Chinese Classes by GYS
Chinese Language Learning Platform Phone - 09 255 483 028 Telegram Acc - https://t.me/GYS_App
نمایش بیشتر📈 تحلیل کانال تلگرام Chinese Classes by GYS
کانال Chinese Classes by GYS (@gys_gc) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 14 083 مشترک است و جایگاه 14 252 را در دسته آموزش و رتبه 9 262 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 14 083 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 15 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 1 690 و در ۲۴ ساعت گذشته برابر 14 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 20.69% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.31% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 914 بازدید دریافت میکند. در اولین روز معمولاً 747 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 19 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Chinese Language Learning Platform
Phone - 09 255 483 028
Telegram Acc - https://t.me/GYS_App”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 16 ژوئیه, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
در حال بارگیری داده...
| تاریخ | رشد مشترکین | اشارات | کانالها | |
| 16 ژوئیه | +2 | |||
| 15 ژوئیه | +14 | |||
| 14 ژوئیه | +16 | |||
| 13 ژوئیه | +27 | |||
| 12 ژوئیه | +1 | |||
| 11 ژوئیه | +10 | |||
| 10 ژوئیه | +15 | |||
| 09 ژوئیه | +19 | |||
| 08 ژوئیه | +15 | |||
| 07 ژوئیه | +19 | |||
| 06 ژوئیه | +34 | |||
| 05 ژوئیه | +56 | |||
| 04 ژوئیه | +15 | |||
| 03 ژوئیه | +46 | |||
| 02 ژوئیه | +32 | |||
| 01 ژوئیه | +36 |
| 2 | တရုတ်စာကို ဖတ်စာအုပ်ထဲကအတိုင်းပဲ
လေ့လာနေတော့မှာလား❓
.
ဗဟုသုတအနေနဲ့ Social Media မှာ
အသုံးများတဲ့ မသိမဖြစ် Slang (၄) ခုကို
ဒီနေ့ မျှဝေပေးသွားပါမယ်👇
.
1. YYDS - 永远的神 ( Yǒngyuǎn de shén) 👑
မြန်မာလိုဆိုရင်တော့ "ဆရာ့ဆရာကြီး"
ဒါမှမဟုတ် "Legend ပဲ" လို့ အဓိပ္ပာယ်ရပါတယ်။
.
2. 内卷 (Nèi juǎn) 🏃♂️💨
ဒါကတော့ အခုခေတ် လူငယ်တွေကြား
အရမ်းရေပန်းစားတဲ့ စကားလုံးပါ။
"အကျိုးမရှိတဲ့ ပြိုင်ဆိုင်မှု" လို့ အဓိပ္ပာယ်ရပါတယ်။
.
3. 躺平 (Tǎng píng) 🛌
ဒီစကားလုံးက '内卷' (အပြိုင်အဆိုင်တွေ) ကို
စိတ်ကုန်သွားတဲ့အခါ သုံးတာပါ။
"လက်လျှော့လိုက်ပြီ" သို့မဟုတ် "ဘာမှမလုပ်ဘဲ
အေးအေးဆေးဆေးပဲ နေတော့မယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။
.
ဗဟုသုတအနေနဲ့ အသုံးများပြီး
တခြား သိတဲ့စကားလုံးတွေရှိရင်လည်း
ကောမန့်မှာ မျှဝေပေးခဲ့ပါဦး 💬💬 | 433 |
| 3 | နေမကောင်းလို့ အလုပ်ခွင့်တိုင်ရတော့မယ်ဆိုရင်
သေချာယဉ်ကျေးစွာ ပြောတတ်ဖို့ လိုပါတယ်
အလုပ်မှာ ကိုယ့်တာဝန်ကို ပျက်ကွက်ရတဲ့အတွက်
တောင်းပန်တဲ့သဘောနဲ့ အကြောင်းပြချက်ကို
ရှင်းလင်းစွာ ပြောပြဖို့ ဒီစာကြောင်းလေးတွေကို သုံးကြည့်ပါ
1. 我今天身体不舒服,想请假一天。
Wǒ jīntiān shēntǐ bù shūfu, xiǎng qǐngjià yītiān.
(ဒီနေ့ ကျွန်မ/ကျွန်တော် နေမကောင်းလို့ တစ်ရက်ခွင့်ယူချင်ပါတယ်။)
2. 我发烧了,需要去医院看病。
Wǒ fāshāo le, xūyào qù yīyuàn kànbìng.
(ကျွန်မ/ကျွန်တော် ဖျားနေလို့ ဆေးရုံသွားပြဖို့ လိုအပ်ပါတယ်။)
3. 明天我可以正常上班。
Míngtiān wǒ kěyǐ zhèngcháng shàngbān.
(မနက်ဖြန်ကျရင် ကျွန်မ/ကျွန်တော် ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းနိုင်ပါမယ်။)
နေမကောင်းတဲ့အခါ ကိုယ့်ရဲ့ အခြေအနေကို
အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားခြင်းဟာ
တာဝန်သိတဲ့လုပ်ရပ်တစ်ခု ဖြစ်ပါတယ်
ဒီစာကြောင်းလေးတွေကို သုံးပြီး
အခြေအနေအရ ရွေးချယ်ပြောဆိုကြည့်ပါ
သေချာမှတ်ထားပြီး လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး
နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်။ | 836 |
| 4 | တရုတ်စာလေ့လာနေတဲ့သူတွေအတွက်
အသုံးဝင်မယ့် နည်းစနစ်လေးတွေကို နားထောင်ကြည့်ပါ | 940 |
| 5 | နေ့စဉ်ဘဝမှာ အသုံးများတဲ့ စိတ်ခံစားချက်တွေကို
ဖော်ပြတဲ့အခါ 高兴 (gāoxìng - ဝမ်းသာတယ်) ဆိုတဲ့
စကားလုံးကိုပဲ အမြဲသုံးနေမယ့်အစား
心情不错 (xīnqíng bùcuò - စိတ်ကြည်နူးတယ်) ဆိုတဲ့
အသုံးအနှုန်းလေးကို ပြောင်းသုံးကြည့်ဖို့ သင်ပေးမယ်နော်။
ဒီစကားစုဟာ စိတ်အခြေအနေ ကောင်းမွန်တဲ့အခါမှာ
ပိုပြီး သဘာဝကျကျနဲ့ စကားပြောသူရဲ့
ခံစားချက်ကို ပိုပေါ်လွင်စေပါတယ်။
ဥပမာအနေနဲ့ ပြောရရင် 今天心情不错 (jīntiān xīnqíng bùcuò
ဒီနေ့တော့ စိတ်ကြည်နူးနေတာပဲ) လို့ ပြောလိုက်တာဟာ
ရိုးရိုးရှင်းရှင်းနဲ့ တရုတ်လူမျိုးတွေရဲ့ ပြောဆိုပုံနဲ့ ပိုနီးစပ်ပါတယ်
စာအုပ်ထဲက အဓိပ္ပာယ်တွေထက် လက်တွေ့မှာ
အပြန်အလှန်ပြောဆိုနေတဲ့ စကားဝိုင်းတွေထဲမှာ
ဒီလိုမျိုး သုံးနှုန်းတတ်တဲ့ အလေ့အကျင့်လေးကို
မွေးမြူထားဖို့ လိုအပ်ပါတယ်
သေချာမှတ်ထားပြီး လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး
နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ် | 1 126 |
| 6 | Chinese စာ သင်လာတာ ၂ နှစ်ရှိပြီ...
ဒါပေမယ့် လူရှေ့မှာ တရုတ်လို ပြောဖို့ဆိုရင်
ယုံကြည်မှု မရှိသေးဘူးလား
တကယ်တော့ ပြဿနာက
သင်ခဲ့တဲ့ အချိန်ပမာဏမှာ မဟုတ်ပါဘူး
လေ့လာခဲ့တဲ့ နည်းလမ်းမှာ ဖြစ်နိုင်ပါတယ်
လူအများစုက တရုတ်စာ တတ်ဖို့ဆို
Vocabulary အများကြီး မှတ်ရမယ်၊
Grammar Book တွေ အပြီးဖတ်ရမယ်လို့ ထင်တတ်ကြပါတယ်
ဒါပေမယ့် တကယ်တမ်း
တရုတ်စကား ပြောတတ်ဖို့အတွက်
အဲဒါတွေတင် မလုံလောက်ပါဘူး။
ဘာလို့လဲဆိုတော့ ဘာသာစကားတစ်ခုကို
ပြောတတ်ဖို့က နှုတ်ကို လေ့ကျင့်ပေးရတာ ဖြစ်လို့ပါ။
မှတ်ဉာဏ်တစ်ခုတည်း မဟုတ်ဘဲ
Speaking Skill ကို နေ့စဉ် အသုံးပြုပေးဖို့ လိုပါတယ်။
ကျွန်တော်တို့ ကျောင်းသားတွေဆီက တွေ့ရတဲ့
အတွေ့အကြုံအရ၊ ပြောရဲတဲ့ အဆင့်ရောက်ဖို့
ထိရောက်တဲ့ နည်းလမ်း (၄) ခု ရှိတယ်ဗျ
📌 နေ့တိုင်း ၁၀ မိနစ်လောက် Audio နားထောင်ရင်း
အသံထွက် လိုက်ပြောပါ။
📌 Vocabulary ၁၀ လုံး မှတ်တာလဲ ကောင်းပေမယ့်
Sentence ၃ ကြောင်းတည်ဆောက်ပြီး
ပြောရင်း မှတ်တာက ပိုပြီး အသုံးဝင်ပါတယ်။
📌 Tone တွေကို စာအုပ်ထဲကနေသာ မသင်ပါနဲ့
နားထောင်ပြီး အသံကို မှတ်သားတဲ့ အလေ့အကျင့် လုပ်ပါ
📌 ကိုယ်ပြောထားတဲ့ အသံကို
ဖုန်းနဲ့ Record ဖမ်းပြီး ပြန်နားထောင်ကြည့်ပါ
ဘယ်နေရာမှာ အားနည်းနေလဲ ပိုသိလာပါလိမ့်မယ်
တရုတ်စကား ပြောရဲဖို့ဆိုတာ သင်ခဲ့တဲ့ နှစ်အရေအတွက်ထက်
လေ့ကျင့်တဲ့ နည်းလမ်း မှန်ကန်ဖို့က ပိုအရေးကြီးပါတယ်
အခုလိုမျိုး တရုတ်စာတတ်ထားတာနဲ့
အလုပ်အကိုင်အခွင့်အလမ်းတွေ
အင်မတန်ပေါများနေတဲ့ အချိန်ကာလမှာ
level တစ်ခုအထိ ကျွမ်းကျင်ပိုင်နိုင်ထားမယ်ဆိုရင်
ကိုယ့်အတွက် အလားအလာ ပိုကောင်းနိုင်ပါတယ်
🐉📚✨
ဒီ Post ကို အချိန်မရွေး
ပြန်ဖတ်လို့ရအောင် share ပြီးပဲဖြစ်ဖြစ်
သိမ်းထားလိုက်ပါ | 1 395 |
| 7 | ဒီနေ့အတွက် တရုတ်ဝေါဟာရ စာလုံး
ဘယ်နှလုံးလောက်ကျက်ပြီးကြပြီလဲ
မကျက်ရသေးတဲ့သူတွေက အခုပြောမယ့်
စာလုံးလေးတွေကို ပေ့ါပေ့ါပါးပါး လိုက်ကျက်ကြည့်😇 | 1 141 |
| 8 | Pinyin တွေကို ဖတ်တတ်ပေမယ့်
အသံနေအသံထား (Tones) တွေကို
မှန်ကန်စွာ အသံထွက်နိုင်ဖို့နဲ့ ကြားလိုက်ရတဲ့
စကားလုံးတွေကို အလွယ်တကူ
ခွဲခြားနားလည်နိုင်ဖို့ အခက်အခဲ ဖြစ်နေပါသလား?
================================
GYS မှာ တရုတ်စာကို အခြေခံစာလုံးရေးနည်းမှစပြီး
4skills လုံး ကျွမ်းကျင်ပိုင်နိုင်သည်အထိ
လေ့လာနိုင်ပါပြီ💪
.
ဖုန်းတစ်လုံး၊ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး
လေ့လာနိုင်ပြီး GYS က နားလည်လွယ်တဲ့
တရုတ်ဘာသာစကားသင်ရိုးတွေနဲ့အတူ
ဒီနှစ်ထဲမှာ အခြေခံကနေ ကျွမ်းကျင်တဲ့အထိ
တတ်မြောက်အောင် စလေ့လာလို့ရပါပြီ
.
ဘာလို့ GYS ကို ရွေးချယ်သင့်လဲ?
1️⃣ Internet ရှိတာနဲ့ အဆင်ပြေတဲ့နေရာမှာ
အချိန်မရွေး လေ့လာလို့ရပါတယ်
.
2️⃣သင်ခန်းစာ video တွေကို Fb Group အပြင်
Website, Application တွေကနေပါ
Quality အပြည့်နဲ့ ကြည့်လို့ရပါတယ်
.
3️⃣အိမ်စာတွေကို အသံထွက်မှန်မမှန်
အသံဖိုင်နဲ့ ပို့လို့ရတဲ့အပြင် ၊ ရေးနည်းမှန်မမှန်
ပုံရိုက်ပြီးလည်း အိမ်စာထပ်လို့ရပါတယ် ၊
(24)နာရီအတွင်းလည်း အိမ်စာပြန်လည်
စစ်ဆေးပေးပါတယ်
.
4️⃣Study Planner နဲ့ Learner Guide ပါဝင်လို့
အချိန်စီမံခန့်ခွဲပြီး လေ့လာချင်တဲ့သူတွေအတွက်
သင့်တော်ပါတယ်
.
5️⃣Speaking နဲ့ Listening အလေ့အကျင့်ဖြစ်အောင်
ဆရာနဲ့တိုက်ရိုက် တစ်ပတ်တစ်ခါ
Online Meeting တွေ တက်ရပါတယ်
.
6️⃣Quiz တွေနဲ့ ကိုယ့်ရဲ့ တိုးတက်မှု ကိုဆန်းစစ်နိုင်တဲ့ အပြင်
.
7️⃣အိမ်စာတွေ Testတွေ ဖြေဆို အောင်မြင်သူများအတွက်
Online အသိအမှတ်ပြုလက်မှတ် (Verified Certificate)
ရယူနိုင်ပါတယ် ။
.
GYS မှာတရုတ်စာကို
✅Hanyu သင်ရိုးနဲ့ သင်ကြားပေးပြီး
✅Level 1 မှ Level 12 ထိ
✅4sklils လုံးကျွမ်းကျင်သည်အထိ သင်ကြားပေးပါသည်
.
သင်တန်းအပ်ချင်တယ်ဆိုရင် ကောမန့်မှာ
" Chinese " လို့မန့်ခဲ့ပြီး Messenger ကနေ
Chinese Classes လို့ ပို့ပေးပါ💬💬
ဒါမှမဟုတ် Viber (+959 255 483 028)
ကနေ ဆက်သွယ်နိုင်ပါတယ်... | 1 440 |
| 9 | ဒီနေ့တော့ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင် 长相 (zhǎngxiàng) ကို
တရုတ်လို ဘယ်လိုဖော်ပြရမလဲဆိုတာ ပြောပြပေးမယ်နော်။
တစ်စုံတစ်ယောက်က ရုပ်ချောတယ်ဆိုရင်
အမျိုးသားဆိုရင် 帅 (shuài) လို့ သုံးနှုန်းပြီး
အမျိုးသမီးဆိုရင်တော့ 漂亮 (piàoliang) လို့ ချီးမွမ်းနိုင်ပါတယ်။
လူတစ်ဦးရဲ့ အရပ်အမောင်းကို ပြောချင်ရင်
အရပ်ရှည်တာကို 高 (gāo) လို့ သုံးပြီး
အရပ်ပုတာကိုတော့ 矮 (ǎi) လို့ ပြောရမှာပါ။
ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ
ဝတာကို 胖 (pàng) လို့ ခေါ်ပြီး
ပိန်တာကိုတော့ 瘦 (shòu) လို့ သုံးနှုန်းရပါတယ်။
ဒီစကားလုံးလေးတွေက တစ်ဦးတစ်ယောက်အကြောင်းကို
ပီပြင်အောင် ဖော်ပြရာမှာ အခြေခံအကျဆုံးမို့လို့
သေချာလေ့ကျင့်ထားကြပါ။ နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ်။ | 1 558 |
| 10 | တရုတ်စာ မတတ်လို့ မလျှောက်ဖြစ်တဲ့ အလုပ်ခေါ်စာတွေ
ဒီအတောအတွင်း ဘယ်နှစ်ခု ကျော်ဖြတ်ခဲ့မိလဲ...
တရုတ်စာ လေ့လာတာနဲ့ တွေ့ရတဲ့
ပထမဆုံး အပိုင်းက Pinyin နဲ့ Tone ပေါ့နော်
လူအများက ဒီအဆင့်မှာ ရပ်ပစ်လိုက်ကြတယ်
"Tone မှတ်ရတာ ခက်တယ်" ဆိုပြီး စိတ်ပျက်တာမျိုးရှိတယ်
တကယ်တော့ နေ့စဉ် ၁၅ မိနစ်ပဲ ပေးနိုင်ရင်
Basic Conversation ပြောလို့ရတဲ့ အဆင့်တစ်ခုအထိကို
အချိန်တိုအတွင်း ရောက်နိုင်ပါတယ်
တနေ့တာ လေ့ကျင့်တဲ့ပုံစံ ၃ မျိုးကို မျှဝေပေးသွားပါမယ်
စာလုံးဝေါဟာရအသံ ဒါမှမဟုတ် စာပိုဒ်၊ စကားစုတွေကို
နားထောင်တဲ့အခါကျရင် အနည်းဆုံး ၃ကြိမ်ထက်မနည်း နားထောင်ပေးပါ
စကားလုံးစာကြောင်းအရှည်တွေဆိုရင် အလုံးစုံမမှတ်မိရင်တောင်မှ
အသံ tone အနိမ့်အမြင့်ကို ရင်းနှီးနေအောင် စွဲနေအောင်ပါ
တစ်နေ့ကို ဝေါဟာရ အလုံးရေ ၅လုံးလောက်
ကျွမ်းကျင်သွာတယ် ပိုင်နိုင်သွားတယ်ဆိုရင် ရပါပြီ
အိပ်ရာမဝင်ခင် ၁၀မိနစ်လောက်ကို
နေ့လည်က မှတ်ထားတဲ့ ဝေါဟာရ ၅လုံးကို ပြန်တွေးကြည့်ပါ
တစ်နေ့တာကျက်ထားတာကို ညဘက်မှာ ပြန်စစ်ဆေးတာက
ထင်ထားတာထက် ပိုထိရောက်စေပါတယ်
ဒီလိုမျိုးကို နေ့စဥ်ဆက်တိုက်သာလေ့ကျင့်သွားမယ်ဆိုရင်
ရက်တွေများလာရင် တိုးတက်မူက သိသာလာမှာပါ
တရုတ်စာကို လေ့လာထားရတာ
ကိုယ့်ဆီ အခွင့်အလမ်းတွေ လာအောင်
ဖွင့်ပေးလိုက်သလိုပါပဲ
ဒီ Post ကို Save ပြီး share ထားလိုက်ပါ။
နောက်တစ်ပတ်မှာ စကားပြောအတွက် တင်ပေးသွားပါ့မယ် | 2 220 |
| 11 | 🎉 GYS မှာ တရုတ်စကားပြော အတန်းမဖွင့်သေးဘူးလား
ဖွင့်ပေးပါဆိုပြီး ကျောင်းသားတိုင်း အများဆုံး
တောင်းဆိုနေကြတဲ့ Chinese Speaking အတန်း လာပါပြီ 🤩
.
စကားပြော သီးသန့်အတန်းဖြစ်တဲ့အတွက်ကြောင့်
တရုတ်စာအခြေခံလောက်ကို
နားလည်ပိုင်နိုင်ထားပြီးသားသူဖြစ်ဖို့တော့လိုပါတယ်
.
ကျွန်တော်တို့ GYS က လက်ရှိကျောင်းသားတွေဆိုရင်တော့
GYS ရဲ့ Level 4 (Hanyu Book 3) ပြီးထားတဲ့ကျောင်းသားတိုင်း
တက်ရောက်နိုင်မှာဖြစ်ပါတယ်ဗျ
.
သင်ရိုးထဲမှာ ဘာတွေပါသွားမလဲဆိုရင်တော့
နေ့စဥ်နူတ်ဆက်စကားတွေ
ကိုယ့်ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို
ပြောဆိုဖို့တွေကစလို့ တခြားသော
အကြောင်းအရာမျိုးစုံနဲ့ အသုံးများတဲ့
Speaking Sentences အပိုင်းတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ်
.
ကျောင်းသားတွေအချင်းချင်းပြန်ဆွေးနွေးတိုင်ပင်ဖို့အတွက်ကိုပါ
Telegram Group တွေ ဖွဲ့ပေးထားပါတယ်
.
ကိုယ်က Level တစ်ခုလဲရောက်နေပြီ
စကားပြောတိုးတက်ဖို့အတွက်လည်း
ပြင်ဆင်နေတယ်ဆိုရင်တော့
ဒီအတန်းလေးက ကွက်တိအဆင်ပြေစေမှာမို့
အတန်းအပ်ဖို့ စိတ်ဝင်စားရင် ကောမန့်ကနေ
"Chinese" ဆိုတဲ့စာလေးမန့်ပြီး
page messenger မှာပါ စာလေး ပို့ထားပေးခဲ့လို့ရပါတယ်ဗျ 😇 | 2 299 |
| 12 | တရုတ်စာ လေ့လာပြီး မေ့တတ်တဲ့သူတွေအတွက် 😌 | 2 118 |
| 13 | ဖိုက်တင်းပါဗျာ 💪🏻 | 2 513 |
| 14 | တရုတ်စာမှာ လွယ်သလိုနဲ့ ရောလေ့ရှိတဲ့
ဒီစာလုံးလေးတွေကို လေ့လာကြည့်ကြမယ် | 2 697 |
| 15 | တရုတ်စာလေ့လာဖို့ စိတ်အားထက်သန်နေပေမယ့်
ဘယ်ကနေစတင်ရမလဲ၊
ဘယ်လမ်းကြောင်းက အထိရောက်ဆုံးလဲဆိုတာကို
ဝေခွဲမရဘဲ အချိန်ကုန်နေရတာမျိုး ကြုံဖူးပါသလား?
================================
GYS မှာ တရုတ်စာကို အခြေခံစာလုံးရေးနည်းမှစပြီး
4skills လုံး ကျွမ်းကျင်ပိုင်နိုင်သည်အထိ
လေ့လာနိုင်ပါပြီ💪
.
ဖုန်းတစ်လုံး၊ အင်တာနက်ရှိရုံ နဲ့ အချိန်မရွေး
လေ့လာနိုင်ပြီး GYS က နားလည်လွယ်တဲ့
တရုတ်ဘာသာစကားသင်ရိုးတွေနဲ့အတူ
ဒီနှစ်ထဲမှာ အခြေခံကနေ ကျွမ်းကျင်တဲ့အထိ
တတ်မြောက်အောင် စလေ့လာလို့ရပါပြီ
.
ဘာလို့ GYS ကို ရွေးချယ်သင့်လဲ?
1️⃣ Internet ရှိတာနဲ့ အဆင်ပြေတဲ့နေရာမှာ
အချိန်မရွေး လေ့လာလို့ရပါတယ်
.
2️⃣သင်ခန်းစာ video တွေကို Fb Group အပြင်
Website, Application တွေကနေပါ
Quality အပြည့်နဲ့ ကြည့်လို့ရပါတယ်
.
3️⃣အိမ်စာတွေကို အသံထွက်မှန်မမှန်
အသံဖိုင်နဲ့ ပို့လို့ရတဲ့အပြင် ၊ ရေးနည်းမှန်မမှန်
ပုံရိုက်ပြီးလည်း အိမ်စာထပ်လို့ရပါတယ် ၊
(24)နာရီအတွင်းလည်း အိမ်စာပြန်လည်
စစ်ဆေးပေးပါတယ်
.
4️⃣Study Planner နဲ့ Learner Guide ပါဝင်လို့
အချိန်စီမံခန့်ခွဲပြီး လေ့လာချင်တဲ့သူတွေအတွက်
သင့်တော်ပါတယ်
.
5️⃣Speaking နဲ့ Listening အလေ့အကျင့်ဖြစ်အောင်
ဆရာနဲ့တိုက်ရိုက် တစ်ပတ်တစ်ခါ
Online Meeting တွေ တက်ရပါတယ်
.
6️⃣Quiz တွေနဲ့ ကိုယ့်ရဲ့ တိုးတက်မှု ကိုဆန်းစစ်နိုင်တဲ့ အပြင်
.
7️⃣အိမ်စာတွေ Testတွေ ဖြေဆို အောင်မြင်သူများအတွက်
Online အသိအမှတ်ပြုလက်မှတ် (Verified Certificate)
ရယူနိုင်ပါတယ် ။
.
GYS မှာတရုတ်စာကို
✅Hanyu သင်ရိုးနဲ့ သင်ကြားပေးပြီး
✅Level 1 မှ Level 12 ထိ
✅4sklils လုံးကျွမ်းကျင်သည်အထိ သင်ကြားပေးပါသည်
.
သင်တန်းအပ်ချင်တယ်ဆိုရင် ကောမန့်မှာ
" Chinese " လို့မန့်ခဲ့ပြီး Messenger ကနေ
Chinese Classes လို့ ပို့ပေးပါ💬💬
ဒါမှမဟုတ် Viber (+959 255 483 028)
ကနေ ဆက်သွယ်နိုင်ပါတယ်... | 2 890 |
| 16 | 🌥 ဒီနေ့တော့ မနက်ခင်းအချိန်ကို ခေါ်ဝေါ်သုံးနှုန်းတဲ့အခါ
အသုံးအများဆုံး စကားလုံးနှစ်ခုအကြောင်း သင်ပေးမယ်နော်
တရုတ်ဘာသာစကားမှာ မနက်စောစောအချိန်ကို
早上 (zǎo shang) လို့ ခေါ်ပြီးတော့
နည်းနည်းနောက်ကျတဲ့ မနက်ပိုင်းအချိန်ကိုတော့
上午 (shàng wǔ) လို့ ခေါ်ပါတယ်
များသောအားဖြင့် နေမထွက်ခင်နဲ့
မနက်စောပိုင်းကာလတွေကို
早上 (zǎo shang) လို့ သုံးလေ့ရှိပြီးတော့
၁၀ နာရီ ဝန်းကျင်ကနေ နေ့လယ်စာမစားခင်အချိန်ထိကိုတော့
上午 (shàng wǔ) လို့ သုံးတာက ပိုပြီးတော့ သဘာဝကျပါတယ်
ဒီအချက်လေးကို သေချာမှတ်ထားပြီး
လက်တွေ့မှာ ပြောင်းသုံးကြည့်ကြပါဦး
နောက်သင်ခန်းစာမှာ ပြန်တွေ့ကြမယ် 😇 | 2 445 |
| 17 | အခုလိုမျိုး အသံမထွက်တတ်လို့
စိတ်ညစ်နေကြတဲ့သူတွေရှိလား
ဒါဆိုရင် အောက်က ကျွန်တော်ချပေးထားတဲ့
link ကိုဝင်ပြီး ဆိုပြထားတဲ့ အသံလေးတွေကို
ဝင်နားထောင်ကြည့်နော်
.
https://t.me/GYS_GC/1219
နောက်ထပ် သိချင်တဲ့
အကြောင်းအရာတွေရှိရင်လည်း
ကောမန့်ပေးခဲ့ပါဦး | 2 691 |
| 18 | တရုတ်စာ သင်ဖူးသူတိုင်း သိမှာပါ...
Pinyin လေး ဖတ်တတ်လာတဲ့ အစပိုင်းက
ကိုယ့်ကိုယ်ကို တရုတ်လို ပြောတတ်တော့မယ်ထင်ပြီး
အရမ်းစိတ်အားထက်သန်ခဲ့တဲ့
အချိန်တွေရှိတယ်မဟုတ်လား?📖
တကယ်တမ်း Tone ၄ မျိုးကို စရောလာတဲ့ အချိန်
z,c,s,zh,ch,sh အသံတွေ လေ့ကျင့်ရတဲ့အချိန်တွေမှာတော့
စိတ်ဓာတ်ကျချင်သလိုလို စိုးရိမ်သလိုလိုဖြစ်တတ်တယ်...
"ထင်ထားတာထက် ခက်တာပဲ"
"ဒီလောက်နဲ့ လုံလောက်ပြီလား" ဆိုတဲ့
အတွေးတွေလည်း ဝင်လာလောက်တယ်
ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်သတိပေးရမှာက
"အခုမှ လမ်းတစ်ဝက်ပဲ ရှိသေးတာလေ" ဆိုတာမျိုး
စလေ့လာတဲ့ အချိန်ကာလမှာတော့
တရုတ်စာလုံးတိုင်းကို အလုံးစေ့ ဘယ်သူမှ
ကျွမ်းကျွမ်းကျင်ကျင် မဖတ်တတ်ပါဘူး
တစ်ဖက်လူပြောတဲ့ တရုတ်စကားကိုလည်း
သေချာပေါက် နားလည်နေမှာမဟုတ်ပါဘူး
GYS အတန်းတွေရဲ့ သင်ခန်းစာမှာ ပါတဲ့ စာလုံး အသုံးအနူန်းတွေကို
သေချာလေ့လာသွားမယ် ဝေါဟာရအသစ်တွေကို
များများချရေးကျက်ပြီး နေ့စဥ်အသုံးပြုတဲ့နေရာတွေမှာ
ပြန်အသုံးချရမယ်ပေ့ါနော် စကားပြောဆိုရင်လည်း
မှားမှားမှန်မှန် ပြောရဲအောင် လေ့ကျင့်ရပါမယ်
အဲ့ဒါမှ ကိုယ့်ရဲ့ တိုးတက်မူဆိုတာကို
သိသိသာသာ ခံစားလာမိမှာပါ
အဲဒီလိုနဲ့ Level 2 လောက် ရောက်လာတဲ့အချိန်မှာ
Pinyin ဖတ်တတ်သွားတဲ့အပြင် တရုတ်စာလုံးတွေကိုပါ
ကိုယ်ထင်ထားတာထက် အများကြီး ဖတ်တတ်သွားပါလိမ့်မယ် ✨
အလုပ်တစ်ဖက်နဲ့ သင်နေရတာဆိုတော့
သင်ခန်းစာတွေနဲ့ အဆက်ပြတ်သွားမှာလည်း မဖြစ်စေချင်ဘူး
ဒီနေရာမှာ တီချယ်တွေက အိမ်စာတွေ နေ့စဥ် စစ်ဆေးပေးပါတယ်
အမှားရှိရင် ဘာကြောင့်မှားလဲဆိုတာ သေချာရှင်းပြပေးတယ်
နားမလည်သေးရင်လည်း စိတ်ရှည်ရှည်နဲ့ ထပ်ရှင်းပြပေးသလို
အသံထွက်မှားတာတွေဆိုရင်လည်း အသံဖိုင်နဲ့ ပြန်ပြင်ပေးတာမို့လို့
ကိုယ့်ရဲ့ တိုးတက်မူက စဥ်ဆက်မပြတ်ရှိနေမှာပါ
သင်ခန်းစာ video တွေကို အချိန်မရွေး
ပြန်ကြည့်လို့ရတာကလည်း တကယ်တော့
လေ့လာသူတွေအတွက် အရမ်းအသုံးဝင်စေတယ်ပေ့ါနော်
ဘာလို့ဆို လုပ်ငန်းခွင်ဝင်နေတဲ့သူတွေ
ကျောင်းတစ်ဖက် တက်နေရတဲ့သူတွေအတွက်က
အလုပ်ပိတ်တဲ့အချိန်လေး၊ ညဘက်အားတဲ့အချိန်လေးမှာ
ပြန်ကြည့်ပြီး အေးဆေး လေ့လာရုံပဲ
စကားပြောလေ့ကျင့်ဖို့ပဲ ဖြစ်ဖြစ် ကိုယ်လေ့လာထားတဲ့
သင်ခန်းစာတွေ ပြန်နွှေးဖို့အတွက်ဖြစ်ဖြစ် အပတ်စဥ်
Weekly Zoom ကနေ ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးလို့ရတာလည်း
နောက်ထပ် အားသာချက်တစ်ခုလို့ပြောရပါမယ်
သင်ခန်းစာလေ့လာရတာ များသွားလို့
ပျင်းလောက်ပြီထင်ရင် Quiz တွေဖြေကြည့်လို့ရအောင်
စီစဥ်ပေးထားသလို ပြင်ပဗဟုသုတွေလေ့လာလို့ရအောင်
Telegram Channel တွေကနေ အခမဲ့ မျှဝေပေးနေတာတွေလဲရှိပါတယ်
တရုတ်စာ တရုတ်စာလုံးက တကယ်တော့ ခက်နေတာမဟုတ်ပါဘူး
စနစ်တကျ သေချာသာလေ့လာသွားရင်
ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်အထိရောက်ဖို့
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက်က
သိပ်မခက်ခဲတော့ပါဘူး
သင်တန်းအပ်ဖို့စိတ်ဝင်စားရင်
ကောမန့်မှာ "Chinese" လို့မန့်ခဲ့လို့ရသလို
အောက်က Telegram account မှာလည်း စာပို့ခဲ့ပေးနိုင်ပါတယ်
https://t.me/GYS_App | 2 888 |
| 19 | ကျွန်တော်တို့ GYS Chinese Team ကလည်း ကျေးဇူးတင်ပါတယ်ဗျ 😇 | 2 653 |
| 20 | GYS မှာ တရုတ်စာ Online သင်တန်း Level အစုံ
တက်ချင်တယ်ဆိုရင်
👉👉 GYS Telegram Account
ကိုဆက်သွယ်ပေးပါနော် ...
Ph no - 09 255 483 028 | 3 192 |
