cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Fire Service Department.MOHAI-NUG

پست‌های تبلیغاتی
446
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
+430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

🔴ဝက်လက်🔴 ဝက်လက်မြို့မှ စခများသည် အထိုင်များပြေင်းရွှေ့ထားပြီး မီးသတ်ရုံးထဲတွင်စခ(၁၂)ကောင်နှင့်ပျူများ၊ထွေအုပ်ရုံးထဲတွင် စခ(၁၄)ကောင်နှင့် လက်နက်တပ်ဆင်ထားသောဝန်ထမ်းများနှင့် အမှတ်(၂)စာသင်ကျောင်းထဲတွင် ‌စခသီးသန့်(၈)ကောင်ခန့်တို့ပြောင်းလဲနေထိုင်ထားကြောင်းသတင်းပေးပို့မှုရရှိထား။(ပျူထဲဝင်လျှင် စစ်မှုမထမ်းရဟုသိရ၍ မြို့ထဲမှအချို့သည် ပျူစာရင်းပေးထားပြီး မီးသတ်ရုံးထဲသင်တန်းပေးမည်ဖြစ်၍ ရှင်းလင်းနေကြကြောင်းသိရ) (သတင်းအားဆက်လက်စီစစ်မည်ဖြစ်သည်) ^ဖေဖော်ဝါရီဝမ်း^ #SSN Feb.20,3:10PM 📫သတင်းပို့ရန် @SagaingScoutNetworkBot
نمایش همه...
👍 1
Photo unavailableShow in Telegram
🤭🤭
نمایش همه...
🤣 2😁 1
၁၈.၂.၂၄ရက်နေ့ ဘုတလင်မြို့နယ် မြို့ပေါ်ရွာအားနံနက်၇း၄၅အချိန်ခန့်တွင် စကစမှဝင်ရောက်မီးရှို့မှု့ကြောင့် ပြည်သူအိမ်၂၃လုံးနှင့် နွာစာတိုက်၃လုံးမီးလောင်ဆုံးရှုံးရပြီး ဇီးတော(န)ရွာကိုလည်းမီးရှို့မှု့ကြောင့် ပြည်သူနေအိပ် ၂လုံးဆုံးရှုံးရ
نمایش همه...
ရေဦး🔥 ရေဦးနယ်အောင်သာမှညအိပ်တပ်စွဲခဲ့သော အကြမ်းဖက် လူမဆန်ခွေးများဟာ တောင်ကုန်းရွာတွင်  မီးရိူ့နေတယ်လို့သတင်းရရှိပါတယ်။ Feb.17/2:14PM ♨️YNO♨️ #SSN Feb 17, 3:09PM 📫သတင်းပို့ရန် @SagaingScoutNetworkBot
نمایش همه...
😢 2👍 1
စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကိုဦးစားပေး ခေါ်ယူမည်ဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းခိုင်းဖြစ်ရာ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များကို ဦးစားပေး၍ ချက်ချင်း ခေါ်ယူမည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဗဟို) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "မီး သတ် ဝန်ထမ်းတွေကို ဦးစား ပေး ချက်ချင်း စစ်မှုထမ်းဖို့ ဆင့်ခေါ် မယ်လို့ သိရတယ်။ အခုတော့ စာရင်းတွေ အားချင်းဖြည့်ခိုင်းနေပြ။ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်၊ ရပ်/ကျေးအထိ အကုန်ပါတယ်။ စာရင်းတွေကောက်နေပြီ" ဟု မီးသတ်သတင်းရင်းမြစ်က ရှင်းပြသည်။ လက်ရှိတွင် စစ်ကောင်စီက မြို့နယ်နှင့် ရပ်/ကျေး စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး လာမည့် ရက်ပိုင်းအတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်မည့် နာမည်စာရင်းမျာကို စတင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နာမည်စာရင်း ရရှိသူများသည် ဧပြီလကုန် သင်္ကြန်ပိတ်ရက်များအပြီးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များတွင် တရားဝင် ဆက်သွယ် စတင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။ ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
نمایش همه...
😁 1
😁 1
🤬 2
စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာတို့ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့တွင် ဆီဆိုင်မြို့နယ်၊ မြို့ပေါ် ၊ လွယ်ပွတ်ကျေးရွာ၊ ကျောက်တချားကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဆီဆိုင်စျေး မီးလောင်ကျွမ်းခဲ့ကြောင်း၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခြင်းကြောင့် လွယ်ပွတ် တစ်ကြော ၊ကျောက်တချားကျေးရွာ တစ်ကြောတွင် ပြည်သူပိုင်နေအိမ်များ မီးများလောင်ကျွမ်းခဲ့ကြောင်း၊ ပြည်သူများအားလုံး စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။ "မနေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်တယ်။ စစ်တပ်ဘက်ရော၊ မဟာမိတ်တွေဘက်ကရော ထိခိုက်ကျဆုံးမှုတွေရှိတယ်" ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။ ထို့ပြင် ယမန်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ဆီဆိုင်မြို့နယ် ပဆျာႏကလိုႏကျေးရွာကို လေယာဉ်ဖြင့် ဗုံးငါးကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များလည်း အများအပြားပျက်စီးခဲ့ရကြောင်း သိရှိရသည်။ ပဆျာႏကလိုႏကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က တပ်စွဲထားခြင်းလည်းမရှိသလို တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်ကြောင်း၊ ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီနှင့်အပေါင်းအပါများ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို ပအိုဝ်းကျေးရွာ ဒေသများကို တမင် တကာ ဖျက်ဆီးနေသည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း သိရှိရသည်။
نمایش همه...
🤬 1
🔺မတ်တရာ🔺🔥 မတ္တရာမြို့ဘက်မှ ခွေးကား ၄စီး အနောက်ဘက်ဆင်းလာပြီ အောက်တောင်ကိုင်းရွာ အရှေ့ဘက် ဖရဲခင်းနားတွင် ကားများရပ်၍  ခြေလျင်ဖြင့် အောက်တောင်ကိုင်းထဲရွာတွင် ခွေးများ ဝင်ရောက်၍ ပြည်သူ့များအား လိုက်လံ ပစ်ခတ်နေကြောင်း သတင်းရရှိထား။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာထဲတွင် ရောက်ရှိနေသော ခွေးများထဲမှ ခွေးတချို့သည် ဆောက်ခြုံပေါက်ရွာဘက်သို့ ရောက်ရှိသွားပြီ ပြည်သူပိုင်အိမ်များကို စတင်မီးရှို့ ဖျက်စီးနေကြောင်း သတင်းရရှိထား။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာမှ ကျန်ရှိနေသော ခွေးများမှ 81mmလက်နက်ကြီး တပ်ဆင်ပြီ အနောက်ဘက်သို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေကြောင်း သတင်းရရှိထား။ Feb.15 ,7:40AM ー မတ္တရာမြို့နယ် ရွှေချောင်းရွာဘက်မှ ခွေးကြောင်းထွက်လာပြီ  ဆောက်ခြုံရွာဘကိဦးတည်သွားနေကြောင်း သတင်းရရှိထား။ (ခွေး အင်းအား ၃၀ခန့်) Feb.15, 7:45AM ー မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာတွင် ရှိနေသော ခွေးများသည် အနောက်ဘက်သို့ ထွက်လာပြီ ဟင်္သာကုန်းရွာထဲတွင် ရောက်ရှိ၍ ပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်စီးနေကြောင်း သတင်းရရှိထား။ ဟင်္သာကုန်းရွာ မီးရှို့နေသော ခွေးများထဲမှ ခွေးတချို့သည် တောင်ဘက်သို့ ထွက်၍ ထန်းခြောက်ပင်ရွာဘက်သို့ ရှေ့ပြေးကင်း ရောက်ရှိနေကြောင်း သတင်းရရှိထား။ Feb.15, 9:30AM ー Update News ❗❗❗ မတ္တရာမြို့နယ် ဟင်္သာကုန်းရွာသစ် မီးရှို့‌နေသော ခွေးများသည် အရှေ့ဘက်သို့ ထွက်နေပြီ အောက်တောင်ကိုင်းရွာတွင် ရှေ့ကင်း ရောက်ရှိနေကြောင်း သတင်းရရှိထား။ Feb.15, 11:10AM #wetletinformationalnetwork #SSN Feb 15, 2:00PM 📫သတင်းပို့ရန် @SagaingScoutNetworkBot
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.