⛩Japanese Self Study by Akiyama 秋山学生
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام ⛩Japanese Self Study by Akiyama 秋山学生
کانال ⛩Japanese Self Study by Akiyama 秋山学生 (@jpselfstudyaki) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 18 148 مشترک است و جایگاه 10 950 را در دسته آموزش و رتبه 7 616 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 18 148 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 02 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 610 و در ۲۴ ساعت گذشته برابر 27 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 17.16% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.90% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 3 112 بازدید دریافت میکند. در اولین روز معمولاً 889 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 30 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 03 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
18 148
مشترکین
+2724 ساعت
+2387 روز
+61030 روز
آرشیو پست ها
🚨 N3 စာမေးပွဲနီးပြီနော်! ဒီ Grammar 3 ခုကို မသိရင် အမှတ်လွတ်သွားနိုင်တယ်!
📚 ① ~ことになる
အဓိပ္ပာယ် – "ဆုံးဖြတ်ချက်အရ ဖြစ်လာသည်"
✅ 来月、日本へ行くことになりました。
→ နောက်လ ဂျပန်သွားရတော့မယ်။
📚 ② ~たところ
အဓိပ္ပာယ် – "လုပ်ပြီးတဲ့အခါ"
✅ 先生に聞いたところ、試験は来週でした。
→ ဆရာကို မေးကြည့်တော့ စာမေးပွဲက နောက်အပတ်ဖြစ်နေတယ်။
📚 ③ ~に違いない
အဓိပ္ပာယ် – "သေချာပေါက်...ဖြစ်မယ်"
✅ あの人は日本人に違いない。
→ အဲဒီလူက ဂျပန်လူမျိုး သေချာပေါက် ဖြစ်မယ်။
⚠️ N3 စာမေးပွဲက နီးနေပြီ။ TikTok ကြည့်ပြီး အချိန်ဖြုန်းနေတာထက် မေးခွန်းဟောင်းတွေ လေ့ကျင့်တာက ပိုအရေးကြီးပါတယ်။
📌 Channel Join ထားတဲ့သူတွေက YouTube Community မှာ တင်ထားတဲ့ N3 မေးခွန်းဟောင်းတွေ၊ Mock Test တွေကို အခုပဲ သွားလေ့လာနိုင်ပါတယ်။
🔥 Pass မဖြစ်ချင်သူနဲ့ Pass ဖြစ်ချင်သူရဲ့ ကွာခြားချက်က ဒီနောက်ဆုံးရက်ပိုင်းကို ဘယ်လိုအသုံးချလဲဆိုတာပဲ။
💯 N3 ကို ဒီတစ်ခါ အောင်ဖို့ ရည်မှန်းထားရင် Channel Join လုပ်ပြီး မေးခွန်းဟောင်းတွေကို အခုပဲ သွားဖြေကြည့်လိုက်ပါ!
#japanese #japaneseselfstudybyakiyama
#selfstudy
📚 N3 Kanji ကို ပိုမှတ်မိစေမယ့် Tips 3 ခု
N3 ရောက်လာတဲ့အခါ Kanji အရေအတွက်က ပိုများလာပြီး တချို့ Kanji တွေက ပုံစံတူလို့ ရောထွေးတတ်ပါတယ်။ ဒါကြောင့် အလွတ်ကျက်ရုံထက် မှန်ကန်တဲ့နည်းနဲ့ လေ့ကျင့်ဖို့ ပိုအရေးကြီးပါတယ် ✨
🔹 Tip 1: Kanji ကို အဓိပ္ပါယ်နဲ့တွဲမှတ်ပါ
Kanji တစ်လုံးကို shape ပဲကြည့်ပြီး မှတ်တာထက် သူ့ရဲ့ meaning နဲ့ story လေးတွေကို တွဲမှတ်ရင် ပိုမှတ်မိလွယ်ပါတယ်။
ဥပမာ
経験(けいけん)= Experience
経 = pass through
験 = test
အဓိပ္ပါယ်ကို နားလည်ထားရင် vocab အသစ်တွေမှာလည်း ပြန်တွေ့တဲ့အခါ ပိုလွယ်ကူပါတယ်။
🔹 Tip 2: Kanji တစ်လုံးကို စကားလုံးများများနဲ့ လေ့ကျင့်ပါ
Kanji ကို တစ်လုံးချင်း မမှတ်ဘဲ vocabulary နဲ့တွဲပြီး လေ့ကျင့်ပါ။
ဥပမာ
情 → 情報、感情、事情
Kanji တစ်လုံးတည်းက စကားလုံးအများကြီးမှာ ဘယ်လိုအသုံးဝင်လဲဆိုတာ မြင်လာရင် မှတ်မိတာ ပိုကြာရှည်ပါတယ်။
🔹 Tip 3: နေ့တိုင်း နည်းနည်းစီ Review လုပ်ပါ
တစ်ရက်တည်း Kanji 30 လုံးကျက်တာထက်
နေ့တိုင်း 5 လုံး၊ 10 လုံးလောက်ကို ပုံမှန်ပြန်ကြည့်တာက ပိုထိရောက်ပါတယ်။
Kanji သင်ယူရာမှာ Consistency က အရေးအကြီးဆုံးပါ 💪
📱 Kanji တွေကို Reading, Meaning, Vocabulary နဲ့ Writing Practice တွေ ပြန်လေ့ကျင့်ချင်တယ်ဆိုရင် KanjiAki Application လေးမှာလည်း လေ့ကျင့်လို့ရပါတယ်။
https://play.google.com/store/apps/details?id=com.softedify.jaki_kanji
N3 Level Kanji တွေကို နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားရင် "မမှတ်မိဘူး" ဆိုတဲ့အဆင့်ကနေ "မြင်တာနဲ့ ဖတ်နိုင်တယ်" ဆိုတဲ့အဆင့်ကို ရောက်လာမှာပါ 🌸
今日も頑張りましょう!🇯🇵✨
minasan လုပ်နေတာလေးတွေခနရပ်ပြီး စဥ်းစားကြည့်ပါ
JLPT ဖြေဖို့ ၁ လပဲလိုပါတော့တယ် 🥲
📚 N4 Grammar Tips (Part 1)
ဂျပန်စာ N4 လေ့လာနေတဲ့သူတွေအတွက် ဒီနေ့ Grammar 3 ခုကို အတိုချုပ်ကြည့်ရအောင် ✨
🔹 1. ~なければなりません
"လုပ်ရမယ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။
📌 例:
毎日勉強しなければなりません。
(Mainichi benkyou shinakereba narimasen.)
နေ့တိုင်း စာလေ့လာရမယ်။
🔹 2. ~てもいいです
"လုပ်လို့ရတယ်" / "ခွင့်ပြုတယ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။
📌 例:
ここで写真を撮ってもいいです。
(Koko de shashin o totte mo ii desu.)
ဒီမှာ ဓာတ်ပုံရိုက်လို့ရပါတယ်။
🔹 3. ~と思います
"ထင်တယ်" / "ယူဆတယ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။
📌 例:
日本語は面白いと思います。
(Nihongo wa omoshiroi to omoimasu.)
ဂျပန်စာက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ပါတယ်။
🌸 Grammar ကို အလွတ်ကျက်တာထက် Example Sentence တွေနဲ့ တွဲပြီးလေ့ကျင့်ရင် ပိုမှတ်မိလွယ်ပါတယ်။
ဒီလို N4 Grammar, Vocabulary နဲ့ Kanji တွေကို ပိုပြီး အသေးစိတ်လေ့လာချင်တယ်ဆိုရင် YouTube မှာ Japanese Self Study by Akiyama Channel ကို သွားကြည့်နိုင်ပါတယ် ✨
YouTube channel link 👇
https://youtube.com/@japaneseaki224?si=W8jkPA8rjk_Td65b
#japaneseselfstudy #japanese
📚 N3 Grammar Quick Tips 🇯🇵
JLPT N3 မှာ လူများများမှားတတ်တဲ့ grammar 3 ခုကို ဒီနေ့ 1 minute နဲ့လေ့လာမယ် 👀
① 〜ようにする
👉 “ကြိုးစားပြီး လုပ်ဖြစ်အောင်လုပ်တယ်” ဆိုတဲ့ meaning
✅ 毎日、日本語を話すようにしています。
(နေ့တိုင်း Japanese ပြောဖြစ်အောင် ကြိုးစားနေတယ်)
💡 Habit change လုပ်တဲ့အခါ အရမ်းသုံးတယ်!
② 〜ことになる
👉 “ဆုံးဖြတ်ခံရတယ် / officially decided”
✅ 来月、日本へ行くことになりました。
(နောက်လ ဂျပန်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ)
❌ 自分で決めた feeling မဟုတ်ဘူး
✅ Situation / company / school ကဆုံးဖြတ်တာမျိုး
③ 〜わけではない
👉 “မဟုတ်ဘူးလို့တော့ မဆိုလိုဘူး”
✅ 日本語が嫌いなわけではない。
(Japanese ကိုမကြိုက်တာတော့ မဟုတ်ဘူး)
💡 Soft negative expression ဖြစ်လို့ native တွေအရမ်းသုံးတယ်✨
📌 ဒီလို JLPT N3 grammar tips တွေ၊ speaking tricks တွေနဲ့ Japanese learning contents အသစ်တွေကို မလွတ်ချင်ရင်
🔔 Channel ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော် 🇯🇵✨
“がんばろう together!” 💪
ဂျပန်စာလေ့လာတဲ့သူတော်တော်များများ “Hiragana, Katakana ကတော့အဆင်ပြေတယ်… Kanji ရောက်လာရင်ပဲ မမှတ်နိုင်တော့ဘူး” ဆိုပြီး စိတ်ပျက်တတ်ကြပါတယ် 🥲
တကယ်တော့ Kanji က တစ်လုံးချင်းစီကို အလွတ်ကျက်ဖို့ထက် နားလည်ပြီး လေ့ကျင့်ပုံမှန်လုပ်ဖို့ကပိုအရေးကြီးပါတယ်။
အဲ့လိုမျိုး self study လုပ်နေတဲ့သူတွေထဲမှာ “ဘာနဲ့လေ့ကျင့်ရမလဲ” “ဘယ်ကစရမလဲ” မသိသေးတဲ့သူတွေအတွက်
Japanese self study by Akiyama ဆိုတဲ့ channel လေးကို recommend လုပ်ချင်ပါတယ် ✨
ရှင်းပြတာတွေက beginner တွေအတွက်လည်းနားလည်လွယ်ပြီး kanji, vocab, grammar တွေကို self study လုပ်လို့ရအောင် step by step တင်ပေးထားတာမျိုးပါ။
အပြင် video ကြည့်ရုံတင်မဟုတ်ဘဲ ကိုယ်တိုင်ပြန်လေ့ကျင့်လို့ရအောင် application လေးပါလုပ်ပေးထားတော့
Kanji မှတ်တာ၊ vocab ပြန်လေ့ကျင့်တာတွေကို ပိုပြီး consistent ဖြစ်စေပါတယ် 📚
တစ်နေ့တည်းနဲ့ fluent ဖြစ်သွားမယ့်နည်းတော့မရှိပေမယ့်
မှန်တဲ့ resource နဲ့ နေ့တိုင်းနည်းနည်းစီလုပ်သွားရင်
“Kanji ကခက်တယ်” ဆိုတဲ့ feeling က တဖြည်းဖြည်းလျော့သွားတာကိုသတိထားမိလာပါလိမ့်မယ် 🌸
#Jakijapanese
#japaneseselfstudybyakiyama
🇯🇵 ဂျပန်စာကို တကယ်နားလည်ချင်သူတွေအတွက် Advanced Tips📚✨
🔹 Advanced level မှာသိထားသင့်တဲ့အချက်တွေ
• ဂျပန်စာမှာ particle (は / が / を) သုံးပုံသုံးနည်းက meaning ကိုအရမ်းပြောင်းလဲစေနိုင်ပါတယ်
👉 ဥပမာ - は က topic ကိုဖော်ပြတာဖြစ်ပြီး が က subject ကို emphasize လုပ်တတ်ပါတယ်
• Keigo (敬語) ဆိုတဲ့ honorific language က business နဲ့ formal situation တွေမှာ မရှိမဖြစ်လိုအပ်ပါတယ်
👉 普通形 (plain form) နဲ့ 丁寧形 (polite form) ထက်တောင်ပိုပြီး complex ဖြစ်ပါတယ်
• Verb conjugation တွေမှာလည်း nuance ကွာခြားမှုတွေရှိပါတယ်
👉 〜ている က present continuous တင်မဟုတ်ဘဲ “state” ကိုပါ ဖော်ပြနိုင်ပါတယ် (例:知っている = သိထားပြီးဖြစ်တယ်)
📂 Playlist နဲ့ ခွဲထားပြီးသားဖြစ်လို့
Grammar, Vocabulary, Listening, JLPT preparation စတာတွေကို ကိုယ်လိုချင်သလို ရွေးပြီး စနစ်တကျ လေ့လာနိုင်ပါတယ်။
💡 Tip – “Translate မလုပ်ဘဲ Think in Japanese” လုပ်ကြည့်ပါ
ဒါက fluency တက်လာဖို့ အရမ်းအထောက်အကူပြုပါတယ်
🎁 အထူးသဖြင့် — ဒီ channel မှာ lessons တွေကို အခမဲ့ လေ့လာနိုင်ပါတယ်
Self-study လုပ်ချင်တဲ့သူတွေအတွက် perfect ဖြစ်ပါတယ်
👉 Already basic သိပြီးသားဆိုရင် အခုတင်ပဲ playlist တွေထဲဝင်ပြီး next level ကိုတက်လိုက်ပါ!
一緒にレベルアップしよう!🚀🇯🇵
みなさん 👋
🇯🇵 Japanese speaking တိုးတက်ချင်တယ်ဆိုရင်
အရေးကြီးဆုံးအချက်က “practice” ဖြစ်ပါတယ်။
Grammar နဲ့ vocabulary တို့က အခြေခံအဖြစ် အရေးကြီးပေမယ့်
အဲ့ဒါတွေနဲ့တင် မလုံလောက်ပါဘူး။
လက်တွေ့ပြောခြင်းမရှိဘူးဆိုရင်
speaking စွမ်းရည် မတိုးတက်နိုင်ပါဘူး။
တစ်ခုသိထားရမှာက
စကားပြောတဲ့အခါ perfect ဖြစ်ဖို့ မလိုအပ်ပါဘူး။
📌ကဲ ဘယ်လိုစတင်လေ့ကျင့်မလဲ
စစချင်းမှာ ရှုပ်ထွေးတဲ့ sentence တွေတည်ဆောက်ဖို့ မလိုအပ်ပါဘူး။
ကိုယ်ပြောနိုင်တဲ့ လွယ်ကူတဲ့ sentence လေးတွေကနေ စတင်နိုင်ပါတယ်။
နေ့စဉ်လုပ်နေတဲ့ အရာတွေ —
ရေသောက်တယ်၊ ထမင်းစားတယ် စတာတွေကို
ဂျပန်လို တွေးပြီး ပြောကြည့်ပါ။
အရေးကြီးတာက တွေးတာနဲ့ မရပ်ဘဲ
ပါးစပ်ကနေ ထုတ်ပြောဖို့ပါ။
အဲ့ဒီလို လေ့ကျင့်မှ muscle memory ဖြစ်လာပြီး
နောက်ပိုင်းမှာ စဉ်းစားစရာမလိုဘဲ ပြောနိုင်မှာပါ
📌 အမှားလုပ်ဖို့ကို မကြောက်ပါနဲ့
စလေ့ကျင့်နေတဲ့သူတစ်ယောက်အတွက်
အမှားလုပ်တာဟာ သဘာဝပါ။
ရှက်စရာလည်း မဟုတ်သလို
ကြောက်စရာလည်း မလိုပါဘူး။
အမှားတွေကနေ သင်ယူရင်းနဲ့ပဲ
တဖြည်းဖြည်း တိုးတက်လာတာပါ။
📌 တစ်ယောက်တည်းဖြစ်နေလည်း လေ့ကျင့်နိုင်ပါတယ်
လေ့ကျင့်ဖို့အဖော်မရှိတာဟာ
practice မလုပ်နိုင်တဲ့ reason မဟုတ်ပါဘူး။
ဒီနေ့ဘာလုပ်ခဲ့လဲ၊ ဘာစားခဲ့လဲဆိုတာတွေကို
Japanese နဲ့ ပြောကြည့်ပါ။
အဲ့ဒီလိုနဲ့ speaking ကို အလေ့အကျင့်ဖြစ်လာစေနိုင်ပါတယ်။
📌 Shadowing practice ကို မမေ့ပါနဲ့ 🎧
ဒီအချက်က speaking လေ့ကျင့်တဲ့သူတွေဆိုရင်လုပ်ကိုလုပ်သင့်သင်တဲ့အရာတစ်ခုပါ
shadowing ဆိုတာ ကြားသမျှကို လိုက်ပြောတဲ့ practice လို့ပြောလို့ရပါတယ် အသေးစိတ်ကိုနောက်ပို့စ်လေးတွေမှာ ဆက်လက်ဝေမျှသွားပါမယ်
ဒီနည်းလမ်းက
အသံထွက်နဲ့ rhythm ကို တိုးတက်စေပြီး
speaking နဲ့ listening နှစ်ခုလုံးအတွက် အသုံးဝင်ပါတယ်။
📌 Tongue twister နဲ့ speed လေ့ကျင့်ပါ
ဂျပန်တွေပြောတာမြန်လို့ မလိုက်နိုင်ဘူး shadowing မလုပ်နိုင်ဘူးလို့ ထင်ရင်
tongue twister လေးတွေကို သုံးပြီး လေ့ကျင့်နိုင်ပါတယ်။
အစပိုင်းမှာ အသံထွက်မှန်ဖို့ကို အာရုံစိုက်ပြီး
နောက်ပိုင်းမှာ speed တိုးအောင် လေ့ကျင့်ကြည့်ပါ
👇 ဥပမာ
生麦 生米 生卵
なまむぎ なまごめ なまたまご
隣の客はよく柿食う客だ
となりのきゃくは よくかきくう きゃくだ
အစပိုင်းမှာ ခက်ခဲနိုင်ပေမယ့်
ဖြည်းဖြည်းနဲ့ လေ့ကျင့်သွားရင်
အသံထွက် ပိုမိုရှင်းလင်းလာပါလိမ့်မယ်နော်
speaking ဆိုတာ
တိတ်တိတ်နေရင်း တိုးတက်လာမယ့် skill မဟုတ်ပါဘူး။
ပြောရင်း၊ အမှားလုပ်ရင်း၊ ပြင်ဆင်ရင်းနဲ့ပဲ
တကယ်တိုးတက်လာတာဖြစ်ပါတယ်။
အမှားလုပ်ဖို့ မကြောက်ပါနဲ့။
ဘာသာစကားတစ်ခုကိုတတ်မြောက်ဖို့ ပြောနိုင်ဖို့ဆိုရင် ဖြတ်လမ်းမရှိတာမို့
မရမချင်း လေ့ကျင့်ကြရအောင်နော် 皆さん✨
一緒に話しましょう 🇯🇵
#japaneseselfstudy
#Jakijapanese
#japaneseselfstudybyakiyama
📚✨ ဂျပန်စာကို ကိုယ့်စိတ်ကြိုက်အချိန်နဲ့ နေရာမှာ စိတ်ကြိုက်လေ့လာချင်လား?
အခုဆိုရင် အချိန်အများကြီးပေးရတဲ့သင်ကြားရေးတွေကို မလိုတော့ပါဘူး။
ကျွန်တော်တို့ဖန်တီးထားတဲ့ Japanese Self-Study by Akiyama Channel + Application နှစ်ခုနဲ့ဆိုရင်—
🇯🇵 အခြေခံကနေ စပြီး နားလည်အောင်ရှင်းပြထားတဲ့ Lesson တွေ
🎧 နားထောင်ပြီး ပြောတတ်လာအောင် Audio Practice
📝 မှတ်မိလွယ်တဲ့ Vocabulary + Grammar Tips
📱 အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်တဲ့ System
👉 အရေးကြီးဆုံးကတော့ — 100% FREE ❗
💸 ငွေမကုန်ဘဲ ကိုယ့်စိတ်တိုင်းကျ လေ့လာနိုင်ပါတယ်။
ကျွန်တော်နဲ့အတူလေ့လာမယ်ဆိုရင် “စတင်ဖို့ အချိန်မရှိဘူး” ဆိုတာ အကြောင်းပြချက်မဟုတ်တော့ပါဘူး။
ဒီနေ့ပဲ စပြီး တစ်နေ့နည်းနည်းစီ လေ့လာလိုက်ရင်
မနက်ဖြန်မှာ ကိုယ့်ကိုယ်ကို တကယ်အံ့သြသွားမယ်။
🔥 ခုပဲစမ်းကြည့်လိုက်တော့နော်
📲 Channel + App Link ကို အောက်မှာဝင်ကြည့်နိုင်ပါတယ်
YouTube channel link⤵️
https://youtube.com/@japaneseaki224?si=W8jkPA8rjk_Td65b
Kanji JAKI application link ⤵️
https://play.google.com/store/apps/details?id=com.softedify.jaki_kanji
JAKI Japanese application link ⤵️
https://play.google.com/store/apps/details?id=com.japanese.language
Start today. Speak Japanese tomorrow. 🇯🇵✨
မနက်ဖြန်မှာ N2 Part II video လေးတွေ တင်ပေးမယ်နော်။
わたし Motivation ရအောင် သင်္ကြန်မလည်ဖြစ်တဲ့သူတွေ Video လေးတွေ ကြည့်ပြီး စာကျက်ပေးကြပါဉီးနော်။ 🍀🍀🍀💪💪💪💖💖💖
တစ်ခုခုဆို အမြဲ တိုင်ပင်ဖြစ်တယ်
အိမ်နဲ့တော့ မဟုတ်ဘူး ChatGPT နဲ့
みなさん 👋
🇯🇵 Japanese listening တိုးတက်ချင်ရင်ဘာတွေလိုအပ်တယ် ထင်လဲ☺️
တချို့လူတွေက
“anime ကြည့်နေတယ်… podcast နားထောင်နေတယ်…”
ဒါပေမယ့် listening မတိုးတက်ဘူး 😅
ဘာကြောင့်လဲဆိုတော့
👉 “နားထောင်နည်း” မှားနေတတ်လို့ပါ
တကယ်တိုးတက်ချင်ရင် ဒီလိုလုပ်ကြည့်နော် 皆さん
📌audio တစ်ခုကို အကြိမ်များများ ပြန်နားထောင်ပါနော်
တစ်ခါနားထောင်ပြီး ချက်ချင်းမပြောင်းသွားပါနဲ့ ❌
👉 2–3 ခါ၊ မရသေးရင် 5 ခါထိ နားထောင်ပါ
📌“အကုန်နားလည်ရမယ်” ဆိုတဲ့ idea ကိုလည်း လွှတ်လိုက်ပါ
ဒါဟာလူအများစုမှားကြတဲ့အရာပါ နားထောင်ဆိုတာနဲ့အကုန်လိုက်မှီရမယ်ထင်နေကြတာ အကုန်ဆိုတာထက် keywords တွေကို ဖမ်းတဲ့ အကျင့်နဲ့စပါ
စလေ့ကျင့်တဲ့လူဆို ဒါကအရင်စရပါမယ်နော်
native တွေလည်း တခါတလေ အကုန်မကြားနိုင်ဘူး 😅မို့
📌shadowing လုပ်ဖို့ကို မမေ့ပါနဲ့ နော်🔥
နားထောင်ပြီး ချက်ချင်းလိုက်ပြောပြီး
accent၊ speed၊ tone အားလုံး copy လုပ်ပါ
အစမှာ မလိုက်နိုင်ရင်လည်း စိတ်ဓါတ်မကျဘဲနဲ့
ဆက်လုပ်ရင် နားက တဖြည်းဖြည်း ဖမ်းလာနိုင်ပါလိမ့်မယ်
📌textbook Japanese မဟုတ်ဘဲ
real Japanese ကို နားထောင်ဖို့လည်း အရေးကြီးတယ်
食べている → 食べてる
分からない → わかんない
ဒီလို short form မသိရင်
နားထောင်ရင် confuse ဖြစ်တတ်ပါတယ်
📌long video တစ်ခုကို တစ်ခါနားထောင်တာထက်
short clip တစ်ခုကို အကြိမ်များများ repeat လုပ်တာ ပိုထိရောက်တယ်
👉 5–20 sec လောက် audio တွေကို သုံးပေးလို့လည်း ရပါတယ်
❗️တကယ်တော့ listening ဆိုတာ
talent မဟုတ်ဘူး
👉 repetition skill ပါ
နေ့တိုင်း 20 mins လောက်ပဲလုပ်
ဒါပေမယ့် consistency တော့ရှိရမယ်နော်
တစ်လလောက်ဆို တိုးတက်လာတာ စသိလာမှာမို့ try ကြည့်ကြပါနော်
listening practice လုပ်တဲ့အခါ
ကိုယ့်ကိုယ်ကို မေးကြည့်ပါ
“နားထောင်နေတာလား”
“လေ့ကျင့်နေတာလား”
❗️တိုးတက်ချင်ရင် နားထောင်တာထက် လေ့ကျင့်ပါနော်
一緒に勉強しましょう 💪🇯🇵✨
#japaneseselfstudy
#Jakijapanese
#japaneseselfstudybyakiyama
N3 kanji master(short point) link ကို playlist စုပေးထားပါတယ် 🫶
https://youtube.com/playlist?list=PLs9OKK-EWtp9kCsmUnh9Yae6c57FZToXl&si=iMoUIRZK3pa_lyiC
Kanji စာလုံး ၊ အဓိပ္ပာယ် နှင့် ဥပမာစာကြောင်းလေးတွေပါ တွဲပြီးပြောပြပေးထားတာမို့ sentence ဖွဲစည်းပုံနဲ့ meaning အသုံးပြုပုံကိုပါလေ့လာနိုင်မှာဖြစ်ပါတယ် ✅
Vdလေးတွေကို linkကတစ်ဆင့် YouTube မှာ သွားကြည့်နိုင်ပါတယ် Admin ရဲ့ YouTube channel မှာ လေ့လာမှတ်သားပြီး Application လေးမှာ သွားလေ့ကျင့်လို့လဲရတာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲနော်။
Application link - https://play.google.com/store/apps/details?id=com.softedify.jaki_kanji
