Book4U.MM
رفتن به کانال در Telegram
5 670
مشترکین
-324 ساعت
-137 روز
-7030 روز
آرشیو پست ها
5 669
📓ပြဿနာ ဖြေရှင်းခြင်းအနုပညာ
- အသက်အရွယ်၊ ဘဝအခြေအနေ အားလုံးမှာ ကြုံရမဲ့ ပြဿနာ အားလုံးအတွက် အဖြေရှာပုံ ၊ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေကို အနုပညာမြောက်စွာ အသေးစိပ် ဖော်ပြထားတဲ့အတွက် ဘဝအချိုးအကွေ့ တိုင်းမှာ အသုံးဝင်မဲ့ စာအုပ်ဖြစ်ပါတယ်။
- ကွဲပြားမှုတွေ ၊ ခြားနားမှုတွေက အမြင်အာရုံနှင့် စိတ်ဆန္ဒတွေကို လှည့်စားနိုင်တာကြောင့် ဖြစ်သင့်တဲ့အရာတွေ ၊ ဖြစ်ချင်တဲ့အရာတွေက မဖြစ်သင့်၊ မဖြစ်ချင်တဲ့အရာတွေရဲ့ စားသုံးခြင်းကို ခံရပါတယ်။ဒါကြောင့် ဒီစာအုပ်မှာ အသက်ရွယ်အလိုက် အဓိကနဲ့ သာမညကို မြင်တွေ့စေနိုင်ပြီး၊ပြဿနာ ကိုင်တွယ်ပုံ ၁၈ မျိုး ပါဝင်ပါတယ်။
- စုံစည်းခြင်၊ ခွဲခွာခြင်းတွေကို ကံတရားလို့ သတ်မှတ်ပြီး မစွန့်လွှတ်နိုင်ခြင်း၊ မဖြတ်တောက်နိုင်ခြင်းတွေကို အနိုင်မယူနိုင်တဲ့ သူတွေအတွက် စိတ်ပညာ ရှု့ထောင့်မှ သိပ္ပံနည်းကျ ဖြေရှင်းနည်းအပြင် ခံစားချက်ပြောင်းလဲမှု၊ ဖြစ်တည်လာမှုတွေကို အသေးစိပ် ဖော်ပြပေးထားပါတယ်။
- ကောင်းမွန်တဲ့ ဘဝတစ်ခု ကို ကလေးတစ်ယောက်ပိုင်ဆိုင်နိုင်ဖို့ မိဘ၊ အုပ်ထိန်းသူတွေရဲ့ အပြုအမူ အရေးပါပုံကို စာရေးသူရဲ့ research ကနေ အနည်းငယ် ဖော်ပြပေးထားပါတယ်။
တန်ဖိုး-၈၀၀၀
စာ-၁၂၈
✍Yin Yaing
5 669
📗မော်တော်ယာဉ်ဆိုင်ရာ EFI အင်ဂျင် နှင့် ကွန်ပျူတာထိန်းချုပ်စနစ်
ဤစာအုပ်တွင် ယနေ့ခေတ်မီမော်တော်ယာဉ်များ၌ တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်သော အင်ဂျင်ထိန်းချုပ်မှု စနစ်တစ်ခုဖြစ်သည့် EFI (Electronic Fuel Injection) စနစ်အကြောင်းကို အခြေခံမှအစပြု၍ ကွန်ပျူတာဖြင့် ထိန်းချုပ်သည့် အဆင့်မြင့်နည်းပညာအထိ အကျယ်တဝင့် ရှင်းလင်းတင်ပြထားပါသည်။ တိုယိုတာမှထုတ်ဝေသော EFI (ယခင်ထုတ်ဝေပြီး) စာအုပ်နှင့် TCCS (Toyota Computer Control System) ကို ပေါင်းစပ်ပြုစုထားခြင်း ဖြစ်ပါသည်။ ယာဉ်အမျိုးအစားအားလုံးအတွက် ခြုံငုံပြည့်စုံသည်ဟူ၍ မဆိုသာသော်လည်း အင်ဂျင်ကို ထိန်းချုပ်သည့် အဆင့်မြင့်ကွန်ပျူတာနည်းပညာနှင့် ပတ်သက်လျှင် လေ့လာဖတ်ရှုသူအတွက် နည်းပညာဆိုင်ရာ အခြေခံကောင်းများ ရရှိနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်၍ အခြားယာဉ်အမျိုးအစားများအတွက်လည်း အခြေခံနည်းပညာအဖြစ် အကျုံးဝင်လျက် ရှိပါသည်။
=======
✍–မင်းသိန်း(စက်မှု)
တန်ဖိုး–45000
စာမျက်နှာ–340
-----------------------------------
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (အောက်လမ်း)
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
Medical Dictionary
For
Nurses & Students
ဆေးပညာဝေါဟာရ အဘိဓာန် (အင်္ဂလိပ် - မြန်မာ)
~~~~~~~~~~~~
✍ရှေ့ဆောင်စာတည်းအဖွဲ့
တန်ဖိုး-၂၅၀၀၀
စာမျက်နှာ-၈၅၃
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
ဤစာအုပ်တွင်-
Electrical Engineering နယ်ပယ်တွင် ကြုံတွေ့
ရနိုင်သည့် –
(3) Interview Questions
(ခ) လုပ်ငန်းခွင်ပြဿနာများ
(ဂ) ပညာရပ်ပိုင်းဆိုင်ရာ သဘောတရားများ
စသည်တို့အတွက် လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာ အခြေခံသဘောတရားတို့ကို အကြောင်းအကျိုး ဆက်စပ်၍ စဉ်းစားပြထားပါသည်။
ဤစာအုပ်သည် -
(က) ကျောင်းသားများ
(ခ) လုပ်ငန်းခွင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ
(ဂ) လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာ အခြေခံသဘောတရားကို သိလိုသူများ
(ဃ) လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာ ဆက်စပ်တွေးခေါ်စဉ်းစားမှု
ပြုလိုသူများအတွက် သင့်တော်ပါသည်။
* ပညာရပ်ပိုင်းဆိုင်ရာ အခြေခံသဘောတရား တို့ကို သိရှိထားခြင်းဖြင့် ကြုံတွေ့ရသည့် အခြေ အနေနှင့် ပြဿနာရပ်တို့ကို ကောင်းစွာသိနား လည်နိုင်မည်ဖြစ်ပြီး ဆက်စပ်တွေးခေါ်စဉ်းစား မှုပြုလုပ်လာနိုင်မည်ဖြစ်ပါသည်။
📕မေးခွန်း ၁၀၀
စာရေးသူ–မင်းသုစံ
တန်ဖိုး–18000
စာမျက်နှာ–151
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်
5 669
ဤစာအုပ်တွင် ခေတ်မီ ရေခဲသေတ္တာနှင့် လေအေးပေးစက်တို့နှင့် ပတ်သက်သော
-အခြေခံအချက်အလက်များ
-သဘောတရားများ
-အသုံးချမှုများ
-ပုစ္ဆာများ
-တွက်ချက်မှုများ
-တပ်ဆင်ခြင်း
-အပြစ်ရှာဖွေခြင်း
-ပြုပြင်ထိမ်းသိမ်းခြင်း
-စစ်ဆေးခြင်း
-ခန့်မှန်းတွက်ချက်ခြင်း စသည့် အကြောင်းအရာများစွာကို ပြည့်စုံစွာ ဖော်ပြထားပါသည်။
ဒါအပြင့် ဘာသာရပ်နှင့် ပတ်သက်သည့် အခြေခံသီအိုရီများ၊ Law များ၊ အလုပ်လုပ်ပုံစသည့် အကြောင်းအရာများကို ပုံများဖြင့် စနစ်တကျ ရေးသားဖော်ပြထားပါသည်။
ခေတ်မီ လေအေးပေးစက်နှင့် ရေခဲသေတ္တာ
========================
စာရေးသူ–ဦးအုန်းမြင့် (ဒီဇယ်)
တန်ဖိုး–၃၅၀၀၀
---------------
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
အင်္ဂလိပ်စာကို လေ့လာအသုံးပြုနေသူများအတွက် Native Speaker တွေရဲ့ နေ့စဉ်စကားပြောတွေမှာ အသုံးများတဲ့ Idioms နဲ့ Phrases တွေကို ဒီစာအုပ်ထဲမှာ စုစည်းတင်ပြထားပါတယ်။
သုံးနေကျ စကားစုတွေနဲ့ အီဒီယမ်တွေကို အဓိပ္ပါယ်၊ နမူနာဝါကျတွေနဲ့ စနစ်တကျ ရှင်းလင်းဖော်ပြထားပြီး မြန်မာလိုပါ ဘာသာပြန်ထားပါတယ်။ စကားပြောမှာ သုံးတတ်သွားအောင် Dialogue အတိုလေးတွေပါ ထည့်သွင်းပေး ထားပါတယ်။
အီဒီယမ်တွေကို သုံးတတ်မှ Native Speaker တွေရဲ့ နေ့စဉ်စကားပြော တွေကို ပိုမို နားလည်လာနိုင်ပြီး သဘာဝကျကျ ပြောတတ်လာမှာပါ။ အီဒီယမ် တွေဟာ သိပ်ကျယ်ပြန့်တာမို့ တစ်အုပ်တည်း လေ့လာရုံနဲ့ မပြည့်စုံသွားပေမဲ့ အသုံးတွင်ကျယ်တဲ့ စကားလုံးတွေကို စုစည်းရေးသားပေးထားတာမို့ အကျိုး တစ်စုံတစ်ရာ ရှိစေမှာပါ။
အင်္ဂလိပ်ဘာသာစကားလေ့လာသူတွေအတွက် အကျိုးရှိစေမဲ့ စာအုပ်လေးမို့ စိတ်စေတနာပါပါနဲ့ စနစ်တကျ စုစည်းတင်ပြထားပါတယ်။
📖အင်္ဂလိပ်စကားပြော
အသုံးများ အီဒီယမ်များ
✍Su Myat Chit
M.A (English, YUFL)
တန်ဖိုး-၆၀၀၀
စာ-၁၁၂
5 669
သင်ကြားရမည့် ဘာသာရပ်ခေါင်းစဉ်များ
▪️Unit 1: Introduction to Accounting
▪️ Unit 2: Bookkeeping Step By Step
▪️Unit 3: Accounting Books
▪️Unit 4: Components of Accounting System
▪️Unit 5: Key Concepts of Accountancy
▪️ Unit 6: Income & Expenses
▪️ Unit 7: Trial Balance
▪️ Unit 8: Financial Statements
▪️ Unit 9: Balance Sheet
▪️Unit 10: Income Statement
▪️Unit 11: Cash Flow Statement
▪️Unit 12: Accounting Pratical
▪️Unit 13: A Simple Case Study
▪️ Unit 14: Challenge Final Project
▪️Unit 15: Accounting Dictionary
📖ACCOUNTING for MBA
(မန်နေဂျာ, CEO, MD, MBA များအတွက်
အဆင့်မြင့် စာရင်းကိုင် ပညာရပ်ဆိုင်ရာ လက်စွဲစာအုပ်)
တန်ဖိုး-၂၀၀၀၀
စာရေးသူ-ဝေဖြိုးအောင်
စာ-၃၂၈
5 669
ဆေးဝါးအမျိုးပေါင်း ၄၀၀ နီးပါး ၊
ဆေးအမည်ပေါင်း ၃၃၀၀ ကျော်၏ အသုံးပြုပုံ
အကျိုးအပြစ်၊ ဆောင်ရန် ရှောင်ရန် သတိပြုရန်
စသည် စသည်ကို ပြညွှန်သော
#ခေတ်ပေါ်ဆေးဝါးလမ်းညွှန်
✍️ဒေါက်တာဇေယျ
[ ဒုတိယအကြိမ် ဖြည့်စွက် တည်းဖြတ် ထုတ်ဝေခြင်း]
စာမျက်နှာ-၆၃၉
တန်ဖိုး-၂၃၀၀၀ ကျပ်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
📖ဤစာအုပ်တွင် -
MATLAB Simulink Modest Irageထည့်သွင်းခြင်း၊ စမ်းသပ်ခြင်း Most Word File သို့
Copy ကူးယူပြင်းသည့်အဖြစ်အဆင့်များမှစတင်၍-
▪️ သင်္ချာ၊ သိပ္ပံနှင့်အင်ဂျင်နီယာနယ်ပယ်တို့တွင်အသုံးများသော Simulation Block များ
▪️If For Loop Functionem တို့ကိုဖြေရှင်းနိုင်သောSimulation Model များ
▪️Unknown Expation တို့ကိုဖြေရှင်းနိုင်သော Simulation Model များ
▪️High Order Differential Equationတို့ကိုဖြေရှင်းနိုင်သော
Simutation Model များ
▪️ Mathematical Model ကိုPhysical Modelအဖြစ်သို့
ပြောင်းလဲတည်ဆောက်နိုင်သည့်နည်းလမ်းများ
▪️Simulation Model Command
တည်ဆောက်ပြုပြင်၊စမ်းသပ်သည့်နည်းလမ်းများ
▪️Simulation Result ရှိDataများကိုAnalysisပြုလုပ်၍
ရနိုင်သည့် နည်းလမ်းများ
📘 Study With MATLAB
တန်ဖိုး - 25000ကျပ်
စာမျက်နှာ - 157
စာရေးသူ - မင်းသုစံ
5 669
+1
✍️ဆရာ ဖြိုးသက်ပိုင် ရေးသားသော စာအုပ် (၂) အုပ်
📖လျှပ်စစ်သွယ်တန်းတပ်ဆင်မှုများအတွက်
စစ်ဆေးရေးနည်းလမ်းများ
တန်ဖိုး-45000
~~~~~~~~~
📖EV Chargerများအကြောင်း လေ့လာခြင်း
တန်ဖိုး-28000
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
ဒီ စာအုပ်ထဲမှာ အပိုင်း (၂) ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းက သုတေသနအတွက် survey form (Questionnaires) တွေ ပြင်ဆင်နည်းဖြစ်ပြီး ဒုတိယပိုင်းကျတော့မှ Google Form အကြောင်း ဖြစ် ပါတယ်။ Questionnaires ပုံစံတွေ ပြင်ဆင်နည်းကတော့ စာရွက်နဲ့ပဲ ကောက် ကောက်၊ Google Form ပဲသုံးသုံး ဒါမှမဟုတ် အခြား တစ်နည်းနည်းပဲ ဖြည့်ဖြည့် Data collection လုပ်ဖို့လိုတဲ့အခါတိုင်း မဖြစ်မနေ သိထားသင့်တာတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ Mobile Data Collection နည်းလမ်းပေါင်းများစွာ ရှိတဲ့ထဲကမှ ဘာ့ ကြောင့် Google Form ကိုရွေးချယ်ဖော်ပြရသလဲဆိုရင် အဓိက အချက်ကတော့ အခမဲ့ရပြီး လွယ်ကူ ရိုးရှင်းလို့ပဲ ဖြစ်ပါတယ်။ အခု ခေတ်မှာ ကျွန်တော်တို့ဆီက လူအများစုမှာ gmail account က ရှိနေ ကြပြီးသားဖြစ်လို့ google form က အလွယ်တကူ သုံးလို့ရနိုင်ပါ တယ်။ ODK, Kobo toolbox တို့လို offline မရတာ ကလွဲလို့ ဆူလွယ် နပ်လွယ် ထိထိမိမိ အသုံးချတတ်ရင် သိပ်အသုံးဝင်တာဖြစ်လို့ စာရွက် တွေ တကိုင်ကိုင်နဲ့ ပင်ပင်ပန်းပန်း ဒေတာ ကောက်ရ၊ ပြန်လည်စိစစ်ရ၊ validate လုပ်ရတာတွေ အနည်း ဆုံးဖြစ်တဲ့ အခု Google Form နဲ့ survey data ကောက်ယူနည်းကို တင်ပြရခြင်း ဖြစ်ပါတယ်။
✍ဒေါက်တာမြတ်ထွဋ်ညွှန့်
တန်ဖိုး-၇၀၀၀
စာ-၁၅၁
5 669
+1
📖မူမှန်စိတ်၊မူမှန်အတွေး၊မူမှန်အကျင့်အကြံ (၁)
တန်ဖိုး-၇၀၀၀
စာမျက်နှာ-၂၅၅
📖မူမှန်စိတ်၊မူမှန်အတွေး၊မူမှန်အကျင့်အကြံ (၂)
တန်ဖိုး-၉၀၀၀
စာမျက်နှာ-၃၀၅
----------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
---------------------------------------
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 669
ဤစာအုပ်ရေးသားရခြင်း၏ အဓိက ရည်ရွယ်ချက်သည် Blockchain နည်းပညာနှင့် ယင်းအား အခြေခံကာ တည်ဆောက်ထားကြသော ဒစ်ဂျစ်တယ် ငွေကြေးများ၏ အခြေခံသဘောတရားများ၊ အခြားသော နည်းပညာများအား စာဖတ်သူများအနေဖြင့် ကောင်းမွန်စွာ နားလည်သိရှိပြီး မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးတွင် အကျိုးရှိစွာ အသုံးချနိုင်ရန် ဖြစ်ပါသည်။ ဤစာအုပ်အား တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၊ ပရော်ဖက်ရှင်နယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒစ်ဂျစ်တယ်ငွေကြေးအား လေ့လာလိုသူများနှင့် နည်းပညာ စိတ်ဝင်စားသူများ စသည့် စာဖတ်သူများအတွက် ရည်ရွယ်ပါသည်။ လွန်ခဲ့ သော နှစ်အနည်းငယ်အတွင်း စတင်ပေါ်ပေါက်ခဲ့သည့် Blockchain နည်း ပညာသည် အခြားသော ကွန်ပျူတာနည်းပညာများအား ပေါင်းစပ်တည် ဆောက်ထားခြင်း ဖြစ်ပါသည်။ ဤစာအုပ်တွင် Blockchain နည်းပညာ : Bitcoin, Ethereum, XRP, Stable Coin 3 3 1 NFT, DAO, DeSo, DID, Metaverse, IoT, Data Science, AI, Cloud အစရှိသည့် နည်းပညာများအားရှင်းလင်းစွာ ဖော်ပြထားပါသည်။ အထက်ပါအကြောင်းအရာများအပေါ်တွင် နည်းပညာ ရှုထောင့်ဖြင့်သာ ရေးသား ဖော်ပြထားခြင်းဖြစ်ပါသည်။
တန်ဖိုး-၁၈၀၀၀
✍K Thant
စာ-၁၉၈
5 669
အသစ်ထွက်စာအုပ်
📗မှတ်ဉာဏ်
✍ဒေါက်တာခင်မောင်လွင်(FAME)
တန်ဖိုး-30000
Book Review
လူတစ်ယောက်အတွက် မှတ်ဉာဏ်မှာ လွန်စွာအရေးပါလှသည်။ ငယ်စဉ်ဘဝ ကျောင်းနေစဉ် ကာလမှ စတင်ကာ ပညာသင်နေဆဲ ကျောင်းသား/သူများအနေဖြင့် မိမိသင်ယူကျက်မှတ်ထားသော စာများကို ကောင်းစွာမှတ်မိနေမှသာ စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်နိုင်ပါလိမ့်မည်။
ဤစာအုပ်တွင် မှတ်ဉာဏ်နှင့်ပတ်သက်သည့် ဆေးပညာဆိုင်ရာ ဗဟုသုတများကို အတတ်နိုင်ဆုံး အများနားလည်စေရန် ရေးသားဖော်ပြထားပါသည်။ အာရုံငါးပါးမှရရှိလာသည့် အချက်အလက်များကို ရေတိုမှတ်ဉာဏ်နှင့် ရေရှည်မှတ်ဉာဏ်အဖြစ် ဦးနှောက်အတွင်း မည်သို့မည်ပုံ သိမ်းဆည်းထားကြောင်း သိရှိရပါလိမ့်မည်။
မှတ်ဉာဏ် ပိုမိုကောင်းမွန်အောင် အနေအထိုင်အစားအသောက်မှအစ မှီဝဲသင့်သည့် အစားအစာများ၊ ရှောင်ကြဉ်သင့်သည့် ဆေးဝါးများ အစရှိသည့် ဆောင်ရန်ရှောင်ရန်များကိုပါ ဖော်ပြပေးထားသဖြင့် စာဖတ်သူများအတွက် အကျိုးရှိစေမည့် စာအုပ်တစ်အုပ်ဟု ဆိုချင်ပါသည်။
5 669
Excelဖြင့် အဆင့်မြင့်တွက်ချက်နည်းများ
(Second Edition)
===
" ဤစာအုပ်တွင် Advanced Excel တွက်ချက်နည်းများစွာကို တစ်ဆင့်ချင်း အသေးစိတ် နမူနာပုံများနှင့် အတူရေးသားဖော်ပြထားသည်။
* အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး၊ ဆိုင်သုံး အားလုံး အဆင်ပြေပြေ သုံးနိုင်သည့် Excel နည်း များစွာကို ဖော်ပြထားသည့်အတွက် အသေးစားလုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများ၊ စာရင်းကိုင်များ၊ သုတေတသီများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ဆရာ ဆရာမများ လက်စွဲအသုံးပြုရမည့် စာအုပ် ဖြစ်သည်။
* ဒုတိယအကြိမ် ဖြည့်စွက်ချက်များတွင် 3D Map နှင့် Excel Dashboard လုပ်နည်းများကဲ့သို့သော updated features များစွာကို ထည့်သွင်းထားပါသည်။
" ကိုယ်တိုင် လေ့လာနိုင်စေရန်အတွက် နမူနာဖိုင်များ၊ ဒေတာထည့်လိုက်သည်နှင့် တွက်ပြီးသား ဖြစ်စမည့် template ဖိုင်များ၊ ထပ်မံဖြည့်စွက်သုံးနိုင်သည့် Excel Add-in ဖိုင်များစွာကို ပူးတွဲပါ DVD ထဲတွင် ထည့်သွင်းပေးထားပါသည်။
~~~~
စာရေးသူ–ဒေါက်တာမြတ်ထွဋ်ညွန့်
တန်ဖိုး–20000
စာမျက်နှာ–336
5 669
Electrical/ Elecgtronics/ Mechatronics majors များအပြင် Electrical Control သမားတိုင်း ဆောင်ထား၊ လေ့လာ ထားသင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ လက်တွေ့လုပ်ငန်း ကျွမ်းကျင်ဖို့အပြင်၊ Fundamentals တွေ၊ Theory တွေလည်း တပါတည်းလေ့လာနိုင်အောင် တင်ပြပေးထား ပါတယ်။
Control Systems ဆိုတာ၊ Fundamentals တွေကလွဲပြီး၊ ပုံသေနည်းနဲ့ တည်ဆောက်ကြတာ မဟုတ်လို့ Circuits ပုံစံမတူပေမယ့် Outputs တူ၊ Functions တူတဲ့ Control circuits အမျိုးမျိုးရှိနိုင်၊ တည်ဆောက်နိုင်ပုံကို ချည်းကပ် တင်ပြပေးထားပါတယ်။ ဒါကြောင့် Control Fundamentals တွေပိုင်နိုင် အောင် လေ့ကျင့်ဖို့ကို အခန်း (၂) နဲ့ အခန်း (၆) မှာ သေသေချာချာလေး ပြထားပါတယ်။
Residential, Commercial, Industrial buildings အမျိုးအစားတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့၊ Control Systems များကိုလည်း၊ အခန်း ၇၊ ၈၊ ၉ သုံးခန်း ခွဲပြီးတင်ပြထားပါတယ်။ Control Systems Drawings များ ပြင်ဆင် ရေးဆွဲပုံများကိုလည်း၊ အခန်း ၁၀ မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ စနစ်များကို Inspection & Testing ဆောင်ရွက်ဖို့ အတွက်တော့ အခန်း ၁၁ မှာ ဖော်ပြထားပါတယ်။
အကြောင်းအရာ စုံအောင် အခန်း ၁၂-ခန်းထိ ခွဲပြီးတင်ပြထားပါတယ်။
တန်ဖိုး–89000ကျပ်
5 669
တစ်သက်မှာတစ်ခါသာကြုံတွေ့ရသည့် "မဂ္ဂနီကျူ (၇.၇)" ပြင်းအားရှိ ငလျင်ကြီး လှုပ် ခတ်ခဲ့သည်မှာ တစ်နှစ်နှင့် တစ်လရှိခဲ့ပြီ ဖြစ်ပါသည်။
အင်အားပြင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများပြားသော မြို့များတွင် ပျော်ဘွယ်မြို့ လည်း အပါအဝင်ဖြစ်သည်။
ကံကောင်းထောက်မ၍ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သူများ ၊ ကံအကြောင်း မလှ၍ အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ စုစုပေါင်း (၆၉) ဦးခန့်ကို တွေ့ဆုံမှတ်တမ်းယူခဲ့ပြီး (၅ဝ)ဦး အကြောင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
နဖူးတွေ့ ၊ ဒူးတွေ့ ကြုံတွေ့ခဲ့ကြသည့် ငလျင်ဘေးသင့် ပျော်ဘွယ်မြို့သူ ၊ မြို့သားများမှာ အင်အားပြင်းငလျင်ကြီး နှင့် ပတ်သက်သော ပြောစရာအကြောင်းအရာများ ကိုယ်စီကိုယ်စီ ရှိနေကြပါသည်။
တချို့က ကံတရား၏ မျက်နှာသာပေးမှု ၊ တချို့က သဲထိတ်ရင်ဖိုစွန့်စားခန်းများ ၊ တချို့က ထိတ်လန့်တုန်လှုပ်ခြောက်ခြားဖွယ်ရာများ ၊ တချို့လည်း ပြဇာတ်ဆန်ဆန်ဖြင့် တွေ့ကြုံ ကြရသည်။
အသက်ဘေးမှ လွတ်မြောက်ခဲ့သူ တချို့ကလည်း စိတ်ဒဏ်ရာ ရရှိခံစားရမှု များသော ကြောင့် ပြန်လည်ပြောပြနိုင်ခြင်း မရှိပါ။ ထို့ကြောင့်ပင် လက်လှမ်းမီသမျှကို တွေ့ဆုံမေးမြန်း မှ တ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။
တန်ဖိုး-15000
စာ-270
5 669
လူသားတွေဟာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ခြေနှစ်ဖက်ပေါ် မတ်မတ်ရပ်နိုင်ကတည်းက တီထွင်ဖန်တီးဉာဏ်နဲ့ ရှင်သန်လာခဲ့တဲ့ သတ္တဝါတွေပါ။ လူသားတွေမှာ ရှိနေတဲ့ဝန်းကျင်နဲ့ အနေအထားတွေကို ကျော်လွန်ပြီး စိတ်ကူးယဉ်နိုင်စွမ်းရှိခြင်း”နဲ့ “အဲဒီစိတ်ကူးတွေကို လက်တွေ့အသုံးချနိုင်ခြင်း”ဆိုတဲ့ ထူးခြားတဲ့အရည်အသွေးရှိနေပါတယ်။ ဒီစာအုပ်ထဲက တီထွင်ဖန်တီးမှုတွေဟာ ကမ္ဘာကြီးကို တော်လှန်ပြောင်းလဲစေခဲ့တဲ့ တီထွင်ဖန်တီးမှုတွေ ဖြစ်ကြပါတယ်။
📖ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော တီထွင်ဖန်တီးမှုများ
✍လင်းတည်ဦး
တန်ဖိုး-6000
စာ-166
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆိုင်ဖွင့်ချိန်(မနက်၉နာရီမှညနေ၅နာရီခွဲထိ)
တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါသည်။
5 669
📖ဒီစာအုပ်က သင့်ကို
✔️အဆိုးမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သနားနေတတ်တဲ့ အလေ့အထတွေကို ပယ်ရှားနိုင်အောင် ကူညီပေးပါလိမ့်ပယ်။
✔️မိမိဘဝအတွက် အပြည့်အဝ တာဝန်ယူရဲတဲ့ စိတ်ဓာတ်ခွန်အားတွေကို တည်ဆောက်ပေးပါလိမ့်မယ်။
✔️အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အတိတ်မှာ ပိတ်ပိပနေဘဲ ငရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးပါလိမ့်မယ်။
✔️"Shut Up" - အကျိုးပဲ့တဲ့ ဆင်ခြေတွေ၊ ညည်းတွားမှုတွေကို အခုပဲ ရပ်တန့်လိုက်ပါ။
✔️"Move On" - ပိုပိုကောင်းမွန်ပြီး အောင်ပြင်တဲ့ အနာဂတ်ဆီကို ရဲရဲဝံ့ဝံ့ ငရှေ့ဘက်လှမ်းလိုက်ပါ။
✔️သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့...
"ညည်းညူမနေနဲ့ ရှေ့ဆက်လှမ်း"ပါ။
📓ညည်းညူမနေနဲ့ ရှေ့ဆက်လှမ်း
✍️သင်ဇာစိုးထင်
တန်ဖိုး-14000
စာမျက်နှာ-157
5 669
“အရည်အသွေးစီမံမှုနည်းပညာ’” အမည်ဖြင့် ထုတ်ဝေလိုက်သည့် ဤစာအုပ်သည် အရည်အသွေးပညာကိုစတင်လေ့လာလိုသူများနှင့် လက်တွေ အသုံးချလိုသူများအတွက် ရည်ရွယ်ပါသည်။ နောက်ခံသမိုင်းမှစပြီး၊ အရည် အသွေးပညာရပ်၏ဖွင့်ဆိုချက်များ၊ ပညာရပ်တိုးတက်လာအောင် ဦးဆောင်ခဲ့ကြ သည့်ပညာရှင်များ၊ အရည်အသွေးပညာရပ်ဆိုင်ရာနည်းစနစ်များအား စုစည်းတင်ပြထားပါသည်။ ပညာဆိုင်ရာဝေါဟာရများအား မြန်မာဘာသာသို့ပြန်ဆို ရာ၌ အနီးစပ်ဆုံးအဓိပ္ပာယ်ရောက်အောင် ကြိုးစားထားပါသည်။ သက်ဆိုင်ရာ စာမျက်နှာများတွင်လည်း မူရင်းအင်္ဂလိပ်စကားလုံးများကို အောက်ခြေမှတ်စု၌ အမှတ်စဉ်နှင့်ယှဉ်တွဲဖော်ပြပေးထားပါသည်။ ရည်ညွှန်းကဏ္ဍ၌ပညာရပ်ဆိုင် ရာဝေါဟာရများအား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်ဖော်ပြပေးထားပါသည်။ ပညာရပ်ဆိုင်ရာကိုးကားချက်များကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြပေး ထားပါသည်။
📖အရည်အသွေးစီမံမှုနည်းပညာ
✍ပါမောက္ခဒေါက်တာသူရမွန်
တန်ဖိုး-20000
စာ-154
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
