cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ဝန်ကြီးချုပ်မင်းသား,မြင့်မြတ်,မြန်မာစာတန်းထိုး,movie myanmar,ကုလားကား,သရဲကား,ဟာသကား,တရုတ်သိုင်းကား,ထိုင်း,ဟာသ,

نمایش بیشتر
پست‌های تبلیغاتی
8 888
مشترکین
+2924 ساعت
+2347 روز
+26430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ Embrace of the Serpent(2015) IMDB: 7.8/10 ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲတစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။သူတို့နှစ်ဦးလုံးရဲ့ခရီးစဉ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဉ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ ဒီခရီးစဉ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ အောက်က အပြာရောင်စာတန်းကို နှိပ်၍ကြည့်ပါ။ 👇👇👇 https://t.me/moviezonemm7/4762
نمایش همه...
Photo unavailableShow in Telegram
The Art of Fighting (2006) ———————————— ဂွန်းဝူက ငယ်ရွယ်စဥ်ကတည်းက တိုက်ကွမ်ဒိုကို သင်ယူခဲ့သူဖြစ်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှ ဒိုင်လူကြီး၏ မမျှတမှုကြောင့် ဒိုင်လူကြီးကို ပြန်ခံပြောရင်း သူ့ရဲ့တိုက်ကွမ်ဒိုအားကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ဒေါ်လေးဖြစ်သူနဲ့ နေထိုင်တဲ့ ဂွန်းဝူဟာ ငယ်ငယ်တည်းက သင်ယူခဲ့ရတဲ့ အားကစားကို စွန့်လွှတ်ပြီး သာမန်အထက်တန်းကျောင်းသားအဖြစ် စာသင်ယူဖို့ ကျောင်းပြောင်းလာခဲ့ရပါတယ်။ တိုက်ကွမ်ဒိုကို စွန့်လွှတ်ပြီး ရိုးရိုးကျောင်းတက်ရင်း အေးအေးဆေးဆေးနေထိုင်ချင်တဲ့ ဂွန်းဝူအတွက်တော့ ကျောင်းအသစ်က ဆုံးဖြတ်ချက်မှားတစ်ခုပါပဲ။ဂွန်းဝူရဲ့ကျောင်းအသစ်မှာ ကျောင်းသားချင်း ပိုက်ဆံလု၊ ရိုက်နှက်အနိုင်ကျင့်တဲ့ အုပ်စုဆိုပြီး တစ်ဖွဲ့သက်သက်ရှိပြီး အဲဒီအုပ်စုရဲ့ခေါင်းဆောင်နေရာကို အတိုက်အခိုက်အတော်ဆုံးသူက ရရှိတဲ့သဘောပါ။ကျောင်းသားသစ်ဆိုပြီး ဂွန်းဝူကို အနိုင်ကျင့်ချင်တဲ့ အဲဒီအဖွဲ့က ဂွန်းဝူကို သွေးတိုးလာစမ်းပေမဲ့ သူတို့ထက်တော်တဲ့ ဂွန်းဝူနဲ့ တွေ့တဲ့အချိန်မှာတော့ သူတို့ပဲ ပညာပြန်ပေးခံလိုက်ရပြီး ဂွန်းဝူက ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ရပ်တန့်သွားအောင် ကြိုးစားတ
نمایش همه...
Photo unavailableShow in Telegram
Li Bai's Adventure in Chang An (2019) ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကို ဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန် ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။ လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက် မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့ တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့် သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲ ပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက် အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေ တိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
نمایش همه...
Photo unavailableShow in Telegram
Hotel Lake (2020) မိဘတွေကွဲပြီး တစ်ယောက်တည်းရုန်းကန် နေထိုင်နေရတဲ့ယူမီဟာ အမေတူအဖေကွဲ ညီမဖြစ်သူကို မစောင့်ရှောက်ပေးနိုင်လို့ အမေ့သူငယ်ချင်းဖြစ်သူပိုင်တဲ့ ဟိုတယ်ဆီ ညီမဖြစ်သူကိုအပ်နှံဖို့ ရောက်လာခဲ့တဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့ ထိတ်လန့်စရာတွေ ကြောက်မက်ဖွယ်ရာတွေကိုကြုံတွေ့ခဲ့ရတယ်။ ဒီလိုခြောက်ခြားမှုတွေကနေ သူတို့ညီအစ်မထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား... ရင်ဆိုင်နေရတဲ့ ထိတ်လန့်စရာတွေကရော ဘာတွေလဲ... ဒါတွေကိုအဖြေရှာနိုင်ပါ့မလားဆိုတာ...
نمایش همه...
00:03
Video unavailableShow in Telegram
🎆အငြိတွေကြမ်းပြီး ဆတွေနဲ့ ပေးများတဲ့ Shwemin68 ဂိမ်းဆိုဒ့် 🎆ဖရီးအကောင့်ဖွင့်ရန် 📌https://shwemin68.biz/SM68132 🎆(10,000ကျပ်) ငွေသွင်းကစားတဲ့ ချစ်ရတဲ့ကာကာတိုင်းအတွက် 🎆ည (23:00) နာရီအချိန်တိုင်း 10,000ကျပ် 5ဆုကိုနေ့စဉ်ဖောက်ယူနစ်ပေးသွားပါမယ်ရှင့် 🎆တကယ်ရ တကယ်ထုတ် မှန်ကန်မှုနဲ့ရပ်တည်တဲ့ဆိုဘ် 🎆Viber : 09429565688 📱Telegram : 09690679689 🎆မန်ဘာသစ် 100% / 50000 သွင်း 50000 အပိုဘောနပ် ရယူနိုင်ပြီး 🎆နေ့တိုင်း SLOT BONUS 20% SAT-SUN SLOT BONUS 50% အများဆုံး 50000ထိပေးနေပြီနော် 🎆NEW YEAR PROMOTION CASH BACK MONTHLY 5% 🎆Shwemin68 ဂိမ်းဆိုဒ့်လေးမှ မြန်မာနိုင်ငံအတွင်းလူကြိုက်များသော ကာစီနိုအခန်းလေးတွေမှာ Baccarat / Slot / Football /ကျား-နဂါး/ဆင်ဘို/Roulette အပါအဝင် PRAGMATICPLAY SLOT / MICROGAMING SLOT/LIVE22 / JILI / SPADEGAMING စလော့အပါအဝင် စလော့ပေါင်း 1000 ကျော်အနည်းဆုံး 15ကျပ် 20 ကျပ် အဝယ် 1500 ကျပ်ထဲနဲ့ ယုံကြည်စိတ်ချစွာဆော့ကစားလိုရပါပြီးရှင့်.... 🎆ထိုင်းရောက်ရွှေမြန်မာ များပါ ယုံကြည်စိတ်ချစွာ ဆော့ကစားနိုင်ပါတယ်ရှင့် 🎆လူကြီးမင်းတိုအား အချိန်မရွေးလှမ်းလာခဲ့ဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🙏🙏
نمایش همه...
o8Kz8K4ERIlADUVf5eQg2bDmZKEFEBclBgsAUi.mp42.73 MB
Photo unavailableShow in Telegram
The Monkey King {2014} Blu-Ray 1080p မြန်မာနိုင်ငံတော်ဂိမ်းထဲမှာတဖုန်းဖုန်းသေနေပြီးအဆဲခံနေရတဲ့သခင်ကြီး Sun ခေါ်စွန်း၀ူခုန်းဆိုတာငပေါလေးမဟုတ်ပဲတကယ်ကြမ်းတဲ့ Character တစ်ယောက်ဖြစ်ကြောင်းကိုပြန်သတိပေးဖို့အတွက် 2014 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Monkey King ဆိုတဲ့ဇာတ်ကားဟောင်းလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။စွန်း၀ူခုန်းဆိုတဲ့ Character ကိုအများကြီးပြန်လည်မိတ်ဆက်ပေးနေစရာမလိုပဲအရင်ခေတ်ရောအခုခေတ်မှာပါလူတော်တော်များများကသိပြီးသားဖြစ်နေမှာပါ။ ဒါပေမယ့်အကျဉ်းချုပ်လေးအနေနဲ့ပြောပြရင်းမှတ်ဉာဏ်လေးတွေကိုပြန်နှိုးဆွပေးပါရစေ။စွန်း၀ူခုန်းဆိုတာကရိုးရိုးတန်းတန်းပေါက်ဖွားလာတဲ့သာမန်မျောက်တစ်ကောင်မဟုတ်ဘဲနတ်ဘုရားမနူဝါဆီကနေဆင်းသက်လာတဲ့မျောက်တစ်ကောင်ဖြစ်တဲ့အတွက်မွေးကတည်းကနတ်ဒေဝါတွေရဲ့အစွမ်းတွေနဲ့ပါရမီပါလာသူဖြစ်ပါတယ်။သူ့ကိုလမ်းမှန်ရောက်ဖို့ဆရာပုတိကသင်ကြားလမ်းပြပေးခဲ့ပေမဲ့နတ်ပြည်နဲ့ရန်ငြိုးရန်စရှိနေတဲ့မီးတောင်ဆီနှင်ထုတ်ခံခဲ့ရတဲ့နတ်ဆိုးတွေက၀ူခုန်းကိုအသုံးချပြီးနတ်ပြည်ကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ လူတွေရဲ့သဘောသဘာ၀တွေကိုသေချာနားမလည်တဲ့၀ူခုန်းတစ်ယောက်နတ်ပြည်မှာဘယ်လိုတွေတက်သောင်းကျန်းပြီး ဘယ်လိုတွေပြစ်ဒဏ်ခံရမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားဟောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
نمایش همه...
Photo unavailableShow in Telegram
The Monkey King 2 (2016) Blu-ray 1080p ဒီတခေါက်ဇာတ်ကားလေးကတော့ လူတိုင်းသိပြီးသားဖြစ်တဲ့ စွန်းဝူခုန်းရဲ့အနောက်ဘက်သို့ခရီးနှင်ခြင်းဆိုတဲ့ဇာတ်လမ်းကြောရိုးကိုမှီတည်ပြီး ဆန်းသစ်တီထွင်ထားတာပါ... ဇာတ်လမ်းအကျဥ်း... ကံကြမ္မာဆိုတာတကယ့်ကိုပဲထူးဆန်းလှပေ၏.... ဘယ်သူမှထိန်းမရအောင်ဆိုးပေလွန်းတဲ့ တန်ခိုးရှင်စွန်းဝူခုန်း...လက်ငါးချောင်းတောင်အောက်မှာအပြစ်ပေးခံရတာ နှစ်ပေါင်း၅၀၀ကြာပြီးနောက် အရှေ့ရပ်ထန်နိုင်ငံမှ ကိုယ်တော်လေးတစ်ပါးနဲ့ အကြောင်းပြန်ဆုံံတဲ့အခါ... ဘယ်လိုမျိုးလိမ်မာသွားမလဲ.....အနောက်ရပ်ကို အခက်ခဲတွေကြားကျမ်းစာဘယ်လိုသွားယူကြသလဲ.... လူဆိုး (မကောင်းတဲ့သူတွေ) ဆိုတာဘာကြောင့်ဖြစ်လာရတာလဲ.... မတရားခံပြီးနာကျည်းမုန်းတီးစွာသေခဲ့ရတဲ့သူတယောက်... မကောင်းဝါးဆိုးဖြစ်သွားတဲ့အခါမှာ ကောင်းတဲ့သူဖြစ်အောင်တဖန် ပြန်လည်ပြုပြင်နိုင်ပါ့မလားဆိုတာကိုတော့ မူရင်းဇာတ်ကြောကိုတဖန်ဆန်းသစ်တီထွင်ထားတာမလို့ ဇာတ်ကားလေးကြည့်ရင် ငယ်ဘဝသို့တဖန်ပြန်သွားကြပါစို့နော်
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.