fa
Feedback
ကဗျာ စာတိုများ💙

ကဗျာ စာတိုများ💙

رفتن به کانال در Telegram
1 445
مشترکین
اطلاعاتی وجود ندارد24 ساعت
-47 روز
-1330 روز
آرشیو پست ها
သွေးထွက်နေတဲ့ ကျွန်မနှုတ်ခမ်းဟာ ကျွန်မကိုယ်တိုင်ကိုက်ဖဲ့ထားတာဘဲ မောင် ၊ အဆင်ပြေချင်ယောင်ဆောင်ပြီး ငိုနေတာတွေကို မောင်တော့သိမယ်မထင်ဘူး ၊ လက်သည်းတွေဖြတ်လိုက်တယ် ၊ ဆံပင်တွေညှပ်လိုက်တယ် ၊ မပျော့ညံ့ဘဲ သတ္တိရှိသလိုနေနေပေမယ့် "ကျွန်မပြိုလဲနေတယ် မောင်" ၊ မောင်ဆွဲထူလိမ့်မယ်လို့တော့ ကျွန်မမမျှော်လင့်ဘူး ၊ "မောင့်လက်နှစ်ဖက်လုံးဟာ အခြားမိန်းမဆီမှာကိုး" ။ -လင်းညို

လူတစ်ယောက်ဟာ လူဖြစ်ရှုံးကြောင်း ပြသဖို့ လူ့ဘဝကို စွန့်လွှတ်ရမှာလား ။ ငယ်ငယ်တုန်းက လူကြီးတွေကို အားကျတယ် အသက်ကြီးလာတော့ ကလေးတွေကို အားကျတယ် ။ -လှသန်း

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ် ။ အသိပေးချင်တယ် မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ် ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။ အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို မင်းလည်း သိမယ် ထင်ပါတယ် ။ - ခက်နှောင်

ပြန်မလိုချင်တော့ဘူး ပြောပြီး ပြန်လာမလား စောင့်မျှော်နေတတ်တဲ့ မိုးတိမ်ဟာ ကိုယ်ပဲ။ -လင်းညီ

“အခက်အခဲတွေကြားက တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့။ ဘာမှမရှိတဲ့ ဘဝထဲကို ဘာမှမကြည့်ဘဲ ဝင်ရဲတယ်ဆိုတာ ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။ -ဂျူး

အချိန်အခါမဟုတ် မိုးတွေရွာတော့ အတိတ် မေ့သူများ ပြန်သတိရ ။ -ဂန္ဓမာ

ခင်များက ကျွန်တော့်ရဲ့ နွေဦးလေးပဲ ခင်များ ရောက်လာတာနဲ့ ကျွန်တော့်ကမ္ဘာတစ်ခုလုံး ပန်းတွေပွင့်တော့တာပဲ။ -ဖရော်ဆန်

ပြက္ခဒိန်တွေကို နောက်ပြန်လှန်ချင်တယ် ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်မပျော်ဘူး အမေ။ -ကိုကံကောင်း

နောက်ဆုံးတော့လည်း ‎ကျိုးသွားတဲ့လက်သည်းရှည်လေးကို ‎ဖြတ်ချလိုက်သလိုမျိုး ‎မင်းဘဝထဲက ငါ့ကိုအလွယ်တကူဖယ်ချလိုက်နိုင်တာပဲမလား ‎ငါကသတိရပါတယ် ‎ ‎- သျှားညို

ဝန်ခံပါတယ် မင်းမရှိတဲ့အခါ သူတို့နဲ့ စကားလေးဘာလေးပြောဖြစ်ပါတယ် ဒါပေမယ့် ပြောနေရင်းနဲ့ မင်းအကောင့်လေး မီးစိမ်းလား မစိမ်းလား သတိတရ သွားသွားကြည့်တတ်ပေမယ့် မင်းနဲ့ပြောနေတဲ့ အခါကျ သူတို့အားလုံးကို မေ့နေတာမျိုး လာပြောရင်တောင် ပြန်ပြီး reply မလုပ်မိတာမျိုးနဲ့ ငါ့မှာ ချစ်ခြင်းမေတ္တာဘက် အားသာခဲ့ပြီး လူမှုရေးဘက် အားနည်းခဲ့ပါတယ်။ -လင်းမာအို

နွေဦး ရေခေါင် သစ်ရွက်ကြွေကျ မိုးတွင်း ရေစည် သစ်ရွက်စိမ်းလန်း ဆောင်းဦး ချမ်းခိုက်တုန် လို့ သုံးနှစ်သုံးမိုး ချစ်ရသူ ကိုလွမ်းရချည်ရဲ့ မှတ်တရပြန်ပေါ် ဒဏ်ရာဆားပက် နာမည်တစ်ခု မေ့ဖျောက်ဖို့ခက် နှလုံးသား တစ်စုံ ပေးအပ်ခဲ့၍ ရင်၌ အခွံ စိတ်သည် သူ့ ထံကပ်ပါး မျှော်လင့်ခြင်းဖြင့် ထားခဲ့သည့်နေရာ ခြေစုံရပ်၍ စောင့်နေခဲ့သည်။ -ပန်းပွင့်ငယ်

တကူးတက ဟန်ဆောင်နေဖို့ မလိုအပ်မှန်းသိပေမယ့် ကိုယ့်စိတ်သက်သာရာရလိုရငြား ကြိုးစားကြည့်တဲ့သဘောပါပဲ... အဆင်ပြေချင်ယောင်ဆောင်ရတယ်၊ ဘာမှမဖြစ်ချင်ယောင်ဆောင်ရတယ်၊ မလိုချင်တော့တဲ့သူမှာ အနှောင့်အယှက်မဖြစ်ရအောင်လည်း ကိုယ့်အချစ်ကိုယ်ထိန်းရသိမ်းရသေးတယ်... ကျန်ခဲ့ရတဲ့သူတွေရဲ့ဒုက္ခဟာ ဒီလောက်ပဲရှိပါတယ်... - မိုးနေ့

ဘီအာရ် မင်းအိပ်သွားတဲ့ ကမ္ဘာမှာ ငါအူကြောင်ကြောင်နဲ့ ကျန်ရစ်တယ် သတိမရအောင်နေဖို့ မင်းပြောသလို ထုံပေပေနေဖို့ ငါကြိုးစားပါတယ် ငါကြိုးစားပါတယ် ညဟာ သူ့ဟာသူဖူးတယ် သူ့ဟာသူပွင့်တယ် ညထဲမှာ တစ်ယောက်တည်း မဖူးတက်သူ မပွင့်တတ်သူ ငူ‌/ငေး/ငေါင်/ကြောင် အဲ့ဒီစကားလုံးတွေပဲ ကိုယ်နဲ့ ဆိုင်ရာကိစ္စ ဖြစ်ကျန်ရစ်တယ် နောက်နေ့ကျရင် ကိုယ်ဦးအောင် အိပ်မှဖြစ်မယ်။ -ခင်အောင်အေး (အသက်တမျှ ဘီအာရ်)

တိမ်တွေဟာ မင်းဘေးနားမှာ ရှိနေမယ်ဆိုရင်ရော အခုလို ချစ်နေနိုင်ပါ့မလား အခုလောက်ရော လှပ ပါ့မလား အဝေးက ချစ်ခြင်းမေတ္တာ ဆိုတာ တကယ့်ကို တည်ရှိပါတယ်။ - Moriarty

ဆေးလိပ်အဖြူတွေ မသောက်ပါနဲ့ သားအဆုတ်လေးတွေကို အမေချစ်တယ်တဲ့ ကမ္ဘာကြီးစပျက်တော့ ဘယ်တော့မှကောင်းကျိုးမပေးတဲ့ကောင်လေး ဆိုပြီး ကျနော့်ကို ခိုးခိုးနမ်းရှာတယ်။ - သူလှိုင်းမော်

သံယောဇဉ်ပြတ်လို့ရတယ်လေဒီတို့ အလှပျက်လို့မရဘူး ငါတို့မိဘကလှလှလေးပျိုးထောင်ထားတာ မမေ့နဲ့...။ -လေပြေသွေး

ပြန်လာခဲ့ပါလား ဆိုတဲ့ စာတွေငါမပို့နိုင်ခဲ့ပေမယ့် တကယ်လို့သာ မင်းပြန်လာခဲ့ရင် ငါဟာ မိုက်တွင်းနက်၍ ပိုးဖလံလေးတစ်ကောင်လို ဒီသံသရာမီးထဲ တိုးဝင်မိဦးမှာပါပဲ။ - Shwe

ဒီသံသရာလွန်လဲ ဒီနွံ့မှာနစ်ကြရအုံးမှာပဲ ချစ်ခြင်းမေတ္တာဟာ ငါတို့မရှာလဲ ရောက်လာမှာပါ။ အရမ်းကြီး စိက်မပူပါနဲ့ မေတ္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမှာ ငါတို့လဲ ပါကောင်းပါနိုင်ပါသေးတယ်။ -မိုးသစ်ပင်

‎ငါ အများကြီး သဘောကျသွားရင် ဘယ်လိုလုပ်မလဲလို့ ပြောတော့ ပလီပလာနဲ့ဆိုပြီး သူက ရယ်နေခဲ့ပါတယ်။ ဘဝထဲကို လူတွေ ထပ်မသွင်းပါဘူးလို့ အတွင်တွင် ငြင်းရင်း၊ ကမ်းသမျှလက်တွေကို ပုတ်ထုတ်ရင်း၊ ငါဟာ မချစ်တတ်တော့ပါဘူးလို့ အော်ဟစ်နေရင်းကပဲ ထပ်ပြီး ငြိတွယ်သွားမိမလားဆိုတာဟာ တကယ်တော့ သိပ်ကြောက်စရာကောင်းတာပဲ သိလား။ ‎ ‎အမြဲတမ်း သဘောကျမိနေခဲ့တဲ့ အေးချမ်းရဲ့ ဒီ စာသားလိုလေ ‎ ‎"ထွက်ပြေးလွတ်မြောက်ခါနီးမှာ ‎ငြိမိတဲ့ သံဆူးကြိုးဟာ နင်ပဲ ‎အရာအားလုံးကို ‎နောက်ပြန်လှည့်ခဲ့ရတယ်" ဆိုတာမျိုး ‎ ‎အဲဒီလိုပေါ့ ညိမ်ရေ ‎ ‎နင်ဟာ ငါ ခြေချော်ကျခဲ့ရတဲ့ ချစ်စဖွယ် သေတွင်းကလေးများ ဖြစ်နေခဲ့ရင် ခက်ရပါချည်ရဲ့ကွယ်။ ‎ ‎- အိခိုင်မွန်