Cluster of Hope
رفتن به کانال در Telegram
CoH official channel✔️✔️✔️ ♦️ CoH Website ♦️ https://sites.google.com/view/clusterofhope/bio 📌 🔹️ CoH YouTube 🔹️ 📌 https://youtube.com/@coh24 @lol_CoH
نمایش بیشتر8 255
مشترکین
+324 ساعت
+167 روز
+9230 روز
آرشیو پست ها
8 254
CoH ကို ချစ်ပေးတဲ့သူတစ်ယောက်ချင်း recommend ပေးကြတဲ့သူတစ်ယောက်ချင်းကို ရင်ထဲက ကျေးဇူးအများကြီး တင်ပါတယ်နော် ❤️
8 254
Certificate တွေက Google Classroom မှာ ထုတ်ပေးထားပါတယ်။ delete မလုပ်ခင် down စရာရိတာ ကြို download လုပ်ပါ။ ကျေးဇူးပါ။
8 254
Google formကနေသေသေချာချာလေး review ပေးသွားတာပဲ ခုမှတွေ့တယ်။ ကျေးဇူးတင်ပါတယ်တီချာ exam အတွက် Good luck ပါနော် 💌
8 254
TKT class တွေက ၂၀၂၇ မှပဲ ပြန်ဖွင့်ဖြစ်မှာဆိုတော့ ကြားထဲ အတန်းပိစိတွေ ဖွင့်ပေးမလို့လေ CoH ကနေ စတီသင်မယ့်အတန်းက ဘာလေးတွေ ဖွင့်ပေးရမလဲ ပြောကြည့်ပါလား 🥹🥹🥹
8 254
အခြေခံထဲမှာ အဖြေရှာ
=================
English Language Teaching field (ELT) ထဲ၀င်မယ်ဆို ဘယ်ကစရမယ်မှန်းမသိ စပြီးရင်လည်း ဘာဆက်လုပ်ရမယ်မှန်း မသိကြတဲ့သူတွေအတွက်
#TKT က အခြေခံကောင်း တစ်ခုလို့ ပြောလို့ရပါတယ်။
စာမေးပွဲဖြေတာ၊ စျေးကြီးတာမကြီးတာ၊ TESOL or CELTA ပဲ ဆက်လုပ်မှာ ခဏဘေးဖယ်ပြီး
အခြေခံကျတဲ့ TKT course ထဲက အကြောင်းအရာ တချို့ ပြောပြမယ်။
TKT Course ရဲ့ unit တစ်ခုချင်း ဖွဲ့စည်းပုံက ရိုးရှင်းပါတယ်။
သူ့ထဲမှာ Key concepts ရယ် Key concepts and the language teaching classroom ဆိုပြီး ၂ ပိုင်းပါတာ တွေ့ရလိမ့်မယ်။
Teaching Theory တွေကို Key concepts ကနေပေးပြီး Theory ကို Classroom နဲ့ ပြန်ချိတ်တာက ဒုတိယအပိုင်း ဖြစ်တဲ့ Key concepts and the language teaching classroom မှာပေးတယ်။
ဒုတိယအပိုင်းမှာ ဘာတွေ့ရလဲဆို လက်ရှိ ELT ရဲ့ common classroom application တွေကို Tips အနေနဲ့ တွေ့ရတယ်။
ဥပမာ - Module 3 လို Classroom Management ပိုင်းကို ကြည့်ရင်
Unit 27 - Teacher’s Classroom Language + Functions
Unit 32 Correction Techniques
Unit 33 Feedback
Unit 30 and 31 Teacher roles and Grouping students ဆိုပြီး အခန်းတွေ ခွဲကြည့်ရတယ်။
Grouping students အခန်းဆို ဆရာ၊မတို့ အမြဲ မေးစရာ မေးခွန်းတွေ ရှိတဲ့ mixed-ability class ကို ဘယ်လို ထိန်းရမလဲဆိုတဲ့ General အချက်အလက်တွေ ပေးထားပြီးသား။
အထူးသဖြင့် classroom problems and reasons နဲ့ classroom application တွေ ပြန်ချိတ်တဲ့အပိုင်းမှာ။
TKT Teaching Knowledge ကို ပေးတယ် ဆိုပမေယ့် တကယ် စာသေချာဖတ် ရလာတဲ့ Knowledge ကို reflect ပြန်လုပ်၊ စာသင်တဲ့ခါပါ monitor ကောင်းကောင်း လုပ်နိုင်ရင် လက်တွေ့မှာ တကယ်ထိရောက်တာ တွေ့ရပါလိမ့်မယ်။
Classroom ကို သေချာ monitor မလုပ်ဘဲ စာပဲပြီးအောင် သင်နေမယ်ဆိုရင်တော့ စာအုပ်ထဲက knowledge တွေက theory အနေနဲ့ပဲ ကျန်နေပြီး classroom practice ထဲကို ရောက်လာမှာ မဟုတ်ပါဘူး။
TKT YL, TKT CLIL တို့လည်း ထို့နည်း၄င်းပါပဲ။
ကလေးတန်းအတွက်ဆို ကလေးစိတ်ပညာနဲ့တွဲလေ့လာသင့်တယ်။
TKTYL certificate ရတိုင်း ကလေးသင်တတ်သွားတာမျိုးတော့မဟုတ်ဘူးမို့။
ပုံထဲက TKT unit 31 က စာလေးက စတီ classroom ထဲမှာ အမြဲအသုံးပြုနေတဲ့ technique တွေထဲက တစ်ခုကို ဥပမာအနေနဲ့ ပြထားတာ ဖြစ်ပါတယ်။ အတန်းတက်ဖူးသူတွေဆို သိလောက်မှာပါ။
စတီ
REFERENCE
Cambridge University Press : The TKT course
8 254
Hello, Good Morning 🤗
Every Saturday တိုင်း runနေပြီဖြစ်တဲ့
General English Con Club announcement လေးလာပါပြီ🥳
Title ကတော့ "How To Be A Better Friend?" ဖြစ်ပြီး
Elementary ကနေ Pre inter ထိ join လို့ရပါတယ်🤩
Free Of Charge ပါနော် 👏
Time - 7:00PM to 8:30PM(MMT)
Date - 25th, July, 2026
ID - 369 030 5660
Passcode - CoH24@
#conclub
#generalenglish
#CoH
8 254
TKT May Exam YGN တွင် ဖြေခဲ့သူတီချာများ Certificate တွေပို့ထားပါတယ် ဒီရက်ပိုင်းတွေ ဖုန်းစိမ်း၀င်လာရင် ကိုင်ပေးကြပါ
8 254
Hello Hello,
နောက်တစ်နာရီနေရင် 7:50PMမှာ General English Conversation Club လေးရှိပါမယ်နော် 🥳
8 254
Hello Hello, 🤗
Every Friday တိုင်း runနေတဲ့
General English Con Club announcement လေးပါ 🥳
Title ကတော့ "Movie Night In English" ဖြစ်ပြီး
Elementary ကနေ Pre inter ထိ join လို့ရပါတယ်🤩
Free Of Charge ပါနော် 👏
Time - 7:50PM to 9:00PM(MMT)
Date - 24th, July, 2026
ID 369 030 5660
Passcode - CoH24@
#conclub
#generalenglish
8 254
Ease your TESOL in 3mins
====================
Behaviourism ဆိုတာကို အလွယ်ဆုံး မှတ်ရင်တော့ "Reinforcement & Punishment" နဲ့ "Habit Formation (အကျင့်ဖြစ်အောင် လေ့ကျင့်ပေးခြင်း)" ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ ပင်မသဘောတရားက "လူတစ်ယောက် ဘယ်လိုသင်ယူသလဲဆိုတာကို ပြင်ပက ထင်သာမြင်သာရှိတဲ့ အပြုအမူ (Observable Behaviours) တွေကိုကြည့်ပြီးပဲ ဆုံးဖြတ်တာ" ဖြစ်တယ်။ ဦးနှောက်အတွင်းပိုင်း (Unseen "Black Box") ထဲမှာ လူတစ်ယောက် ဘယ်လို စဉ်းစားတွေးခေါ်သလဲ၊ ဘာခံစားချက်ရှိလဲ ဆိုတာကို ထည့်မတွက်ဘူး။
(Cognitivism က ဦးနှောက်ပိုင်းလေ့လာတာ)
Behaviourism က ၁၉ ရာစု နှောင်းပိုင်းမှာ တိရစ္ဆာန်လေးတွေကို စလေ့လာပြီး နောက်ပိုင်းမှ လူတွေရဲ့ behaviour ကို တွဲလေ့လာခဲ့ကြတဲ့ သဘောတရားတစ်ခုဖြစ်တယ်။
Behaviourism အကြောင်းပြောရင် ထည့်ပြောရမယ့် Theorist ေတွ ရှိပေမယ့် ဒီမှာတော့ အဓိကကျတဲ့ ၅ ေယာက်ကိုပဲ ရွေးပြောမယ်။
Father of Behaviourism လို့ ခေါ်ကြတဲ့ John B. Watson က Psychology ဟာ Observable Behaviour ကိုပဲ လေ့လာသင့်တယ်လို့ အဆိုပြုခဲ့ပြီး Behaviourism ရဲ့ အခြေခံအုတ်မြစ်ကို ချခဲ့သူ ဖြစ်ပါတယ်။
19 ရာစု နှောင်းပိုင်းမှာ Edward Thorndike က puzzle box experiment ကို ကြောင်လေးတွေနဲ့ စခဲ့တယ်။
Trial and Error Learning (Law of Effect) လို့ခေါ်ပြီး မှန်ကန်တဲ့ အပြုအမူကို ထပ်ခါတလဲလဲ လုပ်ဆောင်တဲ့အခါ satisfying consequences ရလာပြီး အဲဒီအပြုအမူက ပိုမိုခိုင်မာလာတယ်လို့ ဆိုခဲ့တယ်။
Ivan Pavlov ကျတော့ ၁၉၀၀ ဝန်းကျင်မှာ ခွေးတွေရဲ့ အမူအကျင့်ကို လေ့လာရင်း Classical Conditioning ကို တင်ပြခဲ့တယ်။
B.F. Skinner က Operant Conditioning Theory ကို တင်ပြခဲ့ပြီး Reinforcement နဲ့ Punishment ကို အသုံးပြုပြီး Behaviour ကို ပုံဖော်နိုင်တယ်လို့ ဆိုပါတယ်။
Robert Gagne ကတော့ ၁၉၆၀ လောက်မှာ အခု modern education ထိ လေ့လာရတဲ့ instructional design 9 မျိုး နဲ့ structured environment မှာဆို skill နဲ့ knowledge တွေကို စနစ်တကျ သင်ယူနိုင်ကြောင်း ပြောခဲ့သူ ဖြစ်တယ်။ (သူ့အဆိုမှာ Behaviourism နဲ့ Cognitivism ရဲ့ အယူအဆ ၂ ခုလုံးပါတယ်)
Behaviourism အကြောင်းပြောရင် သူ့ရဲ့ General principle 6 မျိုးကိုပါ သိထားမယ်။
1. Learning occurs through stimulus-response associations.
ဒီလိုဥပမာလေးနဲ့ တွဲကြည့် - ကလေးက အရုပ်ဘိုချင်လို့ မိဘဆီကတောင်းတယ်။
မိဘက PLEASE ထည့်ပြောခိုင်းတယ်
ကလေးက PLEASE ပြောတယ်။ မိဘက အရုပ်လေးပေးလိုက်တယ်
PLEASE ပြောရင် အရုပ်ရတယ်ဆိုတာ သိသွားတယ်။
2. Behaviour is driven by stimuli and conditioned responses (အလေ့အကျင့်ရပြီးသား တုံ့ပြန်မှု)
3. Only observable actions, not thoughts or emotions are studied (Black box brain)
ဦးနှောက်အတွင်းမှာ ဖြစ်တည်နေတာတွေမလေ့လာဘဲ မြင်တွေ့နေရတဲ့ အမူအကျင့်နဲ့ပဲ ဆုံးဖြတ်တာ
4. Behaviour is learned through habit and can be unlearned or replaced
အပြုအမူတိုင်းဟာ အလေ့အကျင့် (Habit Formation) ကနေ လာတာဖြစ်လို့ မကောင်းတဲ့ အလေ့အကျင့်ကို ပြန်ဖျောက်တာ (Unlearn) ဒါမှမဟုတ် အသစ်နဲ့ အစားထိုးတာ (Replace) ပြုလုပ်နိုင်ပါတယ်။
5. Learning occurs when desired responses are reinforced.
Positive Reinforcement သဘောတရားက လိုချင်တဲ့ behaviour တွေ့ရတဲ့အခါ ဆု (reward) ပေးပြီး အဲဒီ behaviour ကို ထပ်မံဖြစ်ပေါ်လာအောင် အားပေးခြင်းဖြစ်တယ်။
(Negative Reinforcement လည်း ရှိတယ်)
6. Rewards must be meaningful to the learners
Learner တွေအတွက် ရတဲ့ ဆုဟာ အဓိပ္ပါယ်ရှိရမယ် သူတို့လိုချင်တဲ့ အရာ ဖြစ်ရမယ်။
Behaviourism ရဲ့အယူအဆတွေက Audio-Lingual Method, drilling, repetition, memorisation and praise စတာတွေမှာ တွေ့ရတတ်တယ်။
Ste
References
Cambridge University Press
Wikipedia
8 254
Private channel ကို စနစ်တကျရှိတယ် အဆင်ပြေတယ် ပြောကြသူတွေရယ် Private channel ပဲ ၀င်ကြပြီး Band 3 ထွက်ကြသူတွေရယ် Zoom class ကို တက်ပြီး ကြိုက်သွားကြသူတွေရယ် ကိုယ်ဘာအတန်းဖွင့်ဖွင့်တက်ကြသူတွေရယ် ကျေးဇူးအများကြီး တင်လိုက်တာ တကယ် Teaching မှာ အခုထက်ပိုကောင်းအောင် အများကြီး အားစိုက်ထုတ်ပေးပါ့မယ် စတီ့အတန်းတွေ တက်ပြီး Teaching နဲ့ ပတ်သက်ရင် နောင်တမရစေရဘူးရယ် 🥰
8 254
+1
Hello Good Morning 🌞,
Every Friday & Saturday တိုင်း runနေတဲ့ General English Conversation Free Club ပုံရိပ်လေးတွေပါ
မနက်ဖြန် Friday Con Club အတွက်ကိုလည်း announced လုပ်ပေးမှာမို့
Stay Tuned 🥳👏
8 254
Zoom feedback တွေက မယူတာတော်တော်ကြာပါပြီ ဘာလို့ဆို ကိုယ့်ဆီ word of mouth ကြောင့် လာတက်တဲ့သူတွေများတာမို့ နော်က်ပိုင်းမယူဖြစ်တာပါ။
အခုက ပြန်ယူပါပြီ Reflection လည်းပြန်လုပ်မှာ ဖြစ်သလို ပိုပြီး Language ပိုင်းရော Teaching ပိုင်းပါ စည်းကမ်းတကျ ဖြစ်ဖြစ် CoH Quality ဒီ့ထက်ပိုပြီး မြှင့်ပါတော့မယ်။
၂၀၂၇ ကစပြီးလည်း စာအုပ် Giveaway ကို ရပ်မှာ ဖြစ်ပါတယ်
ကျေးဇူးပါ။
CoH မှာ Exam ဖြေဆိုသူပေါင်း ရာချီရှိထားပြီး CoH ကနေတက်ပြီး CoH ကနေ စာမေးပွဲေြဖထားသူတွေဟာ Band 3 ချည်း အယောက် ၉၀ ကျော် ရှိထားပြီး ဖြစ်ပါတယ်။
ဒါတောင် Period 2 ခုစာ ထည့်မတွက်ရသေးပါဘူး
သင်တဲ့ ကျွန်မကလည်း CELTA, DoS, TESOL, (Tesol က ရထားတာ ၃ နေရာကပါနော် USA scholarship, LTTC, ASU)
တခြားလိုအပ်တဲ့ Certificate ပိစိတေွအပြင် ကျွန်မလုပ်ခဲ့တဲ့ experience တွေတင်ပဲ မနည်းပါဘူး။
ကျွန်မ organisation ကလည်း Cambridge preparation Centre ကိုမှ Bronze and British Council ရဲ့ Premium Membership ရထားပြီး လာမည့် နှစ်မှာ Premium plus ဖြစ်နေပါပြီ။
CoH ကို ပြန် Run ပြီး ၂ နှစ်ခွဲအကြာမှာ ရရှိခဲ့တဲ့ achievement တွေ ဖြစ်တာမို့ အောင်ချက်ကောင်းတဲ့ ကောင်းဖြစ်အောင် ပိုသေချာလုပ်သွားမှာပါ။
TKT private channel ဟာလည်း အခုဆို ၀င်ထားသူပေါင်း ၄၀၀ ပြည့်ဖို့ ၄ ယောက်သာလိုပါတော့တယ်။
CoH ကို ယုံကြည်ချစ်ပေးတဲ့ တစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်။
စတီ
