cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Sandi Myint Aung

💚 Only one but Lion 💚

نمایش بیشتر
پست‌های تبلیغاتی
9 643
مشترکین
اطلاعاتی وجود ندارد24 ساعت
+377 روز
+12930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ #crd
نمایش همه...
👍 6
"စစ်တက္ကသိုလ် ဗိုလ်လောင်းခေါ်ယူခြင်း" "တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းခေါ်ယူခြင်း" crd
نمایش همه...
👍 3
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး သထုံ-ဘီးလင်းကြား ယခင် ကျုံအိတ်တံတားအနီး ကရင်လေးဆိပ် တံတားအား အကြမ်းဖက် KNU/PDF များ မနေ့ည ၁၀၃၀ ချိန်ခန့်က မိုင်းခွဲလိုက်လို့ ပျက်စီးမှုအခြေနေ … - ကားများ သွားလာလို့မရပါ။ #Crd
نمایش همه...
👍 3
Photo unavailableShow in Telegram
ပဲခူးမြို့တွင် ဓားနဲ့ထိုး ဒုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်နှင့် ဖုံးအားလုယက်ထွက်ပြေး ****** (မှုခင်း) ဇူလိုင် ၁၇ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ပဲခူးမြို့ အမှတ်(၃)ရဲစခန်းအပိုင်တွင် ဆိုင်ကယ် ကယ်ရီဌား၍ လူပြတ်သည့်နေရာတွင် ကယ်ရီမောင်းသူအား ဓားဖြင့်ထိုး၊ ဒုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုံးအား လုယူထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဥ်မှာ အမှတ်(၃)နယ်မြေရဲစခန်းနှင့် (၁)မိုင်ခန့် အကွာ၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ လေယာဉ်ကွင်းတွင် ဦးအေးဝင်း၊ အသက် ၅၃ နှစ် ဆိုင်ကယ် ကယ်ရီမောင်း၊ မဟာကြီးသီးသန့်(၄)လမ်း၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ ပဲခူးမြို့နေသူသည် ဓားဒဏ်ရာများဖြင့်လဲကျနေကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက်၍ စစ်ဆေးခဲ့ရာ ဦးအေးဝင်းသည် ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲ/ယာ ဦးခေါင်း ပေါက်ပြဲဖူးရောင် ဒဏ်ရာ (၁)ချက်စီ၊ ဝဲနံပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာခါးပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲ/ယာ ပုခုံး.... Webpage >>... https://positiveanglenews.com/2024/07/17/ပဲခူးမြို့တွင်-ဓားနဲ့ထိ/ #PAN #PKL #SZ
نمایش همه...
😱 3🤬 3
လက်ရှိအဖျောက်မြို့အခြေအနေ (16.7.2024)ရက်နေ့၊ (15:40)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၄)ရပ်ကွက်၊ ပိတုန်းပိတ်တာအရှည်ပေ(၂၂၀)ပေအားသဲအိတ် (10000)ဖြင့် တာဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်အဖျောက်နယ်မြေမီးသတ်စခန်းမှလက်ထောက်မီးသတ်ဦးစီးမှူးဦးနေမျိုးထွန်းဦးဆောင်၍ သန္ဓေ (၁၃) ဦး အရန်( ၁၇ )ဦးပေါင်း (၃၀) ဦးဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ #ကိုနေသွေးဇော်
نمایش همه...
👍 36
Repost from Ko Thet
Photo unavailableShow in Telegram
ပြင်ဦးလွင်က ဘော်ဒါဆောင်တွေနဲ့ပတ်သက်ပြီး ပြည်ဖျက်တွေက ဂျင်းအမျိုးမျိုး သတင်းလုပ်ရေးကြတယ်။ ပြည်ဖျက်မီဒီညာဆိုတာ မြန်မာပြည် မငြိမ်းချမ်းမှ၊ ပြည်သူတွေ တုန်လှုပ်ခြောက်ခြား ကျီးလန့်စာစားဖြစ်နေမှ သူတို့ထမင်းစားရတာမို့ပါ။ ဒီလိုမျိုး ကောလာဟလကို ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ သုံးသပ်နိုင်မှ တော်ကာ ကျပါလိမ့်မယ်။ - ပြင်ဦးလွင်မှ ဘော်ဒါဆောင်တွေတင်မဟုတ်ဘူး အနယ်နယ်အရပ်ရပ်က ဘော်ဒါဆောင်တွေလည်း ကျောင်းပိတ်ရက်ရှည်ရင် မိဘထံခေတ္တပြန်လို့ရပါတယ်။ မပြန်ချင်လည်း ဘော်ဒါမှာပဲ နေလို့ရတယ်။ - ပြင်ဦးလွင်က ဘော်ဒါဆောင်တွေက စည်းကမ်း ပိုလို့တောင် တင်းကြပ်ပါသေးတယ်။ ဗိုလ်လောင်းတွေ ဧည့်တွေ့ တွေ့သလိုပေါ့ဗျာ(ဗိုလ်လောင်းကတော့ အပြင်မှာ ညအိပ်လို့မရပါ)။ - ကျောင်းပိတ်ရက် ၃ ရက်မို့ ကျောင်းသားမိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဘော်ဒါဆောင်မှာ ဧည့်တွေ့လာတွေ့လို့ ရတယ်။ အနီးနားက မိဘတွေကတော့ ဧည့်တွေ့တွေ့ပြီး ကိုယ့်ကလေးကို ပေးစရာရှိတာပေးပြီး ပြန်ကြတယ်။ ကလေးက ဘော်ဒါဆောင်မှာပဲ ညပြန်အိပ်တယ်။ နယ်ဝေးက လာတဲ့ မိဘတွေဆိုရင်တော့ ပြင်ဦးလွင်မြို့ထဲက တည်းခိုခန်း၊ ဟိုတယ်မှာ ကိုယ့်ကလေးကို ခေါ်ပြီး တည်းခိုခွင့် ပြုထားပါတယ်။ ဒါ .. ဘော်ဒါဆောင်တွေရဲ့ လုပ်ရိုးလုပ်စဉ် သမားစဉ်အလုပ်တွေပဲဖြစ်ပါတယ်။ - အခု ပြည်ဖျက်မီဒီညာတွေက ပြင်ဦးလွင်မြို့ကြီး အခြေအနေမကောင်းလို့ ဘော်ဒါတွေပိတ်ပြီး ကလေးတွေကို လာခေါ်ခိုင်းနေသယောင် ဝါဒဖြန့်ကြတယ်။ ဆင်ခြင်တုံတရားမရှိတဲ့သူတွေက ယုံကြတယ် (ဥပမာ .. နီပိတ်)။ - ဆင်ခြင်တုံတရားဆိုတာ စာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ပါဘူး။ ဆရာဝန်ဖြစ်ပြီး ဆင်ခြင်တုံတရားမရှိတဲ့ တစ်ဖက်ပိတ်တွေလည်း မြန်မာပြည်မှာ အများကြီးပါ။ အကျိုး အကြောင်းလား၊ အဆိုးလား အကောင်းလား၊ အဓမ္မလား ဓမ္မလား ဆိုတာကို ခွဲခြားဆင်ခြင်ဆုံးဖြတ်နိုင်တဲ့သူကသာ ဆင်ခြင်တုံတရားရှိတယ်လို့ ခေါ်ပါတယ်။ - မြန်မာပြည်သူတွေ ပြည်ဖျက်တွေရဲ့ ကောလာဟလ သတင်းတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်ကြပါစေ။ KT
نمایش همه...
👍 32🤔 2
July 16 ပြင်ဦးလွင်စာပန်းအိမ်VECစိုးစံကျောင်း သတင်းအမှန် စိုးစံက ကျောင်းသား ပြန်လွှတ်တယ် လိုင်းပေါ် တင်သူ တင်နေပါတယ်။ အာဇာနည်နေ့ စနေ တနဂ်နွေ ၃ရက် ဆက်ပိတ်လို့ မိဘ ခွင့်လာခေါ်ရင် လိုက်ခွင့် ပြုတာသာ ဖြစ်ပါတယ် - ပုံမှန် သင်ကြားနေပါတယ် မိတ်ဆွေများ သတင်းမှန်ကို ပြန်လည် မျှဝေပေးခြင်းဖြင့် ကူညီပါရန်။ https://t.me/WINSH9 ---------- 👆 သတင်းလာပေးသူရှိရင်တော့ ငစန်ိုးတို့အနေနဲ့ တင်ပေးရမှာပါ။ - ကလေးတွေ ပညာရေးမနှောင့်နှေးစေချင်တဲ့ စေတနာပါ။ - သတင်းမှား/မှန်စီစစ်ဖို့လည်း ထည့်ရေးသားထားပါတယ်။ - သက်သက်မဲ့ လော်ပြီးတင်စရာအကြောင်းမရှိပါ။ မဟုတ်ဘူးဆိူပြီးတာပါပဲ။ #SQ🇲🇲
نمایش همه...
Photo unavailableShow in Telegram
ပြင်ဦးလွင်မြို့ဝင်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ ============================================ ဇူ ၁၄ ၊ ၂၀၂၄ ခုနှစ်။ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာရှိ X-Ray စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်စေဉ် နောင်ချိုဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသည့် Chang Long  တွဲကား(၂၂) ဘီး(လိုင်စင်ရှိ) ယာဉ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၃၉၅၀၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့။ တရားခံ ၂ ဦးအား စစ်ဆေးချက်အရ ၎င်းတို့ယာဉ်၏ ရှေ့တွင် မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် ယာဉ် ၁ စီး ပြင်ဦးလွင်မြို့သို့ ထွက်ခွာသွားကြောင်း သိရသဖြင့် ရှာဖွေခဲ့ရာ ရပ်ကွက်ကြီး ၁၄ ၊ ညောင်နီကျေးရွာ မြို့ရှောင်လမ်း ၊ မိုးမခစားသောက်ဆိုင်ရှေ့၌ Nissan Dissel တွဲယာဉ်(၁၈) ဘီးယာဉ် ၁ စီးကို ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ၇၂၅၀၀၀၀ ပြားနှင့်အတူ တရားခံ ၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့။ တရားခံ ၃ ဦးနှင့်အတူ စုစုပေါင်းစိတ်ကြွဆေးပြား ၁၁၂၀၀၀၀၀ ပြား(ကာလတန်ဖိုးကျပ် ၁၆.၈ ဘီလီယံခန့်) ဖမ်းဆီးရမိ။ #ခင်ညိုချော
نمایش همه...
👍 33
တိုက်ပွဲသတင်းထုတ်ပြန်ချက် ဇူလိုင် ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ========================= ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ ရန်အောင်မြင်ဘုရားကုန်းသို့ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့။ ကယားပြည်နယ် လွိုင်ကော်မြို့ GTC ကျောင်းသို့ KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့(စိစစ်ဆဲ) က စနိုက်ပါဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့်  အကြမ်းဖက်များခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် GTC ၏ အနောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။ >>>အေကေကျည် ၃၇ တောင့်၊ ကျောပိုးအိတ် ၂ လုံး သိမ်းဆည်းရမိခဲ့။ မိုးဗြဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ မြောက်ဘက်မီတာ ၆၀၀ အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ >>>အေကေကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့။ မွန်ပြည်နယ် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စခန်းကြီးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက် ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။ >>> အကြမ်းဖက် ၂ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့။ မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက် ၄၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးစဉ် ကျောက်ကန်ကျေးရွာရှိ နေအိမ် ၂၆၈ လုံး အနက် ၁၈၀ လုံးအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် အသက် ၁၈ နှစ်အရွယ် အရပ်သားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရခဲ့။ မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်အင်အား ၆၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။ >>>အကြမ်းဖက် ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ အမ်အေ(၁) ၁ လက် သိမ်းဆည်းရမိခဲ့။ #တိုက်ပွဲသတင်းစုံ
نمایش همه...
👍 29 1
ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေရသူများအား ကူညီပြောင်းရွှေ့ဆောင်ရွက်ပေးလျက်ရှိ ရေနံချောင်း၊ ဇူလိုင် ၁၆ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ (၉) ရက်နေ့က စတင်၍ ကျေးရွာအချို့နှင့် မြစ်ကမ်ဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် နေအိမ်များအတွင်း ရေဝင်ရောက်လျက်ရှိရာ ရေဘေးဒုက္ခကြုံတွေ့ နေကြရသည့် ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ MNP
نمایش همه...
👍 35😱 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.