Hikari Moon - HM Team 👑✨
رفتن به کانال در Telegram
2 950
مشترکین
+424 ساعت
+237 روز
+5930 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اوت '26
اوت '26
+79
در 1 کانالها
ژوئیه '26
+70
در 1 کانالها
Get PRO
ژوئن '26
+102
در 0 کانالها
Get PRO
مه '26
+132
در 0 کانالها
Get PRO
آوریل '26
+103
در 0 کانالها
Get PRO
مارس '26
+74
در 0 کانالها
Get PRO
فوریه '26
+63
در 0 کانالها
Get PRO
ژانویه '26
+104
در 0 کانالها
Get PRO
دسامبر '25
+272
در 6 کانالها
Get PRO
نوامبر '25
+181
در 1 کانالها
Get PRO
اکتبر '25
+106
در 1 کانالها
Get PRO
سپتامبر '25
+158
در 1 کانالها
Get PRO
اوت '25
+110
در 2 کانالها
Get PRO
ژوئیه '25
+194
در 2 کانالها
Get PRO
ژوئن '25
+101
در 5 کانالها
Get PRO
مه '25
+186
در 9 کانالها
Get PRO
آوریل '25
+586
در 3 کانالها
Get PRO
مارس '250
در 0 کانالها
Get PRO
فوریه '25
+48
در 0 کانالها
Get PRO
ژانویه '25
+182
در 4 کانالها
Get PRO
دسامبر '24
+83
در 0 کانالها
Get PRO
نوامبر '24
+1
در 0 کانالها
Get PRO
اکتبر '24
+16
در 0 کانالها
Get PRO
سپتامبر '24
+461
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 30 اوت | 0 | |||
| 29 اوت | +4 | |||
| 28 اوت | +3 | |||
| 27 اوت | 0 | |||
| 26 اوت | +3 | |||
| 25 اوت | +5 | |||
| 24 اوت | +5 | |||
| 23 اوت | +6 | |||
| 22 اوت | +5 | |||
| 21 اوت | +5 | |||
| 20 اوت | +4 | |||
| 19 اوت | 0 | |||
| 18 اوت | +3 | |||
| 17 اوت | +3 | |||
| 16 اوت | +1 | |||
| 15 اوت | +1 | |||
| 14 اوت | +2 | |||
| 13 اوت | +6 | |||
| 12 اوت | +1 | |||
| 11 اوت | +4 | |||
| 10 اوت | 0 | |||
| 09 اوت | +2 | |||
| 08 اوت | +3 | |||
| 07 اوت | +3 | |||
| 06 اوت | +2 | |||
| 05 اوت | 0 | |||
| 04 اوت | +2 | |||
| 03 اوت | +2 | |||
| 02 اوت | +3 | |||
| 01 اوت | +1 |
پستهای کانال
ဒါလေးတွေကတော့ မင်တို့ရဲ့ paid gp မှာ complete ဖြစ်ပြီးသားအပုဒ်လေးတွေပါနော်💛💛💛
~~~
💕 Normal 💕
1. ကဝေမဒီလေး ✅✅
Free : https://t.me/HM_Team_Free_Channel/14
2. ဘစ်ဘော့စ်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကို ခံရသော သမီးငယ်လေး ✅✅
Free : https://t.me/HM_Team_Free_Channel/16
3. ၁၉၉၀ခုနှစ်က ဖက်ထုပ်လုံးလေး ✅✅
Free : https://t.me/HM_Team_Free_Channel/18
5. စားဖိုမှူးလေး၏အင်မော်တယ်လမ်းခရီးစဉ် ✅✅
Free : https://t.me/HM_Team_Free_Channel/24
6. ဇာတ်လိုက်မ၏အရှိန်အဝါဖြင့် လျင်မြန်စွာကူးပြောင်းခြင်း ✅✅
Free : https://t.me/HM_Team_Free_Channel/26
8. ပါရမီရှင်ဒေါက်တာမလေး ✅✅
Free : https://t.me/HM_Team_Free_Channel/30
9. ချမ်းသာတဲ့မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်! ✅✅
Free : https://t.me/HM_Team_Free_Channel/9
11. ၁၉၇၀ခုနှစ်မှ ဒိတ်ဒိတ်ကြဲစုံတွဲ ✅✅
Free : https://t.me/HM_Team_Free_Channel/36
12. ကမ္ဘာပျက်ကပ်မှ အယောင်ဆောင်မေတ္တာရှင်မလေး ✅✅
Free : https://t.me/HM_Team_Free_Channel/38
13. ၁၉၆၀ခုနှစ်မှ ဇာတ်ပို့လေး၏ မိထွေးမေမေ ✅✅
Free : https://t.me/HM_Team_Free_Channel/40
14. ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်မှဘဝ ✅✅
Free : https://t.me/HM_Team_Free_Channel/42
15. ပြန်လည်မွေးဖွားပြီးနောက် လယ်စိုက်မယ် ✅✅
Free : https://t.me/HM_Team_Free_Channel/7
16. ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးရင်းက လက်ဖက်စိမ်းမပဲလုပ်တော့မယ် ✅✅
Free : https://t.me/HM_Team_Free_Channel/2
17. မိုးကောင်းကင်ကြီး ရောင်နီမသန်းခင် သူ ပြန်လာခဲ့ပါမယ် ✅✅
Free : https://t.me/HM_Team_Free_Channel/12
18. ကျွန်မဘဝရဲ့မီးအိမ်ရှင်လေးကို ကယ်တင်ခြင်း ✅✅
Free : https://t.me/HM_Team_Free_Channel/4
19. System က ငါ့ကို flirtခိုင်းနေတယ်! ✅✅
Free : https://t.me/HM_Team_Free_Channel/48
20. ဗီလိန်မလေး ကျွန်မ ✅✅
Free : https://t.me/HM_Team_Free_Channel/5352
25. ရှင်သန်ဖို့အတွက် ကောင်ချောလေး ၇ယောက်ကို မြူဆွယ်ရမယ်တဲ့!!! ✅✅
Free : https://t.me/HM_Team_Free_Channel/1695
27. ဇာတ်ညွှန်းကို သွေဖယ်ပြီး ငါ့သမီးကို ကယ်ပစ်မယ် ✅✅
Free : https://t.me/HM_Team_Free_Channel/57
28. ဗီလိန်မရဲ့နောက်လိုက်ဇာတ်ပို့လေး!!?? No ပါ ၊ ငါးဆားနယ်ပဲလုပ်မှာ! ✅✅
Free : https://t.me/HM_Team_Free_Channel/5369
29. ဗီလိန်မကြိုးကိုင်ချယ်လှယ်လိုက်သောဇာတ်လမ်း
Free : https://t.me/HM_Team_Free_Channel/5365
30. ကျင့်ကြံရေးလောကတစ်ခွင်မှာ ဖရဲသီးပတ်စားကြမယ် 🍉
Free : https://t.me/HM_Team_Free_Channel/8102
~~~~
✨ BL ✨
10. ဒဏ္ဏာရီလာသရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီ ✅✅
Free : https://t.me/HM_Team_Free_Channel/34
24. မရဏပန်းချီကားချပ်ထဲဝယ်... ✅✅
Free : https://t.me/HM_Team_Free_Channel/2248
26. Modernခေတ်မှ ပညာရှင်လူပျိုကြီး အပြိုင်ကမ္ဘာတစ်ခုကို ကူးပြောင်းလာသောအခါ
Free : https://t.me/HM_Team_Free_Channel/5357
____
အစအဆုံးတစ်ခါတည်းဖတ်ချင်တဲ့ ပေါင်ပေ့လေးတို့အတွက်💙💙
Paid ဝယ်ယူရန် : @HMTeleSaleChannel
| 2 | بدون متن... | 323 |
| 3 | بدون متن... | 316 |
| 4 | بدون متن... | 255 |
| 5 | ချစ်သမီးတို့ မေ့နေကြမှာစိုးလို့ completed novels update လေး ပြန်နွေးပေးမယ်ခ | 248 |
| 6 | ✨ 27. ဇာတ်ညွှန်းကို သွေဖယ်ပြီး ငါ့သမီးကို ကယ်ပစ်မယ် (Paid Completed✅✅) ✨
“မေမေပြောတာကတော့...” ဆိုတဲ့ စကားတစ်ခွန်းလေးနဲ့တင် ရန်သူတွေကို လုပ်ကွက်ပျောက်သွားစေတဲ့ မားမားဂဲလ်လေး ရွှီယုံယုံ။
စနစ်ဆို ရိုးရိုးစက်ရုပ်ဆန်ဆန်ကြီးတွေမကြိုက်တဲ့သူလေးတွေအတွက် ဒီနိုဗယ်လေးက ထူးထူးခြားခြား စနစ်က မေမေလုပ်ပြီး ကလေးလေးကို ထိန်းရမှာဆိုတော့ ဘယ်လိုတောင် အူကြောင်ကြောင်နိုင်ပြီး ရယ်စရာကောင်းလိုက်မလဲ...တွေးသာကြည့်တော့။ ယုံယုံလေးကလည်း မားမားဂဲလ်လေးဆိုတော့ သူ့မေမေသင်ပေးထားတာတွေနဲ့ပဲ ဘဝကို အလန်းစားဖြတ်သန်းတာနော်။ အပိုင်းကတည်း အရှည်ကြီးတွေမို့ သားမိနှစ်ယောက်ရဲ့အချစ်တွေ ၊ အလွဲတွေနဲ့ ခပ်ချေချေစရိုက်တွေကို
တစ်ဝကြီး အားရပါးရ ဖတ်လိုက်တော့နော်။
ဇာတ်လမ်းအကျဥ်းချုပ်
ရွှီယုံယုံလေးသည် မားမား girl လေးတစ်ယောက်ပင်။ သူမပြောလေ့ရှိသောစကားများမှာဆိုလျှင် "ငါ့မေမေပြောတာကတော့......"
ထိုကြောင့် လူများက သူမလေးကို နိုမပြတ်သေးသည့်ကလေးမလေးဟု လှောင်ရယ်တတ်ကြ၏။ သိုသော်ငြား ရွှီယုံယုံကတော့ ထိုသည်တိုကို ဂရုမစိုက်ပါချေ ၊ သူမဟာ သူမ၏ရှိမြဲရှိပုံအတိုင်း အကောင်းဆုံးသော မားမားgirlလေးတစ်ယောက်ဖြစ်အောင် ဆုံးဖြတ်ထားတာကြောင့် သူမဆုံးဖြတ်ထားသည့်အတိုင်း လမ်းစဥ်ကိုလျှောက်မြဲပင်ဖြစ်သည်။
အထက်တန်းကျောင်း၌ ရွှီယုံယုံသည် ကျောင်း၏ဩဇာလွမ်းမိုးသည့်big bossကျောင်းသားတစ်ယောက်၏ နံရံဆီသို တွန်းပိုခြင်းကိုခံလိုက်ရကာ သူ၏ဖွင့်ပြောခြင်းကိုပါ ခံလိုက်ရလေသည်။
ရွှီယုံယုံကတော့ မျက်မှောင်ကြုံလိုက်လျက် ငြင်းဆိုလိုက်၏။ "ဟင့်အင်း။ ငါ့မေမေပြောတာကတော့ ကျောင်းသားတွေအတွက်အရေးကြီးဆုံးက စာလေ့လာဖိုပဲတဲ့။ ဒီလိုမှမဟုတ်ရင် လူမှုအသိုင်းအဝိုင်းရဲ့ဆန်ကုန်မြေလေးပဲ ဖြစ်လာလိမ့်မယ်တဲ့လေ။"
အမှတ်က ခုဂဏန်းလောက်ပဲရှိပြီး စာလေ့လာရခြင်းကို မုန်းတီးပါသော တစ်စုံတစ်ယောက် : "...."
ကောလိပ်သိုရောက်သောအခါတွင်လည်း ချမ်းသာကြွယ်ဝသော လူချောလေးဖြစ်သည့် ဥက္ကဋ္ဌကြီးက ရွှီယုံယုံကို ခေါ်ချင်တာကြောင့် သူမကြိုက်နှစ်သက်သည့်အခေအနေများဖြင့် သူမအား ကမ်းလှမ်းပေးခဲ့သည်။ သိုပေမဲ့ လက်ခံမည့်အစား သူမဆီမှ အထင်သေးသည့်အကြည့်တစ်ချက်သာရရှိခဲ့လေ၏။
"ကျွန်မမေမေပြောတာကတော့ အလကားစားရတဲ့ထမင်းတစ်နပ်ဆိုတာမျိုးက ဘယ်တော့မှမရှိဘူးတဲ့။ တစ်စုံတစ်ခုက အရမ်းကြီးကောင်းလွန်းနေတယ်လိုထင်ရတဲ့အခါကျမှ ကျိန်းသေပေါက်ကို အဲ့တာကမှန်ကန်တာတဲ့"
သူ၏ လရောင်ဖြူအတွက် အစားထိုးလေးတစ်ယောက်ကို ရှာချင်နေပါသော ဥက္ကဋ္ဌကြီး : "..."
5874 ဆိုသည်မှာ အမျိုးသမီးဇာတ်လိုက်ဖြစ်သော ရွှီယုံယုံ၏ သနားဖွယ်ကောင်းသည့် ကံကြမ္မာကို ပြောင်းလဲဖိုရန်နှင့် သူမအား ပျော်ရွှီင်မှုတိုကိုပေးဖိုရန် တာဝန်ကို ရရှိထားသော စနစ်တစ်ခုပင်။
သိုပေတည်း ဆိုးရွားလှသည့် မိဘမဲ့ဂေဟာ၏ပတ်ဝန်းကျင်မှ အသက်သုံးနှစ်သာရှိသေးသော ပဲစေ့လေးကို ကြည့်လျက် စနစ်က လိမ်ပြောဖိုကို ဆုံးဖြတ်လိုက်လေသည်။
"ယုံယုံ မကြောက်ပါနဲ့နော်။ ငါက နင့်မေမေပါ။"
15နှစ်တာလုံး လုံလဝီရီယရှိစွာဖြင့် သင်ကြားခဲ့ပြီးနောက်၌ စနစ်ဟာ စွမ်းအင်မလုံလောက်တော့မှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျသွားခဲ့မိလေ၏။
သူ တစ်ဖန်ပြန်၍နိုးထလာသောအခါတွင်တော့ ရွှီယုံယုံတစ်ယောက် လှပသောဝတ်စုံတိုကို ဝတ်ဆင်လျက် မရေတွက်နိုင်သောလက်ဝတ်ရတနာတိုနှင့်အတူ အလွန်ပင်လှပလှသော ဗီလာကြီးထဲတွင် နေထိုင်နေခြင်းကို တွေ့လိုက်ရတော့သည်။ စနစ်မှာ အသဲတွေကွဲသွားလေ၏။ "ချစ်လေး နင် ဘာလို...."
ရွှီယုံယုံက စိတ်လှုပ်ရှားသွားလျက် "မေမေ! မေမေ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ မေမေပြောတာမှန်တယ်။ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပိုက်ဆံရနိုင်မဲ့နည်းက အချစ်ရူးရူးနေတဲ့အရူးဆီကနေပဲ!"
စနစ် : "...."
ငါ တကယ်ကြီး အဲ့လိုပြောခဲ့မိလိုလား?
...
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/57
Paid ဝယ်ယူရန် > @HMTeleSaleChannel | 358 |
| 7 | ✨ 3. ၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေး (Paid Completed✅✅) ✨
အေးအေးဆေးဆေးလေးနဲ့ ရင်ထဲနွေးထွေးသွားစေမယ့်ဇာတ်လမ်းမျိုးလေး ရှာနေတဲ့ ပေါင်ပေ့တို့အတွက်~~❤️❤️
ဒီတစ်ခါတော့ အသဲယားစရာလည်းကောင်း ဖတ်ရတာလည်း ရင်ထဲအေးမြစေမယ့် 90's vibe ဇာတ်လမ်းလေး။ ကလေးဘဝတည်းက တစ်ယောက်ကိုတစ်ယောက် ကူညီရင်း ကြီးပြင်းလာကြတဲ့ childhood sweethearts ပုံစံမျိုးလေး ၊ မိသားစုမေတ္တာတရားတွေနဲ့ ၁၉၉၀နှစ်ကာလရဲ့ရိုးရှင်းတဲ့ အငွေ့အသက်တွေကို ခံစားရမှာပါနော်။
Story Description
မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည့်စုန့်ချောင်ရှီသည်စာအုပ်တစ်အုပ်ထဲသို့ကူးပြောင်းသွားခဲ့ရသည်။ သူမသည် 90ခုနှစ်များတွင် တစ်မိသားစုလုံးရဲ့အလိုလိုက်ခြင်းကိုခံရသည့်ကလေးတစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သို့ရာတွင် ဒီကလေးသည် ၀မ်းတွင်းမဲဖြစ်နေ၏။ အပြင်ပိုင်းမှာတော့ ဖြူစင်သလောက် အတွင်းစိတ်ကတော့မဲလျက်ရှိသည်။
ဇာတ်လမ်းကိုဖတ်ထားခဲ့သည့် စုန့်ချောင်ရှီကတော့နောက်ထပ်ကလေးဆိုးလုပ်ဖို့ကို ငြင်းဆိုပါသည်။
အကျင့်စာရိတ္တ၊ဉာဏ်ရည်၊ရုပ်ပိုင်းဆိုင်ရာနဲ့အနုပညာတို့လို့ဘက်စုံထူးချွန်ပြီး တော်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ရတာက ပိုမကောင်းဘူးလား?
အဲ့ဒီပျက်စီးနေတဲ့ ကလေးက နောက်ထပ် မရိုင်းစိုင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အခါမှာတော့ မိဘတွေက အံ့အားသင့်သွားကြသည်။
နောက်ပိုင်းမှာတော့ ဖေဖေစုန့်က မီဒီယာသူဌေးဖြစ်လာခဲ့ပြီး မေမေစုန့်ကတော့ အချိန်ပြည့်ပါမောက္ခဖြစ်လာခဲ့ကာ ပျက်စီးနေခဲ့တဲ့ကလေးမလေးကတော့ မင်းသမီးလေးဖြစ်လာခဲ့သည်။
သူမကြီးပျင်းလာတဲ့အချိန်မှာ ပိုပိုပြီးတော့လည်း လှပလာခဲ့သည်။ သူမဟာ နာမည်ကြီးကျော်ကြားတဲ့ကျောင်းတစ်ခုကနေ ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဩဇာအရှိဆုံးဖြစ်လာတဲ့လူသစ်လေးဟုလည်း ခေါ်ဆိုခြင်း ခံခဲ့ရသည်။
ချူးကျင့်ကတော့ စာအုပ်ထဲတွင် ကြေကွဲဖွယ်အဆုံးသတ်နဲ့ဗီလိန်တစ်ယောက်ဖြစ်သည်။ သူ ကလေးဘ၀ကတည်းက သူ့မိဘတွေဆုံးသွားခဲ့ကြသည်။ သို့သော်ယခုအချိန်တွင် အနာဂတ်ရဲ့ဗီလိန်သည် အသက် ၇နှစ်သာရှိသေးပြီး ခြေထောက်မှာလည်း အမာရွတ်တွေဖြင့်ပင်။ သူသည် စုတ်ပြဲနေသောအ၀တ်အစားများကို ၀တ်ထားသည့် အော်တဇင်ကောင်ငယ်လေးတစ်ယောက်သာ ဖြစ်နေသည်။
စုန့်ချောင်ရှီသည် သူမရဲ့အိတ်ကပ်ထဲက ချိုချဉ်တွေကိုထုတ်ယူလိုက်ပြီး သူမရဲ့လက်ကိုမြင့်မြင့်မြှောက်ကာ ”ရော့ဒီမှာချိုချဉ်တွေ။ ငါတို့မိတ်ဆွေကောင်းတွေ ဖြစ်နိုင်မလား?”
အနာဂတ်၌ အင်တာနက်ပေါ်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ချူးကျင့်သည် စူပါမော်ဒယ်တွေနဲ့ယှဉ်နိုင်လောက်တဲ့ရုပ်ရည်သွင်ပြင်နဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီးမရေမတွက်နိုင်သည့် အင်တာနက်သုံးစွဲသူများနဲ့နာမည်ကြီးမိန်းကလေးတိုင်း တောင့်တနေရတဲ့သူတစ်ယောက်ဖြစ်သည်။
သို့ရာတွင် ငယ်ရွယ်တဲ့အာဏာရှင်ကြီးက ရုတ်တရက်လက်ထပ်သွားတာကြောင့် အင်တာနက်တစ်ခွင်လုံးပရမ်းပတာဖြစ်သွားတော့သည်။ သိပ်မကြာခင်မှာပဲ ချူးကျင့်သည် လက်ထပ်မှတ်ပုံတင်ပါတဲ့ postတစ်ခုကို captionတစ်ခုနှင့်အတူ တွဲတင်ခဲ့သည်။
မင်းကသာ ကိုယ့်ဘ၀ရဲ့အလင်းရောင်ပါ @စုန့်ချောင်ရှီ
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/18
Paid ဝယ်ယူရန် > @HMTeleSaleChannel | 265 |
| 8 | မကြာသေးခင်ကမှ Paid Completed ဖြစ်ထားတဲ့အပုဒ်လေး။
MC လေးက ကျင့်ကြံရေးလောကထဲရောက်သွားပေမဲ့ ကျင့်စဥ်တွေကျင့်ဖို့ထက် စနစ်နဲ့အတူ တစ်လောကလုံးက အတင်းအဖျဥ်းတွေကို ထိုက်ပြောရင်း ဂိုဏ်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်မယ့်သူလေးမို့ ဖတ်ရင်းနဲ့ ပျင်းသွားမှာမပူနဲ့နော် ပေါင်ပေ့တို့❤️❤️
🍉ကျင့်ကြံရေးလောကတစ်ခွင်မှာ ဖရဲသီးပတ်စားမယ် 🍉
✨ဇာတ်လမ်းအကျဥ်းချုပ်✨
နဥ်ရွှီတစ်ယောက် တခြားကမ္ဘာကို ကူးပြောင်းလာခါစ ဘာမှန်းမသိသေးခင်မှာပင် သူ့ဆရာတူအစ်မကြီးသည် မနက်ခင်းအတန်းဆီသို့ ဆွဲခေါ်သွားပါတော့သည်။
ဆရာတူအစ်မကြီး: "နင်က ဝိညာဉ်အမြစ် သုံးခုပဲရှိတော့ သိပ်ထူးချွန်တာ မဟုတ်ဘူး။ ထူးထူးခြားခြား တစ်ခုခုမဖြစ်လာရင် တစ်သက်လုံး အပြင်ဂိုဏ်းတပည့်ဘဝနဲ့ပဲနေရလိမ့်မယ်။ ကံကောင်းပြီး တကယ့်ဆရာကောင်းတစ်ယောက်ရဲ့ မျက်စိကျတာခံရရင်တော့ အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့ အခွင့်အရေးရနိုင်တယ်"
"သေချာနားထောင်ပြီး ကြိုးစားလိုက်!"
နဥ်ရွှီ: ဟမ်?
ကျင့်ကြံခြင်းလောက၏ မနက်ခင်းအတန်းချိန်တွင် သင်ကြားနေသောစာများမှာ နားမလည်နိုင်သော ကျမ်းစာများကဲ့သို့ပင်။
နဥ်ရွှီတစ်ယောက် အိပ်မပျော်အောင် မနည်းကြိုးစားနေချိန် ရွှေလက်ချောင်း(စနစ်) တစ်ခု ကောင်းကင်ကနေ ရုတ်တရက် ဆင်းသက်လာလေ၏။
[ဂုဏ်ပြုပါတယ်။ ဖရဲသီးစားတဲ့စနစ်မှ ကြိုဆိုပါတယ်။ နေ့တိုင်း အဆုံးမဲ့ အတင်းအဖျင်းတွေမှာ ပျော်မွေ့လိုက်ပါ။ အိပ်ငိုက်တာက ဘယ်တော့မှ သင့်ကို ဒုက္ခပေးတော့မှာ မဟုတ်ပါဘူး။]
နဥ်ရွှီ: ကောင်းပြီလေ၊ ဒါဆိုရင် ငါတော့ အိပ်ငိုက်တော့မှာမဟုတ်ပါဘူး.jpg
[ဒီနေ့ရဲ့ ထိပ်တန်းအတင်းအဖျင်း : အခု စာသင်နေတဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ရန်သူရဲ့ သားကို ကိုယ့်သားအရင်းမှတ်ပြီး အနှစ် ၈၀၀ ကြာအောင် မွေးထားတာလေ။ တကယ်တော့ ဒါက သူ့ပြိုင်ဘက် စီစဉ်ထားတဲ့ လှည့်စားမှုသက်သက်ပဲ။ အနှစ် ၈၀၀ လုံး အကောင်းဆုံး အရင်းအမြစ်တွေ၊ ဂရုစိုက်မှုတွေ၊ ကာကွယ်မှုတွေ အကုန်ပေးခဲ့တာ - လုံးဝ အလှည့်စားခံလိုက်ရတာပဲ။]
နဥ်ရွှီမှာ တုန်လှုပ်နေသည့်အမူအရာဖြင့် : "ဟမ်၊ တကယ်လား? ဘယ်လိုတောင် ကံဆိုးတဲ့လူအကြီးလဲ!"
နဉ်ရွှီနှင့် စနစ်တို့၏ စကားပြောသံများကို နားမလည်နိုင်စွာဘဲ ကြားနေရသော တပည့်များ : !!!
အမှန်တရားကို မတော်တဆ သိသွားသည့် ဂိုဏ်းခေါင်းဆောင် : ???
စာသင်နေချိန် တစ်ဝက်လောက်ရောက်သည့်အခါ၌ ဂိုဏ်းခေါင်းဆောင်သည် ဘာအကြောင်းကြောင့်မှန်းမသိ၊ ရုတ်တရက် အလျင်အမြန် ထွက်သွားပေတော့သည်။
ထိုအခါ ခန်းမထဲ၌ တိတ်ဆိတ်သွားချေတော့၏။
ထို့နောက် တိတ်ဆိတ်ဆွံ့အနေသည့်ကြားကနေ အူကြောင်ကြောင်အသံတစ်ခု ထွက်ပေါ်လာခဲ့သည် : "ဂိုဏ်းခေါင်းဆောင်က ဘာလို့ ထွက်သွားတာလဲ? အရေးပေါ်အိမ်သာသွားချင်တာများလား?"
လူတိုင်း : wth?!
~
✨ရီဗျူးလေး✨
ကျင့်ကြံရေးလောကတစ်ခွင်မှာ ဖရဲသီးပတ်စားမယ်
နဉ်ရွှီက ကျင့်ကြံခြင်းလောကကို ကူးပြောင်းလာခဲ့ပြီး မမျှော်လင့်ပဲ နီနီရဲရဲဖရဲသီးကြီးများကို စားသုံးနိုင်တဲ့ စနစ်တစ်ခုနှင့် ချိတ်ဆက်မိသွားပါတော့တယ်။
ဒါပေမဲ့လည်း စနစ်ရဲ့ ချို့ယွင်းမှုကြောင့် သူမနဲ့ စနစ်ရဲ့ စကားပြောဆိုသံတွေက ပေါက်ကြားသွားရာ သူမက နေ့စဉ်ဂိုဏ်းတစ်ခုလုံးမှ အကြီးအကဲတွေ တပည့်အပေါင်းအပါတွေရဲ့ အတင်းအဖျင်းတွေနားထောင်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေခဲ့ပါတယ်။
သူမရဲ့ နေ့တိုင်းမှာ ပျော်ရွှင်မှုတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နက်နေပြီးတော့ အတင်းအဖျင်းတွေ အားပြုပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတော့တယ်။
ဒီဝတ္ထုရဲ့ ရေးသားတဲ့ပုံစံက ဟာသဆန်ပြီး ဇာတ်လမ်းမှာ ရူးသွပ်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်ပေါ့နော်။
စနစ်ရဲ့ လမ်းညွှန်ချက်တွေကလည်း ကိုယ်တွေပါ လိုက်နာချင်မိသွားတဲ့အထိ ကောင်းပါတယ်။ စာဖတ်သူတွေကိုလည်း ပြုံးရယ်စေနိုင်ပြီး ဇာတ်လိုက်မလေးရဲ့ ဖရီးသီးစားရင်း နစ်မြောနေပေမဲ့လည်း ကြိုးစားလေ့ကျင့်ဖို့ မမေ့ပဲ နေ့တိုင်း စွမ်းအင်အပြည့်နဲ့ တက်ကြွနေပုံတွေ၊
ပြီးတော့လည်း ဇာတ်လိုက်အမျိုးသားရဲ့ စကားနည်းပေမဲ့ အမြဲတိတ်တဆိတ်ဘေးကနေ ဘယ်လိုအဖော်ပြုပေနေလဲ ဆိုတာတွေ၊ ဖရဲသီးစားခြင်းစနစ်ကလည်း ပွင့်ပွင့်လင်းလင်း တည့်တိုးပြောတက်ပေမဲ့ ထူးခြားတဲ့အရည်အချင်းတွေ လမ်းညွှန်မှုတွေကို နားဆင်ရမှာဖြစ်လို့ ဖတ်သင့်တဲ့ဝတ္ထုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင့်။
........
Free go > https://t.me/HM_Team_Free_Channel/8102
Paid လေး ဝယ်ယူချင်ရင်တော့ > @HMTeleSaleChannel | 359 |
| 9 | ✨2. ဘစ်ဘော့စ်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေး (Paid Completed✅✅)✨
ကမ္ဘာပျက်ကပ်ကြီးထဲမှာတောင် ဖေဖေတွေရဲ့ အချစ်တွေကြောင့် မင်းသမီးလေးတစ်ပါးလို စံစားနေရတဲ့ သမီးငယ်လေး ပျန့်ပျန့်ရဲ့ ဇာတ်လမ်းလေး။
ဒါလေးက မိသားစုအချစ်ကို အဓိကထားထားတာလေး။ ကလေးလေးတွေရဲ့ချစ်စရာပုံစံလေးတွေကို ဖတ်ရင်း အပန်းဖြေချင်တဲ့သူလေးတွေအတွက် အသင့်တော်ဆုံးသော။ ဒယ်ဒီကြီးတွေက သမီးငယ်လေးကို ဘယ်လိုတောင် အလိုလိုက်ပြီး ဂရုစိုက်ကြမလဲဆိုတာတော့...အများကြီး မပြောတော့ဘူး ဖတ်သာကြည့်လိုက်တော့ ဖတ်ရင်းနဲ့ ကလေးက ချစ်စရာကောင်းလွန်းလို့ အူတယားယားဖြစ်ရင်တော့ မင်လည်း တာဝန်မယူပါဘူးနော်...ဟဲဟဲ...စတာ။😉😉
ဇာတ်လမ်းလေးကို ဖတ်ဖူးတဲ့ပေါင်ပေ့လေးတို့က ဘယ်ဒယ်ဒီ့ကို အကြိုက်ဆုံးလဲ ပြောပြခဲ့ဦးနော်🥰🥰
Story Description
ကမ္ဘာပျက်ကပ်ကြီးထဲ၌ သမီးငယ်လေးကို ပြုစုပျိုးထောင်ပေးသည့်ဂိမ်းကို ကစားကြည့်သည့် စရိုက်အမျိုးမျိုးနှင့် ဘစ်ဘောစ့်များစွာရှိလေ၏။
သူတို့ဟာ တစ်ယောက်တည်ရှိမှုကိုတစ်ယောက်က မသိကြပေ။
ဘစ်ဘော့စ်များဟာ သူ့တို့သမီးအပေါ် နေ့စဉ်နေ့တိုင်း ပုံအောသုံးဖြုန်းကြလေသည်။ သူတို့၏ တစ်ခုတည်းသောဆန္ဒမှာ ကမ္ဘာပျက်ကပ်အတွင်း သူတို့သမီးငယ်လေး၏ ဘဝကို အမြင့်မားဆုံးသော အရည်အသွေးများဖြင့် ဖြတ်သန်းနိုင်ရန် ဖြစ်လေ၏။
ပျန့်ပျန့်မှာ ကမ္ဘာပျက်ကပ်အတွင်း မွေးဖွားခဲ့ပြီး သက်ကြီးပိုင်းတစ်ဦးက မွေးစားခဲ့လေသည်။ ပျန့်ပျန့် ငါးနှစ်အရွယ်ရောက်သောအခါ အဘိုးအိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီး ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။ ထိုအခါ ပျန့်ပျန့်လေးသည် မိဘမဲ့ဖြစ်သွားပြီး နေ့စဉ်ဘဝကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရလေသည်။
တစ်နေ့၌ စွမ်းရည်ရှိကစားသမားတစ်ဦးသည် လသာဆောင်ခေါင်မိုးထပ်၌ မင်းသမီးအဆောင်အယောင် အဝတ်အစားများ ဝတ်ဆင်ထားကာ ဟော့ပေါ့အား ပျော်ပျော်ရွှင်ရွှင်စားသုံးနေသည့် ကလေးမလေးကို တွေ့လိုက်ရလေသည်။
သူမ၏နောက်တွင် ဇွန်ဘီနှစ်ကောင်ရပ်နေပြီး တစ်ကောင်ချင်းစီသည် သူမအား အေးနေစေရန် ရေခဲတစ်ပန်းကန်စီ ကိုင်ဆောင်ထားလေ၏။
စွမ်းရည်ရှိ ကစားသမား - "………"
ထို့နောက် ပျန့်ပျန့်၏ မွေးမိဘများက သူမအား လိုက်ရှာခဲ့လေသည်။
ပျိုးထောင်ပေးသည့် အဖေများ - "…."
'ငါ့သမီးလေးကို လုယူရဲတာလား။ မဖြစ်နိုင်တာ….'
မကြာခင်မှာပဲ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားလေ၏။ တိမ်မည်းများသည် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ယံ၌ နဂါးအစစ်များ ကူးခတ်နေလေသည်။
ရှင်သန်သူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး ပျန့်ပျန့်သာလျှင် ပျော်ရွှင်စွာ ပြောလာလေသည်။ "ပျန့်ပျန့်ရဲ့ဖေဖေတွေ လာခေါ်ကြပြီဟေး….."
အားလုံး - "……"
'အဖေတွေက ဘာလို့အများကြီး ဖြစ်နေရတာလဲ။'
....
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/16
Paid ဝယ်ယူရန် > @HMTeleSaleChannel | 291 |
| 10 | ✨ဘေဘီသေးသေးလေးတွေ ချစ်တတ်တဲ့ ပေါင်ပေ့တို့အတွက် အသဲအူတယားယား ဖတ်ရမဲ့ နိုဗယ်လေးများ~~✨
မင်ဆို ဖတ်ရင်းနဲ့ အသဲတွေယားလွန်းလို့ နိုဗယ်ထဲဝင်ပြီး ကလေးလေးတွေကို ဖျစ်ညှစ်ပလိုက်ချင်တယ်🤗🤗
2. ဘစ်ဘော့စ်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကို ခံရသော သမီးငယ်လေး ✅✅
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/16
3. ၁၉၉၀ခုနှစ်က ဖက်ထုပ်လုံးလေး ✅✅
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/18
27. ဇာတ်ညွှန်းကို သွေဖယ်ပြီး ငါ့သမီးကို ကယ်ပစ်မယ် ✅✅
အမြည်းဖတ်ရန် > https://t.me/HM_Team_Free_Channel/57
သုံးပုဒ်လုံး paid gp မှာ complete ဖြစ်ပြီးသားမို့ အစဆုံးဖတ်ချင်တယ်ဆို
@HMTeleSaleChannel ကို လာခဲ့ကြနော် | 452 |
| 11 | بدون متن... | 1 |
| 12 | ၁၉၆၀ ခုနှစ်၌ ဇာတ်ပို့လေး၏ မိထွေးမေမေအဖြစ် ရှင်သန်ခြင်း(Paid Completed✅✅)
ဇာတ်လမ်းအကျဉ်းချုပ်
လင်းချင်းချင်းတစ်ယောက် တစ်ရေးနိုးလာသောအခါတွင် သူမ၏ဖရိုဖရဲမှတ်ဉာဏ်များက သူမဟာ "၁၉၆၀ခေတ်ကာလက ကွဲပြားခြားနားသောမိထွေးများ"ဆိုသောစာအုပ်ထဲရှိ အမျိုးသားဇာတ်ပို့လေး၏ မိထွေးဇာတ်ကောင်အဖြစ် ကူးပြောင်းသွားခြင်းဖြစ်ကြောင်းကို အသိပေးနေကြလေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ကောင်းမွန်သောဘဝတွင်နေရန်ဆုံးဖြတ်ထားသောကြောင့် သူမသည် တပ်ရင်းမှူးလုချောင်းအားလက်ထပ်ခဲ့သည်။
လုချောင်းနှင့်စစ်တပ်ထဲသို့လာရောက်နေထိုင်သောအခါတွင် သူမသည် ငါးနှစ်သားကလေး၏မိထွေးဖြစ်လာတော့လေ၏။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ကလေးအား ဝန်ထုပ်ဝန်ပိုးအဖြစ်သာဆက်ဆံခဲ့စဥ်မှာ အမျိုးသားဇာတ်လိုက်၏မိထွေးကတော့ ဇာတ်လိုက်အား သူမ၏သားအရင်းသဖွယ်ဆက်ဆံခဲ့လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ကလေးအား အစာကိုပစ်ကျွေးသော်လည်း ဇာတ်လိုက်၏မိထွေးမှာမူ ဇာတ်လိုက်အား ကောင်းကောင်းမွန်မွန်ချက်ကျွေးခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသားဇာတ်လိုက်အရွယ်ရောက်လာသောအခါတွင် သူ၏မိထွေးအား မိခင်အရင်းကဲ့သို့ဆက်ဆံခဲ့၏။ သို့သော်လည်း အမျိုးသားဇာတ်ပို့ဇာတ်ကောင်လေးကတော့ အရွယ်မရောက်ခင်တွင်ပင် ယုတ်မာလာကာ ဖျက်လိုဖျက်ဆီးအတွေးမျိုးကိုသာ နေ့တိုင်းတွေးနေတော့သည်။
နောက်ပိုင်း လင်းချင်းချင်းသည် ကူးပြောင်းလာသောအချိန်တွင်တော့ မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ အမျိုးသားဇာတ်ပို့လေး၏အဖေဖြစ်သူနှင့် လက်ထပ်ပြီးသွားပြီဖြစ်ကာ စစ်တပ်ထဲသို့ပြောင်းနေနေလေပြီဖြစ်၏။
....
လင်းချင်းချင်းတစ်ယောက် ကူးပြောင်းလာပြီးသွားတဲ့အချိန်မှာ သူမရဲ့ဘဝကို ဘယ်လိုဖြတ်သန်းမလဲ။ နွေးထွေးသော မိထွေးမတစ်ယောက်အနေနဲ့ ဇာတ်ပို့လေးကို ပျိုးထောင်ပေးမလား။ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။
Status : Completed
Genre : BoyxGirl | 414 |
| 13 | "ကိုကို" ဆိုတဲ့စကားလုံးကို ပါးစပ်ကမချတဲ့ ရွှီကျိုက်ရှင်းနဲ့ team တူတဲ့ အသဲလေးတို့ဖတ်ဖို့🤭 မောင်လေး team ကချစ်တို့လည်း ဖတ်ပြီး ဘက်ပြောင်းချင်စိတ်တောင်ပေါက်သွားစေရမယ်🤗
✨ကျွန်မဘဝရဲ့ မီးအိမ်ရှင်လေးကို ကယ်တင်ခြင်း (Paid Completed✅✅) ✨
💛 Story Description 💛
ရွှီကျိုက်ရှင်း ၏ idol ဖြစ်သော ချန်းဖုန်းသည် အနုပညာနယ်ပယ်တွင် နာမည်ရစပြုလာသော တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်သည်။
တစ်နေ့တွင် သူမ၏ idol ဘယ်လောက်အထိတော်ကြောင်း လူတိုင်းတွေ့ရလိမ့်မည်ဟု အခိုင်အမာကိုယုံကြည်ထားသည်။ သို့သော် ထိုနေ့ရောက်လာရန်အခွင့်အရေးမရှိတော့သည့်အခါ......
ချန်းဖုန်း သည် စိတ်ကျရောဂါကြောင့် နေအိမ်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့သည်။ သေဆုံးပြီးနောက်တွင်မှ သူခံစားခဲ့ရသော မတရားမှုတွေအားလုံးသည် လူထုရှေ့သို့ပေါ်ထွက်လာခဲ့သည်။
ချန်းဖုန်းသည် မွေးစားခြင်းခံထားရသည့် မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူ၏ဖခင်အရင်းမှာ လူသတ်သမားတစ်ယောက်ဖြစ်ကြောင်း၊ သူ စန္ဒရားအားဘယ်တော့မှထပ်မထိတော့ခြင်း အကြောင်းအရင်းမှာကား သူ၏လက်သန်းမှာ သူ့အဖွဲ့သားများ၏ ရည်ရွယ်ချက်ရှိရှိ နင်းခြေခြင်းခံလိုက်ရသောကြောင့်ဖြစ်ကြောင်း၊ သူသည် အဖွဲ့လိုက် ဒုက္ခပေးနှောင့်ယှက်မှုကိုလည်း ခံရပြီး၊ ကုမ္ပဏီကြီးတစ်ခုနှင့် အငြင်းပွားစရာဖြစ်ရာမှစ၍ ထောက်ပံ့မှုများ၊ပူးပေါင်းဆောင်ရွက်မှုများ ခွဲခြားခြင်းခံလိုက်ရကြောင်းပေါ်ထွက်လာခဲ့သည်။
ရွှီကျိုက်ရှင်းအတွက်အဖိုးတန်ရတနာကဲ့သို့ ပျက်စီးပွန်းပဲ့မှာစိုး၍ မထိရက်မကိုင်ရက်သော ၊
တန်ဖိုးထားရသော လူသားလေးမှာ အခြားသူများ၏ အနိုင်ကျင့်ခြင်း၊ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသောအခါ......
၆ လကြာပြီးနောက် ရွှီကျိုက်ရှင်း သည် ကားမတော်တဆမှုဖြင့် သေဆုံးသွားခဲ့ပြီး အထက်တန်းကျောင်းသူအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားရန်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမသည် အထက်တန်းပထမနှစ်ကျောင်းသူဖြစ်ပြီး ချန်းဖုန်း မသေဆုံးမီ ၁၀ နှစ်အလိုတွင်ဖြစ်သည်။
" ငါ ဒီဆယ်နှစ်ဆိုတဲ့အချိန်ကို ကိုကို့အတွက် အကောင်းဆုံးလမ်းဖောက်ပေးဖို့အတွက်ပဲ သုံးတော့မှာ ၊ ကိုကို့ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့ သူတွေကိုလည်း ကိုကို့ရှေ့ဘယ်တော့မှပေါ်မလာစေရဘူး။
ကိုကို... ဒီတစ်ကြိမ်မှာတော့ ပန်းခင်းလမ်းကို တူတူလျှောက်ကြရအောင်နော်"
...
Free Gp link > https://t.me/HM_Team_Free_Channel/4 | 433 |
| 14 | ~ဗီလိန်မလေးကျွန်မ~
💕ဇာတ်လမ်းအကျဥ်းချုပ်💕
လန်မုရှီသည် သူမက ဝတ္ထုတစ်ပုဒ်ထဲမှ ဗီလိန်မတစ်ယောက်ဖြစ်နေသည်ကို မထင်မှတ်ထားပဲ သိလိုက်ရပါ၏။ ဝတ္ထု၏ ဥပဒေသက သူမအနေဖြင့် ဝတ္ထု၏ဇာတ်လမ်းဇာတ်ကွက်တို့ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည်ဟု သူမအား ပြောလာခဲ့သည်။ ထိုသို့ပြုလုပ်မှသာ သူမလည်း လွတ်မြောက်မှုကို ပြန်လည်ရရှိပေလိမ့်မည် ဖြစ်၏။
ထို့ကြောင့် သူမသည် ဗီလိန်မတစ်ယောက်၏အခန်းကဏ္ဍအတိုင်း အသိဉာဏ်ရှိရှိ စတင်၍သရုပ်ဆောင်ရတော့သည်။ ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း ဇာတ်လိုက်မကို ချောက်ချရသည့် တုံးတုံးအအနည်းလမ်းမျိုးစုံနှင့်တကွ ဇာတ်လိုက်ကို အရူးအမူးစွဲလမ်းနေသော အချစ်ရူးကာရိုက်တာတို့ကိုပါ သူမ လုပ်ဆောင်ရလေသည်။
ချောက်ကမ်းပါးအစွန်းဖျားပေါ်၌ စိတ်ရူးဖောက်ပြန်နေသည့်ပုံသဏ္ဏာန်တစ်ခုမှာ ပြောလာခဲ့၏။ "အစ်ကို ရှောင် ၊ အစ်ကိုသာ သဘောမတူဘူးဆိုရင် ၊ ကျွန်မ ဒီပေါ်ကနေ ခုန်ချပစ်လိုက်မှာနော်"
လျှို့ဝှက်နယ်မြေရှိ ချောက်ကမ်းပါးအစွန်းဖျားပေါ်တွင်လည်း ကောက်ကျစ်သောအသွင်သဏ္ဏာန်ဖြင့် သူမ ပြောရပြန်လေ၏။ "အစ်ကို ရှောင် ၊ ရှင် သူ့ကို သွားတွေ့ရဲရင် သွားတွေ့ကြည့်လိုက် ၊ ကျွန်မ ဒီပေါ်ကနေ ခုန်ချပစ်လိုက်မှာနော်"
နတ်ဆိုးနယ်မြေထဲက ချောက်ကမ်းပါးအစွန်းဖျားပေါ်တွင်လည်း မျက်ရည်စက်လက်စက်လက်ဖြင့် ပေကျံနေသော ပုံရိပ်လေးမှာ ပြောရပြန်လေသည်။ "အစ်ကို ရှောင် ၊ ရှင်သာ သူ့ကို လက်ထပ်မယ်ဆိုရင် ကျွန်မ ဒီပေါ်ကနေ ခုန်ပစ်လိုက်မှာနော်"
ငရဲပြည်၏ နယ်စပ်ဒေသတွင်လည်း သူမမှာ စိတ်ပျက်လက်ပျက် ငိုကြွေးရင်း "ရှင် ဘာလို့ ကျွန်မကို မချစ်တာလဲ။ ရှင် ကျွန်မကို မချစ်မှတော့ ကျွန်မအတွက်လည်း အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် မရှိတော့ဘူး။ ကျွန်မ ဒီပေါ်ကနေပဲ ခုန်ချပစ်လိုက်တော့မယ်!"
ရှောင်မြန့် : ဒီကို ဆင်းလာပါကွာ ၊ ကိုယ် မင်းကို ချစ်တယ်လေနော်။
လန်မုရှီ : ဟင့်အင်း။
—
သူမရဲ့ ဗီလိန်မဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ စိတ်အားထက်သန်လွန်းနေတဲ့ ဗီလိန်မက အမျိုးသားဇာတ်ဆောင်ရဲ့အသည်းနှလုံးကို အရယူနိုင်သွားတဲ့အချိန်မှာတော့ သူမ ဘာဆက်လုပ်ရတော့မှာလဲ? သူ့ကို ငြင်းလို့ကော ရသေးလား ၊ နောက်ကျသွားပြီလားဟေ။
ရှောင်မြန့် : လူတစ်ယောက်က ကိုယ့်ကို ဒီလောက်ထိ အရူးအမူးချစ်တာကို ဘယ်တုန်းကမှ မခံဖူးဘူး။ ဒီလိုမျိုးသဲသဲလှုပ်အချစ်ခံနေရတော့ မင်းကလွဲပြီး တခြားတစ်ယောက်ကို ချစ်နိုင်တော့မယ်လို့ ကိုယ် မထင်တော့ဘူး။
...
ဖရီးဖတ်ဖို့ရန် > https://t.me/HM_Team_Free_Channel/5352
Paid gp မှာလည်း အစအဆုံးရပြီမို့ တစ်ထိုင်ထည်းဖတ်ချင်တဲ့အသဲလေးတို့အတွက် > @HMTeleSaleChannel | 374 |
| 15 | ~ ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးအရင်းက လက်ဖက်စိမ်းမပဲ လုပ်တော့မယ် ~
❣ Story Description ❣
လီကျီကျီ ၁၅နှစ်ပြည့်သောအခါ သူမ ဘိုးဘေးများအား အသိအမှတ်ပြဖို့ရန် သူမကို မြို့တော်ဆီပြန်ခေါ်သွားသည်။ လီစံအိမ်၏ သမီးအရင်းတစ်ယောက်အနေနှင့် သူမကို မျက်နှာသာပေးရမှာပေမယ့် အားလုံးက အသိပညာ၊ ဗဟုသုတကြွယ်၀သော လီစုဝမ်အား ပိုသဘောကျကြသည်။
လီကျီကျီမှာ ဝေးလံလှသောရွာတွင် ကြီးပြင်းလာပြီး စာမတတ်ပေမတတ်၊ ထိန်းမနိုင်သိမ်းမနိုင်တဲ့ကောင်မလေးပင်။ သူမနာမည်ကတောင် အထင်သေးစရာကောင်းလှပေ၏။
တစ်နေ့သောအခါတွင်တော့ လီကျီကျီသည် ညဘက်တွင် အိပ်မက်မက်လေသည်။
သူမအရင်ဘ၀က လီစံအိမ်ဆီ ပြန်သွားပြီးနောက် သူမဟာ လျစ်လျူရှုမခံချင်တော့ဘဲ မျက်နှာသာရဖို့ရန်အတွက် လီစု၀မ်နှင့် အပြင်းအထန်ပြိုင်ဆိုင်တာကို အိပ်မက်မက်ခဲ့သည်။
သူမဟာ အရေး၊ အဖတ်၊ ချက်စ်ကစားခြင်း၊ အလှလက်ရေး၊ နှင့် ပန်းချီအထိ ကောင်းမွန်စွာတတ်မြောက်ဖို့ ကြိုးစားခဲ့ပြီး အနေအထိုင်သိမ်မွေ့စေရန်အတွက်လည်း ကြိုးစားခဲ့လေသည်။ သူမက အရာအားလုံးတွင် လီစုဝမ်ထက် သာလွန်ဖို့ ကြိုးစားခဲ့၏။
သို့သော်ငြားလည်း ထိုနေ့တွင်တော့ အားလုံးက လီစု၀မ်အား နှစ်သိမ့်ပေးနေစဉ် လီကျီကျီကတော့ အထင်အမြင်သေးတာကို ခံနေရတုန်းပဲပင်။
သူမ နိုးထလာသောအခါ၌ လီကျီကျီသည် သူမအဖေကို တွေ့ဖို့ရန် ထသွားလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "အဖေ သမီးကို ရွာကိုပဲ ပြန်ပို့ပေးပါ။ သမီး စံအိမ်ကိုပြန်လာတာနဲ့ ညီမလေးရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆိုးရွားသွားတယ်လေ။ သမီးရဲ့ ကံဆိုးမှုတွေက သူ့ကို အန္တရာယ်ဖြစ်သွားစေခဲ့တာပါ"
လီအဖေက လန့်သွားပြီး ပြန်ပြောလိုက်လေသည်။ "သမီးက ဘာလို့ အဲ့ဒီလိုပြောရတာလဲ။ စုဝမ်က ဒီတိုင်းနေမကောင်းရုံတင်ပါ။ သူက ဆရာဝန်နဲ့ တွေ့တာနဲ့ ပြန်သက်သာသွားမှာ။"
သေချာပေါက်ပင် ၊ ရက်အနည်းငယ်အတွင်းမှာပဲ လီစု၀မ်၏ ဖျားနာခြင်းက တကယ်ပဲ သက်သာသွားခဲ့လေသည်။
သူမရဲ့လက်ဖက်စိမ်းချက်လုပ်ခြင်းစကေးကြောင့်ပဲ စံအိမ်ထဲက လီကျီကျီ၏ ဘ၀သည် ပို၍ပင် ကောင်းမွန်လာခဲ့လေသည်။
ယင်းတို့မှာ သူမ၏လှည့်စားမှုအား တစ်ချက်တည်းနှင့် မြင်သွားခဲ့သော မင်းသား ရှောင်ယန်နှင့် မတွေ့ခင် တစ်ရက်အထိတော့ အဆင်ပြေနေခဲ့သည်။
သူတို့ ပထမဆုံးအကြိမ်တွေ့တော့ လီကျီကျီက ကောက်ကျစ်တယ်လို့ ရှောင်ယန်တစ်ယောက် တွေးနေမိတာကြောင့် တစ်ဖက်လူက သူ့ကိုအခွင့်ကောင်းယူသွားမယ့် အခွင့်အရေး ဘယ်တော့မှမပေးခဲ့ပါချေ။
သူသည် လီကျီကျီတစ်ယောက် ရိုးသားသလိုဟန်ဆောင်ပြီး အလွှာပေါင်းစုံ၏ ပေါင်အား ပွေ့ဖက်ထားကာ မြို့တော်ထဲတွင် နေထိုင်နေသည်ကိုပဲ စောင့်ကြည့်နေခဲ့လေ၏။
မိဖုရားကြီးက သူမကို မွေးစားသမီးကဲ့သို့နှယ် ဆက်ဆံလေပြီး မျိုးရိုးမြင့်မိသားစုထဲမှ အမျိုးသမီးတို့ကလည်း သူမကို ညီမတစ်ယောက်လို ချစ်ခင်နှစ်သက်နေကြလေသည်။ နန်းတော်ထဲက မျက်နှာသာပေးခံရသည့် ကိုယ်လုပ်တော်တို့ကလည်း သူမကို အရမ်းပင်ရင်းနှီးခင်မင်ရသည့် သူငယ်ချင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုနေကြကာ သူမသည် အထက်တန်းလွှာ၏မင်းသမီးဂုဏ်ပုဒ်ကိုပင် ရရှိခဲ့ပါသေး၏။
သူမကို ချစ်နှစ်သက်သွားကြသော များပြားလှသည့်အမျိုးသားတို့မှာလည်း လက်တစ်ဖက်တည်းဖြင့်ပင် မရေတွက်နိုင်ပေ။ သူ၏ညီမအရင်းအချာကပင် လီကျီကျီကို နေ့တိုင်းလိုလို သူမညီမလေးဖြစ်ဖို့ တောင်းဆိုနေလေသည်။
ရှောင်ယန်သည် စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေခဲ့သော်ငြား လီကျီကျီကတော့ သူ့ပေါင်ကို ဘယ်တော့မှလာမဖက်ခဲ့ပါချေ။ ထပ်မံ၍ သည်းမခံနိုင်တော့သည့်အဆုံးတွင်တော့ သူသည် သူမကို မေးလိုက်ရတော့၏။ “မင်း အိမ်ရှေ့စံမင်းသမီးဖြစ်ချင်လား”
လီကျီကျီကတော့ မဖြစ်ချင်ပါချေ။
...
# အခုမှမဖတ်ရင် ဘယ်အချိန်သွားဖတ်မှာလဲ မင်မင်ချောချောလေးကစောင့်နေတယ်နော် လာသာလာခဲ့လိုက်တော့ 💋
@HM_Team_Free_Channel | 464 |
| 16 | ~ပြန်လည်မွေးဖွားလာပြီးနောက် လယ်စိုက်တော့မယ်~
ဇာတ်လမ်းအကျဉ်းချုပ်
သူမ၏အတိတ်ဘဝမှာတုံးက လီချင်းဟဲ့သည် ရွှီမိသားစုဝင်တစ်ယောက်နှင့် ခမ်းခမ်းနားနားလက်ထပ်ခဲ့သော်လည်း သူမလက်ထက်ခဲ့သည့် မိသားစုမှ လူတိုင်းကတော့ သူမအား အေးစက်စွာဖြင့် ဆက်ဆံတတ်သည့်အပြင် မိသားဝင်တိုင်း၏ လျစ်လျူရှုခြင်းကိုလည်း ခံနေခဲ့ရပါ၏။
သို့သော်ငြားလည်း သူမသည် နောက်ထပ်တစ်ကြိမ် ပြန်လည်နိုးထလာခဲ့ပါပြီ။ ဒီတစ်ကြိမ်တွင်တော့ သူမက ချိုမြိန်လှသည့်အချစ်ဝတ္ထုထဲက အမြောက်စာဇာတ်ကောင်တစ်ခုဆိုသည့် အရေးကြီးလှသော အသိနှင့်အတူ နိုးထလာခြင်းပင်။ မူလဝတ္ထုထဲ၌ ချင်းဟဲ့သည် အမျိုးသားဇာတ်လိုက်ကို ကယ်တင်ခဲ့ပြီး ကျေးဇူးဆပ်သည့်အနေဖြင့် သူမကို လက်ထပ်ပေးဖို့ရန် သူ့ကို တောင်းဆိုခဲ့၏။ သူမ၏မနာလိုမှုကြောင့် ချစ်သူနှစ်ယောက်၏ ဘဝကို ငရဲတစ်ခုအလားနှယ် ဖန်ဆင်းခဲ့လေသည်။ ယခုအခါတွင်တော့ သူမက ဒုတိယအခွင့်အရေးအဖြစ် အတိတ်သို့ ပြန်လည်ရောက်ရှိလာချေပြီ။ သူမသည် အမျိုးသားဇာတ်လိုက် ၊ အမျိုးသမီးဇာတ်လိုက်တို့နှင့် ဝေးဝေးနေဖို့ ဆုံးဖြတ်ခဲ့လေသည်။ သို့ပေမဲ့ ဝတ္ထု၏ဇာတ်လမ်း ဆက်နိုင်ဖို့အရေး သူ့အသက်ကို ကယ်တင်သည့်အခန်းကတော့ အရေးကြီးနေတုန်းပင်။ ဒီတစ်ခါတွင်တော့ သူမ၏ကြင်နာမှုကို ငွေတွေဖြင့်လဲလှယ်ပြီး ထွက်သွားတော့မည် ဖြစ်၏။
သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် မူလအမျိုးသားဇာတ်လိုက်က ထိုသည်ကို လက်မခံနိုင်ပဲ သူမကို လက်ထပ်ဖို့ကိုသာ အလျင်စလိုလုပ်ခဲ့လေသည်။ သူမထံ၌ ပြင်းထန်သည့် ဒေါသစိတ်များရှိနေကာ သူမ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး သူ့ကို ရိုက်ဖို့ရန် ရွယ်လိုက်တော့သည်။ ထိုစဉ် သူမဘေးရှိ တခြားသောအမျိုးသားတစ်ယောက်က ထိုသည်ကို မြင်ပြီး အရမ်းကို စိတ်ပူပင်သောကရောက်သွားလေသည်။
သူမ၏လက်လေးကို လျင်မြန်စွာ ကိုင်လိုက်လျက် ထိုလက်ကလေးတွေကို နူးနူးညံ့ညံ့ဖြင် ဖိညစ်လိုက်ရင်း ပြောလိုက်၏။ “လိမ္မာစမ်းပါကွာ။ မင်း ဂရုမစိုက်ဘူးဆိုရင် မင်းရဲ့လက်လေးတွေ နာသွားမှာပေါ့။ မင်းက ဘေးနားမှာပဲ ရပ်နေ။ ဒီလိုအရေးမကြီးတဲ့အလုပ်မျိုးကို ကိုယ့်ကိုပဲ လုပ်ခွင့်ပေး။”
....
သူ၏ အတိတ်ဘဝမှာတုန်းက ကျိုးချိန်ခန်းသည် လီချင်းဟဲ့သေဆုံးပြီးနောက်၌ သူမ၏အုတ်ဂူရှေ့တွင် ကြီးမားလှသည့် သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်တစ်ခုကို သူ့ဘဝတစ်လျှောက်လုံး ဆောက်လုပ်ခဲ့လေသည်။ သူသည် သူ၏နှလုံးသားထဲမှ ခံစားချက်တို့ကို သူမအား အကြိမ်ပေါင်းမြောက်များစွာ မဖော်ပြခဲ့မိသဖြင့် နောင်တအကြီးအကျယ်ရနေခဲ့ပါသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင်တော့ ထိုနောင်တတရားများကို လက်ကိုင်ထားလျက် သေဆုံးသွားခဲ့တော့၏။
သူ နောက်ထပ်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ၌ သူ ပြန်လည်မွေးဖွားလာမှန်း သိလိုက်ရသည်။ ပြီးတော့လည်း သူသည် ရှုချန်ကျဲကို သူမ လက်မထပ်ရသေးခင် အချိန်သို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်၏။
လှပလှသည့်အမျိုးသမီးလေးက နောက်ထပ်တစ်ကြိမ် သူ၏အသည်းညှာကို ဆွဲဆောင်နေလျက် ကျက်သရေရှိစွာဖြင့် အသက်ရှင်သန်နေခဲ့သည်။ သူမလေးအား သူ၏ရင်ခွင်ထဲသို့ မခေါ်ဆောင်ပဲ မနေနိုင်တော့ချေ။
ဒီတစ်ခါမှာတော့ သူ အခွင့်အရေးကို နောက်ထပ် ဆုံးရှုံးခံတော့မှာ မဟုတ်ဘူး။
ဒီစာစဉ်လေးက နှစ်ယောက်လုံး ပြန်လည်မွေးဖွားလာတာဖြစ်ပြီး ယောကျာ်းကော ၊ မိန်းမကောက အတူတူလယ်စိုက်ကာ ဆန်ကုန်မြေလေးတွေနဲ့ နေရမှာဖြစ်ပါတယ်။
.....
Free GP > https://t.me/HM_Team_Free_Channel/7 | 452 |
| 17 | မအိပ်ခင်လေး လာသတိပေးတာပါရှင့်
ဒီနိုဗယ်လေးကို paid gp မှာ စဆုံးဖတ်လို့ပါပြီနော် ချစ်တို့🥳🥳🎉🎉
ကျင့်ကြံရေးလောကတစ်ခွင်မှာ နဥ်ရွှီတစ်ယောက် စနစ်နဲ့အတူတူ ဖရဲသီးပတ်စားရင်း ဘယ်လိုမွှေမလဲဆိုတာ သိချင်ရင်တော့ @HMTeleSaleChannel ဆီအရောက်လာခဲ့ကြနော်😘😘
အမြည်းဖတ်ချင်တဲ့ သဲလေးတို့အတွက် free gp link > https://t.me/HM_Team_Free_Channel/8102 | 413 |
| 18 | အရင်နှစ် သင်္ကြန်ကမန်မိုရီတွေ ပြန်ဖော်ပေးခြင်းပါ၊ လက်များ သံချေးတက်သွားကြပြီလားလို့
# ဘွားဟားဟားဟား | 462 |
| 19 | h ttp s://t .m e/+ lGZ ZvV vt BrQ zYz E1
# စိတ်ကင်ဆာလေးပေးပါရစေ | 438 |
| 20 | နောက်ဆုံးအပိတ်အနေနဲ့ မရဏပန်းချီကား gp 2 ပေးပါမယ်။ လက်ပြင်ထားကြပါရှင် | 449 |
