cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

သိုင်းလောက

သိုင်းစာစဥ်များတင်ဆက်မည်။

نمایش بیشتر
پست‌های تبلیغاتی
12 771
مشترکین
+224 ساعت
+137 روز
+17530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
📗 နတ္ထိနနယ်မြေမှဓါးသမား ✒️ ဆရာခွန် 📚 အတွဲ ၁ + ၂ https://u.pcloud.link/publink/show?code=kZwcWf0ZFySTDvGoYRp87hDuJYvaRLu3op37 👉 Facebook Link 👈 https://www.facebook.com/100078451222304/posts/450866880871682/ #နိစ္စဓူဝသိုင်းလောက
نمایش همه...
👍 13 6🔥 1
📗 နတ္ထိနယ်မြေမှ ဓါးသမား "ဟွိုင်မြစ်" နဲ့ "စီးမြစ်" ကြားက မြို့ပျက် ရွာပျက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေသကို "နတ္တိနယ်ခြား" လို့ ခေါ်ကြပြီး အဲဒီဒေသဟာ လူဆိုး၊ လူကောင်း ရောပြွမ်းနေထိုင်တဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စည်းခြားထားရာ သီးခြားနယ်မြေတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြောက်ပိုင်း ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ဟာ "ဟန်"၊ "ရှန့်ပေး"၊ "တိ"၊ "ကျန်း" စတဲ့ မျိုးနွယ်စုငယ်တွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ကာ သက်ဆိုင်ရာ မျိုးနွယ်စု ခေါင်းဆောင်တွေကိုပဲ ဗိုလ်ချုပ်တွေအဖြစ် ပြန်လည် ခန့်အပ်ထားခဲ့ပါတယ်။ "ရှန့်ပေး" မျိုးနွယ်စုခေါင်းဆောင် "မုလုံကျွေ့"၊ "ကျန်း" မျိုးနွယ်စုခေါင်းဆောင် "ယောင်ချန်း"၊ တိ မျိုးနွယ်စုခေါင်းဆောင် "လုကောင်း" တို့ဟာ  ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" အားထားရတဲ့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ဟာ မြောက်ပိုင်းဒေသမှာ အင်အားကြီးမားလာခဲ့ပြီးနောက်မှာတော့ တောင်ပိုင်းမှာရှိတဲ့ "ကျင်းပြည်ထောင်" ကို တိုက်ခိုက်သိမ်းပိုက်ဖို့ သန်းချီတဲ့ တပ်တွေနဲ့ စစ်ချီတက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ "ဟန်မျိုးနွယ်" နဲ့ "ရှန့်ပေးမျိုးနွယ်" ပေါင်းစပ်ထားတဲ့ ကပြားတစ်ယောက်ဖြစ်သူ "လိပ်ပြာချစ်ပန်းဓါး" ပိုင်ရှင် "ယန်ဖေး" ဟာ  နတ္ထိနယ်ခြားဒေသက "နတ္ထိစျေးမြို့" မှာ စားသောက်ဆိုင် လုံခြုံရေးသိုင်းသမားအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။ "ယန်ဖေး" ရဲ့ ညီဝမ်းကွဲဖြစ်သူ "ထုံပါ့ကွေး" ကတော့ "ရှန့်ပေး" မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ မျိုးနွယ်စုတွေ ပျက်စီးသွားရခြင်းအတွက် မြောက်ပိုင်း ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ကို လက်စားချေဖို့ လက်နက်လူသူ စုဆောင်းကာ အခွင့်ကောင်း စောင့်နေခဲ့ပါတယ်။ ဒီလိုနဲ့ ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" စစ်ချီတက်လာပြီး နတ္ထိနယ်ခြားဒေသကို တိုက်ခိုက် သိမ်းပိုက်ချိန်မှာတော့ "ထုံပါ့ကွေး" က "ယန်ဖေး" ကို အန္တရာယ်ကြားက ကယ်ထုတ်ပြီး အကူအညီတစ်ခု တောင်းခဲ့ပါတယ်။ အဲဒါကတော့ ကျင်းပြည်ထောင်မှာရှိတဲ့ "မြောက်အိမ်တော်တပ်ဖွဲ့" ခေါင်းဆောင် "ရှဲ့ရှန်း" နဲ့ သွားတွေ့ပြီး "ရှန့်ပေး" မျိုးနွယ်စု ခေါင်းဆောင် "မုလုံကျွေ့" က ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ကို တိုက်ပွဲမှာ ရှုံးနိမ့်အောင် နှောင့်ယှက်ပေးမယ့်အကြောင်းနဲ့ "ရှန့်ပေး" မျိုးနွယ်စု နဲ့ "မြောက်အိမ်တော်" တို့ ပူးပေါင်းကြမယ့်အကြောင်း ဖြစ်ပါတယ်။ "မြောက်အိမ်တော်" ဆိုတာကတော့ တောင်ပိုင်းကျင်းပြည်ထောင် နန်းရင်းဝန် "ရှဲ့အန်း" ကိုယ်တိုင် ဦးစီးတည်ထောင်ထားတဲ့ အထူးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး တူဖြစ်သူ ဗိုလ်ချုပ် "ရှဲ့ရှန်း" က ဦးစီးပါတယ်။ တောင်ပိုင်း ကျင်းပြည်ထောင် ရဲ့ နန်းရင်းဝန် ဖြစ်သူ "ရှဲ့အန်း" ကလည်း ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြရတဲ့ မျိုးနွယ်စုခေါင်းဆောင် ဗိုလ်ချုပ်တွေရဲ့ ခံစားချက်ကို သိရှိနားလည်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ မျိုးနွယ်စုခေါင်းဆောင်တွေကို စည်းရုံးပြီး သွေးခွဲ သပ်လျှိုတဲ့နည်းလမ်းနဲ့ ချင်ပြည်ထောင်ဘုရင် "ဖုကျန်း" ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ကျင်းပြည်ထောင်ရဲ့ သစ္စာခံဟောင်း ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ် "ကျူးရှီ" နဲ့ တွေ့ဆုံဆွေးနွေးဖို့ "မြောက်အိမ်တော်တပ်" က တပ်မှူးလေး "လျူယိ" ကို  နတ္ထိနယ်ခြားဒေသကို စေလွှတ်ခဲ့ပါတယ်။ ဒီအခါမှာတော့ "ယန်ဖေး"၊ "လျူယိ" နဲ့ "ထုံပါကွေး" တို့လို ရည်မှန်းချက်ကိုယ်စီရှိကြတဲ့ လူငယ်သိုင်းသမားလေးတွေဟာ အန္တရာယ် အသွယ်သွယ်ကြားမှာ "နတ္ထိနယ်ခြားဒေသ" မှာ ဆုံစည်းမိကြပြီး ... ။
نمایش همه...
👍 13
Photo unavailableShow in Telegram
📗 ဟာကွက်တစ်ကွက် ✒️ တက္ကသိုလ်သီဟအောင် 📚 ၂ အုပ်တွဲ https://u.pcloud.link/publink/show?code=kZ9v2j0Ztoby6ioH7VRNGNbOp0XIEkyWaVly #နိစ္စဓူဝသိုင်းလောက
نمایش همه...
14👍 7
📗 ဟာကွက်တစ်ကွက် သံမဏိလူသား "ကွမ်းကျုံးခက်"၊ ရွှေယပ်တောင် "ယန်းဖုံး"၊ မင်းသားလေး "တုရှောင်အင်း" တို့ဟာ သွေးသောက် မိတ်ဆွေတွေဖြစ်ကြပြီး အဖြူရောင်သိုင်းသမားတွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ နံပါတ် ၁ သိုင်းသမားဖြစ်တဲ့ "ကျန်းဟို" ဟာ သိုင်းလောကက အနားယူသွားခဲ့ပြီး သူ့ရဲ့ "မိုးမြေလက်ဝါးသိုင်းကျမ်း" ကို ညီအရင်းလို ချစ်ခင်ရသူ "ကွမ်းကျုံးခက်" ကို ပေးအပ်သွားခဲ့ပါတယ်။ "ကျန်းဟို" မရှိတော့တဲ့အခါ နံပါတ် ၂ သိုင်းသမားဖြစ်တဲ့ "ကျင်းမြို့စား" က သိုင်းလောက နံပါတ် ၁ နေရာအတွက် ယှဥ်ပြိုင်ပွဲတစ်ရပ် ကျင်းပဖို့ ဦးဆောင်နှိုးဆော်ခဲ့တာကြောင့် သိုင်းလောကဟာ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ သိုင်းလောကမှာ လျှို့ဝှက်ဂိုဏ်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သိုင်းလောက နံပါတ် ၁ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့်သူတွေကို လိုက်လံလုပ်ကြံခဲ့ပါတယ်။ အဲဒီလို လုပ်ကြံခံရသူတွေထဲမှာ "ကွမ်းကျုံးခက်" ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ "တုရှောင်အင်း" လည်း ပါဝင်သွားခဲ့ပြီး "ယန်းဖုံး" ကတော့ လျှို့ဝှက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ "ကျင်းမြို့စား" ဖြစ်တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမဲ့ "ကျန်းဟို" ရဲ့ "မိုးမြေလက်ဝါး သိုင်းကျမ်း" ကို "ကွမ်းကျုံးခက်" က ရရှိသွားကြောင်း သိုင်းလောကသားတွေ သိရှိသွားချိန်မှာတော့ "ယန်းဖုံး" အပါအဝင် လောဘသားတွေဟာ "ကွမ်းကျုံးခက်" ကို ဒုက္ခပေးလာကြပြီး ... ။ 👉 Facebook Link 👈 https://www.facebook.com/100078451222304/posts/447101404581563/
نمایش همه...
Log in or sign up to view

See posts, photos and more on Facebook.

👍 6 5
Photo unavailableShow in Telegram
📗 ဘယ်သူရှုံးသလဲ ✒️ တက္ကသိုလ်နေလင်းအောင် 📚 လုံးချင်း https://u.pcloud.link/publink/show?code=kZDaSj0Z6fYs1k8trquz9iV0NwiaIjd3rEVy #နိစ္စဓူဝသိုင်းလောက
نمایش همه...
👍 18 4
📗 ဘယ်သူရှုံးသလဲ အရှေ့တောင်ပင်လယ်မှာ "သွေးဝိဉာဉ်ဂိုဏ်း" က ဓါးပြတိုက် ထကြွသောင်းကျန်းနေပေမယ့် ခြေရာဖျောက် အလွန်ကောင်းသူတွေ ဖြစ်တာကြောင့် နေပြည်တော်က မနှိမ်နင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ထောက်လှမ်းရေးအရာရှိ "ဆရာဟူ" ကို သိုင်းလောကသားတစ်ယောက်အဖြစ် အသွင်ပြောင်း စေလွှတ်ခဲ့ပြီး "ဆရာဟူ" ကတဆင့် သိုင်းလောကသားတွေကို စည်းရုံး စုစည်းကာ "သွေးဝိဉာဉ်ဂိုဏ်း" ကို ဖြိုခွဲဖို့ ရည်ရွယ်ခဲ့ပါတယ်။ "ဆရာဟူ" ရဲ့  တာဝန်ဟာ ကြီးလေးပြီး ကာလရှည် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် "ဆရာဟူ" ရဲ့ သမီးနဲ့ မြေးကို ဘုရင့်မင်းသမီးတွေအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ ဒါပေမဲ့ "ဆရာဟူ" ဟာ သွေးဝိဉာဉ်ဂိုဏ်းကို အမြစ်ပြတ် မနှိမ်နင်းနိုင်ခဲ့တဲ့အပြင် သွေးဝိဉာဉ်ဂိုဏ်းချုပ် "ကျင်းကျူဆင်း" က "ဆရာဟူ" ရဲ့မြေး "တိမ်ဖြူမင်းသမီး" ကို လက်ထပ်ခွင့် တောင်းခံလာတဲ့အခါ မလွှဲသာဘဲ လက်ခံသဘောတူခဲ့ရပါတယ်။ ဒီအခါမှာ "ကျင်းကျူဆင်း" နဲ့ "တိမ်ဖြူမင်းသမီး" တို့ရဲ့ လက်ထပ်ပွဲကို ကန့်ကွက်တားဆီးဖို့ ကြိုးစားသူတွေ ပေါ်ပေါက်လာခဲ့ကြပြီး သူတို့ကတော့ အရှေ့တောင်ပင်လယ် ကျွန်းသားတွေပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဘုရင့်သမက်တော် ဖြစ်သွားတဲ့ "ကျင်းကျူဆင်း" က "သွေးဝိဉာဉ်ဂိုဏ်း" ကို ဖျက်သိမ်းပြီး ဓါးပြအလုပ်ကို ရပ်နားလိုက်မှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လက်ထပ်ပွဲ ဖြစ်မြောက်အောင် ကြိုးစားသူတွေက တစ်ဖက်၊ လက်ထက်ပွဲ ပျက်စီးအောင် ကြိုးစားသူတွေက တစ်ဖက် ယှဥ်ပြိုင်မှုတွေဖြစ်လာခဲ့တဲ့အခါ အဲဒီ အရှုပ်အထွေးတွေကြားမှာ မိတ်ဆွေတစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို လိုက်ရှာနေတဲ့ "စွေတုံးလျှူ" လည်း ပါဝင်လာခဲ့ပြီး ... ။ 👉 Facebook Link 👈 https://www.facebook.com/100078451222304/posts/445783148046722/
نمایش همه...

👍 11 2
Photo unavailableShow in Telegram
📗 ကြေးစားသိုင်းသမား ✒️ တက္ကသိုလ်နေလင်းအောင် 📚 ၂ အုပ်တွဲ https://u.pcloud.link/publink/show?code=kZ1G0j0ZwgdFUFRfTcz03IA9MrOkPHjR5BSX #နိစ္စဓူဝသိုင်းလောက
نمایش همه...
👍 22🔥 1
📗 ကြေးစားသိုင်းသမား သိုင်းသမား "စင်ဆင့်" ဟာ မင်းသားလေး ဖိတ်ခေါ် ငှားရမ်းထားတဲ့ ကြေးစားသိုင်းသမား ၇ ယောက်ကို သုတ်သင် ရှင်းလင်းပြီး သူကိုယ်တိုင် အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ မင်းသားလေးထံ သွားရောက် ကမ်းလှမ်းခဲ့ပါတယ်။ "စင်ဆင့်" ဟာ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ငွေကြေးလိုအပ်နေတဲ့အတွက် ဒီတာဝန်ကို ကြားဖြတ်ရယူခဲ့တာ ဖြစ်သလို ကြေးစားသိုင်းသမား ၇ ယောက်ကလည်း သေသင့်သေထိုက်တဲ့ သူတွေဖြစ်တာကြောင့် "စင်ဆင့်" က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ မင်းသားလေးဟာ "စင်ဆင့်" ရဲ့ ကမ်းလှမ်းမှုကို လက်ခံကာ ကြေးသေတ္တာကြီးတစ်လုံးကို နေပြည်တော်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ "စင်ဆင့်" ရဲ့ နေပြည်တော်ခရီးစဥ်မှာ အနှောင့်အယှက် အတားအဆီးများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး"လက်နက်ဝိဇ္ဇာ သူတောင်းစားအိုကြီး" က "စင်ဆင့်" ကို ကူညီပေးခဲ့ပါတယ်။ အဲဒီ အနှောင့်အယှက် အတားအဆီးတွေအထဲမှာ အရှေ့ပင်လယ် နတ်မိမယ် "မေခင်" နဲ့ နဂါးပျံသူရဲကောင်း "ဟုတ်လီဘွန်" တို့လို နာမည်ကြီး သိုင်းသူရဲကောင်းတွေပါ ပါဝင်လာတဲ့အတွက် "စင်ဆင့်" ဟာ သူ့ရဲ့လုပ်ရပ် မှန်၊ မမှန် ပြန်လည် သုံးသပ်လာခဲ့ရပါတယ်။ အဲဒီနောက် "စင်ဆင့်" နဲ့ "သူတောင်းစားအိုကြီး" တို့ဟာ ကြေးသေတ္တာကြီးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပြီး ... ။ 👉 Facebook Link 👈 https://www.facebook.com/100078451222304/posts/443298054961898/
نمایش همه...
သိုင်းလောက

ကြေးစားသိုင်းသမား သိုင်းသမား "စင်ဆင့်" ဟာ မင်းသားလေး ဖိတ်ခေါ် ငှားရမ်းထားတဲ့ ကြေးစားသိုင်းသမား ၇ ယောက်ကို သုတ်သင် ရှင်းလင်းပြီး သူကိုယ်တိုင် အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ မင်းသားလေးထံ သွားရောက်...

👍 14 3
Photo unavailableShow in Telegram
📗 မိုးကြိုးလက်ညှိုးသိုင်းသမား ✒️ ရဲမာန်အောင် 📚 ၃ အုပ်တွဲ https://u.pcloud.link/publink/show?code=kZWWyj0ZIgVaTvhX684txlK4wcrLNpk1cUSy #နိစ္စဓူဝသိုင်းလောက
نمایش همه...
👍 25🔥 1
📗 မိုးကြိုးလက်ညှိုးသိုင်းသမား ဓါးဝိဇ္ဇာ "ဟန်တုံပေ့" ဟာ အကြောင်းအရင်း မသိရဘဲ ရုတ်တရက် ချမ်းသာလာခဲ့သူဖြစ်ပြီး ဇာတိရပ်မြေ "ရှန်စီမြို့" ကို ပြန်ရောက်တာနဲ့ ကြီးကျယ်ခန်းနားတဲ့ စံအိမ်ကြီး ဆောက်လုပ်နေထိုင်ခဲ့ပါတယ်။ "ဟန်တုံပေ့" ဟာ လူချမ်းသာဖြစ်လာတဲ့အခါ သူနှစ်သက်သဘောကျခဲ့တဲ့ မိန်းကလေး "ချန်ယီ" ကို သူမရဲ့ မိဘတွေကတဆင့် စည်းစိမ်ဥစ္စာ အသုံးပြုပြီး လက်ထပ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ "ချန်ယီ" ဟာ "ဟန်တုံပေ့" ရဲ့ မိတ်ဆွေဖြစ်တဲ့ "ဝမ်ကျောက်တင်" နဲ့ မေတ္တာမျှနေခဲ့တာဖြစ်ပြီး "ဝမ်ကျောက်တင်" ဟာလည်း "ဟန်တုံပေ့" နဲ့အတူ စီးပွားရှာထွက်သွားခဲ့ပေမယ့် ယနေ့အထိ ပြန်ရောက်မလာခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ "ဟန်တုံပေ့" နဲ့ "ချန်ယီ" တို့ လက်ထပ်ခဲ့ကြပြီး သားကလေး "ဟန်ချီဖင်း" ၃ နှစ်အရွယ်အရောက်မှာတော့ စံအိမ်တော်ကို အမည်မသိ မျက်နှာဖုံးစွပ် လူတစ်စုက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ "ဟန်တုံပေ့" သေဆုံးသွားခဲ့သလို "ချန်ယီ" ကိုလည်း မျက်နှာဖုံးစွပ် လူစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အထိန်းတော်နဲအတူ ထွက်ပြေးခဲ့တဲ့  "ဟန်ချီဖင်း" လေးကတော့ ချောင်းရေထဲမျောပါသွားခဲ့ပါတယ်။ တံငါသည်လင်မယားရဲ့ ကယ်တင်စောင့်ရှောက်မှုကြောင့် "ဟန်ချီဖင်း" ဟာ အသက်မသေဘဲ ကြီးပြင်းလာခဲ့ပေမယ့် ဆင်းရဲနွမ်းပါးစွာ ဘဝကို ရုန်းကန်ခဲ့ရပြီး တဖက်ကလည်း မိဘသွေးကြွေးဆပ်နိုင်ဖို့အတွင် သိုင်းပညာတတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ တစ်ရက်မှာတော့ ချစ်ရသူ ပေါက်စီသည်မလေး "ဆင်ယဥ်ယဥ်" ကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေတဲ့ နဂါးနက်ဂိုဏ်းသား လူရမ်းကား "ဆုပိုးချောင်" ကို သတ်မိခဲ့ရာက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ... ။ 👉 Facebook Link 👈 https://www.facebook.com/100078451222304/posts/442085485083155/
نمایش همه...
သိုင်းလောက

မိုးကြိုးလက်ညှိုးသိုင်းသမား ဓါးဝိဇ္ဇာ "ဟန်တုံပေ့" ဟာ အကြောင်းအရင်း မသိရဘဲ ရုတ်တရက် ချမ်းသာလာခဲ့သူဖြစ်ပြီး ဇာတိရပ်မြေ "ရှန်စီမြို့" ကို ပြန်ရောက်တာနဲ့ ကြီးကျယ်ခန်းနားတဲ့ စံအိမ်ကြီး...

👍 15 2