Brother Figure For You
رفتن به کانال در Telegram
A telegram channel for people who want to improve their lives. A channel you must subscribe to for valuable short-form letters. Follow me on other social platforms and check my services: https://portfolioafafaf.my.canva.site/aungpaingphyo
نمایش بیشتر2 245
مشترکین
اطلاعاتی وجود ندارد24 ساعت
-57 روز
-1830 روز
آرشیو پست ها
Zuby ဆိုတဲ့ Rapper
တစ်ယောက်ရှိတယ်
ဒါပေမဲ့ သူကသာမန်
Rapper တွေနဲ့မတူဘူး။
သီချင်းလည်းဆိုတယ်။
YouTube မှာဗီဒီယိုတွေ
လည်းတင်တယ်။
ပေါ့ကဒ်တွေလည်းလုပ်တယ်။
နိုင်ငံရေးဝေဖန်သူလည်း
လုပ်တယ်။
နောက်ပြီးတော့ Fitness
Program လည်းရောင်းတယ်။
သူရောင်းတဲ့ Fitness
Programကလည်းတော်တော်လေးကိုရောင်းရခဲ့တယ်။
ဘာ့ကြောင့်လဲဆိုတော့
သူ့ရဲ့ နယ်ပယ်ပေါင်းစုံက
ပရိတ်သတ်တွေဟာ
သူရောင်းချတဲ့ Program
ကို စိတ်ဝင်စားလို့ပဲ။
သူ့ရဲ့ Program ကလည်း
လူတိုင်းအတွက်အရေးကြီးတဲ့
ကျန်မာရေးပိုင်းဆိုင်ရာ
ဖြစ်နေတာလည်းပါတာပေါ့။
ကျွန်တော် ဒီနေရာမှာ
ပြောချင်တာက ကိုယ်
စိတ်ဝင်စားတဲ့ အရာမှန်သမျှကို
လေ့လာရမှာမကြောက်ပါနဲ့။
တစ်ချိန်မှာ အဲ့ဒီအရာတွေဟာ
တစ်ခုခုနဲ့တစ်ခု သူ့အလိုလို
ဆက်စပ်မိသွားလိမ့်မယ်။
@apphyo99
@brotherfigureforyou
လူတစ်ယောက်ကိုယ်ပိုင်အနေနဲ့
ငွေရှာနိုင်ဖို့ သုံးခုပဲလိုတယ်
Distribution - ( Media )
You need eyeballs to show
what you can offer.
Medium - ( Texts, Videos )
You need to create content
to build audiences and market
yourself.
Value- ( Product , Profitable skills )
အကျဉ်းချုပ်ရမယ်ဆိုရင်
လူတစ်ယောက်ကိုယ်ပိုင်အနေနဲ့
ငွေရှာဖို့အတွက်
◽ဆိုရှယ်မီဒီယာ
◽ဆောင်းပါး (သို့) ဗီဒီယို
◽လူတွေလိုအပ်နေတဲ့
ကုန်ပစ္စည်း (သို့) ဝန်ဆောင်မူ
@apphyo99
@brotherfigureforyou
ရည်စားနှစ်ယောက်
တစ်ပြိုင်တည်းထားနိုင်တာ
ဂုဏ်ယူစရာမဟုတ်ဘူး
ကိုယ်ပိုင် စည်းကမ်း
မကောင်းတာ။
ကိုယ့်ရဲ့ ရာဂစိတ်ကို
ကိုယ်နိုင်နင်းအောင်
ကောင်းကောင်း
မထိန်းချုပ်နိုင်တာ။
လူတစ်ယောက်
ရည်းစားမထားဘဲ နေတာဟာ
ကြိုက်မယ့်သူမရှိလို့မဟုတ်ဘူး။
သူ့မှာကြီးမားတဲ့ ရည်မှန်း
ချက်တွေရှိနေလို့။
အမျိုးသားတစ်ယောက်
မကောင်းတဲ့ စွဲလမ်းမူတွေ
မရှိဘဲနေနိုင်တာဟာ
Gay နေလို့မဟုတ်ဘူး။
သာမန်လူတွေထက်
စိတ်ပိုင်းဆိုင်ရာ
မာကြောမူရှိလို့။
@apphyo99
@brotherfigureforyou
လေ့ကျင့်ခြင်းလုပ်ခြင်းဟာ
ဦးနှောက်ရဲ့ လေ့လာနိုင်စွမ်းကို
ပိုတိုးတတ်စေတယ်
လေ့လာချက်တစ်ခုမှာ
လေ့ကျင့်ခန်းပုံမှန် လုပ်တဲ့
ကျောင်းသားတွေဟာ
လေ့ကျင့်ခန်း မလုပ်တဲ့
ကျောင်းသားတွေထက်
ဝေါဟာရအသစ်တွေကို
ပိုပြီး မှတ်မိလွယ်တယ်လို့
ဖော်ပြခဲ့ကြတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းနှင့်
ဦးနှောက်ရဲ့ လေ့လာနိုင်စွမ်း
ဆက်စပ်နေတာကို
ကျွန်တော်ကိုယ်တိုင်လည်း
အမှတ်မထင်တွေ့ရှိခဲ့ဖူးတယ်။
ကျွန်တော်ဆယ်တန်းတုန်းက
ကျူရှင်မှာ သုံးနာရီလောက်
ဆက်တိုက် စာတွေထိုင်ကျက်တာထက် အိမ်မှာ လမ်းလျှောက်ရင်း
စာကျက်လိုက်၊
အိပ်ချင်လာရင်
ဒိုက်ထိုးလိုက် စာပြန်ကျက်လိုက်
လုပ်တာက စာတွေကို ပိုပြီး
မှတ်မိလွယ်တာကို တွေ့ရှိခဲ့တယ်။
ဒါ့ကြောင့် ကိုယ့်ဦးနှောက်ရဲ့
လေ့လာနိုင်စွမ်းကို ပိုပြီး
မြှင့်တင်ချင်ရင် လူတိုင်း
တစ်နေ့ကို အနည်းဆုံး
မိနစ်နှစ်ဆယ်လောက်တော့
လေ့ကျင့်ခန်းလုပ်သင့်တယ်။
@apphyo99
@brotherfigureforyou
ဘာ့ကြောင့် နေ့တိုင်း
တစ်ယောက်တည်း
စက်ဘီးစီး (သို့မဟုတ်)
လမ်းလျှောက်သင့်တာလဲ?
ဒီနောက်ပိုင်းမှာ မိုးရွာတဲ့
နေ့ တွေက လွဲရင်
နေ့တိုင်းလိုလို
ကျွန်တော် တစ်ယောက်တည်း
လယ်ကွင်းတွေဘက်ကို
စက်ဘီးစီးဖြစ်တယ်။
ဘာ့ကြောင့် တစ်ယောက်တည်း
စက်ဘီးစီးတာလဲဆိုတော့
စက်ဘီးစီးတာတို့
လမ်းလျှောက်တာတို့လို
ပေါ့ပါ့ပါးပါး လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ထဲမှာ
သွေးလည်ပတ်မူကောင်းမွန်
စေပြီး တွေးခေါ်နိုင်စွမ်းကို
ပိုပြီးတိုးတတ်စေလို့ပဲ။
တစ်ယောက်တည်း ဆိုတော့
ကိုယ့်ရဲ့ အခက်အခဲတွေကို
ပိုပြီတွေးတော
အဖြေရှာနိုင်တယ်။
နောက်ပြီးတော့ စက်ဘီးစီး
ခြင်းဟာ ကျွန်တော့်အတွက်
Coping Mechanism
စိတ်ထွက်ပေါက်တစ်ခု
လို့လည်း ပြောလို့ရတယ်။
@apphyo99
@brotherfigureforyou
အောင်မြင်မူဆိုတာ
ကိုယ်ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာထက်
ဘယ်လောက်ထိ
ကျရူံခြင်းတွေ
အထီးကျန်ခြင်းတွေ
အသည်းကွဲခြင်းတွေကို
ခံနိုင်ရည်ရှိလဲဆိုတဲ့
အပေါ်မူတည်တယ်။
Starry Night ဆိုတဲ့ ပန်ချီကားနဲ့
နာမည်ကြီးခဲ့တဲ့ ဒတ်ခ်ျ လူမျိုး
Vincent Van Gogh ကို
လူအများစု သိလိမ့်မယ်လို့
ထင်ပါတယ်။
Van Gogh ဟာ သူအသက်ရှင်စဉ်
ကာလမှာ ဆီဆေးပန်ချီကားပေါင်း၈၆၀ နီးပါးရေးဆွဲခဲ့ပေမယ့်
အဲ့ဒီထဲမှာမှ ပန်ချီကားတစ်ချပ်သာ ရောင်းချနိုင်ခဲ့တယ်။
Van Gogh ဟာ သူ့ရဲ့
ပန်ချီကားတွေ မရောင်းရခဲ့တာ
ကြောင့် ငွေရေးကြေးရေးပိုင်းအရ
သူ့ရဲ့ညီ Theo အပေါ်
မှီခိုခဲ့ရတယ်။
အဲ့ဒီအပြင် Van Gogh ရဲ့
ဘဝဟာ တော်တော်လေးကို
အထီးကျန်ခဲ့တယ်။
Van Goghဟာ
သူချစ်ကြိုက်ခဲ့တဲ့
အမျိုးသမီးတိုင်းရဲ့
ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်။
နောက်ပိုင်းမှာ Van Gogh ဟာ
သူ့ရဲ့ အထီးကျန်မူတွေငွေရေးကြေးရေးအဆင်မပြေမူတွေကနေ ခဏတာလွတ်မြောက်ဖို့ကြိုးစားရင်း
အရက် ဆွဲသွားခဲ့တယ်။
အရက်ဆွဲသွားပြီးတဲ့ နောက်
သူ့ရဲ့ စိတ်ကျန်းမာရေး
အခြေအနေကပါ တစ်ဖြည်းဖြည်း
ဆိုးရွားလာခဲ့တယ်။
နောက်ဆုံးမှာတော့
Van Gogh ဟာ သူ့ရဲ
စိတ်ပိုင်းဆိုင်ရာပြဿနာတွေ
အပြင် သူ့ညီအပေါ် ဝန်ထုပ်
ဝန်ပိုး တစ်ခုလို ခံစားနေခဲ့ရ
တာတွေကြောင့် အသက် (၃၇)နှစ်
အရွယ်မှာပဲ သူ့ကိုသူ
သတ်သေသွားခဲ့တယ်။
Van Gogh တစ်ယောက်
ကံဆိုးတာက သူသေဆုံး
ပြီးသွားတဲ့ နောက်မှာမှ
သူ့ရဲ့ ပန်ချီကားတွေကို
ဈေးကြီးပေး ဝယ်ယူတဲ့သူတွေပေါ်ပေါက်လာခဲ့တယ်။
Van Gogh ရဲ့အကြောင်းကို
လေ့လာကြည့်မယ်ဆိုရင်
သူ့ဘဝကြီးက တော်တော်လေး
သနားစရာကောင်းတာကို
တွေ့ရလိမ့်မယ်။
Van Gogh ရဲ့ သေဆုံးမူအတွက်
သူ့ကို အပြစ်မတင်ချင်ပေမယ့်
သူသာ ဒီထက်ပိုပြီး နာကျင်ခြင်းတွေကို ခံနိုင်ရည်ရှိခဲ့မယ်ဆိုရင်
သူ့ရဲ့ အောင်မြင်မူတွေကို
သူကိုယ်တိုင် ရရှိခံစားနိုင်ခဲ့မှာ
ဖြစ်သလို နောက်ထပ် အနုပညာ
မြောက်တဲ့ သူ့ရဲ့ လက်ရာတွေကို
လည်း ကျွန်တော်တို့တွေ
မြင်တွေ့ခဲ့ရနိုင်တယ်။
@apphyo99
@brotherfigureforyou
ဘဝမှာ အောင်မြင် နေတဲ့သူတွေနဲ့
ကျရူံးတဲ့ သူတွေရဲ့ ကွာခြားတဲ့
အချက်က
သူတို့ရဲ့
အားလပ်ချိန်တွေ
အထီးကျန်နေတဲ့ အချိန်တွေကို
ဘယ်လိုသုံးစွဲလဲဆိုတာပဲ
အောင်မြင်မယ့်လူတစ်ယောက်က
သူ့ရဲ့ အားလပ်ချိန်တွေကို
သူ့ဘဝကို တည်ဆောက်ဖို့
သုံးစွဲတယ်။
ကျရူံးမယ့်လူတစ်ယောက်က
သူ့ဘဝကို ဖျက်စီးဖို့
သုံးစွဲတယ်။
@apphyo99
@brotherfigureforyou
ဘာ့ကြောင့်ကိုယ်ကာယ
ကြံ့ခိုင်မူက
အရေးကြီးတာလဲ?
မိုနာလီဇာပန်ချီကားကို
ရေးဆွဲခဲ့တဲ့ လီယိုနာဒို
ဒါဗင်ဆီဟာ ပန်းချီပညာရပ်
တစ်ခုတည်းမှာ ထူးချွန်ခဲ့တာ
မဟုတ်ပါဘူး။
ကျောက်ဆစ်ပညာ
ဗိသုကာပညာ
ခန္ဓာဗေဒ တို့လို ပညာရပ်
တွေမှာလည်း ထူးချွန်ခဲ့တဲ့
လူတစ်ယောက်ပါ။
သူအဲ့ဒီလို အလုပ်တွေအမျာကြီး
ကို တစ်ပြိုင်နက်တည်းလုပ်နိုင်တယ်ဆိုတာ သူ့မှာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားဗလ
တွေရှိနေခဲ့လို့ပါ။
ဟုတ်ပါတယ်။
လီယိုနာဒိုဒါဗင်ဆီဟာ
အသက်ငါးဆယ်ကျော်တဲ့အထိ
ခန္ဓာကိုယ်မှာ ကြွက်သားတွေ အပြည့်နဲ့ ကြည့်ကောင်းခဲ့တဲ့
လူတစ်ယောက်ဖြစ်ခဲ့တယ်လို့
အထောက်အထားတွေမှာ
ဖော်ပြခဲ့ကြပါတယ်။
လီယိုနာဒိုဟာ ဖလောရန့်မြို့မှာ
အသန်မာဆုံးလူတစ်ယောက်
ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့လည်း
သာမန်လူတွေမလုပ်နိုင်တဲ့
အလုပ်တွေကို လုပ်နိုင်ဖို့ဆိုရင်
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို
ကြံခိုင်သန်စွမ်းနေအောင်
လေ့ကျင့်တည်ဆောက်
ထားသင့်တယ်။
@apphyo99
@brotherfigureforyou
In the future, the great division
will be between those who can acquire skills and discipline their minds and those who are irrevocably
distracted by all the media
around them and can never focus enough to learn.
Rober Greene
( I request someone to translate this)
@apphyo99
@brotherfigureforyou
Don't let the noise of others' opinions drawn out your inner voice.
Steve Jobs
အခြားသူတွေရဲ့ အကြံအညဏ်တွေကြောင့် ကိုယ့်ရင်ထဲက စကားသံတွေကို
လျစ်လျူမရူမိစေနဲ့။
@apphyo99
@brotherfigureforyou
အင်္ဂလိပ်စာဆိုတာ လှေကား
တစ်ခုနဲ့တူတယ်
တချို့တွေက လှေကားကြီး
ကိုင်ပြီး ရပ်နေကြတယ်။
တချို့က လှေကားကို တသသနဲ့
အလှဆင်ပြီး အချိန်တွေ
ဖြုန်းနေကြတယ်။
လှေကားရဲ့ ရည်ရွယ်ချက်ဟာ
အမြင့်ကိုတတ်ဖို့ ပဲ။
အခိုင်ခံဆုံး ဖြစ်နေစရာ
မလိုဘူး။
အလှဆုံး ဖြစ်နေစရာမလိုဘူး။
တတ်လို့ရရင်လုံလောက်ပြီ။
အင်္ဂလိပ်စာလည်း အဲ့လိုပဲ။
အရမ်းကြီး fluent ဖြစ်နေစရာ
မလိုဘူး။
ကိုယ်လေ့လာချင်တဲ့ ဘယ်အရာ
ကိုမဆို လေ့လာနိုင်ရင်ရပြီ။
အဲ့ဒီလို လေ့လာရင်းနဲ့
ကိုယ့်ရဲ့ အင်္ဂလိပ်စာ
အရည်အချင်းဟာလည်း
ပိုပြီးတိုးတတ်လာမယ်။
ကိုယ်က လှေကားကြီး ကိုင်ပြီး ရပ်နေမယ်။
လှေကားကြီးကို စိန် ပြေနပြေ
အလှဆင်နေမယ်ဆိုရင်တော့
ဘယ်ကိုမှ ရောက်မှာမဟုတ်ဘူး။
@apphyo99
@brotherfigureforyou
ကိုယ်စားလိုက်တဲ့ အစားအစာတွေဟာ ကိုယ့်ဆီမှာ တန်ပြန်
သက်ရောက်မူရှိတယ်
ကျွန်တော်တို့ နေ့တိုင်း
စားနေတဲ့ အစားအစာ အချို့ဟာ
ကျွန်တော့်ကို စိတ်ရှုပ်
ထွေးစေတယ်။
အာရုံစိုက်နိုင်စွမ်းကို
လျော့ကျစေနိုင်တယ်။
ဥပမာ Glucose ( အချိုဓာတ်)
လွန်ကဲတဲ့အစားအစာတွေ
( ဥပမာ လက်ဖက်ရည်
သကြားပလာတာ )
စားတာ
များရင် ဦးနှောက်ဟာ
လေးလံထှိုင်းမှိုင်းပြီး
စိတ်ဓာတ်ကျလာတယ်။
မနက်နိုးနိုးချင်းမှာ
Carbohydrate ပါတဲ့
အစားအစားတွေစားလိုက်ရင်
လူဟာ အိပ်ချင်ပြီး
ကိုယ်လုပ်နေတဲ့ အလုပ်တွေ
ကျောင်သင်ခန်းစာတွေပေါ်
မှာ အာရုံစိုက်နိုင်တော့ဘူး။
တကယ်တော့ သာမန်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့
Carbohydrate 🍚 (ဆန်၊ဂျုံ)
လွတ်ကင်းတဲ့
မနက်စာကို စားနိုင်ဖို့ဆိုတာ
မလွယ်ကူဘူး။
ကျွန်တော့်အတွက်လည်း
မလွယ်ပါဘူး။
ကျွန်တော်တို့ လုပ်လို့ရတာဆိုလို့
ကိုယ်လုပ်စရာရှိတဲ့
အလုပ်တွေ အားလုံးလုပ်ပြီးတဲ့
ထိ မစားဘဲ နေလို့ရတာပဲရှိတယ်။
Introvert တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင် (၁၀)မျိုး
(1) Freelance Writing
(2) Video Editing
(3) Online Shop
(4) Graphic Design
(5) Content Creation
(6) Virtual Assistance
(7) Online Tutoring
(8) Web Development
(9) Consulting
(10) Self-Publishing
@appphyo
@brotherfigureforyou
Ai တွေကို အသုံးချပြီး လူတိုင်းလိုလို ငွေရှာနိုင်တဲ့
အလုပ်အကိုင် (၁၀ ) မျိုး
(၁) အလွတ်တန်းစာရေးသားခြင်း
(၂) T shirt များဖန်တီးရောင်းချခြင်း
(၃) စာအုပ်များရေးသားရောင်းချခြင်း
(၄) Online Course များဖန်တီးရောင်းချခြင်း
(၅) ဗေဒင်ဟောခြင်း
(၆) Personal Training
(၇) YouTube ဗီဒီယိုများဖန်တီးခြင်း
(၈) Paid newsletter ရေးသားခြင်း
(၉) Virtual Assistance
(၁၀) ဘာသာစကားသင်ကြားခြင်း
@apphyo99
@brotherfigureforyou
ကျွန်တော်တို့ ဒီ Generationရဲ့
လက်ထဲမှာ
◽ကိုယ်လေ့လာချင်တဲ့
အရာတော်တော်များများကို
လေ့လာနိုင်တဲ့ YouTube ရှိတယ်။
◽ကိုယ်သိချင်တဲ့အရာမှန်သမျှကို မေးလို့ရနိုင်တဲ့ AIတွေရှိတယ်။
ကိုယ့်ရဲ့ အိုင်ဒီယာတွေကို ရုပ်ပုံတွေ ဗီဒီယိုတွေအဖြစ်ပြောင်းလဲလို့ ရတဲ့ AI တွေရှိတယ်။
◽ပရိတ်သတ်တွေ အခမဲ့တည်ဆောက်လို့ရတဲ့ ဆိုရှယ်
မီဒီယာ တွေရှိတယ်။
◽ကိုယ်ဖတ်ချင်တဲ့ စာအုပ်မှန်သမျှကို အခမဲ့ရှာဖတ်နိုင်တဲ့
ဝက်ဆိုဒ်တွေရှိတယ်။
ဒါတွေဟာ ကျွန်တော်တို့
မိဘတွေ မရနိုင်ခဲ့တဲ့
အခွင့်အရေးတွေပဲ။
ဒီအခွင့်အရေးတွေကို ကျွန်တော်တို့ ဘာလို့ဖြုန်းပြစ်ရမှာလဲ?
ဘာလို့ လစာနည်းပြီး
ကိုယ့်ကို ကျွန်တစ်ယောက်လို ဆက်ဆံနေတဲ့ အလုပ်တွေမှာ ကိုယ့်ရဲ့ လူငယ်
ဘဝအချိန်တွေအားလုံးကို
ဖြုန်းပြစ်ရမှာလဲ?
ဘာလို့ သာမန်လူတွေလို
ဂိမ်းစော့လိုက်
ရုပ်ရှင်ကြည့်လိုက်
ဆိုရှယ်မီဒီယာတွေပေါ်မှာ
ရည်ရွယ်ချက်မရှိဘဲ
လေလွင့်လိုက်နဲ့
ကိုယ့်ရဲ့ အားလပ်ချိန်တွေကို
ဖြုန်းပြစ်ရမှာလဲ?
@apphyo99
@brotherfigureforyou
ကိုယ့်ရဲ့ စိတ်ထွက်ပေါက်ကို ဘယ်လိုရှာဖွေမလဲ?
လူတိုင်းမှာ စိတ်ထွက်ပေါက်ဆိုတာ လိုအပ်တယ်။
ဘာ့ကြောင့်လဲဆိုတော့
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ
ဒိုဖာမင်ကို လိုအပ်လို့ပဲ။
Dopamine မရှိဘဲ ရှင်သန်ရတဲ့
လူတစ်ယောက်ဟာ
ဘာမှမရှိတဲ့
အလုံပိတ်အခန်းထဲမှာ
တစ်ယောက်တည်း
ပိတ်လှောင်ခံထားရသလို
ဖြစ်နေနိုင်တယ်။
Dopamineကို ကျွန်တော်တို့
ဘယ်ကရရှိလဲဆိုတော့
အရသာရှိတဲ့ အစားအသောက်
တွေ စားသုံးခြင်းကနေရတယ်။
အထိအတွေ့ကနေရတယ်။
လှုပ်ရှားမူတွေကနေရတယ်။
ဂိမ်းစော့တာက နေရတယ်။
ညစ်ညမ်းရုပ်ရှင်တွေ ကြည့်ရူ
တာကနေရတယ်။
ဆေးလိပ်သောက်ခြင်းက
နေရတယ်။
တကယ်တော့ ကျွန်တော်တို့
ရဲ့ ခန္ဓာကိုယ်က ဒိုဗာမင်ကို
အငမ်းမရလိုချင်တယ်ဆိုတာ
ဘာမှမရှိတဲ့ အလုံအပိတ်အခန်း
တစ်ခုနဲ့တူတဲ့ ကိုယ့်ဘဝထဲကနေ
မြန်မြန်ဆန်ဆန်
ရုန်းထွက်ဖို့ ကြိုးစားနေတာနဲ့
တူတယ်။
စိတ်ထဲမှာ ခံစား နေရတဲ့
အတိတ်ရဲ့ နာကျင်မူတွေကနေ
ရုန်းထွက်ဖို့ ကြိုးစားနေတာ
လို့ လည်းပြောနိုင်တယ်။
အဲ့ဒီလို ရုန်းထွက်ပြီး
စိတ်ထွက်ပေါက်တွေ ရှာလေ
ရှာလေ ကျွန်တော်တို့ဆီမှာ
စွဲလမ်းမူတွေဟာ ကပ်ငြိတွယ်
လေပဲ။
ဒါဆို ကိုယ့်ရဲ့ စိတ်ထွက်ပေါက်
ကို ကျန်မာရေးနဲ့ ညီညွတ်တဲ့
နည်းနဲ့ ဘယ်လိုရှာမလဲ?
ဒိုဗာမင်အများကြီးမထွက်တဲ့
မစွဲလမ်းစေတဲ့ အလေ့အကျင့်
တွေကိုရွေးလုပ်ရမယ်။
ဘယ်လိုအရာတွေလဲဆိုတော့
(၁) စာဖတ်ခြင်း
(၂) စာရေးခြင်း
(၃) ယောဂလေ့ကျင့်ခြင်း
(၄) အလေးမခြင်း
(၅) ပန်းချီဆွဲခြင်း
(၆) ဘာသာစကားတစ်ခုခု
လေ့လာခြင်း
(၇) စက်ဘီးစီးခြင်း
(၈) တရားထိုင်ခြင်း
(၉) နေရာအသစ်တွေကို
သွားရောက်လည်ပတ်ခြင်း
(၁၀) လူစိမ်းတွေနဲ့
မိတ်ဆွေဖွဲ့ခြင်း
@brotherfigureforyou
@apphyo99
လူတစ်ယောက်နဲ့ တစ်ယောက်
ပျော်ရွင်မူကို ရှာဖွေတဲ့
ပုံခြင်း မတူညီနိုင်ဘူး
သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကိုမေးတယ်။
မင်း ဆေးလိပ်တွေ
အရက်ဘီယာတွေ
လည်းမသောက်
ဂိမ်းလည်းမစော့
ဘယ်မှလည်း မသွားနဲ့
မင်း မပျင်းဘူးလားတဲ့။
ကျွန်တော် ပြန်ပြောလိုက်တယ်။
မင်းတို့ အတွက်တော့
ဒါတွေက ပျော်ရွင်စရာတွေ
ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့
မဟုတ်ဘူး။
ငါက တစ်ယောက်တည်းနေပြီး
အလုပ်တစ်ခုခု လုပ်နေရမှ
ပျော်တဲ့ကောင်။
ငါသာ တစ်နေ့တစ်နေ့
ဆေးလိပ်သောက်လိုက်
ဂိမ်းဆော့လိုက်နဲ့ လုပ်နေမိရင်
တစ်ပတ်လောက်ဆို
ငါစိတ်ဓာတ်တွေအောက်ဆုံးထိ
ကျပြီး ကိုယ့်ကိုကို
သတ်သေမိလိမ့်မယ်။
ငါ့ရဲ့ ပျော်ရွင်မူကိုရှာဖွေတဲ့
ပုံက မင်းတို့နဲ့တော့ မတူဘူး။
ဒါက ဆယ်ကျော်သက်
အရွယ်ထဲက
ပြင်လို့မရတော့တဲ့ ငါ့ရဲ့
အမူအကျင့်တွေပဲ။
@brotherfigureforyou
ဘယ်သူ့ရဲ့ အားပေးမူမှ
မင်းမလိုဘူး
မင်းကိုမင်း အားပေး
တတ်ဖို့ပဲလိုတယ်
လူတွေကပြောကြတယ်
ငါ့ကို အားပေးဖေမမယ့်သူ
မရှိဘူး blah blah
တကယ်တော့ဘယ်သူမှာမှ
ကိုယ့်ကို အားပေးဖေးမဖို့
အတွက် တာဝန်မရှိဘူး။
လူတိုင်းဟာ ကိုယ့်အလုပ်နဲ့
ကိုယ်ရှုပ်နေကြတာ။
ပြန်စဉ်းစားကြည့်ရင်လည်း
ကိုယ်ဘာလုပ်ရမယ်ဆိုတာ
ကိုယ်တိုင်သိနေတာပဲ။
ဘာလို့ သူများရဲ့ အားပေးမူ
တွေကို မျှော်လင့်နေမှာလဲ။
ဘယ်သူမှ အားမပေးလည်း
ကိုယ့်ကိုကို ပြန်ပြီး
အားပေးလို့ ရနေတာပဲ
မဟုတ်လား။
@apphyo99
@brotherfigureforyou
လေ့လာမူနှင့် အသုံးချခြင်းဟာ
ဟန်ချက်ညီနေဖို့လိုတယ်
လူတော်တော်များများက
စာတွေဖတ်ကြတယ်
ဗီဒီယိုတွေကြည့်ပြီး
အရည်အချင်းအသစ်တွေ
လေ့လာကြတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ လေ့လာမူတွေကို
အားမရသေးဘူးဆိုတဲ့
အကြောင်းပြချက်နှင့်
လက်တွေ့မှာ ပြန်အသုံးချ
လေ့မရှိဘူး။
အဲ့ဒီလို လေ့လာတာတွေ
များပြီး ပြန်အသုံးမချတဲ့အခါ
ဦးနှောက်ထဲမှာ
ရှုပ်ထွေးလာတယ်။
Input ပဲရှိပြီး outputမရှိတဲ့အခါ
အစားတွေတစ်ချိန်လုံးစားပြီး
ကိုယ်လက်လှုပ်ရှားမူမရှိတဲ့
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်လို
ဦးနှောက်ဟာ လေးကွေး
လာတယ်။
တချို့အရာတွေက ခေါင်းထဲက
ပြန်ထွက်သွားတယ်။
ဒါ့ကြောင့် လေ့လာမူနှင့်
လက်တွေ့မှာ ပြန်အသုံးချမူဟာ
ဟန်ချက်ညီနေဖို့လိုတယ်။
@brotherfigureforyou
