May May Club
رفتن به کانال در Telegram
8 980
مشترکین
اطلاعاتی وجود ندارد24 ساعت
-3277 روز
-49330 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
مارس '26
مارس '260
در 1 کانالها
فوریه '26
+5
در 0 کانالها
Get PRO
ژانویه '26
+9
در 0 کانالها
Get PRO
دسامبر '25
+86
در 1 کانالها
Get PRO
نوامبر '25
+82
در 1 کانالها
Get PRO
اکتبر '25
+197
در 1 کانالها
Get PRO
سپتامبر '25
+294
در 0 کانالها
Get PRO
اوت '25
+179
در 1 کانالها
Get PRO
ژوئیه '25
+1 984
در 0 کانالها
Get PRO
ژوئن '25
+10
در 0 کانالها
Get PRO
مه '25
+156
در 1 کانالها
Get PRO
آوریل '25
+3
در 0 کانالها
Get PRO
مارس '25
+13
در 0 کانالها
Get PRO
فوریه '25
+10
در 0 کانالها
Get PRO
ژانویه '25
+10
در 0 کانالها
Get PRO
دسامبر '24
+10
در 0 کانالها
Get PRO
نوامبر '24
+6
در 0 کانالها
Get PRO
اکتبر '24
+32
در 0 کانالها
Get PRO
سپتامبر '24
+305
در 0 کانالها
Get PRO
اوت '24
+51
در 0 کانالها
Get PRO
ژوئیه '24
+190
در 0 کانالها
Get PRO
ژوئن '24
+3
در 0 کانالها
Get PRO
مه '24
+45
در 0 کانالها
Get PRO
آوریل '24
+82
در 0 کانالها
Get PRO
مارس '24
+338
در 0 کانالها
Get PRO
فوریه '24
+65
در 0 کانالها
Get PRO
ژانویه '24
+10 740
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 05 مارس | 0 | |||
| 04 مارس | 0 | |||
| 03 مارس | 0 | |||
| 02 مارس | 0 | |||
| 01 مارس | 0 |
پستهای کانال
+2
📣ကိုယ်ဝန်ဆောင်မေမေတို့နဲ့ ရင်သွေးငယ်လေးတွေရှိတဲ့ မိဘတိုင်းအတွက် အခမဲ့ပညာပေးပွဲကြီး မန္တလာမြေကို ရောက်ရှိလာပါပြီ …🎉
✨ 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐌𝐚𝐲𝐌𝐚𝐲 𝐂𝐥𝐮𝐛 မှ ပူးပေါင်းပြီး “ကျန်းမာပျော်ရွှင်သောမိခင်နှင့်ရင်သွေးဘဝအစ - 𝐌𝐚𝐦𝐚 & 𝐁𝐚𝐛𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬” 𝐄𝐯𝐞𝐧𝐭 လေးမှာ မန္တလေးမှ ကိုယ်ဝန်ဆောင်မေမေတို့နဲ့၊ သားငယ်သမီးငယ်လေးတွေရှိတဲ့ မေမေ၊ ဖေဖေတို့အတွက် အကျိုးရှိစေမယ့် အကြောင်းအရာများကို မျှဝေဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်...
📌 ပွဲကျင်းပသွားမည့်အချိန်နှင့်နေရာ
📅 နေ့ရက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ (တနင်္ဂနွေနေ့)
⏰ အချိန် - နေ့လည် ၁ နာရီမှ ၄ နာရီ
📍 နေရာ - 𝐇𝐨𝐭𝐞𝐥 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 (
🔥 အခမဲ့ တက်ရောက်ခွင့်အတွက် လူဦးရေ ကန့်သတ်ထားသောကြောင့် အမည်စာရင်းပေးသွင်းရန် 𝐆𝐨𝐨𝐠𝐥𝐞 𝐅𝐨𝐫𝐦 လေးကို အပြည့်အစုံ ဖြည့်ပေးပါနော်
𝐅𝐨𝐫𝐦 𝐥𝐢𝐧𝐤 > https://forms.gle/fDMviCDnCRcvriMM6
☎️ တက်ရောက်ခွင့်ရတဲ့သူများကိုတော့ 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဖုန်းဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။❤️
| 2 | တစ်နေ့ တစ်နေ့ ဟင်းတွေ ထပ်ကုန်လို့ ဘာချက်ရမလဲ မသိတော့ဘူး မေမေတို့ရေ . . .🤔
ကျောင်းထမင်းဘူးထည့်ပေးဖို့ ဟင်းစဉ်းစားရခက်နေလို့ တခြားမေမေတို့ရော ဘာချက်ကြလဲဆိုတာ ကောမန့်မှာ ပြောပေးကြပါဦးနော် 🥰 | 1 760 |
| 3 | ကလေးလေးတွေကို နို့တိုက်ပြီးတဲ့အခါ လေထုတ်ပေးဖို့က အရေးကြီးပါတယ်။ ကလေးလေးတွေ နို့စို့တဲ့အခါ နို့နဲ့အတူ လေကိုပါ မြိုချမိတာကြောင့် ဗိုက်ထဲမှာ မအီမသာ ဖြစ်တတ်ပါတယ်။ တချို့ကလေးလေးတွေက သူ့အလိုလို လေတက်ပေမယ့် တချို့ကလေးလေးတွေကတော့ လေထုတ်ပေးဖို့ လိုပါတယ်။
ကလေးလေးတွေကို လေထုတ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့
ပုခုံးပေါ်တင်ပြီး လေထုတ်ခြင်း
ကလေးမေးစေ့ကို ပုခုံးပေါ်တင်၊ ခေါင်းနဲ့ ပုခုံးကို လက်တစ်ဖက်နဲ့ ထိန်းပြီး နောက်လက်တစ်ဖက်နဲ့ ကျောကို အသာအယာပုတ်ပေးပါ။ လမ်းလျှောက်နေရင်း လုပ်ပေးရင် ပိုကောင်းပါတယ်။
ပေါင်ပေါ်ထိုင်စေပြီး လေထုတ်ခြင်း
ကလေးကို ပေါင်ပေါ်မှာ ထိုင်စေပြီး မျက်နှာကို အပြင်ဘက်လှည့်ထားပါ။ လက်တစ်ဖက်က ရင်ဘတ်ကို ထိန်းထားပါ။ ကလေးကို ရှေ့အနည်းငယ်ကိုင်းထားပြီး နောက်လက်တစ်ဖက်နဲ့ ကျောကို ပုတ်ပေးပါ။
ပေါင်ပေါ် မှောက်ထားပြီး လေထုတ်ခြင်း
ကလေးကို ပေါင်ပေါ်မှာမှောက်ထားပါ။ လက်တစ်ဖက်က မေးစေ့ကို ထိန်းထားပြီး နောက်တစ်ဖက်က ကျောကို ပုတ်ပေးပါ။
ဒီနည်းတွေထဲက အဆင်ပြေတဲ့နည်းနဲ့ မေမေတို့ ကလေးလေးကို နို့တိုက်ပြီးတိုင်း လေထုတ်ပေးလို့ ရပါတယ်နော်။ | 2 174 |
| 4 | "ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု" 𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို ဒီနေ့ နို၀င်ဘာလ (၇) ရက်နေ့ ညနေ (၇) နာရီမှာ ဒီ Zoom link လေးကတဆင့် Join ပြီး တက်ရောက်နိုင်ပါတယ်...
မွေးစကနေ အသက်အရွယ်အလိုက် ဖွံဖြိုးတိုးတက်မှု Milestones တွေကိုသိထားချင်တဲ့ ဖေဖေမေမေတို့ အနေနဲ့ လက်မလွှတ်သင့်တဲ့ ပွဲလေးဖြစ်လို့ တက်ရောက်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်နော် ...
ညနေ ၇ နာရီမှာ Join ရမယ့် Zoom Link လေးကတော့
Topic: "ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု" 𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫
Time: Nov 7, 2025 07:00 PM Rangoon
Join Zoom Meeting
https://us02web.zoom.us/j/81701383813?pwd=ZsTbrpXC7cjI8blxKcO4KGKUaZih4Q.1
Meeting ID: 817 0138 3813
Passcode: MayMay | 2 042 |
| 5 | မွေးစကနေ အသက်အရွယ်အလိုက် ဖွံဖြိုးတိုးတက်မှု Milestones တွေကိုသိထားပြီး ပံ့ပိုးပေးလိုတဲ့ ဖေဖေ မေမေတို့အတွက် 𝐌𝐚𝐲 𝐌𝐚𝐲 𝐂𝐥𝐮𝐛 နဲ့ 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 တို့ ပူးပေါင်းပြီး ပြုလုပ်ပေးမယ် 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫
"ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု”
📌 ဘယ်သူတွေတက်ရောက်သင့်လဲ
👉🏼ကိုယ်ဝန်ဆောင်မေမေတွေ
👉🏼မွေးကင်းစကနေ ကလေးငယ်ရှိတဲ့ ဖေဖေ၊ မေမေများ
👉🏼ကလေးငယ်ကို အနီးကပ်ကူညီစောင့်ရှောက်ပေးသူများ
📅 နေ့ရက် - 𝟕 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟓
⏰ အချိန် - ည ၇ နာရီ မှ ၉ နာရီ
📍 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦 (𝐎𝐧𝐥𝐢𝐧𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫)
လူဦးရေကန့်သတ်ထားတာကြောင့် ဒီ 𝐆𝐨𝐨𝐠𝐥𝐞 𝐟𝐨𝐫𝐦 လေးကို ဖြည့်ပြီး စာရင်းသွင်းလိုက်တော့နော်။
𝐅𝐨𝐫𝐦 𝐥𝐢𝐧𝐤 > https://forms.gle/stBeg6sTQXSpQtqh9
စာရင်းပေးသွင်းထားသူများကို 𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 ကို ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
ဒီ 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐞𝐬𝐬𝐢𝐨𝐧 လေးကနေတစ်ဆင့် မိဘတိုင်း ကိုယ့်ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုခရီးလမ်းကို ယုံကြည်မှုအပြည့်နဲ့ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ရယူလိုက်ရအောင်နော် 💚💚💚 | 2 349 |
| 6 | 🍀ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေဟာ အရေးပါဆုံးအခန်းကဏ္ဍကနေ ပါဝင်ပါတယ်မေမေတို့ရေ...
🌟အထူးသဖြင့် ရာသီဥတုပြောင်းလဲတဲ့အချိန်တွေမှာ ဖျားနာမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ဖို့ဆိုရင် အခု ဆရာမပြောပြမယ့် အာဟာရဓာတ်တွေ ပြည့်မှီအောင် ကျွေးမွေးဖို့ လိုအပ်ပါတယ်နော်...
🍗 အသား၊ငါး၊ ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာ Protein ပါလို့ ကြွက်သားသန်မာစေပြီး ကိုယ်ခံအားကို တိုးပေးနိုင်ပါတယ်။
🍊 ကိုယ်ခံစွမ်းအားကို တက်စေပြီး အလွယ်တကူ မနာမကျန်းမဖြစ်ဖို့ဆို Vitamin C ပါတဲ့ လိမ္မော်သီး၊ ကီဝီသီးစတဲ့ အသီးအနှံကနေရရှိနိုင်ပါတယ်။
🥬 မုန်လာဥနီ နဲ့ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေက Vitamin A ပါတော့အမြင်အာရုံကောင်းစေပါတယ်။
🌞 Vitamin D ကတော့ အရိုးခိုင်မာစေပြီး နေရောင်ထဲကနေပါ ရနိုင်ပါတယ်။
🥜 သားသားမီးမီးလေးတွေ ခန္တာကိုယ်ရဲ့ကိုယ်ခံအားအတွက်ဆို Zinc ကမပါမဖြစ်ပဲဖြစ်လို့ အမဲသား၊ ပင်လယ်စာ၊ အစေ့ဆံအမျိုးမျိုးကနေရနိုင်ပါတယ်။
ကလေးအာဟာရနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးတဲ့ မေမေတို့ရဲ့ အတွေ့အကြုံလေးတွေဝေမျှရင်း ဒေါက်တာငြိမ်းကို သိချင်တာလေးတွေ comment မှတစ်ဆင့်မေးမြန်းနိုင်ပါတယ်။ | 2 314 |
| 7 | မင်္ဂလာပါမေမေတို့ရေ....
ခုရက်ပိုင်း ၅ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတဲ့ လေပြွန်ယောင်ချောင်းဆိုးခြင်းကို အမြန်သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို ဒေါက်တာငြိမ်းက မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
✅ ရေနွေးငွေ့ရှူပေးခြင်း: သားသားမီးမီးလေးတွေရဲ့ နှာစေး၊ ချောင်းဆိုးတာ သက်သာအောင် ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ရှူခိုင်းပေးပါ။
✅ အိပ်ပျော်အောင် ကူညီပေးခြင်း: နို့စို့ကလေးငယ်တွေကို ပုခုံးပေါ်ချီပြီးသိပ်ပေးတာက သက်တောင့်သက်သာရှိစေပြီး အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။
✅ နှာခေါင်းသန့်ရှင်းရေးလုပ်ပေးခြင်း: နှာခေါင်းပိတ်ပြီး အသက်ရှူရခက်နေတဲ့အခါ နှာခေါင်းအစက်ချဆေးသုံးပြီး နှာခေါင်းကို သန့်ရှင်းပေးပါ။
✅ အရည်ဓာတ်များများတိုက်ပေးခြင်း: ကလေးငယ်ကို ရေ၊ စွပ်ပြုတ်၊ နို့၊ ဒါမှမဟုတ် ရေနွေးနွေးလေးတွေ မကြာခဏ တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေပါစေ။
✅ အရေးကြီးဆုံးအချက်ကတော့ သားသားမီးမီးလေးတွေ ရင်ကျပ်တာ ပြင်းထန်လာတဲ့အခါ ရှူဆေးလိုတတ်တာမို့ ဆေးရုံ၊ ဆေးခန်းကိုသေချာပြပြီး ဆရာဝန်ညွှန်ကြားတဲ့ ရှူဆေးတွေကို ရက်ပြည့်အောင် အပျက်အကွက်မရှိ ပုံမှန်ရှူပေးဖို့လိုအပ်ပါတယ်နော် မေမေတို့ရေ..။ | 2 104 |
| 8 | Terrible Two ဆိုတာ နှစ်နှစ်ဝန်းကျင်ကလေးတွေ ဂျီကျတတ်တဲ့ ကာလပဲ မေမေတို့ရေ 🥹
အိမ်က ပိစိလေးက အပြင်သွားလို့ လိုချင်တာမရရင် ခြေဆောင့်ငိုတာ၊ လှဲပြီး အော်ဟစ်တာ၊ မိဘပြောရခက်တာ—ဒီလူကြီးဖိအားကာလကို မေမေတိုတွေ ကြုံဖူးကြမှာပါ။ ဒီကာလမှာ ကလေးတွေရဲ့ လိုချင်တာနဲ့ ဖြစ်လာတာမတူတဲ့အခါ စိတ်ထဲမကျဖြစ်ပြီး ဒါကို သေသေချာချာမဖော်ပြတတ်တဲ့ အခါကျတော့ သောင်းကျန်းသလိုဖြစ်မေတာပါ။
ဒါကြောင့် Terrible Two အရွယ်မှာဆိုရင်
🔸 အပြင်သွားချိန် – နေ့လယ်အိပ်ရာနိုးပြီး စိတ်ကြည်တဲ့အချိန်ထဲ သွားပါ
🔸 ဗိုက်မဆာချိန် – ဗိုက်ဆာရင် ပိုသောင်းကျန်းတတ်ပါတယ်
🔸 ကြိုတင်အသိပေး – “ဒီနေ့ စူပါမားကတ်သွားမယ်၊ ချောကလက်မဝယ်ဘူးနော်” ဆိုပြီး ကြိုတင်ပြောပါ
🔸 အလိုမလိုက်နဲ့ – သကြားလုံးမရလို့ ငိုနေတဲ့ကလေးကို နားအေးအောင် ပေးလိုက်ရင် နောက်ထပ်လည်း ထပ်သောင်းကျန်းဦးမှာပါ
🔸 လူကြားထဲ သောင်းကျန်းရင် – ခေါ်ထုတ်ပြီး အေးဆေးပြောပါ၊ လူအများကြောင့် အလိုမလိုက်လိုက်မိမနေပါစေ
🔸 ကြိုတင်အာရုံလွှဲ – သောင်းကျန်းမယ့် အရိပ်ပေါ်လာရင် အခြားအရာနဲ့ စိတ်လှည့်ပေးပါ
Terrible Two က ၁.၅နှစ်ကနေ ၄နှစ်ထိ ဖြစ်တတ်တာကြောင့် မေမေတိုတွေ အားမလျော့ပါနဲ့ 💪 မေမေတို့ရော ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မျှဝေပေးပါဦးနော် | 2 176 |
| 9 | 🦟သွေးလွန်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး မိုးရာသီမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးက ကလေးတွေအတွက် အန္တရာယ်ရှိတာကြောင့် ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။
🔸သွေးလွန်တုပ်ကွေးကာကွယ်ဖို့ဆိုရင် ခြင်ကိုက်မခံရအောင်နေဖို့၊ ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ဖျက်ဆီးဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေမှာ သွေးလွန်တုပ်ကွေးမဖြစ်စေဖို့
အဝတ်အစား လုံလုံခြုံခြုံ ဝတ်ပေးပါ။
🔸ခြင်ထောင်နဲ့ အိပ်ပါ။
🔸ခြင်လုံဇကာတပ်ထားပါ။
🔸ခြင်ပေါက်နိုင်တဲ့နေရာတွေကို ရှင်းလင်းပါ။
💉သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
💚ဒီနည်းတွေနဲ့ မိုးရာသီရဲ့ နတ်ဆိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ ကလေးတွေကိုကာကွယ်လိုက်ပါ မေမေတို့ရေ။ | 2 343 |
| 10 | မေမေတို့ရေ....
𝐌𝐚𝐲 𝐌𝐚𝐲 𝐂𝐥𝐮𝐛 နဲ့ Growth Session Myanmar တို့ ပူးပေါင်းပြုလုပ်တဲ့ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မယ့် “ကျန်းမာပျော်ရွှင်သောမိခင်နှင့်ရင်သွေးဘဝအစ”
𝐄𝐯𝐞𝐧𝐭 လေးကို တက်ရောက်ဖို့အတွက် ဖိတ်ကြားချင်ပါတယ်။ ✨
ဒီပွဲလေးမှာဆိုရင် ကလေးငယ်လေး မိခင်ဝမ်းမှာ စတင် သန္ဓေတည်တဲ့ ချိန်ကစလို့ မွေးဖွားကြီးပြင်းတဲ့အချိန်ကာလထိ အရေးပါတဲ့ ရေရှည်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
📌 ဒီပွဲလေးမှာ ပါဝင်သွားမယ့် အကြောင်းအရာတွေကတော့-
✅ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လက်တွေ့ သင်တန်း “𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐂𝐚𝐫𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠"
✅ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဘဝမှစကာ အရေးအကြီးဆုံးအချိန်ကာလအပိုင်းအခြားအတွက် မိခင်နှင့် ကလေး ကျန်းမာဖွံ့ဖြိုးရေး၊ အာဟာရဆိုင်ရာနှင့် ပြုစုစောင့်ရှောက်မှုတွေအတွက် မျှဝေသွားမယ့် 𝐏𝐚𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 တွေပါဝင်သွားမှာဖြစ်ပါတယ်။
စာရင်းပေးသွင်းရန်နှိပ်ပါ : https://forms.gle/9Yro6JUH6M5Hrh5D9
☎️ တက်ရောက်ခွင့်ရတဲ့သူများကို 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဖုန်းဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ | 2 958 |
| 11 | မေမေတို့ရေ…တစ်ပတ်တာလုံးမှာ ကျောင်းစာတွေနဲ့ လုံးပမ်းထားရတဲ့ သားသားမီးမီးလေးတွေအတွက် ပိတ်ရက်မှာ ကိုယ်ပိုင်အနားယူချိန်လေးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်နော်…🤗💚
ကျောင်းမှာ အသစ်သစ်တွေ လေ့လာနိုင်ဖို့အတွက်ဆို အားလပ်ရက်ထဲမှာ သားသားမီးမီးလေးတွေအတွက်အချိန်ပေးပီး အိမ်မှာတူတူကစားပေးတာ၊ ကစားကွင်းလိုက်ပို့တာ၊ စက်ဘီးတူတူစီးတာ စတဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေနဲ့ အတူ အားမွေးပေးရပါမယ်ရှင်…💪
ဒါနဲ့ မေမေတို့ရော သားသားမီးမီးတို့အတွက် ကိုယ်ပိုင်အချိန်လေးတွေကို ဘယ်လိုဖန်တီးပေးဖြစ်လဲပြောခဲ့ပါဦးနော်? | 2 642 |
| 12 | 👶 မွေးဆံပင်ကို မရိတ်ပေးရင် လာဘ်
မကောင်းဘူး၊ ဆံပင်မသန်ဘူးဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကို မေမေတို့အားလုံး
ကြားဖူးကြမယ် ထင်ပါတယ်…
တကယ်တော့ ဆေးပညာသဘောတရားအရ ဒါတွေဟာလွဲမှားတဲ့ အယူအဆသက်သက်ပါပဲ မေမေတို့ရေ…🤗
မွေးကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းပိုင်းက ငယ်ထိပ်လေးတွေမပြည့်သေးဘဲ အလွန်နုနယ်တာကြောင့် ဆံပင်ရိတ်ရင်း မတော်တဆ ထိခိုက်ရှနာဖြစ်ပြီး ပိုးဝင်နိုင်လို့ ရှောင်ကြဉ်ရပါမယ်ရှင်…💚
ဒါနဲ့ မေမေတို့ရော ဒီအယူအဆနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ကြလဲဆိုတာ ပြောပြခဲ့ပါဦးနော်…💬 | 2 964 |
| 13 | ကလေးနဲ့အရင်နှီးဆုံးမိခင်တစ်ယောက်ဖြစ်ဖို့ မေမေမြဘုန်းဆင့်ပြောပြထားတဲ့နည်းလမ်းကောင်းကိုမျှဝေပေးလိုက်ပါတယ်။
✔️စည်းဘောင်မကျော်ပဲရင်းနှီးဖို့ကြိုးစားပါ။ မေမေကသူ့အတွက်ရင်ဖွင့်လို့ရတဲ့ 𝐁𝐅𝐅 လိုလူတစ်ယောက်ဖြစ်ရမှာ မှန်ပေမယ့်ကိုယ့်အပေါ်သူငယ်ချင်းလို ရင်းနှီးရင်းနဲ့ မိဘတစ်ဦးအနေနဲ့လည်း လေးစားမှုရှိနေဖို့လည်းလိုအပ်ပါတယ်။
✔️သူ့ရဲ့နေ့စဉ် 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးတွေမှာ အတူပါဝင်ပေးပါ။ သူတို့ကြိုက်တဲ့ အရာတွေ၊ဝါသနာလေးတွေကိုအတူတူလုပ်ပါ။
✔️Family Routine လေးတွေလုပ်ပါ။ ဥပမာ တစ်ပတ်တစ်ခါရုပ်ရှင်ကြည့်တာ၊ အပြင်သွားတာ၊ မုန့်တွေလုပ်စားတာမျိုးပေါ့။
✔️𝐀𝐈 ခေတ်မှာကြီးလာတဲ့ကလေးတွေဖြစ်လို့ Screen ကိုမသုံးဖို့ထိန်းချုပ်တာထက်အသက်အလိုက်မှန်ကန်တဲ့အကျိုးရှိတဲ့အသုံးပြုမှုတွေဖြစ်ဖို့အတူတူလုပ်ပါ။
✔️ဘယ် 𝐭𝐨𝐩𝐢𝐜 မဆိုဆွေးနွေးနိုင်ဖို့ မေမေကိုယ်တိုင်လည်းခေတ်နဲ့အညီ Trend တွေ့ကိုလေ့လာပါ။ ဥပမာ အခုကလေးတွေကြားမှာခေတ်စားနေတဲ့ ထုန်ထုန်ထုန်ထုန် ဆာဟူးရာတို့ ဘာတို့ပေါ့ရှင့်
ကလေးနဲ့အရင်းနှီးဆုံးမိဘတစ်ယောက်ဖြစ်ဖို့သူတို့ရင်ထဲကပြောချင်တဲ့စကားတွေ၊ ခံစားချက်တွေကို ခစ်ခြင်းမေတ္တာနဲ့အတူနားထောင်ပေးပြီး open-minded ဖြစ်တာနဲ့တင်လုံလောက်ပါတယ်နော်။ | 3 033 |
| 14 | မနက်ဖြန်ကျရင် သိချင်တာမှန်သမျှ ဆွေးနွေးမေးမြန်းနိုင်ဖို့ မေးခွန်းတွေ စုထားပြီးကြပြီလား မေမေတို့ရေ?
"ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မှတ်တိုင်များ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ဒေါက်တာငြိမ်းက ဆွေးနွေးပေးသွားမှာဖြစ်လို့ မေမေတွေအားလုံး မနက်ဖြန်ကျရင် အောက်က Zoom link လေးကနေ Join ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်...💚💚
နေ့ရက် - ဇူလိုင်လ ၂၆ ရက် (စနေနေ့)
အချိန် - နေ့လည် (၂) နာရီမှ (၄) နာရီအထိ
နေရာ - Zoom
Join Zoom Meeting
https://zoom.us/j/7676438709?pwd=D8wDWxB3s6gYSPGL9It7hrLcN56BOg.1&omn=93570950594
Meeting ID: 767 643 8709
Passcode: 123456 | 3 316 |
| 15 | 🌸🌼 ပန်းလေးတွေလှပမွှေးပျံ့စေဖို့အတွက် တယုတယပျိုးထောင်ပေးမယ့်ဥယျာဉ်မှူးလိုအပ်သလိုမျိုးပါပဲ…
သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်ပြီး ကျန်းမာဖို့ဆိုရင်တော့ မေမေတို့ရဲ့ နေ့စဉ်ဂရုစိုက်မှုတွေ လိုအပ်ပါတယ်နော်… 💯
သူတို့လေးတွေ ဉာဏ်ကောင်းကျန်းမာအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပြင်ဆင်ပေးပြီး ပျော်စရာအခိုက်အတန့်လေးတွေကို နေ့စဉ်ပုံမှန်ဖန်တီးပေးသင့်ပါတယ်ရှင်… 💚
ကဲ… မေမေတို့ရော သားသားမီးမီးလေးတွေအတွက် ဘယ်လိုမျိုး နေ့စဉ်အားဖြည့်ပေးကြလဲဆိုတာ ပြောပြခဲ့ပါဦးနော်… 💬 | 3 229 |
| 16 | မေမေတို့ရေ...မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ "Welcoming Motherhood" ပွဲ ရဲ့ Panel Discussion အစီအစဉ်ကို May May Club Channel မှာ Video အပြည့်အစုံ တင်ပေးလိုက်ပါပြီ.. ✨
🤰 ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစရင်သွေးငယ်ရှိကြတဲ့ မိခင်တိုင်း သိထားသင့်တဲ့ အသိပညာတွေကို လက်တွေ့နဲ့ ယှဉ်ပြီး ဆွေးနွေးဖလှယ်ပေးထားတဲ့ ဒီစကားဝိုင်းလေးကို ကြည့်ရှုပြီး ကျန်းမာတဲ့သားသားမီးမီးလေးတွေကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်။
မေမေတွေအားလုံး စိုးရိမ်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်အောင် ခေတ်သစ်မေမေတွေကလည်း သူတို့ရဲ့ မိခင်ဘဝအတွေ့အကြုံတွေကို ရင်ဘတ်ချင်းနီးစွာ မျှဝေခဲ့ကြတာဖြစ်လို့ ဗီဒီယိုကို အချိန်ခဏလေးပေးပြီး ဖွင့်ကြည့်လိုက်တော့နော်...💚💚 | 3 440 |
| 17 | ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မိခင်က အာဟာရဓာတ်တွေ ပြည့်ဝမျှတနေမှ ကျန်းမာတဲ့ကလေးလေးကို မီးဖွားနိုင်မှာနော်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်လဲဆိုတဲ့ အာဟာရဆိုင်ရာ သိထားသင့်သမျှအရာအားလုံးကို ဒီဗီဒီယိုလေးထဲမှာ
အပြည့်အစုံ မျှဝေပေးထားလို့ အဆုံးထိကြည့်ပြီး ပြန်လည်မျှဝေပေးဖို့လည်း မမေ့ပါနဲ့နော်။
ဒီအကြောင်းအရာကို Nutri Star Nutrition Centre ရဲ့ Founder တစ်ဦးဖြစ်တဲ့ အာဟာရဆိုင်ရာ အထူးပြုဆရာဝန် Dr. Preeti က ပြောပြပေးထားတာပဲ ဖြစ်ပါတယ်..💚💚 | 4 674 |
| 18 | 🏆ဘက်စုံထူးချွန်တဲ့ကလေးလေးတွေကိုပျိုးထောင်နိုင်ဖို့ဆိုရင်...
သူတို့လေးတွေစိတ်ရောကိုယ်ပါ ကျန်းမာနေအောင် အဘက်ဘက်ကနေပံ့ပိုးကူညီပေးရပါမယ်မေမေတို့ရေ…💚❤
အရွယ်ရောက်ပြီးသားလူကြီးတွေလို ခံစားချက်တွေကိုထုတ်မပြောပြတတ်ကြလို့ ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေဟာအလွယ်တကူမြင်နိုင်ဖို့ခက်ခဲပါတယ်
ဒါကြောင့်မိဘတိုင်းသိထားသင့်တဲ့…
✅အသက်အရွယ်အလိုက် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလေးတွေ
✅ပုံမှန်မဟုတ်တဲ့အခြေအနေတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာအသုံးဝင်စေမယ့်ဖြေရှင်းနည်းလေးတွေ
✅ပျော်ရွှင်စရာမိသားစုဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းကောင်းလေးတွေကို
"ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါက်တာငြိမ်းက ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒီ session လေးကို Zoom link ကတဆင့် join ရမှာဖြစ်ပီး အခုပဲ Register ပြုလုပ်လိုက်တော့နော်…🩺✌
မေမေတို့မေးချင်တဲ့အကြောင်းအရာတွေကိုလဲ ကောမန့်ထဲမှာကြိုမေးထားလို့ရပြီး ဆရာမကိုယ်တိုင်ပြန်လည်ဖြေပေးပါလိမ့်မယ်ရှင်...💚
Register Link: https://forms.office.com/r/KGQJuX3KdK
နေ့ရက်- ဇူလိုင်လ ၂၆ ရက်(စနေနေ့)
အချိန်- နေ့လည် (၂)နာရီမှ(၄)နာရီအထိ
နေရာ- Zoom | 4 810 |
| 19 | မေမေဖြစ်လာပြီဆိုတော့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းတွေ အများကြီး ရှိနိုင်ပါတယ်။ အထူးသဖြင့် ရှေးရိုးစွဲအယူအဆတွေနဲ့ ပြောင်းလဲလာတဲ့ ဆေးပညာယူဆမှုတွေကြားမှာ ဘယ်လိုနေရမလဲဆိုတာပေါ့။
ဒီလိုအကြောင်းအရာတွေအတွက်OG ဆရာမ ဒေါက်တာ ငြိမ်းမိုးသော် မှ ကိုယ်ဝန်ဆောင်မေမေတွေအတွက် ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာ...
✨ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးကာလ ကျန်းမာရေးအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ၊
✨ ရှေးရိုးစွဲအမြင်တွေကို ကျော်လွှားပြီး ကိုယ့်အတွက်၊ ကလေးအတွက် အကောင်းဆုံးအရာတွေကို ဘယ်လိုရွေးချယ်မလဲ၊
✨စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ရလဲ စတဲ့ အကြောင်းအရာတွေ ပါဝင်သွားမှာဖြစ်လို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ဗဟုသုတနဲ့ ခွန်အားများ ရယူလိုက်ပါနော် 💚💚 | 3 757 |
| 20 | မထင်မှတ်ထားဘဲ ညီကိုမောင်နှမအသစ်တစ်ယောက် ရလာချိန်မှာတော့ အကြီးဆုံးကလေးတွေရဲ့ စိတ်ထဲမှာ “မေမေက အရင်လိုမချစ်တော့ရင်ရော ဘယ်လိုလုပ်မလဲ… အရင်လောက်ရော ဂရုစိုက်ပါ့ဦးမလား…” ဆိုတဲ့ အတွေးတွေနဲ့ ပူပန်တတ်ကြပါတယ်…😥
ဒါကြောင့် မေမေတို့အနေနဲ့ သူတို့လေးတွေအပေါ်မှာ အရင်ကထက် ပိုချစ်ပေး၊
ပိုဂရုစိုက်ပေးပီး နွေးထွေးကြင်နာပေးဖို့ လိုအပ်ပါတယ်ရှင်…💚💚
မေမေတို့ရော အကြီးဆုံးသားသားမီးမီးလေးတွေအပေါ် ဘယ်လိုဂရုစိုက်ဖြစ်ကြလဲဆိုတာ ကောမန့်မှာ မျှဝေခဲ့ပါဦးနော်…💬✨ | 3 167 |
