fa
Feedback
ATK Channel 🍿

ATK Channel 🍿

رفتن به کانال در Telegram

Sat,Sun 5:35PM

نمایش بیشتر

📈 تحلیل کانال تلگرام ATK Channel 🍿

کانال ATK Channel 🍿 (@whenmmsubs) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 13 539 مشترک است و جایگاه 21 037 را در دسته فیلم‌ها و رتبه 9 515 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 13 539 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 17 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -466 و در ۲۴ ساعت گذشته برابر -6 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 1.45% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 0.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 196 بازدید دریافت می‌کند. در اولین روز معمولاً 43 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 1 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Sat,Sun 5:35PM

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 18 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلم‌ها تبدیل کرده‌اند.

13 539
مشترکین
-624 ساعت
-947 روز
-46630 روز
آرشیو پست ها
Kafir: The Spirit Gate (2026) Kafir: The Spirit Gate (2026) ဇာတ်ကားကတော့ ၂၀၁၈ တုန်းက ပရိသတ်တွေ အတော်လေး အကြိုက်တွေ့ခဲ့တဲ့ အင်
Kafir: The Spirit Gate (2026) Kafir: The Spirit Gate (2026) ဇာတ်ကားကတော့ ၂၀၁၈ တုန်းက ပရိသတ်တွေ အတော်လေး အကြိုက်တွေ့ခဲ့တဲ့ အင်ဒိုနီးရှား ထိတ်လန့်စရာ အောက်လမ်းကား Kafir: Bersekutu dengan Setan ရဲ့ အဆက်အနေနဲ့ ထွက်လာတဲ့ ဇာတ်ကားသစ်လေးပါ။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ဟာမန်ဆိုတဲ့ အမျိုးသားတစ်ယောက်အောက်လမ်းပညာကြောင့် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇနီးဖြစ်သူ သီရိက သူ့သမီး ဒီနာ၊ သားဖြစ်သူ အန်ဒီတို့နဲ့အတူ ဘဝသစ်ကို အေးအေးချမ်းချမ်း ပြန်စဖို့ ကြိုးစားနေခဲ့ပါတယ်။ အန်ဒီကလည်း ရာနီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်တောင် ကျနေပြီပေါ့။ တစ်ရက်ကျတော့ သီရိရဲ့အဖေဆီကနေ အမေအရမ်း နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုး ရောက်လာပါတယ်။ အဲဒါနဲ့ သီရိတို့ မိသားစုလည်း အမေရှိရာကို သွားကြည့်ကြရင်းနဲ့ ဝိညာဉ်တံခါး (Gerbang Sukma) ပွင့်သွားပြီး မထင်မှတ်ထားတဲ့ အနိဋ္ဌာရုံတွေ စတင်လာပါတော့တယ်။ တကယ်တော့ သီရိ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တဲ့ အတိတ်က အပြစ်တွေက အခုချိန်မှာ သူ့မိသားစု တစ်ခုလုံးကို ဒုက္ခပေးဖို့ ပြန်ပေါ်လာတာပါ။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/139

Sumala (2024) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ် အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆ
Sumala (2024)   ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ် အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ် သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ် အောက်လမ်းတို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/137

Cracked (2022) "လှပတဲ့ အနုပညာလက်ရာတိုင်းရဲ့ နောက်ကွယ်မှာ... သွေးပျက်စရာ လျှို့ဝှက်ချက်တွေ ရှိနေတတ်တယ်" Thai Horror ကားကောင်းက
Cracked (2022) "လှပတဲ့ အနုပညာလက်ရာတိုင်းရဲ့ နောက်ကွယ်မှာ... သွေးပျက်စရာ လျှို့ဝှက်ချက်တွေ ရှိနေတတ်တယ်" Thai Horror ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror/Thriller ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် 2PM အဖွဲ့ဝင် မင်းသားချော Nichkhun ကိုယ်တိုင် အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ ရူဂျာဆိုတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ သမီးငယ်လေး ရေချယ်တို့ကနေ စတင်ထားပါတယ်။ ရူဂျာရဲ့ ဖခင်ပကွန်ဟာ နာမည်ကြီး ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး သူသေဆုံးသွားတဲ့အခါမှာတော့ တန်ဖိုးကြီးလှတဲ့ ပန်းချီကားတွေကို သမီးဖြစ်သူဆီ အမွေပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီပန်းချီကားတွေမှာ ထူးဆန်းတဲ့ အက်ကွဲကြောင်းတွေ ဖြစ်နေတာပါပဲ။ ဒီပန်းချီကားတွေကို ပြန်လည်ပြုပြင်ပြီး ရောင်းချဖို့အတွက် ရူဂျာဟာ အနုပညာလက်ရာတွေ ပြန်လည်ပြုပြင်တဲ့ ပညာရှင် တင်မ် ကို ငှားရမ်းခဲ့ပါတယ်။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/134

The Hole In The Ground (2019) IMDb…6.0 ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေ
The Hole In The Ground (2019) IMDb…6.0 ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်… ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်…အဲ့ဒါကတော့ အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်…သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်…. ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ….သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ…. ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/132

Run To The West (2025) ဒီတစ်ခေါက်မှာတော့ Black Out ထဲက မင်းသား Byun Yo-Han, Low Life ထဲက မင်းသား Yang Se-Jong,Wonderful World
Run To The West (2025) ဒီတစ်ခေါက်မှာတော့ Black Out ထဲက မင်းသား Byun Yo-Han, Low Life ထဲက မင်းသား Yang Se-Jong,Wonderful World ထဲက မင်းသား Kim Kang-Woo, Aema ထဲက မင်းသမီး Bang Hyo-Rin, နဲ့ မင်းသား Lim Hyung-Jun, As You Stood By ထဲက မင်းသား Lee Mu-Saeng တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်အက်ရှင် ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးရုပ်ရှင် THE OUTLAWS ရဲ့ ဒါရိုက်တာ ဂန်ယွန်းဆောင်းက ရိုက်ကူးထားပြီး ဇာတ်ကွက်တချို့ကို AI နည်းပညာ အသုံးပြုဖန်တီးထားတဲ့ ပထမဆုံး ကိုးရီးယားရုပ်ရှင်မို့လို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲနော်။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/130

သတ်ခန်းဖြတ်ခန်းတွေပါလို့ကြောက်တက်သူများမကြည့်ရ Re/Member: The Last Night (2025) 2022 အောက်တိုဘာလက ရုံတင်ပြသခဲ့ပြီး အောင်မြင်မ
သတ်ခန်းဖြတ်ခန်းတွေပါလို့ကြောက်တက်သူများမကြည့်ရ Re/Member: The Last Night (2025) 2022 အောက်တိုဘာလက ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရရှိခဲ့သလို Netflix ကိုရောက်ရှိချိန်မှာတော့နိုင်ငံတကာပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုပါ ရရှိခဲ့တဲ့ Karada Sagashi(Re/member) (2022) ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ ပထမကားရဲ့အောင်မြင်မှုကြောင့် ပရိသတ်တွေအသည်းအသန်မျှော်လင့်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကိုတော့ပထမကားရဲ့ ကျိန်စာဟာအဆုံးမသတ်နိုင်သေးပဲ ဒုတိယအဆင့်ကိုရောက်သွားတာနဲ့ ဆက်ပြီးစတင်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျောင်းသားအုပ်စုအသစ်တစ်စုဟာ အပန်းဖြေဥယျာဉ်ဟောင်းတစ်ခုကိုရောက်သွားပြီး အချိန်စက်ဝိုင်းတစ်ခုတည်းမှာပိတ်မိသွားကြပါတယ်။ သူတို့ကို အနီရောင်ဝိဉာဉ်သဏ္ဍာန်တစ်ခုက လိုက်လံသတ်ဖြတ်နေပြီးကျိန်စာကနေ လွတ်မြောက်ဖို့ ဒီကစားကွင်းကြီးနားမှာအသတ်ခံခဲ့ရတဲ့ ကလေးမလေးတစ်ယောက်ရဲ့အပိုင်းပိုင်းဖြတ်တောက်ခံထားရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရှာရမှာပါ။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/128

The Possession of Hannah Grace ( 2018 ) မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ
The Possession of Hannah Grace ( 2018 ) မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီးသွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့... ဒီကားထဲက သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ပြောစကား Dialog တွေဟာအသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ Rated R အဆင့် သတ် မှတ်ထားပါတယ်။ဒီကားဟာ မထွက်ခင်ကတည်းက လူအများစိတ်ဝင်တစားစောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်… ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/126

ထောင်ထဲမှာ အချောဆုံးဖြစ်နေတာကြောင့် ထောင်ပိုင်ကအစ မ-ဖွ-ယ်မ-ရာ ပြု-ကျ-င့်ခံရတဲ့ကောင်မလေး Jailbait (2014)(18+) ဆယ်ကျော်သက်မိန်း
ထောင်ထဲမှာ အချောဆုံးဖြစ်နေတာကြောင့် ထောင်ပိုင်ကအစ မ-ဖွ-ယ်မ-ရာ ပြု-ကျ-င့်ခံရတဲ့ကောင်မလေး Jailbait (2014)(18+) ဆယ်ကျော်သက်မိန်းကလေးဟာသူ့ပထွေးရဲ့ မကောင်းကြံမှုကနေ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ရင်း မတော်တဆသူ့ပထွေးဖြစ်သူကိုသတ်မိသွားပါတယ်ကံဆိုးစွာဘဲ အန်နာနစ်တစ်ယောက်ထောင်လေးနှစ်ကျခံခဲ့ရပါတယ် အန်နာတစ်ယောက် ထောင်ထဲကိုရောက်တဲ့အခါမှာတော့ ကြမ်းတမ်းတဲ့လောကကိုရင်ဆိုင်ရပါတော့တယ်ထောင်သားအချင်းချင်း နှိပ်စက်မှု တိုက်ခိုက်မှုဒဏ်တွေကိုခံစားရပါတော့တယ်ဒါ့အပြင်ထောင်မှူးဖြစ်တဲ့ ဖရန့်ခ်ဆိုတဲ့သူဟာလည်းထောင်သားမိန်းကလေးတွေအပေါ်မှာအသားယူပြီး မကောင်းကြံတဲ့သူဖြစ်နေပါတော့တယ်အန်နာတစ်ယောက်ငရဲခန်းကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားသွားမလဲ သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/124

ဒီဇာတ်ကားကတော့ ထိုင်းနောက်ခံ သမိုင်းကြောင်းနဲ့အတူ သွေးပျက်ခြောက်ချားဖွယ် ရိုက်ကူးထားတဲ့ ဇွန်ဘီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ
ဒီဇာတ်ကားကတော့ ထိုင်းနောက်ခံ သမိုင်းကြောင်းနဲ့အတူ သွေးပျက်ခြောက်ချားဖွယ် ရိုက်ကူးထားတဲ့ ဇွန်ဘီ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ The Black Death (2015) ၁၅၆၅ ခုနှစ်၊ အယုဒ္ဓယခေတ် မဟာချက်ကရာဖတ်မင်းကြီး နန်းစံစဉ်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစား ရွာတစ်ရွာမှာ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါဆိုးကြီး ပျံ့နှံခဲ့ပါတယ်။ ဒီရောဂါဆိုးဟာ အရေပြားပေါ်မှာ အမည်းစက်တွေ ထွက်လာပြီးနောက် လူတွေကို ကြမ်းတမ်းတဲ့ သရဲတစ္ဆေ (ဇွန်ဘီ) တွေလိုမျိုး ဖြစ်သွားစေတာပါ။ ဒီလိုမျိုး တစ်ရွာလုံး ကပ်ရောဂါဆိုးဒဏ်ကြောင့် သေဆုံးသူတွေ၊ ကူးစက်ခံရသူတွေနဲ့ အမှောင်ဖုံးနေတဲ့အချိန်မှာပဲ ရွာသားတစ်စုဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် အသည်းအသန် ကြိုးစားရုန်းကန်ကြရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ဒဏ်ရာကို ဖုံးကွယ်ထားသူတွေ၊ ချစ်ရသူကို ကာကွယ်ချင်သူတွေနဲ့ အသက်လု ထွက်ပြေးနေကြရတဲ့ သူတို့တစ်စုဟာ ရွာထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလားဆိုတာတော့. ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/122

Repost from N/a
ဆန်းကြယ်လွန်းတဲ့ချစ်ဖူးစာ အပိုင်း (၁)

Chinese Anime ကြည့်ချင်တဲ့သူတွေဒီချန်နယ်လေးမာကြည့်လို့ရပီနော်🫶

သရဲကား၊ စုန်းကား ကြိုက်သူများအတွက် Hokum (2026) ဒီတစ်ခါတော့ သွေးပျက်စရာကောင်းတဲ့ Hokum ဆိုတဲ့ Horror ကားသစ်လေးကို တင်ပေးထားပါ
သရဲကား၊ စုန်းကား ကြိုက်သူများအတွက် Hokum (2026) ဒီတစ်ခါတော့ သွေးပျက်စရာကောင်းတဲ့ Hokum ဆိုတဲ့ Horror ကားသစ်လေးကို တင်ပေးထားပါတယ်။ Caveat နဲ့ Oddity ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Damian McCarthy ရဲ့ လက်ရာအသစ်ဖြစ်ပြီး သရုပ်ဆောင် Adam Scott က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘတ်ဂျက် ၅ သန်းတည်းနဲ့ ရိုက်ထားပေမဲ့ ရုံတင်ငွေ ၂၄ သန်းအထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Ohm Bauman ဟာ အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ သူရေးလက်စ စာအုပ်ကို အဆုံးသတ်ဖို့ ခက်ခဲနေတဲ့သူပါ။ သူ့မိဘတွေ ကွယ်လွန်သွားပြီးနောက်မှာတော့ မိဘတွေရဲ့ အရိုးပြာကို ကြဲဖို့ အိုင်ယာလန်တောပိုင်းက ဟိုတယ်လေးတစ်ခုဆီ သူ ထွက်လာခဲ့ပါတယ်။ အဲဒီဟိုတယ်က သူ့မိဘတွေ ဟန်းနီးမွန်းထွက်ခဲ့တဲ့ နေရာလေးပေါ့။ ဟိုတယ်ရောက်တော့ အဲဒီမှာ ဝင်ခွင့်ပိတ်ထားတဲ့ ဟန်းနီးမွန်းအခန်းတစ်ခန်း ရှိနေတာကို တွေ့ရပါတယ်။ ဒေသခံတွေရဲ့ အပြောအရ အဲဒီအခန်းထဲမှာ ကလေးတွေကို ဖမ်းခေါ်တတ်တဲ့ နှစ် ၄၀၀ သက်တမ်းရှိ စုန်းမကြီးတစ်ကောင် ပိတ်လှောင်ခံထားရတယ်လို့ ဆိုကြတယ်။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/120

Rango Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …
Rango Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/118

Frontier(s) (2007) ပြင်သစ်ရုပ်ရှင်တွေဆိုရင် အချစ်ကားတွေ၊ အနုပညာဆန်တဲ့ ဒရာမာကားတွေကိုပဲ ပြေးမြင်တတ်ကြပေမယ့် တကယ်တမ်း ပြင်သစ်ဟေ
Frontier(s) (2007) ပြင်သစ်ရုပ်ရှင်တွေဆိုရင် အချစ်ကားတွေ၊ အနုပညာဆန်တဲ့ ဒရာမာကားတွေကိုပဲ ပြေးမြင်တတ်ကြပေမယ့် တကယ်တမ်း ပြင်သစ်ဟော်ရာ (New French Extremity) လှိုင်းက ကားတွေဟာ ဟောလိဝုဒ်က ထိတ်လန့်စရာကားတွေထက်တောင် ပိုပြီး အကြမ်းပတမ်းနိုင်သလို စိတ်ကို တော်တော်လေး ခြောက်ခြားစေပါတယ်။ ဇာတ်လမ်းက ပါရီမြို့မှာ လက်ယာစွန်းဝါဒီတွေ အာဏာရလာလို့ နိုင်ငံရေးအဓိကရုဏ်းတွေ အပြင်းအထန် ဖြစ်နေတဲ့အချိန်ကနေ စထားပါတယ်။ လူငယ်သူခိုးဂိုဏ်းလေးတစ်ခုဟာ ပိုက်ဆံတွေလုယက်ပြီး ရဲတွေဖမ်းမယ့်ရန်ကနေ လွတ်အောင် နယ်စပ်ဘက်ကို ဦးတည်ပြီး ထွက်ပြေးကြပါတယ်။ လမ်းခုလတ်မှာ အမောဖြေဖို့အတွက် ခေါင်ခိုက်နေတဲ့ တောတွင်း တည်းခိုခန်း (Hostel) အစွန်အဖျားလေးတစ်ခုမှာ ဝင်နားကြရာကနေ ဇာတ်လမ်းက အစပျိုးပါတယ်။ သူတို့ရောက်သွားတဲ့ တည်းခိုခန်းပိုင်ရှင် မိသားစုက သာမန်လူတွေမဟုတ်ဘဲ အတိတ်က နာဇီအယူဝါဒတွေကို အသက်သွင်းချင်နေတဲ့ လူသားစား အစွန်းရောက် (Neo-Nazi) မိသားစုကြီး ဖြစ်နေတဲ့အခါ... ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/116

Alas Roban (2026)ကျိန်စာသင့်တောအုပ် "ခရီးသွားရင်း လမ်းမှာကားပျက်တာက သာမန်ပါပဲ... ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ တောနက်ကြီးထဲမှာ ကား
Alas Roban (2026)ကျိန်စာသင့်တောအုပ် "ခရီးသွားရင်း လမ်းမှာကားပျက်တာက သာမန်ပါပဲ... ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ တောနက်ကြီးထဲမှာ ကားပျက်တယ်ဆိုရင်တော့ အဲဒါ မတော်တဆမှု မဟုတ်တော့ပါဘူး" ဘန်တန်ခရိုင်တစ်ဝိုက်မှာ အလတ်စ်ရိုဘန်ဟေ့ဆိုတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရ ကြက်သီးထရတဲ့ သရဲခြောက်တဲ့တောနက်ကြီး တစ်ချိန်က အဲဒီတောအုပ်ကြီးနဲ့ပတ်သက်လို့ လူစားတယ် ဘာညာသရကာ သတင်းမျိုးစုံထွက်ခဲ့တဲ့နေရာဖြစ်လို့ ညဉ့်နက်ချိန်ဆို လူမပြောနဲ့ ခွေးတစ်ကောင်တစ်မြီးတောင် မဖြတ်ရဲတဲ့နေရာ ဒါပေမဲ့ ဆီတာနဲ့ဂန်ဒစ်တို့သားအမိကတော့ အရေးတကြီး ဆမ်မရန်ကို သွားရမှာဖြစ်လို့ ကားသမားကို ဈေးနှစ်ဆပေးပြီး လိုက်ခိုင်းပါတော့တယ်။ ဆီတာတစ်ယောက် ဒီလိုလောနေရတာကလည်း သူဝင်ရမဲ့အလုပ်သစ်မှာ ဂန်ဒစ် မျက်လုံးခွဲစိတ်ဖို့ ထောက်ပံ့ကြေးရမယ်ဆိုလို့ပါ။ ဒါပေမဲ့ သူ့ရဲ့အလျင်စလိုဆုံးဖြတ်ချက်က သူတို့ကံဆိုးဖို့ဖြစ်လာတဲ့အခါ… ဘာလို့လဲဆိုတော့ ဆမ်မရန်ကိုရောက်ဖို့ဆို မှောင်တဲ့အချိန်မှာ အလတ်စ်ရိုဘန်ဆိုတဲ့ တောအုပ်ကြီးကနေ ဖြတ်ရမှာမလို့ပါပဲ။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/114

The Possession Of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိ
The Possession Of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ် မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက်ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ် သူရဲ့ အလောင်းဟာသေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်..အဲဒီအချိန် ဆေးရုံမှာ တာ၀န်ကျတဲ့ ၀န်ထမ်းအသစ် ရဲ၀န်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့.... ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/112

Noise (2025) ဆောဂျူယောင်း (Lee Sun-Bin) နဲ့ ဆောဂျူဟီး (Han Su-A) တို့ ညီအစ်မနှစ်ယောက်ဟာ ကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ယူနိုင်ခဲ့ပ
Noise (2025) ဆောဂျူယောင်း (Lee Sun-Bin) နဲ့ ဆောဂျူဟီး (Han Su-A) တို့ ညီအစ်မနှစ်ယောက်ဟာ ကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲဒီတိုက်ခန်းလေးဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နေ့ကစပြီး တိုက်ခန်းတစ်နေရာကနေ အမည်မသိနိုင်တဲ့ ဆူညံသံတွေကို စတင်ကြားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမဖြစ်သူ ဂျူဟီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် ဂျူယောင်းဟာ နယ်စက်ရုံလေးကနေ အလျင်စလိုပဲ တိုက်ခန်းဆီ ပြန်လာခဲ့ပြီး ဂျူဟီးရဲ့ချစ်သူ ဂီဟွန်း (Kim Min-Seok) နဲ့အတူ ဂျူဟီးကို လိုက်ရှာတော့တာပေါ့။ တစ်ဖက်မှာလည်း ဆူညံသံတွေ အဆက်မပြတ် ကြားနေရတဲ့ အောက်ထပ်အိမ်က ဘတ်ဂွန်းဘယ် (Ryu Kyung-Soo) က အဲဒီဆူညံသံတွေက ဂျူယောင်းတို့ ညီအစ်မကြောင့်လို့ ထင်ပြီး သတ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့... တကယ်ပဲ တိုက်ခန်းထဲက ဆူညံသံတွေရဲ့ အရင်းအမြစ်က ဘယ်ကလာတာဖြစ်မလဲ... ဂျူဟီးကရော ဘာကြောင့် ပျောက်ဆုံးသွားတာဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာရင်း ကြည့်ရှုပေးကြပါဦးရှင် ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/109

ထူးဆန်းတဲ့သူနဲ့လက်ထပ်မိပြီးအဖြစ်ဆိုးတွေကြုံလာရတဲ့သရဲဝတ္ထုဆရာမလေး Crimson Peak ( 2015 ) သရဲဝတ္ထုတွေရေးဖွဲ့ဖန်တီးတာ ဝါသနာထုံတဲ့
ထူးဆန်းတဲ့သူနဲ့လက်ထပ်မိပြီးအဖြစ်ဆိုးတွေကြုံလာရတဲ့သရဲဝတ္ထုဆရာမလေး Crimson Peak ( 2015 ) သရဲဝတ္ထုတွေရေးဖွဲ့ဖန်တီးတာ ဝါသနာထုံတဲ့ အီဒစ် ဆိုတဲ့ အမျိုးသမီးလေးကတစ်မြို့တစ်ရွာက သောမတ်ရှပ်ဆိုတဲ့ထူးဆန်းတဲ့ လူစိမ်းတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့တယ် သောမတ်ရဲ့ဇာတိမြို့လေးက သော်ကေးအရောင်ရွှံ့စေးထွက်တဲ့ ကြက်သွေးရောင်တောင်ကုန်းပေါ်ရှိ ထူးဆန်းတဲ့ အိမ်အိုကြီးထဲမှာ သောမတ်၊သောမတ်အစ်မလူဆီနှင့်သူမတို့အတူနေရာမှာကြောက်ရွံ့ထိတ်လန့်ဖွယဖြစ်ရပ်တွေကို အီဒစ်တစ်ယောက် ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/107

Salmokji: Whispering Water (2026) - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့
+1
Salmokji: Whispering Water (2026) - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု... ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာ မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/105

Qorin (1+2) “မှန်ကြည့်လိုက်ချိန် ကိုယ်မပြုံးဘဲ မှန်ထဲကအရိပ်က ပြုံးပြနေပြီဆိုရင်တော့…” အင်ဒိုဟော်ရာပရိသတ်တွေအတွက် ၂၀၂၂ တုန်းက
Qorin (1+2) “မှန်ကြည့်လိုက်ချိန် ကိုယ်မပြုံးဘဲ မှန်ထဲကအရိပ်က ပြုံးပြနေပြီဆိုရင်တော့…” အင်ဒိုဟော်ရာပရိသတ်တွေအတွက် ၂၀၂၂ တုန်းက ထွက်ရှိခဲ့ပြီး တော်တော်လေး နာမည်ကြီးခဲ့တဲ့ အင်ဒိုသရဲကားကောင်း Qorin ရဲ့ ဒုတိယပိုင်း ထွက်ရှိလိုလာပါပြီ။ ပထမကားတုန်းက ဘာသာရေးကျောင်းမှာ ကျောင်းအုပ်ကြီးရဲ့ထွက်ရှိလိုလာပါပြီ။ ပထမကားတုန်းက ဘာသာ(Qorin) တွေကို ခေါ်မိရာကနေ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မှတ်မိကြဦးမှာပါ။ ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။ ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။ မှာတော့ ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူမတ်မူနဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ ချန်နယ်အရင်joinပါဗျ🔗▶️ https://t.me/+ZicIIECw8AgxMjM9 Movie Link🔗▶️ https://t.me/c/3350448521/96

ATK Channel 🍿 - آمار و تحلیل کانال تلگرام @whenmmsubs