NTI Channel
رفتن به کانال در Telegram
မဂ်လာပါ ကျွန်တော်တို့ Youtube Channel လေးကို Subscribe လုပ်ပေးကြပါဦးဗျhttps://youtube.com/@ntimedia21
نمایش بیشتر620
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
620
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ ခလရ(၇၃)တပ်ရင်း နှင့် စခ စခန်းငယ်၆ခုကို သိမ်းပိုက်
နွားထိုးကြီး ဖေဖော်ဝါရီ ၊၇ရက်
ဖေဖော်ဝါရီ ၇ရကျနေ့နံနကျအစောပိုငျးကနစေတငျပွီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ ခလရ (၇၃)တပ်ရင်းကို ယနေ့နံနက် အပြီးသိမ်းပိုက်လိုက်ပြီလို့သိရသည်။
ဇရပ်ကြီးရဲစခန်း၊ချောင်းခြားကျေးရွာ၊မြို့စိုး၊ရှားစေဘို စခ တပ်စခန်းများကို တစ်ပြိုင်ထည်းသိမ်းပိုက်ထားလိုက်ပြီလို့သိရသည်။
စစ်ကောင်စီကလည်း စခန်းများသိမ်းပိုက်ခံရပြီးနောက် လေကြောင်းဖြင့် ပြည်သူများပါ ရော၍ပစ်ခတ်ဗုံးကျဲခြင်းများလုပ်ဆောင်နေတယ်လို့သိရသည်။
ပြည်သူများထွက်မပြေးနိုင်အောင်လည်း လမ်းများကို စစ်တပ်ကပိတ်ဆို့ထားတယ်လို့ ဒေသခံများပြောသည်။ အချို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကလည်း စစ်တပ်ရဲ့ အဆင်မချင် ပစ်ခတ်မှု့တွေကြောင့် ကိုယ်လွတ်ရာကို အဆင်ပြေသလိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသည်။
#နွားထိုးကြီးသတင်းစုံ
620
ကန်စွယ်ကျေးရွာပြည်သူပိုင်နေအိမ်၃လုံးကို စခတွေမီးရှို့သွားပြီး ကျေးရွာရှိတန်ဖိုးပစ္စည်းများ ယနေ့နနွင်းတော်ဘိုးရွာကနေမြင်းခြံကိုပို့
◼နနွန်းတော်ဘိုးကျေးရွာ ပြည်သူအမျိုးသမီးများရဲ့ ရွှေ၊လက်ဝတ်လက်စားနှင့် ငွေကျေးသိန်း၄၀၀ခန့်စခတွေယူ
နွားထိုးကြီး ဖေဖော်ဝါရီ ၊၆ရက်
စံပြကျေးရွာ ရှိစစ်ေ ခွးများ ေ ခွးသေဝက်သေသေဆုံးပြီး လက်နက်များ ဆုံးရှုံးခံရပြီး မြင်းခြံမြို့နယ် ကန်စွယ်ကျေးရွာကို စခတွေ ဖိနှိပ်ပြီး ပြည်သူပိုင်ပစ္စည်း များကိုခိုးယူပြီး အသတ်ခံရမှာကြောက်ပြီး ပြည်သူများကိုလူသားဒိုင်းအသုံးပြု။
ယနေ့နွားထိုးကြီးမြို့နယ် နနွင်းတော်ဘိုး ကျေးရွာကို ကန်စွယ်က ပြည်သူလူသားဒိုင်းနှင့်ဝင်လာပြီး အမျိုးသမီးများရဲ့ လက်ဝတ်လက်စားများအကုန်တောင်းယူပြီး၊ဦးအောင်မင်းထွန်း+ဒေါ်အေးအိမ်က ငွေသားသိန်း၄၀၀ခန့်ကို စခများယူဆောင်။
လူသားဒိုင်းတွေကို ရွာဦးဘုန်းကျောင်းနှင့် ဒေါ်မျိုးတိုက်၊ချက်ကြီးတိုက်မှာတစ်ဖွဲ့အဖွဲ့ခွဲပြီးစခတွေနေနေကြသည်။နနွင်းတော်ဘိုးတစ်ရွာထည်းခန့်မှန်းငွေ ငွေကျပ်သိန်းတစ်ထောင်ခန့်ကိုစခတွေသိမ်းပိုက်ထားသည်။
ကျွန်တော်တို့သတင်းဌာနက ပြည်သူများတန်ဖိုးကြီးပစ္စည်း လုံခြုံသောနေရာတွင်သိမ်းဆည်းထားပါရန်သတိပေးထားသော်လည်းပြုသူများမလိုက်နာ၍ဆုံးရှုံးမှုများမြှင့်တက်လာသည်။
620
ဖေဖော်ဝါရီ၅ရက်
မြင်းခြံမြို့နယ်နံနက်အစောက ကံစွယ်ရွာကိုရောက်နေတဲ့ စခများက ပျိုးကန်ကျေးရွာ ၆၀မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်လို့ ပျိုးကန်ကျေးရွာရှိပြည်သူများထွက်ပြေးနေရ။ အမျိုးသမီး ၃ဦး၊ကျား(၂)ဦးကို ပစ်သတ်တယ်လို့ ဒေသခံသတင်းအရင်းမြစ်မှသိရသည်။
ပြည်သူများကို သတ်ဖြတ် ပစ်ခတ်ခံရမှု အခတ်ခဲ့များကြောင့်တော်လှန်ရေးအင်အားစုများက စခ များကိုပြန်လည် ၄၀မမ၊Drone တို့ဖြင့်ပြန်လည်ပစ်ခတ် ထိုပစ်ခတ်မှုကြောင့် စခ များအကြောက်လွန်ပြီး ပြည်သူ (၂၀၀)ဦးခန့်ကို ရွာဦးဘုန်းကြိးကျောင်းကို ဖမ်းစီးခေါ်ထားပြီး လူသားဒိုင်းသဖွယ်အသုံးချပြီး သူတို့နှင့်အတူနေခိုင်းထားသည်။
620
နွားထိုးကြီးမြို့ အောင်ချမ်းသာ(ရွှေဆိုင်)ရှေ့ စခ အင်အား ၂၀ခန့်က လမ်းသွားလမ်းလာ ဆိုင်ကယ်တစ်စီးကို ၃သောင်းမှ ၅သောင်းအထိ လက်နက်ဖြင့် ပါဝါပြပြီးတောင်းရမ်းစားသောက်။
#နွားထိုးကြီးသတင်းစုံ
620
နဂါးနီပြောက်ကျားတပ်ဖွဲ့ ပေပါမိုင်းနှင့်ရှေ့ထွက်မိုင်း၂လုံးတွဲဆွဲလိုက်ခြင်းကြောင့် စစ်အုပ်စု၅ဦးထက်မနဲသေဆုံး
◼မှတ်ခရာမိုင်တဲတာဝါတိုင်ဖြတ်စီးခံရ။
နွားထိုးကြီး ဖေဖော်ဝါရီ၊၃ရက်
ဖေဖော်ဝါရီ ၃ရက် နေ့လယ်ပိုင်းက မြို့သာနှင့်၂မိုင်ခန့်အကွာ ကျင်းသား လမ်းမပေါ် မှာ နဂါးနီပျောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ ပေပါမိုင်းနှင့်ရှေ့ထွက်မိုင်း ၃လုံးပူးတွဲမိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်။
"LightTruck ကား၂စီးလာတာ ပထမကားကိုမကြိမ်းသေလို့ နောက်တစ်စီးမှမိုင်းဆွဲလိုက်တာ ကားတစ်စီးကို စခ ၁၅ကောင်ခန့်ပါတယ် နောက်အစီးကတည့်တည့်မိတယ် ကားပါထိုးရပ်သွားတာ မသေတဲ့စခတွေကတော့ရမ်းပစ်တာတော့ရှိတယ်"လို့ နဂါးနီပျောက်ကျားတပ်ဖွဲ့(မြင်းခြံ) မှတာဝန်ရှိသူမှပြောသည်။
၄င်းကထပ်ပြောသည် စစ်အုပ်စုကို သုတ်သင်ရှင်းလင်းဖို့ နည်းမျိုးစုံဖြင့်တိုက်ခိုက်သွားမည်ဟုလည်းပြောသည်။
အခုနောက်ပိုင်း နဂါးနီပျောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တပ်ဖွဲ့ကလည်း အရမ်းကို စစ်အုပ်စုကိုသုတ်သင်ရာမှ မိုင်းအကြီးဖြစ်တဲ့ ပေပါမိုင်းတွေကိုအသုံးပြုလာတာကိုတွေ့ရသည်။ ပြီးခဲ့တဲ့လကလည်း စစ်အုပ်စုကားတစ်စီးသိမ်းဆည်းရမိပြီး ကားတစ်စုတ်ပြတ်သွားပြီးခြုံပေါ်တင်သွားပြီး Drone တစ်ဆင်း ကျည်အချို့ နှင့် အခြားပစ္စည်းများလည်းသိမ်းဆည်ရမိသည်။
ကျောက်ကန်၊မြို့သာ၊ကုက္ကဲ၊နွားထိုးကြီးမြို့နယ် တို့ကိုလည်းတိုက်ခိုက်ခဲ့သေးသည်။
မိုင်းဆွဲခံရပြီးသိပ်မကြာခင်တစ်နာရီခန့်တွင် အရေးပေါ်လူနာတင်ကားနှင့် နာရေးကားတို့ဖြင့်အလောင်းနှင့်စခနာများကို မြို့သာဆေးရုံကိုခေါ်ဆောင်လာတယ်လို့မျက်မြင်တွေ့သူကဆိုသည်။အလောင်းများသဂြိုလ်ရန်လည်းပြင်ဆင်နေတယ်လို့သိရသည်။
ညနေ ၄နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ် မှတ်ခရာကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲဖြတ်စီးခဲ့တယ်လို့ သိရသည်။
#နွားထိုးကြီးသတင်းစုံ
620
မြင်းခြံမြို့နယ် တစ်ရက်ထဲ အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်တပ်သားများ ၃ကြမ်တိုက်ခိုက်ခံရ၍ ၁၅ထက်မနည်းသေဆုံး
◼စံပြကျေးရွာစခများ တိုက်ခိုက်ခံရ၍ သေ၄လက်၊ကားတစ်စီး ဆီပေပါ၂လုံး စခ ၁၀ကောင် သေဆုံး
နွားထိုးကြီး ဖေဖော်ဝါရီ၊၂ရက်
ဖေဖော်ဝါရီ ၂ရက်နေ့ညနေ၄နာရီ၃၀မိနစ်ခန့် မြင်းခြံမြို့နယ် စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရုံးမှာ တပ်စွဲနေတဲ့စခတွေကို မြင်းခြံခရိုင် တော်လှရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်။
စခ ၁၆ကောင်အင်အားကိုတိုက်ခိုက်ပြီး တော်လှန်ရေးအင်အားစုမှ လက်နက် MA-3လက် ကာဘိုင်(၁)လက် သိမ်ဆည်းရမိပြီး Mytel တာဝါတိုင် ဆီလာဖြည့်တဲ့ကား တစ်စီးနှင့်ဆီပေပါ(၂)လုံး ထပ်မံသိမ်းဆည်းရမိတယ်လို့သိရ။
တပ်ကူလာတဲ့ကားကိုလည်း ကြားဖြတ်တိုက်ခိုက်သဖြင့်ကားဘေးထိုးကျသွားလို့ ရှေ့ဆက်မတိုးရဲပဲ အဝေးကနေ လက်နက်ကြီးဖြင့်ထင်ရာပစ်ခတ်တယ်လို့သိရ။
စခ တွေရဲ့ရမ်းသမ်းပစ်ခတ်မှု့ကြောင့် စံပြကျေးရွာ ပြည်သူများတိမ်းရှောင်နေရတယ်လို့သိရ။
လေးရွာဆုံက ပျူနှင့် စခ တွေကိုလည်း ညနေပိုင်း FixedWing ဖြင့်ဗုံးသီးချတိုက်ခိုက်ခံရလို့ စံပြကျေးရွာကို စစ်ကူမလာနိုင်ဘူးသိရ။
ကျောက်ကန်ရွာက ပျူနှင့်စခ တွေကိုလည်း FixedWing ဖြင့် ဗုံးသီး(၇)လုံးနှင့်တိုက်ခိုက် လက်လုပ် (၆၀မမ )ဖြင့် (၅)လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရ။
တိုက်ပွဲတွေပို၍ ပြင်းထန်လာမှာဖြစ်တဲ့အတွက်ပြည်သူများအနေဖြင့် မျက်စေ့နှင့်နားများ စွန့်ထားရန်လိုအပ်သည်။
#နွားထိုးကြီးသတင်းစုံ
#စစ်ကောင်စီတိုက်ခိုက်ခံရမှုနှင့်ကျရှုံးခန်း
620
ပြည်သူများကတိုင်ကြားခြင်း။
နွားထိုးကြီးမြို့နယ် အရှေ့ညောင်ပင်ရွာ "ဒေါ်အေးစန်း"အလောင်းကစားနှင့် ၂လုံး၃လုံးနှင့်အပေါင်ခံလုပ်ငန်းလုပ်နေပြီး ပြင်စီစာသင်ကျောင်းထဲက တစ်ပွင့်ဗိုလ် "နိုင်လင်းထွေး" နဲ့ လင်မယားလိုနေပြီး ကျေးရွာရှိပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေတယ်လို့ ဒသခံများကဆိုသည်။
ဒီထက်ဆိုလာလျင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းရန် လုံးခြုံရေးအရအမည်မဖော်လိုသူမှ တိုင်တမ်းခြင်းဖြစ်သည်။
#နွားထိုးကြီးသတင်းစုံ
620
နွားထိုးကြီးမြို့နယ်အတွင်း နွားထိုးကြီး+မြင်ခြံလမ်း မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နံနက်၁၀နါရီကနေညနေ၄နာရီအထိ လမ်းပိတ်ထား ဘယ်စခ တစ်ဦးတစ်ယောက်မျှမလားရဲ
◼လေးရွာဆုံကျေးရွာမှာရှိတဲ့ ပျူနှင့်စခတွေကို နံနက်ပိုင်းက ဝေဟင်မှ FixedWing နှင့်ဗုံးချတိုက်ခိုက်
နွားထိုးကြီး ဖေဖော်ဝါရီ၊၁ရက်
ဖေဖော်ဝါရီ၁ရက် နေ့နံနက် ၁၀ နာရီကနေ စတင်ပြီး နွားထိုးကြီး-မြင်းခြံလမ်းကို မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လမ်းများ ပိတ်လိုက်သည်။
ထိုပိတ်ဆို့မှု့ကိုဖွင့်ရန်လာတဲ့ မြင်းခြံကနေ စခကား၃စီးတက်လာပြီး ညောင်ပင်ရွာနှင့် ရွာကြီးရွာအရှေ့ဘက်ထိကျော်မတက်ရဲ ရွာကြီးနားကနေ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ပြီး ပြန်လှည့်သွား Fixed Wing ဖြင့်ဗုံးသီးအချမထိလိုက်ဘူးလို့သိရ။
နံနက်ပိုင်ကလည်း လေးရွာဆုံရှိ ပျူနှင့် စခ တွေကိုဗုံးသီးထပ်ချသေးသည်။ ထိခိုက်မှုမသိရ။
နေ့လယ်လယ်ပိုင်းမှာ မြင်းခြံမြို့နယ်ကန်ဆင့်ကျေးရွာကို ပျူနှင့်စခတွေဝင်မွှေသွားသေးသည်ဟုသိရ။
ညနေ ၄နာရီမှာ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှလမ်းများကို ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။
620
#နွားထိုးကြီးသမိုင်းဘယ်ခါမှမရိုင်းဘူး
#နွားထိုးကြီးမြို့အခြေနေအောင်နေပြီ
#သွေးစည်းပြီးသွေးမအေးတဲ့နွားထိုးကြီး
#အရေးတော်ပုံအောင်ရမည်။
620
#တောင်သာမြို့အခြေနေအောင်နေပြီ
#သွေးစည်းပြီးသွေးမအေးတဲ့တောင်သာ
#အရေးတော်ပုံအောင်ရမည်။
620
#မြင်းခြံမြို့အခြေနေအောင်နေပြီ
#သွေးစည်းပြီးသွေးမအေးတဲ့မြင်းခြံ
#အရေးတော်ပုံအောင်ရမည်။
620
ယနေ့နံနက်၁၁နာရီ ၄၀မိနစ် ခန့်က သင်ပြွန်း လမ်းခွဲ စစ်ဆေးပြုလုပ်နေတဲ့ လေးရွာဆုံမှထွက်လာသော စခ ပခ များကို ဒရုန်းချ ခဲ့ရာ စခ၂ကောင်နေရာမှာတင် ပွဲချင်းပြီး သေဆုံး
နွားထိုးကြီး ဇန်နဝါရီ၊၃၁ရက်
မနေ့ကညနေ ဇန်နဝါရီ ၃၀ရက် ညောင်ပင်ရွာကို မြင်းခြံမြို့နယ်စံပြရွာက စခတွေက PDF ဆိုပြီးအလှူဝင်ခံသွားတာကိုအကြောင်းပြပြီး ယနေ့နံနက် ပိုင်းလေးရွာဆုံက စခ တွေက သင်ပြွန်းလမ်းခွဲမှာ စစ်ဆေးရေးတွေပြုလုပ်နေ ။
ဇန်နဝါရီ ၃၁ရက်နံနက်၁၁နာရီ ၄၀မိနစ် ခန့်က သင်ပြွန်း လမ်းခွဲ စစ်ဆေးပြုလုပ်နေတဲ့ လေးရွာဆုံမှထွက်လာသော စခနှင့်ပျူ များကို ဒရုန်းချ ခဲ့ရာ စခ၂ကောင်နေရာမှာတင် ပွဲချင်းပြီး သေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့သည်ဟုသတင်းကြားသိရသည်။
ထိုတိုက်ခိုက်မှုတွင် မဟာမိတ်အဖွဲ့များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့်အတူ မြင်းခြံမြို့နယ် ပကဖ မြင်းခြံခရိုင် တပ်ရင်း (၁) 27 Revolution အဖွဲ့ ဗိုလ်စက်က တပ်ဖွဲ့ မြစ်သားPdf(Tiger Brothers)တပ်ဖွဲ့ မဟာမိတ်များ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြောင်း ကြားသိရသည်။
ငါန်းဇန်မြို့နယ် ဇန်နဝါရီ၃၁ရက် နံနက် ၇ခန့်ကငါန်းဇွန်မှ စခကား(၃)စီးလာရောက်၍ဂျပန်ကျွန်းအားဝင်ရောက်မီးရှို့ပြီးငါန်းဇွန်မြို့ကိုပြန်ခေါက်အင်အား(၄၀)ခန့်လက်နတ်ကြီး(60 mm)သုံးလုံးနှင့်(40mm) လေးလုံးကျွန်းပေါ်ရမ်းသမ်းပစ်သွားတယ်လို့ မျက်မြင်တာဝန်သိပြည်သူတစ်ဦးမှပြောသည်။
ယခင်ပုံအဟောင်းဖြစ်သည်။
#နွားထိုးကြီးJournal #နွားထိုးကြီးသတင်းစုံ #နွားထိုးကြီးဂျာနယ် #စစ်ကောင်စီကျဆုံးခြင်း
620
ကျောက်ကန်ရွာရောက်နေတဲ့ စခတွေကို ဝေဟင်မှတိုက်ခိုက်ခံရသဖြင့် နေရာမှာပင် ၃ပွဲချင်းပြီးသေးဆုံး
နွားထိုးကြီး ဇန်နဝါရီ ၊၃၀ရက်
မြင်းခြံမြို့နယ် ပြည်သူကိုရက်စက်စွာသတ်ဖြတ်တဲ့ ကျောက်ကန်ကျေးရွာတပ်စွဲနေတဲ့ စခတွေကို နံနက်၉နာရီခန့်ကDroneဖြင့်ဗုံးသီး၂ကြိမ်ချတိုက်ခိုက်ခဲ့ပြီး စခ ၃ကောင်နေရာမှာပင်သေဆုံးပြီး စခတွေသုံးတဲ့ ဂျမ်မာ(ဒရုန်းဖြတ်စက်)တွေပျက်စီးသွားတယ်လို့သိရ ထိုတိုက်ပွဲကိုMyingyanDistrict DroneStrike(MDDS)နှင့်ဒေါင်းနီပျောက်ကျားတပ်ဖွဲ့၊ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒေါင်းမင်းတမာန်အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူမှ ကျွန်တော်တို့နွားထိုးကြီးသတင်းစုံကိုပြောသည်။
#နွားထိုးကြီးJournal #နွားထိုးကြီးဂျာနယ် #နွားထိုးကြီးသတင်းစုံ
620
စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိ
နွားထိုးကြီး ဇန်နဝါရီ ၊ ၃၀ရက်
၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ၊ ၂၅ရက်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာမှ နတ်ကြီးသို့ပြန်ရာ လမ်းတစ်နေရာတွင် စစ်ကောင်စီ ကား၂စီးအား ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပဒေသာမိုင်း၅လုံးပွိုင့် ၂ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ ပထမ ပဒေသာမိုင်း၅လုံးပွိုင့် ဆွဲလိုက်သည့်ချိန်တွင် စစ်ကောင်စီကား၁စီးထိခဲ့ရာ ကျန်ကားမှ စစ်ကောင်စီတပ်သားများသည် ကားပေါ်မှဆင်းပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်တွင် နောက်ထပ် ပဒေသာ၅လုံးပွိုင့် ထပ်မံဆွဲလိုက်ရာ စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်း နေရာတွင် ပွဲချင်းပြီး သေဆုံးသှားခဲ့ပွီး ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့သည်။ ၂၆ရက်နေ့ မနက်ခင်းတွင် စစ်ကောင်စီဘက်မှ အလောင်းများ လာရောက်သယ်ယူသွားကြောင်း တိကျသော သတင်းရင်းမြစ်များထံမှ သတင်းရရှိပါသည်။
ယခုမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ
- မြင်းခြံခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ(၃)-Special Task Force Ngazun
- မြင်းခြံခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂)-NZN FIGHT STARS
- မြောင်မြို့နယ် နဘက်တိုက်နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားသည်။
#နွားထိုးကြီးသတင်းစုံ
#MSPDF
#SagaingDistrictBattalionNo4
#အရေးတော်ပုံမုချအောင်မြင်ရမည်
620
🔊 စစ်ဘေးရှောင်
***
♦စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ဘက်ကို စစ်ကောင်စီအင်အား ၃၀၀ ကျော်ဝင်ရောက်လို့ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ
♦လားရှိုး စစ်ဘေးရှောင်စခန်းများရုပ်သိမ်း၊ စစ်ရှောင်များနေရပ်ပြန်ရ
♦ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ရွာက ဒေသခံတွေဟာ အခုချိန်ထိ မိမိတို့နေရပ်ကို မပြန်ရဲကြသေးဘဲ နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေ
♦ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀,၀၀၀ ခန့် ထပ်တိုးလာ၊ အထပ်ထပ် စစ်ဘေးရှောင်နေရသူများ စားနပ်ရိက္ခာပြတ်လပ်တော့မည့် အခြေအနေရောက်ရှိနေ
⭕ လူမှုစီးပွား
*****
♦ပြည်တွင်း ရွှေစျေး ၃၉ သိန်းနီးပါးထိ ပြန်မြင့်တက်လာ
♦ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ထပ်မံမြင့်တက်လာ
♦" တက်လာတဲ့ MOU အလုပ်သမားမှန်သမျှဟာ မြေပြင်မှာ ဒုက္ခရောက်ကြတယ်" လို့ ထိုင်းရောက်အလုပ်သမားတွေပြော
♦တောင်ကိုရီးယားနိုင်ငံငံဆီရာသီချိန်လုပ်သားပို့ပေးမယ်ဆိုပြီးငွေလိမ်လည်ရယူထားသူတွေဆီကနေ အလုပ်သမား တွေက သက်ဆိုင်ရာရဲစခန်းတွေမှာတိုင်တန်းပြီးငွေပြန်တောင်းတဲ့ဖြစ်စဥ်တွေရှိလာနေ
♦အထည်ချုပ်စက်ရုံတချို့ အချိန်ပို အလွန်အကျွံဆင်းခိုင်းလို့ အလုပ်သမားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ဆို
💟 ပြည်သူများမှ ပြည်သူသို့
*****
❤ဆားလင်းကြီးရှိ မီးဘေးသင့်ကျေးရွာမှ သက်ကြီး ဘိုးဘွား ၆၀ ဦးကို မုန့်၊ပုဝါနှင့် Ovaltine များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က
ဖြင့် ကန်တော့ခဲ့ကြ
🔲 အထွေထွေ
*****
♦ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှုများဖြင့် ဖမ်းဆီးခဲ့သော ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက အပြစ်မရှိဟုဆိုကာ ယနေ့ တရားသေ ပြန်လွှတ်ပေး
♦မြန်မာနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့်ဆက်စပ်ကုမ္ပဏီများ ပါဝင်နေမှု ချက်ချင်းအရေးယူရန် Myanmar Campaign Network က ဩစတြေးလျအစိုးရကို တောင်းဆို
♦မွန်ပြည်နယ်ဒေသခံတွေ ပြည်သူ့စစ်ထဲဝင်ဖို့ မဲနှိုက်ရွေးချယ်ခံနေရ
♦ဧရာဝတီတိုင်း စစ်ကောင်စီဟာ ငပုတောမြို့နယ်မှာရှိတဲ့ ရှေးဟောင်း သမိုင်ဝင်းစေတီတဆူဖြစ်တဲ့ မြတ်မော်တင်စွန်း စေတီရင်ပြင်တော် တိုးချဲ့ဖို့ဆိုကာ ပုသိမ်ခရိုင်ဒေသတွင်း တောင်သူတွေဆီက လယ်တဧကကျပ် တသောင်းနှုန်း ကောက်ယူနေ
♦ကန်ကြီးထောင့်မြို့နယ်တွင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတင်သည့် ကုန်တင်ယာဉ်များကို စစ်ဆေး၍ငွေတောင်း
♦ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က တစ်ရွာကို ၅ ယောက်နှုန်း တပ်သားသစ် စုဆောင်းပေးဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပြီး မစုပေးနိုင်ရင် တစ်ရွာကို ငွေ ၃ သိန်း ပေးဆောင်ရမယ်လို့ ပြောဆိုထား
♦တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလော - မြိတ်မြို့သို့ သွားသည့် လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်တင်ကားများနှင့် ကုန်ကားအချို့ ပိတ်မိနေ
♦ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ပဲခူး-ရန်ကုန် ဟိုင်းလတ်ကားပေါ်ကနေ လက်နက်တွေ ဖမ်းဆီးခံရ
♦မွန်ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီး
♦ မူဆယ်မှာ ငွေလဲ လုပ်ကိုင်နေသူကို လူငယ် ၃ ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး သိန်း ၆၀ ခန့် လုယူသွား
♦ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ရှိ မြို့နယ်လူဝန်မှုကြီးကြပ်ရေးရုံး၌ မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန်အတွက် စာရေးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ်ငါးသောင်းတောင်း
♦စိုက်ဘဏ်ချေးငွေ အတင်းအကျပ် ပြန်တောင်းသဖြင့် တောင်သူများ လယ်ပေါင်ပြီး ပြန်ဆပ်နေရ
♦ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေး ၁၃ သန်းခွဲနှင့် အိုက်စ် ၂၉ ကီလိုဂရမ် ဖမ်းမိ
♦ ကိုဗစ် - ၁၉ ဖြစ်ပွားမှု မြင့်တက်နေပြီး ယခုလအတွင်း ကိုဗစ်လူနာ အသစ် ၁၈၅ ဦးတွေ့ရှိ
♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၄၄၆၈ ဦး နှင့် ဖမ်းဆီးချုပ်ခံရသူ ၂၅၉၂၆ ဦး ရှိဟု ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် AAPP ထုတ်ပြန်ထား
🌍 ကမ္ဘာ့ သတင်း
****
🔹“ပါရီကိုဝိုင်းရံခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သိန်းနဲ့ချီတဲ့ ပြင်သစ်လယ်သမားတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ မြို့တော်အဝင် အဓိကအမြန်လမ်းမကြီးတွေကို ထွန်စက်တွေနဲ့ ပိတ်ဆို့ ဆန္ဒပြနေကြ
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှရယူပါသည်။
#နွားထိုးကြီးသတင်းစုံ
620
📫 ယနေ့ကြေးနန်း 📬
⏰ ၃၀-၁-၂၀၂၄
......................................
သတင်းပိတ်-7:30 pm
တင်-8:00 pm
.......................................
🛑 မြင်းခြံခရိုင်
******
♦နံနက်အစောပိုင်းတောင်သာမြို့နယ် ၀ဲလောင်စခန်းမှခွေးကား၂စီး ကျွဲတလင်းရွာအသွား ခိုစင်ကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်။
🛑 NUG
*****
♦လူမျိုးရေး အက်ကြောင်းများကို နက်ရှိုင်းစေမည့် လူမျိုးရေး မိုင်းဗုံးများကို အထူး ရှောင်ကြဉ်နိုင်ရေး အလေးအနက် ဂရုစိုက်ကြရန် NUG ယာယီသမ္မတ သတိပေး
🎯 တိုက်ပွဲ၊ EAOs & PDF
******
♦၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့ရှိ စစ်ကောင်စီ တပ်စခန်း ၂၀ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
♦မင်းပြားတွင် ကျန်ရှိနေသည့် ခမရ ၃၇၉ ကို AA တိုက်ခိုက်ရာတွင် တပ်ရင်းမှူး အပါအဝင် အများအပြား သေ၊ ၅၃ ဦး အရှင်မိ
♦ယနေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်တိုက်ပြီး တိုက်ပွဲဖြစ်ပွားနေ
♦မနေ့ညနေက ဝက်လက်မြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေရှိနိုင်
♦၂၈ ရက်နေ့က ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေ
♦၂၈ ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
💣 ဗုံး
***
💥ရှမ်းနယ်မြောက်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲ
🏃 စခန်းစွန့်ရွှေ့ပြောင်း
******
◾ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ခလရ(၃၈) နှင့် ခမရ ( ၃၀၈) တို့မှ အရာရှိပိုင်းတပ်မိသားစုဝင်များကို ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်သို့ ပြီးခဲ့သည့် ၂၇ ရက်ကစပြီးအရေးပေါ်ပြောင်းရွှေ့နေ
🤡 စစ်ကောင်စီ
******
😎တိုင်းပြည် မတိုးတက်ရခြင်းမှာ နိုင်ငံတကာရဲ့ အပြုသဘောမဆောင်တဲ့ တုန့်ပြန်မှုများကြောင့်လို့ စစ်ခေါင်းဆောင်ပြော
👹 စစ်ကောင်စီရဲ့ ယုတ်မာအကြမ်းဖက်မှု
*******
◾မနေ့ညက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို အကြမ်းဖက် စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီး
◾ယနေ့မွန်းလွဲက စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်
◾စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်မြောက်ဘက် လေးအိမ်စု (မြောင်းလှ) ကျေးရွာအတွင်းသို့ ဇမနေ့ ညက ကလေးမြို့ပေါ်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ကျရောက် ပေါက်ကွဲပြီး ကလေး ၂ ဦးထိခိုက်ဒဏ်ရာရရှိ
◾မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ယနေ့ နံနက်အစောပိုင်း မီးတင်ရှို့
◾ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ၂ ကြိမ်ပေါင်း နေအိမ် ၃၈ လုံးပျက်စီး
🔳ဖမ်းဆီး အကြမ်းဖက် နှိပ်စက်
*****
◾စစ်ကောင်စီက ဗကသဥက္ကဋ္ဌဟောင်းကိုကျော်ကိုကို၏ဖခင်ကို ထောင် ၃နှစ်ချမှတ်
💀 သာရေး
***
♦ ဇန်နဝါရီ ၂၉ ရက် မနေ့က တရက်တည်း အနည်းဆုံး စစ်ခွေးဝဲစား ၁၂ ဦးသေ
♦ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် တွင် စစ်သင်တန်း တက်နေသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ အမျိုးသမီးဝန်ထမ်း ၁ ဦး အမောဖောက်သေ
🐕 ခွေး ဖမ်း
**
♦မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ကရုပ္ပိကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးမောင်စိန်အပါအဝင် ငါးဦးကို၂၉ ရက်၊ မနေ့မနက်ပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွား
💽 အလင်းဝင်
*****
♦အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၁ ဦးက စစ်ကောင်စီအတွက် ပအိုဝ်း အချင်းချင်း မတိုက်ခိုက်လိုသဖြင့် PNLA ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်
📜 ထုတ်ပြန်
****
♦အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒကို ဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်တည်ဆောက်သွားမည်ဖြစ် ကြောင်း SSPP က တရားဝင် ထုတ်ပြန်ကြေညာ
🌐 နိုင်ငံတကာ
****
♦စစ်ကောင်စီကိုယ်စားလှယ် အစည်းအဝေးတက်သော်လည်း အာဆီယံရပ်တည်ချက် မပြောင်းဟု အင်ဒိုဝန်ကြီးပြော
♦မြန်မာပဋိပက္ခကို တစ်ညတည်းနဲ့ မဖြေရှင်းနိုင်ဘူးလို့ အာဆီယံက္ကဌ လာအို ဝန်ခံ
♦အာဆီယံက ကျိုင်းတုံနှင့် ပုသိမ်မြို့တို့ကို သန့်ရှင်းသော ခရီးသွားမြို့တော်ဆုပေးအပ်
♦မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ကူညီရေး Tak ခရိုင်တွင် ထိုင်း-မြန်မာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်တာ ဖွင့်လှစ်မည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးပြော
♦အင်အားချိနဲ့လာတဲ့ မြန်မာစစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို စစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ကုလသံတမန် ပြော
