fa
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

رفتن به کانال در Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

نمایش بیشتر

📈 تحلیل کانال تلگرام တောင်ပေါ်သား ရှမ်းကိုးမီး

کانال တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 25 227 مشترک است و جایگاه 12 759 را در دسته فیلم‌ها و رتبه 5 743 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 25 227 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 01 مارس, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -1 144 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 0% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 0 بازدید دریافت می‌کند. در اولین روز معمولاً 0 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 0 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 02 مارس, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلم‌ها تبدیل کرده‌اند.

25 227
مشترکین
اطلاعاتی وجود ندارد24 ساعت
-3887 روز
-1 14430 روز
آرشیو پست ها
Prey (2022) မြန်မာစာတန်းထိုး Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတ
+2
Prey (2022) မြန်မာစာတန်းထိုး Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။ အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။ https://t.me/zwthollywood720p/1997

UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်) IMDb -8/10 ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊ သူတို့ရွာက
UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်) IMDb -8/10 ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊ သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ ပေါများလွန်းတဲ့ ရွာလေးပေါ့။ ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာ သူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေ ဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊ ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကို အေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကို လိုက်ပါသွားရပါတော့တယ်။ ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ...... ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ .... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 720p https://t.me/zwtindia720p/2204 1080p https://t.me/zwtindia1080p/398

Bhimaa (2024) =============== ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင
Bhimaa (2024) =============== ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့..... 720p https://t.me/zwtindia720p/2202 1080p https://t.me/zwtindia1080p/396

သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ င
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

Veppam Kulir Mazhai (2024) "ရေကြည်တစ်ပေါက်" ပတ်ဝန်းကျင်မှာ မြင်ဖူးနေကျဇာတ်လမ်းကို ခပ်ဆန်းဆန်းပုံဖော်ထားတဲ့ တမီလ်ရုပ်ရှင်ကားသစ
Veppam Kulir Mazhai (2024) "ရေကြည်တစ်ပေါက်" ပတ်ဝန်းကျင်မှာ မြင်ဖူးနေကျဇာတ်လမ်းကို ခပ်ဆန်းဆန်းပုံဖော်ထားတဲ့ တမီလ်ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ လိုတာမရ ရတာမလိုဆိုတာလိုပဲ လိုချင်သူတွေကျ နည်းအမျိုးမျိုး ဆေးအဖုံဖုံနဲ့ ကြံဆပေမဲ့ ဘယ်လိုမှမရကြသလို မလိုချင်သူတွေကျပြန်တော့ တားနေတဲ့ကြားက တဖွတ်ဖွတ်ထွက်လာတတ်ကြတာကတော့ ရတနာလို့တင်စားကြတဲ့ သားသမီးရင်သွေးတွေပေါ့။ ဒီဇာတ်လမ်းမှာလည်း အိမ်ထောင်ရက်သားကျလို့ အချိန်တစ်ခုကြာတဲ့အထိ သားသမီးမရတဲ့ လင်မယားစုံတွဲကိုတွေ့ရမှာပါ။ သူတို့လင်မယားက သားသမီးမရတာကို ဘယ်လိုမှမနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ သွားပုတ်လေလွင့်ပြောတဲ့ဒဏ်၊ ယောက္ခမဖြစ်သူရဲ့ ပူညံပူညံစကားသံကို နားမခံနိုင်တော့တဲ့ ချွေးမဖြစ်သူရဲ့ ပူပင်သောကဒဏ်တွေနဲ့ လင်မယားနှစ်ယောက် သားသမီးရဖို့အရေး အကြိတ်အနယ် ကြိုးစားကြပုံကို ဇာတ်လမ်း ဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ https://t.me/zwtindia720p/2198

Sarileru Neekevvaru (2020) ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး
Sarileru Neekevvaru (2020) ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။ https://t.me/zwtindia720p/2196

Arthur the King (2024) *** မင်းသားကြီး Mark Wahlberg နဲ့ Shang-Chi မင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထား
+2
Arthur the King (2024) *** မင်းသားကြီး Mark Wahlberg နဲ့ Shang-Chi မင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့ Sport Drama ကားကောင်းလေးဖြစ်ပါတယ် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားပါ.. ဇာတ်လမ်းအညွှန်းကတော့.. လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံ စွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီး နိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့ ၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်.. ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာ နာမည်ကြီးထမင်းငတ်ပါပဲ...ထိပ်တန်း အဆင့် ၁၀ ထဲ အမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး.. အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ် ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်.. ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုး ကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲက မိတ်ဆွေ‌တွေကို ပြန်လည်စုစည်းပြီး...နောက်ဆုံးတစ်ကြိမ် ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်.. ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့ အဓိကသော့ချက်ဖြစ်လာပါတယ်... 720p https://t.me/zwthollywood720p/1991 1080p https://t.me/zwthollywood1080p/431

Lies We Tell (2023) ============ 19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်
Lies We Tell (2023) ============ 19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။ အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ဦးလေးရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ရှိသွားပါတယ်။ သူ့ရဲ့ လွတ်လပ်မှုကို ဘယ်လိုပြန်ယူပြီး ဦးလေးမိသားစုကို ဘယ်လို ပထုတ်မလဲဆိုတာ ကြည့်ရမှာပါ။ Maud နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးက အဲ့ဒီ့ခေတ်အခါက မျက်နှာထား အဆင်အပြင်နဲ့ ကွက်တိကျတယ်လို့ ခံစားရပါတယ်။ အစပိုင်း တစ်ဝက်လောက်ထိ ခပ်အေးအေး ဖြစ်နေပေမယ့် တဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်လာပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ Disturbing ဖြစ်တဲ့ scene တစ်ခု လည်း ပါတဲ့အတွက် သတိထားပြီး ကြည့်ဖို့ပြောပါရစေ။ https://t.me/zwthollywood720p/1987

တွယ်တာက သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင
တွယ်တာက သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

Killer Fortune Teller (2024) ================= ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ
Killer Fortune Teller (2024) ================= ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။ သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့...။ https://t.me/zwthollywood720p/1983

Warning 2 (2024) ကလဲ့စား ====================== IMDb - 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲ
Warning 2 (2024) ကလဲ့စား ====================== IMDb - 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။ 720p https://t.me/zwtindia720p/2192 1080p https://t.me/zwtindia1080p/394

Asphalt City (2023) Web-dl 1080p နယူးယောက်မြို့ကြီးရဲ့ အမှောင်ဘက်ခြမ်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဆေးအကူတစ်ယောက်အဖြစ် အလုပ်စဝင
Asphalt City (2023) Web-dl 1080p နယူးယောက်မြို့ကြီးရဲ့ အမှောင်ဘက်ခြမ်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဆေးအကူတစ်ယောက်အဖြစ် အလုပ်စဝင်ခဲ့တဲ့ Ollie ဟာ အသက်ကြီးကြီးပါတနာတစ်ယောက်နဲ့အတူ တစ်ခြားသူတွေရဲ့အသက်ကို လိုက်လံကယ်တင်ခဲ့ပါတယ်။ ကယ်တင်ရာမှာလဲ လူအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့တွေ့ကြုံခဲ့ရပါတယ်။ အဲ့လိုနဲ့ပဲ သူ့အလုပ်ရဲ့အမှောင်ဘက်ခြမ်းကို သိရှိသွားပြီးတော့ လွတ်မြောက်နိုင်ပါ့မလား။ အလင်းနဲ့အမှောင်ကြားက အားပြိုင်မှုတွေ၊ လူတွေရဲ့စိတ်နေသဘောထားတွေအကြောင်းကို ရိုက်ပြထားပါတယ်။ IMBD rating မှာ 6.3 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ https://t.me/zwthollywood720p/1981

Straight Outta Compton (2015) Blu-ray 1080p Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Straight Outta Compton လေးကိုဘာသာ
Straight Outta Compton (2015) Blu-ray 1080p Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Straight Outta Compton လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Biography, Drama, History အမျိုးအစားဖြစ်ပြီး NWA ရက်ပ်ဂီတအဖွဲ့ရဲ့ အကြောင်းကို အသေးစိတ်ဖော်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ်တန်မြို့လေးက ရက်ပ်ဂီတကိုဝါသနာပါတဲ့လူငယ်တချို့ဟာ မူးယစ်ဆေးရောင်းတဲ့ဘော်ဒါရဲ့မတည်မှုနဲ့ သီချင်းတစ်ပုဒ်ဖန်တီးလိုက်ရာက ထင်မှတ်မထားလောက်အောင်ပေါက်သွားခဲ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဂျယ်ရီဆိုတဲ့လူတစ်ယောက်က သူ့ကိုမန်နေဂျာနေရာပေးရင် NWA အဖွဲ့ကို တရားဝင်ဖြစ်အောင်လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။ အသက်ငယ်ငယ်လေးနဲ့ အရမ်းကိုအောင်မြင်လာခဲ့တဲ့ NWA အဖွဲ့ဟာ ငွေတွေရလာတာနဲ့အမျှ ဆေးချ၊ စော်ပွေနဲ့ ကဲချင်တိုင်းကဲနေကြတော့တာပေါ့။ အဲဒီငွေကြောင့်ပဲ NWA အဖွဲ့ဟာ တစ်စစီပြိုကွဲသွားပြီး တစ်ကိုယ်တော်ရပ်တည်ရတဲ့အခြေအနေမျိုးရောက်သွားခဲ့ပြီး ကတုံးပေါ်ထိပ်ကွက်ချင်တဲ့ လူတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။ အဲဒီခေတ်အခါတုန်းက လူဖြူတွေက လူမည်းတွေကို အသေနှိပ်ကွပ်နေတဲ့အချိန်ပေါ့။ လမ်းပေါ်မှာ လူမည်းတစ်ယောက်တွေ့နဲ့ ရဲတွေက မြေပေါ်မှောက်ခိုင်းပြီး စစ်လားဆေးလားလုပ် ပြီးရင် မသင်္ကာရင် ထောင်ထဲဆွဲထည့်နေတဲ့ အချိန်ကာလမျိုးမှာ လူမည်းလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ NWA ရက်ပ်ဂီတအဖွဲ့ဟာ အခက်အခဲတွေကြားထဲမှာ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို အသေးစိတ်ဖော်ပြထားသလို နောက်ခံသီချင်းတွေကလည်း GTA ဂိမ်းကို သတိရသွားစေမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းဆိုပေးချင်ပါတယ်။ (မှတ်ချက်။ ကြမ်းတမ်းတဲ့စကားလုံးအသုံးအနှုန်းတွေ၊ Nude Sense တွေ တော်တော်များများ ပါဝင်တဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး) Blu-Ray 1080p https://t.me/zwthollywood1080p/427

Blood for Dust (2023) Web-dl 1080p အက်ရှင် ပြစ်မှုဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Blood For Dust ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆ
Blood for Dust (2023) Web-dl 1080p အက်ရှင် ပြစ်မှုဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Blood For Dust ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။လက်ရှိ IMDb Rating 5.5 ရရှိထားပြီး ပေါ့ပေါ့ပါးပါးအက်ရှင်တွေ ဒုစရိုက်လောကအကြောင်းတွေကိုကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေတဲ့အနေအထားရှိပါတယ်။မင်းသားဖြစ်တဲ့ကလစ်ဖ်ဆိုတဲ့သူကအရောင်းဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသူ့ဘ၀မှာပစ္စည်းတွေအများကြီးကိုလိုက်လံရောင်းချရင်းနဲ့အချိန်တွေအများကြီးကုန်ဆုံးခဲ့ပါတယ်။အခုလည်းနှလုံးခုန်ရပ်သွားရင်ရှော့တိုက်ရတဲ့နှလုံးရှော့တိုက်စက်တွေကိုကုမ္ပဏီတစ်ခုဝင်တစ်ခုထွက်လိုက်ရောင်းနေရပါတယ်။အဲ့ဒီပစ္စည်းကတော်ရုံနဲ့အရောင်းသွက်တဲ့ပစ္စည်းမဟုတ်တဲ့အတွက်ငွေရေးကြေးရေးကခက်ခဲနေတဲ့အပြင်သူ့ရဲ့သားလေးကပါနေမကောင်းဖြစ်နေတဲ့အတွက်ပိုက်ဆံအလောတကြီးလိုလာပါတော့တယ်။ အဲ့ဒီအချိန်မှာအရင်တုန်းကသူနဲ့ကုမ္ပဏီတစ်ခုတည်းမှာအတူတူအလုပ်လုပ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကတော်တော်အဆင်ပြေနေပြီး သူ့ကိုအလုပ်အတူလုပ်မလားလို့ကမ်းလှမ်းလာတဲ့အခါမှာ ကလစ်ဖ်လဲပိုက်ဆံရမဲ့အလုပ်ဖြစ်တဲ့အတွက်ဘာမှမစဉ်းစားပဲလိုက်လာခဲ့ပါတော့တယ်။တကယ်တော့သူ့သူငယ်ချင်းရဲ့အလုပ်က လက်နက်တွေ မူးယစ်ဆေးတွေကိုရောင်းတဲ့သူဆီကနေမှာတဲ့သူဆီပို့ပေးရတာဖြစ်ပြီးကလစ်ဖ်ကိုလဲအဲ့ဒီအလုပ်လုပ်စေချင်နေတာပါ။ကလစ်ဖ်လဲမထူးတော့တဲ့ဘ၀မှာအရာအားလုံးကိုမေ့လိုက်ပြီးအဲ့ဒီအလုပ်ကိုလုပ်လိုက်တဲ့အခါမှာတော့သူ့အတွက်ကံကြမ္မာဆိုးကြီးတစ်ခုနဲ့ကြုံတွေ့ရပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ https://t.me/zwthollywood720p/1979

Monkey Man (မွန်ဘိုင်း John Wick) (2024) ========================== အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ
+2
Monkey Man (မွန်ဘိုင်း John Wick) (2024) ========================== အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။ Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်း မြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ရဲနဲ့ပေါင်းပြီး မြေမတရားသိမ်း၊ မိခင်ကို သတ်ဖြတ်ခဲ့တာတွေအတွက် တသက်လုံး အငြိုးတွေနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်။ တနေ့မှာတော့ သူ့ရဲ့ကလဲ့စားနဲ့အတူ အခြားသူတွေအတွက်ပါ တိုက်ခိုက်ပေးဖို့ အကြောင်းပြချက်တွေရှိလာပါတယ်။ သူလက်စားချေချင်တဲ့လူတွေကလည်း အိန္ဒိယရဲ့ ဩဇာအကြီးဆုံးအသိုင်းအဝိုင်းဖြစ်နေပြီး ဂရုဆရာတော်ကြီး၊ ရဲမှူးချုပ်နဲ့၊ ပါတီကြီးတစ်ခုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတော့ ရဲတွေ လုံခြုံရေးတွေနဲ့ လူမိုက်တွေကို ရအောင်ကျော်ဖြတ်ပြီး လက်စားချေဖို့ကြိုးစားပုံတွေကို ပြထားတာပါပဲ။ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ၊ 720p https://t.me/zwtindia720p/2190 1080p https://t.me/zwtindia1080p/392

သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ င
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

Late Night with the Devil (2023) Web-dl 1080p Horror ကားပရိသတ်တွေအတွက် IMDB Rating 7.2/10 ရထားပြီး ဆုနှစ်ဆုရထားတဲ့ Talk show
Late Night with the Devil (2023) Web-dl 1080p Horror ကားပရိသတ်တွေအတွက် IMDB Rating 7.2/10 ရထားပြီး ဆုနှစ်ဆုရထားတဲ့ Talk show ပုံစံ ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကဇာတ်ကောင် ဂျက်က 1970 ပြည့်နှစ်တွေမှာ "Night Owls"ဆိုတဲ့ Live TV show ရဲ့ နာမည်ကျော်တင်ဆက်သူဖြစ်ပါတယ်။ သူ့ရဲ့ဇနီး မက်ဒလင်းကလည်း အချစ်ခံသရုပ်ဆောင်ဖြစ်ပြီး သူတို့စုံတွဲကို အများက နေနဲ့လ ရွှေနဲ့မြလို့ သတ်မှတ်ထားကြတာပါ။ ဂျက်ကလည်း အဲ့ခေတ်အခါက ရေပန်းစားပြီး သူ့ရှိုးကလည်း အောင်မြင်ခဲ့ပါတယ်။ ဒါမဲ့ မက်ဒလင်း ကင်ဆာနဲ့ဆုံးသွားပြီးနောက်မှာတော့ ဂျက်က ဖျော်ဖြေရေးလောကကနေ ပျောက်သွားပါတယ်။ သူပြန်လာတဲ့အချိန် မှေးမှိန်နေတဲ့ ကျော်ကြားမှုနဲ့ သူ့တီဗီရှိုးရဲ့ ကြည့်ရှုနှုန်းတွေ ပြန်တက်အောင် ကြိုးပမ်းပါတယ်။ ဒီတစ်ခေါက် ရှိုးကို 1977 ဟောလိုဝင်းညမှာ တိုက်ရိုက်ထုတ်လွှင့်ပြီး အထူးဧည့်သည်တွေအဖြစ် ပရလောကမှာ နာမည်ရနေတဲ့သူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ သို့ပေမယ့် အစက ဇာတ်တိုက်ထားရာကနေ မူမမှန်တဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး evil အစစ်က သူတို့ထုတ်လွှင့်မှုဆီရောက်လာတဲ့အခါ...တစ်ဖန်ပြန်လည် အောင်မြင်ချင်တဲ့ ဂျက်တစ်ယောက် ဘာဆက်လုပ်လဲသိချင်ရင် ဆက်လက်အားပေးလိုက်ကြပါ။ https://t.me/zwthollywood720p/1975

Plane (2023) Web-dl 1080p မင်းသားကြီး Gerard Butler ဟာ ဒီဇာတ်ကားမှာ ကပ္ပတိန်ဘရော်ဒီတောရန့်စ်အနေနဲ့ သရုပ်ဆောင်ထားပြီး နှစ်သစ်က
Plane (2023) Web-dl 1080p မင်းသားကြီး Gerard Butler ဟာ ဒီဇာတ်ကားမှာ ကပ္ပတိန်ဘရော်ဒီတောရန့်စ်အနေနဲ့ သရုပ်ဆောင်ထားပြီး နှစ်သစ်ကူးနေ့မှာသူဟာ စင်္ကါပူကနေ တိုကျိုကိုလေယာဉ်ပြေးဆွဲခဲ့ရတာဖြစ်ပြီး အဲဒီခရီးစဉ်မှာ ခရီးသည်၁၄ယောက်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျံသန်းနေချိန်မှာပဲ မုန်တိုင်းကျရောက်နေတဲ့နေရာကိုဖြတ်လိုက်ရတဲ့အခါ မိုးကြိုးထိသွားပြီး လေယာဉ်ရဲ့လျှပ်စစ်စနစ်တွေနဲ့ အဆက်အသွယ်တွေအားလုံးပြတ်တောက်သွားပါတယ်။ ဒီလိုနဲ့ရှေ့ဆက်သွားလို့မရတော့ဘဲ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဒါပေမဲ့ ကပ္ပတိန်တောရန့်စ် မထင်မှတ်ဘဲဆင်းလိုက်မိတဲ့နေရာက ​ပြန်ပေးသမားတွေကြီးစိုးနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်နေပါတယ်။ အရေးပေါ်ဆက်သွယ်လို့ရမဲ့ အစိုးရမရှိ အာဏာပိုင်မရှိတဲ့နေရာမျိုးမှာ ခရီးသည်တွေနဲ့လေယာဉ်ကိုကာကွယ်ဖို့တာဝန်ရှိတဲ့ ကပ္ပတိန်တောရန့်စ်တစ်ယောက် ဘယ်လိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်မလဲဆိုတာကိုကြည့်ရှုလိုက်ကြရအောင်။ https://t.me/zwthollywood720p/1973

The Wailing (2016) •••••••••••••••••••••••••• ရဲသား jong goo နေတဲ့ရွာလေးက တောတာင်တွေနဲ့ တော်တော်လေးသာယာပြီး တစ်နေ့မှာတော့အဲ့ရ
The Wailing (2016) •••••••••••••••••••••••••• ရဲသား jong goo နေတဲ့ရွာလေးက တောတာင်တွေနဲ့ တော်တော်လေးသာယာပြီး တစ်နေ့မှာတော့အဲ့ရွာလေး ကို ဂျပန်အဖိုးကြီး တစ်ယောက်ရောက်လာခဲ့တယ်။ အေးချမ်းလှတဲ့ရွာလေးဟာ အဖိုးကြီးရောက်လာပြီး တော့ မူမမှန်တာတွေဖြစ်လာပါတော့တယ်။ မိသားစုဝင်အချင်းချင်း ပြန်သက်တာတွေ။ လူသေမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပါတော့တယ်။ဆေးစစ်ချက်တွေအရ မှိုတွေကိစားသုံးပြီး မူမမှန်ကာ တစ်ယောက်နဲ့တစ်ယောက်သက်တယ်လို့ ဆိုတယ်။ တချို့တွေကလဲမှိုကြောင့်ဆိုတာလုံးဝမယုံကြပါဘူး။ မုဆိုး တစ်ယောက်ကလဲတောထဲမှာ ဂျပန်အဖိုးကြီးက အသားစိမ်းတွေကိုစားသောက်နေတာတွေ့တယ်လို့ဆိုလာပြန်တယ်။ နောက်တော့ အဝတ်ဖြူနဲ့ကောင်မလေးတစ်ယောက်ကလဲဒီဖြစ်ရပ်တွေက ဂျပန်အဖိုးကြီးကြောင့်ဖြစ်တာ သူကိုယ်တိုင်မြင်တယ်လို့ပြောခဲ့ပြန်တယ်။ အဖြူအမဲမသဲကွဲတော့တဲ့ရဲသားက တောထဲကဂျပန်အဖိုး ကြီးအိမ်ကိုသွားရောက်စစ်ဆေးတဲ့အခါ မှာတော့ သူ့သမီး လေးရဲ့ဖိနပ်ကိုတွေ့သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့သူ့သမီးလေးဟာလဲလုံးဝပုံမှန်မဟုတ်တော့ဘဲ အရင်ကမစားဖူးတဲ့အသားငါးတွေကိုစားတတ်လာတယ်။အရင်ထက်ပိုပြီးရိုင်းစိုင်းလာခဲ့တယ်။ အ့တော့ရဲမှူးတစ်ယောက်ဒီသဘာဝလွန် အမှုကိုဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲ။ အဖိုးကြီးကရောတကယ်ပဲမကောင်းဆိုးဝါးကြီးလား။ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ စဉ်းစားစရာတွေကျန် နေခဲ့အောင် လူတွေရဲ့အာရုံကို လှည့်စားသွားမဲ့ ကားကောင်းလေးပါ။ မှတ်ချက် - သူများတွေပြောသလို လုံးဝပေါကားမဟုတ်ပါ။ https://t.me/channelmyanmarkorea/568