Book4U.MM
رفتن به کانال در Telegram
5 376
مشترکین
-424 ساعت
-177 روز
-9830 روز
آرشیو پست ها
5 375
ဒီစာအုပ်မှာ —
အရေးကြီးတဲ့ English Tenses တွေ
Essay Writing အတွက် လိုအပ်တဲ့ Sentence Structure တွေ
Eight Parts of Speech နဲ့ အခြေခံ Grammar စည်းမျဉ်းတွေ
Simple Sentence မှ Complex Sentence အထိ စနစ်တကျ လေ့ကျင့်နိုင်မယ့် Sentence Pattern တွေ
Guided Writing Practice တွေ
အဆင့်လိုက် လေ့ကျင့်ခန်းတွေနဲ့ သင်ခန်းစာတိုင်းကို ရှင်းလင်းပြတ်သားစွာ ရေးသားထားပြီး လက်တွေ့ အသုံးချနိုင်သော လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
သင့်တော်သောသူများ ကတော့ -
- အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူတွေ
- Beginner မှ Pre-Intermediate အဆင့် ကျောင်းသားတွေ
- Academic Writing ပြင်ဆင်လိုသူတွေ
- Self-study လေ့လာလိုသူတွေ
- Cambridge English Exam ဖြေဆိုမယ့်ကျောင်းသားတွေ (Flyer/ KET Level တွေမှာ Story Writing တွေရေးသားနိုင်ဖို့၊ PET /FCE Level တွေမှာလည်း Essay/Email/Article တွေ ရေးနိုင်ဖို့) ပဲဖြစ်ပါတယ်။
ဒီစာအုပ်နဲ့ လေ့ကျင့်ပြီးသွားရင် —
✔️ English Writing ကို ယုံကြည်မှုရှိရှိနဲ့ရေးနိုင်လာမယ်
✔️ Grammar အသုံးအနှုန်းတွေမှန်ကန်လာမယ်
✔️ English Sentence တွေကို ကိုယ်တိုင်တွေးပြီး ကိုယ်တိုင်ရေးနိုင်လာမယ်
✍️Htet Naing Aung
တန်ဖိုး-30000ကျပ်
5 375
📖ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ်
✍️ စုမြတ်ချစ်-ဘာသာပြန်
▪️ဂျပန်စာရေးဆရာမ Sanaka Hiiragi ရဲ့ဒီဝတ္ထုမှာ သေဆုံးပြီးသူတွေဟာ သူတို့ရဲ့ဘဝထဲက
အမှတ်ရစရာအချိန်ကာလတွေကို ပြန်လည်ကြည့်ရှုနိုင်တဲ့ မှော်ဆန်ဆန် ဓာတ်ပုံဆိုင်ထဲ ရောက်သွားကြတယ်။
▪️တကယ်တော့ ဒီဆိုင်ဟာ သေခြင်းတရားဆီသွားတဲ့
တံခါးဝ၊ ဘဝနဲ့ သေခြင်းတရားကြားက နေရာဖြစ်တယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကွယ်လွန်သူတွေဟာ
ဆိုင်ပိုင်ရှင် မစ္စတာဟီရာဆာကရဲ့ "ပျောက်ဆုံးမှတ်ဉာဏ်များ၏မီးအိမ်” ကနေတစ်ဆင့် သူတို့ရဲ့တစ်သက်တာမှတ်တမ်းတွေကို နောက်ဆုံးတစ်ကြိမ် ကြည့်ရှုခွင့်ရကြတယ်။
▪️သူတို့ရဲ့ဘဝဓာတ်ပုံများစွာကို စုစည်းကြည့်ရှုရင်း
မစ္စတာဟီရာဆာကက ဧည့်သည်တွေကို ဒုတိယလက်ဆောင်တစ်ခုအဖြစ် အခွင့်အရေးတစ်ခုလဲ ပေးအပ်သေးတယ်။
အဲဒါကတော့ သူတို့ရဲ့ဘဝထဲက အထူးတန်ဖိုးထားလိုတဲ့ အချိန်ကာလတစ်ခုကို ဓာတ်ပုံရိုက်ဖို့ သူတို့ရဲ့အတိတ်ကို ပြန်သွားခွင့်ရခြင်းပဲဖြစ်ပါတယ်။
▪️ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်တဲ့ ဝတ္ထုဖြစ်တာမို့ "ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ်” ဟာ အတိတ်ကိုလွမ်းဆွတ်မှု၊ ရယ်မောမှု၊ မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုဆီကို စာဖတ်သူတွေကို
အလည်ခေါ်ဆောင်သွားမှာပါ။
တန်ဖိုး - 13,500
စာ-224
5 375
+3
ဆရာ #Kaung Hein Soe(Strategic) ၏ စာအုပ် ၄ မျိုးအား (Book4U) တွင်မှာယူရရှိနိုင်ပါပြီ...✅👇
မှာယူနိုင်သည့် စာအုပ်စာရင်း..
📖ငွေရှာနည်းအတွေး ငွေပွားနည်းအမြင်
တန်ဖိုး 16500
စာမျက်နှာ 150
📖ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း
တန်ဖိုး 16000
စာမျက်နှာ 126
📖အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုဖြင့် ကြွယ်ဝမှုတည်ဆောက်ခြင်း
တန်ဖိုး 19000
စာမျက်နှာ 192
📖မိနစ်ပိုင်းစာ စီးပွားရေးပညာ(၁)
တန်ဖိုး 20000
စာမျက်နှာ 294
------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 375
+1
ဆရာကျော်ဌေး ၏ စာအုပ် ၂ အုပ် ဈေးနှုန်း နဲ့ မျက်နှာဖုံးလေးပြောင်းသွားပါတယ်....
အင်ဒီကေတာ နည်းစနစ်များ
တန်ဖိုး 16000 ကျပ်
စာမျက်နှာ 175
ပရိုက်စ်အက်ရှင်နည်းစနစ်များ
တန်ဖိုး 16000 ကျပ်
စာမျက်နှာ 185
------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 375
📖ဒီစာအုပ်လေးဟာ ဘဝအပေါ် ထိန်းချုပ်၊ ခြယ်လှယ်နေတတ်တဲ့ “စိတ်” ကို တန်ပြန် ကိုင်တွယ်ပြီး၊ ဘဝနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ဆက်ဆံရေး စတဲ့ နယ်ပယ်စုံမှာ အောင်မြင်မှု၊ တည်ငြိမ်မှု၊ ခိုင်ခံ့မှုတွေရှိလာအောင် လုပ်နိင်မယ့် နည်းလမ်းကောင်း တွေကို လမ်းညွန်ပေးထားပါတယ်။
📖ဒီစာအုပ်လေးကို အခန်းငယ်၊ အပိုင်းစိတ်လေးတွေခွဲပြီး စီစဉ်ရေးသားထားတာ ကြောင့်၊ တပြိုင်နက်တည်း တစ်အုပ်လုံး အပြီး မဖတ်ချင်ရင်တောင်၊ ခွဲဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ ဘဝရဲ့ အခက်အခဲဆုံးသော အချိန်တွေမှာတောင် ဒီစာအုပ်လေး ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက သင့်အတွက် အထောက်အကူပြု “ကျောက်ဘူး” လေးသဖွယ် ဖြစ်နိင်ပါစေ။
👉စိတ်ဆိုတဲ့အရာက အင်မတန်မှ ဆန်းကြယ်ပါတယ်။ အင်မတန်မှ တန်ခိုးကြီးပါတယ်။ စိတ်တန်ခိုးကို အသုံးချနိုင်ပြီး အရာအားလုံးထက် အစွမ်းပိုထက်အောင် လုပ်ဆောင်နိုင် စွမ်းရှိပါတယ်။ အတွေးအခေါ်ကို ပြောင်းလဲနိုင်တာနဲ့ တပြိုင်နက် ဘဝကြီးတစ်ခုလုံး လည်း နဂိုကထက် ပိုပြီး ကောင်းစားလာနိုင်မှာ ဖြစ်ပါတယ်။
📕တည့်တည်တွေး
ဘာသာပြန်-မောရိသျှ
တန်ဖိုး-၆၀၀၀
စာ-၁၂၇
5 375
Harvard ManageMentor (ဟားဗတ် စီးပွားရေးတက္ကသိုလ်၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုနည်းပြဆရာ) သင်ရိုးမှာ အမေရိကန်နိုင်ငံ Harvard Business School (HBS. USA) ဟားဗတ် စီးပွားရေးတက္ကသိုလ်၏ ကျော်ကြားသော သင်ရိုးတစ်ခုဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးများ ဥပမာ (Cocacola, Telenor, Ooredoo, Caterpillar) စတဲ့ Multinational Company (အထူးသဖြင့် အမေရိကန်ကုမ္ပဏီကြီး) တွေမှာ မန်နေဂျာနဲ့ အထက် အရာထမ်းတွေကို သင်ယူစေပါတယ်။
ဒီသင်ရိုးဟာ လက်တွေ့အသုံးချ သင်ရိုး (Apply Course) ဖြစ်ပြီး Supervisor, Team Leader, Manager မှစ၍ အထက် Chief Level အထိ လေ့လာပြီး လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရန် ကိရိယာ (Tools) များ ပါဝင်ပါတယ်။
ဒီသင်ရိုးမှာ မိမိကိုယ်ကို အသုံးချဖို့ (Leading Yourself)၊ သူများအပေါ် အသုံးချဖို့ (Leading Others)၊ စီးပွားရေးလုပ်ငန်း နေ့စဉ်လည်ပတ်ရေးမှာ အသုံးချဖို့ (Leading the Business Operation)၊ စီးပွားရေး စီမံကိန်းတွေမှာ စီမံခန့်ခွဲဖို့ (Leading the Business Strategy) အတွက် စီးပွားရေးဆိုင်ရာခေါင်းစဉ် (၄၄ ခု) ပါဝင်ပါတယ်။
ဘာသာပြန်-Nay Linn
တန်ဖိုး-၁၆၀၀၀
စာ-၂၉၅
5 375
ဘယ်တော့မှ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့။ ဒုတိယဝင်ငွေလမ်းကြောင်း ဖန်တီးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ပါ။ ဝင်ငွေလမ်းကြောင်းလေးခုနဲ့ အခြေတည်ငြိမ်တော့မှ Risk များ၊ Return များတဲ့ Investment တွေ စတင်ပါ။ ရရှိနေတဲ့ ဝင်ငွေလမ်းကြောင်းတွေဟာ တူညီတဲ့ အရင်းအမြစ် တစ်ခုတည်းကနေ ရရှိနေတာမျိုး မဖြစ်ပါစေနဲ့။
လက်ထဲမရသေးတဲ့ငွေကို ဘယ်တော့မှကြိုမသုံးပါနဲ့။ အနာဂတ်မှာရမယ့်ငွေကို အပျော်အပါး အသုံးအဖြုန်းအတွက် ဘယ်တော့မှ မသုံးစွဲပါနဲ့။ ငွေပြန်ရမယ့် ၊ ကျိန်းသေမြတ်မယ့် ၊ Risk လည်းနည်းတဲ့ အခွင့်အလမ်းတွေအတွက်တော့ အနာဂတ်မှာရမယ့်ငွေဟာ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်။
📗ငွေရှာနည်းအတွေး
ငွေပွားနည်းအမြင်
✍Kaung Hein Soe
တန်ဖိုး-၁၆၅၀၀
စာမျက်နှာ-၁၅၀
5 375
📖ဗိသုကာ အနုပညာ အတွေးအမြင်နှင့် ဗိသုကာ အဆောက်အအုံပညာ စာစုများ
ဗိသုကာပညာကို သမိုင်းရှုထောင့်
နောက်ခံဖြင့် ကြည့်တတ် မြင်တတ်မှသာ
မြန်မာ့ ဗိသုကာပညာရပ်၌ လေ့လာသူအဖြစ်
ပီပြင်လာလိမ့်မည်။
ပြည့်စုံပေလိမ့်မည်။
ကုံလုံပေလိမ့်မည်။
သို့သော် စုစည်းဝေဖန်ခြုံငုံသုံးသပ်ပြီး
ရေးသား ထားသည့် မြန်မာဗိသုကာပညာရပ်
ဖတ်စာအုပ်၊
ကျမ်းစာအုပ်၊
ကျောင်းသားကိုင်စာအုပ် တစ်အုပ်တစ်လေမျှ မရှိခဲ့။
ဤအခြေအနေမျိုးဖြင့် မြန်မာ့ ဗိသုကာပညာရပ် ပို့ချရသည့် ကျောင်းဆရာဘဝ၏ အတွေ့အကြုံတို့ကို မှတ်တမ်းတင်လိုပါသည်။
========
စာရေးသူ–ဒေါက်တာလွင်အောင်
တန်ဖိုး–18000
စာမျက်နှာ–311
-----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 375
👉 ဒီစာအုပ်ထဲမှာ သင်ဟာ -
ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချစ်ရမယ် ..
ကိုယ့်ရဲ့ အတွင်းစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ် ..
အကြောက်တရားတွေနဲ့ အဆိုးမြင်စိတ်တွေကို ဘယ်လိုအောင်မြင်စွာ ကျော်လွှားရမယ် ..
စတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ လေ့လာနိုင်ပါလိမ့်မယ် ..
👉 ဒီစာအုပ်ဟာ ရိုးရိုးရှင်းရှင်း စိတ်ဓာတ်ခွန်အား ပေးရုံသာမကဘဲ သင့်ရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် ပြောင်းလဲပစ်ဖို လက်တွေ့ကျကျ လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ် ..
👉 သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေက သင့်ဘဝကို ဘယ်လိုပုံဖော်လဲဆိုတာကို ဒီစာအုပ်က မျက်စိဖွင့်ပေးပါလိမ့်မယ် ..
👉သင့်စိတ်ထဲက အကြောက်တရားတွေကို ရင်ဆိုင်ပြီး သင့်ဘဝထဲကို ကောင်းမွန်တဲ့ အရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မယ့် အဓိကသော့ချက်တွေကို ဒီစာအုပ်ကနေ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ် ..
🥰 ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖိုအတွက် ဒီစာအုပ်ဟာ သင့်ရဲ့ လမ်းညွှန်ဖြစ်ပါလိမ့်မယ် .....
📖-အကောင်းမြင်စိတ်ဖြင့်ပျော်ရွှင်သောဘဝ
✍️ စာရေးသူ -ထက်ထက်တင်ဇာ
စာမျက်နှာ ၂၇၂
တန်ဖိုး-၁၆၅၀၀
5 375
ယနေ့ခေတ် လျှပ်စစ်လုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်လျှက် ရှိသော လျှပ်စစ်လုပ်ငန်း များတွင် Electrical Control များသည် တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာကြပြီ ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်သူများအတွက်အကျိုးရှိစေရန် Electrical Control အတွက် ကဏ္ဍ စုံလင်စွာပါဝင်သော စာအုပ်တစ်အုပ် ရေးမည်ဟု စိတ်ကူးပြီး ဤ Electrical Control Technology စာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်သည်။
စက်ရုံများတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ကိုင်နေသော လျှပ်စစ်ဝန်ထမ်း များ၊ လျှပ်စစ်ကန်ထရိုက်တာများ၊ လျှပ်စစ်လုပ်သားများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၊ Electrical Control ပိုင်းကို စိတ်ပါဝင်စားသူများ နှင့် အသက်မွေးပညာသင်တန်း များတွင် ပညာသင်ကြားနေသော လူငယ်များအတွက် ပြန်လည်မျှဝေလိုသော ဆန္ဒဖြင့် ရေးသား ထားခြင်းများဖြစ်ပါသည်။ ဤစာအုပ်တွင် Electrical Control ကို Ladder Diagram နှင့် Control Diagram နှစ်မျိုးဖြင့် ရေးသား ဖော်ပြထား ပါသည်။
တန်ဖိုး-60000
☎ - 09798103010;097949 64825
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆိုင်ဖွင့်ချိန်(မနက်၉နာရီမှညနေ၅နာရီခွဲထိ)
တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါသည်။
5 375
အင်္ဂလိပ်-မြန်မာ
အနောက်တိုင်း ဆေးပညာအဘိဓာန်
~~~~~~~~~~
စာရေးသူ-U KAUNG NYUNT
တန်ဖိုး-၂၅၀၀၀
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆိုင်ဖွင့်ချိန်(မနက်၉နာရီမှညနေ၅နာရီခွဲထိ)
တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါသည်။
5 375
ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cumm Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သောပန့်များ၊ နော်ဇယ်များနှင့် Governorများအကြောင်းကို ပြည့်စုံစွာဖော် ပြထားပါသည်။ ပါဝင်သော အစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အ ဖော်ပြထားပါသည်။
ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီများ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ အင်ဂျင်နီယာကျောင်းသား/သူများအတွက် အထူးသင့်လျော်ပါသည်။ အထူးသဖြင့် ဒီဇယ်အင်ဂျင်အတွက် အခက်အခဲတွေ့နေကြသော အင်ဂျင်နီယာများအတွက် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
မျိုးဆက်သစ်စက်မှုအင်ဂျင်နီယာများသို့
✍ဦးအုန်းမြင့် (ဒီဇယ်)
တန်ဖိုး-၂၅၀၀၀
5 375
+4
📝ဆရာမမြင့်မြင့်ခင်စာအုပ်များ
✅မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း
တန်ဖိုး-19000/စာ-267
✅အခုပဲ စတင်လိုက်ပါ
တန်ဖိုး-14000/စာ-204
✅အပြုသဘောစိတ်ထားဖြင့်ရှင်သန်ခြင်း
တန်ဖိုး-12000/စာ-153
✅ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့အတွကသင်ခန်းစာ၂၅ချက်
တန်ဖိုး-14000/စာ-167
✅မိမိကိုယ်ကိုယ်သတိပေးခြင်း
တန်ဖိုး-15000/စာ-125
5 375
📘နမူနာတွက်ချက်နည်းလမ်းညွှန်
📖ဤစာအုပ်တွင် အပိုင်း (၄) ပိုင်းခွဲခြားပြီးဖော်ပြထားပါသည်။
အပိုင်း(၁) တွင် စစ်တမ်းကောက်သုတေသနဆိုင်ရာ နမူနာတွက်ချက်နည်းကို ဖော်မြူလာများဖြင့် ဖော်ပြထားပါသည်။ ထို့အပြင် မည်သည့်အကြောင်းကြောင့် တွက်ချက်ယူရကြောင်း၊ တွက်ချက်ယူရာတွင် သိထားရမည် အချက်အလက်များ အကြောင်းတို့ကို ဖော်ပြထားပါသည်။
အပိုင်း(၂)တွင် ကောက်ချက်ချသုတေသနဆိုင်ရာ နမူနာတွက်ချက်နည်းများ ကို နမူနာများဖြင့် ဖော်ပြထားပါသည်။
အပိုင်း(၃)တွင် Power ဖြင့် နမူနာတွက်ချက်နည်းကို ဖော်ပြထားပါသည်။
အပိုင်း (၄)တွင် James Bartlett(2021) ထုတ်ဝေထားသည် “Introduction to Power
Analysis: A Guide to G*Powerစာအုပ်နှင့်ဂျာမနိုင်ငံ Universität Düsseldorf တက္ကသိုလ်မှထုတ်ဝေထားသည့်
G*Power Software : G*Power manual 3.1 တို့ကို အခြေခံလျှက် one sample mean t-test, Independent sample t-test, Paired sample t-test, One Way-ANOVA,Two Way ANOVA, Pearson correlation နှင့် Regression များတွင် နမူနာ များတွက်ချက်ယူပုံကို နမူနာများ၊ လေ့ကျင့်ခန်းများဖြင့် တစ်ခုချင်းစီ အသေးစိတ်ဖော်ပြထားပါသည်။
5 375
မှော်ပိုင်သွန် Magic Python စာအုပ်က စာအုပ်တစ်အုပ်နှင့်မတူပဲ Programming လောကကို ဝင်ရောက်ရန် တံခါးတစ်ချပ်နှင့်ပင် ပိုတူပါတယ်။
The Art of Programming ကို စာဖတ်သူနားလည်လွယ်နိုင်သော အသုံးအနှုန်းများဖြင့် ရှင်းလင်းဖော်ပြထားတဲ့အတွက် မှော်ပညာရပ်တစ်ခုကို တက်မြောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ Python သမားတစ်ယောက် မဖြစ်မနေ သိရှိဖို့လိုတဲ့ concepts တွေကို solid understanding ရရှိစေမှာ ဖြစ်ပါတယ်။
ထူးခြားတာက tips and tricks များလည်း ပါဝင်သလို concept ချည်းမဟုတ်ပဲ လက်တွေ့ practical ရေးပြ ထားတာကြောင့် ထွက်လာမယ့် output များကို သေချာလေး ရှင်းပြထားတာ တွေ့ရပါတယ်။
Computer Science ကျောင်းသူကျောင်းသူများ၊ဆရာ/ဆရာမများ၊Python Programming ကိုလေ့လာလိုက်စားနေသူများ၊အင်ဂျင်နီယာများဖတ်ရှူသင့်သောစာအုပ်ဖြစ်ပါတယ်။
စာရေးသူ-C.STRIKER
တန်ဖိုး-25000
စာ-345
5 375
🔺ကိုယ်ကျင့်တရားနှင့် ဥစ္စာဓန ကြွယ်ဝချမ်းသာမှု ယှဉ်လာရင် ဘယ်ဟာကို ရွေးမလဲ
🔺ကိုယ်ကျင့်ပျက်တာ လူကြီးနဲ့ လူငယ် ဘယ်သူက ပိုများသလဲ
🔺ရိုးသားမှုကို ဘယ်လို လိုက်လံရှာဖွေရမလဲ
🔺ပညာတတ်ပြီး လူရာမဝင် ဖြစ်နေရတာ ဘာကြောင့်လဲ
🔺မိမိတိုင်းပြည်ရဲ့ သာယာဝပြောမှုနဲ့ ဂုဏ်သိက္ခာအတွက် လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်နဲ့ ပညာကို မဖြစ်မနေ တည်ဆောက်ကြပါစို့
📓ကိုယ်ကျင့်နဲ့ပညာ
တန်ဖိုး-8000
စာ-170
5 375
ပရိတ်ကြီး ၁၁ သုတ်လာ ဘဝနေနည်းအနုပညာ
✍️အရှင်ဉာဏဝရ(ပါရမီ)
ပရိတ်တော်တွေဆိုတာ အန္တရာယ်ကင်းအောင်
ရွတ်ဖတ်ရတဲ့ ဂါထာတွေသက်သက်လားလို့မေးရင်
ဒီစာအုပ်က အဲဒီအဖြေကို ပြောင်းလဲပစ်မှာပါ။
ပရိတ်တော်တွေဟာ ကာကွယ်စောင့်ရှောက်မှုရဲ့
သင်္ကေတတွေဖြစ်ပေမဲ့ တစ်ဘက်မှာလည်း
လူသားတစ်ယောက်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာအဖြာဖြာ၊
စိတ်ပိုင်းဆိုင်ရာ အတက်အကျ၊ လူမှုဆက်ဆံရေး အတက်အကျ၊ ကိုယ်ကျင့်တရားနဲ့ နိဗ္ဗာန်အထိ
လျှောက်လှမ်းရမဲ့ ခရီးစဉ်တစ်ခုလုံးကို စနစ်တကျ
လမ်းညွှန်ထားတဲ့ ဘဝနေနည်း လက်စွဲစာအုပ် ဖြစ်နေတာကို
ဒီစာအုပ်မှာ တွေ့ရမှာပါ။
ဒီစာအုပ်မှာ ခုခေတ်လူငယ်တွေ လိုအပ်နေတဲ့
ဘဝမှာ တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းရေး
အတွက် ပရိတ်တရားတော်လာ အဆုံးအမတွေကို
"လက်တွေ့ဘဝ အသုံးချနည်းပညာ" (Applied Dhamma) အနေနဲ့ ပြန်လည်တင်ဆက်ထားခြင်းသာ ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ခေတ်သစ်လူငယ်တွေအတွက်
ရှေးဟောင်းပညာ (Ancient Wisdom) နဲ့ ခေတ်မီ
တွေးခေါ်မှုတို့ကို ပေါင်းကူးပေးမဲ့ လက်စွဲစာအုပ်တစ်အုပ်ပါ။ ပရိတ်တော်မှာ မြှုပ်နှံထားတဲ့
"ဘဝနေနည်း ဗျူဟာများ" (Life Strategies) ကို
ဖော်ထုတ်ပေးမဲ့ လမ်းပြမြေပုံတစ်ခုပါ။
တန်ဖိုး - 6500 (ကျပ်)
စာမျက်နှာ - 104
5 375
ဒီစာအုပ်ရဲ့ စာရေးသူ အမ်မာဂျွန်ဆင်ဟာ Single Mom တစ်ယောက်အနေနဲ့ သူ့ဘဝကို ကောင်းကောင်းရပ်တည်စေနိုင်မဲ့ အကြံဉာဏ်တွေကို ရှာနေခဲ့ပေမဲ့ အနည်းငယ်ကိုသာရခဲ့ပါတယ်။ ဒါကြောင့် စာရေးသူက
သူနဲ့ ဘဝတူ အမျိုးသမီးတွေကို အကူအညီပေးချင်တဲ့အတွက် wealthysinglemommyဆိုတဲ့ Blog ကို ထောင်ခဲ့ပါတယ်။
သူ့ရဲ့ဒီစာအုပ်မှာ အမ်မာက Single Mom တွေအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန်ချက်တွေကို ပေးထားပါတယ်။
အခြားသူတွေကြောင့်ဖြစ်ဖြစ်၊ ကိုယ်တိုင်ကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မဝံ့မရဲဖြစ်နေတဲ့ အမျိုးသမီးတွေကို
အာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်၊ ပုံမှန်ဝင်ငွေ
လမ်းကြောင်းတစ်ခုရှာရင်း Single Mom တစ်ယောက်အနေနဲ့ ကိုယ့်ဘဝရဲ့ အဓိပွာယ်ကို ပြန်ရှာတွေ့နိုင်ဖို့
ကူညီနိုင်ပါလိမ့်မယ်။
ဒီစာအုပ်မှာ
- ကိုယ့်စံနှုန်းနဲ့ ကိုယ့်ဘဝကိုယ်
ဘယ်လို တည်ဆောက်နိုင်မလဲ
- ကျန်းမာရေး၊ သူငယ်ချင်း၊ ဝါသနာ၊ ယုံကြည်မှုနဲ့
ခရီးသွားခြင်းတွေ အပေါ် ဘယ်လို အချိန်ပေးနိုင်မလဲ
- ပျော်ရွှင်၊ကျန်းမာတဲ့ အမေ၊ စံနမူနာကောင်းတစ်ယောက် ဖြစ်စေတဲ့အမေမျိုး ဘယ်လိုဖြစ်အောင်နေမလဲဆိုတဲ့
အချက်တွေအပြင်
အခြား အောင်မြင်နေတဲ့ Single Mom တွေဆီက အထောက်အကူဖြစ်စေမဲ့အကြံဉာဏ်တွေပါဝင်ပါတယ်။
တန်ဖိုး - 6500
5 375
📖ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
✍️မျိုးလွင်(MBA)ဘာသာပြန်သည်။
✅အလုပ်ဖိစီးမှုတွေ၊အဆိပ်အတောက်ဖြစ်လာနိုင်တဲ့ရင်းနှီးမှုတွေ၊အဆုံးမရှိတဲ့နေ့စဉ်ကိစ္စဝိစ္စစီမံရတာတွေ၊မိဘဝတ္တရား၊တာဝန်ကျေတဲ့ဇနီး(ခင်ပွန်း)ကောင်းဖြစ်ဖို့
ကြိုးစားရတာတွေ၊ကြင်ဖော်ရှာရတာတွေဟာ
ဘဝတစ်ခုလုံးကို ဝန်ပိစေပြီးစိတ်သောကများနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့အရေးကြီးပါတယ်။
✅ဆိုရှယ်မီဒီယာကြောင့် သင့်စိတ်ကျန်းမာရေးထိခိုက်ရတာတွေကိုဖြေရှင်းရတာကစပြီး၊ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်တာအဆုံး စာဖတ်သူတွေအကောင်းမြင်စိတ်ရှိဖို့၊မိမိကိုယ်မိမိဦးစားပေးဖို့၊စိုးရိမ်ကြောင့်ကြစေတဲ့အကြောင်းတွေကိုခွဲခြားသိရှိစေဖို့နည်းလမ်းတွေပြပေးထားပါတယ်။
👉ဒီစာအုပ်ဖတ်ပြီးရင်-
-သင့်အတွက်ကိုယ်ပိုင်အချိန် ပိုပေးလာလိမ့်မယ်
-ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတဲ့ ခံစားမှုတွေ ရပ်ပစ်နိုင်ပါလိမ့်မယ်
-လောကဓံတွေကိုကြံ့ကြံ့ခံနိုင်လာပါလိ့မ်မယ်
အကောင်းမြင်စိတ်များလာပါလိမ့်မယ်
-ကိုယ့်ကိုယ်ကိုယ်ချစ်လာပါလိမ့်မယ်
တန်ဖိုး - 9,500 (ကျပ်)
စာမျက်နှာ - 160(𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫)
