fa
Feedback
Burmese TV Pro

Burmese TV Pro

رفتن به کانال در Telegram

နောက်ဆုံးရ ဘောလုံးသတင်းများ၊ ဘောလုံးပွဲ ကြိုခန့်မှန်းချက် များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။❤️

نمایش بیشتر

📈 تحلیل کانال تلگرام Burmese TV Pro

کانال Burmese TV Pro (@burmesetv1) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 213 755 مشترک است و جایگاه 158 را در دسته ورزش و رتبه 208 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 213 755 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 28 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 18 730 و در ۲۴ ساعت گذشته برابر -347 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 21.39% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.24% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 45 750 بازدید دریافت می‌کند. در اولین روز معمولاً 19 772 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 490 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“နောက်ဆုံးရ ဘောလုံးသတင်းများ၊ ဘောလုံးပွဲ ကြိုခန့်မှန်းချက် များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။❤️”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 29 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته ورزش تبدیل کرده‌اند.

213 755
مشترکین
-34724 ساعت
-2 7637 روز
+18 73030 روز
آرشیو پست ها
🚨 "စည်းမျဉ်းချိုးဖောက်ပြီး ရခဲ့တဲ့ အောင်မြင်မှုကို ဘယ်လိုပြန်ပြင်မှာလဲ?" - မော်ရီစီယို ပိုချက်တီနို Tottenham နည်းပြအဖြစ် Ch
🚨 "စည်းမျဉ်းချိုးဖောက်ပြီး ရခဲ့တဲ့ အောင်မြင်မှုကို ဘယ်လိုပြန်ပြင်မှာလဲ?" - မော်ရီစီယို ပိုချက်တီနို Tottenham နည်းပြအဖြစ် Chelsea နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင်လုခဲ့ရစဉ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး Manchester City ရဲ့ စည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်တွေပေါ် ပိုချက်တီနိုက အခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။ 💬 "ကျနော် Tottenham မှာရှိတုန်းက Chelsea နဲ့ ချန်ပီယံဆု လုခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဲ့ဒီတုန်းကတည်းက ပြောခဲ့ဖူးပါတယ်။ သူတို့က ရမှတ် ပိုရခဲ့လို့ ကျနော်တို့ထက် သာလွန်ခဲ့တာမှန်ပေမဲ့ ဒါဟာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ရယူခဲ့တာပါ။" 💬 "အဲ့ဒီလိုမျိုး မမှန်မကန် လုပ်ဆောင်ခဲ့တာတွေကို အခုချိန်မှာ သင် ဘယ်လိုများ ပြန်ပြင်ဆင်ပေးမှာလဲ?" 📌 ပိုချက်တီနိုကတော့ အတိတ်က စည်းမျဉ်းချိုးဖောက်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ အသင်းတွေအတွက် တရားမျှတမှု မရှိကြောင်းနဲ့ ဖြစ်လာခဲ့တဲ့ ထိခိုက်မှုတွေကို ပြန်လည်ကုစားဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

🚨 Lamine Yamal ရဲ့ မြင့်မားလွန်းတဲ့ ဖိအားနဲ့ မျှော်လင့်ချက်များ "Lamine Yamal အတွက် ပွဲစဉ်တစ်ပွဲ အဆင်မပြေတာဟာ တခြားဘောလုံးသမ
🚨 Lamine Yamal ရဲ့ မြင့်မားလွန်းတဲ့ ဖိအားနဲ့ မျှော်လင့်ချက်များ "Lamine Yamal အတွက် ပွဲစဉ်တစ်ပွဲ အဆင်မပြေတာဟာ တခြားဘောလုံးသမားတစ်ယောက် ပွဲပေါင်း ၄၀၀ လောက် အဆင်မပြေတာနဲ့ ညီမျှနေပါတယ်။" "ကျွန်တော် ၉ မှတ် ရလောက်တဲ့ ခြေစွမ်းမျိုး ပြသခဲ့ရင်တောင် လူတွေက ၇ မှတ်စာပဲ ကောင်းခဲ့တယ်လို့ ပြောကြမှာပါ!" လို့ Yamal က The Guardian နဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။ ✨ ဒါဟာ ဘာကြောင့်လဲ? * မျှော်လင့်ချက် မြင့်မားလွန်းခြင်း: အသက်ငယ်ငယ်နဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ပုံမှန်ပြသနေတာကြောင့် ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ မျှော်လင့်ချက်စံနှုန်းက သာမန်ကစားသမားတွေထက် အဆပေါင်းများစွာ မြင့်မားနေတာ ဖြစ်ပါတယ်။ * ဂိုး/အာဖက်စ် ထက်ပိုတဲ့ မျှော်လင့်ချက်: ဘောလုံးထိန်းချုပ်မှုနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ရင်တောင် ဂိုး သို့မဟုတ် Highlight ပြစရာ အကွက်တွေ မပါရင် "ပုံမှန်ပဲ" လို့ သတ်မှတ်ခံရလေ့ရှိပါတယ်။ * စူပါစတားတွေရဲ့ ကြုံတွေ့ရလေ့ရှိတဲ့ သဘာဝ: ဒီလို စိစစ်ဝေဖန်မှုမျိုးဟာ မက်ဆီ၊ ရိုနာဒိုတို့လို ထိပ်တန်းကစားသမားကြီးတွေ သူတို့ရဲ့ အထူးချွန်ဆုံး အချိန်တွေမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

🚨 Greece အသင်းကို ရှုံးနိမ့်ပြီးနောက်ဂျာမနီနည်းပြ ဂျာဂန်ကလော့ပ်ရဲ့ ပွဲပြီးစကား 🇩🇪 "ဒီရလဒ်တွေဆိုတာ တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ
🚨 Greece အသင်းကို ရှုံးနိမ့်ပြီးနောက်ဂျာမနီနည်းပြ ဂျာဂန်ကလော့ပ်ရဲ့ ပွဲပြီးစကား 🇩🇪 "ဒီရလဒ်တွေဆိုတာ တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ပွဲထွက်လူစာရင်းနဲ့ လူစားလဲမှုတွေအတွက် ၁၀၀% ငါ့မှာပဲ တာဝန်ရှိပါတယ်။" "တို့တွေ အတူတူရှိနေကြတာ တစ်ပတ်ပဲ ရှိသေးသလို အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်တာကြောင့် အသားကျဖို့အတွက် ပုံမှန်အလေ့အကျင့်တွေ ပိုပြီး လိုအပ်ပါသေးတယ်။"

FIFA ASEAN Cup™ 2026 ပွဲစဉ်မှာ မြန်မာအသင်း Cambodia အသင်းကို နာကျင်အချိန်ပိုသွင်းဂိုးနှင့်ရှုံးနိမ့် ...................... F
FIFA ASEAN Cup™ 2026 ပွဲစဉ်မှာ မြန်မာအသင်း Cambodia အသင်းကို နာကျင်အချိန်ပိုသွင်းဂိုးနှင့်ရှုံးနိမ့် ...................... FULL TIME Cambodia 🇰🇭 1️⃣-0️⃣ 🇲🇲 Myanmar

🚨 ✨🇭🇷 Luka Modrić - ပြီးဆုံးမသွားနိုင်သေးတဲ့ ပုံပြင်တစ်ပုဒ် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Luka Modrić ဟာ ခရိုအေးရှားအသင်း
🚨 ✨🇭🇷 Luka Modrić - ပြီးဆုံးမသွားနိုင်သေးတဲ့ ပုံပြင်တစ်ပုဒ် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Luka Modrić ဟာ ခရိုအေးရှားအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာဆိုတာကို သက်သေပြနေဆဲ ဖြစ်သလို အမှန်တကယ်ကို ငြင်းပယ်လို့မရတဲ့ ဝါရင့် မဟာကစားသမားကြီးတစ်ဦးပါပဲ။ 👑🔥

🚨 Kylian Mbappé ဒဏ်ရာရရှိမှု သတင်း စိစစ်ချက် Zinedine Zidane က Kylian Mbappé ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အခုလို အတည်ပြု ပြောကြား
🚨 Kylian Mbappé ဒဏ်ရာရရှိမှု သတင်း စိစစ်ချက် Zinedine Zidane က Kylian Mbappé ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အခုလို အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ 💬 "Kylian Mbappé ရဲ့ ဒူးခေါင်း ခေါက်ဆစ် (knee) လိမ်သွားခဲ့တာဖြစ်ပြီး သူ အဆင်မပြေဖြစ်နေပါတယ်။ ငါတို့ ဘာစွန့်စားမှုမှ လုပ်သွားမှာ မဟုတ်ပါဘူး။" Mbappé ရဲ့ ဒဏ်ရာအခြေအနေ ဘယ်လောက်ထိ စိုးရိမ်ရမလဲဆိုတာ လတ်တလော စစ်ဆေးမှုတွေအပြီးမှာ ဆက်လက် သိရှိရမှာဖြစ်ပါတယ်။ ⚽️📌

မန်ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် လီဗာပူးလ် လူငယ်တောင်ပံကစားသမား အိုက်ဆက် ကွန်ဒေး (Isaac Konde) 🔴⚪️ မ
မန်ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် လီဗာပူးလ် လူငယ်တောင်ပံကစားသမား အိုက်ဆက် ကွန်ဒေး (Isaac Konde) 🔴⚪️ မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တောင်ပံကစားသမား အိုက်ဆက် ကွန်ဒေး (Isaac Konde) ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ခုအခါမှာတော့ ကလပ်အသင်းဘက်က တရားဝင် သတင်းထုတ်ပြန်ချက် (Official Announcement) ထုတ်ပြန်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

🇧🇷 OFFICIAL: Raphinha IS BRAZIL’S NEW NO. 10! 🔟⚡ Neymar Jr နိုင်ငံတကာဘောလုံးလောကကနေ အနားယူသွားခဲ့ပြီးနောက် Brazil လက်ရွေးစ
🇧🇷 OFFICIAL: Raphinha IS BRAZIL’S NEW NO. 10! 🔟⚡ Neymar Jr နိုင်ငံတကာဘောလုံးလောကကနေ အနားယူသွားခဲ့ပြီးနောက် Brazil လက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် 10 ကို Raphinha က ဆက်ခံဝတ်ဆင်သွားတော့မှာဖြစ်ပါတယ်။

မန်စီးတီးနဲ့ စပိန်အသင်းရဲ့ အဓိကကွင်းလယ်လူ Rodri က အတိတ်က Real Madrid အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး Barcelona အသင်းဆီ
မန်စီးတီးနဲ့ စပိန်အသင်းရဲ့ အဓိကကွင်းလယ်လူ Rodri က အတိတ်က Real Madrid အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး Barcelona အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ Rodri ရဲ့ ပြောကြားချက်အရ - > "Real Madrid က ကျွန်တော့်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ José Mourinho ကလည်း သူ့ရဲ့ ဘောလုံးအယူအဆတွေနဲ့ ကျွန်တော့်ကို ခေါ်ယူချင်တဲ့ စိတ်အားထက်သန်မှုကို မျှဝေခဲ့တယ်။ ဒါတွေက ကျွန်တော့်ကို အများကြီး ဆွဲဆောင်နိုင်ခဲ့ပြီး သူဟာလည်း ထိပ်တန်းနည်းပြတစ်ယောက်ပါ။" > "ဒါပေမဲ့ Real Madrid မဟုတ်ဘဲ Barça ဆီ ပြောင်းရွှေ့ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ အားကစားဆိုင်ရာ ဆုံးဖြတ်ချက် (sporting decision) ကြောင့်ဖြစ်ပြီး ဒီမှာတင် ကျွန်တော် ပိုမို တိုးတက်လာနိုင်မှာဖြစ်လို့ပါ" လို့ Cadena COPE ရဲ့ @partidazocope အစီအစဉ်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“လူငယ်လေးတွေက ကျွန်တော့်ကို စံပြတစ်ယောက်အဖြစ် မြင်ကြလို့ ချစ်ကြတာပါ။ ဒါဟာ ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးအရာပါပဲ…” “ကျွန်တော
“လူငယ်လေးတွေက ကျွန်တော့်ကို စံပြတစ်ယောက်အဖြစ် မြင်ကြလို့ ချစ်ကြတာပါ။ ဒါဟာ ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးအရာပါပဲ…” “ကျွန်တော် ဘောလုံးရာသီ (၁၀) နှစ်လောက်ကြာလို့ အနားယူသွားခဲ့ရင်တောင် ဒီလိုမျိုးပဲ ဆက်ပြီး စံပြဖြစ်အောင် နေသွားမှာပါ!” လို့ ခရစ်စတီယာနို ရော်နယ်ဒိုက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောကြားသွားခဲ့ပါတယ်။

🚨 မန်ယူနိုက်တက် CEO Omar Berrada ရဲ့ ထုတ်ပြန်ချက် "ဥရောပဖလားပြိုင်ပွဲတွေ ဝင်ခွင့်မရခဲ့တဲ့ ရာသီတစ်ခုမှာတောင် အသင်းရဲ့ စံချိန်
🚨 မန်ယူနိုက်တက် CEO Omar Berrada ရဲ့ ထုတ်ပြန်ချက် "ဥရောပဖလားပြိုင်ပွဲတွေ ဝင်ခွင့်မရခဲ့တဲ့ ရာသီတစ်ခုမှာတောင် အသင်းရဲ့ စံချိန်တင် ဝင်ငွေနဲ့ ဝင်ငွေအမြတ်အစွန်း (EBITDA) တွေကို ရရှိခဲ့တာဟာ ကျွန်တော်တို့ စီးပွားရေးရဲ့ အခြေခံခိုင်မာမှုကို ပြသနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေရဲ့ တိုက်ရိုက်ရလဒ်ဖြစ်သလို မန်ယူနိုက်တက်ရဲ့ လျှော့ပါးမသွားတဲ့ ရေပန်းစားမှုနဲ့ စီးပွားရေးအရ ခိုင်မာမှုကိုလည်း သက်သေပြနေတာပါ။ ဒီရလဒ်တွေက အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာကို အတည်ပြုပေးနေပေမဲ့ ဘဏ္ဍာရေး ပိုမိုခိုင်မာစနစ်ကျစေဖို့ စည်းကမ်းတကျ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဒီလို ဘဏ္ဍာရေးအရ ခိုင်မာမှုကို မူတည်ပြီး နွေရာသီ အပြောင်းအရွှေ့မှာ အမျိုးသားရော အမျိုးသမီး အသင်းကိုပါ အင်အားဖြည့်တင်းနိုင်ခဲ့သလို အမျိုးသားအသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဘောလုံးပွဲတွေကို အို့လ်ထရက်ဖို့ဒ်ဆီ ပြန်လည်ယူဆောင်လာနိုင်ခဲ့ပါပြီ။"

🚨🔴⚪️ Mikel Arteta ရဲ့ စာချုပ်သစ် သတင်း အာဆင်နယ်နည်းပြ Mikel Arteta ဟာ အာဆင်နယ်အသင်းနဲ့ သက်တမ်း ၄ နှစ် အထိ တိုးမြှင့်မယ့် စာ
🚨🔴⚪️ Mikel Arteta ရဲ့ စာချုပ်သစ် သတင်း အာဆင်နယ်နည်းပြ Mikel Arteta ဟာ အာဆင်နယ်အသင်းနဲ့ သက်တမ်း ၄ နှစ် အထိ တိုးမြှင့်မယ့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ✍️🔥 အသက် ၄၄ နှစ်အရွယ် စပိန်လူမျိုးနည်းပြကြီးဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အောင်မြင်မှုတွေဆီ ဦးဆောင်ပေးနေသူဖြစ်ပြီး လန်ဒန်ကလပ်မှာ ဆက်လက်တာဝန်ထမ်း‌ ဆောင်တော့မှာဖြစ်ပါတယ်။ 🔴⚪️

Mbappé ရဲ့ Ballon d’Or မျှော်လင့်ချက် 🌕✨ "ဒီနှစ်က ကျွန်တော့်အတွက် ရလဒ်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ တကယ်ခံစားရပါတယ်။
Mbappé ရဲ့ Ballon d’Or မျှော်လင့်ချက် 🌕✨ "ဒီနှစ်က ကျွန်တော့်အတွက် ရလဒ်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ တကယ်ခံစားရပါတယ်။ Ballon d’Or ဆုကို မရခဲ့ရင်တော့ တကယ် စိတ်ပျက်မိမှာပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ မနိုင်ရင် စိတ်ပျက်ရတာ သဘာဝပါပဲ။ ကျွန်တော်က ပြိုင်ဆိုင်လိုစိတ် အမြဲရှိတဲ့သူပါ" လို့ RFI နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

လီယိုနယ် မက်ဆီရဲ့ free kick ဂိုး ၇၅ ဂိုးပြည့် မြောက်သွားခဲ့မှု 😯🙌💫 မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝမှာ Free-kick ဂိုး ၇၅ ဂိုးအထိ
လီယိုနယ် မက်ဆီရဲ့ free kick ဂိုး ၇၅ ဂိုးပြည့် မြောက်သွားခဲ့မှု 😯🙌💫 မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝမှာ Free-kick ဂိုး ၇၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်လို့ စာရင်းဇယားအရ သမိုင်းတစ်လျှောက် Free Kick သွင်းဂိုးအများဆုံး စာရင်းမှာ Marcelinho Carioca ကို မှီဖို့ (၃) ဂိုး သာ လိုပါတော့တယ်! ⚽🔥

Premier League ပွဲစဉ် 5 ကန်အပြီး အမှတ်ပေးဇယားရပ်တည်မှု အခြေအနေပဲဖြစ်ပါတယ်။ Arsenal နဲ့ Chelsea လဲရှုံးနိမ့်ခဲ့သလို Manchester
Premier League ပွဲစဉ် 5 ကန်အပြီး အမှတ်ပေးဇယားရပ်တည်မှု အခြေအနေပဲဖြစ်ပါတယ်။ Arsenal နဲ့ Chelsea လဲရှုံးနိမ့်ခဲ့သလို Manchester United လဲသရေကျခဲ့ပေမယ့် ဗန်နိုင်ခဲ့တဲ့ သတင်းကြောင့် သိပ်အစမခံရတာ ကံကောင်းသလိုတော့ဖြစ်သွားပြီး🤣 international break 2 ပတ်နားသွားပြီပဲဖြစ်ပါတယ်။ International break မှာကန်မယ့် နိုင်ငံပွဲစဉ်တိုင်းကိုလဲ Burmese Tv Pro Application မှာတိုက်ရိုက်Live ထုတ်လွှင့်ပြသပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။✨

ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ခဲ့တဲ့ ဗန် 🇲🇲🔥 UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အရင်ချန်ပီ
ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ခဲ့တဲ့ ဗန် 🇲🇲🔥 UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါပြီ။ 🤩

Joshua Van ပွဲလာတော့မယ်နော် အားပေးဖို့ ready ပဲလား🇲🇲🇲🇲🤩🔥

**Joshua Van 🇲🇲 vs Alexandre Pantoja 🇧🇷 Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲ**🔥 မြန်မာပရိသတ်တွေအတွက်စောင့်မျှော်နေကြတဲ့UFC
**Joshua Van 🇲🇲 vs Alexandre Pantoja 🇧🇷 Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲ**🔥 မြန်မာပရိသတ်တွေအတွက်စောင့်မျှော်နေကြတဲ့UFC ပွဲစဉ်ကတော့ရောက်ရှိလာပါပြီ Flyweight ချန်ပီယံခါးပတ်ကို ကိုင်ဆောင်ထားတဲ့ Joshua Van ဟာ ချန်ပီယံဟောင်း Alexandre Pantoja နဲ့ ဒုတိယအကြိမ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့် အရေးကြီးဆုံးပွဲတစ်ပွဲ ဖြစ်လာပါတယ်။ ဒီပွဲစဉ်ကို မနက်ဖြန် စက်တင်ဘာ ၂၀ ရက် နေ့ မနက် ၄ နာရီခွဲလောက်တည်းက စတင်မှာဖြစ်ပြီး ဗန်ပွဲစဉ်ကိုတော့ မနက် ၉ နာရီဝန်းကျင်လောက်မှာ Burmese Tv Pro Application ကနေတိုက်ရိုက် Live ကြည့်ရှုရနိုင်မှာဖြစ်ပါတယ်။ Burmese Tv Pro Application Download ဆွဲရန် link👇 http://burmesetv.org ဘယ်ကကြည့်ရမလဲ မသိသေးတဲ့သူတွေအတွက် ဒီ post ကို share ပြီးကူညီပေးခဲ့ကြပါအုန်းဗျို့✨

Chelsea တို့အဝေးကွင်းမှာ Brentford အသင်းကိုဂိုးပြတ်အရေးနိမ့်
Chelsea တို့အဝေးကွင်းမှာ Brentford အသင်းကိုဂိုးပြတ်အရေးနိမ့်