cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Justice Seeker Group-JSG

နီပိတ်တွေကိုနှိမ်နင်းမယ်

نمایش بیشتر
پست‌های تبلیغاتی
8 678
مشترکین
-324 ساعت
+87 روز
+1130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဆန်စျေးနှုန်းများ သတ်မှတ် (သတ်မှတ်ထားသော စျေးနှုတ်ထက်ကျော်လွန်ရောင်းချပါက အရေးယူခြင်း ခံရမည်။) အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်း ၂၄ ပြည် တစ်အိတ်လျင် ၇၀,၀၀၀ ကျပ်။ အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တအိတ်လျှင်  ၁၄၅,၀၀၀ ကျပ် သတ်မှတ်ထားသည်။
نمایش همه...
👍 19
တရုတ် လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် နမူနာပစ္စည်းတွေနဲ့အတူ ကမ္ဘာမြေကို ပြန်လည်ဆင်းသက် ကမ္ဘာမြေနဲ့ ဝေးရာဘက်ခြမ်းမှ လကမ္ဘာရဲ့ နမူနာပစ္စည်းတွေကို သယ်ဆောင်လာခဲ့တဲ့ တရုတ် စူးစမ်းလေ့လာရေးယာဉ် က ဇွန် ၂၅ ရက်မှာ ကမ္ဘာမြေသိုပြန်လည်ဆိုက်ရောက်လာခဲ့ပြီး နည်းစနစ်ပိုင်းအရ ရှုပ်ထွေးတဲ့ ၅၃ ရက်ကြာ မစ်ရှင်ကို အဆုံးသတ်လိုက်ပါတယ်။ ချန်အဲ -၆ အာကာသယာဉ် ရဲ့ မြေပြင်ဆင်းသက်မှုအစိတ်အပိုင်း က မွန်ဂိုလီးယားအတွင်းပိုင်း က ကြိုတင်သတ်မှတ်ထားတဲ့ နေရာကို နေ့လယ် ၂ နာရီ ၀၇ မိနစ်မှာ ဆင်းသက်ခဲ့ကြောင်း တရုတ် အမျိုးသားအာကာသဆိုင်ရာအုပ်ချုပ်ရေးရုံး က ပြောကြားခဲ့ကာ မစ်ရှင် က ပြည့်စုံတဲ့ အောင်မြင်မှု ရခဲ့ကြောင်း ပြောပါတယ်။ ချန်အဲ-၆ အာကာသစူးစမ်းလေ့လာရေးယာဉ် က ကမ္ဘာမြေနဲ့ ဝေးရာဘက်ခြမ်းမှ မြေကြီး နဲ့ ကျောက်တုံးနမှုနာတွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီနေရာ က သိရှိနားလည်ဖိုခက်တဲ့ နေရာဖြစ်ပြီး ကမ္ဘာမြေနဲ့ နီးရာဘက်ခြမ်းနဲ့နှိင်းယှဉ်ရင် ချော်ရည်ဖုံးလွှမ်းမှု နည်းပြီး ပိုမိုကြမ်းတမ်းတဲ့ အသွင်အပြင် ရှိတာကြောင့် သုတေသနလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိတယ်လို သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ ဒါနဲ့အတူ အဲဒီဘက်ခြမ်း က ယူလာတဲ့ ပစ္စည်းတွေ က လကမ္ဘာ ဘယ်လိုဖြစ်တည်လာပြီး အချိန်ကြာလာတာနဲ့ အမျှ မည်သိုမည်ပုံပြောင်းလဲလာသလဲ ဆိုတာကို နားလည်နိုင်ဖို အထောက်အကူ ဖြစ်လိမ့်မယ်လို ယူဆကြပါတယ်။ စူးစမ်းလေ့လာရေးယာဉ် က ပုံမှန်အတိုင်းလည်ပတ်နေတာကြောင့် ချန်အဲ-၆ ရဲ့ စူးစမ်းလေ့လာရေး မစ်ရှင်တစ်ခုလုံးက လုံးဝအောင်မြင်မှုရခဲ့တာဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသဆိုင်ရာအုပ်ချုပ်ရေးရုံး ပြောကြားပါတယ်။ ဒီအပေါ်မှာ သမ္မတ ရှီကျင့်ဖျင်ကလည်း ချီးကျူးဂုဏ်ပြုတဲ့ သတင်းစကားပေးပိုခဲ့ကာ မစ်ရှင်ထိန်းချုပ်ရေးအဖွဲရဲ့ ပြောင်မြောက်တဲ့ ပါဝင်လုပ်ဆောင်မှုတွေကို အမိနိုင်ငံတော် နဲ့ ပြည်သူတွေ က အမြဲတမ်းပဲ အမှတ်ရနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း အစိုးရရုပ်သံ စီစီတီဗီ က ဖော်ပြပါတယ်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ကိုးကား - AFP/lh/fh
نمایش همه...
👍 4 1
Photo unavailableShow in Telegram
မန္တလေးမှာ ၄၁၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို မီးရှို့ဖျက်ဆီး မန္တလေး၊ ဇွန် ၂၆ SA(VOM) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ၃၇ ကြိမ်မြောက်အထိန်းအမှတ်အနေနဲ့ မန္တလေးမြို၊ ချမ်းမြသာစည်မြို နယ်မှာရှိတဲ့ လေယာဥ်ကွင်းဟောင်းမှာ မြန်မာငွေ ကျပ် ၄၁၈.၀၄၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ၄၁ မျိုး တိုကို မီးရှိဖျက်ဆီးခဲ့ပါတယ်။ သတင်းအပြည့်စုံ ကြည့်ရှုရန် - https://m.facebook.com/story.php?story_fbid=789056306738921&id=100069036769684&mibextid=Nif5oz #VOM #voiceofmyanmar #မးယစ်ဆေး #မးယစ်ဆေးဝါးတိုက်ဖျက်ရေး #မးရှိဖျက်ဆီး
نمایش همه...
👍 4 1
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်လှူဒါန်း ရန်ကုန် ဇွန် ၂၆ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များပေးအပ်လှူဒါန်းပွဲအခမ်းအနား ယမန်နေ့မွန်းလွဲ (၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြိုနယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ စာပေဆိုသည်မှာ နိုင်ငံနှင့် လူမျိုး၏ အသက်ဝိညာဉ်ပင်ဖြစ်ပါကြောင်း၊ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ်ကင်းမဲ့သော ခန္ဓာနှင့်တူပြီး စာပေယဉ်ကျေးမှုထွန်းကားသော လူမျိုးများသည် ကမ္ဘာပေါ်တွင် သက်သောင့်သက်သာနေနိုင်သော လူမျိုးအဖြစ် ရပ်တည်နေနိုင်ကြသည့်အတွက် ဖွံဖြိုးဆဲနိုင်ငံများ၊ ဖွံဖြိုးတိုးတက်သော နိုင်ငံများအနေဖြင့် စာပေအသိပညာဗဟုသုတ ထွန်းကားနေစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားတွေ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းနေတာကို တွေ့ရှိရသည့်အတွက် တိုင်းရင်းသားပြည်သူတွေ စာတတ်မြောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်အတွက် လူထုသိပ္ပံကျမ်းစာအုပ် ၆၂၅ အုပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စာကြည့်တိုက် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖွင့်လှစ်ထားရှိသော စာကြည့်တိုက် ၁၂၅ တိုက်အတွက် ရန်ပုံငွေပေါင်း ၁၈၆၀ သိန်း တန်ဖိုးရှိ စာအုပ် စာစောင်ပေါင်း ၆၈၅၅၅ အုပ်ကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် စာကြည့်တိုက်မှူးများရဲ့၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် စာကြည့်တိုက်ပညာသင်တန်း ၄ ကြိမ်တွင် သင်တန်းသား ၂၀၀ ဦးအား ဖွင့်လှစ်ပိုချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အောင်မြင့်(ပြန်/ဆက်)
نمایش همه...
👍 2 1
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်လှူဒါန်း
نمایش همه...
👍 3
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်) =========================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေ အားကောင်း နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် -------------------------------------------------------------------------- မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် ၁ မိုင်အောက်။ ရေပြင်လေ။ တောင် (သို) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀။ လှိင်းအ‌ခြေအနေ။ လှိင်းကြီးနိုင်ပါသည်။ လှိင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် -------------------------------------------------------------------------- မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံအပြား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။ ရေပြင်လေ။ တောင် (သို) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀။ လှိင်းအ‌ခြေအနေ။ လှိင်းကြီးနိုင်ပါသည်။ လှိင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။ # မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
نمایش همه...
👍 4
00:46
Video unavailableShow in Telegram
PDF အမည်ခံ အကြမ်းဖက်သမားများပစ်ခတ်ခဲ့သည့် မြတ်ပုညပရဟိတအသင်းယာဉ်ပေါ်တွင် အဖော်အဖြစ်လိုက်ပါလာသော စခမကျေးရွာမှ ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်
نمایش همه...
video_2024-06-23_20-43-49.mp433.85 MB
👍 9
Photo unavailableShow in Telegram
ဇွန်လ ၂၂ ရက်နေ့က မောင်တောမြို့၊ မြို့ဦးရပ်ကွက်အပိုင် ဇူလာရွာမှာ လမ်းလျှောက်နေတဲ့ဘင်္ဂါလီတစ်ဦးကို AA အဖွဲ့က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၂၀ ရက်နေ့ကလည်း မြို့ဦးရပ်ကွက် ဟော်ရီတူလာရွာတွင် ဘင်္ဂါလီ စစ်ဘေးရှောင်တစ်ဦးက အိမ်ပြန်ပြီး အစားအသောက်တွေလာယူတာကို AA အဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်... AA အကြမ်းဖက်ပြည်ဖျက်အဖွဲ့က ဘင်္ဂါလီရွာတွေနားမှာ တိုက်ပွဲဖော်ဆောင်ပြီး ဒေသခံတွေကိုမောင်းထုတ်ခဲ့သလို တိုက်ပွဲတွေမဖြစ်တော့တဲ့အချိန်မှာလည်း ရွာခံတွေကို ကိုယ့်ရွာကိုပေးမဝင်ဘဲ ပိတ်ဆို့ထားလို့ အစာရေစာပြတ်လပ်ပြီး ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်....
نمایش همه...
👍 7
Photo unavailableShow in Telegram
အကြမ်းဖက်သောင်းကျန်းသူ AA တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၈ ရက်နေ့က မောင်တောမြို့ပေါ်က ဘင်္ဂါလီရပ်ကွက်တွေဖြစ်တဲ့ သီဟိုဠ်ကျွန်းကျေးရွာ၊ ဟာဘီရွာနဲ့ မြို့ဦးကျေးရွာထဲကို ဝင်ရောက်လာပြီး ဘင်္ဂါလီတွေကို နေအိမ်တွေမှမောင်းထုတ်ကာ အိမ်တွေမှာရှိတဲ့ ရွှေ၊ ငွေ၊ ဆန်အိတ်၊ စားစရာများနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေကို လုယူဆောင်သွားတယ်လို့ သိရပါတယ်...AA ဟာ ဘင်္ဂါလီတွေကို အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်နေတဲ့အပြင် အခုလိုနေအိမ်တွေကနေ မောင်းထုတ်ပြီး ပစ္စည်းတွေကို လုယူနေတာဟာ လူ့အခွင့်အရေးကို ပေါ်တင်ချိုးဖောက်နေတာဖြစ်လို့ ဘင်္ဂါလီတွေက AA ကို အရေးယူပေးဖို့ UN အပါအဝင် ကမ္ဘာအဖွဲ့အစည်းတွေကို တောင်းဆိုနေပေမဲ့ လျစ်လျူရှုထားခြင်းကို ခံနေရဆဲပဲ ဖြစ်ပါတယ်...
نمایش همه...
👍 5
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.