fa
Feedback
AA Info Desk

AA Info Desk

رفتن به کانال در Telegram

📈 تحلیل کانال تلگرام AA Info Desk

کانال AA Info Desk (@aainfodesk) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 45 639 مشترک است و جایگاه 5 685 را در دسته اخبار و رسانه‌ها و رتبه 3 199 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 45 639 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 03 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -194 و در ۲۴ ساعت گذشته برابر 69 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 29.52% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 12.97% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 13 475 بازدید دریافت می‌کند. در اولین روز معمولاً 5 921 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 328 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
https://www.arakanarmy.net https://vk.com/arakanarmyinfodesk

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 04 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

45 639
مشترکین
+6924 ساعت
-937 روز
-19430 روز
آرشیو پست ها
ပလက်ဝမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် ဗုံးကြဲ၊ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁)
+5
ပလက်ဝမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် ဗုံးကြဲ၊ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်တွင်လည်း ပလက်ဝမြို့ အဝင် ဆိုင်းဘုတ်အနီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် တစ်ကြိမ် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မြို့အဝင်ဝ အနီးရှိ ဦးသောကြာ၏ နေအိမ်အား ဗုံးစများထိမှန်ခဲ့ပြီး ဦးသောကြာ၏သမီးဖြစ်သူ မထွီးစိန်(ထွေးစိန်) (၁၉ နှစ်) မှာ ညာဘက်ခြေထောက်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရေတံခွန်ကျေးရွာမှ ပလက်ဝမြို့တွင်ပညာသင်ကြားရန်အတွက် ဦးသောကြာ၏ နေအိမ်သို့ရောက်ရှိနေသော ဦးကင်းနောင်၏သမီး ကျောင်းသူ မသန္တာထိုက် (၁၃ နှစ်) မှာလည်း ညာဖက်ခြေထောက်၌ ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် စစ်ဘက်နှင့်မသက်ဆိုင်သည့် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို နေစဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြပါရန် ထပ်မံအသိပေး တိုက်တွန်းအပ်ပါသည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဩဂုတ်လ (၃) ရက်၊ (၄) ရက်၊ (၈) ရက် နှင့် (၁၀) ရက် နေ့တို့တွင်လည်း သံတွဲ၊ မြောက်ဦး၊ အမ်း စသည့်မြို့များကို နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် ပြည်သူတို့၏ အိုးအိမ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် တိရစ္ဆာန်များ သေကျေ ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့သည်။ ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ နံနက်ပိုင်းတွင် ပလက်ဝမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ကြသော အပြစ်မဲ့ ပြည်သူနှစ်ဦး သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက်
+8
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးမှု စာရင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက် #AAInfoDesk

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက်
+6
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော အပြစ်မဲ့ အရပ်သားပြည်သူများ စာရင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက် #AAInfoDesk

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီကျော်အချိန်တွင် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သော အပြစ်မဲ့ အရပ်သားပြည်သူများ စာရင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက် #AAInfoDesk

photo content
+9

သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁၀) ဦးအထက်သေဆုံးကာ (၈) ဦး ဒဏ်ရာ
+5
သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁၀) ဦးအထက်သေဆုံးကာ (၈) ဦး ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ ယနေ့ နေ့လယ် (၁) နာရီအချိန့်မှစတင်၍ အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် မိနစ် (၂၀) ခန့်ကြာ လှည့်ပတ်ပြီး ပေါင် (၃၀၀) ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးသီး (၃) လုံးကို ကြဲချပြီး ထပ်မံ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးသီးများမှာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်များသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူ (၁၀) ဦးအထက် အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ ထို့ပြင် အခြားသော အပြစ်အဲ့အရပ်သားပြည်သူ (၂) ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အတူ အဆိုပါလေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ၄င်းပတ်ဝန်းကျင်မှ ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ (၂၀) ခန့်မှာလည်း လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့သေးသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ၊ (၂၃) ၊ (၂၄)၊ (၂၇)၊ (၃၁) ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ်၊ ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နေ့ရော ညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ ထို့ကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြပါရန် ထပ်မံအသိပေး တိုက်တွန်းအပ်ပါသည်။ ယနေ့ နေ့လယ်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုစာရင်း အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

photo content
+9

photo content
+9

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာအချို့အား
+1
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာအချို့အား ညအချိန်ဗုံးကြဲတိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ ည (၉) နာရီခွဲအချိန်တွင် အာရက္ခပြည်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများနေထိုင်သည့် နေရာများသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ညအချိန် ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ၎င်းကျေးရွာအတွင်းရှိ ကိုအောင်ပိုင်မိသားစု ပိုင်ဆိုင်သည့် ကားဝပ်ရှော့အပါအဝင် ၎င်းအနီးပတ်ဝန်းကျင်များသို့ ဗုံးသီးများကျရောက် ထိမှန်ခဲ့သည်။ အဆိုပါ ဗုံးသီးများမှာ ကိုအောင်ပိုင်မိသားစုနေထိုင်သည့် နေအိမ်နှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်နှင့် ကားဝပ်ရှော့အလုပ်ရုံအဆောင်တို့မှာ လုံးဝပျက်စီးသွားခဲ့သည်။ နေအိမ်အတွင်းရှိ ကိုအောင်ပိုင်၏ မိခင် ဒေါ်မလေးငယ် (၆၇ နှစ်)နှင့် ကားဝပ်ရှော့အလုပ်သမားဖြစ်သူ မောင် မောင်ဉာဏ် (၂၃ နှစ်) တို့ (၂) ဦးမှာ ဗုံးစထိမှန်ပြီး ၎င်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ကိုအောင်ပိုင်၏ ဇနီးနှင့် သမီး အပါအဝင် အခြားသော ကားဝပ်ရှော့ အလုပ်သမားတစ်ဦးဖြစ်သူ မောင်ထွန်းထွန်းဝင်းတို့ (၃) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။ ထို့အပြင် ကားဝပ်ရှော့တွင်ရှိသော ကား (၅) စီးမှာလည်း ပျက်စီးသွားခဲ့သည်။ ဓာတ်ပုံ - ကိုအောင်ပိုင်မိသားစု ပိုင်ဆိုင်သည့် ကားဝပ်ရှော့မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြသူများနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့ အား ဂျက်၊ Y12 လေယာဉ်အုပ်စုလိုက်ဖြင့် တစ်နာရီကျော်ကြာ ညဖက်ဗုံးကြဲ
+3
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့ အား ဂျက်၊ Y12 လေယာဉ်အုပ်စုလိုက်ဖြင့် တစ်နာရီကျော်ကြာ ညဖက်ဗုံးကြဲတိုက်ခိုက်ခဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ ည (၉) နာရီခန့် အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့အား ဂျက်ဖိုက်တာ (၆) စီး၊ Y12 (၂) စီးတို့ဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၃၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ မြောက်ဦးမြို့ပေါ်၌ အကြမ်းဖက် စစ်ကော်မရှင်၏ စခန်းချတပ်စွဲခဲ့သော တပ်ရင်းနေရာဟောင်းများဖြစ်သည့် အမှတ် (၅၄၀) တပ်ရင်း နှင့် (၃၁) ရဲတပ်ရင်းတို့အပြင် ၎င်းအနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာ နေရာများကို ညအချိန် (၉) နာရီခန့်မှ (၁၀) နာရီကျော်အထိ တစ်နာရီကျော်ကြာ မရပ်မနား တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက် ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်၊ ရေဘေးရှောင် အပြစ်မဲ့ပြည်သူ (၄) ဦး အလတ်စား ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အနီးအနားမှ ပြည်သူများပိုင်ဆိုင်သော နွား (၃) ကောင် သေဆုံးခဲ့ပြီး (၅) ကောင် ဒဏ်ရာရရှိခဲ့သည်။ အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် မိုးတွင်းကာလဖြစ်သော်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကို သတိထားနေထိုင်သွားလာကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။ ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ ညအချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မြောက်ဦးမြို့အနီးပတ်ဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ပျက်စီးခဲ့သော လူနေအိမ်နှင့် အဆောက်အဦးအချို့၏ မှတ်တမ်း သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၅) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည် (တောင်ပိုင်း) အစရှိသော အာရက္ခဒေသနှင့် နယ်မြေထိစပ်လျက်ရှိနေသည့် နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်ထိန်းချုပ်ထားသော မြို့များထဲမှ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ(ပေါက်တော) နှင့် ပုဏ္ဏားကျွန်း-စစ်တွေမြို့ အစပ်နေရာများ၊ အရပ်သားပြည်သူများရှိရာ မြို့ ၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများအား လေကြောင်းမှ အုပ်စုလိုက် နေ့ည၊ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်ပြီး ထိုးဖောက်ရန် ကြိုးစားနေသော နေရာတိုင်း၌ မြေပြင်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မြေပြင်တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများကာ အသာစီးမရသောကြောင့် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့်ပြီး အားပြုတိုက်ခိုက်လျက်ရှိနေသည်။ ဤသည်ကို အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင်သာမက မြန်မာနိုင်ငံအနှံ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အခြားသောနေရာများ၌လည်း တွေ့မြင်နေရသည်။ အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော အဓိကနေရာကြီးများထဲမှ ရက္ခိုင်-ဧရာဝတီ အစပ်ရှိ တိုက်ပွဲများမှာ ဆက်လက်ရှိနေပြီး တချို့နေ့ရက်များတွင် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုအပြင် ရာသီဥတုအခြေအနေအပေါ်မူတည်၍ နှစ်ဖက် ထိုးစစ်၊ ခံစစ်များသည် အနိမ့်အမြင့်ရှိခဲ့သည်။ သို့သော် တိုက်ပွဲမရှိသောနေ့ရက်ဟူ၍ မရှိသလောက် ဖြစ်ခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး တစ်နေရာရာ၌ ရှိနေဆဲဖြစ်သည်။ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့ တပ်စွဲထားသော နေရာများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအချိန်မျိုးရှိသကဲ့သို့ မိမိတို့ဘက်မှလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိခဲ့သည်။ မြေပြင်၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ မဖြစ်ပွားသောနေ့ရက်များတွင်မူ ရန်သူ့ဘက်မှ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့မှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ ပုသိမ် နတခ မှ ထပ်မံအင်အားဖြည့်တင်းထားပြီး အာရက္ခပြည်၊ ဂွမြို့ကိုဝင်ရောက်နိုင်ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်လာသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းများ နှင့် အာရက္ခတပ်တော် တို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၇) နှင့် (၃.၃) ကီလိုမီတာခန့်အကွာတို့တွင် (၂) နာရီနီးပါးကြာ တိုက်ပွဲများ နေရာ (၂) ခု၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။ ပထမတစ်နေရာဖြစ်သော ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၃) ကီလိုမီတာခန့်အကွာတွင် နံနက် (၁၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၁) နာရီ (၅၀) မိနစ်အထိ အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် မိမိတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရန်သူသည် ဒရုန်းနှင့် မြေပြင်ပစ်ကူအများအပြားသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအချိန် (၂) နာရီကြာမြင့်ခဲ့ပြီး မိမိတို့မှ အကောင်းဆုံး ခုခံတိုက်ထုတ်ခဲ့သဖြင့် ရန်သူသည် အထိအခိုက် အကျအဆုံးများနှင့် တပ်ပြန်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့သည်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၇) ကီလိုမီတာခန့်အကွာတွင် ညနေ (၃) နာရီ (၀၄) မိနစ် အချိန်ခန့်မှစ၍ တိုက်ပွဲ ဒုတိယတစ်နေရာ ထပ်မံဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ရန်သူသည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ အကောင်းဆုံး ခုခံစစ်၊ တန်ပြန်ထိုးစစ်များဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် အထိအခိုက် အကျအဆုံးများနှင့် တပ်ပျက်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဤတိုက်ပွဲသည်လည်း အချိန် (၁) နာရီကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရန့်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့တို့ကို မိမိတို့မှ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၌လည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် (၁.၀၆) ကီလိုမီတာခန့်အကွာတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့သည် နေ့လယ် (၁) နာရီ (၅၁) မိနစ်မှ ညနေ (၃) နာရီ (၄၀) မိနစ်အထိ (၂) နာရီနီးပါးကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင်လည်း မိမိတို့ဘက်မှ ရန်သူ့လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် ၏ ထိုးစစ်တိုင်းကို ရဲရင့်ပြောင်မြောက်သော သတ္တိတို့နှင့်အတူ ခုခံစစ်များအား ဆင့်ကဲကွပ်ကဲမှုကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များကို မိမိတို့စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် (၃.၇) နှင့် (၃.၃) ကီလိုမီတာခန့်အကွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

photo content
+8

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ သံတွဲမြို့နယ်အား ဗုံးကြဲတိုက်ခိုက်ခဲ့သော သတင်း နောက်ဆက်တွဲ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ
+9
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ သံတွဲမြို့နယ်အား ဗုံးကြဲတိုက်ခိုက်ခဲ့သော သတင်း နောက်ဆက်တွဲ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက် အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့၊ နံနက် (၁၀) နာရီခွဲအချိန်ခန့်မှစတင်၍ ဂျက်ဖိုက်တာ (၃) စီး၊ Y12 (၁) စီးတို့ဖြင့် အုပ်စုလိုက် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသည့် ဦးကျော်သူနိုင် (၄၁ နှစ်) နှင့် ဒေါ်မစန်းမြင့် (၆၀ နှစ်) တို့နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြပြီး အခြားသောရပ်ကွက်နေ အပြစ်မဲ့ပြည်သူများမှာ ဘေးလွတ်ရာသို့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြ၍ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ နည်းခဲ့ရခြင်းဖြစ်သည်။ သို့သော် နေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလို (၂၀) ခန့် နှင့် လူ့အသုံးအဆောင်ပစ္စည်း မြောက်မြားစွာပျက်စီးခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း သုံးထောင်ကျော်ခန့် ဆုံးရှုံးနစ်နာမှုရှိခဲ့သည်။ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မြန်မာနိုင်ငံအနှံ့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများကို တိုက်လေယာဉ်အုပ်စုများဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိနေဆဲဖြစ်သည်။ အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။ ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်အား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံအချို့ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

Breaking News! ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့ကို ယနေ့ နံနက် (၁၀) နာရီ (၂၀) မိနစ်ခန့်မှ စတင်၍ Jet တိုက်လေယာဉ်များဖြင့် ယခုအချိန်အထိ အုပ်စုလိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။ နောက်ဆက်တွဲ ဖြစ်စဉ်များကို ဆက်လက်ထုတ်ပြန် ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်
+9
အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက် အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် နေအိမ် အဆောက်အအုံအချို့မှာ ပျက်စီးဆုံးရှုံးမှုများ ဆက်လက်ရှိနေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံး (၃) လုံးကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးသီးများမှာ ရွှေလှေကျေးရွာရှိ ဦးမျိုးဇော်ဝင်း၏ ဈေးဆိုင်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆိုင်ပိုင်ရှင်လင်မယားဖြစ်ကြသည့် ဦးမျိုးဇော်ဝင်းနှင့် ဒေါ်မေမြတ်လွင် အပါအဝင် ဆိုင်အရောင်းဝန်ထမ်းတစ်ဦးဖြစ်သော မဆွေဇင်အေးမှာလည်း အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဦးမျိုးဇော်ဝင်း၏သား အသက် (၁) နှစ် နှင့် (၄) လအရွယ်ရှိသော မောင်ဉာဏ်လင်းအောင်မှာ ဗုံးစထိမှန်၍ ပြင်းထန်သည့်ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် (၃) ဦးပါမိသားစုတစ်စုနှင့် ဈေးဆိုင်ဝန်ထမ်း (၁) ဦးအပါအဝင် စုစုပေါင်း (၄) ဦးသေဆုံးခဲ့သည်။ ထို့အပြင် ၎င်းဈေးဆိုင်အနီးဝန်းကျင်မှ အပြစ်မဲ့ပြည်သူ (၂) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည့်အပြင် လူနေအိမ်၊ ဈေးဆိုင်နှင့် ကား၊ ဆိုင်ကယ်အချို့တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ ည (၁၀) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ လင်းမူတောင်ကျေးရွာအနီးရှိ ယခင် "ကျောက်ခွဲစက်ရုံဟောင်း" ရှိသောနေရာကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်င်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံများ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ ညနေ (၃) နာရီ (၄၀) မိနစ် အချိန်ခန့်တွင်လည်း သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ ရောင်ခြည်ဦးကျေ
+7
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ ညနေ (၃) နာရီ (၄၀) မိနစ် အချိန်ခန့်တွင်လည်း သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ ရောင်ခြည်ဦးကျေးရွာမှ သစ္စာရောင်ခြည်ဦး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီး ဝန်းကျင်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ဘုန်းကြီးကျောင်း၊ လူနေအိမ်များ ပျက်စီးခဲ့သော မှတ်တမ်းဓာတ်ပုံများ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၆) မိနစ်အချိန်တွင် သံတွဲမြို့နယ်၊ ရေကောက်ကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင
+3
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၆) မိနစ်အချိန်တွင် သံတွဲမြို့နယ်၊ ရေကောက်ကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သော မှတ်တမ်းဓာတ်ပုံများ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၂၀) မိနစ် အချိန်တွင် သံတွဲမြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်ကို ဖက်ဆစ် အကြမ်
+6
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၂၀) မိနစ် အချိန်တွင် သံတွဲမြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထပ်မံ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသော မှတ်တမ်းဓာတ်ပုံများ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၀) မိနစ် အချိန်၊ အများပြည်သူတို့ အိပ်စက်အနားယူနေကြသည့်အချိန်တွင် သံတွဲမြ
+8
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၀) မိနစ် အချိန်၊ အများပြည်သူတို့ အိပ်စက်အနားယူနေကြသည့်အချိန်တွင် သံတွဲမြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာများရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်းဓာတ်ပုံများ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၀) မိနစ် အချိန်၊ အများပြည်သူတို့ အိပ်စက်အနားယူနေကြသည့်အချိန်တွင် သံတွဲမြ
+9
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၁၂) နာရီ (၂၀) မိနစ် အချိန်၊ အများပြည်သူတို့ အိပ်စက်အနားယူနေကြသည့်အချိန်တွင် သံတွဲမြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့သော မှတ်တမ်းဓာတ်ပုံများ