cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

N_HS (DN-MR)

In the world.....What happen.....?

نمایش بیشتر
پست‌های تبلیغاتی
651
مشترکین
اطلاعاتی وجود ندارد24 ساعت
+17 روز
+530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း နေပြည်တော်၊ ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် တပ်ဆင်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ   တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက လက်နက်များ တပ်ဆင်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် စားသောက် ဖွယ်ရာများပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်း သတင်းရရှိသည်။ #crd
نمایش همه...
တက္ကသိုလ်ဝင်တန်း ရမှတ်ပေါင်း ၂၄၀ နှင့် ၂၅၀ ကြား အရှေ့တိုင်းပညာ ၂၅၀ နှင့် ၂၉၀ ကြား ပထဝီ /သမိုင်း /ဒဿနိက ၂၉၀ နှင့် ၃၁၀ ကြား မြန်မာစာ/botany /Zoology/ Law (မှတ်ချက်-Law သမား အဂ်လိပ်စာရမှတ် ၅၀ အထက် ရှိရမည်) ၃၂၀ နှင့် ၃၆၀ ကြား ဓာတုဗေဒ /ရူပဗေဒ ၃၆၀ နှင့် ၄၁၀ ကြား စီးပွားရေး/ စီးပွားစီမံ/ ပညာရေးကောလိပ်/ စိုက်ပျိုးရေးတက္ကသိုလ်/ သူနာပြုတက္ကသိုလ်/ နိုင်ငံခြားဘာသာတက္ကသိုလ်/ ကွန်ပျူတာတက္ကသိုလ် ၄၁၀ နှင့် ၅၀၀ ကြား ကြိုက်တာလျှောက် မှတ်ချက်-ဘယ်မေဂျာပဲယူယူ သတ်မှတ်အမှတ်အား တစ်မှတ်မှ လျော့ခွင့်မရှိပါ။ Crd:
نمایش همه...
Repost from ဘညွန့်
Photo unavailableShow in Telegram
ရဟန်းသံဃာများပစ်ခတ်သတ်ဖြတ်သည့်အရေအတွက်စာရင်းထုတ်ပြန်ချက် ဇွန်၂၀၊၂၀၂၄။ NUG၊NLDနှင့်PDFများသတ်ဖြတ်လုပ်ကြံဖျောက်ဖျက်ခဲ့သည့်ရဟန်းသံဃာပျံလွန်(၉၂)ပါး၊ဒဏ်ရာရ(၂၇)ပါး၊ပျောက်ဆုံးဖျောက်ဖျက်(၄၂)ပါး၊သီလရှင်သေဆုံး(၁)ပါး၊ဒဏ်ရာရ(၁)ပါးတို့အတွက်လွန်စွာဝမ်းနည်းကြေကွဲ၊ရိူက်ကြီးတငင်ဖြစ်ရဟုထုတ်ပြန်မထားသည်ကို၂၀၂၄ခုနှစ်ဇွန်လအထိတွေ့ရပါသည်။ ရဟန်းသံဃာများသတ်ဖြတ်အကြမ်းဖက်ရာဇဝတ်မှုများကို ဗြောင်ကျကျထပ်ခါထပ်ခါကျူးလွန်ခဲ့ကြရုံသာမကအမှန်ကိုဝန်မခံသေးခြင်း၊တိုင်းပြည်နှင့်ပြည်သူကိုလိမ်လည်လှည့်ဖျားဒလန်၊ဒလွတ်၊ပျူ၊မဘသဟုPDFအဖွဲ့များထုတ်ပြန်ခဲ့ခြင်း၊သက်ဆိုင်သူများကိုအပြစ်ဖော်ထုတ်ချပြခြင်းမရိှဘဲဟိရိသြတ္တပ္ပတရားကင်းမဲ့၊ဖင်ခံပက်စက်၊NUG,PDFပဒက်အပြုအမူများဖြစ်သည့်အတွက်ပြင်းထန်စွာဆန့်ကျင်ရှုတ်ချလိုက်ပါသည်။ နေပြည်တော်
نمایش همه...
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ---------------------------------------------------------------------- ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၇ ပေ မှ ၉ ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုလာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။       နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။         နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။
نمایش همه...
Repost from People Media
၀င်းနိမ္မိတာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သက်တော် ၇၈ နှစ် ၊ သိက္ခာတော် ၅၈ ဝါ ၊အန္တိမအဂ္ဂိဈာပနပူဇာ၌ နယုန်လပြည့်ကျော် (၃-၄-၅)ရက်(၆လပိုင်း ၂၄-၂၅-၂၆ ရက်)တို့တွင် ညနေ(၆)နာရီတိတ်ိမှာတရားပွဲ(၃)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ အဂ္ဂိဈာပနပွဲကြီးကိုတော့ နယုန်လပြည့်ကျော် (၆)ရက်(၂၇-၆-၂၀၂၄)ရက် နေ့(၁)နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။ #PeopleMedia
نمایش همه...
00:48
Video unavailableShow in Telegram
ဝင်းနိမ္မိတာရုံဆရာတော် ဖြစ်စဉ် ကားဆရာနှင့်ကနဦးအစီရင်ခံစာရေးသားတင်ပြချက်များနှင့်ဆရာတော်၏ ပြောဆိုချက်မတူညီကာကွဲလွဲနေသည့်အပေါ် ဖြစ်စဥ္အမှန်ကိုပြန်လည်ဖော်ထုတ်၍လိုအပ်သလိုစိစစ်အရေးယူသွားမှာဖြစ်ကြောင်းပဲခူးတိုင်းအစိုးရအဖွဲ့မှတာဝန်ရှိသူများကဆရာတော်ကြီးများအားလာရောက်လျှောက်ထား။ တာဝန်ရိှသူအဆင့်ဆင့်ကလည်းပြန်လည်စီစစ်ဖော်ထုတ်စစ်ဆေးနေကြောင်းသိရသည်။ နေပြည်တော်
نمایش همه...
9.34 MB
ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်း၊ လက်နက်ခဲယမ်းများ ရရှိ *** ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီး တပ်မတော်လုံခြုံးရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဥ် KNU တပ်မဟာ (၁) လက်အောက်ခံ အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် KNU/PDF များ အထိနာ၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ- - အကြမ်းဖက် ပဒက် အလောင်း ၂ လောင်း - Sig Sauer အမျိုးအစား ပစ္စတို ၁လက် - ၎င်းကျည်အိမ်-၂ ခု - ၄င်းကျည် ၁၀တောင့် - M-16 ပုံပြောင်း M-4 carbine ၁ လက် - ၎င်းကျည်အိမ် ၁ ခု - M-4 အမျိုးစား သေနတ် ၁ လက် - ၎င်းကျည်အိမ် ၃ ခု - ၎င်းကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။ Saw Ba Maung
نمایش همه...
08:36
Video unavailableShow in Telegram
ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာ ပြည်သူ့စစ်နှင့် နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ တိုက်ပွဲ ကုက္ကိုလ်စု ပြည်သူ့စစ်ကျေးရွာကို နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာများက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စနစ်တကျ တုန့်ပြန်နိုင်ခဲ့ပြီး လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူများ ဆောင်ရွက်ပေးခြင်းကြောင့် နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာများ သေဆုံးမှုများပြားပြီး ဒဏ်ရာရသူများပြားလျှက်ရှိကြောင်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဆရာတော်က မိန့်ကြားထားပါတယ်။ Join - https://t.me/MyanmarNationalPost
نمایش همه...
031.MP4193.32 MB
AA နှင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့ ပစ်ခတ်သတ်ဖြတ်၍ CNA ဗျူဟာမှူးဆိုသူ သေဆုံး မတူပီမြို့ကိုသိမ်းနေတဲ့ AA နဲ့ ချင်းညီနောင် ပစ်ခတ်သတ်ဖြတ်တာကြောင့် ချင်းအမျိုးသားတပ်ဦး(CNA) ရဲ့ ဗျူဟာမှူးအဆင့်ရှိတဲ့ လာယ်ဘိခ်ထန်း(Lal Bik Thang) ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ ဒေသတွင်းတိုက်ပွဲသတင်းတွေအရ သိရပါတယ်။ - "ချင်းအမျိုးသားတပ်မတော် (CNA) မှ Lieutenant Colonel Lal Bik သည် AA/ Chin Brotherhood တို့ လက်ချက်ဖြင့် ယနေ့ကျဆုံးသွားလေပြီ။" လို့လည်း ချင်းကျောင်းသားလူငယ်ခေါင်းဆောင် ဆလိုင်းသန်းနိုင် က ဆိုပါတယ်။ - မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ ဒီနေ့ထုတ်ပြန်လာတာဖြစ်ပြီး ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာခြင်းမရှိရင် ကြီးလေးတဲ့ ပြစ်ဒဏ်ခံယူရမှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာခြင်းမရှိရင် ပစ်မိန့်ပေးတယ်လို့လည်း CDF-မတူပီ တပ်မဟာ (၂) ကထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။ - CNA/CDF ဘက်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထုတ်အပြီးမှာပဲ AA နဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး ဒီပစ်ခတ်မှုတွေကြားမှာပဲ လာယ်ဘိခ်သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ - စစ်ရေးအရ အချက်အချာကျတဲ့ မတူပီမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA ဦးဆောင်မှုအောက်က NUG ဩဇာခံ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်နေသလို ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ CNA/CDF တပ်ဖွဲ့တွေကလည်း လုပ်ဆောင်နေတာကြောင့် အငြင်းပွားနေသလို ဇွန်လ ၁၇ ရက်မှာလည်း AA နဲ့ ချင်းညီနောင်က CNA/CDF အဖွဲ့ဝင်တစ်ဦး ဖမ်းလိုက်လို့ ဇွန်လ ၁၈ ရက်မှာ CNA/CDF က သွားရောက် တိုက်ခိုက်လို့ AA နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဘက်က ၂ ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။ - လက်ရှိမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က AA နဲ့ ချင်းညီနောင်အဖွဲ့တွေ ဖမ်းဆီးထားတဲ့ ချင်းလဲန်း ကောင်စီရဲဘော် ဆလိုင်း ရမ်ထန်း (Salai Ram Thang) ဟာလည်း AA နဲ့ ချင်းညီနောင် tတ်ဖြတ်လိုက်လို့ သေဆုံးသွားပြီလို့လည်း Chinland News မှာ ဖော်ပြထားပါတယ်။ - CDF-မတူပီမှာ တပ်မဟာ (၁) နဲ့ (၂) ရှိနေပြီး တပ်မဟာ (၁) ဟာ AA နဲ့ NUG ဩဇာခံ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ (၂) ဟာ Chinlad Council အဖွဲ့ဝင်ဖြစ်သလို AA တပ်ဖွဲ့ဟာ ချင်းလူမျိုးတွေကို ကျောင်းသူပါမချန် မုဒိမ်းကျင့်တာ၊ မူးယစ်ဆေးဖြန့်တာ၊ စစ်သားစုတာ၊ အနိုင်ကျင့်နှိပ်စက်တာကြောင့် Global Khumi Organization က ရှုတ်ချကန့်ကွက်စာ ထုတ်ထားသလို AA ဦးဆောင်မှုအောက်က ချင်း PDF တွေနဲ့ AA ကို မနှစ်သက်တဲ့ ဌာနေချင်းလက်နက်ကိုင်တွေအကြား အပြင်းအထန်တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလျက်ရှိပါတယ်။ MTNews
نمایش همه...
AA နှင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့ ပစ်ခတ်သတ်ဖြတ်၍ CNA ဗျူဟာမှူးဆိုသူ သေဆုံး
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.