fa
Feedback
V Tech Guide

V Tech Guide

رفتن به کانال در Telegram
6 472
مشترکین
-1224 ساعت
-477 روز
-19030 روز
آرشیو پست ها
စိတ်မကြည်နေတဲ့အချိန်မှာ ဒီစကား(၅)ခွန်းကိုသတိရပါ နံပါတ်(၁) အရာအားလုံး အချိန်တန်ရင်ပြီးသွားမှာပါ ... ။ နံပါတ်(၂) အရာအားလုံးကအကောင်း အတွက်ဖြစ်တည်လာတာပါ ... ။ နံပါတ်(၃) ငါပင်ပန်းနေရုံလေးပါ တရေးလောက်အိပ်လိုက်ရင် ကောင်းသွားမှာပါ .. ။ နံပါတ(၄) ငါကငါပဲ သာလွန်နေတဲ့လူမဟုတ်သလို ညံ့လွန်းတဲ့လူလည်းမဟုတ်ပါဘူး ။ နံပါတ်(၅) ကိုယ့်ဥစ္စာမှန်ရင် နောက်ဆုံးထိကိုယ့်ဥစ္စာပါပဲ ကိုယ့်ဥစ္စာမမှန်ရင် လုပ်ယူလို့လည်းမရပါဘူး

Binance Charity ကနေ မြန်မာငလျင်အတွက် လှူဒါန်းမှု ဒီလှူဒါန်းမှုမှာတော့ Binance ဟာသူ့အတွက်ရော မြန်မာပြည်က Binance user တွေအတွက်
+1
Binance Charity ကနေ မြန်မာငလျင်အတွက် လှူဒါန်းမှု ဒီလှူဒါန်းမှုမှာတော့ Binance ဟာသူ့အတွက်ရော မြန်မာပြည်က Binance user တွေအတွက်ပါ အကျိုးရှိစေမယ့် နည်းလမ်းကို အသုံးပြုခဲ့ရပါတယ်။ March လ 31 ရက်မတိုင်ခင် မြန်မာနိုင်ငံက နေ Binance ဖွင့်ထားတဲ့ သူတွေကို 5 $နဲ့ ညီမျှတဲ့ BNB ပေးနေပြီ ဖြစ်ပြီး KYC အောင်ထားဖို့တော့လိုပါတယ်။ Verify Plus ဖြစ်ထားတဲ့သူတွေအတွက် $ 50 နဲ့ ညီမျှတဲ့ BNB တွေ စတင် ဖြန့်ဖြူးပေးနေပြီပဲ ဖြစ်ပါတယ်။ Verify Plus ဆိုတာကတော့ POA (Proof of address) တင်ထားရတာဖြစ်ပြီး၊ Bank statements, meter Bills အစရှိသဖြင့် Binance ကနေ လက်ခံတဲ့ လိပ်စာပါတဲ့ သက်‌သေ စာရွက်ကို တင်ပေးရတာဖြစ်ပါတယ်။ KYC မအောင်ထားသေးဘူးဆိုရင်လည်း April 14 အထိ တင်လို့ရသေးတယ်လို့ ကြားမိသလို၊ အခုမှ POA တင်ရင် အကျုံးဝင်/မဝင် သေချာတဲ့ကြေညာချက် မတွေ့ရှိသေးပါ။ ဒီ လက်ဆောင်ကို ရယူဖို့အတွက်ဆိုရင်တော့ Reward Hub အထဲမှာ ဝင်ယူရမှာလည်း ဖြစ်ပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း Reward Hub ကိုရောက်တာနဲ့ Voucher တွေ့ရင် တစ်ဆင့်ချင်း နှိပ်တာနဲ့ Asset ထဲက Spot wallet အထဲ တန်းရောက်သွားမှာ ဖြစ်ပါတယ်။ BNB ရမှာဖြစ်တာကြောင့် USDT လိုချင်ရင်တော့ Spot trade ကနေ ရောင်းတာ၊ Convert ကနေ လဲတာလုပ်လို့ရပါတယ်။

လူတိုင်းမှာဒုက္ခနဲ့တွေရင် အားကိုးရှာပုံမတူဘူး တရားရှိတဲ့သူကတရားအားကိုးတယ် မိတ်ဆွေရှိတဲ့သူက မိတ်ဆွေအားကိုးတယ် ပိုက်ဆံရှိတဲ့သူက ပိုက်ဆံအားကိုးတယ် ဒေါသရှိတဲ့သူက ဒေါသအားကိုးတယ် ရုပ်ဝတ္ထုဆိုင်ရာပြင်ပအရာတွေတော့ အားကိုးရှာရတယ်လွယ်တယ် စိတ်နဲ့ပက်သက်တာကတော့ အားကိုးစရာသိပ်များများမရှိဘူး ဒါကြောင့်မို့ ... အရှင်ဘုရား တပည့်တော်တို့ကို မပြောင်းလဲနိုင်တာတွေကိုလက်ခံနိုင်တဲ့ အမှန်မြင်သော ဘဝအမြင် ပြောင်းလဲလို့ရတာတွေကို လုပ်ရဲတဲ့သတ္တိ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိနဲ့ ပညာ ပေးသနားတော်မူပါ 🙏🏻

ထိုင်းကို ဘယ်လမ်းကပဲ ဝင်လာလာ မေ (၁) ရက်နေ့ကစပြီး TDAC မဖြစ်မနေ ဖြည့်ရမည်။ ‼️ 🇹🇭 ထိုင်းနိုင်ငံကို ▪️အလည်အပတ်ပဲဖြစ်ဖြစ် ▪️ကျေ
ထိုင်းကို ဘယ်လမ်းကပဲ ဝင်လာလာ မေ (၁) ရက်နေ့ကစပြီး TDAC မဖြစ်မနေ ဖြည့်ရမည်။ ‼️ 🇹🇭 ထိုင်းနိုင်ငံကို ▪️အလည်အပတ်ပဲဖြစ်ဖြစ် ▪️ကျောင်းနဲ့ပဲဖြစ်ဖြစ် ▪️ရေကြောင်းကပဲ လာလာ ▪️လေယာဉ်နဲ့ပဲ လာလာ ▪️ကားနဲ့ပဲ လာလာ မေလ (၁) ရက်နေ့ကစပြီး Thailand Digital Arrival Card ဆိုတဲ့ TDAC ကို မဖြစ်မနေဖြည့်ရမှာဖြစ်ပါတယ်။ တစ်ယောက်ချင်းစီ ဖြည့်လည်း ရသလို အုပ်စုလိုက် အနေနှင့် ဖြည့်လည်း ရပါတယ်။📌📌 ဘယ်လိုဖြည့်ရမလဲ ❓ 1️⃣ ထိုင်းကို မဝင်ခင် (၃)ရက်အလိုမှာ ကြိုဖြည့်ထားရပါမယ်။ 2️⃣ https://tdac.immigration.go.th ကို အရင် ဝင်ပါ။ 3️⃣ Arrival Card ဆိုတာကို ရွေးပါ။ 4️⃣ ပြီးရင် နာမည်၊ နိုင်ငံ၊ လူမျိုး၊ Passport Number စသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြည့်ရပါမယ်။ 5️⃣ (၁) ယောက်နဲ့အထက် ဖြည့်မယ်ဆိုရင်တော့ Add ဆိုတာကို နှိပ်ပြီး အချက်အလက်တွေထပ်ဖြည့်ရမှာဖြစ်ပါတယ်။ 6️⃣ ပြီးရင်တော့ အချက်အလက်တွေကို ပြန်စစ်ပြီး ပြင်ချင်တာရှိရင် Edit နဲ့ပြင်လို့ရပါတယ်။ 7️⃣ အကုန်မှန်ပြီဆိုရင်တော့ Email Address ရိုက်ထည့်ပြီး Submit နှိပ်လို့ရပါပြီ။ 8️⃣ ပြီးရင်တော့ ကိုယ့်ရဲ့ Email ထဲကို TDAC ကတ် ပြန်ပို့လာပေးမှာဖြစ်ပါတယ်။ ဒါဆိုရင် Print ထုတ်သွားလဲ ရသလို ဖုန်းထဲကနေပဲ Immigration မှာ ပြလဲ ရပါတယ်။ Video လေးနဲ့ကြည့်ချင်တဲ့ မိတ်ဆွေများအတွက်လည်း ဒီ Link မှာ ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ https://www.facebook.com/share/r/15yT3nfqY8/?mibextid=wwXIfr ကဲ ဒါဆိုရင်တော့ ထိုင်းကိုသွားမယ့်သူတွေ မေလ (၁) ရက်နေ့ကစပြီး မဖြစ်မနေ ဒါကိုဖြည့်ကြဖို့ မမေ့နဲ့နော်။ 📣📣 Credit ✍️

မေလကစပြီး ထိုင်းလာမယ်ဆိုရင် Arrival Card ကြိုဖြည့်ဖို့ မမေ့နဲ့...‼️ မေလ ၁ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို လေကြောင်း၊ ကုန်းကြောင်
မေလကစပြီး ထိုင်းလာမယ်ဆိုရင် Arrival Card ကြိုဖြည့်ဖို့ မမေ့နဲ့...‼️ မေလ ၁ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း ဘယ်လမ်းကြောင်းကပဲလာလာ Arrival Card ကြိုတင်ဖြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ Arrival Card ကို Digital Arrival Card အဖြစ်ပြောင်းလဲသုံးစွဲသွားမှာဖြစ်ပြီး ယခင်ထိုင်းနိုင်ငံကိုဝင်ရောက်တဲ့အခါ ဖြည့်ရတဲ့ TM6 စာရွက်အစား Online စနစ်ကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ သတိပြုရမှာကတော့ ထိုင်းကိုမရောက်ခင် (၃)ရက်အတွင်း ကြိုတင်ဖြည့်သွင်းထားရပါမယ်။ Form ဖြည့်ဖို့အတွက် ဒီ website ကနေ ဝင်လို့ရပါတယ်။ Apply Here ⏩ https://tdac.immigration.go.th ဘာကိစ္စနဲ့ပဲလာလာ (ကျောင်း၊ အလည်၊ အလုပ်ကိစ္စ) ဖြည့်ရမှာဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ရထားသူများလည်း ဖြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မေလ ၁ ရက်နေ့ကစပြီး ထိုင်းကိုလာမယ်ဆိုရင် လုံးဝ မေ့လို့မဖြစ်ပါဘူးနော်...။ #afteryouservice #tdac #arrivalcard #thailand

Ai tools အခု ၁၀၀၀ သိပြီး ဘယ်နားသုံးရမှန်းမသိရင်ဘာမှ မထူးဘူး 😅 ကျနော်တကယ်အသုံးပြုပြီးတော့ နေ့စဉ် ကျနော့်ရဲ့ productivity ကို
Ai tools အခု ၁၀၀၀ သိပြီး ဘယ်နားသုံးရမှန်းမသိရင်ဘာမှ မထူးဘူး 😅 ကျနော်တကယ်အသုံးပြုပြီးတော့ နေ့စဉ် ကျနော့်ရဲ့ productivity ကို ၃ ဆ ပိုမြန်စေတဲ့ tools တွေပြောပါဆိုရင် 1️⃣ Notion Ai ရှိသမျှ Daily Task , Team Management Content Management, Newsletter, Course Platform ကို Notion တစ်ခုတည်းမှာတင်အကုန်သုံးလို့ရတယ် ဒီထက်ပိုကောင်းသွားတာက တစ်လကို $8 ပေးပြီး Notion Ai ယူလိုက်တဲ့ အချိန်မှာ browser ထဲကိုသွားပြီးရှာဖွေရတာသက်သာသွားတယ် Email တွေ အလုပ်နဲ့ ပက်သက်တဲ့ စာအရှည်ကြီး ရေးရမှာတွေဆိုရင် Notion Ai ကိုရေးခိုင်းပြီး ကိုယ်ကနဲနဲပဲပြင်ရတော့တယ် https://www.notion.so/product/ai 2️⃣ ChatPDF စာအုပ်အသစ်တစ်အုပ်ဝယ်မဖတ်ခင် summary တွေလိုက်ဖတ်တာမျိုးလုပ်စရာမလိုတော့ဘူး PDF file ကြီးကို ပေးပြီးတော့ စာအုပ်ကို မင်းဘာကောင်လဲ ဘာပြောမှာလဲ ဘာသင်ပေးမှာလဲ မေးလိုက်ယုံပဲ ကြိုက်တယ်မိုက်တယ်ဆိုမှ စာအုပ်ကိုဝယ်တော့တယ် နောက်တစ်ခုက ဖတ်ပြီးသားတွေမေ့မေ့သွားရင်လဲ PDF file ကိုထည့်ပေးပြီးတော့ ဟေးရောင်ရေ မင်းအဲ့ဒါပြောထားတာဘယ်နားလေးလဲ ဘာကိုဆိုလိုတာလဲလို့ သွားမေးယုံပဲ 🤓 တစ်လ $5 ဆို တော်ယုံထူတဲ့ စာအုပ်လောက်ကတော့ မမှုဘူး research paper တွေဖတ်တဲ့အချိန်ဆို အဆင်ပြေချက်ပဲ https://www.chatpdf.com 3️⃣ ChatGPT လူတိုင်းနီးပါးသုံးနေလောက်ပြီထင်ပါတယ် ထွေထွေထူးထူးရှင်းပြစရာတောင်မလိုလောက်တော့ပါဘူး ကျနော်ကတော့ ChatGPT နဲ့ လတ်တလောမှာ Ai Intern တွေခေါ်ပြီး ခိုင်းစားနေတယ် တော်တော်များများသိပ်မသုံးတာက OpenAi ရဲ့ Playground အဲ့မှာ ကျတော်တို့ prompt testing တွေ အများကြီးလုပ်လို့ရတယ် နောက်တစ်ခုက API , ကိုယ်သုံးသလောက်ပေးမယ်ဆိုပြီး Visa ကတ်နဲ့ချိတ်ထားတယ် ဒါပေမယ့် limit ထားထားလို့ရတယ်ဗျ ကျနော်ဆို တစ်လ $5 limit ပြည့်ရင် notification ပို့ဖို့ settings ထားထားလိုက်တယ် API ကိုဘယ်လိုသုံးလဲဆိုတော့ obsidian မှာ knowledge management လုပ်တဲ့ အခါမှာ ကိုယ့်ရဲ့ data တွေပေါ် မူတည်ပြီး ဘာတွေသိသင့်တယ် ဘာတွေလေ့လာရမယ် ဆိုတာကို ရှာခိုင်းတာမှာသုံးတယ် ဘယ်လို setup လုပ်ရမလဲသိချင်ရင် ဒီမှာကြည့်ပါ 🤗 https://notes.thelapyae.com/blog/obsidian-gpt-3-(-guide-) 4️⃣ Tome ပေါ့ပေါ့ပါးပါး နဲ့ ကိုယ့် idea ကို team ထဲက လူတွေပြောဖို့လောက်ဆို keynote slide ကြီးတွေလုပ်မနေတော့ဘူး ဒီမှာပဲပေါ့ပေါ့ပါးပါး လိုချင်တဲ့ idea ကို ချပြလို့ရတယ် အကြိုက်ဆုံးကတော့ ဖုန်းမှာဆို instagram story , facebook story လို style မျိုးနဲ့ slide တွေပြရတော့ တော်တော်လေးကိုအဆင်ပြေတယ် idea ရှိပြီး design ဘယ်ကစရမလဲမသိရင် သူ့ရဲ့ Ai Feature နဲ့ design လဲလုပ်ခိုင်းလို့ရတယ်ဗျ https://tome.app/ 5️⃣ Perplexity Search Engine ထဲမှာ Ai ရပြီးတော့ အချိုးပြေပြေ result ရတာထဲကဆို ဒီကောင်လေး သုံးဖြစ်နေတယ် အဓိက က သူဘယ် source ကနေယူတယ်ဆိုတာလေးပြပေးထားတော့ သွား check လို့ရတာလေးကြိုက်တယ် 👍 Bing က နဲနဲနှေးတယ်လို့ခံစားရတယ် ဖုန်းနဲ့သုံးရင် နဲနဲပူတယ် ဒီ perplexity ကတော့ တော်တော်လေးကို light weight ဖြစ်တယ် နောက်ပိုင်း google က search engine မှာ Ai result ပါပါလာမယ်ဆိုရင်တော့ ပြောင်းသုံးဖြစ်ဦးမယ်တူပါတယ် http://perplexity.ai ထွက်သမျှ tools အကုန်လုံးသိ အကုန်လုံးသုံးစရာမလိုဘူးမိတ်ဆွေ Ai ဆိုတာသင့်ကို ကူဖို့ရောက်လာတယ်လို့မှတ်ပါ ဒီထက်အများကြီး အလုပ်တွေကို အချိန်တိုတွင်း ပြီးအောင်လုပ်နိုင်ပြီးတော့ မတရားချမ်းသာကြပါစေဗျာ စေတနာများစွာဖြင့် thelapyae

#Outlook_mail ဆိုတာ ဘာပါလဲ? Outlook Mail သည် Microsoft မှ ထုတ်လုပ်ထားသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လူသုံးများသော အီးမ
#Outlook_mail ဆိုတာ ဘာပါလဲ? Outlook Mail သည် Microsoft မှ ထုတ်လုပ်ထားသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လူသုံးများသော အီးမေးလ်ဝန်ဆောင်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ Outlook Mail ကို ကိုယ်ပိုင်အသုံးပြုရန်အတွက်သာမက၊ စီးပွားရေးလုပ်ငန်းများအတွက်ပါ အသုံးပြုနိုင်သည်။ အောက်တွင် Outlook Mail ၏ အဓိကလုပ်ဆောင်ချက်များနှင့် အသုံးပြုနည်းများကို အသေးစိတ်ရှင်းပြထားပါတယ်။ 1. Outlook Mail ကို ဘယ်လိုစတင်သုံးမလဲ - အကောင့်ဖွင့်ရန်: Outlook Mail ကို အသုံးပြုရန် Microsoft account တစ်ခုလိုအပ်ပါသည်။ သင်သည် Microsoft account ရှိပါက၊ [Outlook.com](https://outlook.com) သို့သွားပြီး အကောင့်ဝင်နိုင်သည်။ အကောင့်မရှိပါက၊ "Create account" ကိုနှိပ်ပြီး အကောင့်အသစ်ဖွင့်နိုင်သည်။ - အကောင့်ဝင်ခြင်း: အကောင့်ဖွင့်ပြီးပါက၊ သင့် email address နှင့် password ကိုအသုံးပြု၍ အကောင့်ဝင်နိုင်သည်။ 2. Outlook Mail ၏ အဓိကလုပ်ဆောင်ချက်များ - အီးမေးလ်ပို့ခြင်းနှင့်လက်ခံခြင်း: Outlook Mail ကို အီးမေးလ်များပို့ရန်၊ လက်ခံရန်၊ ဖတ်ရန်နှင့် စီမံခန့်ခွဲရန်အတွက် အသုံးပြုနိုင်သည်။ - ဖိုင်များချိတ်ဆက်ပို့ခြင်း: အီးမေးလ်များနှင့်အတူ ဖိုင်များကို attachment အဖြစ်ပို့နိုင်သည်။ - အီးမေးလ်စီမံခန့်ခွဲမှု: အီးမေးလ်များကို folder များဖြင့် စီမံခန့်ခွဲနိုင်သည်၊ လိုအပ်သောအီးမေးလ်များကို ရှာဖွေနိုင်သည်။ - ကြိုတင်သတ်မှတ်ခြင်း (Scheduling): အီးမေးလ်များကို ကြိုတင်ရေးသားပြီး သတ်မှတ်ထားသောအချိန်တွင် အလိုအလျောက်ပို့နိုင်သည်။ - အီးမေးလ်ဖျက်ခြင်း: မလိုအပ်သောအီးမေးလ်များကို ဖျက်နိုင်သည်။ 3. Outlook Mail ၏ အခြားအသုံးဝင်သောလုပ်ဆောင်ချက်များ - ကယ်လင်ဒါ (Calendar): Outlook Mail တွင် ကယ်လင်ဒါလုပ်ဆောင်ချက်ပါဝင်ပြီး၊ အစည်းအဝေးများ၊ မှတ်ချက်များကို စီစဉ်နိုင်သည်။ - လိပ်စာ စာအုပ် (Contacts): သင့်လိပ်စာများကို စီမံခန့်ခွဲနိုင်သော contacts list ပါဝင်သည်။ - တာဝန်များ (Tasks): တာဝန်များကို စာရင်းပြုစုပြီး စီမံခန့်ခွဲနိုင်သည်။ - OneDrive နှင့်ချိတ်ဆက်ခြင်း: OneDrive နှင့်ချိတ်ဆက်ပြီး ဖိုင်များကို သိမ်းဆည်းနိုင်သည်။ 4. Outlook Mail ကို Mobile နှင့် Desktop တွင် အသုံးပြုနည်း - Mobile App: Outlook Mail ကို Android နှင့် iOS အတွက် mobile app များဖြင့် အသုံးပြုနိုင်သည်။ App Store သို့မဟုတ် Google Play Store တွင် "Outlook" ကိုရှာပြီး download လုပ်နိုင်သည်။ - Desktop App: Outlook Mail ကို Microsoft Outlook desktop application ဖြင့်လည်း အသုံးပြုနိုင်သည်။ ဤ application ကို Microsoft Office suite တွင် ပါဝင်သည်။ 5. Outlook Mail ၏ လုံခြုံရေးလုပ်ဆောင်ချက်များ - Two-Factor Authentication (2FA): သင့်အကောင့်ကို ပိုမိုလုံခြုံစေရန် two-factor authentication ကို အသုံးပြုနိုင်သည်။ - Spam Filtering: Outlook Mail တွင် spam နှင့် phishing အီးမေးလ်များကို စစ်ထုတ်ပေးသော filter ပါဝင်သည်။ - Encryption: အီးမေးလ်များကို လုံခြုံစွာပို့နိုင်ရန် encryption ကို အသုံးပြုနိုင်သည်။ 6. Outlook Mail ၏ အကျိုးကျေးဇူးများ - အသုံးပြုရလွယ်ကူခြင်း: Outlook Mail ၏ interface သည် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်။ - အခမဲ့ဗားရှင်း: Outlook Mail ၏ အခြေခံဗားရှင်းကို အခမဲ့အသုံးပြုနိုင်သည်။ - Cloud Integration: OneDrive, Microsoft Teams စသည့် Microsoft ၏ အခြားဝန်ဆောင်မှုများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ 7. Outlook Mail ၏ အားနည်းချက်များ - Storage Limit: အခမဲ့ဗားရှင်းတွင် storage ပမာဏကန့်သတ်ထားသည်။ - Ads: အခမဲ့ဗားရှင်းတွင် ကြော်ငြာများပါဝင်နိုင်သည်။ Outlook Mail သည် လူသုံးများသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်အသုံးပြုမှုများအတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ပိုကူညီနိုင်ချင်ရင် ပိုအစွမ်းရှိအောင်လုပ် ပိုအဖြစ်ရှိအောင် အကောင်အထည်ဖော် ပိုထွန်းထွန်းပေါက်ပေါက်ဖြစ်အောင်လုပ် ရှိနေတဲ့ knowledge တွေအသုံးချပြီး Money , Connection , Code , Creativity skill တွေရှိလာအောင်သင်ယူ အဖြစ်ပိုရှိရင် ပိုထိရောက်တဲ့ အကူအညီတွေပေးနိုင်လာမယ် Don’t waste time. The world won’t wait for you.

ရွှေဈေးငွေဈေးဒေါ်လာဈေး အပြောင်းအလဲများ ( 31ရက် မတ်လ၂၀၂၅ ) ကြည့်ရန်လင့်- https://t.me/VictorPriceZone/163
ရွှေဈေးငွေဈေးဒေါ်လာဈေး အပြောင်းအလဲများ ( 31ရက် မတ်လ၂၀၂၅ ) ကြည့်ရန်လင့်- https://t.me/VictorPriceZone/163

ထိုင်းနိုင်ငံကနေ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု 001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျ
ထိုင်းနိုင်ငံကနေ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု 001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက် ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး ခေါ်ဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ညွှန်ကြားထား ပါတယ်။ ဘီဘီစီက စမ်းသပ်ခေါ်ဆိုချက်အရတော့ ဒီလမ်းညွှန်ချက်အတိုင်းခေါ်ဆိုလို့မရပေမဲ့ +959 နောက်က ခေါ်ဆိုလိုတဲ့ နံပါတ် ဖြည့်သွင်းခေါ်ဆိုရင် ဖုန်းခေါ်ဆိုခ ဖြတ်တောက်ခြင်းမရှိဘဲ ဖုန်းပြောနိုင်တာတွေ့ ရပါတယ်။

ဒါတွေအဆင်ပြေရင် ကျန်တာတွေအဆင်ပြေသွားမှာ ဒီပစ္စည်းတွေရှိရင်ငါပိုတော်သွားမှာ ပိုကောင်းကောင်းလုပ်နိုင်မှာ လိုတွေးတတ်ကြတယ် လူကောင်းနဲ့ အိမ်ထောင်ကျရင် ဘဝကြီးကသာယာမယ်လိုတွေးကြတယ် နှစ်ယောက်သားကတော့ အဆင်ပြေတယ် မိဘတွေ အပေါင်းအသင်းတွေ အမျိုးတွေကို မကြည်ဖြူရင်ရော ? လိမ္မာတယ် ပိုက်ဆံမရှာဘူး ပိုက်ဆံရှာတယ် သစ္စာမရှိဘူး သစ္စာရှိတယ် မချောဘူး စသည်ဖြင့် မမြင်ရတဲ့ ပြဿနာတွေ အများကြီးရှိနိုင်သေးတယ် Career ကောင်းကောင်းရှိရင် အိုဇာတာကောင်းပြီလိုတွေးကြတယ် Career တော့ကောင်းပါတယ် မနားရဘူး stress ပိတယ်ဆိုရင်တော့ Stress တော့မရှိဘူး ဝင်ငွေမတိုးဘူးဆိုရင်ရော ? ဝင်ငွေတိုးတယ် ရာထူးမတိုး ရာထူးတော့တိုးတယ် stress များတယ်ဆိုရင်ရော ? ကျနော်တိုထိန်းချုပ်လိုမရတဲ့ အရာတွေအများကြီးရှိတယ် အရာရာကို ကြိမ်းသေ ဒါရှိရင် ဒါဖြစ်မယ်လိုတွေးလိုမရဘူး ထိန်းချုပ်လိုရတာက ကြုံလာတဲ့အရာတွေပေါ် အကောင်းဆုံးဖြေရှင်းနိုင်တဲ့ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုနဲ့ တုန့်ပြန်မှုပဲရှိတယ် ဒီတော့ကိုယ့်စိတ်သာကိုယ် နိုင်အောင်ထိန်းနိုင်ဖိုကြိုးစားတာကောင်းတယ် Don’t try to control the outcome, Control yourself !

လချီကြာမယ့်အလုပ်တွေကို မိနစ်ပိုင်းနဲ့ပြီးသွားစေမယ့် Ai tools ၄၅ခု 1. Research - ChatGPT - Claude - Copilot - Gemini - Abacus - Perplexity 2. Image - Fotor - Dalle 3 - Stability AI - Midjourney 3. CopyWriting - Rytr - Copy AI - Writesonic - Adcreative AI - otio 4. Writing - Jasper - HIX AI - Jenny AI - Textblaze - Quillbot 5. Website - 10Web - Durable - Framer - Style AI - Landingsite 6. Video - Klap - Vidnoz - Opus - Eightify - InVideo - HeyGen - Runway - ImgCreator AI - Morphstudio .xyz 7. Meeting - Tldv - Otter - Noty AI - Fireflies 8. SEO - VidIQ - Seona AI - BlogSEO - Keywrds ai - Seona 9. Chatbot - Droxy - Chatbase - Mutual info - Chatsimple 10. Presentation - Decktopus - Slides AI - Gamma AI - Designs AI - Beautiful AI - PopAi 11. Automation - Make - Zapier - Xembly - Bardeen 12. UI/UX - Figma - Uizard - UiMagic - Photoshop 13. Design - Canva - Flair AI - Clipdrop - Autodraw - Magician design 14. Logo Generator - Looka - Designs AI - Brandmark - Stockimg AI - Namecheap 15. Audio - Lovo ai - Eleven labs - Songburst AI - Adobe Podcast

ကြာကြာစိတ်မညစ်တတ်တာလဲSkill ပဲဗျ တချိုက တစ်ခုခုကြောင့်စိတ်ညစ်ပြီဆို ၃ ရက် ၄ ရက်လောက်မစားနိုင် မအိပ်နိုင်နဲ့ ကိုယ့်မှာတော့ နာရီဝက်ကျော်လောက်ဆို အိပ်ကောင်းစားကောင်းနဲ့မေ့သွားရော 😝 ထိုင်ညစ်နေလိုထူးလာမှာလဲမဟုတ်တော့ သိပ်ကြာကြာမညစ်ဖြစ်တော့ဘူး

“ ဘာအမှုလဲ ? “ “ ဆင်းရဲမွဲတေမှု “ #papiyon ဘာကြောင့် ဆင်းရဲတာလဲ မေးရင် ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ မသိလို့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ မသိတာကျ စာမဖတ်လို့။ ဘာကြောင့် စာမဖတ်တာလဲဆိုတော့ကျ ပျင်းလို့။ ဦးသန့် စကားနဲ့ပြောရရင် “ စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်ကြသည် “ ပေါ့။ ကိုယ်က တိုးတက်ချင်တဲ့ သူတစ်ယောက် ဆိုရင်တော့ စာဖတ် မပျင်းဖို့တော့ လိုပါတယ်။ ဒီစာကိုလည်း အဆုံးထိ ဖတ်ဖြစ်အောင် ဖတ်ပါ။ ဖတ်မကုန်တဲ့ စာအုပ်တွေ အများကြီးထဲကမှ ငွေကြေးနဲ့ ပတ်သက်တဲ့ “ အသိ “ တိုးတက်ချင်တဲ့သူတိုင်း တနည်းပြောရရင် လူချမ်းသာဖြစ်ချင်တဲ့ သူတိုင်း မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ကောင်း (၉) အုပ်ကို Lp 🎯က မျှဝေပေးပါမယ်✨ 1. I’ll Teach You to Be Rich 📚 Ramit Sethi ရဲ့ ဒီစာအုပ်က ငွေကြေးစီမံခန့်ခွဲမှုကို တိုက်ရိုက်ကျကျ သင်ကြားပေးထားပါတယ်။ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့ သတိရှိရှိ သုံးစွဲခြင်းတို့ကို လက်တွေ့ကျကျ လမ်းညွှန်ထားပြီး ဘဝအရသာကို မပျောက်စေဘဲ ချမ်းသာကြွယ်ဝအောင် တည်ဆောက်နိုင်မှာပါ။ 2. Rich Dad Poor Dad 📚 Robert Kiyosaki ရဲ့ ကမ္ဘာကျော်စာအုပ်က စီးပွားရေးအမြင်ရှိတဲ့ "ချမ်းသာတဲ့အဖေ" နဲ့ ရိုးရာအလုပ်အကိုင်ကိုပဲ အားထားတဲ့ "ဆင်းရဲတဲ့အဖေ" တို့ရဲ့ အတွေးအခေါ်ကွာခြားမှုကို နှိုင်းယှဉ်ပြထားပါတယ်။ ငွေကြေးဗဟုသုတ၊ ပိုင်ဆိုင်မှုတည်ဆောက်ခြင်းနဲ့ အလိုအလျောက်ဝင်ငွေရရှိစေမယ့် နည်းလမ်းတွေကို လေ့လာနိုင်မှာပါ။ 3. Think and Grow Rich 📚 Napoleon Hill ရဲ့ အချိန်နဲ့အမျှ တန်ဖိုးရှိနေတဲ့ ဒီစာအုပ်က အောင်မြင်သူတွေဆီက သင်ခန်းစာတွေကို စုစည်းပေးထားပါတယ်။ ဆန္ဒပြင်းပြမှု၊ ဇွဲလုံ့လရှိမှုနဲ့ ရှင်းလင်းတဲ့ရည်ရွယ်ချက် စတာတွေရဲ့ စွမ်းအားကို အလေးထားဖော်ပြထားပါတယ်။ 4. Your Money or Your Life 📚 Vicki Robin က ငွေကြေးနဲ့ဆက်ဆံမှုကို ပြန်လည်သုံးသပ်စေပြီး ကိုယ်ပိုင်တန်ဖိုးထားမှုနဲ့အညီ သုံးစွဲတတ်စေဖို့၊ ငွေကြေးလွတ်လပ်မှုရရှိဖို့နဲ့ ပိုမိုအဓိပ္ပါယ်ရှိတဲ့ဘဝ ရရှိဖို့ သင်ကြားပေးထားပါတယ်။ 5. Die with Zero 📚 Bill Perkins က ငွေကြေးစုဆောင်းခြင်းထက် ဘဝအတွေ့အကြုံကောင်းတွေ ရယူဖို့ အားပေးထားပါတယ်။ အသက်အရွယ်အလိုက် အဓိပ္ပါယ်ရှိတဲ့ အတွေ့အကြုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းထားပါတယ်။ 6. The Psychology of Money 📚 Morgan Housel က ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနောက်က လူသားတွေရဲ့ အပြုအမူနဲ့ စိတ်ခံစားမှုတွေကို လေ့လာထားပြီး ချမ်းသာကြွယ်ဝမှုဆိုတာ ဗဟုသုတထက် စိတ်ဓာတ်နဲ့ အလေ့အကျင့်တွေက ပိုအရေးကြီးကြောင်း ပြသထားပါတယ်။ 7. The Science of Getting Rich 📚 Wallace D. Wattles က အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုကို မျက်မှန်းတန်းတတ်ဖို့ အရေးကြီးကြောင်း အလေးထားပြီး လက်တွေ့နဲ့ စိတ်ပညာရှုထောင့်ကနေ ချမ်းသာကြွယ်ဝဖို့ အကြံဉာဏ်တွေ ပေးထားပါတယ်။ 8. The Richest Man in Babylon 📚 George S. Clason ရဲ့ ဥပမာပုံပြင်တွေက ရှေးခေတ်ဉာဏ်ပညာကို အသုံးပြုပြီး ငွေစုခြင်း၊ ဉာဏ်ရှိရှိရင်းနှီးမြှုပ်နှံခြင်းနဲ့ စနစ်တကျနေထိုင်သုံးစွဲခြင်းတို့ရဲ့ တန်ဖိုးကို သင်ကြားပေးထားပါတယ်။ 9. Secrets of the Millionaire Mind 📚 T. Harv Eker က လူတွေစိတ်ထဲမှာရှိတဲ့ "ချမ်းသာကြွယ်ဝမှုပုံစံ" က သူတို့ရဲ့ငွေကြေးကံကြမ္မာကို ဘယ်လိုသက်ရောက်မှုရှိကြောင်း လေ့လာထားပြီး ကန့်သတ်ထားတဲ့ ယုံကြည်ချက်တွေကို ချမ်းသာကြွယ်ဝမှုတည်ဆောက်တဲ့ အလေ့အထတွေအဖြစ် ပြောင်းလဲပေးမယ့် နည်းဗျူဟာတွေ ပေးထားပါတယ်။ 💡 မှတ်ချက် - ဒီစာအုပ်တွေကို လေ့လာဖတ်ရှုခြင်းဟာ သင့်ရဲ့ငွေကြေးဘဝကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက စာဖတ်ရုံနဲ့တော့ ချမ်းသာလာမှာ မဟုတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှပဲ အကျိုးခံစားရမှာပါ။ ပြန်လည်မျှဝေပါသည်။

အချိန်အားနေတိုင်း ကိုယ့်ကိုယ်ကိုပြန်မေးကြည့် ငါဒီလို အကျိုးမရှိတာ အရေးမကြီးတာတွေလုပ်နေမယ့်အစား ငါလိုချင်တဲ့ goal နဲ့နီးစပ်လာဖို့ ငါဘာလုပ်လို့ရလဲ ? ဒါဆိုအများကြီးကို ပြောင်းလဲသွားလိမ့်မယ်

ခက်မယ် ဒါပေမယ့် ကျော်လွှားနိုင်ရင် ပိုကောင်းတဲ့ အနာဂတ်ရှိမယ်ဆို ဘာလို့ အပင်ပန်းမခံနိုင်စရာရှိလဲ ? အများစုက လက်ရှိအဆင်ပြေနေရင် ဒီအခြေအနေကိုထိန်းထားချင်ကြတာပဲရှိတယ် Risk ယူရမယ်ဆို လစ်ပြီပဲ 😁 အခုလိုနေပုံလုပ်ပုံတွေးခေါ်ပုံနဲ့ ဒီနေရာထိ ရောက်လာခဲ့ပြီးပြီဆိုရင် ပိုကောင်းတဲ့နေရာရောက်ဖို့က ပိုကောင်းတဲ့ နေပုံ လုပ်ပုံ တွေးခေါ်ပုံတွေရှိဖို့လိုပြီ Tired of being average? Take some risk!

#ဝါသနာမပါတဲ့အလုပ်တစ်ခု ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ဘယ်လိုလုပ်သင့်လဲ ဝါသနာမပါတဲ့အလုပ်တစ်ခု ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ စဉ်းစားရခက်တဲ့ အခြေအနေတစ်ခုဖြစ်နေတတ်ပါတယ်။ အခု ပြောပြမယ့်နည်းလမ်းတွေက သင့်ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ၁. ရည်မှန်းချက်တစ်ခု ချမှတ်ပါ - အလုပ်ကို ဘာကြောင့် လုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို သတိရပါ။ ဥပမာ၊ ငွေရှာဖို့၊ အတွေ့အကြုံရဖို့၊ အနာဂတ်အတွက် အခွင့်အလမ်းတွေ ရဖို့ စတာတွေပါ။ - ရေတိုနဲ့ ရေရှည် ရည်မှန်းချက်တွေ ချမှတ်ပြီး အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်အောင် ကြိုးစားကြည့်ပါ။ ၂. အလုပ်ကို စိတ်ဝင်စားအောင် ကြိုးစားကြည့်ပါ - အလုပ်ကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ စဉ်းစားပါ။ ဥပမာ- ကိုယ်ပိုင်စိန်ခေါ်မှုတွေ ချမှတ်ပြီး ကိုယ့်ကိုယ်ကို စိတ်အားထက်သန်အောင် လုပ်ပါ။ - အလုပ်ကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပါ။ ဥပမာ၊ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြည့်ပါ။ ၃. အချိန် ကို စီမံခန့်ခွဲပါ - အလုပ်ကို သေးငယ်တဲ့ အပိုင်းတွေခွဲပြီး တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဒါက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အလုပ်ကို ပိုပြီး လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ စမ်းကြည့်ပါ ၄. အကောင်းမြင်စိတ်ထားပါ ဝါသနာမပါတဲ့ အလုပ်ကို အကောင်းမြင်စိတ်နဲ့ ချဉ်းကပ်ပါ။ ဒီအလုပ်ကနေ ဘာတွေ သင်ယူလို့ရမလဲ၊ ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲဆိုတာ စဉ်းစားပါ။ - အလုပ်ကို စိတ်ပါလက်ပါလုပ်တဲ့အခါ ရလဒ်က ပိုကောင်းလာနိုင်ပါတယ်။ ၅. အကူအညီတောင်းကြည့်ပါ - အလုပ်ကို ပိုပြီး လွယ်ကူအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေနဲ့ တိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။ - အလုပ်ကို ပိုပြီး စိတ်ဝင်စားအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိမရှိ ရှာဖွေကြည့်သင့်ပါတယ်။ ၆. ကိုယ့်ကိုယ်ကို ဆုချပါ - အလုပ်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အခါ ကိုယ့်ကိုယ်ကို ဆုချပါ။ ဒါက စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပိုပြီး အားတက်စေနိုင်ပါတယ်။ ၇. အနာဂတ်အတွက် စဉ်းစားပါ - ဒီအလုပ်က ကိုယ့်အနာဂတ်အတွက် ဘယ်လို အထောက်အကူဖြစ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ဒါက ယခုအလုပ်ကို ပိုပြီး စိတ်ဝင်စားလာအောင် ကူညီပေးနိုင်ပါတယ်။ - ဝါသနာပါတဲ့ အလုပ်တစ်ခုကို ပြောင်းဖို့ အခွင့်အလမ်းတွေ ရှာဖွေပါ။ ၈. စိတ်ဖိစီးမှုကို စီမံတတ်အောင် လုပ်ပါ - ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရတဲ့အခါ စိတ်ဖိစီးမှုတွေ များနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို စီမံဖို့ နည်းလမ်းတွေ ရှာဖွေပါ။ ဥပမာ၊ ယောဂလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ စတာတွေပါ။ ၉. အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းပါ - အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းပါ။ အလုပ်ပြီးတဲ့အခါ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်ပါ။ ဒါက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ဘဝကို ပိုပြီး ပျော်ရွှင်စေနိုင်ပါတယ်။ ၁၀. အလုပ်ကို ပြောင်းဖို့ စဉ်းစားပါ။ - အကယ်၍ ဝါသနာမပါတဲ့ အလုပ်ကို ဆက်လုပ်နေရတာ စိတ်မချမ်းသာဘူးဆိုရင် အလုပ်ပြောင်းဖို့ စဉ်းစားပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို ရှာဖွေပါ။ ဒီနည်းလမ်းတွေက ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရတဲ့အခါ အဆင်ပြေအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါခင်ဗျာ။

Risk မယူဖြစ်တဲ့ သူတွေကိုမေးကြည့်ရင် အများစုက ပူပန်တာက ကျဆုံးမှာကြောက်လိုမဟုတ်ဘူး ငါ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ် ငါပြိုလဲရင် အခွင့်ကောင်းယူပြီး ဝိုင်းကဲ့ရဲ့မှာ လှောင်ပြောင်မှာကို စိုးရိမ်နေလိုပဲ တကယ်တော့ ဘယ်သူမှအဲ့လောက်မအားသလို အားနေတဲ့ ကောင်တွေပြောတဲ့စကားလဲ အရေးတယူနဲ့ နားထောင်နေဖိုမလိုဘူး

ကိုယ့်ရဲ့ network ထဲမှာ လူတွေအကြောင်းထက် - စီးပွားရေးအကြောင်း - ရင်းနှီးမြှုပ်နှံအကြောင်း - Fitness အကြောင်း - နည်းပညာအကြောင်း စကားပြောဖြစ်တဲ့ မိတ်ဆွေတွေရှိရင် သင်ဟာ မှန်ကန်တဲ့ လမ်းပေါ်ရောက်နေပြီလိုဆိုနိုင်တယ်💪🏻

ဘယ်သူက အစပြုလိုက်တယ်တော့ မသိဘူး။ KBZ Pay ကို ထိုင်းဖုန်းနဲ့ ဘယ်လို Bind လို့ ရနိုင်တယ်ဆိုတာကို ကိုယ်လည်း မသိဘူး။ ဒီကိစ္စ မှန်
ဘယ်သူက အစပြုလိုက်တယ်တော့ မသိဘူး။ KBZ Pay ကို ထိုင်းဖုန်းနဲ့ ဘယ်လို Bind လို့ ရနိုင်တယ်ဆိုတာကို ကိုယ်လည်း မသိဘူး။ ဒီကိစ္စ မှန်လား၊ မှားလား ကိုယ်တိုင်တွေးကြည့်ပေါ့။ ၁။ KBZPay ထဲမှာ မွှေကြည့်လိုက်ရင် ဒီလိုမျိုး contact ကို မတွေ့ဘူး။​ KBZPay ရဲ့ Facebook Page မှာလည်း မတွေ့ဘူး။​ ၂။ Phone number ပြောင်း ချင်တယ်ဆိုရင် App ထဲမှာ Change Phone Number ပါနေပေမဲ့ ကိုယ်တိုင်လုပ်လို့မရဘူး။ 3211 ကို ဆက်သွယ်ခိုင်းပါလိမ့်မယ်။ 3211 က မေးသမျှ မှန်အောင်ဖြေနိုင်မှရမယ်။ ၃။ လက်ရှိ App version က 5.8.0 ပါ။​ မကြာမီ 5.8.1 ထွက်လာမယ်လို့ ပြောထားတော့ သိပ်မကြာခင်မှာ Link တစ်ခုပေးလာနိုင်တယ်။ နှိပ်မိရင် ဘာဖြစ်မလဲတော့ မသိဘူး။ ၄။ Change Phone Number နဲ့ Virtual Customer Support ကို နှိပ်လိုက်တဲ့အခါမှာ အခန့်မသင့်ရင် KBZ Pay Logout ဖြစ်သွားနိုင်ပါတယ်။ ဘာအတွက် အဲ့ဒီလိုဖြစ်သွားတယ်တော့ မသိပါဘူး။ ကြောက်လန့်ပြီး လုပ်မိလုပ်ရာလုပ်ရင် (သို့) 5.8.1 Version Link ဆိုတာကို နှိပ်မိရင် ဘာဆက်ဖြစ်မလဲတော့ မသိဘူး။ အကောင်းဆုံးက စိတ်ထဲမှာ မတင်မကျဖြစ်နေရင် 3211 ကို မေးပါ။​ ဘဏ်ကို သွားမေးပါ။ တွေ့ကရာ Link မနှိပ်ပါနဲ့။ Official Store တွေက App ကိုသာသုံးပါ။​ ပုံမှန်ဆိုရင်တော့ Auto update ဖြစ်ပါတယ်။ ဒီလောက်ပါပဲ​ :3 #KBZPay