fa
Feedback
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

رفتن به کانال در Telegram

အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။

نمایش بیشتر
352
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
+230 روز
آرشیو پست ها
ရန်ကုန်မြို့ရဲ့မြို့လယ်ခေါင်တစ်နေရာတွင်"မတရားစစ်မှုထမ်း‌ဉပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်" ဟူသောစာတန်းအားချိတ်ဆွဲဖော်ပြခဲ့ ရန်ကုန်၊
+1
ရန်ကုန်မြို့ရဲ့မြို့လယ်ခေါင်တစ်နေရာတွင်"မတရားစစ်မှုထမ်း‌ဉပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်" ဟူသောစာတန်းအားချိတ်ဆွဲဖော်ပြခဲ့ ရန်ကုန်၊မတ် ၂၅၊ အကလ(မြေပြင်) ယခုလိုအချိန်ကာလဟာ အလွန်ပင် အစစ်အဆေးများသောကာလဖြစ်သည်။ဤသို့အစစ်အဆေး ထူထပ်များပြားလှသော ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်တစ်နေရာတွင် အခြေခံကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) အဖွဲ့မှ "မတရားစစ်မှုထမ်းဉပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်" ဟူသောစာသားပါသည့် စာတန်းတစ်ခုကိုချိတ်ဆွဲဖော်ပြခဲ့ပါသည်။ ၄င်းစာတန်းကို စစ်အာရှင်ဆန့်ကျင်ရေးနှင့် ယခုချိန်တွင်ပြဌာန်းလိုက်သော မတရားသည့် စစ်မှုထမ်းဉပဒေ များအား သတိပြုကာ တွန်းလှန်ရမယ်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ချိတ်ဆွဲ ခဲ့ကြပါသည်။ ယခုလိုချိတ်ဆွဲဖော်ပြရာတွင် ကင်းထောက်ပံ့ပိုးမှုအဖြစ် "Youth Scout for Democracy (YSD) မှကူညီအားဖြည့်ပေးခဲ့ပါသည်။

၂၃ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်တွင် ကျင်းပ‌ခဲ့တဲ့ Gender Concept webinarမှာ Genderနဲ့ sexဆိုတာ ဘယ်လိုကွာခြားပုံ၊ Gender Discriminationန
+5
၂၃ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်တွင် ကျင်းပ‌ခဲ့တဲ့ Gender Concept webinarမှာ Genderနဲ့ sexဆိုတာ ဘယ်လိုကွာခြားပုံ၊ Gender Discriminationနဲ့ ဖိုဝါဒအကြောင်း၊ Genderခွဲခြားတဲ့အတွက် ဖြစ်လာနေတဲ့ဆိုးကျိုးတွေ၊ Genderနဲ့ Sexကွဲပြားအောင်မသိပဲ ရှက်ကြောက်နေကြတာတွေကို ဆရာဖြိုးသီဟက ဆွေးနွေးဟောပြောသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ပွဲတက်ရောက်ကြတဲ့ကျောင်းသူကျောင်းသားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဆရာဖြိုးသီဟမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပွဲစီစဉ်တဲ့အချိန်တုန်းက ညနေ၆:၀၀မှ ၈:၀၀ထိလို့ သတ်မှတ်ထားပေမယ့် ပွဲကြာချိန်ဟာ ၃နာရီထိ ဖြစ်သွားခဲ့ပါတယ်။

ဒီနေ့ညနေ၆နာရီမှာ စမှာပါခင်ဗျာ။ Webinar တတ်မဲ့သူများအနေနဲ့ ဒီformလေးကို အချိန်၁မိနစ်ခန့်ပေးပြီး ဖြည့်ဖို့လိုအပ်ပါတယ်။ဖောင်ရဲ့အ
ဒီနေ့ညနေ၆နာရီမှာ စမှာပါခင်ဗျာ။ Webinar တတ်မဲ့သူများအနေနဲ့ ဒီformလေးကို အချိန်၁မိနစ်ခန့်ပေးပြီး ဖြည့်ဖို့လိုအပ်ပါတယ်။ဖောင်ရဲ့အောက်ဆုံးမှာတော့ webinar တတ်လို့ရမဲ့ channel linkပါပါတယ်။အဲ့တာလေး နှိပ်ရုံပါပဲ။ https://docs.google.com/forms/d/e/1FAIpQLSc9A1wp-UwNUEcq7m-sZmEGfYuBWujkcQfYGhOCOV3Bud2pUw/viewform?usp=pp_url Formထဲဝင်လို့မရသူများကတော့ အောက်ပါaccမှာ linkတောင်းယူနိုင်ပါတယ်။ @saokhunnaungbesya

ဂျန်ဒါသဘောတရားများ(Gender Concept)      အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှ ၂၃ရက်၊ ၃လ ၊၂၀၂၄ စနေနေ့ နေ့လယ် ၆နာရီမှာ   ဒေါက်တာဖြိုးသီဟနဲ့အတူ ဂျန်ဒါသဘောတရားများ ဟောပြောပွဲ ( Gender  Concept webinar )ပြုလုပ်သွားဖို ရှိပါတယ်။      မိန်းကလေးဆိုရင် နူးညံ့ရမယ်၊သိမ်မွေ့ရမယ်။ ယောင်္ကျားလေးဆိုရင် သန်မာရမယ်၊ မငိုရဘူး စတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်က ဂျန်ဒါပုံသေကားချပ်တွေကြောင့်ပဲ အမျိုးသမီးတွေကို ဖိနှိပ်ချိုးနှိမ်ပြီး အမျိုးသားတွေကို ဝန်လေးလံစေတဲ့  လူမှုပတ်ဝန်းကျင်ကြီးတစ်ခုဖြစ်လာတာပါ။ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အမျိုးသမီးအခွင့်အရေးဆုံးရှုံးတာတွေကလည်း  မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ သာမန်ကိစ္စတွေလိုဖြစ်နေပါပြီ။ ဒီဂျန်ဒါပုံသေကားချပ်တွေကိုတော့ ကျွန်တော်အားလုံးသိကြပါတယ်။ ဒါပေမယ့် ဂျန်ဒါဆိုတာဘာလဲ၊ Sex နဲ့ဘယ်လိုကွာတာလဲ။ ဒါတွေကို သေချာသိပါရဲ့လား။ ဂျန်ဒါအခြေပြုခွဲခြားဆက်ဆံမှု၊ ဂျန်ဒါအခြေခြုအကြမ်းဖက်မှုဆိုတာတွေကိုကော သေချာသိထားပါလား။ ဒါတွေကို ဘယ်လိုဆန့်ကျင်ကြမလဲ၊ ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာတွေဟာ ကျွန်တော်တို့မျိုးဆက်သစ်တွေ စဉ်စားရမဲ့၊တွေးတောကြံစည်ရမဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခုwebiner မှာတော့ ဒီအကြောင်းတွေကို အသေးစိတ်မျှဝေသွားမှာ မဟုတ်ပါဘူး။ ဒါတွေရဲ့ အခြေခံဖြစ်တဲ့၊ရှေးဉီးစွာသိထားသင့်တဲ့  ဂျန်ဒါနဲ့ပက်သက်တဲ့ အခြေခံသဘောတရားတွေကိုသာ မျှဝေပေးသွားမှာပါ။ တစ်နည်းအားဖြင့် ဂျန်ဒါကကြီးခခွေး ၊ဂျန်ဒါသင်ပုန်းကြီးလို့ ခေါ်နိုင်ပါတယ်။        Webinar မှာတော့ဆရာဖြိုးသီဟက  အလယ်တန်းနဲ့အထက်တန်းအရွယ် ကျောင်းသားလူငယ်တွေအတွက်ရည်ရွယ်ပြီး ဂျန်ဒါသဘောတရားများ(Gender Concept)ခေါင်းစဉ်နှင့် ဟောပြောသွားမှာပါ။  ရှေ့ကပြောပြီးခဲ့သလိုပဲ  အလယ်တန်းနဲ့အထက်တန်းအရွယ် ကျောင်းသားလူငယ်များအတွက်ရည်ရွယ်လုပ်တဲ့webinar ဖြစ်တဲ့အပြင်  အခြေခံသဘောတရားမျှသာ မျှဝေရန်ရည်ရွယ်တာဖြစ်တာကြောင့် webinar ဟာ ပေါ့ပေါ့ပါးပါးရှိပါလိမ့်မယ်။ ကျောင်းသားလူငယ်များကို webinar သို့လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။ပိုမိုကောင်းမွန်တဲ့ ခေတ်သစ်တစ်ခုကို အသိပညာဖြင့်သာ သွားနိုင်မယ် မဟုတ်လားဗျာ။ 23.3.24မှာပါ။ ဒီအပါတ် စနေနေ့ပါ။ ညနေ6နာရီပါ။ (Webinar တတ်လိုတဲ့ကျောင်းသားလူငယ်တို့အနေဖြင့် အောက်ပါFormကို ၁မိနစ်အချိန်ပေး၍ ဖြည့်ရန်လိုအပ်ပါသည်။ Formထဲတွင် Telegram Channel Link ထည့်သွင်းထားပြီး ယင်းChannelတွင်သာ Webinar Zoom Linkကို တင်ပေးသွားမှာပါ။) Formထဲဝင်မရတဲ့သူတွေက အောက်ပါaccမှာ စာရင်းသွင်းနိုင်ပါတယ်။ @saokhunnaungbesya

၁၆ရက်၊ ၃လ၊ ၂၀၂၄ခုနှစ် (၃၆)နှစ်ပြည့် တံတားနီနေ့အထိမ်းအမှတ်နေ့တွင် ကျွန်ုပ်တို့ အထက(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)မှ သွေးချောင်းစီးခဲ့သော ကျောင်းသားအရေးအခင်းများကို ယနေ့ခေတ်ကျောင်းသားလူငယ်များမှ မမေ့ပျောက်သွားစေရန် ရည်ရွယ်၍ "မတ်လအရေးအခင်းများ"ဟူသည့်ခေါင်းစဉ်ဖြင့် ‌ဟောပြောပွဲကို နွေဦးတော်လှန်ရေးကျောင်းတွင် ကျင်းပခဲ့ပြီး နွေးဦးတော်လှန်ရေးကျောင်းမှ ဆရာတစ်ဦးနှင့် အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ဥက္ကဌ ကိုစဝ်ခွန်နောင်တို့မှ ဟောပြောပေးခဲ့ပါတယ်။ ၁၇ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်မှာလည်း မဟာမိတ်များနှင့်ပူပေါင်းပြီး သမိုင်းထဲကမတ်လများတွင် ဖြစ်ပျက်ခဲ့သော အရေးအခင်းများအကြောင်းကို"မတ်လအရေးအခင်းများ"ခေါင်းစဉ်နှင့်ပင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး ဆရာမင်းသွေးသစ်မှဟောပြောပေးခဲ့ပါတယ်။

၁၆ရက်၊ ၃လ၊ ၂၀၂၄ခုနှစ် (၃၆)နှစ်ပြည့် တံတားနီနေ့အထိမ်းအမှတ်နေ့တွင် ကျွန်ုပ်တို့ အထက(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်
+8
၁၆ရက်၊ ၃လ၊ ၂၀၂၄ခုနှစ် (၃၆)နှစ်ပြည့် တံတားနီနေ့အထိမ်းအမှတ်နေ့တွင် ကျွန်ုပ်တို့ အထက(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)မှ သွေးချောင်းစီးခဲ့သော ကျောင်းသားအရေးအခင်းများကို ယနေ့ခေတ်ကျောင်းသားလူငယ်များမှ မမေ့ပျောက်သွားစေရန် ရည်ရွယ်၍ "မတ်လအရေးအခင်းများ"ဟူသည့်ခေါင်းစဉ်ဖြင့် ‌ဟောပြောပွဲကို နွေဦးတော်လှန်ရေးကျောင်းတွင် ကျင်းပခဲ့ပြီး နွေးဦးတော်လှန်ရေးကျောင်းမှ ဆရာတစ်ဦးနှင့် အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ဥက္ကဌ ကိုစဝ်ခွန်နောင်တို့မှ ဟောပြောပေးခဲ့ပါတယ်။ ၁၇ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်မှာလည်း မဟာမိတ်များနှင့်ပူပေါင်းပြီး သမိုင်းထဲကမတ်လများတွင် ဖြစ်ပျက်ခဲ့သော အရေးအခင်းများအကြောင်းကို"မတ်လအရေးအခင်းများ"ခေါင်းစဉ်နှင့်ပင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး ဆရာမင်းသွေးသစ်မှဟောပြောပေးခဲ့ပါတယ်။

သမိုင်းမှာ နွေဦးရာသီအစလဖြစ်တဲ့ မတ်လဟာ နွေဥဩသံတွေနဲ့ ရွက်ခြောက်ကြွေလို့ ရွက်‌သစ်ဝေတဲ့ ဗါဒံပင်တွေနဲ့ ကြည်နူးဖွယ်ဖြစ်နေရမဲ့အစား ကြောက်မက်ဖွယ်၊ ဝမ်းနည်းဖွယ် နာကျည်းဖွယ်ကောင်းတဲ့ ကျောင်းသားအရေးအခင်းပေါင်းများစွာက ဖြစ်ပေါ်ခဲ့ကြတယ်။ အဲ့ဒီအရေးအခင်းတွေမှာ ကျောင်းသားလူငယ်တွေ တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ပြီး ရက်စက်စွာအသတ်ခံခဲ့ကြရတယ်။အပြစ်မဲ့‌ကျောင်းသားလူငယ်တစ်ယောက်ရဲ့အသက်ကို ပုရွက်ဆိတ်တစ်ကောင်ရဲ့အသက်လောက်တောင် တန်ဖိုးမထားပဲ အလွယ်တကူ ရက်စက်စွာနဲ့ ခြေမွှပစ်ခဲ့ကြတဲ့ အရေးအခင်းပေါင်းများစွာဟာ မတ်လထဲမှာ ဖြစ်ပေါ်ခဲ့ကြတယ်။အဲ့ဒီလိုနာကျည်းဖွယ်ကောင်းတဲ့ဖြစ်ရပ်တွေနဲ့ပြည့်နေတဲ့ မတ်လကို ယနေ့အချိန်မှာ လူငယ်အတော်များများက မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတယ်။ ပြီးတော့ နောင်တော်ကျောင်းသားတွေရဲ့ တော်လှန်ရေးတာဝန်ဟာ ကျနော်တို့‌‌ေပါ်မှာ အလိုအလျောက် လက်ဆင့်ကမ်းခဲ့ပြီးသားဆိုတာကို မေ့ပျောက်နေကြတာဟာ သိပ်ရင်နာဖို့ကောင်းတယ်။‌ နောင်တော်ကျောင်းသားတွေရဲ့ လက်ဆင့်ကမ်းတာဝန်တွေကို ပြန်လည်အမှတ်ရပြီး တာဝန်ကျေပွန်အောင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နိုင်ကြဖို့ မျှော်လင့်ပြီး "မတ်လအရေးအခင်းများ"ဟောပြောပွဲကို အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာ‌ေကျာင်းသားလူငယ်များအစည်းအရုံး (အကလ)နှင့် မဟာမိတ်များနှင့်ပူးပေါင်းပြုလုပ်ပြီး ဆရာမင်းသွေးသစ်မှ ဟောပြောပေးမှာဖြစ်ပြီးတော့ ယနေ့ညနေ ၄နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ယနေ့ ၁၆ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်သည် နောင်တော်သပိတ်ကျာင်းသားများအား တံတားဖြူတစ်စင်းပေါ်တွင် ရက်စက်စွာ ချောင်ပိတ်ရိုက်ခံရသည့်အတွက် သွေးများချင်းချင်းနီပြီး တံတားနီအဖြစ်သို့ ကူးပြောင်းသွားခြင်းအထိမ်းအမှတ် ၃၆နှစ်မြောက် ဝမ်းနည်းဖွယ်အခမ်းအနားဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ညနေ ၄နာရီတွင် ကျန်ုပ်တို့ ‌အထက(၁)ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)အနေဖြင့် မတ်လအရေးအခင်းများဟူသော ဟောပြောပွဲကို Nway Oo Revolutionary Highschool မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ယောပြောပေးမည့်သူများမှာ နွေဦးတော်လှန်ရေးကျောင်းမှ ဆရာဇော်နှင့် အထက(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)၏ ဥက္ကဌ ကိုစဝ်ခွန်နောင်တို့ဖြစ်ပါသည်။ ယနေ့ညနေကျင်းပမည့် မတ်လအရေးအခင်းများဆိုသည့် ဟောပြောပွဲတွင် နွေဦးတော်လှန်ရေးအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား တော်လှန်ရေးကဗျာရွတ်ဆိုပြီး ပါဝင်ဆင်နွှဲချင်ပါက ဆင်နွှဲနိုင်ကြောင်း အသိပေးအပ်ပါသည်။ ကဗျာရွတ်ဆိုချင်သူများသည် မိမိရွတ်ဆိုလိုသော ကဗျာနှင့် ကျောင်းသားကုဒ်နံပါတ်အား @Mary_Su_123 ဆီသို့ နေ့လယ် မှစ်နာရီမတိုင်မီ လာရောက်‌ပေးပို့ရန် ပန်ကြားအပ်ပါသည်။ (*မှတ်ချက် - ကဗျာနဲ့ ကျောင်းသားကုဒ်ကိုတောင်းရတာဟာ အခမ်းနားအစီအစဉ်ကို လိုအပ်လျှင် လိုအပ်သလိုပြုပြင်နိုင်ရန်အတွက် ဖြစ်ပါသည်။ ကျောင်းသား‌အ‌ေရးအခင်းနှင့်သက်ဆို‌‌ေသာကဗျာ မဟုတ်လျှင် ရွတ်ဆိုခွင့်‌ပြုမည်မဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်ရှင်။

ဓာတ်ပုံကမ်းပိန်းဒုတိယနေ့ကို ပါဝင်ဆင်နွှဲခြင်း
+9
ဓာတ်ပုံကမ်းပိန်းဒုတိယနေ့ကို ပါဝင်ဆင်နွှဲခြင်း

POE၊YFSနဲ့ NORHSကျောင်းသားများမှ "သွေးစွန်းခဲ့သော ထိုမတ်လ ငါတို့တတွေ မမေ့ကြ" ပရိုဖိုင်ကမ်ပိန်း ဒုတိယနေ့ကို ပါဝင်ဆင်နွှဲခဲ့ကြပ
+6
POE၊YFSနဲ့ NORHSကျောင်းသားများမှ "သွေးစွန်းခဲ့သော ထိုမတ်လ ငါတို့တတွေ မမေ့ကြ" ပရိုဖိုင်ကမ်ပိန်း ဒုတိယနေ့ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ကျောင်းသား၊ကျောင်းသူများမှ မတ်လအရေးခင်းများ အထိန်းအမှတ် Photo Campaign ပထမရက်ကိုပါဝင်ဆင်‌နွှဲခဲ့ကြပါတယ်
+3

Federal Schoolများမှ ကျောင်းသား၊ကျောင်းသူများက မတ်လအရေးခင်းများ အထိန်းအမှတ် Profile Campaign ပထမရက်ကိုပါဝင်ဆင်‌နွှဲခဲ့ကြပါတယ်
+6
Federal Schoolများမှ ကျောင်းသား၊ကျောင်းသူများက မတ်လအရေးခင်းများ အထိန်းအမှတ် Profile Campaign ပထမရက်ကိုပါဝင်ဆင်‌နွှဲခဲ့ကြပါတယ်