cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

ပြည်ထောင်စု

نمایش بیشتر
پست‌های تبلیغاتی
1 912
مشترکین
-124 ساعت
-97 روز
-2530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

အတိတ်တဘောင်နိမိတ်များနှင့်အမဲလိုက်ချိန်ရောက်တော့မည်။ =================== အတိတ်တွေတဘောင်တွေနိမိတ်တွေယုံလို့မဟုတ်ပေမဲ့တခါတ​ေလလောကကြီးမှာမထင်မှတ်တာတွေဟာတိုက်ဆိုင်မှုအလားဖြစ်လာတတ်တယ်။ အထူးသဖြင့်မြန်မာ့လူ့ဘောင်မှာအတိတ်တဘောင်နိမိတ်တွေကပစ်ပါယ်လို့မရ။ ရှေးပဝေသဏီအဆကိဆက်ကတည်းကယုံကြည်လက်ခံလာကြတာပါ။ ဥပမာဖြစ်ရပ်တွေပေးမယ်ဆိုအများကြီး။ မျက်မှောက်ကာလမှာကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေကြည့်ရင်...ဆန္ဒပြကြတုန်းကဆန်စေ့တွေကျဲတစေ့ခြင်းကောက်ခဲ့ကြတာယခုအစစအရာရာရှားပါးလာကြပြီ။ ထို့အတူဘဲအိုးတွေခွက်တွေတီးဆူဆူညံညံလုပ်ခဲ့ကြတာအခုမြန်မာတပြည်လုံးဝုန်းဒိုင်းကြဲနေတာဘဲမဟုတ်လား။ဒါတွေကလိုရာဆွဲပြောတယ်ထင်ရင်လည်းထင်ကြပေါ့ထင်လို့ရတာဘဲ။ မဖဲဝါပုံတွေနဲ့ပါဖေါင့်လုပ်ဆန္ဒပြခဲ့ကြတာမြန်မာပြည်အရပ်ရပ်အစိမ်းသေသေကြရတာတွေအများကြီးအများကြီးဖြစ်လာတာဘဲ။ ချစ်သုဝေရဲ့အဖေလားမသိဘူးဗုဒ္ဓမြတ်စွာရဲ့မျက်နှာတော်ကိုကြောက်စရာအသွင်ရေးဆွဲပုံဖေါ်ခဲ့တာ...အခုဗုဒ္ဓဘာသာကိုအကြီးအကျယ်အပုတ်ချတိုက်ခိုက်ပုံဖျက်လာနေတာခံနေကြရတယ်။ NUGကိုအနူဂျီးသုံးလိုက်ကြတာNUGခမျာလက်ဖြန့်ခံခွက်ခေါက်တောင်းနေရတဲ့အဖွဲ့တစ်ဖွဲ့လိုဖြစ်နေတာဘဲလေ။ဟိုးယခင်အနူရောဂါသည်တွေမှန်သမျှလူတွေကြားတောင်းစားကြသူတွေ။ ထို့အတူဘဲ...ပဒတ်..ပဒတ်ဆိုတဲ့အတိုင်းတွင်းထဲကထွက်တာနဲ့ကွိကနဲကွိကနဲဖမ်းခံနေရတာ။ ဟော...တလောကနဂါး....နဂါး...နေရာတကာနဂါးအတော်ခေတ်စားလိုက်တာအခုအရှေ့ဘက်ကနဂါးကြီးနဂါးလေးတွေအမောက်ထောင်နေပြီ။ အခုနောက်ဆုံးအဆိုတော်ကြီးရဲ့ အမဲလိုက်အက......ဘယ်သူကဘယ်သူ့ကိုအမဲလိုက်ကြမလဲတော့မသိဘူးအမဲလိုက်အကသီချင်းကအတော်အုံးအုံးကျွက်ကျွက်ဖြစ်ခဲ့ပြန်ပြီ။သေချာတာကတော့အမဲလိုက်တယ်ဆိုမှတော့တောထဲဘဲလိုက်ကြတာဆိုတော့မြို့ပေါ်တော့မဖြစ်နိုင်ဘူးတောထဲကသူပုန်လက်နက်ကိုင်သောင်းကျန်းသူတွေကို​ေတောထဲထိအမဲလိုက်ချိန်တော့ရောက်လာတော့မဲ့အတိတ်နိမိတ်လို့ယူကြရတော့မယ်။ အယူသည်းကြည့်တာပါလေ။ အကောင်းဘက်ကတွေးကြည့်ရင်တလောကဆရာတပည့်နှစ်ယောက်ရဲ့ချစ်စရာvfileလေးအတော်ပျ့ံနှ့ံလူပြောများခဲ့တယ်။ချစ်စရာပျော်စရာလေးတွေလည်းကြုံလာကြရအုံးမှာပါ။ ဒါကြောင့်မြန်မာ့လူ့အဖွဲ့အစည်းမှာ၁၂ရာသီပန်းအလှတွေ၁၂ရာသီဘာသာရေးပွဲပျော်ပွဲရွင်ပွဲတွေနဲ့ ရှေးလူကြီးတွေကအတိတ်ကောင်းနိမိတ်ကောင်းတွေစီမံသွားကြတာထင်တယ်။ကိုယ့့်ဟာကိုယ်တွေးမိတာပါ။ ဘာဘဲပြောပြောမြန်မာပြည်ကြီးမြန်မာပြည်သူပြည်သားတွေမကြာခင်ကာလမှာ၁၂ရာသီကာလပါတ်လုံးအေးချမ်းပျော်ရွင်သာယာနေတဲ့အနေအထားကိုမလွဲမသွေပြန်ရောက်မယ်လို့လုံးဝ ဥသုံအလုံးစုံယုံကြည်ပါတယ်။ တတိုင်းပြည်သူလုံးမြန်မာပြည်သားအယုတ်အလတ်အမြတ်ဘာသာခြားလူမျိုးခြားမရွေးအားလုံးမေတ္တာစိတ်ကလေးတွေကိုယ်စီပွားများကြရင်မကြာမှီအချိန်ကာလပြန်လည်အေးချမ်းသါယာပါလိမ့်မယ်။
نمایش همه...
👍 5🥰 5
ပြည်ပကျူးကျော်စစ်ကိုရင်ဆိုင်နေရပြီလား ============================== ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းအတွေ့အကြုံများအရ၁၉၆၀ခုနှစ်နောက်ပိုင်းယခု၁၀၂၇တရုတ်proxy warဟာအင်မတန်ကြီးမားပြင်းထန်ကျယ်ပြန့်ပါတယ်။ဒါကိုအမှန်အတိုင်းမြင်ကြည့်ဘို့လိုမယ်။ တရုတ်proxy warလို့ဘာလို့သုံးရသလဲတော့အထူးရှင်းပြမနေတော့ပါဘူး။ ၁၉၆၈ဗကပတွေရဲ့ထိုးစစ်တွေမှာတရုတ်နီတပ်မတော်ကအပြည့်အဝအကူအညီပေးခဲ့ရုံမက တရုတ်တပ်မတစ်မပါဗကပယူနီဖေါင်းဝတ်ပြီးပါဝင်တိုက်ခိုက်ခဲ့ပေမဲ့....သံလွင်အရှေ့ခြမ်းနယ်မြေတွေမှာသာကြီးမားတဲ့တိုက်ကွက်တွေဖေါ်နိုင်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းဗကပတွေရဲ့ထိုးစစ်တွေဟာယခုလောက်ကြီးမားပြင်းထန်ကျယ်ပြန့်မှုမရှိဘဲစခန်းသိမ်းတိုက်ပွဲလောက်သာများပါတယ်။ ထိုစဥ်ကလည်းတရုတ်နီစစ်နည်းဗျူဟာလူလှိုင်းနည်းဗျူဟါသာလွန်အင်အားနဲ့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာပါဘဲ။ ယခု၁၀၂၇ထိုးစစ်တွေမှာလည်းရန်သူပလောင်ကိုးကန့်ဝဆိုတဲ့တရုတ်ဩဇာခံတွေဟာသာလွန်အင်အား လူလှိုင်းနည်းဗျူဟာကိုတရုတ်ထုတ်droneတွေနဲ့Drop Bombချပြီးစခန်းတပ်ရင်းဌာနချုပ်တွေကိုအကြိမ်ကြိမ်တက်လုံးတဲ့နည်းဗျူဟာကိုဘဲအသုံးပြုနေတာပါ။ သို့ပေမဲ့၁၀၂၇မှာကြီးမားကျယ်ပြန့်ပြင်းထန်တဲ့ ဧရိယာထိုးစစ်ကိုနေရာအနှ့ံတပြိုင်တည်းရက်ရှည်တိုက်နိုင်တဲ့အထိလူအင်အားလက်နက်ခဲယမ်းအုပ်ချုပ်ထောက်ပ့ံမှုမပြတ်လတ်တာဟာ...တရုတ်နဲ့ရင်ဆိုင်နေရတဲ့တရုတ်proxy warဆိုတာသေချာနေ ပါတယ်။ တရုတ်အစိုးရတာဝန်ရှိသူတွေဘယ်လိုဘဲတရုတ်မပါဘူးငြင်းနေပေမဲ့မြေပြင်မှာရင်ဆိုင်နေရတဲ့အခြေအနေနဲ့သမိုင်းကြောင်းတွေအရတော့တရုတ်နိုင်ငံရဲ့နောက်ကွယ်ကပါဝင်နေတဲ့ ကျူးကျော်မှုဆိုတာကိုတော့မြန်မာပြည်သူလူထုတစ်ရပ်လုံးသိရှိနေကြပါပြီ။ အကယ်၍တရုတ်အစိုးရဟာတရုတ်မပါဘူးဆိုတာလက်တွေ့ပြသချင်ရင်တရုတ်နိုင်ငံအတွင်းမှာရှိနေတဲ့ဝကိုးကန့်ပလောင်တို့ရဲ့ပိုင်ဆိုင်မှုတွေဘဏ်အကောင့်ငွေကြေးတွေအပြီးပိတ်သိမ်းပေးသင့်တယ်။ သမိုင်းကြောင်းတလျောက်၁၉၄၉ခုနှစ်ကွန်မြူနစ်တောခိုရောင်စုံသူပုန်ထကြွမှုနဲ့အတူKNDOလက်နက် ကိုင်ပုန်ကန်မှုပြီးရင်ဒီအချိန်ဒီကာလဟာမြန်မာတနိုင်လုံးစစ်မီးအဝိုင်းဆုံးအချိန်ကာလစစ်ရေးအပြင်းထန်ဆုံးကာလလို့သတ်မှတ်ရပါတော့မယ်။ သို့ပေမဲ့ဒီတစ်ကြိမ်ထူးခြားတာက၁၀၂၇ဟာပြည်ပ ကျူးကျော်မှုရင်ဆိုင်နေရပါပြီ။ ပြည်သူပါဝင်တဲ့စစ်စည်းရုံးမှုကိုအပြည့်အဝအချိန်မှီ ဖေါ်ဆောင်သင့်ပြီထင်ပါတယ်။
نمایش همه...
👍 19
👍 3
Photo unavailableShow in Telegram
ပြည်သူလူထုကအ​ြကမ်းဖက်pdfတွေရဲ့သတင်းကို အတိအကျပေးလို့အတိအကျလိုက်လံချေမှုန်း တာခံနေရပြီ။ တော်လှန်ရေးအသံကောင်းဟစ်.... ပြည်သူလူထုထံကဘဲ ဆက်ကြေးကောက် ပြန်ပေးဆွဲငွေညစ် ပြည်သူလူထုပိုင်ဆိုင်မှုတွေကိုလက်နက်ကိုင်ပြီးသိမ်း ဓမြတိုက်မုဒိန်းကျင့် လက်နက်မဲ့အပြစ်မဲ့ပြည်သူလူထုကိုဒလန်အမည်တတ်အကြမ်းဖက်သတ်ဖြတ်နေတဲ့ ယုတ်မာပက်စက်တဲ့လုပ်ရပ်တွေကိုပြည်သူလူထုလက်မခံတော့ပါ။ တပ်မတော်နှင့်အတူပူးပေါင်းဆောင်ရွက်နေပြီ။
نمایش همه...
👍 3
မြန်မာပြည်ပြိုကွဲရန်လက်တလုံးအလို ============================ အစကတော့အနောက်အုပ်စုCIAကိုဘဲမဲတင်းပြီးကြည့်နေကြတယ်။ကိုယ့်အိမ်နီးခြင်းအစဥ်အဆက်ဆက်ဆံခဲ့သူကဒီလောက်လုပ်လိမ့်မယ်လို့ဘယ်သူထင်မှာလဲ။ ၁၀၂၇ပထမအကြိမ်မစခင်မှာမြန်မာပြည်အရပ်ရပ်အခြေအနေကနစကကအတော်လေးစီးမိနေပြီ။အဲ့ဒီကာလပြန်ကြည့်။အနယ်နယ်အရပ်ရပ်ဟိုတပွက်ဒီတပွက်လောက်ဘဲထနိုင်တော့တယ်။ အိမ်နီးခြင်းတယုတ်စိနကြီးကောင်းမှုနဲ့မျောက်၃ ကောင်က၁၀၂၇လည်းထလုပ်ရော​ြမန်မာ့ပြည်လုံခြုံရေးစီးကတလဟောကျိုးပေါက်သွားတယ်။ ရှမ်းမြောက်တရုတ်proxy(လူတိုင်းသိတယ်)မှာအခြေမလှအုံနဲ့ကျင်းနဲ့လက်နက်ချအဖမ်းခံ ဖြစ်စဥ်တွေကနေမြန်မာ့တပ်မတော်စစ်ဦးကျိုးသွားတာထွန်းမြတ်နိုင်ရဲ့AAရခိုင်အထိဘဲ။ရခိုင်မှာလည်းတလဟောဘဲ။ ရခိုင်မှာနည်းနည်းသူတင်ကိုယ်တင်အခြေအနေဖြစ်လာပြန်တော့ကချင်ကထလာတယ်ဝိုင်းမော်နားရွှေညောင်ပင်ထိဒိုးယိုပေါက်ပွင့်သွားတာဘဲ။ ကချင်ကိုထိန်းထားနိုင်​ပြီးရခိုင်မှာတရုတ်မွေးတဲ့ခွေးရခီးတွေဘဂ်လီအရေးနဲ့တိုင်ပတ်စစ်ရှိန်ကျသွားမြန်မာ့တပ်မတော်ကလည်းပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အင်အားဖြည့်တင်းဘို့လုပ်လာတော့........ အခု၁၀၂၇ဒုတိယအဆင့်ဆိုပြီးရှမ်းမြောက်ကလားရှိုးသီ​ေပါနောင်ချိုသိန္နီကိုတရုတ်လူMNDAAနဲ့TNLAဆိုပြီးတိုက်စစ်ဆင်လာပြန်တယ်။ စစ်ပွဲတစ်ပွဲဆိုတာလက်နက်ရှိရုံလူရှိရုံနဲ့ဖေါ်ဆောင်လို့မရဘူး။စစ်ပွဲကိုပ့ံပိုးပေးရမဲ့အုပ်ချုပ်ထောက်ပ့ံမှု ငွေကြေးရိက္ခာခဲယမ်းတွေပြည့်စုံနေမှ။ဒီရှုဒေါင့်ကကြည့်ရင်မြန်မာပြည်၁၀၂၇ကစလိုက်တဲ့စစ်ပွဲမှန်သမျှရဲ့အဓိကလက်မဲကြီးကဘယ်သူလဲဆိုတာထင်းထင်းကြီးတွေ့နေရတယ်။ ပြန်စဥ်ကြည့်ရင်...... ပထမအကြိမ်၁၀၂၇စစ်ပွဲ(ပြီး) ၁၀၂၇နောက်ဆက်တွဲရခိုင်စစ်ပွဲ(ဆက်တိုက်ဆဲစစ်ရှိန်ကျ) ကချင်ပြည်နယ်စစ်ပွဲ(ဆက်တိုက်ဆဲစစ်ရှိန်တန့်) ယခုနောက်ဆုံး၁၀၂၇စစ်ပွဲ(လက်ရှိအပြင်းအထန် ဖြစ်နေဆဲ) ကြားထဲကCIAစနက် ကရင်ပြည်နယ်မြဝတီသက်န်းညီနောင်(KTLA)(စစ်ရှိန်တန့်) ကယားလွှိုင်ကော်ဒေသ(KNDF)(စစ်ရှိန်တန့် ရှမ်းတောင်ဆီဆိုင်ဒေသ(KNDF/KNPP)(ပြီး) ဒီလိုစစ်မျက်နှာအများအပြားရင်ဆိုင်နေရတယ်။ ဒီစစ်မျက်နှာတွေထဲကမြန်မာပြည်မြောက်ခြမ်းအနောက်ခြမ်းစစ်ပွဲတွေရဲ့လက်မဲကြီးဘယ်သူဆိုတာမြန်မာပြည်သူလူထုအားလုံးသိတယ်။ ဒီမျက်မှေးလက်မဲ​ြကီးကဘာလို့ဒီလိုလုပ်ရတာလဲ? လက်မဲ​ြကီးရဲ့လက်တန်ကမန္တလေးကျောက်ဆည်လွင်ပြင်ထိရောက်နေပြီ။ အနောက်ဘက်ခြမ်းမှာစစ်တွေကျောက်ဖြူအမ်းတောက်ကုတ်ရခိုင်တောင်ခြမ်းအထိရောက်နေပြီ။ မျက်မှေးလက်မဲကြီးDiplomacyဘယ်လောက်သုံးသုံးမြန်မာပြည်အပေါ်လောဘဇောတိုက်ပြီးမြန်မာပြည်သူတွေဘာဖြစ်ဖြစ်သူ့အကျိုးစီးပွားအတွက် ရအောင်ယူနေတာကမြန်မာပြည်ပြိုကွဲဘို့လက်တလုံးကိုတည်းတည်းလေးဘဲလိုတော့တယ်။ နစကမှာနောက်ဆုံးဆုတ်ကိုင်စရာနှစ်ချက်ကနစကရဲ့မဟာဗျူဟာကိုအထောက်အပ့ံပေးလိမ့်မယ်- ၁။ပြည်သူ့စစ်မှုထ​မ်းဥပဒေ(တပ်မတော်အင်အားဖြည့်တင်းခြင်း) ၂။ရေွးကောက်ပွဲအမြန်ကျင်းပရွေးကောက်ခံအစိုးရ ဒီနှစ်ချက်လုံးကိုCIAကောမျက်မှေးကောမလုပ်နိုင်အောင်ဖျက်နေတယ်။မျက်မှေးတယုတ်ကတော့ရွေးကောက်ပွဲမတိုင်မှီသူလိုချင်တဲ့နယ်မြေတွေပိုင်ပိုင်နိုင်နိုင်သူ့လက်ထဲဆုတ်ကိုင်ထားပြီးရွေးကောက်ခံအစိုးရနဲ့စကားပြောမဲ့သဘောထင်တယ်။ အားလုံးသုံးသပ်ကြည့်ရင်နစကအနေနဲ့မဟာဗျူဟာတုန့်ပြန်မှုတွေအမြဲတန်းနောက်ကျတယ်။နစက မဟာဗျူဟာတကွက်ခင်းတိုင်းပြည်ပကနောက်တကွက်ထပ်တက်သွားတယ်။ဒါကိုနစကဘက်ကအချ်န်မှီမတုန့်ပြန်နိုင်ဘူး။တွေဝေနေဟန်တူတယ်။ဒါမှမဟုတ်အခြေအနေအချိန်အခါစောင့်နေသလား ခြေလှမ်းကျွံဝင်လာအောင်မြူတာလား တစုံတခုသောအားကိုစောင့်နေတာလားမသဲကွဲဘူး။ ဘာဘဲပြောပြောမြန်မာပြည်အနေအထားက CIAရဲ့proxy war အိမ်းနီးခြင်းတွေမျိုးပေါက်ဖေါ်ရဲ့proxy war ဒီနှစ်ခုအကြားမှာဇကောထဲဇီးဖြူသီးထည့်လိမ့်သလိုဖြစ်နေတယ်။ ဒါကပြည်တွင်းလတ်တလောမြင်သာတဲ့အချက်စစ်ပွဲတွေပေါ်မူတည်ပြီးသုံးသပ်ကြည့်တာ။ တကယ်ရင်ဆိုင်နေရတာကCIAအနောက်အုပ်စုရဲ့ Hybird war ဘက်စုံစစ်ပွဲစစ်​ ရေးသံတမန်ရေးစီးပွားရေးမီဒီယာ။အဖက်ဖက်ကညှပ်တိုက်လို့အလူးအလဲ​ြဖစ်နေတဲ့မြန်မာကိုအိမ်နီးခြင်းကအလစ်မှာနောက်ကျောဓါးနဲ့ထိုးရာကနေဗြောင်ကျကျကိုဝင်ခုတ်နေပြီ။ မြန်မာပြည်ပြိုကွဲဘို့လက်တလုံးအလိုရောက်နေပြီလား?
نمایش همه...
👍 18 2
သတင်းမှန်​ပြန်ကြားရေးနဲ့MRTV. MWDတို့ကို ပြောပြလိုက်ကြပါအုံး ================ ၃.၇.၂၄ရက်ည၀၈၀၀နါရီMRTVကသတင်းကြေငြာသွားတာအားရစရာကြီး။ဘာတဲ့လားရှိုးအပြစ်မဲ့ပြည်သူတွေကိုရှော့တိုက်ဒုံးနဲ့အ​ကြမ်းဖက်သမား တွေကအကြောင်းမဲ့ပစ်ခတ်လို့ပြည်သူလူထုတွေသေကြေကြရတဲ့အတွက်.... အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးတွေလုပ်နေပြီတဲ့......အားရချက်ကြီးဟ။ ဒါပေမဲ့ခက်တာက....ပစ်ခတ်တဲ့အကြမ်းဖက်သူပုန် နံမည်တတ်မပြောရဲရှာတာဘဲ။ဘယ်လိုယုံလိုက်ရမလဲ? လားရှိုးကိုMNDAAကိုးကန့်သူပုန်နဲ့TNLAပလောင်သူပုန်ပူးပေါင်းတိုက်နေတာတနိုင်ငံလုံးသိတယ် စခန်းတွေတောင်ကျတတားတွေချိုးလမ်းတွေဖြတ် တောင်လုပ်နေပြီ။ MRTVတို့MWDတို့သတင်းမှန်ပြန်ကြားရေးတို့ ကလားရှိုးကိုဘယ်သူ​ေတွဝင်တိုက်တယ်ဆိုတာအခုထိမသိရှာကြသေးဘူးပြောပြလိုက်ကြပါအုံး။ တဆက်တည်းဒီပုံလေးပါတရုတ်သံရုံးကိုလက်ဆောင်ပို့ပေးပါလို့။ဦးသိန်းစိန်တရုတ်ကအပြန်တရုတ်စိနတွေကလက်​ေဆာင်ပေးလိုက်တာ။တရုတ်ထုတ်၁၀၇မမဒုံးနဲတရုတ်အဆင့်မြင့်droneတွေ။
نمایش همه...
1.63 MB
👍 8😢 1
မြန်မာ့တပ်မတော်ဘာလဲဘယ်လဲ? ====================== vfileကတော့လားရှိုးအနီးကပ်လာပြီးနေရာယူထားတဲ့MNDAAနဲ့TNLAအကြမ်းဖက်သူပုန်တပ်တွေပါတဲ့။ဝတပ်ပါပေမဲ့ပေါ်တင်လှုပ်ရှားတာမတွေ့ ရန်သူဟာလားရှိုးကိုတိုက်မယ်လားရှိုးအနီးအင်အားတွေစုဖွဲ့နေတယ်ဆိုတာလွန်ခဲ့တဲ့တစ်လလောက်ကတည်းကအရပ်သတင်းတွေတွေ့နေရတယ်။ ဒီလိုအခြေအနေမှာ မြန်မာ့တပ်မတော်ကြီးကဖွဲ့စည်းထားပါတယ်ဆိုတဲ့Droneတပ်ဖွဲ့ကြီးကဘယ်မှာလဲ? ၂၄နာရီကင်းထောက်ပျံသန်းလို့ရပါတယ်ဆိုတဲ့CH4ကြီးတွေကဘယ်မှာလဲ? Standard Armyကြီးရဲ့ကြိုတင်ချေမှုန်းနိုင်စွမ်းကဘယ်မှာလဲ? ရန်သူကကိုယ့်ကိုသတ်ဖို့လုပ်နေတာကိုဥပဒေအရတို့သဘောတူညီချက်အရတို့ငြိမ်းချမ်းရေးရှေ့ရှု၍တို့နဲ့ဒီအတိုင်းထိုင်ကြည့်နေကြတယ်။ ရန်သူလာတိုက်ပြီဆိုရင်လည်းမရှုနိုင်မကယ်နိုင် ရန်သူဘာလုပ်နေပြီလဲသိတယ် ရန်သူဘယ်လိုစစ်နည်းဗျူဟာသုံးနေတာလဲသိတယ် ဘယ်နေရာဘာလုပ်သင့်တယ်ဆိုတာလဲသိကြတယ် ခက်တာကဘာမှကိုမလုပ်တာငုတ်တုတ်ထိုင်ကြည့်နေတာအ့ံဩစရာဘဲ ရန်သူ့သတင်းအင်အားနဲ့ပါတ်သက်ရင်လည်းအထက်ကဆူမှာကြောက်ပြီးအမှန်အတိုင်းမတင်ပြရဲအဆင့်ဆင့်ဖြတ်တောက်လိုက်တာကကကြည်းရောက်တော့၅၀လောက်ဘဲကျန်တယ်တကယ်မြေပြင်မှာ၅၀၀၀ဖြစ်နေတယ်သတင်းအမှားတွေနဲ ဘယ်လိုစစ်တိုက်နေသလဲ မသိတော့ ဒီအတိုင်းဆိုMAဘာလဲဘယ်လဲ?
نمایش همه...
3.00 MB
👍 11😱 1😢 1
မြန်မာ့တပ်မတော်ဘာလဲဘယ်လဲ? ====================== vfileကတော့လားရှိုးအနီးကပ်လာပြီးနေရာယူထားတဲ့MNDAAနဲ့TNLAအကြမ်းဖက်သူပုန်တပ်တွေပါတဲ့။ဝတပ်ပါပေမဲ့ပေါ်တင်လှုပ်ရှားတာမတွေ့ ရန်သူဟာလားရှိုးကိုတိုက်မယ်လားရှိုးအနီးအင်အားတွေစုဖွဲ့နေတယ်ဆိုတာလွန်ခဲ့တဲ့တစ်လလောက်ကတည်းကအရပ်သတင်းတွေတွေ့နေရတယ်။ ဒီလိုအခြေအနေမှာ မြန်မာ့တပ်မတော်ကြီးကဖွဲ့စည်းထားပါတယ်ဆိုတဲ့Droneတပ်ဖွဲ့ကြီးကဘယ်မှာလဲ? ၂၄နာရီကင်းထောက်ပျံသန်းလို့ရပါတယ်ဆိုတဲ့CH4ကြီးတွေကဘယ်မှာလဲ? Standard Armyကြီးရဲ့ကြိုတင်ချေမှုန်းနိုင်စွမ်းကဘယ်မှာလဲ? ရန်သူကကိုယ့်ကိုသတ်ဖို့လုပ်နေတာကိုဥပဒေအရတို့သဘောတူညီချက်အရတို့ငြိမ်းချမ်းရေးရှေ့ရှု၍တို့နဲ့ဒီအတိုင်းထိုင်ကြည့်နေကြတယ်။ ရန်သူလာတိုက်ပြီဆိုရင်လည်းမရှုနိုင်မကယ်နိုင် ရန်သူဘာလုပ်နေပြီလဲသိတယ် ရန်သူဘယ်လိုစစ်နည်းဗျူဟာသုံးနေတာလဲသိတယ် ဘယ်နေရာဘာလုပ်သင့်တယ်ဆိုတာလဲသိကြတယ် ခက်တာကဘာမှကိုမလုပ်တာငုတ်တုတ်ထိုင်ကြည့်နေတာအ့ံဩစရာဘဲ ရန်သူ့သတင်းအင်အားနဲ့ပါတ်သက်ရင်လည်းအထက်ကဆူမှာကြောက်ပြီးအမှန်အတိုင်းမတင်ပြရဲအဆင့်ဆင့်ဖြတ်တောက်လိုက်တာကကကြည်းရောက်တော့၅၀လောက်ဘဲကျန်တယ်တကယ်မြေပြင်မှာ၅၀၀၀ဖြစ်နေတယ်သတင်းအမှားတွေနဲ ဘယ်လိုစစ်တိုက်နေသလဲ မသိတော့ ဒီအတိုင်းဆိုMAဘာလဲဘယ်လဲ?
نمایش همه...
👍 4
ရန်သူကိုချေမှုန်းလိုစိတ် ================= မတ္တရာဘက်ခြမ်းအခြေအနေ ရန်သူဟာမိုးကုတ်မန်းလမ်းကြောင်းပေါ်ကအင်အားနည်းစခန်းများကိုpdfများဖြင့်နေရာအနှ့ံတပြိုင်တည်းယောင်ပြတိုက်ကွက်ဖေါ်ပြီးဆည်တော်ကြီးအနီးလေကာတပ်ကိုအဓိကတိုက်စစ်ဆင်ခဲ့ခြင်းဖြစ် တယ်ဆိုတာတွေ့ရ။ အဓိကတိုက်ကွက်ဖေါ်ခဲ့သောလေကာတပ်ကိုအထိနာအောင်တိုက်ခိုက်မှုအပြီး၎င်းတို့၏မူလရည်ရွယ်ချက်အရပလောင်TNLAပြန်လည်ဆုတ်ခွာ သွားခြင်းဟုသုံးသပ်။ ယောင်ပြစခန်းငယ်များကိုpdfများကဆက်လက်တိုက်ကွက်ဖေါ်နေ။ ဒီလိုပုံဖေါ်ကြည့်ရင်..လပခတိုင်းမှူး၏ လုံလောက်သောလုံခြုံရေးစီမံမှုအားနည်းမှု စစ်ကူအရန်အင်အားစုဖွဲ့ထားနိုင်မှုမရှိမှု အချိန်နှင့်တပြေးညီမြေပြင်စစ်ကူမပေးနိုင်။ ဒီလိုအခြေအနေမှာရှိသမျှအင်အားထုတ်ပြီး ရန်သူpdfတွေကိုအပိုင်ချေမှုန်းနိုင်ရေးပြင်းပြင်းထန်ထန်ဆောင်ရွက်ရမည့်အချိန်အခြေအနေဖြစ်သည်။ အဓိကလိုအပ်နေတာစစ်မြေပြင်ကွပ်ကဲရသော commanderတွေရဲ့ရန်သူကိုအပြီးတိုင်ချေမှုန်းလို စိတ်ဖြစ်သည်။ ရန်သူဆုတ်ခွာသွားတာမိမိတို့၏အောင်မြင်မှုမဟုတ်ပါ။ရန်သူဆုတ်ခွာနိုင်ခြင်းမရှိအောင်လုပ်နိုင်မှသာ မိမိတို့၏အောင်မြင်မှုဖြစ်သည်။
نمایش همه...
👍 14
Repost from N/a
Photo unavailableShow in Telegram
ဒီလိုအင်အားစုလာတာဟာ... စစ်သွေးကြွဆိုတဲ့အတိုင်းဘာမှမစဥ်းစားမဆင်ခြင်နိုင်သွေးကြွလာတဲ့သဘော။ ကိုယ့်သေတွင်းကိုယ်တူးလာကြပြီ။ ရှမ်းမြောက်မှာနဲနဲလှုပ်လှုပ်ရွရွဖြစ်လာတာကိုအဟုတ်ထင်ပြီး အင်အားစုလာကြတယ်။ ဒီလိုအင်အားတစုတည်းရှိတဲ့အချိန်ဟာ​ချေမှူန်းဘို့အကောင်းဆုံးအချိန်ဘဲ။
نمایش همه...
👍 7😱 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.