2 066
مشترکین
-224 ساعت
-147 روز
-6730 روز
آرشیو پست ها
2 066
ဒီရက်ထဲမှာမြို့နယ်တော်တော်များများမှာရပ်ကျေးအသစ်ရွေးချယ်ပွဲတွေလုပ်လာကြတယ် တိုက်ဆိုင်စွာနဲ့ ယခင်ဖျက်သိမ်းnldပါတီကိုထောက်ခံခဲ့တဲ့သူတွေ ဆန္ဒပြပွဲတွေမှာပါသူတွေ ထောက်ပံ့သူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအဖြစ်ပြန်ရွေးချယ်ခံရတာတွေ့ရတယ် ဒါဟာနိုင်ငံတော်နဲ့အစိုးရအတွက်ကောင်းတဲ့အလားအလာမဟုတ်ပါဘူးနောက်တစ်ကြိမ်အကျပ်အတည်းတေ်မတည်ငြိမ်မှုတွေပြန်ဖြစ်လာနိုင်ပါတယ် ဒီကောင်တွေကိုယုံလို့မရပါဘူး လူကြီးမင်းတို့ကြည့်လုပ်ပါအုံး
2 066
သတင်းတိုထွာ
ဧပြီ ၂ မှစတင်ကာ အာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်မည်
ဧပြီ ၅မှစတင်ကာမြစ်ကြီးနားလေကြောင်းလိုင်းပြန်လည်ပြေးဆွဲမည်
ရခိုင်ပြည်နယ်သံတွဲနဲ့ငပလီမှာအထိုင်ချနေတဲ့ အကြမ်းဖက်aaတွေတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အထိအခိုက်များ
ဝင်းဝစခန်းအား တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ခဲ့
ဝေါလေ စခန်းကိုလာတိုက်တဲ့ kndo knu pdfပူးပေါင်းအဖွဲ့များ တပ်မတော်၏ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့်ထွက်ပြေး
2 066
ဘိုကလေးမြို့နယ် ရေကျော်တိုးကျေးရွာမှာ ပုံစံ၂ နဲ့ခေါ်ယူထားတဲ့ပြည်သူစစ်မှုထမ်းတပ်သားသစ်အား မင်းမဲ့စရိုက်ဆန်ဆန်ဝင်ရောက်လုယူမှုဖြစ်သွားတယ်လို့သိရပါတယ်
2 066
ဇန်နဝါရီလ ၂၇ ရက် မနက်ပိုင်းက ဘိုကလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတသော အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ သွားရောက်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ရဲ့ လျှောက်လဲချေပချက်များကို ဂုဏ်ပြုထောက်ခံပွဲနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန်စွပ်စွဲချက်များကို ဆန့်ကျင် ကန့်ကွက် ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲမှ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်
2 066
( သတိ.... သတိ )
အိန္ဒယမှာ နီပါးဗိုင်းရပ်စ် ( Nipah virus ) ကူးစက်ပြန်နှံ့နေတယ်၊
သေဆုံးမှုက 40-70% အကြားမှာရှိတဲ့အတွက် Covid-19 ထက်အများကြီးပိုနေပါတယ်
နီပေါမှာတောါ လေဆိပ်အဝင်အထွက်တွေကိုတင်းကြပ်လိုက်တယ်၊
အိမ်နီးချင်းဖြစ်တာမို့ မြန်မာမှာလဲသတိထားကြတာ ကောင်းပါလိမ့်မယ်၊
BaMg ☯️
2 066
လက်ပံတန်း ပြည်ကားလမ်းကဖြစ်နေတာကြာပါပြီ ထိထိရောက်ရောက်မလုပ်တဲ့အတွက်အခုပိုဆိုးလာတာပါ
2 066
ကိုကျော်စိုးဦးကသူပုတ်အုတ်ဂူကိုနင်းပြီးဖိနပ်စီးတာကိုမင်းတို့သေလောက်အောင်နာတယ်ဆိုတော့နိုင်ငံတော်ရဲ့မြင့်မြတ်တဲ့အလံကိုမီးရှို့ဖျက်စီးတွေ တပ်ရင်းတပ်ဖွဲ့တွေကိုဖျက်စီးတာတွေ အသက်ရှင်နေတဲ့စစ်သည်တွေခေါင်းကိုခြေထောက်နဲ့နင်းပြီးပြတာတွေ သတ်တာတွေဆို ငါတို့ဘယ်လောက်နာကျည်းလိုက်မလဲတွေ့ကြည့်ပေါ့ကွာ
ရဲဘော်သံချောင်း
2 066
အဓိပ္ပယ်ရှိရှိမရှိရှိ ဖြစ်နိုင်နိုင််
မဖြစ်နိုင်နိုင် သူတို့ရဲ့မူလရည်ရွယ်အမှန်က အဲ့တာပဲ ကရင်နိုင်ငံ ရခိုင်နိုင်ငံ ကချင်နိုင်ငံ အဲ့လိုထူထောင်ခြင်တာ သမိုင်းအဆက်ဆက်ခေတ်အဆက်ဆက်ကိုပြန်ကြည့်ရင်လဲ
ဗမာတွေစည်းရံးမှုပျက်ပြားလို့တပ်မတော်အားနည်းချိန်တိုင်းသူတို့လုပ်နေကျအချိုးတွေပါ ဒါကိုအသိဥာဏ်မရှိတဲ့ nug နဲ့pdfတွေက သူတို့ဒီမိုကရေစီအတွက်တိုက်ပေးနေတာ
ဒေါ်စုပြန်လွှတ်ဖို့တိုက်ပေးနေတာ စစ်အစိုးရပြုတ်ကျဖို့တိုက်ပေးနေတယ်လို့ ထင်နေတာ အခုတော့ လက်နက်ကိုင်တွေရဲ့စိတ်ရင်းအမှန်တွေဖုံးမရထိန်းမရပေါ်လာပါပြီ
ရဲဘော်သံချောင်း
2 066
ဆင်ဖြူတော် 🍁
ဒီစာကတော့ အစိုးရအဖွဲ့ရဲ့အာဘော်မဟုတ်သလို အစိုးရနဲ့လည်းမပတ်သက်တာမို့ အကောင့်ထဲက အစိုးရအဖွဲ့ဝင် လူကြီးမင်းများကတော့ မမြင်ချင်ယောင်ဆောင်ပေးကြပါခင်ဗျ။ မနေ့က ဘွဲ့တွေနဲ့ပတ်သက်ပြီး အဘတို့ကို အစာမကြေ၊ ရင်ခံနေကြတဲ့ ချစ်သော မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။ သူတို့ဖတ်ဖို့ပါ။
ပထမဆုံးပြောချင်တာက "ဗိုလ်မှူး သီဟသူရဝေယံလင်း" အပါအဝင် အခြားသော အာဇာနည်စစ်သည်တွေရဲ့ နာမည်တွေကို ခဏဖယ်ထားပေးကြပါ။ သူတို့က "အမြင့်မြတ်ဆုံးသောဂုဏ်" ကိုးဗျ။ သူတို့နဲ့ သွားတိုင်းနေရင်တော့ အားလုံးက "လခွမ်းအစစ်ကြီးတွေ" ဖြစ်ကုန်တော့မှာပေါ့။ ကျွန်တော်တို့က အစာမကြေတဲ့ကိစ္စလေးပဲ ပြောကြရအောင်ပါ။
ထိုင်းမှာရိုးရာတစ်ခုရှိတယ်ဗျ။ "ဘုရင်ကြီးရဲ့ ဆင်ဖြူတော်လက်ဆောင်" ဆိုတာ။ မင်းတြားကြီးဟာ သူစောက်မြင်ကပ်တော်မူတဲ့ နန်းတွင်းသားတွေကို "ဆင်ဖြူတော်ကြီး" တွေ လက်ဆောင်ပေးတော်မူပါသတဲ့။ လက်ဆောင်ရသူ နန်းတွင်းသားခမျာ ဘုရင်ကြီးရဲ့လက်ဆောင်ဆိုတော့ မယူဘူးလို့လည်း မငြင်းရဲ၊ ဆင်တစ်ကောင်ရဲ့စားစရိတ်ကလည်း မနည်း၊ ဆင်ဖြူတော်ကြီးဆိုတော့လည်း နိုင်ငံ့ရတနာကိုးဗျ၊ စီးမရ သုံးမရ၊ ဒီကြားထဲ ကိုယ့်အိမ်မှာ မွေးထားတုန်း ဆင်ဖြူတော်ကြီးသေသွားရင် အလကားနေရင်း မင်းပြစ်မင်းဒဏ်က သင့်ဦးမယ်။ ဒီတော့ မင်းတရားကြီးရဲ့ ဆင်ဖြူတော်လက်ဆောင် ဆိုတာ "စောက်မြင်ကပ်လို့ပေးတဲ့ဆုတော်" ကြီးပါပဲ။ သေချာတွေးကြည့်ရင် မိတ်ဆွေများ မေတ္တာတော်ထားနေကြတဲ့ အနုပညာသည်တွေခမျာလည်း အဘတို့ဆီကနေ ဆင်ဖြူလက်ဆောင်ရကြတာနဲ့ အတူတူပါပဲ။
- သူတို့တွေ အာချောင် တော်လှန်ဆန့်ကျင်ခဲ့တဲ့လူရဲ့ လက်မှတ်ကြီးထိုးထားတဲ့ ဘွဲ့ကြီးကတော့ ရလာပြီ။ မယူဘူး လို့ ငြင်းရဲ ငြင်းပေါ့။ နောက်ဆက်တွဲတွေက ရှိမယ်။ မတန်လို့မယူရင်လည်း ကိုယ့်အကြောင်း ကိုယ်သိပေါ့။
- နိုင်ငံရေးတွေ အရမ်းကြောင်တယ်မဟုတ်လား၊ ရော့... အဲဒီမှာ ယူ.. ယူ။ ထပ်ကြောင်ရင် NLD လက်ထက်က သာဝန်လို အကုန်ပြန်ဖြုတ်ပစ်လို့ အရှက်ပါကွဲစေရမယ် - ဆိုတဲ့အပေါက်ကလည်း ချိုးခံရ။
- ဒီကြားထဲ မိန့်ခွန်းမှာ ဘာတဲ့... တပ်မတော်က အာဏာဘာကြောင့် ထိန်းရပါတယ် - ဆိုတာကို တစ်ရှည်တလျားရှင်းပြတဲ့ Briefing ကြီးလည်း နားထောင်ရ။ လမ်းပေါ်တက်တယ် ဟုတ်လား၊ ဒါတောင်မသိဘူးလား - ဆိုပြီး ကိုယ်ယုံကြည်ရာဟာ ဘယ်လောက်မှားကြောင်း ဟိုက တရားဝင်တက် ဩဝါဒချွေတာကိုလည်း နာယူရ။
- ဒီကြားထဲ ဘွဲ့ပေးပါပြီ ဆိုကတည်းက အနာဟောင်းမှန်သမျှ အပ်နဲ့ဆွသလို ဗီဒီယိုတွေက ပြန်တက်လာ၊ လူတွေက ပိုမုန်း။ အမြင်ကပ်စိတ်ကို ဘွဲ့လေးပေးရင်း... နွှေးပေး။ နောက်တစ်နှစ် နောက်ခေါင်းစဉ်အောက်က နောက်တစ်မျိုးထပ်လာ... နောက်တစ်ခါအဆဲခံရ (ဖက်ခွက်စား... ဘာညာ)
- ဒါတောင် အစိုးရလော်ဘီတွေက ဒီထက်များပို ကျွမ်းကျင်ကြရင် "ဘယ်လိုတောင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အင်ဖော်မာတွေမို့ ဒီလောက်တောင် ချီးမြှောက်နေရတာပါလိမ့် တို့။ CDM ငွေတွေက သူတို့ဆီမှာလေ။ ဘုံးပေးတော့ CDM ပါ ပြိုတာပေါ့။ စာရွက်လေးတစ်ရွက်လောက်တော့ ပေးသင့်ပါတယ်" ဘာ ညာ... တဆုံး ထည့် ထည့်လိုက်ရင် ကွဲဦးမှာ။
- ဒီလိုဆိုလို့ ဟို ရုပ်ရှင်မင်းသမီးလို မသာမယာ မျက်နှာပေးနဲ့ မျက်ရည်ချူရင်လည်း နှစ်ဖက်ညှပ်ကို အဆဲခံရဦးမှာ။ "မရှက်တတ်ရင် ယူလေ" (ဒါမှမဟုတ်) "မကျေနပ်ရင် ဘွိုင်းကောက်လိုက်" တစ်ခွန်းပဲပြော... ပွဲသိမ်းပြီ။
ထားပါတော့... ပြောချင်တာက မိတ်ဆွေများ စိတ်အဆင်မပြေဖြစ်ကြသလောက်ကို မေတ္တာတုံးများကလည်း အဆင်မပြေကြပါဘူး လို့ ပြောချင်တာပါ။ ဒီလူတွေက မင်းတြားကြီးရဲ့ ဆင်ဖြူတော်ကိုမှ လက်ခံမိကြတဲ့လူတွေပါ။
အစိုးရကတော့ ပြောမှာပေါ့ဗျာ...
"ရွေးကောက်ပွဲကို အသိပေးဖို့ စာရွက်လေးတွေကိုင်ပြီး ပြောပေးကြတယ်နော်။ မဲပေးသူ (၅၂)% ရှိတယ်သိလား၊ ကျေးဇု.. ရော့ယူ.." လို့ 😅
ပေးပါ။ နှစ်တိုင်းပေးတော့ နှစ်တိုင်း အဆဲခံရတာပေါ့။ မဆိုးပါဘူး။
ကျွန်တော်ကြိုက်တဲ့ The Sandman ဇာတ်လမ်းတွဲထဲက ဇာတ်ကွက်တစ်ခုတောင် သတိရသွားတယ်။ စာရေးဆရာတစ်ဦးက သူစာရေးစရာ Idea တွေရဖို့ Muse နတ်မိမယ်တစ်ပါးကို ပြန်ပေးဆွဲသွားတယ်။ နတ်မိမယ်ရဲ့ခင်ပွန်းဖြစ်တဲ့ အိပ်မက်သခင် "Dream of the Endless" က သူ့ဇနီးကို လွှတ်ပေးဖို့လိုက်တောင်းဆိုတယ်။ ဟိုကလည်း အိုင်ဒီယာတွေမရတော့မှာစိုးလို့ မလွှတ်ဘူးပေါ့။ အဲဒီမှာ Dream of the Endless က ပြောတယ်။
"မင်းလိုချင်တာသာ အိုင်ဒီယာတွေဆိုရင် သုံးမကုန်အောင်ရစေမယ်" တဲ့။ အဲဒီကတည်းက စာရေးဆရာမှာ အတွေးစတွေ ရတာ ရတာဆိုတာလေ ရပ်လို့ကို မရတော့ဘူး။ ရူးမတတ်ဘဲ။
အခုလည်း... နိုင်ငံရေးကြောင်ကြတယ်မလား။ ဟီးရိုးကြီးတွေဖြစ်ချင်ကြတယ်မလား။ ဖြစ်စေရမယ်။ သူရဲကောင်းအစစ်တွေကြားထဲထိ နာမည်ပို့ပေးမယ် လို့ ချိုးခံလိုက်ကြရတာပါပဲ ☺️
ပြောချင်တာက...
စိတ်လျှော့ပါ။ ကျန်းမာအောင်နေကြပါ။ အခါအခွင့်သင့်ပြီး ဆန္ဒရှိရင် နောက်နှစ်လည်း ဆဲကြရဦးမှာပါ။
အားလုံးကိုချစ်တဲ့...
သန့်နေစိုး ☺️💚
*
*
*
2 066
ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာမှာလူငယ်တချို့ ထပ်ပေါက်နဖူးကွဲအောင်အရိုက်ခံခဲ့ရတယ်လို့သိရှိရပါတယ် အရိုက်ခံရတဲ့အထဲမှလူငယ်တစ်ဦးဟာဦးခေါင်းခွံမာထိသွားပြီးရန်ကုန်ဆေးရုံးမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ် ကျူးလွန်ခံရသူများဘက် သက်သေအထောက်အထားတွေ video file
တွေနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ
အမှုဖွင့်ခဲ့ပေမဲ့ တာဝန်ရှိသူမှ အမှုဖွင့်မပေးပဲ ဆေးဖိုးလျော်ကြေးကိုသာလက်ခံခိုင်းခဲ့ပြီးအမှုကိုကြေအေးကြောင်းအတင်းအဓမ္မလက်မှတ်ရေးထိုးစေခဲ့တယ်လို့သိရပါတယ်
၎င်းဖြစ်စဥ်နှင့်ပက်သတ်ပြီးကျူးလွန်ခံရသူတရားလိုများဘက်မှ သက်ဆိုင်အထက်ဌာနတွေဖြစ်တဲ့
ဧရာဝတီတိုင်းရုံးနဲ့ နေပြည်တော်ဝန်ကြီးဌာနများသို့တိုင်ကြားသွားမယ်လို့သိရှိရပါတယ်
