ချက်ချင်းရင်းနှီးသွားပြီး ငယ်ဘဝအ ကြောင်းတွေ၊ ကျောင်းတုန်းက အမှတ်တရတွေ၊ ခရက်ရှ်တွေအကြောင်း ပြန်ပြောကြရင်း တဖြည်းဖြည်းနဲ့ ရင်းနှီးမှုတွေပိုတိုးလာပါတော့တယ်...။

The Testament of Ann Lee (2025) မြန်မာစာတန်းထိုး IMDb Rating (7.0) / Rotten Tomatoes (86%) ဒီကားလေးကတော့ ၁၈ ရာစုတုန်းက "Shakers" ဆိုတဲ့ ဘာသာရေးဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် Ann Lee ရဲ့ ဘဝအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ သမိုင်းဝင် ဂီတဒရာမာ (Historical Musical Drama) ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တဲ့ Ann Lee (Amanda Seyfried ) ကနေ စထားပါတယ်။ Ann ဟာ ငယ်ဘဝမှာရော၊ အိမ်ထောင်ကျပြီးချိန်မှာပါ စိတ်ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ ကလေး ၄ ယောက်မွေးတာ ၄ ယောက်စလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ထိခိုက်ခဲ့ရရှာတယ်။ အဲဒီနောက်မှာတော့ သူဟာ ခရစ်ယာန်ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ Quakers တွေနဲ့ ပူးပေါင်းမိပြီး ဘာသာရေးဘက်ကို အာရုံစိုက်လာခဲ့တယ်။ ကြာလာတော့ သူ့ကိုယ်သူ ဒုတိယအကြိမ် ဝင်စားတဲ့ မေရှိယ (Messiah) အဖြစ် ခံယူကာ "Shakers" ဆိုတဲ့ ကိုယ်ပိုင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့ပါတယ်။ သူတို့ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့မတူဘဲ ဘုရားဝတ်ပြုတဲ့အခါမှာ သီချင်းတွေဆို၊ ကခုန်ပြီး စိတ်လှုပ်ရှားတက်ကြွစွာ ဝတ်ပြုလေ့ရှိကြတယ်။ ဒါ့အပြင် Ann Lee က ကျား/မ တန်းတူညီမျှရေး၊ လူတန်းစားခွဲခြားမှုမရှိရေးနဲ့ လိင်မှုကိစ္စရှောင်ကြဉ်ရေး (Celibacy) တွေကို အဓိကထား ဟောပြောခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီလိုဟောပြောချက်တွေက အဲဒီခေတ်က အသိုင်းအဝိုင်းအတွက် လက်ခံရခက်နေတော့ ဘာသာရေးအစွန်းရောက်အဖြစ် သတ်မှတ်ခံရပြီး စုန်းမလို့ စွပ်စွဲခံရတာ၊ ရိုက်နှက်ထောင်ချခံရတာတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီလို ဖိနှိပ်မှုတွေ၊ အခက်အခဲတွေကြားကနေ သူ့ရဲ့ နောက်လိုက်တပည့်တွေ၊ အစ်ကိုဖြစ်သူ William တို့နဲ့အတူ အမေရိကကို ထွက်ပြေးပြီး သူတို့ယုံကြည်တဲ့ လွတ်လပ်တဲ့ ဘာသာရေးအသိုင်းအဝိုင်းလေးတစ်ခုကို ဘယ်လိုတည်ဆောက်ခဲ့ကြလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီကားရဲ့ အထူးခြားဆုံးအချက်က သာမန်အတ္ထုပ္ပတ္တိကားတွေလို ရိုးရိုးကြီးပြမသွားဘဲ မူရင်း Shaker သီချင်းဟောင်းတွေကို ပြန်လည်အသက်သွင်းပြီး Musical ပုံစံမျိုး တင်ဆက်ထားတာပါပဲ။ ရုပ်ရှင်ထဲက သီချင်းတွေ၊ ကကွက်တွေက ဇာတ်ကောင်တွေရဲ့ ယုံကြည်မှုနဲ့ ခံစားချက်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်သွားစေတယ်။ အထူးသဖြင့် ခေါင်းဆောင် Ann Lee နေရာက သရုပ်ဆောင်သွားတဲ့ Amanda Seyfried ရဲ့ သရုပ်ဆောင်ချက်က တကယ့်ကို အသက်ဝင်ပြီး ကြည့်ရတာ အရမ်းပီပြင်ပါတယ်။ သမိုင်းကြောင်းတွေ၊ ဘာသာရေး ယုံကြည်မှုတွေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြံ့ကြံ့ခံ ရုန်းကန်မှုတွေကို ဂီတအနုပညာနဲ့ ပေါင်းစပ်ကြည့်ရှုချင်တယ်ဆိုရင်တော့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။